ကရ်ဗလာ

wikishia မှ

ကရ်ဘလာ သို့မဟုတ် ကရ်ဘလာ ယေ မိုအလ္လာ ဆိုသည်မှာ ရှီအာများ ဇေယာရသ် ပြုလုပ်ကြသည့် အီရတ်ရှိ မြို့များအနက် မှ တစ်ခုဖြစ်သည်။ ဟီဂျရီ ၆၁ ခုနှစ် ကရ်ဘလာ အဖြစ်အပျက်၌ အေမာမ်ဟိုစိုင်းန် (အစ) နှင့် ၎င်း၏ နောက်လိုက်သားများ ရှဟီးဒ် ဖြစ်ခဲ့ကြပြီး အေမာမ်ဟိုစိုင်းန်(အစ) နှင့် ဟဇရသ် သေ အဘ္ဘာစ် (အစ) တို့၏ ဟရမ် အထင်ကရ နေရာများ တည်ရှိသည့်အတွက်ကြောင့် ဤမြို့သည် ရှီအာများအကြ အလွန်အရေးပါသော မြို့တစ်မြို့ ဖြစ်သည်။ ကရ်ဘလာ ၏သမိုင်းသည် အစ္စလာမ်နှင့် ဗာဗုလုန်ခေတ် မတိုင်မီက စတင်ခဲ့သည်။ အစ္စလာမ့် အောင်ပွဲများ အပြီးတွင် မျိုးနွယ်စုများသည် ကရ်ဘလာ နှင့် ဖိုရာသ် (ယူဖရေးတီး) မြစ်အနီးတွင် နေထိုင်ခဲ့ကြသည်။ မိုဟရမ်လ ၁၀ ရက်နေ့ တွင် အေမာမ်ဟိုစိုင်းန် (အစ) နှင့် ၎င်း၏ နောက်လိုက်သား သည် ကရ်ဘလာ တွင် ရှဟီးဒ် ဖြစ်ခဲ့ကြပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ကရ်ဘလာ ၌ မြှုပ်နှံပြီးနောက် ရှီအာများ သည် အေမာမ်ဟိုစိုင်းန်(အစ) နှင့် အခြား ရှိုဟဒါများကို ဇေယာရသ် ပြုလုပ်ဖို့ရန် ကရ်ဘလာ သို့ သွားရောက်ကြသည်။ .အီမာမ်ဟိုစိုင်းန် (အစ) နှင့် ကရ်ဘလာ ၏ အခြား‌ သော ရှိုဟဒါများအား လာရောက် ဇေယာရသ် ပြုလုပ်ကြရန် ရှီအာများ၏ ကြိုးပမ်းမှုသည် ကရ်ဘလာ ကို ရှီအာများ အခြေချနေထိုင်ရာ ဌာနအဖြစ်သို့ ပြောင်းလဲပေးခဲ့ခြင်း ပံ့ပိုးပေးခြင်းပင် ဖြစ်သည်။ ဒုတိယ နှင့် တတိယ ရာစုနှစ်များမှ စ၍ ပထမဦးဆုံး ဖွံ့ဖြိုးတိုးတက်မှုကို ကရ်ဘလာ ၌ စတင်ခဲ့သည်။ အာလေဘူယေဟ် ခေတ်ကာလတွင်၊ ကရ်ဘလာ မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများစွာ ဆောင်ရွက်ခဲ့ပါသည်။ သို့သော် ကရ်ဘလာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းမှုအများစုသည် ဆွဖဝီယဟ် နှင့် ကာချားရ် ခေတ်ကာလ၌ ဖြစ်သည်။ တတိယရာစုတွင် ကရ်ဘလာ မြို့ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တစ်ပြိုင်နက် ကရ်ဘလာ ၏ ဘာသာရေး သင်တန်းကျောင်းများကို တည်ထောင်ခဲ့သည်။ ကရ်ဘလာ ၌ဘာသာရေး ဆိုင်ရာ စာသင်ကျောင်း၏ ပညာ‌ေရး အခြေအနေသည် သမိုင်းတစ်လျှောက် အတက်အကျများဖြင့် လိုက်ပါလျက် ရှိခဲ့သည်။ ကရ်ဘလာ ၏ ဘာသာရေး သင်တန်းကျောင်းတွင် ပညာအရည်အချင်းများ ကြွယ်ဝလာမှုနှင့်အတူ တပြိုင်နက်တွင် ရှီအာမိသားစုများစွာသည် အသိပညာဆည်းပူးရန် ကရ်ဘလာ တွင် အခြေချနေထိုင်ခဲ့ကြပြီး ၎င်းတို့မှာ အအာ‌လေ သွအ်မဟ် မိသားစု ၊အာလေ နကီးဘ် မိသားစုများ၊ ဘေဘဟာနီ ၊ ရှဟ်ရီစ်သာနီ နှင့် ရှီရာဇီး တို့ ဖြစ်ကြသည်။ ကရ်ဘလာ မြို့သည် လွန်ခဲ့သော နောက်ဆုံး ရာစုနှစ် နှစ်ခုအတွင်း အဖြစ်အပျက်များစွာကို ဖြတ်သန်းခဲ့ရသည်။ ဥပမာ ဝဟာဘီ များ၏ ကျူးကျော်မှု၊ နဂျီးဘေ ပါရှား ဝါလီ အွစ်မာနီး ဘုရင်၏ ကျူးကျော်မှု၊ ၁၉၂၀ ခုနှစ်၏ တော်လှန်ရေး နှင့် ရှအ်ဘာနီယဟ် တို့၏ တော်လှန်ရေး လှုပ်ရှားမှု စသည်တို့သည် ဤရာစု နှစ်နှစ်၏ ဖြစ်ရပ် အချို့ ဖြစ်သည်။ ကရ်ဘလာ မြို့သည် နှစ်ဆယ်ရာစုတွင် အွစ်မာနီး အင်ပါယာကျဆုံးပြီးနောက်ပိုင်း ၊ ဗြိတိန်များ ဘက်မှ နိုင်ငံရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှု ပါတီများ နှင့် အဖွဲ့အစည်းများ ဖွဲ့စည်းပြီး အီရတ်လွ တ်လပ်ရေး ရပြီးနောက် ထိုအရာများကို ပိုမိုတိုးချဲ့လာခဲ့ကြသည်။ ဂျမ်အီယသုလ် အိ‌သ်သေဟာဒ် ဝလ် တိုရ်ကီ ၊ အလ်ဂျမ်အ္ယသုလ် ဝသွန်နီယသုလ် အိစ္စလာမီယဟ် နှင့် ရီုအ်ဘသုလ် ဟိဇ်ဘုဒ်ဒအ်ဝသုလ် အိစ္စလာမီယဟ် တို့သည် ကရ်ဘလာ ရှိ အီရတ် အစ္စလာမ္မစ် အအ်လာ ပါတီဌာနခွဲနှင့် အီရတ်နိုင်ငံ၏ အဓိပတိ အစ္စလာမ္မစ် ညီလာခံ၏ ဌာနခွဲကို ကရ်ဘလာ ရှိ အရေးအကြီးဆုံး ရှီအာဌာနများအဖြစ် လူသိများသည်။

        ရှီအာများသည် ကမ္ဘာတစ်ဝှမ်းမှ အမျိုးမျိုးသော အခါသမယ ပွဲတော်ရက်မြတ် များတွင် ဤမြို့သို့ ‌ေဇယာရသ် လာရောက်ကြသည်။ ဤသို့ ဇေယာရသ် လာရောက်မှု၌ များသောအားဖြင့် မိုဟရမ်လ နှင့် ဆွဖဲရ်လများ၏ အဇာဒါရီ နေ့ရက်များ အထူးသဖြင့် အရ်ဗအီးန် လမ်းလျှောက်ခြင်း ပင်ဖြစ်သည်။ အရ်ဗအီးန် လမ်းလျှောက်ခြင်း အခမ်းအနား ၏ လူဦးရေသည် ၂၀၁၅ နှင့် ၂၀၁၆ တွင် လူဦးရေ သန်းပေါင်း ၂၀ ခန့်ရှိသည် ဟု ဖော်ပြထားသည်။ သမိုင်းတစ်လျှောက်၌ ကရ်ဘလာ ကို အခြားအမည်ဖြင့်လည်း ခေါ်ဝေါခဲ့ကြသည်။ ဥပမာ အာဿွရီယဟ် ၊ နိုင်နဝါ ၊ သွက်ဖ္ဖ် ၊ အက္ကဲရ် ၊ ဟာအီရ် နှင့် နဝါဝီးစ် တို့ဖြစ်ကြသည်။

မိတ်ဆက်

ကရ်ဘလာ သည် ရှီအာများ ဇေယာရသ် ပြုလုပ်ကြသည့် အီရတ်ရှိ မြို့များအနက် မှ တစ်ခုဖြစ်သည်။ (1) အဆိုပါမြို့သည် ဤနိုင်ငံ၏ မြို့တော် ဘဂ္ဂဒက်မှ ကီလိုမီတာ ၁၀၀ ခန့်အကွာ အီရတ်နိုင်ငံ တောင်ပိုင်းတစ်ဝက်တွင် တည်ရှိသည်။ (2)         ကရ်ဘလာ အဖြစ်အပျက်၌ အေမာမ်ဟိုစိုင်းန် (အစ) နှင့် ၎င်း၏ နောက်လိုက်သားများ ရှဟီးဒ် ဖြစ်ခဲ့ကြပြီး အေမာမ်ဟိုစိုင်းန်(အစ) နှင့် ဟဇရသ် သေ အဘ္ဘာစ် (အစ) တို့၏ ဟရမ် အထင်ကရ နေရာများ နှင့် အခြား ဇေယာရသ် ပြုလုပ်ကြသည့် နေရာများ တည်ရှိသည့်အတွက်ကြောင့် ဤမြို့သည် ရှီအာများ ၏ ဇေယာရသ် ပြုလုပ်မှု အများဆုံး အထူးသဖြင့် မိုဟရမ်လ၏ အဇာဒါရီ နေ့ရက်များ နှင့် အရ်ဗအီး နေ ဟိုစိုင်းနီ ကာလတွင် ဇေယာရသ် ပြုလုပ်မှု အများဆုံး မြို့များအနက်မှ တစ်ခု ဖြစ်သည်။ (3)

ကရ်ဘလာ သည် ၁၉၁၄ ခုနှစ်တွင် အွစ်မာနီ အင်ပါယာကျဆုံးပြီးနောက် ထို့အတူ ၂၀၀၃ ခုနှစ်တွင် ဆက်ဒမ် အစိုးရ ကျဆုံးပြီးနောက် ၊ အီရတ်တွင် အထူး နိုင်ငံရေးဗျူဟာ နေရာတစ်ခု ရရှိခဲ့သည်။ အာယသုလ္လာဟ် မုဟမ္မဒ် သကီ ရှီရာဇီ၏ ဂျောဟာဒ်ဆိုင်ရာ ဖသ်ဝါ ၊ ကရ်ဘလာ ၌ ရှီအာများ၏ မရ်ဂျအ် ၊ ဗြိတိန်များအပေါ် ပုန်ကန်ခြင်း နှင့် ၁၉၂၀ ခုနှစ် လှုပ်ရှားမှုတွင် ၎င်း၏ ခေါင်းဆောင်မှု ၊ အီရတ် ပြည်သူလူထုသည် ဗြိတိန်နိုင်ငံသားများ ဆက်လက် တည်ရှိနေမှုကို ကန့်ကွက်ဆန္ဒပြခြင်း စသည်တို့သည် အီရတ်၏ ယနေ့ ခေတ်သမိုင်းတွင် ကရ်ဘလာ ၏ နိုင်ငံရေး အခန်းကဏ္ဍကို ထင်ဟပ်စေခဲ့သည်။ (4) ဆက်ဒမ်ကျဆုံးပြီးနောက်၊ ဤနိုင်ငံ နှင့် အစ္စလာမ္မစ် ကမ္ဘာ၏ နိုင်ငံရေး ၊ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ နှင့်ပတ်သက်၍ အီရတ် ရှီအာ အာဏာပိုင်အဖွဲ့များ၏ ရာထူးများကို ဤမြို့၏ ဂျွမ်အဟ် နမာဇ်တွင် ကြေညာခဲ့သည်။ ဥပမာ ကရ်ဘလာ ၌ ဂျွမ်အဟ် နမာဇ်တွင် ဒါအီရှ် ISIL ကိုဆန့်ကျင်သည့် အာယသုလ္လာဟ် စိစ်သာနီး၏ ဖသ်ဝါ စသည်တို့ ဖြစ်သည်။ (5) ၂၀၁၅ ခုနှစ်၏ သန်းခေါင်စာရင်းအရ ကရ်ဘလာ ၏ လူဦးရေသည် လူဦးရေ ခုနစ်သိန်းနီးပါး ရှိသည်ဟု ဖော်ပြထားခဲ့သည်။ (6) ကရ်ဘလာ သည် သမ်ုးတစ်လျောက်၌ အမည် အမျိုးမျိုး ရှိခဲ့သည်။ ဥပမာ အာဿွရီယဟ် ၊ နိုင်နဝါ ၊ သွက်ဖ္ဖ် ၊ အက္ကဲရ် ၊ ဟာအီရ် နှင့် နဝါဝီးစ် တို့ဖြစ်ကြသည်။ (7)

သမိုင်းအကျဉ်း

အချို့သော ကျမ်းကိုးများ၌ ကရ်ဘလာ ၏ သမိုင်းကြောင်းကို ဗာဗုလုန်ခေတ်တွင် အစ္စလာမ် မတိုင်မီ အချိန်များ၌ ဖြစ်သည်ဟု ယူဆထားကြသည်။ (8) ဖော်ပြချက်များအရ ကရ်ဘလာ သည် အစ္စလာမ့် အောင်ပွဲများမတိုင်မီ ခရစ်ယာန် သချိုင်းအဖြစ်ပြီး အချို့က ဇဲရ်သိုရှီး ( မီးကိုးကွယ်သူများ) မီးဘုရားကျောင်းများ၏ ဗဟိုဌာန ဖြစ်သည် ဟူ၍ သတ်မှတ်ခဲ့ကြသည်။ (9) ကရ်ဘလာ အနီးတစ်ဝိုက်၌ အထူးသဖြင့် ဖိုရာသ် ယူဖရေးတီးမြစ်နှင့် ကပ်လျက်နေရာများတွင် ရွာများစွာရှိခဲ့သည် ဟု ဖော်ပြထားသည် ။ (10) ထို့အပြင် နဗီတမန်တော်များ သို့မဟုတ် အူလူလ်အဇ်မ် တမန်တော်များမှ အချို့ ဥပမာ တမန်တော်နှုဟ်(အစ) နှင့် တမန်တော် အိဗ်ရာဟီးမ်(အစ) တို့သည် ကရ်ဘလာ ၌ ရှိခဲ့သည် ဟူသော ဖော်ပြချက်များလည်း ရေဝါယသ် ကျမ်းကိုးများတွင် လာရှိထားသည်။ (11)

မွတ်ဆလင်များမှ အီရတ် နှင့် ဘိုင်နုလ်နဟ်ရိုင်းန် ကို သိမ်းပိုက် အောင်နိုင်ပြီးနောက် သမိုင်းပညာရှင်များဘက်မှ အာရှူရာ မတိုင်မီ ရှားရှားပါးပါး သတင်းအချက်လက်များကို မှတ်တမ်းတင်ခဲ့သည်။ ဖော်ပြချက်များ၌ လာရှိထားသည်မှာ ၊ ခါလီဒ် ဗင်န် ဝလီးဒ် သည် ဟီဂျရီ ၁၂ ရာစု၌ ဟိုင်ရဟ် တိုက်ပွဲ အဖြစ်အပျက်၌ ဟိုင်ရဟ် (ယနေ့ခေတ် နဂျဖ် အနီး) များကို အောင်နိုင်ပြီးနောက် ကရ်ဘလာ ၌ စခန်းချ အနားယူခဲ့သည်။ (12) အချို့ ဖော်ပြချက်များတွင် ၊ အေမာမ်အလီ(အစ) သည် ဆွိဖီးန် တိုက်ပွဲမှ အပြန် ကရ်ဘလာ သို့ ဖြတ်သန်းခဲ့ကြောင်း ဖော်ပြထားပြီး ထိုဖော်ပြချက်အရ အေမာမ်အလီ(အစ) သည် ကရ်ဘလာ ၌ နမာဇ် ဖတ်ရွတ်ရန် နှင့် အနားယူရန် ရပ်နားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ကရ်ဘလာ အဖြစ်အပျက် နှင့် နောင်တစ်ချိန်တွင် မိမိ၏ သားတော် ဟိုစိုင်းန်(အစ) ၊ ၎င်း၏ နောက်လိုက်သားများနှင့် ၎င်း၏ မိသားများ နှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာမည့် အဖြစ်အပျက် များကို ကြိုတင်ပြောပြခဲ့သည်။(13) ကရ်ဘလာ အား ထင်ပေါ်ကျော်ကြားစေပြီး ရှီအာများအကြား အလွန် အလေးအနက် ထားရခြင်း၏ အဓိက အကြောင်းအရင်းမှာ ကရ်ဘလာ ၌ ဖြစ်ပွားခဲ့သည့် အာရှူရာ အဖြစ်အပျက် ပင်ဖြစ်သည်။ ထိုအဖြသ်အပျက်၌ အေမာမ်ဟိုစိုင်းန်(အစ) သည် ယဇီးဒ်အား ဘိုင်အသ် သစ္စာ မခံယူခဲ့ခြင်း ပြီးနောက် နှင့် ကူဖာပြည်သူ ပြည်သားများထံမှ စာများစွာပေးပို့ခြင်းဖြင့် ဘိုင်အသ် သစ္စာခံရန် ဖိတ်ခေါ်ပြီးနောက် (14) မက္ကာ မှ ကူဖာသို့ ထွက်ခွာလာခဲ့သည်။ (15) အေမာမ်ဟိုစိုင်းန်(အစ) ၏ ကာရဝါန် အုပ်စုကို ကူဖာသို့ သွားရာလမ်းတွင် ကူဖာတပ်မှုး ဟူရ် ဗင်န် ယဇီးဒ် ရေယာဟီး သည် အိုဘိုင်ဒုလ္လာဟ် ဗင်န် ဇေယာဒ်၏ အမိန့်ဖြင့် ရပ်တန့် ပိတ်ဆို့ စေပြီးနောက် (16) အေမာမ်ဟိုစိုင်းန်(အစ) နှင့် လိုက်ပါကြသူများသည် ကရ်ဘလာ ၌ စခန်းချခဲ့ကြသည်။ (17) အေမာမ်ဟိုစိုင်းန်(အစ) နှင့် လိုက်ပါကြသူများ ထိုနေရာ၌ စခန်းချပြီး ရက်အနည်းငယ် အကြာ ၊ ဟီဂျရီ ၆၁ ခုနှစ် မိုဟရမ်လ ၁၀ ရက်နေ့၌ အေမာမ်ဟိုစိုင်းန်(အစ) နှင့် အွမ္မရ် ဗင်န် စအ်ဒ် ၏ တပ်သားများ အကြား စစ်တစ်ခု ဖြစ်ပွားခဲ့သည်။ (18) အေမာမ်ဟိုစိုင်းန်(အစ) နှင့် ၎င်း၏ များစွာသော ‌နောက်လိုက်သားများသည် ထိုနေ့၌ ရှဟီးဒ် ဖြစ်ခဲ့ကြသည်။ ရှိုဟဒါမျ၏ ကျန်ရစ်သူများ အားလုံး များသောအားဖြင့် အမျိုးသမီးများ နှင့် ကလေးငယ်များကို သုံ့ပန်းအဖြသ် ခေါ်ဆောင်သွားခဲ့ကြသည်။ ထိုသုံ့ပန်းများကို ဦးစွာ ကူဖာသို့ ခေါ်ဆောင်သွားပြီးနောက် ယဇီးဒ် အုပ်ချု့ပ်သည့် မြို့တော် ဒမီရှ်က္က် (ရှာမ်) သို့ ပို့ဆောင်ခဲ့ကြသည်။ (19) အေမာမ်ဟိုစိုင်းန်(အစ) ၏ ဟရမ်တော်ကို ဇေယာရသ် ပြုလုပ်ဖို့ရန် ရှီအာအေမာမ်များ၏ တိုက်တွန်းမှု ၊ ရှီအာများသည် ထိုဟရမ်တော်ကို အလေးအနက်ထားမှု ၊ အေမာမ်ဟိုစိုင်းန်(အစ) ကဗဲရ်တော်အား ဆောက်လုပ်ရန် စီမံခြင်း ၊ ၎င်းအား ဖွံ့ဖြိုးတိုးတက်အောင် ပြလုပ်ခြင်း ၊ ကရ်ဘလာ ၌ ဇေယာရသ် လာရောက်ကြသူများ အတွက် အခြေချနေထိုင်မှုများ ဆောက်လုပ်ပေးခြင်း တို့သည် ဗနီအိုမိုင်ယာ နှင့် ဗနီအဘ္ဘာစ် ခေတ်ကာလ၌ ပိုမိုထွန်းကားလာခဲ့သည်။ (20) ကရ်ဘလာ အဖြစ်အပျက် ပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေး ကေယာမ်များသည်လည်း အေမာမ်ဟိုစိုင်းန်(အစ) ၏ ကဗဲရ်တော်ကို ရှီအာများမှ ဂရုပြု အာရုံစူးစိုက်မှုတို့ကြောင့် ဖြစ်သည်။ သောင်ဝါဘီးန် အုပ်စုသည် မိမိတို့၏ တော်လှန်ပုန်ကန်မှု၌ ၎င်းတို့သည် နာခီလာမြို့မှ ဒမတ်စကတ် သို့ ထွက်ခွာပြီးနောက် လမ်းခုလက်တွင် အေမာမ်ဟိုစိုင်းန်(အစ) ကဗဲရ်တော်ကို ဇေယာရသ် ပြုလုပ်ခဲ့ကြသည်။ (21) ထို့နောက် ၎င်းတို့သည် အေမာမ်ဟိုစိုင်းန်(အစ) ၏ လမ်းစဉ်ကို လိုက်နာကြောင်း ကြေညာခဲ့သည်။ (22) မုခ်သာရ် ၏ ကေယာမ် တော်လှန်ရေး၌လည်း ကရ်ဘလာ အား ဂရုပြု အာရုံစူးစိုက်မှု နှင့် အေမာမ်ဟိုစိုင်းန်(အစ) ၏ ကဗဲရ်တော်အား ဇေယာရသ်ပြုလုပ်ခြင်းတို့ ရှိပေသည်။ မုခ်သာရေ စက္ကဖီ သည် အေမာမ်ဟိုစိုင်းန်(အစ) ၏ ကဗဲက်တွင် အဆောက်အဦး ဆောက်စဉ်ကာလ၌ ရွံ့ ၊ စွန်ပလွန်ပင်၏ ပင်စည် နှင့် အကိုင်းအခက်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ဗလီ နှင့် ရွာငယ်များ (23) ကို ပထမဆုံး ဆောက်လုပ်ခဲ့သူ ဖြစ်သည်။ (24) ကရ်ဘလာ သို့ ဇေယာရသ် လာရောက်ကြသူများ တိုးပွားလာခြင်းနှင့် အေမာမ်ဟိုစိုင်းန် (အစ) ၏ ဟရမ်တော် အနီးရှိ မွတ်စလင်အချို့ နေထိုင်ခြင်းသည် ဗနီအိုမိုင်ယာမင်းများ အင်အားကျဆင်းလာပြီး အဘ္လာစီမင်းများ ဖွဲ့စည်းမှု တို့နှင့် တစ်ချိန်တည်း ဖြစ်သည့်အတွက် ကရ်ဘလာ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လေးနက်သော ပုံသဏ္ဍာန်တစ်ခု ဖြစ်လာခဲ့သည်။ အေမာမ်ဟိုစိုင်းန်(အစ) ၏ ကဗဲရ်တော် အနီး၌ အိမ်အသစ်များကို သင့်လျော်သော အိမ်ဆောက်ပစ္စည်းများအား အသုံးပြု၍ တည်ဆောက်ခဲ့ကြသည်။ (25)

ဤလုပ်ရပ်များသည် ရှီအာများဘက်မှ အဘ္ဘာစီမင်း အချို့ကို ခြိမ်းခြောက်မှုဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် ဟာရူးနုရ်ရရှီးဒ် နှင့် မိုသဝက္ကီလ် အဘ္ဘာစီ မင်းများသည် မိမိတို့ အုပ်ချုပ်စဉ် ကာလ၌ အေမာမ်ဟိုစိုင်းန်(အစ) ဟရမ်တော် နှင့် ၎င်း၏ ပတ်ပတ်လည်တွင် ရှိသော အဆောက်အဦးများကို ကို ဖြိုချ ဖျက်စီးရန် အမိန့်ပေးခဲ့သည်။ (26) သို့သော်လည်း အဘ္ဘာစီမင်း များ၏ လုပ်ရပ်များသည် ကရ်ဘလာ ကိုပြောင်းလည်းရန် နှင့် ၎င်း၏ ပတ်ပတ်လည်၌ အချို့သော ရှီအာများ၏ အခြေချနေထိုင်မှုများကို မတားဆီးနိုင်ခဲ့ပေ။ ဟာရူးနုရ်ရရှီဒ် ပြီးနောက် ၊ ၎င်း၏ သားဖြစ်သူ မအ်မူးန် အဘ္ဘာစီ အုပ်ချုပ်သည့် ခေတ်ကာ၌ ကရ်ဘလာတွင် အေမာမ်ဟိုစိုင်းန်(အစ) ၏ ကဗဲရ်တော် နှင့်ပျက်စီးသွားသော အဆောက်အအုံများကို ပြန်လည်တည်ဆောက်ပြီး ပြန်လည် ပြုပြင်မွမ်းမံခဲ့သည်။ (27) မိုသဝက္ကီလ် ခေတ်ပျက်စီးပြီးနောက် အင်မ်ရားန် ဆိုသူ သည် ကရ်ဘလာ သို့ပြန်လာပြီး ဟရမ်တော် နှင့် ပျက်စီးသွားသော နေရာများကို ပြန်လည်တည်ဆောက်ခြင်း အပြင် အဆောက်အဦး အသစ်များဖြစ်သော် ကရ်ဘလာ စျေးကို တည်ဆောက်ခဲ့သည်။ (28) အဘ္ဘာစီမင်းများ ခေတ်ကာလ၌ အေမာမ်များ၏ အဆ်ွဟာဘ်များသည် ကရ်ဘလာတွင် ပညာရေးဆွေးနွေးပွဲ အခမ်းအနားများကို တည်ထောင်ခဲ့သည်။ ယင်းအား ကရ်ဘလာ၏ပထမဆုံးသင်တန်း ဟူသော ခေါင်းစဉ်ဖြင့် ခေါ်ဝေါသုံးနှုံးထားသည်။ (29) ကရ်ဘလာ ၏ ဗိသုကာ လုပ်ငန်းစဉ်သည် အာလေဘူယေဟ် ကာလအတွင်း ပုံစံသစ်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ (30) ၎င်းတို့အနက်မှ အချို့ကို ကရ်ဘလာ ဗိသုကာလက်ရာ ထွန်းကားသောကာလ ဟူသည့် ခေါင်းစဉ်ဖြင့် ခေါ်ဝေါ်ကြသည်။ (31) ဘဝီဟီး မင်းအုပ်ချုပ်သူများသည် အေမာမ်ဟိုစိုင်းန်(အစ) အား ဇေယာရသ် ပြုလုပ်စဉ် အေမာမ်ဟိုစိုင်းန်(အစ)၏ ကဗဲက်တော်ကို အသစ်ပြန်လည်ပြုပြင်ပြီး ကရ်ဘလာ မြို့ကို ချံထွင် ထူထောင်ခဲ့သည်။ ကရ်ဘလာ မြို့တော်၏ ပထမဆုံးသော အုတ်တံတိုင်းများ ဆောက်လုပ်ခြင်း၊ အခြေချနေထိုင်မှုစခန်းများနှင့် ဈေးအသစ်များ ဆောက်လုပ်ခြင်း ၊ ဘာသာရေးကျောင်းများ ဆောက်လုပ်ခြင်း ဥပမာ အဇုဒီယဟ် ဘာသာရေး သင်တန်းကျောင်း နှင့် ရာအ်စုလ် ဟိုစိုင်းန် ဗလီကျောင်းတော် စသည်တို့ကို အဇုဒုလ်ဒေါင်ဝ်လဟ် ဒီလမီး ၏ အမိန့်ဖြင့် ဟီဂျရီ ၃၇၂ တွင် ဆောက်လုပ်ခဲ့သည်။ ထိုအရာများသည် ကက်‌ဗလာ နြို့တော် ဖွံ့ဖြိုးတိုးတက်မှုများ၏ အကြောင်းအရင်းပင် ဖြစ်သည်။ (32) ကရ်ဘလာသည် ဟီဂျရီ ဆယ်ရာစု မှ ၁၃ ရာစုအတွင်း ၊ ဆွဖွဝီဘုရင်များ နှင့် ကာချားရ် ဘုရင်များ မှ မှူးမတ်များကို ဂုဏ်ပြုခြင်း နှင့် အီရာန်လူမျိုးများ ကရ်ဘလာ၌ အဖခြချနေထိုင်ခြင်းကြောင့် ကရ်ဘလာ ၏ ဗိသုကာပညာ သည် ဖွံ့ဖြိုးတိုးတက်လာကာ သာယာဝပြောမှု၏ အဆင့်သစ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ဤအဆင့်တွင် အေမာမ်ဟိုစိုင်းန်(အစ) ၏ ဟရမ် ၊ ဟဇရသ် သေ အဘ္ဘာစ်(အစ) ၏ ဟရမ် နှင့် ကရ်ဘလာရှိ အခြားသော ဇေယာရသ် နေရာများကို ပြန်လည်တည်ဆောက်ကာ ဖွံ့ဖြိုးတိုးတက် အောင် ပြုလုပ်ကြသည့်အပြင် ၊ ကရ်ဘလာ ၌ နေထိုင်သော အီရာန်နိုင်ငံသားများသည် အဆိုပါကာလများအတွင်း ကူးသန်းရောင်းဝယ်ရေး နှင့် ဟိုစိုင်နီယာ များ၊ ဘာသာရေးကျောင်းများ၊ စာကြည့်တိုက်များနှင့် ဗလီများ တည်ထောင်ရာတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ကာရီစ်သီးန် နီဘူးရ် ကဲ့သို့သော ခရီးသွားများနှင့် ပထဝီဝင် ပညာရှင်များသည် ကရ်ဘလာမြို့သို့ သွားရောက်လည်ပတ်သည့်အခါ အွစ်မာနီယားန် ဘုရင်များ၏ ခေတ်ကာလအတွင်း ကရ်ဘလာ၏ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုကို မိမိတို့၏ ခရီးသွားမှတ်တမ်းများ၌ အစီရင်ခံ တင်ပြခဲ့ကြသည်။ (33) အမေရိကမှ ခရီးသွားနှင့် ရှေးဟောင်း သုတေသနပညာရှင် ဂျာန်ပီးသ်ရီစ် သည် ၁၈၉၀ တွင် ကရ်ဘလာ သို့ မိမိ၏ လည်ပတ်မှုအကြောင်း ရေးသားခဲ့သည်။ ယင်းမှာ ကရ်ဘလာ၏ မြို့ရိုးအပြင်ဘက်တွင် ဖန်တီးထားသည့် အစိတ်အပိုင်း အသစ်တွင် ကျယ်ပြန့်ပြီး စနစ်ကျသော လမ်းများရှိကာ ဥရောပ မြို့ကြီးများ ကဲ့သို့ပင် ဖြစ်ပေသည် ဟု ဖော်ပြထားသည်။ (34)

ဇေယာရသ် နေရာများ

အေမာမ်ဟိုစိုင်းန်(အစ) ၏ ဟရမ်တော် နှင့် ဟဇရသ် သေ အဘ္ဘာစ်(အစ) ၏ ဟရမ်တော် ကှိနေခြင်းကြောင်း ကရ်ဘလာမြို့သည် ရှီအာများ ဇေယာရသ် ပြုလုပ်သည့် မြို့များအနက်မှ တစ်ခုဖြစ်လာခဲ့သည်။ (35) အေမာမ်ဟိုစိုင်းန်(အစ) ၏ ဟရမ်တော်သည် အေမာမ်ဟိုစိုင်းန်(အစ) နှင့် ကရ်ဘလာ၌ ရှဟီးဒ် ဖြစ်သွားခဲ့ကြသော ဗနီဟာရှင်မ် မျိုးနွယ်မှ အချို့ နှင့် အေမာမ်၏ နောက်လိုက်သားများ အချို့တို့ကို ‌မြုပ်နှံထားသည့် နေရာဖြစ်သည်။ (36) အေမာမ်ဟိုစိုင်းန်(အစ) ၏ ဟရမ်တော်ကို ဇေယာရသ် ပြုလုပ်ခြင်းသည် ရှီအာများအတွက် အရေးကြီးဆုံး အမလ် လုပ်ဆောင်ချက်များ အနက်မှ တစ်ခုဖြစ်သည်။ အေမာမ်ဟိုစိုင်းန်(အစ) ၏ ဟရမ်တော်အား အထူးနေ့များ၌ ဇေယာရသ် ပြုလုပ်ရန် တိုက်တွန်းထားသည် ဥပမာ အာရှူရာနေ့ (37) အရ်ဗအီးန် နေ့ (38) နှင့် ရှာအ်ဗာန်လ ၁၅ ရက်နေ့ (39) တို့သည် ဇေယာရသ် လာရောက်ပြုလုပ်သူများ အများဆုံးနေ့ ဖြစ်သည်။ (40) ရှီအာ ဖိက္ကဟ်၌ ၊ အေမာမ်ဟိုစိုင်းန်(အစ) ၏ ဟရမ်တော် နှင့် မြေကြီး သည် သီးခြား အဲဟ်ကာမ် ဥပဒေသများ ရှိပေသည်။ (41) အေမာမ်ဟိုစိုင်းန်(အစ) ၏ ဟရမ်တော် သည် အကြိမ်ပေါင်းများစွာ ရှီအာ ဆန့်ကျင်သူများ ဥပမာ အဘ္ဘာစီမင်းများ နှင့် ဝဟာဘီများ ဘက်မှ ဖျက်ဆီးခဲ့ကြသည်။ အေမာမ်ဟိုစိုင်းန်(အစ) ၏ ဟရမ်တော်အား ပထမဆုံး အကြိမ် ဖျက်ဆီးမှုမှာ မိာသဝက္ကီလ် အဘ္ဘာစီမင်း(42) ကာလအတွင်း ဖြစ်ပွားခဲ့ပြီး နောက်ဆုံး ဖျက်ဆီးမှုမှာ ဟီဂျရီ ၁၄၁၁ ခုနှစ်၌ အင်န်သေကာဿွာ ရှာအ်ဘာနီယဟ် အဖြစ်အပျက် အတွင်း ဘအ်စ် အီရတ် အစိုးရ အုပ်ချုပ်မှု မှ ဖြစ်သည်။ (43) ဟဇရသ် သေ အဘ္ဘာစ်(အစ) ၏ ဟရမ်သည် အေမာမ်ဟိုစိုင်းန်(အစ) ဟရမ်တော် ၏ အရှေ့မြောက်ဘက် ၃၇၈ မီတာ အကွာတွင် တည်ရှိသည်။ ကရ်ဘလာ ဇေယ ရသ် ပြုလုပ်သူများသည် အေမာမ်ဟိုစိုင်းန်(အစ) ၏ ဟရမ်တော်ကို ဇေယာရသ် ပြုလုပ်ကြသည့်အပြင် ဟဇရသ် သေ အဘ္ဘာစ်(အစ) ၏ ဟရမ် ကိုလည်း ဇေယာရသ် ပြုလုပ်ကြသည်။ (44) ရှီအာများသည် သာစူအာ (မိုဟရမ်လ ၉ ရက်နေ့) ၌ ဟဇရသ် သေ အဘ္ဘာစ်(အစ) ၏ ဟရမ်တော်တွင် အဇာဒါရီ ပြုလုပ်ကြသည်။ ရှီအာတို့၏ အဇာဒါရီ ပြက္ခဒိန်တွင် ၊ သာစူအာနေ့ကို အဘုလ်ဖဇ်ွလိလ်အဘ္ဘာစ် နေ့ဟု သတ်မှတ်ထားသည်။ (45) ကရ်ဘလာမြို့သည် အေမာမ်ဟိုစိုင်းန်(အစ) ၏ ဟရမ်တော် နှင့် ဟဇရသ် သေ အဘ္ဘာစ်(အစ) ၏ ဟရမ်တော် အပြင် ကရ်ဘလာ အဖြသ်အပျက် နှင့် သက်ဆိုင်သည့် အခြား ဇေယာရသ် ပြုလုပ်သည့် နေရာများလည်း ရှိပေသည်။ ဥပမာ ခိုင်မာ တဲနန်း နေရာ ၊ သလ်လေ ဇိာင်နက်ဘီယဟ် ၊ ဟာရ် ဗင်န် ယဇီးဒ် ရေယာဟီး ၏ ကဗဲရ် နေရာတို့ ဖြစ်သည်။ အေမာမ်ဟိုစိုင်းန်(အစ) ၏ ဟရမ်တော်၏ အနီးတစ်ဝိုက်၌ မကာမေ အေမာမ် ဆွာဒီက် (အစ) နှင့် မကာမေ အေမာမ်ဇမားန်(အဂျ) တည်ရှိပြီး ရှီအာ ယဉ်ကျေးမှုတွင် ထိုနေရာများသာ် အလေးအနက် ရှိပြီး ဇေယာရသ် ပြုလုပ်သည့် နေရာများ ဖြစ်သည်။ (46)

လွန်ခဲ့သော ရာစုနှစ် နှစ်ခု၏ နိုင်ငံရေးနှင့် လူမှုရေး အဖြစ်အပျက်များ

ကရ်ဘလာ သည် လွန်ခဲ့သည့် ရာစုနှစ် နှစ်ခုအတွင်း နိုင်ငံရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ အဖြစ်အပျက် များတွင် တိုးတက်မှုများစွာကို မြင်တွေ့ခဲ့ရသည်။ ဝဟာဘီများ၏ ကျူးကျော် တိုက်ခိုက်မှု ဟီဂျရီ ၁၂၁၆ ခုနှစ် ၊ ဇီလ်ဟဂ်ျလ ၁၈ ရက်နေ့ ၌ ၊ ဝဟာဘီများသည် အဗ္ဗ်ဒုလ်အဇီးဇ် ဗင်န် စအူးဒ် ၏ ဦးဆောင်မှုဖြင့် ၊ ဟေဂျာဇ် မှ အီရတ်သို့ ဝင်ရောက်လာခဲ့ကြပြီး ကရ်ဘလာကို တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့သည် ခိုင်မာ တဲနန်း နေရာကယကိုဖြတ်ေကျာ်၍ မြို့ထဲသို့ ဝင်ရောက်ကာ သတ်ဖြတ်မှုများ ၊ လူတို့၏ ပိုင်ဆိုင်မှုများ နှင့် အေမာမ်ဟိုစိုင်းန်(အစ) ဟရမ်တော်၏ အဖိုးတန် ပစ္စည်းများကို လုယက်ခဲ့ကြသည်။ ထိုနေ့တွင်၊ ကရ်ဘလာ တွင် နေထိုင်သူ အများအပြားသည် အီးဒေ ဂဒီးနေ့၌ ပုံမှန်ထုံးစံအတိုင်း နဂျဖ် ရှိ အေမာမ်အလီ(အစ) ၏ ဟရမ်တော်သို့ ဇေယာရသ် သွားရောက်ခဲ့ကြသည်။ ထို့ကြောင့် ကရ်ဘလာမြိုကို ခုခံရန် အမျိုးသားများ မရှိကြပေ။ သမိုင်းကျမ်းကိုး၌ ၊ ထိုအဖြစ်အပျက်၌ အသက်စတေးခဲ့သူများ၏ အရေအတွက်ကို အယောက် တစ်ထောင် မှ ၄၀၀၀ အထိ ရှိသည်ဟု ဖော်ပြထားသည်။ ထိုအဖြစ်အပျက်၌ အေမာမ်ဟိုစိုင်း(အစ) ၏ ဟရမ်တော်သည် ဆိုးရွားစွာ ပျက်စီးခဲ့သည်။ (47)

နဂျီးဘ်ပါရှား ဘုရင် ၏ ကျူးကျော်တိုက်ခိုက်မှု

ကရ်ဘလာ မြို့ခံသားများသည် ဟီဂျရီ ၁၂၈၅ ခုနှစ်တွင် အွစ်မာနီး ဘုရင်တို့၏ အုပ်ချုပ်မှုကို လက်မခံခဲ့ကြပေ။ အီရတ်ရှိ အွစ်မာန်အုပ်စိုးရှင် နဂျီးဘ်ပါရှား သည် ကရ်ဘလာပြည်သူများအား အွစ်မာနီ တို့၏ အုပ်ချုပ်မှုကို လက်ခံပြီး ၎င်းတို့အား လက်နက်ချရန် ရက်အနည်းငယ် အချိန် ပေးခဲ့သည်။ ကရ်ဘလာ တွင်နေထိုင်သော ပညာရှင် တစ်ဦးဖြစ်သည့် စိုင်ယိဒ်ကာဇွင်မ် ရိုရှ်သီး ၏ဖျန်ဖြေမှု ရှုံးနိမ့်ပြီးနောက် ၊ အွစ်မားနီများ ကရ်ဘလာ မြို့ကို တိုက်ခိုက်ခြင်းမှ ကင်းဝေးစေရန် နှင့် ကရ်ဘလာ မြို့ခံသားများ လက်နက်ချ အရှုံး မပေး သောကြောင့် နဂျီးဘ်ပါရှား သည် ကရ်ဘလာ ကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့သည်။ အွစ်မာနီ စစ်သားများသည် အေမာန်ဟိုစိုင်းန် (အစ) ၏ ဟရမိတော် ၊ ဟဇရသ် သေ အဘ္ဘာစ် (အစ) ၏ ဟရမ်တော် နှင့် စိုင်ယိဒ် ကာဇွင်မ် ရိုရှ်သီ ၏ အိမ်မှလွဲ၍ ကျန်သော နေရာအားလုံးကို တိုက်ခိုက်ခဲ့သည်။ အချို့ ကရ်ဘလာ မြို့ခံများသည် မိမိတို့ မထိခိုက်စေရန် ဟဇရသ် သေ အဘ္ဘာစ် (အစ) ၏ ဟရမ်တော်၌ ခိုလှုံခဲ့ကြသည်။ ထိုဟရမ်တော်၌ ခိုလှုံခဲ့သော်များလည်း ၎င်းတို့သည် အွစ်မာနီများ၏ ကျူးကျော်တိုက်ခိုက်မှုမှ မလုံခြုံခဲ့ပေ။ အချို့ ဖော်ပြချက်များအရ ၊ ထိုကျူးကျော်တိုက်ခိုက်မှု ၌ လူ ၁၀,၀၀၀ ခန့် သေဆုံးခဲ့သည်။ ဤအဖြစ်အပျက်ကို ဂဒီးရုလ်ဒမ် ဟု လူသိများပေသည်။ (48)

ကိုလိုနီ ဆန့်ကျင်ရေး တိုက်ပွဲ

ကရ်ဘလာ မြို့သည် အွစ်မာနီအင်ပါယာ ကျရှုံးမှု နှင့် ၁၉၁၇ ခုနှစ်တွင် အီရတ်၌ ဗြိတိသျှတို့ ရှုံးနိမ့်မှုတို့အတွင်း ဗြိတိသျှတို့ကို တော်လှန်ခြင်း၏ အဓိက အချက်အချာ နေရာများအနက်မှ တစ်ခုဖြစ်သည်။ ၁၉၂၀ လှုပ်ရှားမှု နောက်ပိုင်းတွင် စောင်ရသုလ် အရှ်ရိုင်းန် ဟုလူသိများသော အီရတ်ကို ကရ်ဘလာ ရှိ ရှီအာတို့၏ မရ်ဂျအ် ဖြစ်သော မုဟမ္မဒ် သကီ ရှီရာဇီး ၏ ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းခဲ့သည်။ လှုပ်ရှားမှုသည် အီရတ်တွင် ဗြိတိန် များ လွတ်လပ်ရေး မလုပ်ဆောင်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ (49)

အင်န်သေဖာဇဟ် ရှာအ်ဗာနီယဟ်

ကရ်ဘလာသည် သည် ဟီဂျရီ ၁၄၁၁ / အီရာန်နှစ် ၁၃၆၉ ခုနှစ် တွင် ဆက်ဒမ်ဟူစိန် ဦးဆောင်သော ဘအ်စီ အစိုးရကို ဆန့်ကျင်သည့် အီရတ်ပြည်သူများ နှင့် လူထုအုံကြွမှုအတွင်း အဓိက ဗဟို အချက်အချာ ကြသော မြို့တစ်ခုဖြစ်သည်။ ဤမြို့သည် အခြားသော အီရတ်ပြည်နယ် ၁၃ ခုနှင့်အတူ အင်န်သေဖာဇဟ် ရှာအ်ဗာနီယဟ် ကာလအတွင်း ပြည်သူ့တပ်ဖွဲ့များထံ ကျရောက်ခဲ့သည်။ (50) သို့သော် နောက်ဆုံးတွင် ဆက်ဒမ်၏ ကွပ်ကဲမှုအောက်တွင် ရှိသော တပ်ဖွဲ့ဝင်များက ၎င်းတို့အား နှိမ်နှင်းခဲ့သည်။ ဘအ်စ် တပ်မတော်မှ အီမာမ်ဟိုစိုင်းန် (အစ) ၏ ဟရမ်တော်ကို နှိမ်နင်း တိုက်ခိုက်နေစဉ် အတွင်း ပြည်သူများ ထိခိုက်မှု များစွာ ရှိခဲ့သည်။ အချို့ ကျမ်းကိုးများအရ ၊ အီရတ်နိုင်ငံ တစ်ဝှမ်းတွင် လူ ၃၀၀,၀၀၀ နှင့် ၅၀၀,၀၀၀ ကြား သေဆုံးခဲ့ပြီး နှစ်သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည် ဟု ဖော်ပြထားသည်။ (51)

=ဆက်ဒမ် ကျဆုံးပြီးနောက် အမေရိကန် စစ်တပ်ဖြင့် တိုက်ပွဲများ ဖြစ်ခြင်း

ကရ်ဘလာ သည် ၂၀၀၃ ခုနှစ်တွင် အီရတ်ကို အမေရိကန်ကျူးကျော်မှုအတွင်း အေမာမ်ဟိုစိုန်း (အစ) နှင့် ဟဇရသ်သေအဘ္ဘာစ် (အစ) တို့၏ ဟရမ်တော်သို့ ဦးတည်သွားသည့် လမ်းများပေါ်တွင် ကရ်ဘလာမြို့ခံများ၏ တပ်သားများ နှင့် အမေရိကန် တပ်သားများ အကြား စစ်ရေးတိုက်ပွဲကို မြင်တွေ့ခဲ့ရသည်။ ၂၀၀၄ ခုနှစ်တွင်လည်း နဂျဖ်၊ ဘဆွရာ နှင့် ဗဂ္ဂ်ဒါဒ် မြို့ရှိ အမေရိကန်များနှင့် ဂျိုင်းရှိုလ်မဲဟ်ဒီ ဟုလူသိများသော ဆဒ်ရ် အဖွဲ့ နှင့် ဆက်နွယ်နေသည့် ရှီအာ အုပ်စုနှင့် စစ်ပွဲအပြီးတွင် အမေရိကန်တို့သည် သံချပ်ကာ ကိရိယာများဖြင့် ကရ်ဘလာ သို့ ဝင်ရောက်ခဲ့သည်။ ဆဒ်ရ် ရုံးခန်းကို တိုက်ခိုက်နေစဉ်တွင် ဟရမ်ပတ်လည်ရှိ လမ်းများကို ပိတ်ဆို့ခဲ့သည်။ ပဋိပက္ခဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အီရတ်တွင် အမေရိကန် စစ်တပ်၏ သိမ်းပိုက်မှုကို ဆန့်ကျင် သောကြောင့်ဖြစ်သည်။ (52) ဂျိုင်းရှိုလ်မဲဟ်ဒီ ဘက်မှ ရှီအာများသည် ၂၀၀၇ ခုနှစ်တွင် အမေရိကန်များနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ကွာခြားချက်မှာ ဂျိုင်းရှိုလ်မဲဟ်ဒီ နှင့် ထိပ်တိုက်တွေ့ရသည့် အဖွဲ့သည် အီရတ် ရဲတပ်ဖွဲ့ ဖြစ်နေခြင်း နှင့် အီရတ်ရဲတပ်ဖွဲ့၏ ပံ့ပိုးမှု အဖြစ် ကရ်ဘလာ တွင် အမေရိကန်တို့သည် ပဋိပက္ခဖြစ်ပွားရာဘနေရာသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ (53)

ကရ်ဘလာ တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခြင်း အီရတ်တွင် ဘအ်စ် အစိုးရ ပြိုလဲပြီးနောက်၊ အလ်ကာအ်ဒါနှင့် ဆက်နွှယ်သော အကြမ်းဖက်သမားများနှင့် သဖ်ကီးရီး အဖွဲ့များသည် ဘအ်စ် ပါတီနှင့် ဆက်နွှယ်သည့် အရာရှိဟောင်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကရ်ဘလာ တွင် အကြမ်းဖက် စစ်ဆင်ရေးများစွာကို ဆောင်ရွက်ခဲ့သည်။ (54) အခြားသော အီရတ်မြို့များတွင်လည်း ဖြစ်ပွားခဲ့သည့် အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုများသည် ပစ္စညါး ဥစ္စာငွေကြေး နှင့် လူသားများစွာ ဆုံးရှုံးခဲ့ရသည်။ ကရ်ဘလာ တွင် အကြမ်းဖက် လုပ်ရပ်အများစုသည် ‌အေမာမ်ဟိုစိုင်းန်(အစ) ၏ အဇာဒါရီ နေ့ရက်များ နှင့် အရ်ဗအီးန် ကာလတို့၌ ဖြစ်ပွားခဲ့သည်။ (55)


နိုင်ငံရေး နှင့် လူမှုရေး အခန်းကဏ္ဍများ

ကရ်ဘလာမြို့သည် ရှီအာ ပညာ့ခေါင်းကြီးများ (မရ်ဂျအေသက္က်လီးဒ်) ၏ နေထိုင်မှုနှင့် ကရ်ဘလာ စာသင်ကျောင်း၏ ပညာရေး ကြွယ်ဝလာမှုတို့ကြောင့် ပြီးခဲ့သည့် ရာစုနှစ် နှစ်ခုအတွင်း အီရတ်ရှိ နိုင်ငံရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများတွင် အရေးပါသောအ ခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ကရ်ဘလာ ရှိ လူမှုနိုင်ငံရေးအဖွဲ့အစည်း၏ လှုပ်ရှားမှုများသည် အီရတ်နှင့် တစ်ခါတစ်ရံ အီရန်နိုင်ငံရှိ နိုင်ငံရေးတိုးတက်မှုများနှင့် ဆက်စပ်နေသည်။ နဂျဖ် နှင့် ကရ်ဘလာ တွင် နေထိုင်သော ပညာရှင်များ၏ တုံ့ပြန်မှုသည် အီရန်ဖွဲ့စည်းပုံ အခြေခံဥပဒေသဆိုင်ရာ လှုပ်ရှားမှုများ အနက်မှ တစ်ခုဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသ၏ အကြောင်းအရာများသည် အိုလမာ ပညာရှင်များ နှင့် နဂျဖ် မဲဆန္ဒနယ်ကို နှောင့်ယှက်သောကြောင့် ကရ်ဘလာ မြို့ခံများသည် ဖွဲ့စည်းပုံအခြေခံဥပဒေသအပေါ် အဆိုးမြင်သော သဘောထားရှိကြောင်း ဖော်ပြခြင်းနှင့်အတူ ကရ်ဘလာ ကိုပ်ထိခိုက်စေခဲ့သည်။ (56) နှစ်ဆယ်ရာစုတွင် ကရ်ဘလာ နှင့် အထူးသဖြင့် အီရတ်ကို ဗြိတိသျှတို့ သိမ်းပိုက်စဉ်အတွင်း အမျိုးမျိုးသော အကြောင်းအရာ ဥပဒေသများ ဖွဲ့စည်းခြင်း သို့မဟုတ် လုပ်ရည်ကိုင်ရည်ရှိပြီး တက်ကြွသော သော အီရတ်ပါတီများ၏ ဌာနခွဲတစ်ခု ထူထောင်ခြင်းကိုလည်း မြင်တွေ့ခဲ့ရသည်။ ကရ်ဘလာ၌ ရှီအာ မရ်ဂျအ်များ နှင့် ဤမြို့၏ စာသင်ကျောင်းသည် ကရ်ဘလာ တွင် လှုပ်ရှားနေသော အကြောင်းအရာ အချို့နှင့် နိုင်ငံရေး ၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် ယဉ်ကျေးမှုဆိုင်ရာများ၌ ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည်။ အီရတ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် ဤနိုင်ငံမှ ဗြိတိန်နုတ်ထွက်မှုသည် နှစ်ဆယ်ရာစု၏ ပထမနှစ်ဝက်တွင် အီရတ် လုပ်ဆောင်ချက်များ၏ အဓိက ပန်းတိုင်များ အနက်မှ တစ်ခုဖြစ်သည်။ “ جمعیة الإتحاد و الترقی و الجمعیة الوطنیة الإسلامیة “ “ ဂျမ်အီယသုလ် အ်သ်သေဟာဒ် ၀လ်သူရ်ကီ ဝလ် ဂျမ်အီယသုလ် ဝသွန်နီယသုလ် အိစ္စလာမီယဟ်” (ဘာသာပြန်စည်းလုံးညီညွတ်မှု နှင့် မြင့်မားသော အသိုင်းအဝိုင်း ၊ မျိုးချစ်စိတ်ဓာတ်ရှိ‌ေသာ အစ္စလာမ့် အသိုင်းအဝိုင်း) ဟူသော ‌ေခါင်းစဉ်သည် ထိုရည်မှန်းချက် ပန်းတ်ိုင်များ အနက်မှ ဖြစ်သည်။ (57) “الجمعیة الوطنیة الإسلامیة” “ဂျမ်အီယသုလ် ဝသွန်နီယဟ်” (မျိုးချစ်စိတ်ဓာတ်ရှိ‌ေသာ အစ္စလာမ့် အသိုင်းအဝိုင်း) ဟူသော ‌ေခါင်းစဉ် ကို ကရ်ဘလာ ရှိ ရှီအာ မရ်ဂျအ် ပညာရှင် ဖြစ်သူ မုဟမ္မဒ် သကီ ရှီရာဇီ ၏သား မုဟမ္မဒ် ရေဇွာ ရှီရာဇီ နှင့် ကရ်ဘလာ ရှိ ရှီအာ ဘာသာရေး ဆရာများ အဖွဲ့မှ ဗြိတိန်တို့အား တိုက်ခိုက်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ၁၉၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဤအဖွဲ့အစည်းသည် မီရ်ဇာ ရှီရာဇီ ၏ ဂျေဟာဒ် ဖသ်ဝါ‌ ပြီးနောက် ၁၉၂၀ ခုနှစ် အီရတ်တော်လှန်ရေးကို ထူထောင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ (58) အမျိုးမျိုးသော ကွန်မြူနစ်အုပ်စုများ ဖွဲ့စည်းခြင်းဖြင့် အီရတ်၏ လွတ်လပ်ရေး အောက်တွင် ကရ်ဘလာ နှင့် နဂျဖ် မြို့များရှိ “ဟိဇ်ဘုလ် ရှိုယူအီ” ကဲ့သို့သော ကွန်မြူနစ်ပါတီများ၏ အဖွဲ့ခွဲများသည် ကရ်ဘလာ နှင့် နဂျဖ်၌ လှုပ်ရှားမှု အမျိုးမျိုး ပြုလုပ်ကာ များစွာသော လူငယ်များကို ဆွဲဆောင်နိုင်ခဲ့သည်။ (59) နဂျဖ် နှင့် ကက်ဗလာ ရှိ စာသင်ကျောင်း နှင့် မရ်ဂျအ်များသည် အစ္စလာမ်ဘာသာအတွက် ကွန်မြူနစ်ဝါဒ ပြန့်ပွားရေး ခြိမ်းခြောက်မှုကို တန်ပြန်ရန် အဖွဲ့အစည်းတစ်ခုအား ဖွဲ့စည်းဖို့ စိတ်ကူးခဲ့သည်။ (60) ဤအဖွဲ့အစည်းကို ၁၉၅၆ ခုနှစ်တွင် “ حزبُ الدّعوَةِ الاسلامیة” အမည်ဖြင့် တည်ထောင်ခဲ့သည်။ “ حزبُ الدّعوَةِ الاسلامیة” ၏ ပထမဆုံး အစည်းအဝေးများထဲမှ တစ်ခုကို ကရ်ဘလာ တွင် ကျင်းပခဲ့သည်။ (61) အီဗ်ရ ဟီးမ် ဂျအ်ဖရီ နှင့် နှုရီ မာလီကီ ကဲ့သို့သော ထိုအဖွဲ့အစည်း၏ နိုင်ငံရေး ခေါင်းဆောင်အချို့သည် ကရ်ဘလာ မြို့ခံသားများ ဖြစ်သည်။ (62) “ حزبُ الدّعوَةِ الاسلامیة” အဖွဲ့အစည်း ပြီးနောက်၊ ၁၉၆၂ ခုနှစ်တွင် ရှီရာဇီ မိသားစုနှင့်ဆက်စပ်သော အစ္စလာမ့်လှုပ်ရှားမှု အဖွဲ့အစည်းကို ကရ်ဘလာ တွင် တည်ထောင်ခဲ့သည်။ (63) ဆက်ဒမ်ဟူစိန် ဦးဆောင်သော ဘအ်စ် အစိုးရ အဖွဲ့အစည်းအတွင်း၊ အချို့သော အီရတ် ရှီအာ ပညာရှင် နှင့် ဘာသာရေး ပညာရှင်များသည် အီရတ်နိုင်ငံ၏ အကြီးစား အစ္စလာမ္မစ်ညီလာခံကို တည်ထောင်ခဲ့သည်။ (64) ဆက်ဒမ်အစိုးရ ကျဆုံးပြီးနောက် ၊ အီရတ်တွင် ရှီအာတို့သည် ကြိုဘပမ်းအားထုပ်မှုများစွာ ပြုလုပ်လာခဲ့ပြီး အများစုမှာ ကရ်ဘလာ တွင် ဌာနခွဲတစ်ခုတည်ထောင်ကာ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည်။ ဥပမာ ဤအဖွဲ့အစည်းများကြားတွင်၊ အီရတ်၏ ဘဒ်ရ် အမည်ရှိသော အဖွဲ့အစည်းနှင့် ဆဒ်ရ် အမည်ရှိသော အဖွဲ့ခွဲကို ဖော်ပြနိုင်ခဲ့သည်။

ထုံးတမ်းဓလေ့များ

ကရ်ဘလာ ၏ အဖြစ်အပျက် နှင့် ကေယာမေ ဟိုစိုင်းနီသည် ရှီအာ အသိုင်းအဝိုင်းများအပေါ် ထုံးတမ်းဓလေ့များ ဆိုင်ရာသက်ရောက်မှု များစွာရှိခဲ့သည်။ ကရ်ဘလာ မြို့သည် အာရှူရာ အဖြစ်အပျက်မှ လွှမ်းမိုးထားသော ထုံးတမ်းဓလေ့များဆိုင်ရာ ဖြစ်စဉ်များစွာ၏ မူလအစဖြစ်သည်။ ထိုထုံးတမ်းဓလေ့များ အနက်မှ အချို့မှာ ၊ သိုဝိုင်ရီးဂ်ျ အဇာဒါရီ ၊ အရ်ဘအီးန် ဇေယာရသ် ၊ အရ်ဘအီးန် လမ်းလျှောက်ခြင်း ၊ ဟိုစိုင်နီယဟ် များကို တည်ဆောက်ခြင်း ၊ ကရ်ဘလာ မြေကြီးဖြင့် မိုဟိုရ် နှင့် သက်စ်ဘီးဟ်များ ပြုလုပ်ခြင်း ၊ အဇာဒါရီများ ပြုလုပ်ခြင်း စသည်တို့ ဖြစ်သည်။

သိုဝိုင်ရီးဂ်ျ

ကရ်ဘလာ ရှီအာများ၏ ထုံးတမ်းဓလေ့တစ်ခုမှာ သိုဝိုင်ရီးဂ်ျ အဇာဒါရီ ပြုလုပ်ခြင်း ပင်ဖြစ်သည်။ သိုဝိုင်ရီးဂ်ျ ဟူ သည် ကရ်ဘလာ မှ ဆယ်ကီလို မီတာအကွာရှိ မြို့တစ်မြို့၏အမည်ဖြစ်ပြီး အများအားဖြင့် အာရီူရာ နေ့တွင် ကရ်ဘလာ ရှီအာများ၏ အဇာဒါရီ အခမ်းအနားများကို ရည်ညွှန်းပေသည်။ အာရှူရာ ၏ညနေခင်းတွင်၊ ကရ်ဘလာရှီအာများသည် သိုဝိုင်ရီးဂ်ျ မြို့မှ အေမာမ်ဟိုစိုင်းန် (အစ) နှင့် ဟဇရသ်သေအဘ္ဘာစ် (အစ) တို့၏ ဟရမ်တော်သို့ လမ်းလျှောက်ကြသည်။ အေမာမ်ဟိုစိုင်းန် (အစ) ၏ ဟရမ် အနီးသို့ ရောက်သောအခါ ဘိုင်နုလ်ဟရမ်မိုင်းမှ ဟရမ် အထဲထိ မိမိတို့၏ ဦးခေါင်းနှင့် ရင်ဘတ်ကို ရိုက်ကာ မာသမ်ပြုလုပ်ကြသည်။ ဤထုံးတမ်းစဉ်လာကို အာရှူရာ ၏ညနေခင်းတွင် ကရ်ဘလာ၌ တဤမြို့မှ လူများ နောက်ကျရောက်ရှိခြင်းကို အမှတ်ရ သောအားဖြင့် ပြုလုပ်ကြသည်။ (65)

အရ်ဘအီးန် ဇေယာရသ်

ရှီအာများ၏ ဘာသာရေး အခမ်းအနားများ အနက်မှ တစ်ခုမှာ ကရ်ဘလာတွင် အရ်ဘအီးန် ဇေယာရသ် ပြုလုပ်ခြင်းပင်ဖြစ်သည်။ ရှီအာများသည် ပထမရာစုနှစ်များ ကတည်းက အ်ညအီးန် ဇေယာရသ်ကို အေမာမ်များ၏ တိုက်တွတ်းချက်အရ ကို အထူးအာရုံစိုက်ခဲ့ကြသည်။ (66) အီရတ်ရှိ ရှီအာ အများအပြား ၊ အီရာန်ရှိ ရှီအာ အချို့ နှင့် ကမ္ဘာ့အခြားဒေသများတွင် ရှိသော သူများသည် အရ်ဘအီးနေ ဟိုစိုင်နီ ကို တက်ရောက်ဖို့ရန် နဂျဖ် မှ ကရ်ဘလာ သို့ ခြေလျင်သွားကြသည်။ ထိုထူံတမ်းသည် အရ်ဘအီးန် လမ်းလျှောက်ခြင်း ဟူ၍ ကျော်ကြားပေသည်။ အက်ဘအီးန် နေ့တွင်၊ အီရတ် အနီးအဝေးမှ ကရ်ဘလာ သို့ လာရောက်ကြသော အဇာဒါရီ ပြုလုပ်သူအများအပြား စုဝေးကာ အဇာဒါရီ အခမ်းအနားကို ပြုလုပ်ကြသည်။ (67)

ကရ်ဘလာမြေကြီး

ကရ်ဘလာ မြေကြီး သို့မဟုတ် အေမာမ်ဟိုစိုင်းန် (အစ) ၏ မြေကြီး ဟူသည် များသောအားဖြင့် အေမာမ်ဟိုစိုင်းန် (အစ) ၏ ကဗဲရ်နား တစ်ဝိုက်မှ ဖယ်ရှားရယူထားသော မြေကြီး သို့မဟုတ် ဖုန်မှုန့်များ ဖြစ်ပြီး ကျမကိုးများတွင် ဖော်ပြထားသော ရေဝါယသ်များအရ ၊ ရှီအာများသည် ယင်းမြေကြီးကို အလွန် အလေးအနက် ထားကြသည်။ (68) ရှီအာများသည် ကရ်ဘလာမြေကြီးမှ မိုဟိုရ် နှင့် သက်စ်ဘီးဟ်များကို ပြုလုပ်ကြသည်။ (69) ဖိက္ကဟ် ကျမ်းကိူများတွင် ၊ နမာဇ်၌ ကက်ဗလာမြေကြီးဖြင့် ပြုလုပ်ထားသော မိုဟိုရ်အပေါ် စဂ်ျဒါ ပြုလုပ်ခြင်းသည် ၊ မွသ်သဟဘ် ဖြစ်သည်ဟု လာရှိထားသည်။ (70)

အဇာဒါရီ လာရောက်သူများအတွက် ဟိုစိုင်နီယဟ် အဆောက်အဦးများ ဆောက်လုပ်ခြင်း

ကရ်ဘလာ သို့ ဇေယာရသ် လာရောက်ကြသူများကို ထားရှိရန် ဟိုစိုင်နီယဟ်များ ဆောက်လုပ်မှုသည် လွန်ခဲ့သော ရာစုနှစ်များအတွင်း လုပ်ဆောင်ခဲ့သော အစီအမံများထဲမှ တစ်ခုဖြစ်သည်။ ကရ်ဘလာ တွင် ပထမဆုံး ဟိုစိုင်နီယဟ် ဆောက်လုပ်မှု သမိုင်းသည် ဟီဂျရီ ၁၁ ရာစုမှ စတင်ခဲ့သည်။ ကာချာရ်ဘုရင် အုပ်ချုပ်စဉ် ကာလအတွင်း အီရတ်ရှိ ဟရမ်တော်များ ပြန်လည် တည်ဆောက်ရေးနှင့်အတူ တပြိုင်နက် အီရတ်ရှိ အွစ်မားန်အုပ်ချုပ်ရေးမှူးသည် ကရ်ဘလာသို့ ဇေယာရသ် လာရောက်ကြသူများ၏ ကောင်းကျိုးအတွက် ဟီဂျရီ ၁၁၂၇ တွင် ဟိုစိုင်နီယဟ် အဆောက်အဦး ကို တည်ဆောက်ခဲ့သည်။ (71) ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အီရာန်ကုန်သည် အဖွဲ့တစ်ဖွဲ့သည် ဤနေရာကို အီရတ် ထောက်ပံ့ကြေးအဖွဲ့အစည်းမှ ဝယ်ယူခဲ့ပြီး ဟိုစိုင်နီယဟ်အား အီရတ် နှင့် ကူဝိတ် ကုန်သည် အုပ်စုဖြင့် ပြန်လည် တည်ဆောက်ခဲ့သည်။ ဤဟိုစိုင်နီယဟ်ကို ပြန်လည်တည်ဆောက်ပြီးနောက် ဟိုစိုင်နီယဟ် သီဟီရာနီ ဟု အမည်ပေးခဲ့ပြီး နောက်ပိုင်းတွင် ဟိုစိုင်းနီယဟ် ဟုပြောင်းလဲခဲ့သည်။ (72) ဤရက်စွဲမတိုင်မီ၊ ဟိုစိုင်းနီယဟ် ဟု ခေါ်သော နေရာများနှင့် ပတ်သက်ပြီး ဖော်ပြထားခြင်းမရှိပေ။ ဤရက်စွဲပြီးနောက်၊ ကရ်ဘလာ ၏ကျော်ကြားသော ဟိာစိုင်းနီယဟ် အများစုကို ဟီဂျရီ ဆယ့်လေးရာစု၏ ဒုတိယ နှင့် တတိယ ဆယ်စုနှစ်များ အပြီးတွင် တည်ဆောက်ခဲ့သည်။ (73) ဤသမိုင်းဝင် ဟိုစိုင်းနီယဟ် အများအပြားကို အီရန်ပညာရှင်များ နှင့် ကုန်သည်များက တည်ဆောက်ခဲ့ပြီး အချို့မှာ အိန္ဒိယရှီအာ လူမျိုးများမှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ (74) ဘအ်စ် အစိုးရ ကျဆုံးပြီးနောက် ဟိုစိုင်းနီယဟ်များ တည်ထောင်ခြင်း နှင့် ဇေယာရသ် လာရောက် ပြုလုပ်ခြင်းများကို တိုးချဲ့ခဲ့ပြီး ဟိုတယ်များကိုလည်း များစွာ ဆောက်လုပ်ခဲ့သည်။ (75)


ကြွေးမွေးဧည့်ခံခြင်း

ကြွေးမွေးဧည့်ခံခြင်း သည် ကရ်ဘလာ အပါအဝင် အီရတ်မြို့များ၏ ဘာသာရေး ရုပ်ပြတစ်ခု အဖြစ် ကျော်ကြားပေသည်။ ယခု ကဲ့သို့ ကြွေးမွေးဧည့်ခံသည့် လက်ရှိပုံစံသည် ၊ အီရာန်နိုင်ငံတွင် ကာချာရ် ခေတ်၌ တိုးချဲ့ပြီးနောက် ၊ အေဒီ နှစ်ဆယ်ရာစုခန့်တွင် အီရတ်သို့ ဝင်ရောက်ခဲ့သည်။ (76) ဤသို့ကြွေးမွေးဧည့်ခံသည့် အခမ်းအနားကို ကရ်ဘလာ နှင့် နဂျဖ် တို့၌ “ သရှာဘီယဟ် “ သို့မဟုတ်” မက်စ်ရဟုလ် ဟိုစိုင်းနီ “ ဟူသော အမည်ဖြင့် ကျော်ကြားသည်။ (77) ကြွေးမွေးဧည့်ခံသည့် အခမ်းအနားအား ကျင်းပပြုလုပ်ခြင်းသည် ရှီအာတို့၏ အခြားသော အခမ်းအနားများ ကဲ့သို့ ကြွေးမွေးဧည့်ခံသည့် အခမ်းအနားကိုဘကန့်သတ်ခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် ဘအ်စ် အဖွဲ့အစည်း အာဏာရလာသောအခါ ယင်းအား ပိတ်ပင်တားမြစ်ခဲ့သည်။ (78) ၂၀၀၃ ခုနှစ်တွင် ဆက်ဒမ်ဟူစိန် ကျဆုံးပြီးနောက် ကြွေးမွေးဧည့်ခံခြင်း သည် အီရတ်နိုင်ငံ၏ နေရာအနှံ့အပြားတွင် ပြန်လည် ရှင်သန်လာခဲ့သည်။

ကရ်ဘလာ ကဗျာဆရာများ

အီရတ် စာပေနှင့် သမိုင်းဆိုင်ရာ ကျမ်းကိုးများအရ ကရ်ဘလာ ၏ ကဗျာဆရာများသည် အီရတ်၏ စာပေ နှင့် နိုင်ငံရေးလှုပ်ရှားမှုများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၎င်းတို့၏ စာပေ၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများ၏ တစ်စိတ်တစ်ပိုင်းကို ကရ်ဘလာ နှင့် အီရတ်ရှိ အခြားမြို့များရှိ စာပေနှင့် ကဗျာအသင်းများတွင် ထင်ဟပ်ခဲ့သည်။ “ جمعیة الندوة الشباب العربی، ندوة الخمیس العربی، المنتدی الثقافی و جمعیة الشعراء الشعبیین “ တို့သည် ကရ်ဘလာ ရှိ စာပေအဖွဲ့အစည်း၏ ဥပမာတစ်ခု ဖြစ်သည်။ (79) ဤစာပေအဖွဲ့အစည်း များထဲမှ အချို့သည် ယခုအချိန်ထိ ဆက်လက် လည်ပတ်လျက် ရှိနေသည်။ (80) ထိုအတောအတွင်း၊ ကရ်ဘလာ ရှိ ထုံးတမ်းကဗျာများသည် အခြား ကဗျာများကဲ့သို့ ကရ်ဘလာ တွင် အသုံးများပေသည်။ အာစ်သာနေ မိုကဒ္ဒက်စေ ဟိုစိုင်းနီ နှင့် အာစ်သာနေ မိုကဒ္ဒက်စေ ဟဇရသ်အဘ္ဘာစ် တို့၏ ပံ့ပိုးမှုဖြင့် ဤကဗျာပုံစံသည် အီရတ်လူငယ်ကဗျာဆရာများ အကြားတွင် ရေပန်းစားကာ လူကြိုက်များခဲ့သည်။

စာသင်ကျောင်းများ နှင့် ပညာရေးဌာန

ကရ်ဘလာ ရှိ အစ္စလာမ့် ဘာသာရေး ပညာ၏ သမိုင်းသည် ဟီဂျရီ ပထမ ရာစုနှစ်များအတွင်း အေမာမ်များ၏ အဆ်ွဟာဘ် များနှင့် ရေဝါယသ် ကိုးကားသူများ ရောက်ရှိနေခြင်းမှ စတင်ခဲ့သည်။ ၎င်းတို့သည် ၊ ဤကာလအတွင်း ကရ်ဘလာ ၌ ကျောင်းသားများကို လေ့ကျင့် သင်ကြားပေးခဲ့သည်။ အေမာမ်ဟာဒီ (အစ) နှင့် အေမာမ် အက်စ်ကရီ(အစ) တို့၏ အနီးဆုံးရျှိသာ တပည့်ဖြစ်သူ အဗ္ဗ်ဒုလ္လာဟ် ဗင်န် ဂျအ်ဖဲရ် ဟမီးရီ သည် ကရ်ဘလာမြို့၌ ကျောင်းသားအများစုကို ပြစုပျိုးထောင် ပေးခဲ့သည် (81) ဂိုင်းဘသ် ကွယ်ပျောက်သည့် ကာလနောက်ပိုင်း နဂျာရှီး၊ စိုင်ယိဒ် ဗင်န် သွာဝူးစ် ၊ ရှဟီးဒေ အောင်ဝ်ဝလ် နှင့် အိဗ်နေ ဖဟ်ဒ် ဟီလ္လီ ကဲ့သို့သော် ဖကီးဂ် ဥပဒေသ ပညာရှင်များ သည် ဤမြို့၌ ပညာရပ်များကို စတင်ဆည်းပူးခဲ့ကြသည်။ (82) ကရ်ဘလာ စာသင်ကျောင်းများသည် ဟီဂျရီ ၁၃ ရာစုတွင် မိုဟမ္မဒ် သကီ ရှီရာဇီ သာ် စာမရာ မှ ကာ‌ဇွင်မိုင်းန် သို့ နောက်ဆုံး ကရ်ဘလာသို့ ပြောင်းရွှေ့လာသည့် အချိန်အထိ အီရာန် အိုလမာ ပညာရှင်များ နဂျဖ် သို့ ပြောင်းရွှေ့သွားခြင်းကြောင့် သို့မဟုတ် အီရန်နိုင်ငံသို့ ပြန်သွားခြင်းကြောင့် မထွန်းကားခဲ့ပေ။ အီရတ်တွင် ဗြိတိသျှတို့ သိမ်းပိုက်မှုကို တိုက်ဖျက်ရာတွင် ၎င်း၏ ဦးဆောင်မှု နှင့် ကရ်ဘလာ ၏ စာသင်ကျောင်းမှ ရူဟာနီ အချို့နှင့် ကျောင်းသားဘအချို့၏ ပါဝင်မှုကြောင့် ဗြိတိသျှဘဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ကရ်ဘလာ ၏ စာသင်ကျောင်းကို ပြန်လည် အသက်သွင်းပေးခဲ့သည်။ (86) ရာစုနှစ်များစွာတွင် ကရ်ဘလာ တွင် ဘာသာရေးကျောင်းများစွာကို တည်ထောင်ခဲ့သည်။ ဤကျောင်းအများ အပြားကို အီရတ်တွင် နေထိုင်သော အီရန်ပညာရှင်များက တည်ဆောက်ခဲ့သည်။ စိုင်ယိဒ် မိုဂျာဟိဒ် ကျောင်း၊ ဆွဒ်ရ် အအ်ဇွမ် နှုရီ ကျောင်းနှင့် ခိုဝီး ကျောင်းတို့သည် ဤကျောင်းများထဲတွင် ပါဝင်‌ပေသည်။ (87) ဘာသာရေးကျောင်းများအပြင်၊ ကရ်ဘလာ တွင် စာကြည့်တိုက်များစွာကို တည်ဆောက်ခဲ့ပြီး အချို့မှာ စာမူများ တည်ရှိမှုကြောင့် ရှီအာပညာရှင်များအတွက် အထူး နေရာတစ်ခု ဖြစ်ခဲ့သည်။ (88) အချို့သော သမိုင်းပညာရှင်များသည် ကရ်ဘလာ တွင် စာကြည့်တိုက် ၇၈ ခုကို စာရင်းပြုစုထားပြီး ၎င်းတို့အနက်မှ အချို့ကို ကရ်ဘလာ တွင်နေထိုင်သော ပညာရှင်များက တည်ဆောက်ခဲ့ကြသည်။ (89) ဘာသာရေး ကျောင်းများအပြင် ကရ်ဘလာ တက္ကသိုလ်၊ အဲဟ်လေဘိုင်းသ် တက္ကသိုလ်နှင့် အာစ်သာနေ မိုကဒ္ဒက်စေ အေမာမ်ဟိုစိုင်းန် (အစ) နှင့် ဟ‌ဇရသ်အဘ္ဘာစ် (အစ)တို့နှင့် ဆက်စပ်နေသော သုတေသန ဌာနများသည် ဘအ်စ် အစိုးရ ကျဆုံးပြီးနောက် အမျိုးမျိုးသော သိပ္ပံဆိုင်ရာ လှုပ်ရှားမှုများကို ရှီအာနယ်ပယ်တွင် လုပ်ဆောင်ခဲ့ကြပါသည်။ (90)

မိသားစုများ နှင့် ထူးခြားမှုများ

ကရ်ဘလာ မြို့တွင် ပထမရာစုနှစ်များမှ မိသားစုများစွာ နှင့် ယခုကာလအထိ မိသားစုများစွာ နေထိုင်သည်။ ဤမိသားစုများထဲမှ အချို့သည် ပထမရာစုနှစ်များကတည်းက ကရ်ဘလာ တွင် နေထိုင်ခဲ့ကြသည်။ အာလေသွအ်မဟ် မိသားစု နှင့် အာလေ နကီးဘ် မိသားစုတို့သည် ထိုသို့ဘနေထိုင်သူများ အနက်မှ ဖြစ်သည်။ အာလေသွအ်မဟ် မိသားစုသည် ကရ်ဘလာမြို့တွင် ပထမဦးဆုံး နေထိုင်သော အလဝီ မျိုးနွယ်ဖြသ်သည့် အိဗ်ရာဟီးမ် မိုဂျာဘ် မျိုးရိူမှ ဖြစ်ပြီး ၎င်းတို့သည် တတိယရာစုတွင် ကရ်ဘလာ ၌ အခြေချနေထိုင်ခဲ့သော ရှေးအကြဆုံး အလဝီ မိသားစုများထဲမှ တစ်ခုဖြစ်သည်။ (91) အာလေနကီးဘ် မိသားစု သည်လည်း အေမာမ်ကာဇွင်မ်(အစ) ၏ မျိုးဆက်မှ ဖြစ်ပြီး ဟီဂျရီ ငါးရာစုမှ စပြီး ကရ်ဘလာတွင် နေထိုင်ခဲ့သည်။ (92) ဘာသာရေးသိပ္ပံပညာကို ဆည်းပူးရန် အီရတ်၊ အီရာန်၊ အာရပ်နိုင်ငံများ နှင့် အိန္ဒိယ နိုင်ငံ စသည့် နိုင်ငံ အသီးသီးမှ မိသားစုများသည် ဤမြို့၌ နေထိုင်ကြသည်။ အချို့သော ဘာသာရေးပညာရှင်များ၏ မိသားစုများသည် အိဂ်ျသေဟာဒ် အထိ သင်ယူပြီးနောက် သို့မဟုတ် ဘာသာရေးကျောင်းများတွင် အခြေခံ ပညာရပ် သင်တန်းများကို တက်ရောက်ပြီးနောက် ၎င်းတို့၏ နိုင်ငံသို့ ပြန်သွားခဲ့ကြသည်။ (93) ဘဟ်ဘာနီ မိသားစု ၊ ဆွဒ်ရ် မိသားစု ၊ ရှဖိရာဇီ မိသားစု ၊ ရှဟ်ရီစ်သာနီ မိသားစု ၊ ကီရှ်မီရီး မိသားစု ၊ ရိုရှ်သီး မျသားစု ၊ မရ်အရှီး မျသားစု များသည် ကရ်ဘလာ၌ ထင်ပေါ်ကျော်ကြသော မိသားစုများ ဖြစ်ကြသည်။ (94) လက်ရှိကာလတွင်၊ အီရတ် နှင့် အီရန်ရှိ ရှီအာ နိုင်ငံရေးပုဂ္ဂိုလ်အချို့သည် ကရ်ဗဘာ မြို့ခံသားများ ဖြစ်ကြသည်။ အိဗ်ရာဟီးမ် ဂျအ်ဖရီ နှင့် နှုရီ မာလီကီ တို့သည် အီရတ်ရှိ ရှီအာနိုင်ငံရေးသမားများ ဖြစ်ပြီး အလီအက္က်ဘရ် ဆွာလိဟီးန် သည် ကရ်ဘလာ တွင်မွေးဖွားသော အီရန်နိုင်ငံရေးသမားဖြစ်သည်။ (95)

ကုန်သွယ်ရေး နှင့် စိုက်ပျိုးရေး

ယခုခေတ် ရာစုနှစ်အတွင်း ကရ်ဘလာ မြို့သားများ၏ အဓိက အသက်မွေး ဝမ်းကျောင်းလုပ်ငန်း တစ်ခုမှာ စိုက်ပျိုးရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဖြစ်သည်။ အီရတ်တွင် ပထမဆယ်စုနှစ်များအတွင်း အာရပ်အမျိုးသားရေးဝါဒ ကြီးထွားလာကာ အဲဟ်လေစွန္နသ် များကို အကျိုးပြုခဲ့သည့် အီရတ်ရှီအာ မရ်ဂျအ်များဘက်မှ အီရတ်ဘုရင်စနစ်၏ ဝန်ဆောင်မှုကို တားမြစ်ပိတ်ပင်ခြင်းေကြာင့် ဘဂ္ဂဒက်ရှိ ရှီအာများ နှင့် နိုင်ငံတွင်းရှိ အခြားမြို့ကြီးများကဲ့သို့ ကရ်ဘလာ၏ ရှီအာများသည် စိုက်ပျိုးရေး နှင့် ကုန်သွယ်မှု ကဲ့သို့သော အစိုးရ နှင့်သက်ဆိုင်မှု မရှိသော ကိစ္စများတွင် ပါဝင်စေခဲ့သည်။ (96) ထို့အပြင်၊ အထူးသဖြင့် ယူဖရေးတီးမှ ကရ်ဘလာ သို့ ရေကိုလွှဲပြောင်းရန်တာဝန်ရှိသော ဟိုစိုင်းနီယဟ် ဟုခေါ်သော ရေလမ်းကြောင်းတည်ရှိမှုသည် ကရ်ဘလာ တွင် စိုက်ပျိုးရေးကြီးထွားမှု နှင့် တိုးချဲ့မှုအတွက် သင့်လျော်သော မြေကို ပေးပေသည်။ (97)

အီရာန်မြို့များ နှင့် ချစ်ကြည်ရေး စာချုပ် ချုပ်ဆိုခြင်း

အီရန်နှင့် အီရတ်ကြား ကုန်သွယ်မှုပမာဏ တိုးလာခြင်းကြောင့် အီရာန် နှင့် ကရ်ဘလာ မြို့များကြား ချစ်ကြည်ရေးစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ကွမ်း ၊ မရှ်ဟဒ် နှင့် ကဇ်ဝီးန် ကဲ့သို့သော် မြို့များသည် ဤစာချုပ်အတွက် အလှည့်ကျ ကြရောက်သည့် မြို့များဖြစ်သည်။ ကဇ်ဝီးန် မြို့ကိုရွေးချယ်ခြင်းဖြင့်၊ နောက်ဆုံးတွင် ကရ်ဘလာ မြို့နှင့် ကဇ်ဝီးန် မြို့အကြားချစ်ကြည်ရေး စာချုပ် ချုပ်ဆိုခဲ့သည်။ အဆိုပါ စာချုပ်အရ ၊ နှစ်ဖက်မြို့များသည် ကုန်သွယ်မှု ဆက်ဆံရေး၊ ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သော အစီအမံများကို ဆောင်ရွက်ရမည် ဖြစ်သည်။ (98)