အီးဒ်‌ဒေဂဒီးရ်

wikishia မှ
(ဂဒီးရ် မှ ပြန်ညွှန်းထားသည်)

အီးဒ်‌ဒေဂဒီးရ် (အရဘီ - عيد الغدير) နေ့သည် ဇီလ်ဟဂ်ျလ ၁၈ ရက်နေ့ဖြစ်ပြီးရှီအဟ်များ၏ အကြီးမားဆုံးသော အီးဒ်နေ့လည်း ဖြစ်သည်။ ထိုနေ့၌ အေမာမ်အလီ(အစ) သည်တမန်တော်မြတ်(ဆွ)၏ ကိုယ်စားလှယ်တော်အဖြစ် ခန့်အပ်ပေးလွဲခြင်းခံခဲ့ရသည်။ ထိုနေ့၏မြင့်မြတ်မှု နှင့် ပတ်သက်ပြီး တမန်တော်မြတ် နှင့် အေမာမ်များထံမှ ‌ဩ‌ဝါဒတော်များ လာရှိထားလေသည်။ ထို့အတူ ၎င်းနေ့၌လုပ်ဆောင်သင့်သည့် ကျင့်စဉ်များ ဥပမာ ရိုဇာထားခြင်း၊ ဇေယာရသေဂဒီးက်အားဖတ်ရွတ်ခြင်း၊ နမးဇေဂဒီးရ် ဖတ်ခြင်း၊ မိုအ်မင်န်များကို အစားအာပေးကမ်းခြင်း စသည်တိုအားပြုလုပ်ရန် တိုက်တွန်းထားလေသည်။ ရှီအဟ်များသည် ထိုနေ့ကို ဂျက်ရှ်န် ပျော်ပွဲ ပြုလုပ်ကြသည်။ အီးဒေဂဒီးရ်နေ့သည် အီရာန်၌ တရား၀င်ပိတ်ရက်ဖြစ်ပြီး ထိုနေ့၌ ဘာသာ၀င်များသည် ဆိုင်ယဒ်များကို သွား‌ရောက်‌တွေ့ဆုံကြသည်။

ဂဒီးရ် ပေါ်ပေါက်လာပုံ

غدیر خم فرشچیان

တမန်တော်မြတ်(ဆွ)သည် ဇီလ်ကအ်ဒ်လ ဟီဂျရီ ၁၀ ခုနှစ်၌ လူအများစုနှင့် ဟဂ်ျ ပြုလုပ်ဖို့ရန် မဒီနာမြို့မှ မက္ကာမြို့သို့ ထွက်ခွာခဲ့သည်။ [၁] ထိုခရီးစဉ်သည် ၎င်းအတွက် နောက်ဆုံးပြုလုပ်သည့် ဟဂ်ျ ဖြစ်သောကြောင့် ဟဂ်ျဂျုလ်ဝေဒါအ် ဟုကျော်ကြားလေသည်။ [၂] တမန်တော်မြတ်(ဆွ)သည် ဟဂျ်ကျင့်စဉ်များကို လုပ်ဆောင်ပြီးနောက် လူသားများနှင့်အတူ မဒီနာမြို့သို့ ထွက်ခွာလာခဲ့သည်။ ၎င်းတို့သည် ဇီလ်ဟဂ်ျ ၁၈ရက်ဂဒီးရ်ခွမ်း နေရာသို့ရောက်ရှိခဲ့ကြသည်။ [၃] ထိုအချိန် ဂျီဘ်ရာအီလ် သည် အလ္လဟ် ထံမှ တမန်တော်မြတ်(ဆွ) အပေါ်သို့ အေမာမ်အလီ နှင့်ပတ်သက်ပြီး ၎င်းအား မိမိ၏ကိုယ်စားလှယ်တော်အဖြစ်ခန့်အပ်ရန် အ မိန့်တော် ပို့ချခဲ့သည်။ [၄] တမန်တော်မြတ်သည်လည်း လူသားများကို တစ်နေရာထဲ၌ စုစည်းလိုက်ပြီး အေမာမ်အလီ(အစ)အား မိမိ၏ ကိုယ်စားလှယ်တော်အဖြစ်ခန့်အပ်ကြောင်းကို ကြေညာခဲ့လေသည်။[၅]

ဂဒီးရ်နေ့၏ ထူးခြားမြင့်မြတ်မှု

ဂဒီးရ်နေ့၏ ထူးခြားမြင့်မြတ်မှု နှင့်ပတ်သက်ပြီး အေမာမ်များထံမှ ဩဝါဒတော်များ လာရှိထားပေသည်။ ဥပမာ

  • တမန်တော်မြတ်(ဆွ) မိန့်တော်မှုသည်မှာ ဂဒီးရ်နေ့သည် ကျွန်ုပ် အွမ္မသ်များ၏ အကောင်းဆုံးသော အီးဒ်နေ့ ဖြစ်သည်။ ထိုနေ့၌ အရှင်မြတ်သည် သာသနာကို ပြီးပြည့်စုံစေသည်။ နေအ်မသ် များကိုလည်း လူသားများအတွက် ပို့ချလေသည်။ [၆]
  • အေမာမ်ဆွာဒီက်(အစ) မိန့်တော်မူသည်မှာ အီးဒေဂဒီးရ်သည် အကျော်ကြားဆုံး နှင့် ဂုဏ်အရှိဆုံးသော အီး‌‌ဒ်နေ့ ဖြစ်ပြီး ထိုနေ့၏ စက္ကန့်တိုင်း နာရီတိုင်း၌ အရှင်မြတ်အား ကျေးဇူးတင်ထောမနာ ပြုသင့်ပေသည်။ ထို့အပြင် လူသားများသည် ထိုနေ့၌ ရိုဇာထားသင့်သည်။ ထိုရိုဇာသည် နှစ်ပေါင်း၆၀အေဘာဒသ်၏အကျိုးစဝါးဘ် နှင့်ညီမျှပေသည်။[၇]
  • အေမာမ်ဆွာဒီက်(အစ) မိန့်တော်မူသည်မှာ အီးဒေဂဒီးရ် နေ့သည် အရှင်မြတ်၏ ကြီးမားသော အီးဒ်နေ့ ဖြစ်သည်။ အရှင်မြတ်သည် ယင်းနေ့ကို အီးဒ်မလုပ်ပါက မည်သည့်တမန်တော်ကိုမှ ဖူးပွင့်စေမည် မဟုတ်ပေ။ ထို့ပြင် ယင်းနေ့၏ နေ့၏ အမည်သည် ကောင်းကင်ယံ၌ သစ္စာပြုသောနေ့ ဖြစ်ပြီး ကမ္ဘာမြေကြီး၌ ခိုင်မာသောသစ္စာတရားနေ့ ဖြစ်သည်။[၈]
  • အေမာမ်ရေဿွာ(အစ) မိန့်တော်မူသည်မှာ ဂဒီးရ်‌နေ့သည် ကောင်းကင်ယံ နှင့် ကမ္ဘာမြေကြီး ၌ရှရှိသမျှသော အရာများအား လုံးအကြား အလွန်ကျော်ကြားသော နေ့ဖြစ်သည်။ အကယ်၍ လူသားများသည် ထိုနေ့

၏ တန်ဖိုးကို သိကြမည် ဆိုပါက ကောင်းကင်တမန်များသည် နေ့စဉ်နေ့တိုင်း ၎င်းတို့အား နှုတ်ခွမ်းဆက်သကြပေမည်။[၉]

  • အဲဟ်လေစွန္နသ် တို့၏ အိုလမာ ပညာရှင် ဖြစ်သူ နဆွီဘီ ရှာဖီအီ သည် အလ်စူအူလ် ဆောင်းပါးတွင် ဇီလ်ဟဂ်ျလ ၁၈ ရက်နေ့ကို အီးဒ်နေ့ ဖြစ်ကြောင်း အတိအလင်း ဖော်ပြခဲ့သည်။ (10) ၎င်း၏ အဆိုအရ ၊ ထိုနေ့သည် အီးဒ် ပွဲတော် နှင့် လူများစုဝေးရာ နေရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွ) သည် အေမာမ်အလီ(အစ) အား ထိာကြီးမြတ်သာ ရာထူးကို ပေးအပ်သာအခါ ၊ မည်သူတစ်ဦးတစ်ယာက်ကိုမှ ထိုရာထူး၌ အလီနှင့် တစ်တန်းတည်း မထားရှိသာကြာင့်ဖြစ်သည်။ (11) ဝဖီယာသုလ်အအ်ယားန် ၌ အိဗ်နေ ခလ္လ်ကားန်၏ အဆိုအရ ၊ မီဆ်ွရ် ပြည်ကို အုပ်ချုပ်သူ မုစ်သအီလီး ဗင်န် မုစ်သန်ဆွီရ် အား ဂဒီးရ် အီးဒ် နေဟီ့ ဖြစ်သော ဟီဂျရီ ၄၈၇ ဇီလ်ဟဂ်ျလ ၁၈ ရက်နေ့၌ ဘိုင်အသ် သစ္စာ ခံယူခဲ့သည်။ (12)

ဂဒီးရ်ပွဲတော်

جشن عید غدیر (۱۴۰۱ تهران)

ဟစာန် ဗင်န် စာဗီသ် သည် ဂဒီးရ်နေ့၌ တမန်တော်မြတ် ၏ ရှေ့မှောက်တွင် ဂ‌‌ဒီးရ် နေ့ကို ဂုဏ်ပြုသောအားဖြင့် ဂဒီးရ် တွင်ရောက်ရှိနေသော မွတ်စ်လင်မ်လူအုပ်ကြားတွင် တမန်တော်မြတ်၏ခွင့်ပြုချက်ဖြင့် သူ၏ပထမဆုံးသော ကဗျာများကို ရွတ်ဆိုခဲ့သည်။[၁၀] ဗေဟာရွလ်အန်ဝါရ် ရှိ ဖယာဇ် ဗင်န် မိုဟမ္မဒ် ဗင်န် အွမရ်သူစီ မှ ပြောပြချက်အရ အေမာမ်ရေဿွာ(အစ)သည် ဂဒီးရ် နေ့တွင် ဂဒီးရ် ကို ကျင်းပခဲ့သည်။ သူသည် အိဖ်သွာရ် အတွက် နောက်လိုက်သားအချို့ကို ထားရှိကာ မိသားစုထံ အစားအသောက်နှင့် လက်ဆောင်များ ပေးပို့ခဲ့သည်။[၁၁] မစ်အူဒီ သည် ကမရီ ၄ ရာစုနှစ်၏ သမိုင်းသုတေသီ တစ်ဦးဖြစ်ပြီး ၎င်းသည် ( အသ် သန်ဘီယသုလ် ၀လ် အိရှ်ရာက်) ၌ ရေးသားထားသည်မှာ အေမာမ်အလီ(အစ) ၏ သားသမီးများနှင့် နောက်လိုက်များသည် ဂဒီးရ်အား မြင့်မြတ်သောနေ့ဟု သိထားကြသည်။ [၁၂]ကိုလိုင်နီ( ၃၂၈ ကမရီ၌ ကွယ်လွန်) ကမရီ ၄ ရာစု၏ စာပေသုတေသီ သည်လည်း ရေဝါယသ် တစ်ခု၌ ရှီအဟ်များသည် ဂဒီးရ်နေ့ ကျင်းပခြင်း နှင့်ပတ်သက်ပြီး ရေးသားထားသည်။[၁၃]

ဤ အီးဒ်နေ့ ၏ အခြေအနေကို ပြသရန် အာလေဘူယေဟ် အစိုးရက ၎င်းအား ပိတ်သိမ်းပြီး အများပြည်သူ အခမ်းအနားကျင်းပရန် ကြေညာခဲ့ပြီး အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူများအား အခမ်းအနားများ ကျင်းပရန်နှင့် မြို့များကို အလှဆင်ရန် တိုက်တွန်းခဲ့သည်။ [၁၄]သူတို့သည် ကုလားအုတ်များကို ယဇ်ပူဇော်၍ ညအချိန်၌ မီးထွန်းဂုဏ်ပြု၍ ဝမ်းမြောက်ကြ၏။ [၁၅]ဂဲရ်ဒီဇီး သည် ဤနေ့ကို အစ္စလာမ့်နေ့များနှင့် ရှီအဟ်တို့၏ အားလပ်ရက်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ [၁၆]

အီဂျစ်တွင် ခိုလဖာရေ ဖွာသွေမီ များသည် အီးဒေဂဒီးရ် နှင့် အီရန်တွင် ၉၀၇ ကမရီ မှစတင်၍ ဆွဖွ၀ီဘုရင် နန်းတက်သောအခါ အီးဒေဂဒီးရ် သည် တရားဝင်ရုံးပိတ်ရက်များထဲမှ တစ်ခုဖြစ်သည်။ သက္ကရာဇ် ၄၈၇ တွင်မုစ်သအ်လီ ဗင်န် မုစ်သန်ဆွင်ရ် (အီဂျစ်အုပ်စိုးရှင်များထဲမှတစ်ဦး) ကိုအီးဒေဂဒီးရ် နေ့တွင်ကျင်းပခဲ့သည်။ [၁၇]


စွန္နီပညာရှင်များက ဂဒီးရ် ‌ရေ ခွမ် သည် အီးဒ်နေ့ ဖြစ်သည်၊ ဟူ၍ သတ်မှတ်ခဲ့ကြသည်။ ဥပမာ- နဆွီဗီ ရှာဖေအီ ပြောသည်မှာ တမန်တော်မြတ်ကြီးသည် ဇီလ်ဟဂ်ျလ ၁၈ ရက်နေ့ ၌ မက္ကာ နှင့် မဒီနာ အကြားရှိ ဂဒီးရ် ဆိုသောနေရာတွင် မိန့်တော်မူသည်မှာ( من کنت مولاه فعلی مولاه) ၊ ထို့အပြင် အေမာမ်အလီကိုယ်တိုင် ကဗျာတစ်ပုဒ်၌ ဂဒီးရ် ရေ ခွမ် ဟူသောအမည်ကို ဖတ်ရွတ်သွားလေသည်။ ထိုနေ့သည် အီးဒ်ဖြစ်ပြီး၊ လူတို့၏စုဝေးရာနေရာဖြစ်သောကြောင့်၊ အရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည် သူ့အပေါ်၌ ငြိမ်သက်ခြင်းနှင့် ကောင်းချီးမင်္ဂလာများ ဆောင်ကြဉ်းပေးကာ အလီအား ဤရာထူးကြီးမြင့်သောရာထူးတွင် တာဝန်ပေးအပ်ပြီး မည်သူတစ်ဦးတစ်ယောက် ကိုမှ အေနာမ်အလီ နှင့် တန်းတူ မသတ်မှတ်ခဲ့ပေ။ အိဗ်နေ ခလ်ကာန် သည် ၀ဖာယာသုလ် အအ်ယာန် ဟူသောစာအုပ်၌ မုစ်သန်ဆွရ် ၏သား မုစ်သအ်လအား ဘိုင်အသ် သစ္စာခံသည့်နေ့ ကို ဇီလ်ဟဂျ်လ ၁၈ ရက်နေ့ အီးဒေ ဂဒီးရ် နေ့တွင် သစ္စာခံ ကတိပြုခဲ့ကြောင်း ရေးသားခဲ့သည်။

အီရန်တွင် အီး-ဒေ-ဂဒီးရ် သည်တရားဝင်အားလပ်ရက်ဖြစ်သည်။ [၁၈]အီးဒေဂဒီးရ် သည် ကရ်ဘလာ၊ နဂျဖ် နှင့် ဇီကာရ် ကဲ့သို့သော အီရတ်ပြည်နယ်အချို့တွင် တရားဝင်အားလပ်ရက်လည်းဖြစ်သည်။

ရှီအဟ်များသည် ဂဒီးရ် ညတွင် အီး-ဒေ-ဂဒီးရ် ကို ထည့်သွင်းစဉ်းစားပြီး ညတွင် နိုးထနေကြသည်။ ကြသည်။[၁၉] .

အီး-ဒေ-ဂဒီးရ် ၏ကျင့်စဉ်များ

ရိုဇာဆောက်တည်ခြင်း ၊ စန္နီစာ၏စာအုပ်များတွင် တမန်တော်မြတ် (ဆွ)၏ မိန့်ဆိုချက်အရ၊ ဇီလ်ဟဂ်ျလ ၁၈ ရက်နေ့၌ ရိုဇာဆောက်တည်သူတိုင်းသည် ၎င်းအတွက် ခြောက်လကြာ ဥပုသ်စောင့်ခြင်း၏ ဆုလာဘ်ကို ရေးပေးလိမ့်မည်။ ဟုလာရှိထားသည်။

ယုံကြည်သူများနှင့်တွေ့ဆုံသောအခါ ဤဂုဏ်ပြုလွှာကို မိန့်တော်မူခြင်း - အရှင်မြတ်အား ကျေးဇူးတင်ထောမနာ ပြုပါ၏။ အဘယ်ကြောင့်ဆိုသော ကျွန်တော်မျိုးအား အလီ (အစ)နှင့် ေအမာမ်(အစ)တို့၏ ဝေလာယသ်ကို အားကိုးသောသူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ထားလေသည်။

နမားဇေ အီး-ဒေ- ဂဒီးရ် ဖတ်ခြင်း။ ဤနမားဇ်ကို နေ့လယ်တွင် ဖတ် ရွတ်ရမည်ဖြစ်သည်။ ဤနမားဇ်သည် အေမာမ်ဆွာဒီက်(အစ)၏ မိန့်ကြားချက်တွင် နှစ်ရကအသ် နမားဇ်ဖြစ်ပြီး ရကအသ်တိုင်း၌ စူရာဟမ်ဒ် ထို့နောက် စူရာ အိခ်လာစ် ထို့နောက် ၊ အာယာသုလ်ကုရ်စီဆယ်ကြိမ်၊ နှင့် စူရာကဒ်ရ် ဆယ်ကြိမ်ရွတ်ဆိုသည်။ ဤနမဇ်၏ဆုလာဘ်သည် ဟာဂျ် အကြိမ် ၁၀၀နှင့် အွမ်ရာ အကြိမ်၁၀၀နှင့် ညီမျှပြီး လောကီနှင့် အခြားလောကလိုအပ်ချက်အားလုံးကို ပြည့်စုံစေပါသည်။ ဤနမားဇ်ကို ဂျမာအသ်ဖြင့် ဖတ်ပိုင်ခွင့် ရှိသည် မရှိသည် နှင့်ပတ်သက်ပြီး သာသနာ့ ပညာရှင်များအကြား ကွဲပြားမှုရှိပေသည်။

မှတ်စုများ

  1. طوسی، تهذیب الاحکام، ۱۴۰۷ق، ج۵، ص۴۷۴؛ طبری، تاریخ الامم و الملوک، ۱۳۸۷ق، ج۳، ص۱۴۸.
  2. زرقانی، شرح الزرقانی، ۱۴۱۷ق، ج۴، ص۱۴۱؛ تاری، «تأملی در تاریخ وفات پیامبر»، ص۳.
  3. یعقوبی، تاریخ الیعقوبی، ج۲، ص۱۱۲.
  4. أیازی، تفسیر قرآن المجید، ۱۴۲۲ق، ص۱۸۴؛ عیاشی، تفسیر عیاشی، ج۱، ص۳۳۲
  5. ابن اثیر، اسدالغابة، ۱۴۰۹ق، ج‌۳، ص۶۰۵؛ کلینی، الکافی،۱۴۰۷ق، ج۱، ص۲۹۵؛ بلاذری، انساب الاشراف، ۱۴۱۷ق، ج۲، ص۱۱۰-۱۱۱؛ ابن کثیر، البدایة و النهایة، ۱۴۰۷ق، ج۷، ص۳۴۹.
  6. شیخ صدوق، امالی، ۱۳۷۶ش، ص۱۲۵
  7. حر عاملی، وسائل الشیعه، ۱۴۱۶ق، ج۱۰، ص۴۴۳
  8. حرعاملی، وسائل الشیعه، ۱۴۱۶ق، ج۸، ص۸۹
  9. طوسی، تهذیب الاحکام، ج۶، ص۲۴.
  10. سید رضی، خصائص الائمة، ص۴۲.
  11. مجلسی، بحار الانوار، ج ۹۵، ص۳۲۲
  12. مسعودی، التنبیه و الاِشراف، ص۲۲۱
  13. کلینی، الکافی، ۱۴۰۷ق، ج۴، ص۱۴۹.
  14. ابن کثیر، البدایة و النهایة، ۱۴۰۸ق، ج۱۱، ص۲۷۶
  15. ابن جوزی، المنتظم فی تاریخ الامم و الملوک، ۱۴۱۲ق، ج۱، ص۱۴
  16. گردیزی، زین الاخبار، ۱۳۶۳ش، ص۴۶۶
  17. ابن خلکان، وفیات الاعیان، ۱۳۶۴ش،
  18. لایحه قانونی تعیین تعطیلات رسمی کشور، وبسایت مرکز پژوهش‌های مجلس شورای اسلامی.
  19. ثعالبی، ثمارالقلوب، ۱۴۲۴ق، ص۵۱۱

ကျမ်းကိုးမျာ

  • ابن‌اثیر، علي بن محمد، أسد الغابة في معرفة الصحابة، بیروت، دارالفکر، ۱۴۰۹ق.
  • ابن‌جوزی، ابوالفرج، المنتظم فی تاریخ الامم و الملوک، تحقیق محمد عبدالقادر عطا، بیروت، دارالکتب العلمیه، الطبعة الاولی، ۱۴۱۲ق،
  • ابن‌خلکان، احمد بن محمد، وفیات الاعیان، تحقیق احسان عباس، قم، الشریف الرضی، ۱۳۶۴ش.
  • ابن‌کثیر، اسماعیل بن عمر، البدایة و النهایة، بی‌جا، دارالفکر، ۱۴۰۷ق.
  • «احیای سنت غدیریِ عقد اخوت در پویش برادرانه»، خبرگزاری شبستان. تاریخ انتشار: ۴ مرداد ۱۴۰۰ش، تاریخ بازدید: ۱۵ خرداد ۱۴۰۲ش.
  • امینی، عبدالحسین، الغدیر فی الکتاب و السنه، قم، مرکز الغدیر للدراسات الاسلامیه، الطبعة الاولی، ۱۴۱۶ق.
  • امینی، محمدهادی، عیدالغدیر فی عهد الفاطمیین، تهران، مؤسسة الآفاق، ۱۳۷۶ش/۱۴۱۷ق.
  • ایازی، السید محمدعلی، تفسیر القرآن المجید المستخرج من تراث الشیخ المفید، قم، مرکز انتشارات دفتر تبلیغات اسلامی، ۱۴۲۲ق.
  • بحرانی، یوسف بن احمد، الحدائق الناضرة فی أحکام العترة الطاهرة، تحقیق محمدتقی ایروانی، قم، مؤسسة النشر الاسلامی التابعة لجماعة المدرسین، بی‌تا.
  • بَلاذُری، احمد بن یحیی، انساب الاشراف، تحقیق سهیل زکار و ریاض الزرکلی، بیروت، دارالفکر، ۱۴۱۷ق.
  • «برپایی سفره‌های اطعام غدیر در مساجد استان زنجان»، خبرگزاری شبستان، درج مطلب، ۱۸ تیر ۱۴۰۱ش، مشاهده ۱۹ فروردین ۱۴۰۲ش.
  • تاری، جلیل، «تأملی بر تاریخ وفات پیامبر»، فصلنامه تاریخ اسلام، قم، دانشگاه باقر العلوم، ۱۳۷۹ش.
  • ثعالبی، عبدالملک بن محمد، ثمار القلوب في المضاف والمنسوب، تحقیق محمد أبوالفضل إبراهيم، بیروت، مکتبة العصریة، ۱۴۲۴ق.
  • «حال و هوای نجف اشرف در عید غدیر و تعطیلی ۱۰ استان عراق»، خبرگزاری تسنیم، درج مطلب ۲۷ تیر ۱۴۰۱ش، مشاهده ۱۹ فروردین ۱۴۰۲ش.
  • حر عاملی، محمد بن حسن، وسائل الشیعة، مؤسسة آل البیت لإحیاء التراث، قم، ۱۴۱۶ق.
  • خطیب بغدادی، تاریخ بغداد، تحقیق مصطفی عبدالقادر عطا، دارالکتب العلمیة، بیروت، بی‌تا.
  • رزقانی، محمد بن عبدالباقی، شرح العلامه الزرقانی علی المواهب اللدنیة بالمنح المحمدیة، بیروت، دارالکتب العلمیه، ۱۴۱۷ق.
  • سید ابن‌طاووس، علی بن موسی، اقبال الاعمال، مرکز النشر التابع لمکتب الاعلام الاسلامی، قم، ۱۳۷۷ش.
  • سید رضی، محمد بن حسین، خصائص الائمة، مشهد، آستان مقدس رضوی، مجمع البحوث الاسلامیة، ۱۴۰۶ق.
  • شهید اول، محمد بن مکی، المزار، به کوشش سید محمدباقر موحد ابطحی، قم، مؤسسة الامام المهدی(عج)، ۱۴۱۰ق.
  • شیخ صدوق، محمد بن علی، الامالی، مؤسسة البعثه.
  • طوسی، محمد بن حسن، تهذیب الاحکام، سید حسن موسوی خرسان، تهران، دارالکتب الاسلامیة.
  • طوسی، محمد بن حسن، مصباح المتهجّد و سلاح المتعبّد، مؤسسة فقه الشیعه، چاپ اول، ۱۴۱۱ق .
  • عیاشی، محمد بن مسعود، تفسیر عیاشی، تحقیق رسولی محلاتی، تهران، مکتبه علمیه اسلامیه، بی‌تا.
  • قمی، مفاتیح الجنان.
  • کلینی، محمد بن یعقوب، الکافی، تصحیح علی‌اکبر غفاری، دار الکتب الاسلامیة، تهران، ۱۴۰۷ق.
  • گردیزی، ابوسیعد، زین الاخبار، تهران، دنیای کتاب، چ۱، ۱۳۶۳ش.
  • لایحه قانونی تعیین تعطیلات رسمی کشور، وبسایت مرکز پژوهش‌های مجلس شورای اسلامی، مشاهده ۱۹ فروردین ۱۴۰۲ش.
  • «لایحه قانونی تعیین تعطیلات رسمی کشور»، وبسایت مرکز پژوهش‌های مجلس شورای اسلامی، تاریخ بازدید: ۶ مرداد ۱۴۰۰ش.
  • مسعودی، علی بن حسین، التبیه و الاشراف، دار الصاوی، قاهره، ۱۳۵۷ق.
  • «مهمانی ۱۰ کیلومتری به مناسبت عید غدیر - ۲»، خبرگزاری برنا، درج مطلب ۲۷ تیر ۱۴۰۱، مشاهده ۱۹ فروردین ۱۴۰۲ش.
  • نصیبی، محمد بن طلحه، مطالب السؤول فی مناقب آل الرسول، تحقیق عبدالعزیز طباطبایی، بیروت، مؤسسة البلاغ، ۱۴۱۹ق/۱۹۹۹م.
  • نیک‌زاد طهرانی، علی‌اکبر و حسین حمزه، «تشیع و تاریخ اجتماعی ایرانیان در عصر صفوی»، شیعه‌پژوهی، شماره ششم، بهار ۱۳۹۵ش.
  • یعقوبی، احمد بن ابی‌یعقوب، تاریخ الیعقوبی، بیروت، دار صادر، بی‌تا.