ဟီဂျရီသက္ကရာဇ် ၉ ခုနှစ်

wikishia မှ

ဟီဂျရီသက္ကရာဇ် ၉ ခုနှစ် (အရဘီ: سنة 9 للهجرة) ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ‌ နဝမ မြောက် (ကိုးနှစ်) မြောက် နှစ် အားခေါ်ဆိုပါသည်။ ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါသည်။ အီရန်သက္က်ရာဇ် အားဖြင့် သောကြာ နေ့ အိုရ်ဒီဗေဟစ်ရှ် ၂ ရက်နေ့ အီရန် သက္ကရာဇ် ၉ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဧပြီလ ၂၃ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၃၀ ခုနှစ် ဖြစ်ပါသည်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ ၏ နောက်ဆုံးရက် ၂၉ ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် တနင်းလာနေ့ ဖရ်ဝရ်ဒီးန် ၂၁ ရက်နေ့ အီရန်သက္ကရာဇ် ၁၀ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဧပြီလ ၁ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၃၁ ခုနှစ် ဖြစ်ပါသည်။(1)

ဤနှစ်တွင် မတူညီသောမျိုးနွယ်စုများကိုကိုယ်စားပြုသောကိုယ်စားလှယ်အများအပြားသည်မ ဒီနာမြို့သို့ ရောက်ရှိ လာပြီး တမန်တော်မြတ်(ဆွ) ထံတွင် အစ္စလာမ် ဘာသာ ကိုသက်ဝင် ကြောင်း ကြေငြာခဲ့ပါသသည်။ ဤအတွက်ကြောင့် ဤနှစ် အား အလ်ဝကူဒ် (အုပ်စုများ၏နှစ်) ခေါ် ဆိုခဲ့ပါသည်။ တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့်သဘူက် စစ်ပွဲ ၊ ဟဒီးစ်စေ မန်ဇေလသ်ကျရောက် ခဲ့ခြင်း ၊ အေမာမ် အလီ (အ.စ) မှ တဆင့် ဗရာအသ် အာယသ်တော်များ ထုတ်ပြန်ခဲ့ခြင်း ၊ တမန်တော်မြတ်(ဆွ)သည် ခရစ်ယာန်များ နှင့် မိုဘာဟေလဟ် ပြုတော်မူခြင်း ၊ အဆွဟာဗ်ဗေ ဟကဗဟ် အဖြစ်အပျက် စသည်တို့ ဖြစ်ပေါ်ခဲ့ပါသည်။

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

  • မုဟော်ရမ် ၁ ရက်နေ့ တွင် တွင် တမန်တော်မြတ် (ဆွ) မှ ဇကာသ် ၏ တာဝန် နှင့် ပထမဆုံး ဇကာသ် စုစည်းမှုကို တာဝန်ရှိသူများအား မတူညီသော ဒေသများသို့ စေလွတ်ခဲ့ပါသည်။ (2)
  • အာရပ် ကျွန်းဆွယ် ရှိ မျိုးနွယ်စု အသီးသီးမှ ပမာအားဖြင့် ဘနီအစ်ဒ် နှင့်လခမ်မျိုးနွယ် စုများ မှ တမန်တော်မြတ် (ဆွ) ထံ လာရောက် ၍ အစ္စလာမ် ဘာသာအားလက်ခံခဲ့ကြပါသည်။ [3]
  • ဤအတွက်ကြောင့် ဤနှစ် အား အလ်ဝကူဒ် (အုပ်စုများ၏နှစ်) ဆိုပြီး ကျော်ကြားခဲ့ ပါသည်။ [4]
  • ဗရာအသ် အာယသ်တော်များ ထုတ်ပြန်ခြင်း။ ။ ဇေလ်ဟဂျ်လ ၁ရက်နေ့တွင် ဗရာအသ် အာယသ်တော်များ ပို့ချရန် ဟဇရသ် အဘူဘကဲရ် နေရာတွင် ဟဇရသ် အလီ (အ.စ) အားတာဝန်ပေးအပ်ခဲ့ပါသည်။ [5]
  • ဇေလ်ဟဂျ်လ ၂၄ ရက်နေ့တွင် တမန်တော်မြတ်(ဆွ)သည် နဂျရာန် ခရစ်ယာန်များ နှင့် မိုဘာဟေလဟ် ပြုတော်မူခဲ့ပါသည်။ [6]
  • တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့်သဘူက် စစ်ပွဲ တွင် ချမ်းသာသူအချို့ မှ မပါဝင် ရန် အကြောင်းပြချက်များနှင့် ၎င်းတို့နှင့် ပတ်သက်သည့် အာယသ်တော်များ ကျရောက် ခဲ့ခြင်း ဖြစ်ပါသည်။ [7]
  • စစ်ပွဲတွင်ပါဝင်ရန် မိုနာဖေက် များ၏ငြင်းဆိုမှုနှင့် ၎င်းတို့အကြောင်း နှင့်ပတ်သက် ၍ အာယသ်တော်များ ကျရောက်ခဲ့ခြင်း ဖြစ်ပါသည်။ [8]
  • တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့်သဘူက် စစ်ပွဲ တွင် တမန်တော်မြတ်(ဆွ) က မဒီနာ မြို့၌ ဟဇရသ် အလီ (အ.စ) အား မိမိ၏ ကိုယ်စားလှယ်တော် အဖြစ် ခံတော်မူပြီး ဟဒီးစ်စေ မန်ဇေလသ် အား မိန့်ကြားတော်မူခဲ့ပါသည်။[9]
  • အချို့သော ဆွဟာဗဟ် များ သည် တမန်တော်မြတ်(ဆွ)အား လုပ်ကြံရန် ဆုံးဖြတ်ခဲ့သည့် အဆွဟာဗ်ဗေ ဟကဗဟ် အဖြစ်အပျက် ဖြစ်ပွားခဲ့ပါသည်။ [10]
  • မိုနာဖေက်များ မှ မတ်စ်ဂျစ်ဒ် ဇွရာ တည်ဆောက်ခဲ့ပြီး ၊ တမန်တော်မြတ် (ဆွ) ဘက်မှ ၎င်း မတ်စ်ဂျစ်ဒ် ဇွရာ အား ဖျက်သိမ်းရန် မိန့်တော်မူခဲပါသည်။ ဤ မတ်စ်ဂျစ်ဒ် ဇွရာ နှင့်ပတ်သက်ပြီး အာယသ်တော်များ ကျရောက် ခဲ့ ပါသည်။ [11]
  • တမန်တော်မြတ် (ဆွ) ၏ အမိန့်အရ အဘူဆူဖီယန် န်နှင့် မိုဂိုင်ရဟ် တို့မှ လာသ် ရုပ်တု အား ဖျက်စီးခဲ့ပါ သည်။ [12]
  • တမန်တော်မြတ် (ဆွ) မှ အီးသီးယိုပီးယား ဘုရင် နာဂျာရှီ၏ ကွယ်လွန်မည့် အကြောင်း ရှေ့ပြေး မိန့်ကြားတော်မူခဲ့ပါသည်။၎င်းသည် ရဂျဗ် လတွင် ကွယ်လွန် ခဲ့ပါသည်။ [13]
  • ဘိုရိုင်းဒဟ် ဘင်န် ဟိုဆိုင် ယဘ် အား အလ္လာဟ့် တမန်တော် မြတ် (ဆွ) မှ အခွန်ကောက်ခံရန် အစလာမ်နှင့် ဂါဖါရ် မျိုးနွယ် များထံ စေလွတ် ခဲ့ပါသည်။ [14]
  • အစ္စလမ်သမိုင်းတွင် ဖြစ်ရပ်မှန် ပြောခြင်း ယဉ်ကျေးမှု၏ ရှေ့ဆောင်များထဲမှ တစ်ဦးဖြစ်သည့် သမီးမ် ဘင်န် အောက်စ် ဘင်န် ခါရ်ဂျဟ် မှ အစ္စလာမ် ဘာသာ သို့ ကူးပြောင်းခဲ့ ခြင်း ဖြစ်သည်။ [15]

စစ်ပွဲများ

  • ရဂျဗ်လ ၁၉ ရက်နေ့ တွင် ရောမ တို့ကို တိုက်ထုတ်ရန် တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့်သဘူက် စစ်ပွဲဖြစ်ပွားခဲ့ပါသည်။ [16]
  • မုဟော်ရမ် လ လတွင် ဘနီ သမီးမ် မျိုးနွယ် နှင့် အိုယိုင်နဟ် ဘင်န် ဟစ်ဆ်နေဖဇာရီ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ [17]
  • ဆဖရ် လတွင်ခစ်အမ် မျိုးနွယ် နှင့် ကွတ်သွ်ဗဟ် ဘင်န် အာမေရ် ဘင်န် ဟဒီးဒဟ် တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ [18]
  • ရဘီအိုလ်အောင်ဝဲလ် လတွင် ဘနီကလာဗ် မျိုးနွယ် နှင့် ဇွဟာက် ဘင်န် ဆိုဖီယန်းန်နေ ကေလာဘီ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ [19]
  • ရဘီအွတ်စ်စာနီလ တွင် ဟဘရှီယာန်း (အာဖရိကသားများ ) နှင့် အလ်ကမဟ် ဘင်န် မိုဂျက်ဇ်ဇဇ် တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ [20]
  • ရဘီအွတ်စ်စာနီလ တွင် သိုင်းသွ် မျိုးနွယ် တို့ ၏ရုပ်တုများကိုဖျက်ဆီးရန်အတွက် အလီ ဘင်န် အဘီ သွာလစ်ဗ် (အ.စ) ဦးဆောင်သည့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ [21]
  • ရဘီအွတ်စ်စာနီလ အွတ်ဇ်ရဟ် နှင့်ဘလီ အနွယ်များ နှင့်အတူ အိုကာရှဟ် ဘင်န် မေဟ်ဆန် တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ [22]

သေဆုံးခြင်း

  • တမန်တော်မြတ်(ဆွ)၏ သမီးတော် အွန်မေကုလ်စွန်မ် ကွယ်လွန်ခဲ့ပါသည်။[23]

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ