ကရ်ဘလာ၏ သုံ့ပန်းများ
ကရ်ဘလာ၏ သုံ့ပန်းများ ဆိုသည်မှာ ကရ်ဘလာ အဖြစ်အပျက်မှ ကျန်ရှိခဲ့ကြသူများ ဖြစ်ကြပြီး အွမ္မရ် ဗင်န် စအ်ဒ်၏ တပ်သားများမှ သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခဲ့ကြသည့် အေမာမ်စဂျာဒ်(အစ) ၊ ရှီအာတို့၏ လေးပါးေမြာက် အေမာမ် ဖြစ်သူ အေမာမ်ဘာကဲရ်(အစ) နှင့် ဟဇရသ် သေ ဇိုင်နက်ဘ်(စအ) တို့ဖြစ်ကြသည်။ သုံ့ပန်းများကို အွမ္မရ် ဗင်န် စအ်ဒ်၏ အမိန့်အရ မိုဟရမ် ၁၁ ရက်ည၌ ကရ်ဘလာတွင် ထိန်းသိမ်းခဲ့ပြီး မိုဟရမ် ၁၁ ရက်နေ့ မွန်းလွဲချိန်၌ ကူဖှာသို့ ခေါ်ဆောင်သွားပြီး အိဗ်နေဇေယာဒ် ထံသို့ ပို့ဆောင်ခဲ့သည်။ အိဗ်နေဇေယာဒ် သည် ရှင်မ်ရ် နှင့် သွာရီက္က် ဗင်န် မိုဟဖ်ဖီဇ် ဖွဲ့နှင့်အတူ သုံ့ပန်းများကို အမိုး အကာ မရှိသော စီးနှင်းယာဉ်များဖြင့် ရှာမ်၌ရှိသော ယဇီးဒ် ဗင်န် မိုအာဝီယာ၏ နန်းတော်သို့ ပို့ဆောင်ခဲ့သည်။ အိဗ်နေဇေယာဒ် သည် အေမာမ်စဂျာဒ်(အစ) အပါအဝင် အချို့ သုံ့ပန်းများ ၏ ခြေ လက်များကို သံကြိုးများဖြင့် ချည်နှောင်ထားခဲ့သည်။
အေမာမ်စဂျာဒ်(အစ) နှင့် ဟဇရသ် သေ ဇိုင်နက်ဘ်(စအ) တို့သည် သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခြင်း ခံရသည့်အချိန် ၎င်းတို့၏စကားများဖြင့် အချို့ လူတို့၏ စိတ်နှလုံး ကို ယိမ်းယိုက်စေပြီး နောင်တရမှုကို ဖြစ်ပေါ်စေခဲ့သည်။ ကောက်နုတ်ဖာ်ပြချက် တစ်ခု အရ ၊ ယဇီးဒ်သည် မိမိပြုခဲ့ သော လုပ်ရပ်များမှ နောင်တခဲ့သည်။ (မည်မျှပင် အပြင်ပိုင်း မျက်နှာထားအရ ဖြစ်ပါစေ။)
ရှီးခ် မိုဖီးဒ် ၊ ရှီးခ်သူစီး နှင့် မိုဟဒ်ဒီ စေ နှုရီ ကဲ့သို့ေသာ် အိုလမာ ပညာရှင်များ ယုံကြည်ထားသည်မှာ ၊ ကရ်ဘလာ၏ သုံ့ပန်းများသည် ရှာမ်အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် ကရ်ဘလာသို့ မသွားခဲ့ဘဲ မဒီနာ သို့ပြန်လာခဲ့ကြသည်။ သို့သော် လိုဟူးဖ် စာအုပ်၌ စိုင်ယိဒ် ဗင်န် သွာဝူးစ်၏ ဖော်ပြချက်အရ ၊ ကရ်ဘလာ၏ သုံ့ပန်းအုပ်စုသည် ရှာမ်အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် ကရ်ဘလာသို့ အရင် သွားခဲ့ကြသည်။
သုံ့ပန်း အဖြစ် စတင် ခေါ်ဆောင်သောနေ့
အာရှူရာ အဖြစ်အပျက် ပြီးနောက် ၊ အွမ္မရ် ဗင်န် စအ်ဒ်၏ တပ်မှ ကျန်ခဲ့သူများသည် ၊ မိမိတို့ဘက်မှ ဆုံးပါးသွားသော တပ်သားများကို မိုဟရမ်လ ၁၁ ရက်နေ့၌ မြေမြုပ်ခဲ့ကြပြီး အေမာမ်ဟိုစိုင်းန်(အစ) ၏ အိမ်သူအိမ်သား နှင့် ရှဟီးဒ် ဖြစ်သွားသူများ၏ ကျန်ရစ်သူများအားလုံးကို ကူဖှာသို့ ခေါ်ဆောင်သွားခဲ့သည်။ (1)
အေမာမ်ဟိုစိုင်းန်(အစ) ၏ အသက်မဲ့နေသော ခန္ဓာကိုယ် အနားမှ ဖြတ်လျောက်သွားချိန် ဟဇရသ် သေ ဇိုင်နက်ဘ် သခင်မ ပြောသည့် စကားများ
“ အို မုဟမ္မဒ် ၊ အို မုဟမ္မဒ် ၊ ကောင်းကင်တမန်များသည် အသင့်အပါ် ဆွလဝါးသ် ပို့သကြသည်။ လွင်ပြင်တွင် လဲကျနေသူ ၊ ပျက်တောက်နေသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများ နှင့် သွေးများဖြင့် လူးနေသူမှာ ဟိုစိုင်းန် သာလျှင် ဖြစ်သည်။ အို မုဟမ္မဒ် ၊ အသင်၏ သမီးများ သုံ့ပန်း ဖြစ်နေရပြီး အသင်၏ မြေး မြစ်များသည် အသတ်ခံခဲ့ရပါသည်။“ ရေဝါယသ် ကောက်နုတ်သူ ပြောထားသည်မှာ ဟဇရသ် သေ ဇိုက်နက်ဘ်၏ ထိုစကားကြောင့် ချစ်ခင်သူ နှင့် ရန်သူ များအားလုံး ငိုကြွေးခဲ့ကြသည်။ (2)
သမိုင်းကြောင်း
အွမ္မရ် ဗင်န် စအ်ဒ် ၏ တပ်သားများသည် အဲဟ်လေဘိုက်သ် မှ အမျိုးသမီးများကို ရိူဟဒါများ၏ ကိုယ်ခန္ဓာ (အလောင်း) အနားမှ ဖြတ်သန်းစေခဲ့သည်။ အမျိုးသမီးများသည် ထိုအချိန်၌ ဟစ်အော် ငိုကြွေးကျ၍ မိမိတို့၏ မျက်နှာကို ရိုက်ခဲ့ကြသည်။ ကိုရ်ရဟ် ဗင်န် ကိန်းစ် မှ ကောက်နုတ်ဖော်ပြ ထားသည်မှာ ၊ ဟဇရသ် သေ ဇိုင်နက်ဘ်(စအ) သည် ၊ အေမာမ်ဟိုစိုင်းန်(အစ) ၏ အသက်မဲ့နေသော ကိုယ်ခန္ဓာ အနားမှ ဖြတ်လျှောက်သွားစဉ် အလွန် ဝမ်းနည်းပူဆွေး စွာဖြင့် စကားများ ပြောခဲ့ရာ ရန်သူ နှင့် ချစ်ခင်သူများ အားလုံး ငိုကြွေးခဲ့သည်။ (3)
သုံ့ပန်းများ၏ အရေအတွက် နှင့် အမည်များ
ကရ်ဘလာ၏ သုံ့ပန်းသားများ၏ အရေအတွက် နှင့် အမည်များ နှင့်ပတ်သက်ပြီး သမိုင်းပညာရှင်များ၏ ဖော်ပြချက်များမှာ ကွဲပြားမှု ရှိပေသည်။ အမျိုးသား သုံ့ပန်းများမှာ လေးယောက် ၊ ငါးယာက် ၊ ဆယ်ယောက် နှင့် ဆယ့်နှစ်ယောက် ဟူ၍ ဖော်ပြထားသည်။ အမျိုးသမီး သုံ့ပန်းများကိုလည်း လေးယာက် ၊ ခြောက်ယောက် နှင့် အယောက်နှစ်ဆယ် ဟူ၍ ဖော်ပြထားသည်။ (4) အချို့သည် သုံ့ပန်းများ၏ အရေအတွက်ကို ၂၅ ယောက် ဖြစ်သည် ဟူ၍ ဖော်ပြထားသည်။ (5) ထို့ကြောင့် ပြောထားသည်မှာ ၊ ကရ်ဘလာ၏ သုံ့ပန်းများ နှင့်ပတ်သက်ပြီး တိကျသော အရေအတွက်အား မဖော်ပြနိုင်ပေ။ (6)
ကျမ်းကိုးများ၌ ဖော်ပြထားသည့် အချို့ အမျိုးသားသုံ့ပန်းများ၏ အမည်မှာ ၊ အေမာမ်စဂျာဒ်(အစ) ၊ အေမာမ်ဘာကဲရ်(အစ) ၊ အေမာမ်ဟိုစိုင်းန်(အစ) ၏ သားနှစ်ယောက် ဖြစ်ကြသည့် မုဟမ္မဒ် နှင့် အွမ္မရ် ၊ ထိုမိုဟ္မဒ်၏ သားဖြစ်သူ ဇိုင်းဒ် (အေမာမ်ဟိုစိုင်းန်(အစ) ၏ မြေး) ၊ (7) နှင့် စစ်ပွဲအတွင်း ရရှိခဲ့သည့် ဒဏ်ရာများကြောင့် မေ့လျော့ နေသည့် ဟစန် မိုစန္နာ ၊ (8) ကာစင်မ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် ဗင်န် ဂျအ်ဖဲရ် ၊ ကာစင်မ် ဗင်န် မုဟမ္မဒ် ဗင်န် ဂျအ်ဖဲရ် ၊ မုဟမ္မဒ် ဗင်န် အကီးလ် (9) တို့ ဖြစ်ကြသည်။ “သာရီးခေ ကေယာမ် ဝါ မက္က်သလ်လေ ဂျာမေ့အေ စိုင်ယိဒုလ်ရှိူဟဒါ” စာအုပ်၌ ၊ ကရ်ဘလာ ၏ သုံ့ပန်းများ အဖြစ် ၁၇ ဦး၏ အမည်ကို ဖော်ပြထားပါသည်။ (10)
ကရ်ဘလာ အမျိုးသမီး သုံ့ပန်းများ၏ အမည်များမှာ ၊ ဟဇရသ် သေ ဇိုင်နက်ဘ် ၊ အေမာမ်အလီ(အစ) ၏ သမီးများဖြစ်ကြသော ဖွာသွမဟ် နှင့် အွမ်မေကုလ်စူးမ် (11) ရိုကိုင်ယာ (12) ၊ အေမာမ်ဟိုစိုင်းန်(အစ) ၏ ဇနီးဖြစ်သူ ရိုဘာဘ် (13) အေမာမ်ဟစန်(အစ) ၏ သမီး ဖွာသွမဟ် (14) ၊ နှင့် အေမာမ်ဟိုစိုင်းန်(အစ) ၏ သမီးလေးဦး ဖြစ်သည့် စကီးနာ ၊ ဖွာသွမဟ် ၊ ရိုကိုင်ယာ နှင့် ဇိုင်းနက်ဘ် (15) တို့ ဖြစ်ကြသည်။
ကရ်ဘလာရှိ ဗနီဟာရှင် မျိုးနွယ် မဟုတ်သူများ၏ အသက်ရှင် ကျန်ရစ်ခဲ့သူများ၏ အမည်များမှာ ၊ မိုရက္ကအ် ဗင်န် စိုမာမဟ် အစက်ဒ်ဒီ ၊ စောင်ဝ်ဝါးရ် ဗင်န် ဂျာဘရီး ၊ အွမ်ရို ဗင်န် အဗ္ဗ်ဒုလ္လာဟ် ဂျွန်ဒအီ ၊ အုက္က်ဗဟ် ဗင်န် စမ်အားန် ဂိုလာမ် ရိုဘာဘ် ၊ ဒွဟ္ဟာက် ဗင်န် အဗ္ဗ်ဒုလ္လာဟ် မက်ရှ်ရကီး ၊ မွစ်လင်မ် ဗင်န် ရိုဘာဟ် နှင့် ဂိုလာမ် အဗ္ဗ်ဒုရ် ရဟ်မားန် ဗင်န် အဗ္ဗ်ဒ် ရုဗ္ဗ်ဟ် အန်ဆွာရီ (16) တို့ဖြစ်ကြပြီး ဗနီဟာရှင် မျိုးနွယ် မဟုတ်သူများ၏ အသက်ရှင် ကျန်ရစ်ခဲ့သူများ အကြား စောင်ဝ်ဝါးရ် ဗင်န် အမီးရ် ၊ အုက္က်ဗဟ် ၊ မွစ်လင်မ် ဗင်န် ရိုဘာဟ် နှင့် ဂိုလာမ် အဗ္ဗ်ဒုရ် ရဟ်မားန် ဗင်န် အဗ္ဗ်ဒ် ရုဗ္ဗ်ဟ် တို့သည် ကရ်ဘလာ ၏ သုံ့ပန်းများ အနက်မှ ဖြစ်ကြပေသည်။ (17)
သုံ့ပန်းများကို ခေါ်ဆောင်သွားသည့် နေရာများ
ကူဖှာသို့ ခေါ်ဆောင်သွားခြင်း
ရှရ်ဟေ နဟ်ဂျွလ်ဗလာဂဟ် ၌ အိဗ်နေအဘီလ်ဟဒီးဒ် ၏ ရေးသားဖော်ပြချက်အရ ၊ ကရ်ဘလာ၏ သုံ့ပန်းများကို အမိုးအကာ မရှိသော စီးနှင်းယဉ်ဖြင့် ကူဖှာသို့ ခေါ်ဆောင်သွားခဲ့ကြကာ လူထုသည် ၎င်းတို့အား ဝိုင်းကြည့်ခဲ့ကြသည်။ ထိုသို့အခြေအနေ၌ ကူဖှာ အမျိုးသမီးများသည် ထိုသုံ့ပန်းများကို ကြည့်ပြီး ငိုကြွေးခဲ့ကြသည်။ (18)
ပြောထားသည်မှာ ၊ သုံ့ပန်းများ ကူဖှာသို့ ရောက်သည့် နေ့နှင့် ပတ်သက်ပြီး ရှေးဟောင်းကျမ်းကိုးများ၌ တိကျသော သတင်းအချက်အလက်များ မလာရှိထားပေ။ (19) သို့သော် ရှီးခ်မိုဖီးဒ် ၏ ကောက်နုတ်ဖော်ပြချက်အရ (20) ကရ်ဘလာ၏ သုံ့ပန်းများသည် ကူဖှာသို့ မိုဟရမ်လ ၁၂ ရက်နေ့၌ ရောက်ရှိခဲ့သည် ဟု မှတ်ချက်ချနိုင်ပေသည်။ (21)
အွမ္မရ် ဗင်န် စအ်ဒ်၏ တပ်သားများသည် ကရ်ဘလာ၏ သုံ့ပန်းများကို ကူဖှာလမ်းကြားများမှ တဆင့် ခေါ်ဆောင်သွားကာ အိုဘိုင်ဒုလ္လာဟ် ဗင်န် ဇေယာဒ် ၏ နန်းတော်သို့ ပို့ဆောင်ခဲ့သည်။ ဟဇရသ် သေ ဇိုင်နက်ဘ် သခင်မ နှင့် အိုဘိုင်ဒုလ္လာဟ် ဗင်န် ဇေယာဒ် တို့အကြား ခတ်ထန်သော ပြောဆိုမှုများ ရှိခဲ့သည် ဟု ဖော်ပြချက် လာရှိထားသည်။ (22) ဟဇရသ် သေ ဇိုင်နက်ဘ်၏ ကျော်ကြားသော ما رَأیْتُ اِلّا جَمیلاً လှပခြင်းမှ လွဲ၍ မည်သည့်အရာကိုမှ မမြင်တွေ့ခဲ့ပေ ဟူသော စကားသည် ထိုနန်းေတာ်၌ ပြောခဲ့သည့် စကားဖြစ်သည်။ ထို့ကြောင့် အိုဘိုင်ဒုလ္လာဟ်သည် အေမာမ်စဂျာဒ်(အစ) အား သတ်ရန် အမိန့်ပေးခဲ့သော်လည်း ဟဇရသ် သေ ဇိုင်နက်ဘ် သခင်မ၏ ကန့်ကွက်မှုနှင့် အေမာမ်စဂျာဒ်(အစ) ၏ တင်းမာသော စကားများကြောင့် မသတ်ဖြတ်ခဲ့ပေ။ (23)
ရှာမ်သို့ ခေါ်ဆောင်သွားခြင်း
အိုဘိုင်ဒုလ္လာဟ် ဗင်န် ဇေယာဒ် သည် ၊ ကရ်ဘလာ၏ သုံ့ပန်းများကို ရှင်မ်ရ် နှင့် သွာရီက္က် ဗင်န် မိုဟဖ်ဖီဇ် အုပ်စုနှင့်အတူ ရှာမ်သို့ ပို့ဆောင်ခဲ့သည်။ (24) အချို့ ကောက်နုတ် ဖော်ပြချက်များအရ ၊ ဇိုဟ်ရ် ဗင်န် ကိန်းစ် သည်လည်း ၎င်းတို့နှင့် အတူ လိုက်ပါခဲ့သည်။ (25) ကရ်ဘလာ၏ သုံ့ပန်းများကို ကူဖှာ မှ ရှာမ် သို့ မည်သည့်လမ်းမှ ခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်ပြီး အတိအကျ မသိရပေ ၊ သို့သော် အေမာမ်ဟိုစိုင်းန်(အစ) ၏ အထင်ကရ နေရာများကို ကြည့်ရှုခြင်းအားဖြင့် ကရ်ဘလာ၏ သုံ့ပန်းများအား ခေါ်ဆောင်သွားသည့် နေရာများကို သတ်မှတ်နိုင်သည် ဟု ယုံကြည်ထားကြသည်။ ဥပမာ ရှာမ်၌ အေမာမ်ဟုစိုင်းန်(အစ) ၏ ဦးခေါင်းတော် ထားခဲ့သည့် နေရာ နှင့် အေမာမ်ဇိုင်နုလ်အာဗိဒီးန်(အစ) နေရာ (26) ဟင်မ်ဆ်ွ နေရာ (27) ဟမာအ် နေရာ (28) ဘလ်ဘအက် နေရာ (29) ဟဂျဲရ် နေရာ (30) နှင့် သိုရ်ဟ် နေရာ (31) တို့ ဖြစ်ကြသည်။
ဒေါနီရှ်နာမေယေ အေမာမ်ဟိုစိုင်းန်(အစ) စာအုပ်၌ လာရှိထားသည်မှာ ၊ ထိုအချိန်ကာလ၌ ကူဖှာ နှင့် ရှာမ် အကြား အဓိက ဖြတ်သန်းသွားလာကြသည့် မိန်းလမ်း သုံးလမ်း (ဘာဒီယဟ် လမ်း ၊ ဖိုရာသ် မြစ်ကမ်းနားလမ်း နှင့် ဒဂျလ္လဟ် အနားရှိ လမ်း) ရှိပြီး ထိုမိန်းလန်းများမှ လမ်းသွယ် အမျိုးမျိုး ရှိပေသည်။ (32) ဤစာအုပ်ရေးသားသူများ ယုံကြည်လက်ခံထားသည်မှာ တိကျခိုင်မာသော သက်သေအထောက်အထား မရှိသည့်အတွက် ကရ်ဘာလာ၏ သုံ့ပန်းများကို မည်သည့်လမ်းမှ ခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်ပြီး အတိအကျ ဖော်ပြ၍ အရနိုင်ပေ ၊ သို့သော် အထင်ကရ အမှတ်အသား နှင့် အထောက်အထားများကို ဆန်းစစ်ခြင်းအားဖြင့် ကရ်ဘလာ၏ သုံ့ပန်းများကို ကူဖှာ မှ ရှာမ်သို့ “ ဘာဒီယဟ်လမ်း” မှ ခေါ်ဆောင်သွားခဲ့သည် ဟူ၍ သတ်မှတ်နိုင်ပေသည်။ (33)
အချို့ ကိုးကားဖော်ပြချက်များအရ ၊ ဥပမာ သာရီးခေ သွီဗ်ရီ ၊ ရှီးခ်မိုဖီးဒ် နှင့် သာရီးခေ ဒမီရှ်က္က် ၊ ဦးစွာပထမ အေမာမ်ဟိုစိုင်းန် (အစ) နှင့် ရှိုဟဒါ များ၏ ဦးခေါင်းတော်များကို ရှာမ်သို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် သုံ့ပန်းများကို ခေါ်ဆောင်လာရန် အမိန့်ပေးခဲ့သည်။ သို့သော် အခြားကောက်နုတ် ဖော်ပြချက်များအရ ၊ ရှိုဟဒါများ၏ ဦးခေါင်းတော်များသည် သုံ့ပန်းများနှင့်အတူ ရှာမ်သို့ ပို့ဆောင်ခဲ့သည် ဟုလာရှိထားသည်။ (34)
တပ်သားများ၏ လုပ်ရပ်များ
အိဗ်နေ အအ်စမ် နှင့် ခဝါရ်ဇိမီ တို့၏ ဖော်ပြချက်အရ ၊ အိုဘိုင်ဒုလ္လာဟ် ဗင်န် ဇေယာဒ်၏ တပ်သားများသည် ကရ်ဘလာမှ သုံ့ပန်းများကို ကူဖှာ မှ ရှာမ် သို့ ခေါ်ဆောင်သွားကြစဉ် အမိုးအကာ မရှိသော စီးနှင်းယဉ်ဖြင့် တစ်မြို့ဝင် တစ်မြို့ထွက် ၊ တစ်နေရာဝင် တစ်နေရာထွက်ကာ ကာဖဲရ် သုံ့ပန်းများကဲ့သို့ ပုံစံမျိူးဖြင့် ခေါ်ဆောင်သွားခဲ့ကြသည်။ (35) ရှီးခ်မိုဖီးဒ် သည် ရေဝါယသ် တစ်ခု ကောက်နုတ်ဖော်ပြထားရာ ထိုရေဝါယသ်အရ ၊ အေမာမ်စဂျာဒ်(အစ) အား သုံ့ပန်းများ အကြား သံကြိုးများဖြင့် တုတ်နှောင်ထားသည်။ (36)
အေမာမ်စဂျာဒ်(အစ) နှင့်ပတ်သက်ပြီး လာရှိထားသည့် ရေဝါယသ်တစ်ခု၌ ၊ အိဗ်နေ ဇေယာ့ဒ် တပ်သားများ၏ လုပ်ရပ်များကို ဤသို့ ဖော်ပြထားသည်မှာ ၊ အလီ ဗင်န် ဟိုစိုင်းန်(အစ)အား ပိန်ချူံးပြီး ခြေမသန်သော ကုလားအုပ်ပေါ်တွင် တပ်ဆင်ထားသည့် အခင်းမပါဘဲ သစ်သားများဖြင့် ပြုလုပ်ထားသော ကုန်းနှီးအပေါ်တွင် ထိုင်စေခဲ့သည်။ ထိုသို့အခြေအနေ၌ အီမာမ်ဟိုစိုင်းန် (အစ) ၏ ဦးခေါင်းတော်အား လှံထိပ်တွင်ထားကာ ၊ အမျိုးသမီးများကို ထိုလှံထိပ်၏ အနောက်မှ လိုက်ပါစေခဲ့ပြီး ကျန်သောလှံများသည် ၎င်းတို့အား ဝိုင်းရံထားလျက် ရှိသည်။ အကယ်၍ သုံ့ပန်းများ၏ မျက်လုံးမှ မျက်ရည်များ စီးကျလာပါက ရှာမ် သို့ ရောက်သည့်အထိ ၎င်းတို့၏ ဦးခေါင်းများကို ရိုက်နှက်ပေသည်။ (37)
သုံ့ပန်းများ ရှာမ် သို့ ဝင်ရောက်ခြင်း
ရှာမ် သို့ ဝင်ရောက်လာသော သုံ့ပန်းများ၏ ဖြစ်ရပ်များ၊ ၎င်းတို့အား မည်သို့ မည်ပုံ ပြုမူဆက်ဆံပုံ ၊ ၎င်းတို့ နေထိုင်ရာ နေရာ နှင့် သုံ့ပန်းအချို့၏ ခွဒ်ဗဟ် တရားဒေသနာများအကြောင်း နှင့်ပတ်သက်ပြီး သမိုင်း ကျမ်းကိုးများတွင် ကောက်နုတ် ဖော်ပြချက်များ လာရှိထားသည်။ ကောက်နုတ် ဖော်ပြချက်များအရ ၊ ရှိုဟဒါများ၏ ဦးခေါင်းတော်များသည် ရှာမ် သို့ ဆွဖဲရ်လ တစ်ရက်နေ့၌ ရောက်လာခဲ့သည်။ (38) ထိုနေ့၌ပင် သုံ့ပန်းများကို “ သူမားန်” သို့မဟုတ် “ စာအားသ်” ဝင်ပေါက်မှ မြို့ထဲသို့ ဝင်ရောက်စေခဲ့သည်။ စဟ်လ် ဗင်န် စအ်ဒ်၏ ကောက်နုတ်ဖော်ပြချက်အရ ၊ မြို့ကို ယဇီးဒ်၏ အမိန့်ဖြင့် ထူးခြားသော ဆင်ယဥ်မှုများဖြင့် အလှဆင်ထား လေသည်” فصارت بحیث لم تر عین مثلها"” ။ (39) လူငါးသိန်းသည် အဝတ်အစား အသစ်များကို ၀တ်ဆင်ထားပြီး ဒရမ်များ၊ ခရာများ နှင့် ဗုံများတီးကာ သုံ့ပန်းများကို ကြည့်ရှုရန် လာရောက်ခဲ့ကြသည်။ (40) အချို့ ကျမ်းကိုးများ၏ ဖော်ပြချက်အရ ၊ မြို့ကို အလှဆင်ရန် သုံ့ပန်းများအား မြို့ပြင် နှင့် မြို့ဝင်တံခါးနောက်တွင် သုံးရက်ကြာ ထားခဲ့သည်။ (41)
သုံ့ပန်းများ မြို့ထဲသို့ ဝင်လာပြီးနောက် ၊ ၎င်းတို့အား အမဝီ ဂျာမေအ် ဗလီ အဝင်ဝရှိ ပလက်ဖောင်း တစ်ခုပေါ်တွင် နေရာပေးခဲ့သည်။ (42) ယနေ့တွင် ထိုဗလီ၌ ၊ ဗလီ၏ မဟ်ရာဘ် နှင့် မင်မ်ဘရ် တရားဟောစဉ် အရှေ့တွင် ၊ ကျောက်တုံး နှင့် သစ်သားခြံစည်းရိုးများ ဖြင့် ပြုလုပ်ထားသည့် နေရာရှိပြီး ယင်းအား ကရ်ဘလာ သုံ့ပန်းများ နေထိုင်ခဲ့သည့်နေရာ ဟူ၍ ကျော်ကြားလေသည်။ (43)
အေမာမ်ဟိုစိုင်းန်(အစ) ၏ အဲဟ်လေဗိုင်သ် များ ရှာမ် ဆီးရီးယား ၌ နှစ်ရက်တိုင် ရှိခဲ့ပြီး (44) ရှာမ် ဆီးရီးယား၏ ပျက်စီးနေသည့်နေရာ ဟု ကျော်ကြားသော အမိုးမရှိသည့် အဆောက်အအုံ၌ ကရ်ဘလာ သုံ့ပန်းများကို နှစ်ရက်တိုင် ထားရှိခဲ့သည် ဟု ဖော်ပြထားသည်။ (45) ရှီးခ်မိုဖီးဒ် သည် ကရ်ဘလာ၏ သုံ့ပန်းများ နေထိုင်ခဲ့သည့်နေရာကို ယဇီးဒ်၏ နန်းတော် အနီးရှိ အိမ်တစ်အိမ်၌ ဖြစ်သည် ဟု ဖော်ပြခဲ့သည်။ (46) ကျော်ကြားသော အဆိုမှာ (47) ရှာမ် ဆီးရီးယား ၌ ကရ်ဘလာ၏ သုံ့ပန်းများ နေထိုင်ခဲ့သည့် ရက်အတိအကျမှာ သုံးရက် ဖြစ်သည် ဟု သတ်မှတ်ထားသော်လည်း ၊ ခုနှစ်ရက် (48) နှင့် တစ်လ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ (49) ရှာမ် ဆီးရီးယား၌ ကရ်ဘလာမှ သုံ့ပန်းများ ၏ အခြေအနေ နှင့်ပတ်သက်ပြီး အချို့ သမိုင်းကျမ်းကိုးများ၌ ဤသို့ လာရှိထားသည်မှာ ၊
ယဇီးဒ် နန်းတော်သို့ သုံ့ပန်းများ ဝင်ရောက်ခြင်း : ရှာမ် ဆီးရီးယားသို့ ကရ်ဘလာ၏ သုံ့ပန်းများ ဝင်ရောက်ပြီးနောက် ဇဲဟ်ရ် ဗင်န် ကိန်းစ် သို့မဟုတ် ရှင်မ်ရ် ဇီလ်ဂျောင်ရှန် (50) သည် ကရ်ဘလာ အဖြစ်အပျက်၏ အသေးစိတ် အချက်အလက်များကို ယဇီးဒ်အား တင်ပြခဲ့သည်။ (51) ယဇီးဒ် သည် ထိုအဆိုပြုချက်များကို ကြားပြီးနောက် ၊ နန်းတော်ကို အလှဆင်ရန် ၊ ရှာမ် ဆီးရီးယား၏ အကြီးအကဲ ပုဂ္ဂိုလ်များ နှင့် သုံ့ပန်းများကို နန်းတော်ထဲသို့ ခေါ်ဆောင်ရန် အမိန့်ပေးခဲ့သည်။ (52) ကောက်နုတ် ဖော်ပြထားသည်မှာ ၊ သုံ့ပန်းများ အားလုံးကိုပေါင်း၍ ကြိုးဖြင့်ချည်ကာ နန်းတော်သို့ ခေါ်ဆောင်လာခဲ့သည်။ (53) ထိုအချိန်၌ အေမာမ်ဟိုစိုင်းန်(အစ)၏ သမီးဖြစ်သူ ဖွာသွေမဟ် ပြောသည်မှာ ၊ " အို ယဇီးဒ် ၊ တမန်တော်မြတ်၏ သမီးတော်များ သုံ့ပန်းဖြစ်ရန် ထိုက်တန်ပါသလား? ထိုအခါ နန်းတော်၌ ရှိနေသူများ နှင့် ယဇီးဒ်၏ အိမ်သူအိမ်သားများသည် ငိုကြွေးခဲ့ကြသည်။ (54)
သုံ့ပန်းများရှေ့မှောက်၌ ယဇီးဒ်သည် အေမာမ်ဟိုစိုင်းန်(အစ) ၏ ဦးခေါင်းတော်ဖြင့် တွေ့ဆုံခြင်း : ယဇီးဒ်သည် သုံ့ပန်းများရှေ့မှောက်တွင် အေမာမ်ဟိုစိုင်းန် (အစ) ၏ ဦးခေါင်းတော်ကို ရွှေလင်ပန်းတွင် ထည့်ပြီး (55) တုတ်ဖြင့် ရိုက်ခဲ့သည်။ (56) အိဗ်နေအစီးရ်၏ အဆိုပြုချက်အရ၊ အေမာမ်ဟိုစိုင်းန် (အစ) ၏ သမီးများ ဖြစ်ကြသော စကီနာ နှင့် ဖွာသွေမဟ် တို့သည် ထိုမြင်ကွင်းကို မြင်တွေ့ရသည့်အခါ ၊ ဟစ်အော်ငိုကြွေးကြပြီး ယဇီးဒ်၏ မိန်းမများ နှင့် မိုအာဝီယာ ဗင်န် အဘီစိုဖီယားန်၏ သမီးများပါ လိုက်ပါ ငိုကြွေးခဲ့ကြသည်။ (57)ရှီးခ်ဆူဒူးက် သည် အေမာမ်ရေဇွာ(အစ) ထံမှ ကောက်နုတ်ထားသည့် ရေဝါယသ် တစ်ခုအရ ၊ ယဇီးဒ်သည် အေမာမ်ဟိုစိုင်းန်(အစ)၏ ဦးခေါင်းတော်ကို အိုးထဲ ထည့်ပြီး ထမင်းစားပွဲကို ၎င်းအပေါ်၌ ဖုံးအုပ်ထားခဲ့သည်။ ထို့နောက် ၎င်း၏ အပေါင်းအပါများဖြင့် လက်ဆုံထမင်းစားပြီး နောက် စစ်တုရင် ခုံအား ၎င်းအပေါ် တင်ပြီး ဆော့ကစားလေသည်။ ထို့နောက် ပြောထားသည်မှာ ၊ စစ်တုရင် နိုင်သွားသည့်အခါ အရက်ခွပ်ကို ယူပြီး အရက်သောက်ကာ ခွပ်ထဲကျန်ရှိသော အရက်များကို အေမာမ်ဟိုစိုင်းန်(အစ)၏ ဦးခေါင်းတော် ထည့်ထားသည့် အိုးဘက်သို့ သွန်ချခဲ့သည်။ (58) စကီနဟ် သည် ယဇီးဒ် အကြောင်း ပြောထားသည်မှာ ၊ အရှင်မြတ်အား ကျိန်ဆို တ်ိုင်တည်ပါ၏ ၊ ယဇီးဒ် လောက် ခတ်ထန်မာကျောသော နှလုံးသားရှိသူ ၊ ကာဖဲရ်ဖြစ်သူ ၊ နှိပ်စက်ညှဉ်းပန်းတက်သူမျိုး မတွေ့ဘူးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်မ ဖခင်၏ ဦးခေါင်းတော်ကို ဝိုင်းကြည့်ကာ ကဗျာများ ကွတ်ဆိုပျော်မြူး ကြသော ပွဲသဘင် အခမ်းအနား၌ ထားရှိခဲ့သည်။ (59)
နန်းတော်၌ ရှိနေသူများ၏ ကန့်ကွက်မှုများ ၊ နန်တော်၌ ရှိနေသူများ အနက်မှ အချို့သည် ၊ ယဇီးဒ် ၏ လုပ်ရပ်များကို ကန့်ကွက်ကြလေသည်။ ဥပမာ ၊ ယဇီးဒ်၏ လက်သီးဖြင့် ရင်ဘက်ကို ထိုးခဲ့သည့် မရ်ဝါးန် ဗင်န် ဟကမ်၏ အကိုဖြစ်သူ ယဟ်ယာ ဗင်န် ဟကမ် (60) အဘူဘရ်ဇဟ် အက်စ်လမီ သည်လည်း ကန့်ကွက်ခဲ့ပြီး ယဇီးဒ်၏ အမိန့်ဖြင့် နန်းတော်အပြင်သို့ မောင်းထုပ်ခြင်း ခံခဲ့ရသည်။ (61)
သုံ့ပန်းများ၏ ခွဒ်ဗာ မိန့်ခွန်း ပြောဆိုမှုများ
ကရ်ဘလာ သုံ့ပန်းများ ကူဖှာသို့ ဝင်ရောက်ပြီးနောက် အေမာမ်စဂျာဒ်(အစ)(62) နှင့် ဟဇရသ်သေဇိုင်နဘ်(စအ) တို့သည် လူထုနှင့် စကားပြောခဲ့သည်။ သမိုင်းကြောင်း၏ ဖော်ပြချက်အရ၊ ကူဖှာမြို့သားကို ကရ်ဘလာ၌ အေမာမ်ဟိုစိုင်းန်(အစ) အား မကူညီခဲ့ကြသည့်အတွက် ရှုတ်ချပြောခဲ့လေသည်။ (63) ခေတ်သစ် သမိုင်းပညာရှင် ဖြစ်သူ စိုင်ယိဒ်ဂျအ်ဖဲရ် ရှဟီဒီးသည်၊ ကူဖှာ အုပ်ချုပ်သူများ၏ တင်းကျပ်မှု နှင့် ကူဖှာသားများသည် ၎င်းတို့အား ကြောက်ရွံ့မှု အပေါ်အခြေခံ၍ ထိုကဲ့သို့သော မိန့်ခွန်းများကို လက်ခံရန် အခက်အခဲရှိနေပေသည် ဟူ၍ ယူဆထားသည်။ (64) ထို့အတူ အေမာမ်ဟိုစိုင်းန်(အစ) သမီးဖြသ်သူ ဖှာသွေမဟ်စုဂ်ရာ (65) အေမာမ်အလီ(အစ) ၏ သမီးဖြစ်သူ အွမ်မေကုလ်စူမ် တို့ကိုလည်း ပတ်သက်မှု ပေးထားခဲ့ပေသည်။ (66) အေမာမ်စဂျာဒ်(အစ) နှင့် ဟဇရသ် သေ ဇိုင်နက်ဘ် သခင်မ တို့သည် ရှာမ်၌လည်း မိန့်ခွန်းများ ပြောဆိုခဲ့သည်။ ထိုမိန့်ခွန်း၏ အကြောင်းအရာများမှာ ၊ အေမာမ်ဟိုစိုင်းန်(အစ) ၏ အဲဟ်ဘေဗိုင်းသ် အပေါ် မတရား ဖိနှိပ်မှု နှင့် ၎င်းတို့အား မြို့တိုင်း တွင် လှည့်လည်ပြသခြင်း အတွက်ကြောင်း ယဇီးဒ်အား အပြစ်တင် ရှုတ်ချပြောဆိုထားသော မိန့်ခွန်းများဖြစ်သည်။ (67) ထို့အတူပင် ၊ ထိုမိန့်ခွန်းများ၌ တမန်တော်မြတ်(ဆွ) ၏ အဲဟ်လေဗိုင်သ် နှင့် အေမာမ်အလီ(အစ) တို့၏ သာလွန်မြင့်မြတ်မှုများကိုလည်း ပြောဆိုထားပေသည်။ (68) ထိုမိန့်ခွန်း များသည် ၊ အေမာမ်စဂျာဒ်(အစ) နှင့် ဟဇရသ် သေ ဇိုင်နက်ဘ် သခင်မ တို့၏ ခွဒ်ဗဟ် မိန့်ခွန်းများ ဟူ၍ ကျော်ကြားပေသည်။ (69)
ရှာမ် မှ ပြန်လာခြင်း
ကရ်ဘလာ၏ သုံ့ပန်းများ ၊ ရှာမ် မှ မဒီနာ သို့မဟုတ် ကရ်ဘလာ သို့ ပြန်လာခြင်း တစ်နည်းအားဖြင့် သုံ့ပန်းများ ကရ်ဘလာသို့ ပြန်လာသည့် အချိန်အတိအကျ ( ပထမ အရ်ဘအီးန် သို့မဟုတ် ဒုတိယ အရ်ဘအီးန် သို့မဟုတ် နောက်တစ်ကြိမ် ) နှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများရှိပေသည်။ (70) ရှီးခ်မိုဖီးဒ် (71) ရှီးခ်သူစီး (72) နှင့် ကဖ်အမီး (73) တို့ အတိအကျ ပြောထားသည်မှာ ကရ်ဘလာ၏ သုံ့ပန်းများသည် ရှာမ် မှ အပြန် ကရ်ဘလာသို့ မသွားဘဲ မဒီနာသို့ သွားခဲ့ကြပေ။ မိုဟဒ်ဒီစေနှုရီ (74) ရှီးခ်အဘ္ဘာစ် ကွမ်မီး (75) နှင့် မုရ်သဇွာ မိုသွဟ်ဟရီး (76) တို့သည်လည်း သုံ့ပန်းများ ပထမ အရ်ဘအီးန်၌ ကရ်ဘလာသို့ ရောက်ရှိခဲ့သည် ဟူသော အဆိုများကို လက်မခံကြပေ။
အလ်အိက္က်ဘာလ် စာအုပ်၌ စိုင်ယိဒ် ဗင်န် သွာဝူးစ် သည် ပထမ အရ်ဘအီးန် နေ့တွင် သုံ့ပန်းများ ကရ်ဘလာ နှင့် မဒီနာ သို့ရောက်ရှိခြင်း နှစ်ခုစလုံးကို ငြင်းပယ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ၊ ၎င်းတို့သည် ကရ်ဘလာ သို့မဟုတ် မဒီနာ သို့ ပြန်သွားရန် ရက်လေးဆယ်ကျော် ကြာသောကြောင့် ဖြစ်သည်။ စိုင်ယိဒ် ဗင်န် သွာဝူးစ် ၏ အမြင်အရ ၊ သုံ့ပန်းများသည် အကယ်၍ ကရ်ဘလာ သို့သွားခဲ့သည် ဆိုပါကလည်း ၊ ပထမ အရ်ဘအီးန် ရက်လေးဆယ် မြောက်သောနေ့၌ မဟုတ်ပေ။ (77) ထို့ကြောင့် အလ်လိုဟူးဖ် စာအုပ်၌ စိုင်ယိဒ် ဗင်န် သွာဝူးစ် ကောက်နုတ် ဖော်ပြထားသည်မှာ ၊ ကရ်ဘလာ ၏ သုံ့ပန်းများသည် ရှာမ် မှ အပြန်လမ်းတွင် အီရတ်သို့ ရောက်ရှိသောအခါ ၎င်းတို့၏ လမ်းပြအား “ကျွန်ုပ်တို့ကို ကရ်ဘလာ သို့သွားရာလမ်းမှ ခေါ်သွားပါ” ဟူ၍ ပြောခဲ့သည်။ ထိုနောက် ၎င်းတို့သည် ကသ်လေဂါးဟ် (ရှဟီးဒ် လုပ်သည့်နေရာ) သို့ ရောက်သည့်အခါ ၊ ဂျာဗီရ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် အန်ဆွာရီ နှင့် ဗနီဟာရှင် အချို့ကို တွေ့ခဲ့ကြသည်။ ၎င်းတို့သည် ဝမ်းနည်းပူဆွေး ငိုကြွေးလျက် အဇာဒါရီ ပြုလုပ်နေကြပြီး ရက်အနည်းငယ်အကြာ၌ မဒီနာသို့ ပြန်သွခဲ့ကြသည်။ (78) စိုင်ယိဒ် ဗင်န် သွာဝူးစ် သည် သုံ့ပန်းများ ကရ်ဘလာသို့ ဝင်ရောက်ခဲ့သည့် နေ့ကို ဖော်ပြထားခြင်း မရှိပေ။ စိုင်ယိဒ် မုဟမ္မဒ် အလီ ကာဇွီ သွဗာသွဗာယီး ( အီရာန်နှစ် ၁၂၉၃ - ၁၃၅၈) သည်လည်း “ စိုင်ယိဒုလ် ရှိုဟဒါ၏ ပထမဦးဆုံး အရ်ဘအီးန် အကြောင်း လေ့လာစူးစမ်းခြင်း “ ဟူသော စာအုပ်၌ ၊ သုံ့ပန်းများ ကရ်ဘလာသို့ ရောက်ရှိသည်ကို သက်သေပြုထားသည်။ (79) ဟေမာစေ ယေ ဟိုစိုင်းနီ စာအုပ်၌ ရှဟီးဒ် မိုသွဟ်ဟရီး ၏ အဆိုအရ ၊ သုံ့ပန်းများ ကရ်ဘလာသို့ ရောက်ရှိခြင်း နှင့် ပတ်သက်ပြီး အလ်လိုဟူးဖ် စာအုပ်၌သာ လာရှိထားပြီး အခြား မည်သည့် စာအုပ်၌မှ မလာရှိထားပေ ဟူ၍ ဖော်ပြထားသည်။ (80)
စိုင်ယိဒ် ဗင်န် သွာဝူးစ် ၏ ကောက်နုတ် ဖော်ပြချက်အရ ၊ ကရ်ဘလာ သုံ့ပန်းများသည် မဒီနာမြို့၏ အနီးတစ်ဝိုက်သို့ ရောက်သောအခါ ၊ မြို့ပြင်၌ ခိုင်မာ တဲနန်းများကို ပြုလုပ်ခဲ့ကြသည်။ ဘရှီးရ် ဗင်န် ဟဇ်လမ် သည် အေမာမ်စဂျာဒ်(အစ) ၏ အမိန့်တော်အရ ၊ မဒီနာမြို့ထဲသို့ သွားပြီး တမန်တော်မြတ် ဗလီတော်၌ ငိုကြွေးကာ အေမာမ်ဟိုစိုင်းန်(အစ) ရှဟာဒသ် ဖြစ်သွားကြောင်းကို လူထုထံ သတင်းပေးပို့ခဲ့ပြီး အေမာန်စဂျာဒ်(အစ) နှင့် ကျန်ရစ်သူများအားလုံး မဒီနာသို့ ပြန်ရောက်လာပြီ ဖြစ်ကြောင်းကို ကြေငြာပြောဆိုခဲ့သည်။ (81) စိုင်ယိဒ် ဗင်န် သွာဝူးစ် သည် ၊ ထိုနေ့ကို တမန်တော်မြတ် ဆုံးပါးပြီးနောက် မွစ်လင်မ် လူထုအတွက် အခါးသီးဆုံး နေ့ရက် ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့နောက် ၊ မဒီနာရှိ အမျိုးသမီးများ အားလုံးသည် အိမ်အပြင်သို့ ထွက်လာကြပြီး ဟစ်အော်ငိုကြွေးခဲ့ကြသည် ။ ထိုနေ့ကဲ့သို့ အမျိုးသား နှင့် အမျိုးသမီး များအားလုံး ငိုကြွေးသည့် နေ့မျိုး မရှိခဲ့ပေ ဟု ကောက်နုတ် ဖော်ပြထားသည်။ (82)
ဒေါနီရှ်နာမေ ယေ အေမာမ်ဟိုစိုင်းန် စာအုပ် ရေးသားသူများ၏ ဖော်ပြချက်အရ ၊ အေမာမ်ဟိုစိုင်းန်(အစ)၏ အိမ်သူအိမ်သားများသည် မဒီနာမြို့မှ ထွက်ခွာခဲ့ပြီး မဒီနာမြို့သို့ ပြန်ရောက်လာခဲ့သည်။ ၎င်းတို့သည် ထိုကာလ၌ လျှောက်လှမ်းဖြတ်ကျော်ခဲ့ရသည့် လမ်း ( အတိုဆုံး လမ်းကြောင်းဖြင့် သွားကာ ကရ်ဘလာ သို့ မပြန်ဟု ယူဆပါက) အနည်းဆုံး ကီလိုမီတာ ၄၁၀၀ လောက်ရှိ ပေသည်။ မဒီနာ မှ မက္ကာ သို့ ၄၃၁ ကီလိုမီတာ ၊ မက္ကာ မှ ကရ်ဘလာ သို့ ၁၄၄၇ ကီလိုမီတာ ၊ ကရ်ဘလာ မှ ကူဖှာ သို့ ၇၀ ကီလိုမီတာ ၊ ကူဖှာ မှ ရှာမ် သို့ ၉၃၂ ကီလိုမီတာ ၊ ရှာမ် မှ မဒီနာသို့ ၁၂၂၉ ကီလိုမီတာ ဖြစ်သည်။ (83)