ဟီဂျရီသက္ကရာဇ် ၁၀ ခုနှစ်

wikishia မှ

ဟီဂျရီသက္ကရာဇ် ၁၀ ခုနှစ် (အရဘီ: سنة 10 للهجرة) ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ‌ ဒသမ မြောက် (ဆယ် နှစ်) မြောက် နှစ် အားခေါ်ဆိုပါသည်။ ဤ နှစ်၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါသည်။ အီရန်သက္က်ရာဇ် အားဖြင့် အင်္ဂါ နေ့ ဖရ်ဝရ်ဒီးန် ၂၂ ရက်နေ့ အီရန် သက္ကရာဇ် ၁၀ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဧပြီလ ၁၂ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၃၁ ခုနှစ် ဖြစ်ပါသည်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ ၏ နောက်ဆုံးရက် ၃၀ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် စနေနေ့ ဖရ်ဝရ်ဒီးန် ၁၁ ရက်နေ့ အီရန်သက္ကရာဇ် ၁၁ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် မတ်လ ၃၁ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၃၂ ခုနှစ် ဖြစ်ပါသည်။(1)

ဤနှစ်တွင် ဟဂျ်ဂျသိုလ်ဝေဒါအ် ၊ ဂဒီးရ် အဖြစ်အပျက် ၊ တမန်တော်မြတ် (ဆွ) မှ မိမိ၏ အရိုက်အရာ ဆက်ခံသူ အဖြစ် အေမာမ် အလီ (အ.စ) အား သတ်မှတ် ကြေငြာ ခြင်း၊ ကိုယ်တော်မြတ် (ဆွ) နှင့် နဂျ်ရာန် ခရစ်ယာန်များ မိုဘာဟေလဟ် လုပ်ခြင်း ၊ ယီမင်နိုင်ငံ တွင် အေမာမ် အလီ (အ.စ) နှင့်ဖြစ်ပွားသည့် တိုက်ပွဲ ၊ ယီမင် ကလူများ အစ္စလာမ် ဘာသာသို့ ကူးပြောင်းလာ ခြင်း စသည် အဖြစ်အပျက်များ ဤ နှစ်တွင် ဖြစ်ပွားခဲ့ပါသည်။

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

  • တမန်တော်မြတ် (ဆွ) ၏ဦးဆောင်မှုဖြင့် ဇေလ်ဟဂျ်ဂျဟ် လတွင် ဟဂျ်ဂျသိုလ်ဝေဒါအ် ဖြစ်ခဲ့ပါသည်။ [2]
  • ဂဒီးရ် အဖြစ်အပျက် နှင့် တမန်တော်မြတ် (ဆွ) မှ မိမိ၏ အရိုက်အရာ ဆက်ခံသူ အဖြစ် အေမာမ် အလီ (အ.စ) အား သတ်မှတ် ကြေငြာ ခြင်းဖြစ်ခဲ့ပါသည်။ [3]
  • ဟဂျ်ဂျသိုလ်ဝေဒါအ်(ဇေလ်ဟဂျ်ဂျဟ် လ၁၈ ရက်နေ့ ) တွင် အာယသ်သေ သဗ်လီးဂ် ကျရောက်ခဲ့ပါ သည်။[4]
  • ဟဂျ်ဂျသိုလ်ဝေဒါအ်(ဇေလ်ဟဂျ်ဂျဟ် လ၁၈ ရက်နေ့ ) တွင် အာယသ်သေ အစ်က်မါလ် ကျရောက်ခဲ့ပါ သည်။[[5]
  • ဂျာရူဒ်ဘင်န် မိုအလ်လာ မှ အစ္စလာမ် ဘာသာ သို့ ကူးပြောင်းလာခြင်းဖြစ်ပါသည်။ [6]
  • ထင်ရှားကျော်ကြားသော သမိုင်းပညာရှင်များ၏ အမြင်အရ ကိုယ်တော်မြတ် (ဆွ) နှင့် နဂျ်ရာန် ခရစ် ယာန်များ မိုဘာဟေလဟ် လုပ်ခြင်းဖြစ်ပါသည်။[7]မထင်ရှားကျော်ကြားသော သမိုင်းပညာရှင်များ၏ အမြင် အရ ဟီဂျရီ သက္ကရာဇ် ၉ ခုနှစ် ဖြစ်ပါသည်။[8]
  • ခါလစ်ဒ်ဘင်န် ဝလီးဒ် အား လူလေးရာနှင့် အတူ နဂျ်ရန် နှင့် ယီမင် ရှိ ဘနီ ဟာရေစ်ဘလ်ဟာရေစ် ဘင်န်ကအ်ဗ် ဘက်သို့ တမန်တော်မြတ်(ဆွ) က အစ္စလာမ် ဘာသာ ဘက်သို့ သို့ ဖိတ်ကြားရန် စေလွတ်ခဲ့ပါ သည်။ [9]
  • ယီမင် တွင် အေမာမ် အလီ(အ.စ) နှင့် အစ္စလာမ်ရန်သူ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထိုဒေသ ရှိ ဟမ်ဒါန် မျိုးနွယ် [10] နှင့် မဒ်ဟေဂျ် မျိုးနွယ် [11] အစ္စလာမ် ဘာသာ သို့ ကူး ပြောင်း ခဲ့ပါသည်။၊
  • နဂျ်ရာန် နှင့် ဇိုဘိုင်းဒ် အကြားဒေသကို အုပ်ချုပ်ရန် တမန်တော်မြတ် (ဆွ) မှ ခါလစ်ဒ်ဘင်န် စအီးဒ် ကို ခန့်အပ်ခဲ့ပါသည်။ [12]
  • အက်စ်ဝဒ်သည် ယီမင် တွင် မိမိကိုယ် တမန်တော်ဖြစ်ကြောင်း လိမ်ပြောပြီး ပုန်ကန်ခဲ့ပါသည်။ [13]
  • ရီဝါယသ်တော် တစ်ခု အရ အရ ဇေလ်ဟဂျ်ဂျဟ် ၂၄ ရက်နေ့ တွင် အေမာမ် အလီ (အ.စ) ရကူအ် ပြုနေစဥ် လက်စွပ် အား ပေးကမ်းလှူဒါန်းခဲ့ပါသည်။ [14]
  • မဒီနာမြို့ တွင် မျိုးနွယ်စုများ အသီးသီး မှ ကိုယ်စားလှယ် အများအပြား ရှိနေ ကြပြီး အစ္စလာမ် သာသနာကို လက်ခံခဲ့ကြပါသည်။ [15]

မွေးဖွားခြင်း

  • အေမာမ်အလီ (အ.စ) ၏ အရင်းနှီးဆုံး သာဝကတော် များထဲမှ တစ်ပါးဖြစ်သည့် မိုဟမ္မဒ် ဘင်န် အဘီ ဘက်ရ် ဖွားမြင်ခဲ့ပါသည်။ [16]

သေဆုံးခြင်း များ

  • တမန်တော်မြတ်(ဆွ)၏ သားတော် အီဗရာဟီးမ် (ရဂျဗ်လ ၁၈ ရက်) နေ့ တွင် ကွယ်လွန်ခဲ့ပါသည်။[17]
  • ဟန်ဇလဟ်ဘင်န် အဘီ အာမေရ် ၏ အဖေ မတ်စ်ဂျစ်ဒ် ဒေဇေရာရ် (မိုနာဖေက်များ၏ဗလီ ) ကို တည်ဆောက်သူ အဗ်ဒ်အမ်ရ်ဘင်န် ဆိုင်ဖီး သေဆုံးခဲ့ပါသည်။ [18]

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ