ကရ်ဘလာ အဖြစ်အပျက်

wikishia မှ
واقعه طف

ကရ်ဘလာ အဖြစ်အပျက် သို့မဟုတ် အာရှူရာ အဖြစ်အပျက် ဆိုသည်မှာ ကရ်ဘလာ၌ အေမာမ်ဟိုစိုင်းန်(အစ) နှင့် ၎င်း၏နောက်လိုက်သားများ သည် ကူဖွာစစ်တပ် နှင့် စစ်ပွဲဖြစ်ခဲ့သည့် အဖြစ်အပျက် ဖြစ်သည်။ ကရ်ဘလာ ဖြစ်ရပ်သည် မိုဟရာမ်လ ၁၀ ရက်နေ့ ဟီဂျရီ ၆၁ ခုနှစ် ၌ဖြစ်ပြီး ယဇီးဒ်အား ဘိုင်အသ် သစ္စာခံခြင်းမှ ရှောင်ကြဉ်ခဲ့သောကြောင့် အေမာမ်ဟိုစိုင်းန်(အစ) နှင့် ၎င်း၏နောက်လိုက်သားများ ရှဟာဒသ် ဖြစ်ခဲကြပြီး ၎င်း၏ အိမ်တော်သူ အိမ်တော်သားများကို သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခဲ့ကြသည်။ ကရ်ဘလာ အဖြစ်အပျက်သည် အစ္စလာမ်သမိုင်းတွင်ဝမ်းနည်းရဆုံးသော ဖြစ်ရပ် ဖြစ်သည်ဟု ယူဆထားကြသည်။ ထိုကြောင့် ရှီအာများသည် အေမာမ်ဟိုစိုင်းန်(အစ) ၏ ရှဟီးဒ် ဖြစ်ခဲ့သောနေ့တွင် အကြီးမားဆုံး ဝမ်းနည်းခြင်း အခမ်းအနားအာ ကျင်းပကြသည်။ ကရ်ဘလာ ၏ဖြစ်ရပ်သည် ဟီဂျရီ ၆၀ ခုနှစ် ရဂျက်ဘ် လ ၅ ရက်နေ့ တွင် မိုအာဝီယာ ဗင်န် အဘီစိုဖီယာန်း သေဆုံးခြင်းနှင့် သူ၏သား ယဇီးဒ် ၏အုပ်ချုပ်မှု အစပိုင်းတွင် စတင်ခဲ့ပြီး ကရ်ဘလာ ၏သုံ့ပန်းများ မီဒီနာသို့ ပြန်လာခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ မဒီနာ မြိုဝန်သည် ယဇီးဒ် အတွက် အေမာမ်ဟိုစိုင်းန်(အစ) ထံမှ ဘိုင်အသ်သစ္စာခံယူစေရန် ကြိုးစားခဲ့သည်။ ထိုကြောင့် အေမာမ်ဟိုစိုင်းန်(အစ) သည်ထိုဘိုင်အသ် သစ္စာခံမှုကို ရှောင်ရှားဖို့ရန် ညအချိန်တွင် မဒီနာ မှ ထွက်ခွာခဲ့ပြီး မက္ကာသို့ ပြောင်းရွှေ့ခဲ့သည်။ ဤခရီးစဉ်တွင် အေမာမ်ဟိုစိင်းန် (အစ)၏ မိသားစု၊ ဘနိဟာရှိမ် နှင့် ရှီအာအချို့သည် ၎င်းနှင့်အတူ လိုက်ပါသွားခဲ့သည်။ အေမာမ်ဟိုစိုင်းန်(အစ) သည် မက္ကာမြိုတွင် လေးလခန့် နေထိုင်ခဲ့သည်။ ထိုသို့ နေထိုင်ခဲ့သည့် ကာလ၌ ကူဖွာပြည်သူများထံမှ ဖိတ်ခေါ်သည့်စာများ ၎င်းထံသို့ ရောက်ရှိလာခဲ့သည်။ အေမာမ်ဟိုစိုင်းန်(အစ) သည် ထို ဖိတ်ခေါ်စာများနှင့် ပတ်သက်ပြီးညယုံကြည်မှု ရစေဖို့ရန် မွတ်စ်လင်မ် ဗင်န် အကီးလ် အား ကူဖွာသို့ ၊ စိုလိုင်းမာန်း ဗင်န် ရဇီးန် အား ဘဆ်ွရာသို့ စေလွှတ်ခဲ့သည်။ အေမာမ်ဟိုစိုင်းန်(အစ) သည် မက္ကာတွင် ယဇီးဒ် ၏ နောက်လိုက်များ၏ လုပ်ကြံသတ်ဖြတ် မှုကို ခံရနိုင်ခြေရှိပြီး ထိုအတူ ကူဖွာသားများ၏ ဖိတ်ကြားချက်သည် မှန်ကန်ကြောင်း မွတ်စ်လင်မ် ဗင်န် အကီးလ် ထံမှ အတည်ပြုချက် ရရှိခဲ့သည့်အတွက် အေမာမ်ဟိုစိုင်းန်(အစ) သည် ဇီလ်ဟဂ်ျလ ၈ ရက်နေ့တွင် ကူဖွာသို့ ထွက်ခွာခဲ့သည်။ အေမာမ်ဟိုစိုင်းန်(အစ) သည် ကူဖွာသို့ မရောက်မီ ကူဖွာမြိုသားများ၏ သစ္စာဖောက်မှုကို သတင်းရှိခဲ့သည်။ ထို့နောက် ဟိုရ် ဗင်န် ယဇီးဒ် ရောဟီး ၏ စစ်တပ်နှင့် ရင်ဆိုင်ခဲ့ပြီးနောက် ကရ်ဘလာဘက်သို့ သွားခဲ့သည်။ ထိုနေရာ၌ အေမာမ် ဟိုစိုင်းန်(အစ) ထံသို့ အိုဗိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် ထံမှ စေလွှတ်ခဲ့သော အွမ္မ်ရ် ဗင်န် စအ်ဒ် ၏ စစ်တပ်နှင့် ရင်ဆိုင်ခဲ့ရသည်။ အွမ္မ်ရ် ဗင်န် စအ်ဒ် ၏ စစ်တပ် နှင့် အေမာမ်ဟိုစိုင်းန်(အစ) တိုသည် မိုဟရာမ်လ ၁၀ ရက်နေ့၌ တိုက်ပွဲ ဖြစ်ခဲ့ကြသည်။ အေမာမ်ဟိုစိုင်းန်(အစ) နှင့် ၎င်း၏ နောက်လိုက်သားများ ရှဟီးဒ် ဖြစ်ပြီးနောက် အွမ္မ်ရ် ဗင်န် စအ်ဒ် ၏ တပ်သားများသည် ၎င်းတို၏ ကိုယ်ခန္ဓာအပေါ်သို့ မြင်းများဖြင့် နှင်းခဲ့ကြသည်။ ထိုအတူ အာရှူရာနေ့ ညနေပိုင်း၌ ယဇီးဒ်၏ တပ်သားများသည် အေမာမ်ဟိုစိုင်းန်(အစ) ၏ တဲနန်းများကို ၀င် ရောက်တိုက်ခိုက်ခဲ့ကြပြီး ထိုတဲနန်းများကို မီးရှိခဲ့ကြသည်။ ထို့နောက် ကျန်ရှိခဲ့သော အေမာမ်ဟိုစိုင်းန်(အစ) မိသား၀င်များအာ သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခဲ့သည်။ အေမာမ်စဂျာဒ်(အစ) သည် နေထိုင်မကောင်း ဖြစ်နေသည့်အတွက် စစ်ပွဲ၌ မပါ၀င်ခဲ့ပေ။ ဟဇရသ်သေ ဇိုင်းနက်ဘ်(စအ) သည်လည်း သုံ့ပန်း အဖြစ်ရှိခဲ့သည်။ အွမ္မ်ရ် ဗင်န် စအ်ဒ် ၏ တပ်သားများသည် ရှဟီးဖြစ်သွားသူများ၏ ဦးခေါင်းများကို လှံထပ်၌ ထိုးစိုက်ခဲ့ကြပြီး ထိုဦးခေါင်းတော်များကို သုံ့ပန်းများနှင့် အတူ အိုဘိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် ရှိသည့် ကူဖွာသို့ သယ်ဆောင်သွားပြီး ထိုမှတစ်ဆင့် ရှာမ်(စီးရီးယား) ဘက်သို့ သယ်ဆောင်သွားခဲ့သည်။ အွမ္မရ်စက်အ်ဒ် ၏စစ်တပ်များ ကရ်ဘလာ မှ ထွက်ခွာသွားပြီးနောက် ဗနီအစက်ဒ် မျိုးနွယ်စုမှ ကရ်ဘလာ ၌ရှဟီးဒ်ဖြစ်ခဲ့သူများ၏ ရုပ်အလောင်းများကို ညအချိန်တွင် မြှုပ်နှံ ပေးခဲ့သည်။

အေမာမ်ဟိုစိုင်းန်(အစ) သည် ယဇီးဒ် နှင့် ဘိုင်အသ် သစ္စာခံယူမှု မှ ရှောင်ရှားခြင်း

မိုအာဝီယာ၏ ကြိုးပမ်းမှု (1) နှင့် ၎င်းဆုံးသွားပြီးနောက် (ရဂျက်ဘ်လ ၁၅ ရက် ဟီဂျရီ ၆၀ ခုနှစ်) လူအများသည် ယဇီးဒ်အား ဘိုင်အသ် သစ္စာခံယူခဲ့ကြသည်။ (2) သို့သော်များလည်း အေမာမ်ဟစန်(အစ) နှင့် မိုအာဝီယာ၏ ငြိမ်းချမ်းရေးစာချုပ်အရ မိုအာဝီယာသည် မိမိ့အတွက် ကိုယ်စားလှယ် ရွေးချယ် သတ်မှတ်ခြင်း ပြုလုပ်ပိုင်ခွင့် မရှိပေ။ (3) ယဇီးဒ်သည် မိမိအား ဘိုင်အသ် သစ္စာခံယူဖို့ရန်အတွက် မိုအာဝီယာ အသက်ရှင်‌ နေသည့်ကာလ၌ မိမိအား ဘိုင်အသ် သစ္စာခံယူရန် ဖိတ်ခေါ်ခြင်းကို ငြင်းပယ်ခဲ့ကြသော လူကြီးလူကောင်းများကို အဓိက ဦးတည်ထား၍ ဘိုင်အသ်ယူခိုင်းဖို့ရန် ဆုံးဖြတ်ချက် ချခဲ့သည်။ (4)

ထို့ကြောင့်၊ ယဇီးဒ်သည် မိုအာဝီယာ သေဆုံးမှုအာ အသိပေးခဲ့သည့် မဒီနာမြို၀န် ၀လီးဒ် ဗင်န် အွသ်ဗဟ် ထံသို့ စာတစ်စောင်ရေးပို့ခဲ့သည်။ ၀လီးဒ် ထံသို့ရေးပို့ခဲ့သည့် စာ၌ ဟိုစိုင်းန် ဗင်န် အလီ ၊ အဘ်ဒွလ္လာဟ် ဗင်န် အွမ္မရ် ၊ အဘ်ဒွရ် ရဟ်မာန်း ဗင်န် အဘီ ဘက်ရ် နှင့် အဘ်ဒွလ္လာဟ် ဗင်န် ဇိုဘိုင်းရ် တို့ထံမှ ကျွန်ုပ်အား ဘိုင်အသ်သစ္စာခံ ယူခိုင်းပါလေ ။ အကယ်၍ လက်မခံကြပါက ခေါင်းဖြတ်သတ်စေ ဟူ၍ ပြောထားသည်။ (5) ထို့နောက် ယဇီးဒ် ထံမှ အခြားစာတစ်ခု ရောက်ရှိလာပြီး ထိုစာ၌ ဘိုင်အသ် လက်ခံသူများ နှင့် ငြင်းပယ်သူများ၏ အမည်များကို ကျွန်ုပ်ထံ ရေးသားပို ဆောင်ပါလေ။ ထိုအပြင် ဟိုစိုင်းန် ဗင်န် အလီ ၏ ဦးခေါင်းကိုလည်း ပြန်စာနှင့်အတူ ပို့ဆောင်ပါလေ ဟူ၍ ပြောထားလေသည်။ (6) ၀လီးဒ် သည် မရ်ဝါးန် ဗင်န် ဟကမ် နှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ (7) ထို့နောက် အဘ်ဒွလ္လာဟ် ဗင်န် အွမ်ရို အား အေမာမ်ဟိုစိုင်းန် ၊ ဇိုဘိုင်းရ် ၊ အဘ်ဒွလ္လာဟ် ဗင်န် အွမ္မရ် နှင့် အဘ်ဒွရ်ရဟ်မာန်း ဗင်န် အဘီ ဘက်ရ် ထံသို့ စေလွှတ်ခဲ့သည်။ (8) ဟိုစိုင်းန်(အစ) သည် မိမိ၏ ဆွေးမျိုးသားချင်းများ အနက်မှ အယောက် ၃၀ နှင့်အတူ (9) မဒီနာရှိ ဒါရွလ်အိမာရာသ် သို့သွားခဲ့သည်။ (10) ၀လီးဒ်သည် မိုအာဝီယာ သေဆုံးသွားကြောင်း အေမာမ်ဟိုစိုင်းန်(အစ)အား သတင်းပေးပြီးနောက် ၀လီးဒ် သည် ဟိုစိုင်းန် ဗင်န် အလီ(အစ) ဘက်မှ ယဇီးဒ် အား ဘိုက်အသ်သစ္စာခံရန် ရေသားထားသည့် စာကို ဖတ်ပြခဲ့သည်။ အေမာမ်ဟိုစိုင်းန်(အစ) သည် ၀လီးအား မိန့်ဆိုသည်မှာ "ယဇီးဒ် ကို လျိုဝှက်စွာ ဘိုင်အသ် သစ္စာခံယူတာကို အသင် ကျေနပ်မှာလား "အသင့်ရဲ့ ရည်ရွယ်ချက်သည် ကျွန်ုပ်၏ ဘိုင်အသ်သစ္စာခံမှုဟာ လူအများ ရှေ့မှောက်၌ ဖြစ်နေရမည်ဟု ကျွန်ုပ် ထင်ပါသည်" ထိုအခါ ၀လီးဒ် သည် ကျွန်ုပ်၏ အမြင်သည်လည်း ထိုသို့ပင် ဖြစ်သည် ဟု ပြန်ဖြေခဲ့သည်။ (11) အေမာမ်ဟိုစိုင်းန်(အစ) သည် "ဤသို့ဆိုပါက မနက်ဖြန်အထိ ကျွန်ုပ်၏ ဆုံးဖြတ်ချက်ကို ဖော်ပြဖို့ရန် အချိန်ပေးပါ။" ဟု မိန့်ဆိုခဲ့သည်။ (12) မဒီနာ မြို၀န်သည် အေမာမ်ဟိုစိုင်းန်(အစ)၏ အဖြေကို လက်ခံရရှိဖို့ရန် နောက်နေ့ညနေတွင် မိမိ၏ တာ၀တ်ခံများကို အေမာမ်ဟိုစိုင်းန်(အစ) ၏ အိမ်သို့စေလွှတ်ခဲ့သည်။ (13) အေမာမ်ဟိုစိုင်းန် (အစ) သည် ၀လီးဒ် ၏ သဘောတူညီချက်ဖြင့် ထိုညကိုလည်း အချိန်ပေးရန် တောင်းဆိုခဲ့သည်။ (14) ထိုသို့ အချိန် တောင်းဆိုပြီးနောက် အေမာမ်ဟိုစိုင်းန် (အစ) သည် မဒီနာ မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။ (15)

မဒီနာ မှ မက္ကာ သို့ ထွက်ခွာခြင်း

မဒီနာ မှ မက္ကာ သို့ ထွက်ခွာသည့်လမ်းကြောင်း

အေမာမ်ဟိုစိုင်းန် (အစ) သည် ရဂျက်ဘ် လ မတိုင်မီ နှစ်ရက်အလို တနင်္ဂနွေည ၌ မက္ကာမြိုသို့ ထွက်ခွာခဲ့သည်။ အခြားရေဝါယသ် တစ်ခုအရ ရှာအ်ဗာန်လ သုံးရက် ဟီဂျရီ ၆၀ ခုနှစ်တွင် (16) မိမိ၏ အိမ်တော်သူ အိမ်တော်သားများ နှင့် နောက်လိုက်းသားများ အပါအ၀င် ၈၉ ယောက် နှင့်အတူ မက္ကာသို့ သွားမည် ဟူသော ရည်ရွယ်ချက်ဖြင့် မဒီနာမှ ထွက်ခွာခဲ့ကြသည်။ (17) အချို့ကျမ်းကိုးများအရ ၎င်းသည် ညဘက်တွင် မိခင် နှင့် အစ်ကိုဖြစ်သူ၏ ကဗရ်ရှိရာသို့ သွား၍ နှုတ်ဆက်ကာ ထိုနေရာ၌ နမာဇ် ဖတ်ရွတ်ပြီး နံနက်ပိုင်းတွင် အိမ်သို့ပြန်လာခဲ့သည်။ (18) အခြားကျမ်းကိုးများ၌ လာရှိထားသည်မှာ အေမာမ်ဟိုစိုင်းန်(အစ) သည် တမန်တော်မြတ်(ဆွ) ၏ ကဗရ်တော် အနားတွင် နှစ်ညဆက်တိုက် နေထိုင်ခဲ့သည်။(19) ဤခရီးစဉ်၌ မိုဟမ္မဒ် ဗင်န် ဟနဖီယဟ် မှအပ (20) အေမာမ်ဟိုစိုင်းန်(အစ) ၏ များစွာသော မိသားစု၀င်များ ဥပမာ မိမိ၏ သားသမီးများ ၊ ညီအကိုများ ၊ ညီမများ နှင့် တူများ သည် ၎င်းနှင့်အတူ လိုက်ပါခဲ့ကြသည်။ (21) ဘနီဟာရှင်မ် မျိုးနွယ်အပြင် အေမာမ်ဟိုစိုင်းန်(အစ) ၏ နောက်လိုက်သား ၂၁ ယောက်သည်လည်း ဤခရီးစဉ်၌ ၎င်းနှင့်အတူ ရှိခဲ့ကြသည်။ (22) အေမာမ်ဟိုစိုင်းန်(အစ) ၏ အကို ဖြစ်သူ မိုဟမ္မဒ် ဗင်န် ဟနဖီယဟ်သည် အေမာမ်ဟိုစိုင်းန်(အစ) ၏ ခရီးစဉ် အကြောင်း သတင်းကြားပြီးနောက် နုတ်ဆက်ဖို့ရန် အေမာမ်ဟိုစိုင်းန်(အစ) ထံသို့ သွားရောက်ခဲ့သည်။ အေမာမ်ဟိုစိုင်းန်(အစ) သည် ၎င်းအတွက် ၀စီယသ် မှာတမ်းစာများကို ရေးသားခဲ့သည်။ ထိာစာ၌ လာရှိထားသည်မှာ :

إنّی لَم اَخْرج أشِراً و لا بَطِراً و لا مُفْسِداً و لا ظالِماً وَ إنّما خَرجْتُ لِطلبِ الإصلاح فی اُمّةِ جَدّی اُریدُ أنْ آمُرَ بالمَعْروفِ و أنْهی عن المُنکَرِ و أسیرَ بِسیرةِ جدّی و سیرةِ أبی علی بن أبی طالب

ကျွန်ုပ်သည် အကျင့်ပျက်ခြစားမှု နှင့် ဖိနှိပ်မှုများ အတွက် ကျေးဇူးကန်းစွာ နှင့် လွန်ကဲစွာဖြင့် ထွက်ခွာခဲ့သည် မဟုတ်ပေ။ သို့သော် ၊ ကျွန်ုပ်တို့သည် ကျွန်ုပ် အဘိုး၏ အွမ္မသ်သားများကို ပြုပြင်ပြောင်းလဲ ဖို့ရန် ကြိုးစားနေပါသည်။ ထိုအပြင် ကောင်းရာကို တိုက်တွန်း မကောင်းရာကို တားမြစ်ပြီး ကျွန်ုပ်အဖိုး နှင့် ဖခင် အလီ ဗင်န် အဘီသွာလီဘ်(အစ) သကဲ့သို့ လုပ်ဆောင်သွားပါမည် (23) အေမာမ်ဟိုစိုင်းန် (အစ) သည် မဒီနာ သို့ ၎င်း၏ နောက်လိုက်သားများ နှင့်အတူ ထွက်ခွာခဲ့ပြီး ၎င်း၏ ဆွေမျိုးများ၏ တောင်းဆိုမှုကို ဆန့်ကျင်ကာ မက္ကာမြိုသို့ သွားရောက်ခဲ့သည်။ (24) မက္ကာသို့ သွားရာလမ်းတွင် အေမာမ်ဟိုစိုင်းန် (အစ) သည် အဘ်ဒွလ္လာဂ် ဗင်န် မိုသွီးအ် နှင့် တွေ့ဆုံခဲ့သည်။ ၎င်းသည် အေမာမ်(အစ)၏ ရည်ရွယ်ချက်ကို

မေးမြန်းခဲ့သည်။ ‌အေမာမ်ဟိုစိုင်းန် (အစ) မိန့်တော်မူသည်မှာ “ယခု ကျွန်ုပ်သည် မက္ကာသို့ သွားရောက်မည် ဖြစ်သည်။ ထိာသို့ ရေ က်ရှိသည့်အခါ အရှင်မြတ်ထံမှ ကောင်းချီးမဂ်လာများ ပေးဖို ရန် တောင်းဆိုမည် ဖြစ်သည် ။" အဗ္ဗဒွလ္လာဟ်သည် အေမာမ်ဟိုစိုင်းန်(အစ) အား ကူဖွာသားများ၏ တောင်းဆိုမှုကို လက်မခံရန် နှင့် မက္ကာတွင်နေရန် တောင်းဆိုခဲ့သည်။ (25) အေမာမ်ဟိုစိုင်းန်(အစ) သည် ငါးရက်ပြီးနောက် ရှာအ်ဗာန်လ သုံးရက်နေ့ ဟီဂျရီ ၆၀ ခုနှစ်၌ မက္ကာသို့ ရောက်ရှိခဲ့သည်။ (26) မက္ကာမြိုသားများ နှင့် ဘိာင်းသွလ္လာဟ်အား လာရောက် ဟာဂ်ျ ပြုလုပ်ကညသူများ၏ လိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ (27) အေမာမ်ဟိုစိုင်းန်(အစ) ၏ မဒီနာ မှ မက္ကာသို့ လာရှိရာ လမ်း၌ အောက်ပါ နေရာများ၌ အနားယူခဲ့သည် ထိုနေရာမျမှာ - ဇွလ်ဟလီးဖွဟ် ၊ မိလက်လ် ၊ စီယာလဟ် ၊ အရက္က် ဇွဘီးယဟ် ၊ ဇောင်ဟားအ် ၊ အနာယဟ် ၊ အရက်ဂ်ျ ၊ လဟ်ရ် ဂျမလ် ၊ စက္က်ယာ ၊ အဘ်ဝါးအ် ၊ ဂရ်ဒနဟ် ဟရ်ရှာ၊ ရာဗဂ် ၊ ဂျိုဟ်ဖွဟ် ၊ ကွဒီးဒ် ၊ ခလီးဆ်ွ ၊ အက်စ်ဖွာန်း နှင့် မရွလ်ဇွဟ်ရားန် တိုဖြစ်သည်။ (28)

အေမာမ်ဟိုစိုင်းန်(အစ) မက္ကာ ၌ရှိ့စဉ်ကာလ

အေမာမ်ဟိုစိုင်းန်(အစ) သည် မက္ကာတွင် လေးလကျော် ( ရှာအ်ဗာန်လ သုံးရက်နေ့ မှ ဇီလ်ဟဂ်ျလ ရီစ်ရက်နေ့ အထိ) နေထိုင်ခဲ့သည်။ မက္ကာမြိုသားများသည် အေမာမ်ဟိုစိုင်းန်(အစ) ရောက်ရှိနေသည့် သတင်းကို ကြားသိရသဖြင့် ပျော်ရွှင်ကြပြီး နံနက်ပိုင်း နှင့် ညနေပိုင်းများတွင်၎င်းထံ သွားရောက်ကြလေသည်။ ဤသည် အဘ်ဒွလ္လာဟ် ဗင်န် ဇိုဘိုင်းရ် အတွက် အလွန် ခက်ခဲ့သည့်အရာ ဖြစ်သည်ဟု ဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မက္ကာမြိုသားများက မိမိ့အား သစ္စာခံမည်ဟု မျှော်လင့်ထားသောကြောင့် ဖြစ်သည်။ အေမာမ်ဟိုစိုင်းန်(အစ) မက္ကာတွင် ရှိနေသရွေ့ မည်သူမျှ မိမိ့ကို ဘိုင်အသ်သစ္စာခံမည် မဟုတ်ကြောင်း သိပေသည်။ (29) ကူဖွာမြိုသားများ၏ ဖိတ်ခေါ်စာများ နှင့် အေမာမ်အား ကေယာမ် တော်လှန်ရေး ပြုလုပ်ရန် ဖိတ်ခေါ်ခြင်း အေမာမ်ဟိုစိုင်းန် (အစ) သည် မက္ကာသို့ရောက်ရှိပြီး မကြာမီတွင် အီရတ်ရှိ ရှီအာများသည် မိုအာဝီယာ သေဆုံးသည့်သတင်းကို လက်ခံရရှိပြီး အေမာမ်ဟိုစိုင်းန် (အစ) နှင့် အိဗ်နေ ဇိုဘိုင်းရ် တိုသည် ယဇီးဒ် အား ဘိုင်အသ်သစ္စာ မခံကြောင်း သိရှိခဲ့ကြသည်။ ထိုကြောင့် စိုလိုင်မာတ်း ဗင်န် ဆူရ်ဒ် ခိုဇာအီး အိမ်၌ စုရုံးကြပြီး အေမာမ်ဟိုစိုင်းန် (အစ) ထံ ဖိတ်ခေါ်စာရေးရန် နှင့် ၎င်းအား ကူဖွာသို့ လာရောက်ဖို့ရန် စီရင်ခဲ့ကြသည်။ (30) ထိုစာများ ပိုပြီး နှစ်ရက်အကြာ ကူဖွာမြိုသားများသည် နောက်ထပ် စာပေါင်း ၁၅၀ ( စာ တစ်‌စောင်ချင်းစီ၌ လူလေးယောက်၏ လက်မှတ်ပါရှိသည်) ကို အေမာမ်ဟိုစိုင်းန်(အစ) သို့ ထပ်မံ၍ ပိုခဲ့ကြသည်။ (31)


အေမာမ်ဟိုစိုင်းတ် (အစ) ထံသို့ ပေးပိုသည့် ဆိုလိုင်မာန်း ဗင်န် ဆူရ်ဒ်၏ စာ

…အသင့်ရန်သူကို ဖြိုခွဲခဲ့သော အရှင်မြတ်အား ကျေးဇူးတင်ပါသည်။ ဤလူမျိုးကို ပုန်ကန်သောသူ၊ သူများဥစ္စာကို သိမ်းပိုက်ပြီး အများသဘောဆန္ဒမပါဘဲ အုပ်ချုပ်‌လေသည်။ ထို့နောက်တွင်၊ ၎င်းတို့သည် အကောင်းဆုံး အရာများကို ပယ်ဖျက်ပြီး အဆိုးဆုံးအရာများကို ထားခဲ့ကြသည်။ ထို့အပြင် ချမ်းသာသူများ အကြားတွင် အရှင်မြတ်၏ ပိုင်ဆိုင်မှုကို ပြန်မပေးလိုကြပေ။ ယခုမူကား ကျွန်ုပ်တို့တွင် အေမာမ် မရှိတော့ပါ၊ ကြွလာခဲ့ပါ၊ အရှင်မြတ်သည် ကျွန်ုပ်တို့အားလုံးကို သမ္မာတရားလမ်းကြောင်းပေါ်ရှိ သင်၏ ခေါင်းဆောင်မှု အရိပ်အောက်တွင် အားလုံးကို စည်းလုံးစေလိမ့်မည်၊ သွီဘ်ရေစီ ၊ သာရီးခွလ်အိာမာမွန် ၀လ်မလူက် ၊ ခရာဇ်နှစ် ၁၉၆၇ ၊ အတွဲ၅ ၊ စာမျက်နှာ၃၅၁


အေမာမ်ဟိုစိုင်းန်(အစ) သည် စာများ၏ အရေအတွက် များပြား လာသည်အထိ စာများကို ဖြေဆိုရန် ငြင်းဆိုခဲ့ပြီးနောက် ကူဖွာ ကို ဤသို့ စာတစ်စောင် ရေးသားခဲ့သည်မှာ ကျွန်ုပ်သည် ၊ ကျွန်ုပ်၏ ညီတော်လည်းဖြစ် ၊ ညီ၀မ်းကွဲ တော်စပ်သူလည်းဖြစ် ၊ ကျွန်ုပ်၏ အမျိုးထဲမှ ယုံကြည် စိတ်ချရသူကို စေလွှတ်လိုက်ပါမည်။ ၎င်းအား ‌အခြေအနေများ နှင့် ပတ်သက်ပြီး သတင်းပေးပါ ဟု ပြောကြားထားသည်။ အကယ်၍ ‌အခြေအနေများ သည် အသင်တို့၏ စာများ၌ လာရှိထားသည့်အတိုင်း ဖြစ်နေပါက ကျွန်ုပ် သည် အသင်တိုထံ လာရောက်မည် ဖြစ်သည်။ အေမာမ်ဟိုစိုင်းန်(အစ) သည် မိမိ့ကိုယ် မိမိ့ ကျမ်းမြတ်ကုရ်အာန်၌ လာရှိထားသည့်အတိုင်း လုပ်ဆောင်သူ၊ တရားမျှတမှုကို ကျင့်သုံးသူ ၊ မှန်ကန်သော သာသနာအပေါ် ယုံကြည်မှု အပြည့် ရှိသူ ၊ ထိုအပြင် မိမိ့ကိုယ်ကို အရှင်မြတ်ထံ အပ်နှံထားသူ ဟူ၍ မှတ်ယူထားသည်။ (32)

ကူဖွာမြို၌ အေမာမ်ဟိုစိုင်းန်(အစ) ၏ သံတမန်

အေမာမ်ဟိုစိုင်းန်(အစ) သည် ၎င်း၏ဝမ်းကွဲ ဖြစ်သူ မွတ်စ်လင်မ် ဗင်န် အကီးလ် အား အီရတ်သို့သွား၍ အခြေအနေကို လေ့လာပြီး ၎င်းအား သတင်းပိုရန် စာတစ်စောင် ပေးခဲ့သည်။ (33) မွတ်စ်လင်မ် ဗင်န် အကီးလ် ကူဖွာ သို့ရောက်ရှိပြီးနောက် နွခ်သာရ် ဗင်န် အဘီ အိုဘိုငသ် စကဖီ (34) ၏အိမ်တွင် အခြေချနေထိုင်ခဲ့သည်။ အချို့သော ရေဝါယသ်များအရ ၎င်းသည် မွတ်စလင် ဗင်န် အုံစဂျဟ် ၏အိမ်တွင် အခြေချနေထိုင်ခဲ့သည် (35) ဟာလာရှိထားသည်။ ရှီအာများသည် မွတ်စ်လင်မ် ဗင်န် အကီးလ် နေထိုင်သည့် အိမ်သို့ သွား‌ရောက်လေ့ရှိပြီး ၎င်းည် အေမာမ်ဟိုစိုင်းန်(အစ)၏စာကို ဖတ်ပြ‌ လေသည်။ (36) မွတ်စ်လင်မ် သည် အေမာမ်ဟိုစိုင်းန်(အစ) အား ဘိုင်အသ် သစ္စာခံရန် စတင်လှုပ်ရှားခဲ့သည်။ (37) ကူဖွာ၌ လူဦးရေ ၁၂၀၀၀ (38) သို့မဟုတ် လူဦးရေ ၁၈၀၀၀ (39) နှင့် ဖော်ပြချက် တစ်ခုအရ လူဦးရေ ၃၀၀၀၀ ကျော် (40) သည် အေမာမ်ဟိုစိုင်းန်(အစ) အား ဘိုင်အသ် သစ္စာ ခံခဲ့ကြပြီး အေမာမ်နှင့်အတူ လိုက်ပါရန် အဆင်သင့်ရှိကြောင်း ကြေညာခဲ့သည်။ မွတ်စ်လင်မ် သည် အေမာမ်ဟိုစိုင်းန်(အစ)ထံ စာတစ်စောင်ရေးပြီး များစွာသော ဘိုင်အသ်ပြုလုပ်သူများကို အတည်ပြုကာ အေမာမ်အား ကူဖာသို့ ခေါ်ခဲ့သည်။ (41) ယဇီးဒ် သည် ပြည်သူများမွတ်စ်လင်မ် အပေါ် သစ္စာခံသည့် သတင်းနှင့် နအ်မာန်း ဗင်န် ဘရိးရ် (ထိုအချိန်က ကူဖွာ အား အုပ်ချုပ်သူ) ၏ ပျော့ပျောင်းမှုကို ကြားသိရသောအခါ အိုဘိုင်ဒွလ္လာဟ် ဗင်န် ဇေယားဒ် (ထိုအချိန်က ဘဆွရာ အား အုပ်စိုးသူ) ကို ကူဖွာအား အုပ်ချုပ်ရန် ခန့်အပ်ခဲ့သည်။ (42) အိဗ်နေဇေယာဒ် သည် ကူဖွာ သို့ရောက်ရှိပြီးနောက် ဘိာင်အသ် သစ္စာခံသူများကို ရှာဖွေခဲ့ပြီး ၎င်းတို၏ ခေါင်းဆောင်များကို ခြိမ်းခြောက်ခဲ့သည်။(43) သမိုင်းကောက်နုတ်ချက်များအရ အိုဘိုင်ဒွလ္လာဟ် ၏ အပေါင်းအဖေါ်များ၏ ခြိန်းခြောက်မှု နှင့် ၎င်းတိုသည် ပြည်သူများအကြား လျင်မြန်စွာ ၀င်ရောက်လာကြသည့် အတွက်ကြောင့် မွတ်စ်လင်မ် ဗင်န် အကီးလ် သည် ညဘက်တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး အိပ်စရာ နေရာပင် မရှိ တော့သည့်အထိ ကူဖွာသားများသည် ကြောက်ရွံထိပ်လန့်လာကြသည်။ (44) နောက်ဆုံး၌ နောက်ဆုံးတွင် ပဋိပက္ခများအပြီးတွင် မွတ်စ်လင်မ် ဗင်န် အကီးလ် သည် မိုဟမ္မဒ် အိဗ်နုအက်ရှ်အက်စ်၏ ခိုလှုံခွင့်ပေးသည့်စာကြောင့် လက်နက်ချခဲ့ပြီး (45) ၎င်းအား နန်းတော်သို့ ခေါ်ဆောက်လာခဲကြသည်။ သို့သော် ၀လီ အိဗ်နု ဇေယာဒ် သည် အက်ရှ်အက်စ် ၏ သား ဖြစ်သူ၏ ခိုလှုံခွင့်စာကို နေရာလွဲမှားစွာ ခေါ်ဝေါ်ဖတ်ရွတ်ပြီး မွတ်စ်လင်မ်၏ ဦးခေါင်းကို ၎င်း၏ခန္ဓာကိုယ်မှ ဖြတ်ထုတ်ရန် အမိန့်ပေးခဲ့သည်။ (46) အချို့သော သမိုင်းဝင် မှတ်တမ်းများ အရ မွတ်စ်လင်မ် ဗင်န် အကီးလ်သည် အေမာမ်ဟိုစိုင်းန်(အစ)ကို စိုးရိမ်သောကြောင့် ကိုရိုက်ရှ် လူမျိုး ဖြစ်သော အွမ္မရ် ဗင်န် စအ်ဒ် အား ၀စီယသ် သေတမ်းစာ မှားကြားခဲ့သည်။ မွတ်စ်လင်မ် ဗင်န် အကီးလ်၏ ပထမဆုံး ဝစီယသ် သေတမ်းမှာ အွမ္မရ် ဗင်န် စအ်ဒ်သည် အေမာမ်ဟိုစိုင်းန်(အစ) ထံ တစ်စုံတစ်ဦးကို စေလွှတ်ပြီး ကူဖွာသို့ မလာရောက်ရန် တားမြစ်ထားရန်ဖြစ်သည်။ (47) ဇိုဘာလဟ်ဟူသောနေရာ၌ မွတ်စ်လင်မ် ဗင်န် အကီးလ် ရှဟာဒသ်မဖြစ်မီအချိန်၌ အွမ္မရ် ဗင်န် စအ်ဒ် အား ပြောခဲ့သော ၀စီယသ် သေတမ်းစာ သည် အေမာမ်ဟိုစိုင်းန်(အစ) သို့ရောက်ရှိခဲ့သည်။ (48)

မက္ကာ မှ ကူဖွာ သို့ ရခီးနှင်ခြင်း

အေမာမ်ဟိုစိုင်းန်(အစ) သည် အင်္ဂါနေ့ ၊ ဇီလ်ဟဂ်ျလ ရှစ်ရက် (49) ( မွတ်စ်လင်မ် ကေယာမ်တော်လှန်ရေး ပြုလုပ်သည့်နေ့) ၌ နောက်လိုက်သား ၈၂ နှစ်ယောက်နှင့်အတူ (50) ( ၎င်းတိုအနက်မှ အယောက် ၆၀ သည် ကူဖွာ မြိုမှ ရှီအာများ ဖြစ်သည်) မက္ကာ ကိုစွန့်ခွာပြီး ကူဖွာသို့ ထွက်လာခဲ့လေသည်။ ရှီးခ်မိုဖီးဒ် အပါအဝင် အချို့ သမိုင်းပညာရှင်များ နှင့် ဟဒီးစ်ကောက်နုတ်သူများ ဖော်ပြထားသည်မှာ အေမာမ်ဟိုစိုင်းန် (အစ.) သည် မက္ကာ မှထွက်ခွာဖို့ရန် မိမိ၏ ဟဂ်ျကိုပင် ပြီးမြောက်အောင် မပြုလုပ်ပဲ ဟဂ်ျ နီယသ်မှ အွမ်ရာ နီယသ်သို့ ပြောင်းလဲကာ အဟ်ရာန် အနေအထားမှ ထွက်လာခဲ့သည်။ (52) သို့သော် အချို့များသည် သမိုင်းကြောင်နှင့် ရေဝါယသ်များအား ကိုးကားထောက်ထားခြင်းဖြင့် ဖော်ပြထားသည် မှာ အေမာမ်ဟိုစိုင်းန် (အစ) သည် အစကနဦ၌ပင် အွမ်ရာ နီယသ်ဖြင့် ကျင့်၀တ်များကို လုပ်ဆောင်ပြီးနောက် မက္ကာမှ ထွက်လာခဲ့သည်။ (53) အေမာမ်ဟိုစိုင်းန်(အစ)၏ နောက်ဆုံးလတွင် မက္ကာမြို၌ နေထိုင်စဉ်၊ ကူဖွာမြိုသို့ သွားရောက်ရန် အလားအလာရှိသောအခါ အဗ္ဗဒူလာဘင်အဗ္ဗစ် အပါအဝင် လူအချို့သည် ကူဖွာမြိုသို့ မသွားရောက်ရန် တားမြစ်ဖိုအတွက် အေမာမ်ဟိုစိုင်းန်(အစ)ထံသို့ လာခဲ့ကြသည်။ သို့သော် ၎င်းတို မအောင်မြင်ခဲ့ပေ။ (54) အေမာမ်ဟိုစိုင်းန် (အစ.) နှင့် ၎င်း၏ အပေါင်းအပါများ မက္ကာမှ ထွက်ခွာပြီးနောက်၊ အွမ္မရ် ဗင်န် စအီးဒ် ဗင်န် အာစ် (မက္ကာမြိုဝန်) ၏ အစောင့်တပ်မှူး ဖြစ်သူ ယဟ်ယာ ဗင်န် စအီးဒ် သည် ၎င်း၏တပ်သားတစ်စု နှင့်အတူ အေမာမ်ဟိုစိုင်းန်(အစ) သွားမည့်လမ်းကြောင်းအား ပိတ်ခဲ့သည်။ သို့သော် အေမာမ်သည် မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ မိမိ့သွားမည့်လမ်းကြောင်းအတိုင်း ဆက်သွားခဲ့တယ်။ (55)

မက္ကာ မှ ကူဖွာ သို့ သွားသည့် လမ်းကြောင်း

မက္ကာ မှ ကူဖွာ သို့ ခရီးနှင်နေစဉ်အတွင်း အေမာမ်ဟိုစိုင်းန်(အစ) အနားယူခဲ့သည့် နေရာများ မှာ အစဉ်အားဖြင့် ဤသို့ဖြစ်သည် ၁ ။ ဘာစ်သားနေ ဗနီ အာမီရ် ၂ ။ သန်အီးမ်( ယမန်ရှိ ယဇးဒ် ၏‌နောက်လိုက်သား ဘဟီးရ် ဗင်န် ရီစားန် ဟမီရီး သည် ဆွဖာယား မှ ဆီးရီးယားသို့ ပို့ဆောင်နေသည့်နေရာ) ၃ ။ ဆွဖာဟ် ( ဖရ်ဇဒက်ကေရှာအီရ် နှင့် တွေ့ဆုံခဲ့သည့် နေရာ) ၄ ။ ဇာသ်အရက္က် ( အေမာမ်ဟိုစိုင်းန်(အစ) သည် ဘရှရ် ဗင်န် ဂါလီဘ် ၊ ထိုအတူ အောင်န် ဗင်န် အဘ်ဒွလ္လာဟ် တိုနှင့် တွေ့ဆုံခဲဘသည့် နေရာ ) ၅ ။ ဝါဒီ အကီးက် ၆။ ဂမ်ရဟ် ၇ ။ အွမ်ခိုရ်မာန်း ၈ ။ စိုလ်ဟ် ၉ ။ အဖီအီယဟ် ၁၀ ။ မအ်ဒန် ဖဇာန်း ၁၁ ။ အွမ်က္က် ၁၂ ။ စလီလီယဟ် ၁၃ ။ မဂီးစဟ်မာဝါန်း ၁၄ ။ နိုက္က်ရဟ် ၁၅ ။ ဟာဂျဲရ် ( ကိန်းစ် ဗင်န် မက်စ်ဟရ် အား ကူဖွာသို့ စေလွှတ်ခြင်း) ၁၆ ။ စမီးအားအ် ၁၇ ။ သူးဇ် ၁၈ ။ အဂ်ျဖရ် ( အဘ်ဒွလ္လာဟ် ‌ဗင်န် မိုသွီးအ် အဒ်ဝီး နှင့် အေမာမ်ဟိုစိုန်း(အစ) တိုတွေ့ဆုံပြီး အေမာမ်အား ခရီးမှ မြန်လည့်ရန် ပြောခဲ့သည့်နေရာ ) ၁၉ ။ ခဇီးမီယဟ် ၂၀ ။ ဇဲရ်၀ဒ်( ဇိုဟိုင်းရ် ဗင်န် ကိန်း သည် အေမာမ်ဟိုစိုန်း၏ ကာရ်ဝါန်းအုပ်စု နှင့် တွေ့ဆုံခြင်း ၊ မွတ်စ်လင်မ် ၏ သားသမီးများနှင့် တွေ့ဆုံခြင်း ၊ မွတ်စ်လင်မ် နှင့် ဟာနီ တို၏ ရှဟာဒသ် သတင်းကို ကြားခြင်း) ၂၁ ။ စအ်လဘီးယဟ် ၂၂ ။ ဘသွားန် ၂၃ ။ ရှိကူးက္က် ၂၄ ။ ဇိုဘာလဟ် ( ကိန်းစ် ၏ ရှာဟာဒသ် သတင်းအား ကြားခညင်း နှင့် အုပ်စာတစ်စုသည် အေမာမ်ဟိုစိုင်းန် (အစ) နှင့်တွေ့ဆုံခြင်း ဥပမာ နာဖိဂ် ဗင်န် ဟလာလ်) ၂၅ ။ ဘက်သ်ွနုအွက္ကဘဟ် ( အွမ်ရို ဗင်န် လောင်ဝ်ဇားန် နှင့် အေမာမ်ဟိုစိာင်းန် တိုတွေ့ဆုံပြီး အေမာမ်အား ခရီးမှ ပြန်လည့်ရန် ပြောခြင်း) ၂၆ ။ အိုမိုင်ယဟ် ၂၇ ။ ဝါကီဆွဟ် ၂၈ ။ ရှရာဖ် ၂၉ ။ ဘရ်ကေ အဘူမစက် ၃၀ ။ ဂျက်ဘ်လုဇီ ဟစမ် ( အေမာမ်ဟိုစိုင်းန်(အစ) နှင့် ဟိုရ် ဗင် ယဇီးဒ် ရေယာဟီး စစ်တပ်နှင့် တွေ့ဆုံခြင်း) ၃၁ ။ ဘိန်းဇွဟ် ( မိမိနောက်လိုက်သားများ နှင့် ဟိုရ် အတွက် အေမာမ်ဟိုစိုင်းန်၏ ကျော်ကြားသော မိန့်ခွန်းပြောခဲ့သည့်နေရာ) ၃၂ ။ မစီးဂျက်ဒ် ၃၃ ။ ဟမာမ် ၃၄ ။ မဂီးစဟ် ၃၅ ။ အွမ်မုကရ်၀န် ၃၆ ။ ဂဒီးဘ်( (ကယဖွာ ၏လမ်းကြောင်းသည် ဂဒီးဘ် မှ ကာဒီစီယဟ် နှင့် ဟီရဟ် သို့ဖြစ်သည်၊ သို့သော် ဟိုစိုင်းန် (အစ) သည်လမ်းကြောင်းပြောင်းပြီး ကရ်ဘလာ သို့ လာခဲ့သည်။) ၃၇။ ကဆ်ွရေ ဗနီ မကာသီလ် ( အေမာမ်ဟိုစိုင်းန်(အစ) နှင့် အဘ်ဒွလ္လာဟ် ဗင်န် ဂိုရ် ဂျအ်ဖီ တိုတွေ့ဆုံခြင်း နှင့် အေမာမ်၏ အကူအညီတောင်းခံမှု ဖိတ်ခေါ်ချက်အား ငြင်းပယ်ခြင်း) ၃၈ ။ ကသ်ွကသွားနဟ် ၃၉ ။ ကရ်ဘလာ -ဝါဒီ သွီဖ်- ( မိုဟရမ်လ နှစ်ရက်နေ့ ဟီဂျရီ ၆၁ ခုနှစ်၌ အေမာမ်ဟိုစိုင်းန် နှင့် နောက်လိုက်သားများ ရောက်ရှိ‌ခြင်း) (56)

အေမာမ်ဟိုစိုင်းန်(အစ) သည် နေရာတိုင်းရှိ လူများကို ဖိတ်ခ်ါ်ရန် သို့မဟုတ် ဉာဏ်အလင်းပေးရန် ကြိုးစားခဲ့သည်။ ဥပမာ ဇားသ် အရက္က် နေရာတွင် ဘရှရ် ဗင်န် ဂါလီဘ် အစက်ဒ်ဒီ အမည်ရှိသူ တစ်ဦးသည် အေမာမ်ဟိုစိုင်းန်(အစ) ထံသို့ ရောက်ရှိပြီး ကူဖွာ ၏အခြေအနေသည် ဖရိုဖရဲဖြစ် နေကြောင်းကို ဖော်ပြခဲ့သည်။ ထိုအခါ အေမာမ်ဟိုစိုင်းန်(အစ)သည် ၎င်း၏ စကားအား ထောက်ခံခဲ့သည်။ ထိုသယသည် အေမာမ်ဟိုစိုင်းန်(အစ) ထံမှ «یوْمَ نَدْعُو کُلَّ أُنَاس بِإِمَامِهِم» ဟူသော အာယသ်(57) နှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်။ အေမာမ် မိန့်တော်မူသည်မှာ အေမာမ်များသည် အုပ်စုနှစ်စု ရှိကြသည် ၊ ပထမ အုပ်စုမှာ လူအများကို လမ်းမှန်တရား ညွှန်ကြားဖိတ်ခေါ်ပြီး ဒုတိယ အုပ်စုမှာ လမ်းမှား ဘက်သို့ ပို့ဆောင်ပေးသည်။ မည်သူမဆို လမ်းမှန်ညွှန်ပြဖိတ်ခေါ်သော အေမာမ်ဘက်သို့ ရောက်လာပါက ဂျန္နသ် သုခဘုံသို့ ၀င်ရောက်ရမည်။ မည်သူမဆို လမ်းမှားပို့ဆောင် သော အေမာမ်ဘက်သို့ ရောက်သွားပါက အပယ်ငရဲဘုံ သို့ ၀င်ရောက်ရမည် ဖြစ်သည်။ (58) ဘရှရ် ဗင်န် ဂါလီဘ် သည် အေမာမ် နှင့်အတူ မလိုက်ပါသွားပေ။ သို့သော် နောက်ပိုင်း၌ ၎င်းအား အေမာမ်ဟိုစိုင်း(အစ) ၏ ကဗရ်တော်အနား၌ ငိုကြွေးနေသည်ကို တွေ့ရှိရပြီး အေမာမ်အား မကူညီခဲ့ရသည့်အတွက် နောင်တရကြောင်း ဖွင့်ဟပြောဆိုလေသည်။ (59) စအ်လဘီးယဟ် နေရာ၌လည်း အဘူဟိုရ်ရဟ် အဇ်ဒီ အမည်ရှိသော လူတစ်ဦး သည် အေမာမ်ဟိုစိုင်းန်(အစ) ထံသွားရောက်ပြီး ခရီးနှင်လာရသည့် အကြောင်းအရင်းကို မေးမြန်းလေသည် ထိုအခါ အေမာမ် မိန့်တော်မူသည်မှာ အမဝီမင်းများသည် ကျွန်ုပ် ပိုင်ဆိုင်သည့် အရာကို ယူလိုက်ကြပြီး ရန်သူများကို ပေးလိုက်သည်။ ကျွန်ုပ် သည်းခံခဲ့သည်။ ၎င်းတိုသည် ကျွန်ပ်၏ သွေးကို မြေကြစေလိုသည်။ ကျွန်ုပ် ငိုကြွေးခဲ့သည်။ အို အဘူဟိုရ်ရဟ် ၊ အသင် သိထားပါလေ ကျွန်ုပ်သည် ခေါင်းမာသော လူတစ်စု၏ သတ်ဖြတ်မူကို ခံရပေမည်။ အရှင်မြတ်သည် ၎င်းတိုကို အရှက်တကွဲ ဝတ်ရုံဖြင့် အပြီးအပိုင် ဖုံးအုပ်ပြီး ထက်မြတ်သော ဓားဖြင့် အုပ်စိုးတော်မူ‌ ပေမည်။ ထို့နောက် ၎င်းတိုအား နှိမ့်ချထားပေမည်။ (60)

ကိန်းစ် ဗင်န် မွတ်စ်ဟရ် အား ကူဖွာသို့ စေလွှတ်ခြင်း

ဖော်ပြထားသည်မှာ အေမာမ်ဟိုစိုင်းန်(အစ) သည် ဘက်သ်ွနုရ်ရိုမ္မဟ် နေရာသို့ ရောက်ရှိသည့်အခါ မိမိသည် ကူဖွာသို့ ထွက်ရှိလာကြောင်း သတင်းပေးသည့် စာတစ်စောင်ကို ကူဖွာသားများအတွက် ရေးခဲ့သည်။ (61) အေမာမ်သည် ထိုစာကို ကိနစ် ဗင်န် မွတ်စ်ဟရ် ဆွီးဒါဝီး အား ပေးခဲ့သည်။ ၎င်းသည် ကာဒိစီးယသ် နေရာသို့ ရောက်ရှိသည့်အခါ အိုဘိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် ၏ အုပ်စုသည် ၎င်းသွားမည့် လမ်းကို ပိတ်ဆိုခဲ့ပြီး ၎င်းအား စစ်ဆေးခဲ့သည်။ ကိန်းစ်သည် အီမာမ်၏ စာအား ရန်သူများ သတိမပြုမိစေရန်အတွက် စုတ်ဖြဲခဲ့ရသည်။ ကိန်းစ် ကို ဖမ်းဆီးပြီး အိဗ်နုဇေယာဒ် ထံ သို့ ခေါ်ဆောင်လာသောအခါ၊ အိဗ်နုဇေယာဒ် သည်" အရှင်မြတ်အား ကျိန်ဆိုပါ၏ ၊ ဟိုစိုင်းန် (အစ.) ထံ စာများပေးပိုသော လူများ၏ အမည်များကို အသင် ပြောပါ၊ သို့မဟုတ် တရားဟောစင်ပေါ်တွင် ဟိုစိုင်းန် (အစ) ၊ သူ၏ အဖေ နှင့် အစ်ကိုတိုအား မကောင်းပြောပါလေ ။ ထိုမှသာ အသင့်ကိုငါလွှတ် ပေးမည် ၊ ထိုသို့မဟုတ်ပါက အသင့်ကိုသတ်ပစ်မည် !" ဟု ပြောလေသည်။ ကိန်းစ်သည်လည်း လက်ခံကာ တရားဟောစင်ပေါ်သို့ တက်သွားပြီး အေမာမ်ဟိုစိုင်းန်(အစ) မကောင်းပြောမည့် အစား " ဟိုစိုင်းန် ဗင်န် အလီ (အစ) သည်အရှင်မြတ်၏ အကောင်းဆုံးသော ဖန်ဆင်းခံ ဖြစ်သည် ၊ ထိူသူသည် အသင်တို့ထံသို့ ရောက်ရှိလာပြီ ဖြစ်သည် ၊ ၎င်း ခေါ်ဆိုသည့် အသံအား လဗိုင်းက် ဟူ၍ ဖြေဆိုပါလေ ၊ ထို့နောက် ၎င်းအား ကူညီကြပါလေ ။" ဟု ပြောခဲ့သည်။ ထိုအခါ အိ‌ဗ်နုဇေယာဒ်သည် ကိန်းစ်အား ဒါရွလ်အိမာရဟ် နန်းတော်ထိပ် အပေါ်သို့ ခေါ်သွားပြီး ထိုမှ အောက်သို့ ပစ်ချရန် အမိန့် ပေးခဲ့သည်။ (62)

အဘ်ဒွလ္လာဟ် ဗင်န် ယက္က်သွီရ် အား ကူဖွာ သို့စေလွှတ်ခြင်း

ကောက်နုတ်ထားသည်မှာ အေမာမ်ဟိုစိုင်းန်(အစ) သည် မွတ်စ်လင်မ် ရှာဟာဒသ် ဖြစ်သွားသည့် သတင်းအား မကြားခင်အရင် မိမိ၏ နိုဆိုညီအကို ဖြစ်သူ အဘ်ဒွလ္လာဟ် ဗင်န် ယက္က်သွီရ်(63)အား မွတ်စ်လင်မ် ထံ စေလွှတ်ခဲ့သည်။ ဟဆွီးန်ဗင်န်သမီးမ် သည် ၎င်းအား ဖမ်းစီးကား အိဗ်နာဇေယာဒ် ထံသို့ ခေါ်ဆောင်သွားခဲ့သည်။ အိုဘိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် သည် အဘ်ဒွလ္လာဟ် ဗင်န် ယက္က်သွီရ် အား ဒါရွလ်အေမာရာသ် နန်းတော်ထိပ်သို့ ခေါ်ဆောင်ရန် အမိန့်ပေးခဲ့ပြီး အေမာမ်ဟိုစိုင်းန် (အစ) နှင့် ၎င်း၏ ဖခင် အေမာမ်အလီ(အစ) အပေါ် ကို ကူဖွာ မြိုသားများအရှေ့တွင် ကျိန်ဆဲရန် အမိန့်ပေးခဲ့သည်။ အဘ်ဒွလ္လာဟ်ဗင်န်ယက္က်သွီရ် သည် ဒါရွလ်အေမာရာသ် နန်းတော်ထိပ်သို့ တပ်သွပြီး ကူဖွာသားများကို ပြောသည်မှာ " အိုလူသားအပေါင်းတို ၊ ကျွန်ပ်သည် အသင့်တို တမန်တော်မြတ်၏ သမီးတော်၏ သားဖြစ်သူ ဟိုစိုင်းန်(အစ) စေလွှတ်လိုက်သူ ဖြစ်သည်။ ၎င်းအား ကူညီကြပါ ။ မရ်ဂျာနဟ် ၏ သားကို ဆန္ဒ ပြကြပါ။ " (64) အိုဘိုင်ဒွလ္လာဟ်ဗင်န်ဇေယာဒ် သည် ထိုသို့တွေ့မြင်ရသောအခါ ၎င်းအား နန်းတော်အထပ်မှ အောက်သို့ ပစ်ချရန် အမိန့်ပေးခဲ့သည်။ ၎င်းအသက်ထွက်လုဆဲ အချိတ်၌ပင် လူတစ်ေယာက်ေရာက်လာပြီး ၎င်းအား သတ်သွားခဲ့သည်။ (65) အဘ်ဒွလ္လာဟ် ဗင်န် ယက္က်သွီရ် ၊ မွတ်စ်လင်မ် နှင့် ဟာနီ တို၏ ရှဟာဒသ် သတင်းသည် ဇိုဘာလဟ် ဆိုသော နေရာ၌ အေမာမ်ဟိုစိုင်းန်(အစ) ထံသို့ ရောက်ရှိခဲ့သည်။ (66)

ဘဆွရာ ၌ အေမာမ်ဟိုစိုင်းန်(အစ) ၏ သံတမန်

အေမာမ်ဟိုစိုင်းန်(အစ) သည် စာတစ်စောင်ရေးပြီး ထိုစာအား မိမိ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ စိုလိုင်မားန်ဗင်န် ဇရီးရ် ထံ ပေးပိုခဲ့ပြီး ဘဆွရာ မျိုးနွယ်စု ငါးစုမှ ခေါင်းဆောင်များ (ဆိုလိုသည်မှာ အာလီယဟ်, ဘက္က်ရ်ဗင်န်ဝါအီလ်, သမီးမ်, အဘ်ဒွလ်ကိန်းစ် နှင့် အက်ဇ်ဒ်) အတွက် ပေးပိုခဲ့သည်။ (67) စိုလိုင်မားန်သည် ဘဆွရာ၏ ခေါင်းဆောင် တစ်ဦးချင်းစီဖြစ်သော မာလီက် ဗင်န် မက်စ်မအ် ဘက္က်ရီ ၊ အဟ်နဖ် ဗင်န် ကိန်းစ် ၊ မွန်ဇီရ် ဗင်န် ဂျာရူးဒ် ၊ မက်စ်အူးဒ် ဗင်န် အွမ်ရို ၊ ကိန်းစ်ဗင်န်ဟိုင်စဲရ် နှင့် အွမ်ကို ဗင်န် အိုဘိုင်ဒွလ္လာဟ်ဗင်န်မအ်မဲရ် တိုအား အေမာမ်ဟိုစိုင်းန်(အစ) ၏ စာကို ပေးပိုခဲ့သည်။ (68) စာသားတစ်ခုတည်းဖြင့် ရေးသားထားသော ဤစာများ၏ အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည်။ " အသင်တို့အား အရှင်မြတ်၏ ကျမ်းစာအုပ် နှင့် ၎င်း၏ တမန်တော် ဘက်သို့ ဖိတ်ခေါ်ပါသည်။ ဧကန်စင်စစ် စွန္နသ်များသည် ပျောက်ကွယ်သွားပြီး ဗိသ်အသ် အယူမှားမှုတွေက ရှင်သန်လာပါပြီ။ အကယ်၍ ကျွန်ုပ်၏ ပြောစကားကို နားထောင်ပါက ၊ ကျွန်ုပ်၏ အမိန့်များကို နာခံပါက ၊ အသင်တို့အား မှန်ကန်သည့်လမ်းစဉ်သို့ လမ်းညွှန်ပြသမည် ဖြစ်သည်။ (69) အေမာမ်ဟိုစိုင်းန်(အစ) ၏ စာကို လက်ခံရရှိသော ဘဆွရာ ၏ အကြီးအကဲများသည် ထိုစာကို အိုဘိုင်ဒွလ္လာဟ် ဗင်န်ဇေယာဒ် ၏လှည့်ကွက်များထဲမှတစ်ခု ဖြစ်သည် ဟု ထင်ကြကာ မွန်ဇဲရ်ဗင်န်ဂျာရူးဒ် မှ လွဲ၍ ကျန်သူများအားလုံးသည် စာကို လျှိဝှက်ထားခဲ့သည်။ (70) ထိုကြောင့် နောက်နေ့ အိဗ်နုဇေယာဒ် သည် ကူဖွာ သို့သွားမည့်ညတွင် ထိုအကြောင်းကို သတင်းပိုခဲ့သည်။ (71) အိုဘိုင်ဒွလ္လာဟ်ဗင်န်ဇေယာဒ် သည်လည်း အေမာမ်ဟိုစိုင်းန်(အစ) ၏ စေလွှလိုက်သူကို ခေါ်ဆောင်ကာ ခေါင်းဖြတ်သတ်ခဲ့သည်။ (72)

ကရ်ဘလာ သို့ လမ်းကြောင်းပြောင်းခြင်း

အေမာမ်ဟိုစိုင်းန်(အစ) သည် ဂိုက်းဘွလ်ဟဂျာနားသ် နေရာသို့ ရောက်ရှိပြီးနောက် ကရ်ဘလာသို့ လန်းကြောင်း ပြောင်းရွေ့ရန် အတင်းအကျပ် ခိုင်းစေခဲ့သည်။ (73)

ဟိုရ် ဗင်န် ယဇီးဒ် ရေယာဟီး ၏ စစ်တပ်နှင့် ဆုံတွေ့ခြင်း

အိဗ်နုဇေယာဒ် သည် ကူဖွာ သို့ အေမာမ်ဟိုစိုင်းန် (အစ) လာရောက်နေသည် ကိုသိရှိသောအခါ မိမိ၏ စစ်ခေါင်းဆောင်ကို စစ်သား လေးထောင် နှင့်အတူ ကာဒီစီယဟ် နေရာသို့ စေလွှတ်ခဲ့သည်။ ကာဒီစီယဟ် မှ ခုဖ်ဖားန် အထိ ၊ ကွသ်ွကုသွာနီယဟ် မှ လအ်လအ် အထိ ကြားအကွာအဝေး အတွင်း ဖြတ်သန်းသွားလာသူ များ အား အနီးကပ်စောင့်ကြည့်၍ စာရင်းပေးရန် အမိန့်ပေးခဲ့သည်။ (74) ဟိုရ် ဗင်န် ယဇီးဒ် ရေယာဟီး နှင့် ၎င်း၏ ကွပ်ကဲမှုအောက်တွင် ရှိသော စစ်သားတစ်ထောင်တို့သည် ဟဆွီးန် ဗင်န် သမီးမ် စစ်တပ် ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အေမာမ်ဟိုစိုင်းန်(အစ)၏ လှုပ်ရှားမှုကို တားဆီးရန်အတွက် စေလွှတ်ခဲ့သည်။ (75) အေမာမ်ဟိုစိုင်းန်(အစ) နှင့်အတူ ဤခရီးစဉ်၌ လိုက်ပါခဲ့သော အစက်ဒ် မှ အမျိုးသားတစ်ဦး ဖြစ်သူ အဘူမက်ခ်နက်ဖ် ကောက်နုတ်ဖော်ပြထားသည်မှာ အေမာမ်ဟိုစိုင်းန်(အစ)၏ အဖွဲများသည် နေ့လယ်ခင်းတွင် ရှာရက်ဖ် ဟူသော နေရာမှ ထွက်ခွာသောအခါ ရန်သူစစ်တပ်များ ရောက်ရှိလာခဲ့သည်။ ထိုကြောင့် အေမာမ်ဟိုစိုင်းန်(အစ) သည် ဇူဟဇမ် နေရာသို့ ခရီးဆက်ခဲ့သည်။ (76) ဟိုရ် ဗင်န် ယဇီးဒ် နှင့် ၎င်း၏ တပ်သားများသည် နေ့ခင်းအချိန်၌ အေမာမ်ဟိုစိုင်းန်(အစ) နှင့် ၎င်း၏ နောက်လိုက်သားများ လာရာလမ်းသို့ ပိတ်ခဲ့သည်။ အေမာမ်ဟိုစိုင်းန်(အစ) သည် ဟိုရ်၏ တပ်သားများ နှင့် ၎င်းတို၏ မြင်းများကို ရေတိုက်ဖို့ရန် အမိန့်ပေးခဲ့သည်။ ဇိုဟိုရ် နမာဇ် အချိန် ရောက်လာသည့်အခါ အေမာမ်ဟိုစိုင်းန်(အစ) သည် မိမိ၏ မိုအ်ဇင်န် ဖြစ်သူ ဟဂျာဂ်ျ ဗင်န် မက်စ်ရူးက် ဂျအ်ဖီး အား အာဇာန်ပေးရန် မိန့်ဆိုလေသည်။ နမာဇ် ဖတ်ပြီးနောက် အေမာမ်ဟိုစိုင်းန်(အစ)သည် အရှင်မြတ်အား ကျေးဇူးထောပနာ တင်ပြီး မိန့်တော်မူသည်မှာ "အိုလူသားအပေါင်းတို ၊ အရှင်မြတ်၏ ရှေ့တော်မှောက်၌ ဤအရာသည် အကြောင်းပြချက် တစ်ခုဖြစ်သည်။ ကျွန်ုပ်သည် အသင်တို့၏ စာများ ရောက်ရှိလာပြီးနောက် လာခဲ့ခြင်း ဖြစ်သည်။ အသင်တို စေလွှတ်လိုက်သူသည် ကျွန်ုပ်ထံ ရောက်လာကာ ကျွန်ုပ်အား အသင်တိုထံ လာဖို တောင်းဆိုခဲ့သည်။ အသင်တို ပြောခဲ့သည်မှာ ကျွန်ုပ်တို့၌ အေမာမ် မရှိပါဘူး။ ကျွန်ုပ်၏ အကြောင်းခံဖြင့် အရှင်မြတ်သည် အသင်တိုအား ဟေဒါယသ် လုပ်ပေမည်။ ထိုကြောင့် အကယ်၍ အသင်တို ကတိတည်မည် ဆိုပါက ကျွန်ုပ် အသင်တို့ ရှိရာသို့ လာပေမည်။ အကယ်၍ ကျွန်ုပ် ရောက်လာခြင်းကို မကြိုက်နှစ်သက်ပါက လာရာလမ်းအတိုင်း ပြန်လှည့်သွားပါမည်" ဟိုရ် နှင့် တပ်သားများသည် နုတ်ဆိတ်နေခဲ့ကြသည်။ ထို့နောက် အေမာမ်ဟိုစိုင်းန်(အစ) သည် ဇိုဟိုရ် နမာဇ် အား အုပ်စုဖြင့် ဖတ်ရန် မိမိ၏ မိုအ်ဇင်န် ကို အမိန့်ပေးခဲ့သည်။ ထိုအခါ ဟိုရ် နှင့် တပ်သားများသည်လည်း အေမာမ်နှင့်အတူ လိုက်ဖတ်ခဲ့ကြသည်။ ( 77) ထိုနေ့၏ ညနေအချိန်၌ အေမာမ်ဟိုစိုင်းန်(အစ) သည် မိမိ၏ နောက်လိုက်သားများကို ခရီးဆက်ရန် မိန့်ဆိုခဲ့သည်။ ထို့နောက် တဲနန်းအတွင်မှ အပြင်သို့ ထွက်လာပြီး မိမိ ၏ မိုအ်ဇင်န် အား အဆွရ် နမာဇ် ဖတ်ရန် မိန့်ခဲ့သည်။ အဆွရ် နမာဇ် ပြီးနောက် အေမာမ်ဟိုစိုင်းန်(အစ) သည် လူအများဘက်သို့ မျက်နာမူကာ အရှင်မြတ်အား ကျေးဇူးထောပနာ တင်ပြီး မိန့်ဆိုသည်မှာ "အို လူသားအပေါင်းတို ၊ အကယ်၍ အရှင်မြတ် ၏ သက္ကဝါတရားအား လက်ကိုင်ထားပါက၊ အမှန်တရား နှင့် ပိုမို ထိုက်တန်သူကို အသိအမှတ်ပြုပါက၊ အရှင်မြတ် နှစ်သက်ပေမည်။ ကျွန်ုပ်တို့ အဲဟ်လေဘိုင်းသ် များ သည် အသင်တို အပေါ်၌ တရားမျှတမှု မရှိသူ ၊ အသင် တိုကိုညှဉ်းပန်းနှိပ်စက်သူများထက် ပိုမို သာလွန်မှု ရှိပေသည်။ အကယ် ၍ အသင်တိုသည် ကျွန်ုပ်တို့အပေါ် ဤသို့ မသတ်မှတ်ပါက ကျွန်ုပ်၏ မိန့်ရပ်များကို လိုက်ဆောင်ရွတ်လိုသည့် စိတ်ဓာတ် မရှိပါက အသင်တို၏ စာများသည် အသင်တို၏ ပြောစကားများ ၊ လုပ်ရပ်များနှင့် ကိုက်ညီမှု မရှိပေ။ ထိုသို့ဆိုပါက ကျွန်ုပ်သည် ဤနေရာ၌ပင် မိမိလာရာလမ်းသို့ ပြန်လှည့်သွားမည် ဖြစ်သည်။" ဟိုရ် ဗင်န် ယဇီးဒ် ပြောသည်မှာ ကျွန်ုပ်သည် အသင်ပြောသော စာများနှင့် ပတ်သက်ပြီး သတင်းမရှိပါ။ ကျွန်ုပ်တို့သည် ထိုစာများကို ရေးသားခဲ့သူများ မဟုတ်ပေ။ ကျွန်ုပ်တို့သည် အသင့်အား အိုဘိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် ထံ ခေါ်ဆောင်သွားရန် တာ၀န်ရှိသူများ ဖြစ်သည်။ (78)

အေမာမ်ဟိုစိုင်းန်(အစ) သည် ၎င်း၏ နောက်လိုက်သားများကို " ပြန်လှည့်ကြမည်" ဟု မိန့်ဆိုခဲ့သည်။ ဟိုရ် နှင့် ၎င်း၏ အပေါင်းအဖော်များသည် တားမြစ်ခဲ့ကြသည်။ ဟိုရ် ပြောသည်မှာ "အသင့်အား အိုဘိုင်ဒွလ္လ။ဟ် ဗင်န် ဇေယာဒ် ထံသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်" ဟိုစိုင်းန်(အစ) မိန့်ဆိုသည်မှာ " အရှင်မြတ်အား ကျိန်ဆိုပါ၏ ၊ အသင် ခေါ်ဆောင်ရာသို့ လိုက်မည် မဟုတ်ပေ" ထိုအခါ ဟိုရ် သည် " ကျွန်ုပ်သည် အသင်နှင့် စစ်ဖြစ်ရန် တာ၀န်မရှိပါ။ သို့သော် အသင့်အား ကူဖွာသို့ ခေါ်ဆောင်သွားရမည့် တာ၀န်ရှိပါသည်။ အကယ်၍ အသင်သည် ကျွန်ုပ်တို့နှင့် အတူ မလိုက်ပါက အသင် ကူဖွာကိုလည်း မရောက်သလို မဒီနာ သို့လည်း ပြန်ရမည် မဟုတ်ပေ။ ကျွန်ုပ်သည် အဗ်နေဇေယဒ် ထံစာရေးပေမည် အသင်လည်း ဆန္ဒရှိလျှင် ယဇီးဒ် ထံစာ‌ ရေးပါလေ။ ဤအလုပ်သည် အသင်နဲ့ စစ်ဖြစ်ခြင်းထက်စာလျှင် ပိုမိုသင့်လျှော်မူ ရှိပေသည်။ (79) အေမာမ်ဟိုစိုင်းန်(အစ) သည် ဘယ်ဖပ်လမ်း၌ရှိသော ဂဒီးဘ် နှင့် ကာဒီစီယဟ် ဘက်သို့ ထွက်သွားလေသည်။ "ဂဒီးဘ်" မှ ထိုနေရာ၏ အကွာအဝေးသည် သုံးဆယ့်ရှစ်မိုင်ဖြစ်ပြီး ဟိုရ် သည်လည်း ၎င်းတိုနှင့်အတူ လိုက်ပါသွားခဲ့သည်။ (80)

အိုဘိုင်းဒွလ္လာဟ် ၏ စာပိုသမား

အေမာမ်ဟိုစိုင်းန်(အစ) သည် "ဘိုင်းဇွ" ဟူသော နေရာ၌ (81) ဖဂျရ်နမာဇ် ဖတ်ပြီးနောက် မိမိ၏ နောက်လိုက်သားများနှင့် အတူ ခရီးနှင်ခဲ့ရာ ဇိုဟိုရ် အချိန်နီးပါး၌ "နိုင်းနဝါ" သို့ ရောက်ရှိခဲ့သည်။ (82) အိုဘိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် ၏ စာပိုသမား သည် ဟိုရ် အတွက် ရေးထားသော စာတစ်စောင်ကို ယူဆောင်လာခဲ့သည်။ ယင်းစာမှာ " ကျွန်ုပ်၏ စာ အသင့်ထံသို့ ရောက်ရှိပါက ကျွန်ုပ် စေလွှတ်လိုက်သူလည်း အသင့်အနားသို့ လာရောက်ပြီး ဖြစ်သည် ။ ဟိုစိုင်းန် အား ရေမရှိသော သဲကန္တာရတွင် ဒုက္ခရောက်အောင်လုပ်ပါလေ။ ကျွန်ုပ် ခိုင်းလိုက်သည့် အလုပ်နှင့် ပတ်သက်ပြီး သတင်ပေးစေရန် ကျွန်ုပ် စေလွှတ်လိုက်သူကို အသင်နှင့် အတူရှိဖို အမိန့်ပေးထားသည်။ (83) ဟိုရ် သည် အိဗ်နုဇေယာဒ် ၏ စာကို အေမာမ်ဟိုစိုင်းန်(အစ) အား ဖတ်ပြလေသည်။ အေမာမ်ဟိုစိုင်းန်(အစ) မိန့်တော်မူသည်မှာ ထားလိုက်ပါလေ ကျွန်ုပ်တို့သည် နိုင်းနဝါ သို့မဟုတ် ဂါဇွရီးယဟ် ၌ အနားယူပေမည်။ (84) ထိုအခါ ဟိုရ် သည် " မဖြစ်နိုင်ပေ ၊ အဘယ်ေကြာင့်ဆိုသော် အိုဘိုင်ဒွလ္လာဟ် သည် စာပိုသမားအား ကျွန်ုပ်ကို အသင်အား ထောက်လှမ်းရန် အမိန့်ပေးထားသည်။ " ဟုပြောလေရာ ဇိုဟိုင်ရ် ဗင်န် ကိန်းစ် သည် ပြောသည်မှာ" အရှင်မြတ်အား ကျိန်ဆိုပါ၏ ၊ ထိုအရာများပြီးနောက် ကျွန်ုပ် အပေါ် ပိုမိုခက်ခဲမှု ရှိလာမည်ကို မြင်ယောင်မိပါသည်။ အို ရစူလ်၏သားတော် ယခုအချိန် ဤအုပ်စု ( ဟိုရ် နှင့် ၎င်း၏ တပ်သားများ) နှင့် စစ်ဖြစ်ခြင်းသည် ကျွန်ုပ် တိုအတွက် ပိုမို လွယ်ကူပေလိမ့်မည် ( စစ်ပွဲအောင်နိုင်ခြေ ရှိပေသည်။) ၎င်းတိုနောက် လာရှိမည့် အုပ်စုနှင့် စစ်ဖြစ်မည် ဆိုပါက ကျွန်ုပ်၏ အသက်ကိုပင် ကျိန်ဆို၍ ပြောပါ၏ ထိုစစ်ပွဲ၌ ကျွန်ပ်တို အားလုံး အောင်နိုင်အောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ " အေမာမ်ဟိုစိုင်းန် (အစ) မိန့်ဆိုသည်မှာ " အသင်မှန်ပါသည် သို့သော် ကျွန်ုပ်သည် စစ်ပွဲကို စတင်တိုက်ခိုက်သူ မဖြစ်လိုပေ။ " (85) ထို့နောက် အေမာမ် နှင့် နောက်လိုက်သားများ ခရီးနှင်လာခဲ့ရာ ကရ်ဘလာ သို့ ရောက်ရှိခဲ့သည်။ ဟိုရ် နှင့် ၎င်း၏ တပ်သားများသည် အေမာမ် နှင့် ၎င်း၏ နောက်လိုက်သားများ ကရ်ဘလာမှ ရှေ့ဆက်သွားလို မရအောင် လမ်း ကြောင်းကို ပိတ်ဆိုလိုက်သည်။ (86)


ကရ်ဘလာ ၌ အေမာမ်ဟိုစိုင်းန်(အစ)

ကရ်ဘလာ သို့ အေမာမ်ဟိုစိုင်းန်(အစ) ရောက်ရှိခြင်း

များစွာသော ကျမ်းကိုးများ၌ ကြာသာပတေးနေ့ ၊ မိုဟရမ်လ နှစ်ရက်နေ့ ဟီဂျရီ ၆၁ ခုနှစ်အား အေမာမ်ဟိုစိုင်းန် (အစ) နှင့် ၎င်း၏ နောက်လိုက်သားများ ကရ်ဘလာသို့ ရောက်ရှိသည့်နေ့ ဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။ (87) သို့သော် တတိယရာစု သမိုင်းပညာရှင် ဒီးန်၀ရီး သည် အေမာမ်ဟိုစိုင်းန်(အစ) ကရ်ဘလာ သို့ ၀င်ရောက်သည့် နေ့အား ဗုဒ္ဓဟူးနေ့ ၊ မိုဟရမ်လ တစ်ရက်နေ့ ဟုဖော်ပြထားသည်။ (88) ဟိုရ် သည် အေမာမ်ဟိုစိုင်းန်(အစ) အား " ထိုနေရာ၌ပင် နားနေလိုက်ပါ ၊ ဖိုရာသ် မြစ်ကမ်းနှင့် နီးပေသည်" ဟုပြောလေရာ အေမာမ်ဟိုစိုင်းန်(အစ) သည် "ဤနေရာ၏ အမည်မှာ အဘယ်နည်း" မေးလေရာ " ကရ်ဘလာ" ဖြစ်သည်ဟု ဖြေဆိုကြသည်။ အေမာမ်(အစ) မိန့်တော်မူသည်မှာ "ဤနေရာသည် ကရ်ဘ် ၀မ်းနည်းခြင်း ၊ ဘလာရှိသည့် နေရ ပင်ဖြစ်သည်။ ကျွန်ုပ်၏ ဖခင်သည် ဆွီဖ်ဖွီးန် စစ်ပွဲမှ အပြန် ဤနေရာကို ဖြတ်ကျော်ခဲ့သည့် အချိန် ကျွန်ုပ်သည် ၎င်းနှင့်အတူ ရှိပေသည်။ ထို့နောက် ကျွန်ုပ်၏ ဖခင်သည် မတ်တပ်ရပ်ကာ ဤနေရ။၏ အမည်ကို မေးမြန်းခဲ့ပြီး ဤနေရာ၏ အမည်ကို ပြောပြခဲ့ကြသည် ထို့နောက် မိန့်တော်မူသည်မှာ ဤနေရာသည် ၎င်းတို၏ စီးယာဉ်များ ရပ်နားမည့် နေရာ ၊ ၎င်းတို၏ သွေး မြေကြမည့် နေရာ ဖြစ်သည်။ " ထိုအခါ အပေါင်းအပါများသည် ထိုသို့ ပြောရသည့် အေကြာင်းရင်းကို မေမြန်းကြရာ မိန့်တော်မူသည်မှာ " တမန်တော် မိုဟမ္မဒ်(ဆွ) ၏ အိမ်တော်သူ အိမ်တော်သားများ အနက်မှ အုပ်စာတစ်စု ဤနေရာကို ရောက်လာကြပေမည်။" (89) ထို့နောက် အေမာမ်ဟိုစိုင်းန်(အစ) မိန့်တော်မူသည်မှာ " ဤနေရာသည် ကျွန်ုပ်တို့၏ စီးနှင်းများ ရပ်နားမည့် နေရာ ၊ ခိုင်မာ တဲနန်းများ ရှိမည့် နေရာ၊ ကျွန်ုပ်တို့၏ အမျိုးသားများအသတ်ခံရမည့် နေရာ နှင့် ကျွန်ုပ် တို့၏သွေးများ စီးဆင်းမည့် နေရာ ဖြစ်သည်။" (90) ထို့နောက် အထုပ်အပိုးများကို အောက်သို့ချရန် အမိန့်ပေးခဲ့သည်။ ဖော်ပြထားသည်မှာ အေမာမ်ဟိုစိုင်းန်(အစ) သည် ကရ်ဘလာ၌ နေရာချပြီး သားသမီးများ ၊ ညီအကိုများ နှင့် မိသားစု၀င်များ ကို စုစည်းလိုက်ပြီး ၎င်းတိုဘအား ကရုဏာ အကြည့်ဖြင့် ကြည့်ကာ ငိုကြွေးလေသည်။ ထို့နောက် မိန့်တော်မူသည်မှာ " အိုအရှင်မြတ်၊ ကျွန်ုပ်တို့အား [မြိုနှင့်နိုင်ငံ] မှ နှင်ထုတ်ခဲ့ကြသည်။ ကျွန်ုပ်တို့ တမန်တော် မိုဟမ္မဒ် (ဆွ) ၏ မိသားစု၀င်များ ဖြစ်ကြပါသည်။ အိုအရှင်မြတ် ကျွန်ုပ်တို့၏ ရပိုင်ခွင့် ဟက္က် ကို ၎င်းတို့ထံမှ ပြန်ယူပါလေ။ ကျွန်ုပ်တို့အား မတရား ညှင်းပန်း ဖိနှိပ်သူများကို ခုခံရာ၌ ကူညီဆောင်မတော် မူပါ။ ထို့နောက် နောက်လိုက်သားများဘက်သို့ မျက်နှာမူပြီး မိန့်တော်မူသည်မှာ

اَلنَّاسُ عَبِیدُ الدُّنْیا وَالدِّینُ لَعْقٌ عَلَی أَلْسِنَتِهِمْ یحُوطُونَهُ مَا دَرَّتْ مَعَایشُهُمْ فَإِذَا مُحِّصُوا بِالْبَلَاءِ قَلَّ الدَّیانُونَ

ဘာသာပြန် ။ ။ လူသားများသည် လောက၏ ကျေးကျွန်များ ဖြစ်ကြသည်။ ဘာသာတရားသည် ၎င်းတို၏ နုတ်ဖြား၌ ရှိသည်။ ၎င်းတို၏ ဘ၀ သာယာချောမွေ့ နေသရွေ့ သာသနာကို ထောက်ပံ့ကူညီမှု ရှိပေမည်။ သို့သော် ဒုက္ခ ၊ ခက်ခဲမှုများ နှင့် ရင်ဆိုင်လာရပါက ဘာသာတရား ကိုင်းရှိင်းသူ နည်ပါသွားသည်။ ခဝါရ်ဇမီး ၊ မက္ကသလ်လွလ် ဟိုစိုင်းန်၊အက္ကသဘွလ်မိုဖီးဒ်၊အတွဲ၁၊စာမျက်နှာ၃၃၇

ထို့နောက် အေမာမ်ဟိုစိုင်းန်(အစ)သည် ထို့နောက် လေးမိုင် ခန့်ရှိသော ကရ်ဘလာ မြေကို ဒီရ်ဟမ် ခြောက်သောင်းဖြင့် ထိုမြိုခံများထံမှ ဝယ်ယူကာ လူများကို မိမိ၏ ကဗရ်ရှိမည့်နေရာသို့ လမ်းညွှန်ကာ ဇေယာရသ် လာကြသူများကို သုံးရက်တိုင်တိုင် ကျွေးမွေးဧည့်ခံရန် မိန့်ဆိုခဲ့သည်။ (91) ဟိုရ် ဗင်န် ယဇီးဒ် ရေယာဟီး သည် အိုဘိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် ထံ စာတစ်စောင် ရေးပြီး အေမာမ်ဟိုစိုင်းန်(အစ) ကရ်ဘလာ၌ နေရာချလိုက်ပြီး ဖြစ်ကြောင်းကို သတင်းပေးခဲ့သည်။ (92) ထိုစာရပြီးနောက် အိုဘိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် သည် အေမာမ်ဟိုစိုင်းန်(အစ) ထံ စာတစ်စောင် ပြန်ရေးလေသည်။ ယင်းစာမှာ

" အို ဟိုစိုင်းန် ၊ အသင် ကရ်ဘလာ၌ ရှိနေသည်ကို သတင်းရှိပါသည်။ အမီးရွလ်မိုအ်မေနီး ယဇီးဒ် ဗင်န် မိုအာဝီယာ သည် ကျွန်ုပ်အား ခေတ္တမျှ အိပ်စပ်ခြင်း ၊ အစာစားခြင်း မပြုစေပဲ အသင့်အား အလွန်တရာမှ ဉာဏ် ပညာရှိတော်မူသော အရှင်မြတ်ထံသို့ ရောက်အောင် ပို့ဆောင်ပေးရန် သို့မဟုတ် အသင့်အား ကျွန်ုပ်၏ စည်းမျဉ်း ဥပဒေသ နှင့် ယဇီးဗင်န်မိုအာဝီယာ၏ စည်းမျဉ်းဥပဒေသ များကို လိုက်နာဆောင်ရွက်ရန် အမိန့်ထုပ် ထားပါသည်။ ၀စ္စလာမ်။ (93) ကောက်နုတ်ဖော်ပြထားသည်မှာ အေမာမ်ဟိုစိုင်းန်(အစ) သည် ထိုစာကို ဖတ်ပြီးနောက် လွှင့်ပစ်လိုက်ပြီး မိန့်တော်မူသည်မှာ " အရှင်မြတ်၏ ကျေနပ်နှစ်သက်မူကို မိမိ၏ ကျေနပ်နှစ်သက်မူထက် ဦးစားပေး အလေးထားသော အုပ်စုသည် အောင်မြင်မူ ရရှိသော သူများ ဖြစ်ကြပေမည်။ " အိဗ်နုဇေယာဒ်၏ စာ ပိုသမားသည် အေမာမ်ဟိုစိုင်းန်(အစ) အား " အို အဘာအက်ဘ်ဒိလ္လာဟ် ၊ စာပြန်စာ မပေးဘူးလား?" ဟု ပြော လေရာ အေမာမ်ဟိုစိုင်းန်(အစ) မိန့်တော်မူသည်မှာ " ထိုစာ၏ အဖြေသည် အရှင်မြတ်၏ ပြင်းထန်သော အပြစ်ငရဲသာ ဖြစ်သည်။ ယင်းသည် ၎င်းထံ အလျင်အမြန် ရောက်ရှိလာပေမည်။ " စာပို့သမားလည်း အိဗ်နုဇေယာဒ် ထံပြန်သွားပြီး အေမာမ်၏ ဆိုစကားများကို ပြန်ပြောပြလေသည်။ အိဗ်နုဇေယာဒ် သည်လည်း အေမာမ်ဟိုစိုင်းန် (အစ) နှင့် တိုက်ခိုက်ရန် စစ်တပ်ကို အဆင်သင့် ပြင်ဆင်ထားရန် အမိန့်ပေးခဲ့သည်။ ( 94)

အွမ္မရ် ဗင်န် စအ်ဒ် ကရ်ဘလာသို့ ၀င်ရောက်လာခြင်း

အွမ္မရ် ဗင်န် စအ်ဒ် သည် မိုဟရမ်လ သုံးရက်နေ့၌ ကူဖွာမြိုမှ လူလေးထောင်နှင့်အတူ ကရ်ဘလာ သို့ ရောက်ရှိလာသည်။(95) အွမ္မရ် ဗင်န် စအ်ဒ် က ကရ်ဘလာ သို့ ဘယ်လိုရောက်လာသလဲ ဆိုတာကို ဤသို့ပြောပြထားသည်မှာ - အိုဘိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် သည် အွမ္မရ် ဗင်န် စအ်ဒ် အား ကူဖွာ မြိုသား လေးထောင်၏ တပ်မှူးအဖြစ် ခန့်အပ်ပြီး ဤဒေသကို သိမ်းပိုက်ခဲ့သော ဒီလီမ်ယာနီးမျိုးနွယ် များကို တိုက်ခိုက်ရန် ရိန်းမြို့ နှင့် ဒက်စ်သဘီးမြို့ ထံသို့ သွားရန် အမိန့်ပေးခဲ့သည်။ အိုဘိုင်ဒွလ္လာဟ် သည်လည်း ရိန်း ၏ အစိုးရ အမိန့်ကို အိဗ်နုစအ်ဒ် အမည်ဖြင့် ရေးသားခဲ့ပြီး ၎င်းကို ဤမြို့၏ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခဲ့သည်။ စက်အ်ဒ် ၏သားသည် ဟမားမ်အအ်ယန် ဟုခေါ်သော ကူဖွာ အပြင်ဘက်တွင် ၎င်း၏ အပေါင်းအဖော်များနှင့်အတူ စခန်းချခဲ့သည်။ သူသည် ရိန်း သို့သွားရန် ပြင်ဆင်နေချိန်၊ အေမာမ်ဟိုစိုင်းန် (အစ.) သည် ကူဖွာ သို့ ပြောင်းရွှေ့သွားသောအခါ၊ အိဗ်နုဇေယာဒ် မှ အွမ္မရ် ဗင်န် စအ်ဒ် အား အေမာမ်ဟိုစိုင်းန် (အစ) နှင့် စစ်တိုက်ပြီး ထိုစစ်ပွဲပြီးမှ ရိန်းသို့ သွားရန် အမိန့်ပေးခဲ့သည်။ အိဗ်နေစအ်ဒ် သည် အေမာမ်ဟိုစိုင်းန် (အစ) နှင့် စစ်ပွဲဖြစ်ရမည်ကို မကြိုက်နှစ်သက် ပေ။ ထိုကြောင့်၊ အိုဘိုင်ဒွလ္လာဟ် အနေဖြင့် မိမိ့ကို ဤအလုပ်မှ ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် အိဗ်နုဇီယာဒ်သည် စစ်မတိုက်ပါက ရိန်း ၏ အုပ်ချုပ်မှု ကို လက် လွှတ်လိုက်ရမည် ဖြစ်ကြောင်း ပြောခဲ့သည်။ (96) အွမ္မရ် စအ်ဒ်သည်လည်း အိုဘိုင်ဒွလ္လာဟ်၏ လုပ်ကိုင်မူကို တွေ့မြင် ရသောကြောင့် ကရ်ဘလာသို့ သွားရန် သဘောတူညီခဲ့သည်။ (97) ထို့နောက် တပ်သားများနှင့် အတူ ကရ်ဘလာသို့ သွားခဲ့သည်။ နောက်နေ့ အေမာမ်ဟိုစိုင်းန်(အစ) နိုင်းနဝါ၌ စခန်းချမည့်နေရာသို့ ရောက်ရှိခဲ့သည်။ (98)

အေမာမ်ဟိုစိုင်းန်(အစ) နှင့် အွမ္မရ် ဗင်န် စအ်ဒ် တိုအကြား အပြန်အလှန် စကားပြောဆိုခြင်း

အွမ္မရ်ဗင်န်စအ်ဒ်သည် ကရ်ဘလာသို့ ရောက်ပြီးနောက် အေမာမ်ဟိုစိုင်း(အစ) အား ဤနေရာသို့ ဘာကြောင့် လာသနည်း၊ ဘာအလိုရှိသနည်း ဟူ၍ မေးမြန်းရန် အေမာမ်ဟိုစိုင်း(အစ) ထံသို့ စာပို့သမား တစ်ယောက် စေလွှတ်လိုခဲ့သည်။ အွမ္မရ်ဗင်န်စအ်ဒ်သည် ထိုအလုပ်အား ပြုလုပ်ဖို့ရန်အတွက် အွဇ်ရဟ်ဗင်န်ကိန်းစ် ၊ အဟ်မစီ တို့အား အကြံပြုခဲ့သည်။ သို့သော် ၎င်းတိုသည် လက်မခံခဲ့ကြပေ။ (99) သို့သော် ကစီးရ်ဗင်န်အိုဘိုင်ဒွလ္လာဟ် ရှအီးဗဟ် သည် လက်ခံခဲ့ပြီး အေမာမ်ဟိုစိုင်းန်(အစ) ၏ တဲနန်း ရှိရာသို့ သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အဘူစိုမာမဟ်ဆွာအိဒီ သည် ကစီးရ် လက်နက်ကိုင်၍ အေမာမ်ဟိုစိုင်းန်(အစ) ထံသွားမည်ကို တားမြစ်ခဲ့သည်။ နောက်ဆုံး၌ ကစီးရ် သည် အွမ္မရ်ဗင်န်စအ်ဒ် ထံ အကျိုးမရှိစွာ ပြန်လာခဲ့သည်။ ( 100) ကစီးရ် ဗင်န် အဘ်ဒွလ္လာဟ် ပြန်လာပြီးနောက် အွမ္မရ်ဗင်န်စအ်ဒ် သည် ကွရ်ရဟ်ဗင်န်ကိန်းစ်ဟန်ဇလီ (1၀1) ကို အေမာမ်ဟိုစိုင်းန်(အစ) ထံသို့ သွားရန် ပြောခဲ့ပြီး ၎င်းသည်လည်း လက်ခံခဲ့သည်။ အေမာမ်ဟိုစိုင်းန်(အစ)သည် အွမ္မရ် စအ်ဒ် ၏ အဖြေကို ဖြေဆိုရာ၌ ကိုရ်ကဟ် ဆိုသူအား မိန့်တော်မူသည်မှာ " အသင့်မြိုမှ မြိုသားများသည် ကျွန်ုပ်ဒီကို လာဖို့ရန် စာရေးပြီး ဖိတ်ခေါ်ခဲ့ကြသည်။ ယခုအခါ အကယ်၍ ကျွန်ပ်ကို မလိုလားပါက ပြန်လှည့်ပြန်သွားပါမည်" အွမ္မရ် စအ်ဒ်သည် ထိုဖြေမူအာ ၀မ်းမြောက်ခဲ့သည်။ (102) ထို့နောက် အွမ္မရ် စအ်ဒ်သည် အိဘ်နုဇေယာဒ် ထံ စာရေးပြီး အေမာမ်ဟိုစိုင်းန်(အစ) ၏ ဖြေဆိုမူကို သတင်းပေးခဲ့သည်။ (103) အိုဘိုင်ဒွလ္လာဟ် ဗင်န် ဖဇယ ဒ် သည် အွမ္မက် စအ်ဒ် ရေးသည့်စာကို ‌ပြန်ဖြေဆိုခဲ့သည်မှာ ဟိုစိုင်းန်(အစ) နှင့် ၎င်း၏ နောက်လိုက်သားများ သည် ယဇီးဒ် အား ဘိုင်အသ် သစ္စာ ခံယူရမည်ကို တောင်းဆိုခဲ့သည်။ (1၀4)

စစ်သားများ အား ကရ်ဘလာသို့ စေလွှတ်ရန် အိဗ်နေဇေယာဒ် ၏ ကြိုးပမ်းပုံ

အေမာမ်ဟိုစိုင်းန်(အစ) ကရ်ဘလာသို့ ရောက်ရှိပြီးနောက် အိုဘ်ုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် သည် လူများကို ကူဖွာ မက်စ်ဂျီဒ်၌ စုစည်းပြီး ယဇီးဒ် ပိုပေးလိုက်သည့် ပစ္စည်းဥစ္စာများ (ဒီနာလေးထောင် ၊ ဒီဟမ်နှစ်သိန်း) ကို ထိုလူထုအကြား ခွဲဝေပေးခဲ့သည်။ ထို့နောက် ၎င်းတိုအား အွမ္မရ် ဗင်န် စအ်ဒ် အာကူညီပြီးအေမာမ်ဟိုစိုင်းန်(အစ) နှင့် စစ်ဖြစ်ရန် ဖိတ်ခေါ်ပြောဆိုခဲ့သည်။ (105) အိုဘ်ုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် သည် အွမ်ရို ဗင်န် ဟိုရိုင်းစ် အား ကူဖွာမြို၀န်အဖြစ် တာ၀န်ပေးခဲ့ပြီး မိမိကိုယ်တိုင် ၎င်း၏ တပ်သားများနှင့်အတူ ကူဖွာ မှ ထွက်လာခဲ့ပြီး နိုခိုင်လာနေရာ၌ စခန်းချခဲ့သည်။ ထို့နောက် လူထုအား နိုခိုင်လဟ် သို့ ရွှေ့ခိုင်းခဲ့သည်။ (106) ကူဖွာသားများအာ အေမာမ်ဟိုစိုန်(အစ) ၏ အဖွဲသားများနှင့် မပူးပေါင်း မိစေရန် ၎င်းသည် ကူဖွာ တံတားကို ထိန်းချုပ်ခဲ့ပြီး မည်သူမျှ ဖြတ်ကျော်ခွင့်မပြုခဲ့ပေ။ (107) အိုဘိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် ၏ အမိန့်အရ ဟဆွီးန်ဗင်န်သမီးမ် နှင့် သူ၏ ကွပ်ကဲမှု အောက်ရှိ တပ်သားလေးထောင်ကို ကာဒီစီယဟ် မှ နက်ခ်လီယဟ် သို့ခေါ်ခဲ့သည်။ (108) မိုဟမ္မဒ် ဗင်န် အက်ရှ်အစ် ဗင်န် ကိန်းစ် ကန်ဒီ ၊ ကစီးရ်ဗင်န်ရှဟာဘ် နှင့် ကအ်ကာအ်ဗင်န်စဝီးဒ် တိုသည်လည်း အိဗ်နေဇေယာဒ် ဘက်မှ အေမာမ်ဟိုစိုင်းန်(အစ) နှင့် ဖြစ်မည့် တိုက်ပွဲအတွက် ပြင်ဆင်ရန် တာ၀န်ပေးခဲဘသည်။ (109) အိဗ်နေဇေယာဒ် သည်လည်း စဝီးဒ် ဗင်န် အဘ်ဒွရ်ရဟ်မားန် မန်ကရီး အား မြင်းတပ်သား အချို့နှင့်အတူ ကူဖွာသို့ စေလွှတ်ကာ ကူဖွာ၌ အေမာမ်ဟိုစိုင်းန်(အစ) နှင့် စစ်ဖြစ်မည့် တိုက်ပွဲသို့ လိုက်ပါရန် ငြင်းဆန်သူတိုင်း ကို မိမိထံသို့ ပို့ဆောင်ရန် အမိန့်ပေးခဲ့သည်။ စဝီးဒ် သည် ထိုသူများ ကူဖွာ တွင်ရှာဖွေခဲ့ရာ ရှာမ် မှ ကူဖွာ သို့ အမွေအား တောင်းရန် ရောက်လာသော ရှာမ်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး အိဗ်နေဇေယာဒ် ထံ သို့စေလွှတ်ခဲ့သည်။ထိုအလုပ်သည် (ကူဖွာသားများကို ခြောက်လှန့်ခြင်း ဖြစ်သည်) ထို့နောက် ထိုအမျိုးသားအား သတ်ရန် အမိန့် ထုပ်ခဲ့သည်။ လူထုသည် ထိုသို့ တွေ့မြင်ပြီးနောက် အားလုံးအတူတူ နက်ခ်လီယဟ် သို့ ထွက်လာခဲ့ကြသည်။ (110) နက်ခ်လီယဟ် ၌ လူများစုစည်းပြီးနောက် ၊ အိုဘိုင်ဒွလ္လာဟ် သည် ဟိုစိုင်းန်ဗင်န် နိုမိုင်းရ် ၊ ဟဂ်ျဂျာရ် ဗင်န် အဘ်ဂျဲရ် ၊ ရှဘက်စ် ဗင်န် ရီဘ်အီ နီင့် ရှင်မ်ရ် ဗင်န် ဇီလ်ဂျောင်ရှန် တိုအား အိဗ်နေစအ်ဒ် ကို ကူညီဖို့ရန် တပ်သားများ ရှိရာ စခန်းသို့ သွားရောက် ပူးပေါင်းကြရန် အမိန့်ထုပ်ခဲ့သည်။ (111) ရှင်မ်ရ် သည် ၎င်း၏ အမိန့်ကို လုပ်ဆောင်ခဲ့သည့် ပထမဦးဆုံးသူ ဖြစ်ပြီး သွားရောက်ရန် အဆင်သင့် ဖြစ်နေပေသည်။ ( 112) ရှင်မ်ရ် ပြီးနောက် ၊ ဇိုင်းဒ် ( ယဇီးဒ်) ဗင်န် ရကာဘ် ကလ်ဘီး သည် တပ်သား နှစ်ထောင် နှင့်အတူ ၊ ဟိုစိုင်းန် ဗင်န် နိုမိုင်းရ် သည် တပ်သား လေးထောင် နှင့်အတူ ၊ မဆွာဘ် မာရီ( မိုဿွာယီရ် ဗင်န် ရဟီးနဟ် မာဇိနီ) သည် တပ်သား သုံးထောင်နှင့်အတူ ( 113) ထို့နောက် ဟဆွီးန် ဗင်န် သမီးမ် သွဟ်ဝီ သည် တပ်သား နှစ်ထေ င် နှင့်အတူ ၊ နက်ဆ်ွရ် ဗင်န် ဟရ်ဘဟ် ( ဟရရှဟ်) သည် ကူဖွာသား နှစ်ထောင် နှင့်အတူ ထွက်လာကြပြီး အွမ္မ်ရ် ဗင်န် စအ်ဒ် ၏ တပ်သားနှင့် ပူးပေါင်းခဲ့ကြသည်။ (115) ထိုအခါ အိဗ်နေဇေယာဒ် သည် ရှဘက်စ် ဗင်န် ရီဘ်အီး ထံ အမျိုးသားတစ်ယောက်ကို စေလွှတ်ပြီး ၎င်းတို့အား အွမ္မရ် ဗင်န် စအ်ဒ် ထံသွားရောက်ဖို ပြောခဲ့သည်။ ရှဘက်စ် သည်လည်း မြင်းစီးတပ် အယောက် တစ်ထောင် နှင့်အတူ အွမ္မရ် ဗင်န် စပ်ဒ် ထံသို့ သွားရောက်ပူးပေါင်းခဲ့သည်။ (116) ရှဘက်စ်သွား ပြီးနောက် ဟဂ်ျဂျာရ် ဗင်န် အက်ဘ်ဂျဲရ် သည် မြင်းစီးတပ် အယောက် တစ်ထောင်နှင့် အတူ ၊ ၎င်းပြီးနောက် မိုဟမ္မဒ် ဗင်န် အက်ရှ်အက်စ် ဗင်န် ကိန်းစ် ကန်ဒီ သည် မြင်းစီးတပ် အယောက် တစ်ထောင် နှင့်အတူ အွမ္မရ် ဗင်န် စအ်ဒ် နှင့် ပူးပေါင်းခဲ့သည်။ (118) ထို့နောက် ဟာရီစ် ဗင်န် ယဇီးဒ် ဗင်န် ရူယမ် သည်လည်း ဟဂ်ျဂျာရ် ဗင်န် အက်ဘ်ဂျဲရ် ပြီးနောက် ကရ်ဘလာသို့ ရောက်လာခဲ့သည်။ (119) အိုဘိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် သည် နေ့စဉ်နေ့တိုင်း ကူဖွာ စစ်သား တစ်စုကို လူနှစ်ဆယ်၊ သုံးဆယ်၊ ငါးဆယ်မှ တစ်ရာ အထိ အုပ်စုဖွဲကာ ကရ်ဘလာ သို့ စေလွှတ်ခဲ့သည်။ (120) ထိုသို့ဖြင့် မိုဟရမ်လ ခြောက်ရက်နေ့တွင် အွမ္မရ် ဗင်န် စအ်ဒ် ၏စစ်တပ် အဖွဲဝင်ဦးရေသည် လူနှစ်သောင်းကျော်ရောက်ရှိခဲ့သည်။ (121) အိုဘိုင်ဒွလ္လာဟ် သည် အွမ္မရ် ဗင်န် စအ်ဒ် အား ထိုတပ်သားများအားလုံး၏ ခေါင်းဆောင် တပ်မှုးအဖြစ် ခန့်အပ်ခဲ့သည်။

ဟဘီးဘ် ဗင်န် မဇွာဟီရ် သည် အင်အားစုစည်းရန် ကြိုးပမ်းပုံ

ကရ်ဘလာ၌ ရန်သူ့စစ်တပ်များ စုစည်းပြီးနောက် ဟဘီးဘ် ဗင်န် မဇွာဟီရ် အစက်ဒီ သည် အေမာမ်ဟိုစိုင်းန်(အစ) ၏ နည်းပါးသော နောက်လိုက်သားများကို မြင်တွေ့ပြီးနောက် မိမိသည် အေမာမ်ဟိုစိုင်းန်(အစ) ၏ ခွင့်ပြုချက်ဖြင့် မိမိကိုယ်ကို ဗနီအစက်ဒ် မျိုးနွယ်စုသို့ အမည်ဝှက်ဖြင့် ဆက်သွယ်ပြီး တမန်တော်မြတ်သမီးတော်၏ သား‌ဖြစ်သူ အေမာမ်ဟိုစိုင်းန်(အစ)အား ကူညီဖို့ရန် တောင်းဆိုခဲ့သည်။ ဗနီအစက်ဒ်သည် ဟဘီးဘ် ဗင်န် မဇွာဟီရ် အစက်ဒီ နှင့်အတူ အေမာမ်ဟိုစိုင်းန်(အစ) ရှိသည့် နေရာသို့ ရောက်အောင်သွားခဲ့ကြသည် ။ အရ်ဇက် ဗင်န် ဟရ်ဘ် ဆွီဒါဝီး ဦးဆောင်သော အွမ္မရ် ဗင်န် စအ်ဒ် စစ်တပ်မှ မြင်းတပ်သားဘလေးရာ သို့မဟုတ် ငါးရာသည် ယူဖရေးတီးမြစ်တစ်လျှောက် ၎င်းတိုအတွက် လမ်းကို ပိတ်ဆိုထားခဲ့ကြသည်။ ထိုကြောက့် ဗနီအစက်ဒ် တိုသည် မိမိတို၏ အိမ်သို့ ပြန်လှည့်လာကြသည်။ သို့သော် ဟဘီးဘ် တစ်ယောက်တည်းသာလျှင် အေမာမ်ဟိုစိုင်းန်(အစ) ထံသို့ ရောက်အောင်သွားခဲ့သည်။ (122)

မိုဟရမ် ခုနှစ်ရက်နေ့ နှင့် ရေ ပိတ်လိုက်ခြင်း

မိုဟရမ် ခုနှစ်ရက်နေ့ ၌ အိုဘိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် သည် အွမ္မရ် ဗင်န် စအ်ဒ် ထံသို့ စာရေးကာ အေမာမ် ဟိုစိုင်းန် နှင့် ၎င်း၏ နောက်လိုက်များ အပေါ် ရေ မပေးရန် ၊ ရေပိတ်ဆိုထားရန် အမိန့်ပေးခဲ့သည်။ ထိုစာ အွမ္မရ် ‌ဗင်န် စအ်ဒ် ထံ ရောက်ရှိသောအခါ သယသည် အွမ်ကို ဗင်န် ဟဂ်ျဂျာဂ်ျ ဇိုဘိုင်ဒီး အား ဖိုရာသ် မြစ်ကမ်းနားသို့ မြင်းစီးတပ် အယောက် ငါးရာဖြင့် သွားရောက်ကာ အေမာမ်ဟိုစိုင်းန် နှင့် ၎င်း၏ နောက်လိုက်သားများ အပေါ် ရေမရောက်ရှိရန် တားဆီးခဲ့သည်။ (123) အချို့ ကျမ်းကိုးများ၌ ဖော်ပြထားသည်မှာ ရေပိတ်ပြီး ရေငတ်မှု ပြင်းထန်လာပြီး နောက်တွင် အေမာမ်ဟိုစိုင်းန် (အစ) သည် ၎င်း၏ ညီဖြစ်သူ အဗ္ဗာစ် အား မြင်းတပ်သား သုံးဆယ် ၊ ခြေလျှင်တပ်သား နှစ်ဆယ် နှင့်အတူ ခပ်ဖို့ရန် ရေအိပ် နှစ်ဆယ် ဖြင့် စေလွှတ်ခဲ့သည်။ ၎င်းတိုသည် ညဘက်တွင်၊ ဟလ္လာလီ ဂျဘလီ သည် အလံကိုင်ထားသော အဖွဲရှေ့၌ လမ်းလျောက်နေချိန်တွင် ၎င်းတိုသည် ထွက်ခွာပြီး ဖိုရာသ် (ယူဖရေးတီး) မြစ်သို့ ရောက်ရှိခဲ့ကြသည်။ ဖိုရာသ် (ယူဖရေးတီး) မြစ်ကို ကာကွယ်ရန် တာဝန်ရှိသော အွမ်ရို ဗင်န် ဟဂ်ျဂျာဂ်ျ သည် အေမာမ်ဟိုစိုင်းန် (အစ) ၏ နောက်လိုက်သားများနှင့် ရင်ဆိုင်ခဲ့သည်။ အေမာမ်ဟိုစိုင်းန်(အစ) ၏ နောက်သားများ အနက်မှ အချို့အုပ်စုသည် ရေအိပ်ထဲသို့ ရေဖြည့်ခဲ့ပြီး ၊ အခြားအုပ်စုတစ်စုသည် ဥပမာ ဟဇရသ်သေ အဗ္ဗာစ် (အစ) နှင့် နာဖေအ် ဗင်န် ဟလ္လာလ် တိုသည် ရန်သူများနှင့် တိုက်ခိုက်ခဲ့သည်။ ၎င်းတိုသည့် ရေအိပ်များ ခိုင်မာ တဲနန်းသို့ ကောင်းမွန်စွာ ရောက်ရှိစေရန် ၀င်ရောက်လာသည့် ရန်သူများကို တိုက်ခိုက်ခဲ့သည်။ အေမာမ်ဟိုစိုင်းန်(အစ) ၏ နောက်လိုက်သားများသည် ရေများကို ခိုင်မာတဲနန်းရှိရာသို့ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ကြသည်။ (124)

သာစူအာနေ့ (မိုဟရမ်လ ကိုးရက်နေ့)

ရှင်မ်ရ် ဗင် ဇီလ်ဂျောင်ရှန်သည် ကြာသပတေးနေ့ ဇိုဟိုရ်အချိန် နောက်ပိုင်း ၊ မိုဟရမ်လ ကိုးရက်နေ့ ဟီဂျရီ ၆၁ ခုနှစ်၌ အဆွရ် နမာဇ် ပြီးနောက် အွမ္မရ် ဗင်န် စအ်ဒ် ထံ ရောက်ရှိခဲ့ပြီး အိုင်ဘိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် ၏ သတင်းကို ပေးခဲ့သည်။ (131) အွမ္မရ် ဗင်န် စအ်ဖဒ် သည် ရှင်မ်ရ် ကို ပြောသည်မှာ : ကျွန်ုပ်ကိုယ်တိုင် ဤအလုပ်ကို တာ၀န်ယူ လုပ်ဆောင်မည် ဖြစ်သည်။ (132) ရေဝါယသ် တစ်ခုအရ ရှင်မ်ရ် ၊ အခြား ရေဝါယသ်တစ်ခု အရ အိုဘိုင်ဒွလ္လာဟ် ဗင် အဘီလ်ဟမ်လ် သည် အွမ်မွလ်ဘနီးန် ၏ တူများဖြစ်ကြပြီး အိဗ်နေဇေယာဒ် ထံမှ အွမ်မွလ်ဘနီးန်၏ သားသမီးများအတွက် ခိုလှုံခွင့်စာ တောင်းခံခဲ့သည် ဟု လာရှိထားသည်။ (133) အဘ်ဒွလ္လာဟ် သည် မိမိ၏ ခိုလှုံခွင့်စာကို ၎င်း၏ ကျေးကျွန်တစ်ယောက်ဖြင့် ကရ်ဘလာသို့ ပိုခဲ့သည်။ ထို့နောက် မိမိကိုယ်တိုင် ကရ်ဘလာသို့ ရောက်သည့်အခါ ထိုစာကို အွမ်မွလ်ဘနီးန်၏ သားသမီးများအတွက် ဖတ်ပြလေသည်။ သို့သော် ၎င်းတိုသည် ထိုစာကို ငြင်းပယ်ခဲ့ကြသည်။ (134) အခြားရေဝါယသ် တစ်ခုအရ ရှင်မါရ် သည် ခိုလှုံခွင့်စာကို ကရ်ဘလာသို့ ယူဆောင်လာခဲ့ပြီး ဟဇရသ်သေ အဗ္ဗာစ် နှင့် ၎င်း၏ ညီအကိုများ ထံ ယူသွားခဲ့သည်။ ( 135) သို့သော် ဟဇရသ်သေ အဗ္ဗာစ် နှင့် ၎င်း၏ ညီအကိုများသည် ထိုစာကို ငြင်းပယ်ခဲ့ကြသည်။ (136) ရှီးခ်မိုဖီးဒ် ၏ ပြောဆိုချက်အရ ၊ ရှင်မ်ရ် ပြောသည်မှာ : အိုကျွန်ုပ်၏ ညီ၀မ်းကွဲတို့ ၊ အသင့်တို့အားလုံး ခိုလှုံမှုရှိပါသည်။ ထိုအခါ ၎င်းတို ဖြေဆိုသည်မှာ အရှင်မြတ်သည် အသင် နှင့် အသင်၏ ခိုလှုံခွင့် စာကို လအ်နသ် လုပ်ပါစေ။ ကျွန်ုပ်တို့အား ခိုလှုံခွင့် ပေးပြီး ရစူလ်တမန်တော်(ဆွ) ၏ သားတော် ဘေးကင်းမည် သလော? ။ (137) သာစူအာ ညနေပိုင်းအချိန်၌ အွမ္မရ် ဗင်န် စအ်ဒ် ပြောသည်မှာ : အိုတပ်သားများ ၊ မြင်းစီးကြပါ‌လေ ။ ထို့နောက် ၎င်းတိုသည် မြင်းစီးပြီး အေမာမ်ဟိုစိုင်းန်(အစ) ၏ တဲနန်းဘက်သို့ ဦးတည်သွားကြသည်။ (138) အေမာမ်ဟိုစိုင်းန်(အစ) သည် ရန်သူများ စစ်တိုက်လိုသည်ကို သိသောအခါ မိမိ၏ ညီဖြစ်သူ ဟဇရသ်သေ အဗ္ဗာစ် အား မိန့်တော်မူသည်မှာ " တတ်နိုင်လျှင် မနက်ဖြန်အထိ စစ်ပွဲကို နှောင့်နှေးစေရန် သူတိုကို ပြောပါလေ။ ထို့နောက် ဤညကို အရှင်မြတ်ထံ၌ ဆုမွန် ဒိုအာတောင်းခြင်း ၊ နမာဇ်ဖတ်ရွတ်ခြင်း ပြုလုပ်ဖို့ရန် အချိန် တောင်းခဲ့ပါလေ။ ကျွန်ပ်သည် နမာဇ် ဖတ်ရွတ်ရခြင်း နှင့် ကုရ်အာန် ဖတ်ရွတ်ခြင်းကို အလွန်နှစ်သက်ကြောင်းကို အရှင်မြတ် သိ့တော်မူသည်။ " (139) အဗ္ဗာစ်(အစ) သည် ရန်သူ့တပ်သား ဘက်သို့ သွားရောက်ပြီး ထို ညအား အချိန်ပေးရန် တောင်းဆိုခဲ့သည်။ အိဗ်နေစအ်ဒ် သည် တစ်ညတာ အချိန်ပေးခြင်းကို လက်ခံခဲ့သည်။ (140) ထိုနေ့၌ အေမာမ်ဟိုစိုင်းန်(အစ) ၊ ၎င်း၏ အိမ်သားများ နှင့် နောက်လိုက်သားများ၏ ခိုင်မာ တဲနန်း ပတ်ပတ်လည်အား ဝိုင်းရံထားခဲ့ကြသည်။ (141)

အာရှူရာည၏ အဖြစ်အပျက်များ

အာရှူရာည၌ အေမာမ်ဟိုစိုင်းန်(အစ) သည် ၎င်း၏ နောက်လိုက်သားများအတွက် မိန့်ခဲ့သည့် အရာများ

أَمَّا بَعْدُ فَإِنِّي لَا أَعْلَمُ أَصْحَاباً أَوْفَى وَ لَا خَيْراً مِنْ أَصْحَابِي وَ لَا أَهْلَ بَيْتٍ أَبَرَّ وَ لَا أَوْصَلَ مِنْ أَهْلِ بَيْتِي فَجَزَاكُمُ اللَّهُ عَنِّي خَيْرا. ဘာသာပြန် ။ ။ ဧကန်အမှန်၊ ကျွန်ပ် ၏ နောက်လိုက်သားများထက် ပိုမို သစ္စာရှိသော ၊ ပိုကောင်းသော နောက်လိုက်သားများကို မတွေ့ဘူးသလို ကျွန်ုပ်၏ မိသားစုထက် ပိုမိုနွေးထွေး ကြင်နာတတ်သော မိသားစုအား မတွေ့ဘူးပါလေ။ အရှင်မြတ်သည် အသင့်တိုအား ကောင်းမွန်သော ဆုလဒ်များကို ချီးမြင့်တော် မူပါစေ။ မိုဖီးဒ် ၊ အလ်အီရ်ရှာဒ် ၊ ဟီဂျရီ ၁၃၉၉ ၊ အတွဲ၂ ၊ စာမျက်နာ ၉၁ ။

အေမာမ်ဟိုစိုင်းန်(အစ) ၏ နောက်လိုက်သားများ ဘက်မှ ထပ်မံ၍ ကတိသစ္စာပြုခြင်း

အေမာမ်ဟိုစိုင်းန်(အစ) သည် အာရှူရာည အချိန်၌ မိမိ၏ နောက်လိုက်သားများကို စုစည်းလိုက်ပြီး အရှင်မြတ်အား ကျေးဇူးထောပနာ တင်ပြီးနောက် ၎င်းတိုအား မိန့်ဆိုသည်မှာ " ကျွန်ုပ် ထင်မြင်သည်မှာ ဤနေ့သည် ကျွန်ုပ်တို့၏ နောက်ဆုံးအချိန်အခါ ပင်ဖြစ်သည်။ သတိရှိကြပါလေ ၊ ကျွန်ုပ်သည် အသင့်တိုအား သွားခွင့်ပြုပါသည်။ကျွန်ုပ် နှင့် အသင်တိုအကြား မည်သည့် ဘိုက်အသ် သစ္စာခံယူမှုမှ မရှိတော့ပေ ထိုကြောင့် အသင်တိုအားလုံး စိတ်ချစွာ ထွက်သွားကြပါလေ။ ညအချိန်ဖြစ်သည့်အတွက် မည်သူမှ အသင်တိုအား မမြင်ပါ ၊ အသင်တို၏ စီးနှင်းများကို စီးပြီးထွက်သွားကြပါလော့ " ထိုအချိန်၌ ဦးစွာ အေမာမ်(အစ) ၏ မိသားစု၀င်များ ၊ ပြီးနောက် အေမာမ်(အစ) ၏ နောက်လိုက်သားများ တစ်ဦးချင်းစီတိုင်းသည် မိမိတို၏ ခေတ်ကာလ အေမာမ်(အစ) အပေါ် သစ္စာတရား ထားရှိမည် ဖြစ်ကြောင်း ကြွေးကြော်ခဲ့ကြပြီး ထိုသို့ သစ္စာထားရာ၌ အေမာမ်(အစ) အား မိမိတို၏ အသက်ဖြင့် ကာကွယ်သွားရန် ကတိပြုခဲ့ကြသည်။ သမိုင်း ကျမ်းကိုးများ နှင့် အချို့ မကာသီလ် များတွင် ထိုမိန့်ဆိုချက်အား မှတ်တမ်းတင်ထားသည်။ (142) အေမာန်ဟိုစိုင်းန်(အစ) ၏ နောက်လိုက်သားများသည် အေမာမ်(အစ) အပေါ် သစ္စာတရားထားရှိမည် ဖြစ်ကြောင်းကို အတိအလင်း ဖွင့်ဟပြောဆိုပြီးနောက် အေမာမ်ဟိုစိုင်း(အစ) သည် တဲနန်းဘက်သို့ ပြန်သွားပြီးနောက် ဟဇရသ်သေ ဇိုင်နက်ဘ်(စ) ၏ ခိုင်မာတဲနန်း သို့ သွားရောက်ခဲ့သည်။ နာဖေအ် ဗင်န် ဟလာလ် သည် တဲနန်း အပြင်ဘက်၌ အေမာမ်ဟိုစိုင်းန်(အစ) အား စောင့်နေခဲ့သည် ထိုအချိန်၌ ဟဇရသ်သေဇိုင်းနက်ဘ် (စအ) အေမာမ်ဟိုစိုင်းန်(အစ) အား ပြောနေသည့် စကားများကို ဤသို့ ကြားနေရလေသည် " အသင်သည် ၊ အသင်၏ နောက်လိုက်သားများကို စမ်းသပ်လိုက်ပါသလား? ၊ ၎င်းတို့သည် ကျွန်ုပ်တို့အား ကျောခိုင်းသွားပြီး ၊ ဤသို့ ပြသနာဖြစ်နေသည့်အချိန် အသင့်အား ထားသွားကာ ရန်သူများနှင့် ပူးပေါင်းသွားမည်ကို စိုးနေရပါသည်။ " အေမာမ်ဟိုစိုင်းန်(အစ) ဖြေဆိုသည်မှာ " အရှင်မြတ်အား ကျန်ဆိုပါ၏ ၊ ၎င်းတိုအား စမ်းသပ်ခဲ့ပါသည် ၊ ၎င်းတိုသည် ရဲရင့်သော အမျိုးသားများ ဖြစ်ကြသည်ကို တွေ့ရှိခဲ့ရပြီး ၎င်းတိုသည် သေခြင်းတရား ကို တွေ့မြင်နေရသောလည်း ထိုသေခြင်းတရားကို ကျွန်ုပ်အား ကူညီမည့် လမ်းစဉ်၌ မိခင်ရင်ခွင်ကို ချစ်မြတ်နိုးသော နိုဆိုအရွယ် ကလေးကဲ့သို့ ချစ်မြတ်နိုးကြသည်။ အေမာမ်ဟိုစိုင်းန် (အစ) အနေဖြင့် နောက်လိုက်သားများ၏ သစ္စာစောင့်သိမှု အပေါ် စိုးရိမ်ပူပန်မှုရှိ နေကြောင်းကို နာဖေအ် ခံစားရသောအခါ၊ ၎င်းသည် ဟဘီးဘ် ဗင် မဇွာဟီရ် ထံသို့သွားပြီး ၎င်းနှင့် တိုင်ပင်ခဲ့ရာ ၎င်း၏ အကြံပေးချက်ဖြင့် အခြားကျန်ရှိ နေသော နောက်လိုက်သားများနှင့်အတူ အေမာမ် ဟိုစိုင်းန်(အစ) နှင့် ၎င်း၏မိသားစုအား နောက်ဆုံး အချိန်အထိ ခုခံကာကွယ်သွားမည်ဟု အာမခံရန် ဆုံးဖြတ်ခဲ့ကြသည်။ (143) ဟဘီးဘ် ဗင်န် မဇွာဟီရ် သည် အေမာမ်ဟိုစိုင်းန်(အစ) ၏ နောက်လိုက်သားများကို စုစည်းရန် အသံပေးလေသည်။ ထို့နောက် ဗနီဟာရှင် မျိုးနွယ်အား ပြောသည်မှာ " အသင်တို၏ တဲနန်းများသို့ ပြန်ကြပါလေ ၊ ထို့နောက် အဆ်ွဟာဘ် ဘက်သို့ မျက်နာမူကာ နာဖေအ် ထံမှ ကြားသိ့ရသည့် အကြောင်းအရာများကို ပြန်ပြောပြလေသည်။ ထိုအခါ အားလုံး ပြောကြသည်မှာ " ကျွန်ုပ်တို့အား ဤရာထူး၌ ကောင်းချီးပေးတော်မူသော အရှင်မြတ်ကို ကျန်ဆိတိုင်တည်ပါ၏ အကယ်၍ အေမာမ်ဟိုစိုင်းန်(အစ) ၏ အမိန့်တော်ကိုသာ မဆောင့်စိုင်းနေပါက ယခုအချိန် ကျွန်ုပ်တို့၏ အသက်ကို သန့်စင်စေပြီး ကျွန်ုပ်တို့၏ မျက်လုံးများကို အလင်းပေးရန်အတွက် ထိုရန်သူများနှင့် အလျင်အမြန် တိုက်ခိုက်ပြီးမည်ဖြစ်သည်။ ထိုအခါ ဟဘီးဘ် သည် နောက်သားများနှင့် အတူ ဓါးကို ဓါးအိမ်မှ ထုပ်လိုက်ပြီး အားလုံး အဟ်လေဘိုင်းသ် (အစ) ၏ တဲနန်း အနီးသို့ သွားကြကာ ဤသို့ အသံပြုလေသည် " အို ရစူလ်တမန်တော်မြတ်(ဆွ) ၏ မြေးတော် ၊ ဤ လူငယ်များ နှင့် ယောက်ျားသားများ၏ ဓါးရှည်များသည် အသင့် ရန်သူများ၏ လည်ပင်းကို မဖြတ်မချင်း ရပ်တန့်မည် မဟုတ်ပေ။ ဤ လှံများသည် အသင်၏ ဖိတ်ခေါ်ခြင်းကို ငြင်းပယ်သော သူတို၏ ရင်ဘတ်ထဲသို့ ထိုးစိုက်မည့် လှံများ ဖြစ်သည်။ "(144)

အာရှူရာနေ့ အဖြစ်အပျက်

အေမာမ်ဟိုစိုင်းန်(အစ) သည် ဖဂျဲရ် နမာဇ် ဖတ်ရွတ်ပြီးနောက် (145) မိမိ့နောက်လိုက်သားများ ( မြင်းတပ်သား ၃၂ ယောက် နှင့် ခြေလျင်တိုက်သူ အယောက် ၄၀ ) တိုအား စနစ်တစ်ကျ တန်းစီခိုင်းလေသည်။ (146) အေမာမ်ဟိုစိုင်းန်(အစ) သည် တာဝန်ကျေပွန်ရန် မြင်းစီးပြီး နောက်လိုက်သား တစ်စုနှင့် အတူ ရန်သူ့တပ်ဆီသို့ သွားကာ တရားဟော ဖိတ်ခေါ်လေသည်။ (147) အေမာမ်ဟိုစိုင်းန်(အစ) ၏ မိန့်ဆိုမှုများ ပြီးနောက် ဇိုဟိုင်းရ် ဗင်န် ကိန်းစ် စကား စပြောကာ အေမာမ်ဟိုစိုင်းန်(အစ) ၏ ကောင်းချီးများကို ပြောပြီး တရားဟော ဖိတ်ခေါ်လေသည်။ (148) အာရှူရာနေ့ ၏ အဖြစ်အပျက်များ အနက်မှ တစ်ခုမှာ ဟိုရ် ဗင်န် ယဇီးဒ် ရေယာဟဖီး သည် ရန်သူ့တပ်မှ ထွက်ခွာပြီး အေမာမ်ဟိုစိုင်းန်(အစ) ၏ တဲနန်းဘက်သို့ ရောက်ရှိ ပူးပေါင်းလာခြင်း ပင်ဖြစ်သည်။ (149) စစ်ပွဲအစ၌ အုပ်စုလိုက် စစ်တိုက်ကြသည်။ သမိုင်းဆိုင်ရာ အချို့ ရေဝါယသ်များအရ အေမာမ်ဟိုစိုင်းန် (အစ) နောက်လိုက်သားများမှ အယောက် ငါးဆယ်သည် စစ်ပွဲအစ၌ ရှဟီးဒ် ဖြစ်သွားကြသည်။ ထို့နောက်တွင်၊ အေမာမ်ဟိုစိုင်းန်(အစ) ၏ နောက်လိုက်က်သားများသည် တစ်ဦးချင်း သို့မဟုတ် အဖွဲလိုက် တိုက်ခိုက်ရန် သွားကြသည်။ နောက်လိုက်သားများသည် ရန်သူ့စစ်တပ်ဘက် မှ မည်သူတစ်ဦးတစ်ယောက်ကိုမှ အေမာမ်ဟိုစိုင်းန်(အစ) အနားသို့ ရောက်လာခွင့် မပြုကြပေ။ (150) မနက်ပိုင်း၌ ဟာရှင်မီ မျိူးနွယ် မဟုတ်သည့် အေမာမ်(အစ) ၏ နောက်လိုက်က်သားများ ရှဟီးဒ် ဖြစ်ပြီးနောက် အာရှူရာ၏ ဇိုဟိုရ် နောက်ပိုင်းတွင် ဗနီဟာရှင်မ် မျိုးနွယ်မှ နောက်လိုက်သားများသည် စစ်တိုက်ထွက်ကြသည်။ ဗနီဟာရှင်မ် မျိုးနွယ်မှ အေမာမ်ဟိုစိုင်းန်(အစ) ထံမှ စစ်တိုက်ခွင့် တောင်းပြီး ရှဟီးဒ် ဖြစ်ခဲ့သော ပထမဦးဆုံး သူမှာ အလီအက္ကဘရ် ဖြစ်သည်။ (151) ၎င်းပြီးနောက် အေမာမ်(အစ) ၏ မိသားစု၀င်များမှ တစ်ဦးပြီးတစ်ဦး စစ်မြေပြင်ဘက်သို့ သွားကြကာ ရှဟာဒသ် ဖြစ်သွားခဲ့ကြသည်။ ဟဇရသ်သေ အဗ္ဗာစ်(အစ) သည် အလံကိုင်ဆောင်သူ ၊ ခိုင်မာ တဲနန်းများကို စောင့်ရှောက်ပေးသူ ဖြစ်ကာ ၎င်းသည်လည်း စစ်ပွဲ၌ ယူဖရေးတီး မြစ်ကမ်းတစ်လျှောက် အစောင့်တပ်များနှင့် တိုက်ခိုက်ရာ၌ ရှဟီးဒ်ဖြစ်ခဲ့သည်။ (152) ဗနီဟာရှင်မ် မျိုးနွယ်များ ရှဟီးဒ် ဖြစ်ပြီးနောက် အေမာမ်ဟိုစိုင်းန်(အစ) သည် တိုက်ပွဲဝင်ခဲ့သည်။ သို့သော် အချိန်အတော်ကြာ ကူဖာစစ်တပ်မှ မည်သူတစ်ဦးတစ်ယောက်မျှ ၎င်းနှင့် ရင်ဆိုင် တိုက်ခိုက်ရန် ရောက်ရှိလာခြင်း မရှိပေ။ တိုက်ပွဲ ဖြစ်နေစဉ် အတွင်း အေမာမ်ဟိုစိုင်းန်(အစ) သည် အထီးကျန်နေသည့် အပြင် ၎င်း၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများ စွာ ပြင်းပြင်းထန်ထန် ရနေသော်လည်း အေမာမ်ဟိုစိုင်းန်(အစ) သည် မကြောက်မရွံ မိမိ၏ဓားဖြင့် တိုက်ခိုက်ခဲ့သည်။ (153)

အေမာမ်ဟိုစိုင်းန်(အစ) ၏ ရှဟာဒသ်

ခြေလျင်တပ်သားသည် ရှက်မ်ရ် ဗင်န် ဇီလ်ဂျောင်ရှန် ၏ အမိန့်အရ အေမာမ်ဟိုစိုင်းန်(အစ) ကို ဝိုင်းရံလိုက်ကြသည်။ သို့သော် မည်သူမျှ ရှေ့သို့ တိုးမလာကြပေ။ ထိုအခါ ရှင်မ်ရ် သည် ၎င်းတိုအား တိုက်ခိုက်ရန် တွန်းအားပေးလေသည်။ (154) ရှင်မ်ရ် သည် မြှားပစ်သူများကို အေမာမ်ဟိုစိုင်းန်(အစ) အား ပစ်ကြရန် အမိန့်ပေးလေသည်။ များစွာသော မြှားများကြောင့် အေမာမ်ဟိုစိုင်းန်(အစ) ၏ ကိုယ်ခန္ဓာတစ်ခုလုံး မြှားများဖြင့် ပြည့်သွားလေသည်။ ယင်းအား မက္ကသလ်စာအုပ်များ၌ ဤသို့ဆိုထားသည်မှာ ولما أثخن الحسين بالجراح အေမာမ်ဟိုစိုင်းန်(အစ)၏ ကိုယ်ခန္ဓာသည် ဖြူးကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။ (155) (156) အေမာမ်ဟိုစိုင်းန်(အစ) သည် အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ရန်သူ့တပ်သားများသည် ၎င်း၏ အရှေ့၌ တန်းစီလျက် နေရာယူထားသည်။ (157) ဒဏ်ရာများနှင့် ပင်ပန်းနွမ်းနယ်မှုများသည် အေမာမ်ဟိုစိုင်းန်(အစ) အား ပြင်းထန်စွာ အားပျော့သွားစေသည်။ ထိုကြောင့် ခဏတာ မတ်တပ်ရပ်ပြီး အနားယူခဲ့သည်။ ထိုအချိန်တွင် ၎င်း၏ နဖူးကို ကျောက်ခဲ ဖြင့် ပစ်ပေါက်လိုက်ရာ သွေးများ စီးကျလာခဲ့သည်။ အေမာမ်ဟိုစိုင်းန်(အစ) သည် ၎င်း၏အင်္ကျီ (လက်ကိုင်ပဝါ သို့မဟုတ် အဝတ်စ) (158) ဖြင့် မျက်နှာမှ ကျဆင်းနေသော သွေးများကို သုတ်မည့်အချိန် တပြိုင်နက်ပင် အဆိပ်သင့်သော မြှားတစ်ချောင်းသည် အေမာမ်ဟိုစိုင်းန်(အစ) အပေါ်သို့ ပစ်လိုက်ကာ ထိုမြှားသည် အေမာမ်(အစ)၏ နှလုံးသားသို့ ထိမှန်သွားသည်။(159) မာလီက် ဗင်န် နိုစိုင်းရ် သည် ဓါးဖြင့် အေမာမ်ဟိုစိုင်းန်(အစ) ၏ ဦးခေါင်းတော်သို့ ခုတ်လိုက်ရာ အေမာမ်(အစ) ၏ ဦးထုပ်ပင် ကွဲသွားခဲ့သည်။ (160) ဆိုင်ယိဒ် ဗင်န် သွာဝူးစ် သည်(161) အေမာမ်ဟိုစိုင်းန်(အစ) စီးနှင်းအပေါ်မှ မြေပြင်ပေါ်သို့ ပြုတ်ကျခြင်းကို မြှားပစ်သမားများ၏ မြှားများ ပစ်ခတ်ပြီးနောက်ပိုင်း၌ ဖြစ်သည်ဟု ယူဆထားသည်။ ထို့နောက် ထိုတိုက်ပွဲ၌ တပ်သားများဘက်မှ အကြိမ်ကြိမ် တိုက်ခိုက်မှု လုပ်ခြင်းကို ရှင်မ်ရ် ၏ အမိန့်ကြောင့် ဖြစ်သည်ဟု လက်ခံထားသည်။(162) ဇရ်အဟ် ဗင်န် ရှရီးက် သမီးမ် အမည်ရှိသော အမျိုးသား တစ်ယောက်သည်လည်း အေမာမ်ဟိုစိုင်းန်(အစ) ၏ ဘယ်ဘက်လက်မောင်းကို ပြင်ထန်စွာ ဒဏ်ရာပေးခဲ့သည်။ စနာန် ဗင်န် အနက်စ် နက်ခ်အီး လည်း အေမာမ်ဟိုစိုင်းန်(အစ) ၏ လည်ပင်းအား မြှားတစ်ချောင်း ပစ်လိုက်သည်။ ထို့နောက် ဆွာလေဟ် ဗင်န် ၀ဟက်ဘ် ဂျအ်ဖီး ( အခြားကောက်နုတ်ချက်အရ စနာန် ဗင်န် အနက်စ်) သည် အရှေ့သို့ ရောက်လာပြီး အေမာမ်ဟိုစိုင်းန်(အစ) ၏ နံရိုးကို လှံဖြင့် ထိုးလိုက်ရာ အေမာမ်(အစ) သည် မြင်း၏ ညာဘက်ခြမ်းမှ အောက်သို့ ပြုတ်ကျသွားခဲ့သည်။ ( 164) ရှင်မ်ရ် ဗင်န် ဇီလ်ဂျောင်ရှန် သည် အွမ္မရ် ဗင်န် စအ်ဒ်၏ တပ်သားများအနက်မှ တပ်သားတစ်စုနှင့်အတူ ဥပမာ စနာန် ဗင်န် အနက်စ် ၊ ခူလီ ဗင်န် ယဇီးဒ် အဆ်ွဘဟီး တိုသည် အေမာမ်ဟိုစိုင်းန်(အစ) ထံသို့ ရောက်လာကြသည်။ ရှင်မ်ရ် သည် ၎င်းတိုအား အေမာမ်ဟိုစိုင်းန် (အစ) ကို သတ်ရန် တိုက်တွန်း ခဲ့သည်။ (165) သို့သော် မည်သူမှ ထိုသို့ မအလုပ်ကြပေ။ ရှင်မ်ရ် သည် ခူလီးဆိုသူအား အေမာမ်ဟိုစိုင်းန်(အစ) ၏ ဦးခေါင်းတော်ကို ဖြတ်ရန် အမိန့်ပေးခဲ့သည်။ ခူလီးဆိုသူသည် ကရ်ဘလာရှိ အေမာမ်(အစ) မြင်းအပေါ်မှ အောက်သို့ ပြုတ်ကြခဲ့သည့် နေရာ (ကသ္သလ်ဂါးဟ်) သို့ ရောက်သည့်အခါ ၎င်း၏ လက် နှင့် ခန္ဓာကိုယ်သည် တုန်လှုပ်လာပြီး အေမာမ်ဟိုစိုင်းန်(အစ) ၏ ဦးခေါင်းတော်ကို မဖြတ်နိုင်ခဲ့ပေ။ ရှင်မ်ရ် (166) နှင့် အခြားကောက်နုတ်ချက်အရ နစာန် ဗင်န် အနက်စ် (167) တိုသည် မြင်းအပေါ်မှ ဆင်းလာကြပြီး အေမာမ်ဟိုစိုင်းန်(အစ) ၏ ဦးခေါင်းတော်ကို ခန္ဓာကိုယ်မှ ဖြတ်ထုပ်ခဲ့ပြီး ထိုဦးခေါင်းတော်အား ခူလီးဆိုသူကို ပေးခဲ့သည်။ (168) လအ်မာသွလ် ဟိုစိုင်းန် ဟူသော စာအုပ်၌ အလ္လာမဟ် သွဟ်ရာနီ သည် (169) ၎င်း၏ ကျော်ကြားသော ကဗျာတွင် အေမာမ်ဟိုစိုင်းန်(အစ) ၏ ရှဟဒသ် ဖြစ်နေစဉ် ကာလအတွင်း စကြာဝဠာ အတွင်းရှိ တည်ရှိမှု အမျိုးမျိုး၏ မတူညီကြသော အခြေအနေကို သရုပ်ဖော်ထားသည်။ ဤသည်မှာ ဒီဝါးနီရှ် ၌ရှိသော နိုင်ယ်ယဲရ် ၏ကဗျာမှ ကဗျာပိုဒ်အချို့ဖြစ်သည်။ (170)

ရှဟာဒသ် ဖြစ်ပြီးနောက် အဖြစ်အပျက်

စနာန် ဗင်န် အနက်စ် သည် အေမာမ်ဟိုစိုင်းန်(အစ) ၏ ဦးခေါင်းတော်အား ခူလီးဆိုသူကို ပေးပြီးနောက် အွမ္မရ် ဗင်န် စအ်ဒ် ၏ တပ်သားများသည် အေမာမ်ဟိုစိုင်းန်(အစ) ခန္ဓာကိုယ်၌ ရှိသမျှ အရာအားလုံးကို ဆွဲဖြုတ် လုယူ ခဲ့ကြသည်။ ကိန်းစ် ဗင်န် အရှ်အက်စ် နှင့် ဘဟ်ရ် ဗင်န် ကအ်ဘ် တိုသည် (အေမာမ်ဟိုစိုင်းန်(အစ) ၏ အ၀တ်အစား) (171) ၊ အက်စ်၀က်ဒ် ဗင်န် ခါလီဒ် အောင်ဒီ သည် (အေမာမ်ဟိုစိုင်းန်(အစ) ၏ ဖိနပ် ) ၊ ဂျမီးအ် ဗင်န် ခက်လ်က္က် အောင်ဝ်ဒီး သည် (အေမာမ်ဟိုစိုင်းန်(အစ) ၏ ဓါး) ၊ အခ်နက်စ် ဗင်န် မရ်စက်ဒ် သည် ( အေမာမ်ဟိုစိုင်းန်(အစ) ၏ အမာမဟ် ခေါင်းပေါင်း) ၊ ဘက်ဂ်ျဒလ် ဗင်န် စလီးမ် သည် ( အေမာမ်ဟိုစိုင်းန်(အစ) ၏ လက်စွပ်) နှင့် အွမ္မရ် ဗင်န် စအ်ဒ် သည် (အေမာမ်ဟိုစိုင်းန်(အစ) ၏ ဒိုင်း) (172) တိုကို ယူခဲ့ကြသည်။

အေမာမ်ဟိုစိုင်းန်(အစ) ၏ ရှဟာဒသ် သတင်းအား ပို့ဆောင်ခြင်း

အေမာမ်ဟိုစိုင်းန်(အစ) သည် ၎င်း၏ မြင်းပေါ်မှ ပြုတ်ကျပြီးနောက် ဇွလ်ဂျန်နာဟ် သည် အေမာမ် လဲကျရာနေရာသို့ ရောက်ရှိလာပြီး အီမာမ်၏ အသက်မဲ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လှည့်ပတ် နေပြီး အေမာမ်(အစ) အား နမ်းရှုလေသည်။ ထို့နောက် မိမိနဖူးကို အေမာမ်ဟိုစိုင်းန်(အစ) ကိုယ်ခန္ဓာ၌ ရှိသော သွေးများဖြင့် စွန်းထင်းစေပြီး ခြေထောက်(ခွာ)ကို မြေပြင်ပေါ် ပုတ်ကာ မြည်းဟီသံပြုပြီး ခိုင်မာ တဲနန်းဘက်သို့ ထွက်လာခဲ့သည်။ ( 173) အေမာမ်ဘာကဲရ်(အစ) သည် ရေဝါယသ်တစ်ခု၌ မိန့်တော်မူထားသည်မှာ အေမာမ်ဟိုင်းစိုင်းန်(အစ) ၏ မြင်းသည်

الظليمة ، الظليمة ، من اُمّة قتلتْ ابن بنت نبيّها
(ထိုလူသားတိုသည် မိမိ့တမန်တော်၏ သမီးတော်၏ သားကို သတ်လိုက်ကြပြီ)

ဟူ၍ ပြောလျက် တဲနန်းဘက်သို့ ပြန်လာလေသည်။ ( 174) ခိုင်မာတဲနန်း သို့ ရောက်ရှိသောအခါ မြည်းဟီသံပေးပြီး မိမိ၏ ဦးခေါင်းကို မြေကြီးဖြင့် ပွတ်သပ်လေသည်။ အေမာမ်ဟိုစိုင်းန် (အစ) ၏ အိမ်သူအိမ်သားများသည် ဇွလ်ဂျန်နာဟ် ၏ ဤသို့ အပြုအမူကို တွေ့မြင်ကြသောအခါ ခိုင်မာ တဲနန်းအတွင်းမှ အပြင်သို့ ထွက်လာကြပြီး ဇွန်ဂျန်နာဟ်၏ ပတ်ပတ်လည်တွင် စုရုံးကာ ၎င်း၏ ခေါင်း၊ မျက်နှာနှင့် ခြေဖဝါးများကို လက်ဖြင့် ပွတ်သပ်ကြလေသည်။ အွမ်မေကွလ်စူးမ် သည်မိမိ၏ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ကာ وامحمداه واجداه وانبیاه (ဝါး မိုဟမ္မဒါဟ် ၊ ဝါး မိုဟမ္မဒါဟ် ၊ ဝါး အန်ဗီယားဟ်) ဟူ၍ ငိုကြွေးပြောဆိုလေသည်။ (175) ဤအဖြစ်အပျက်သည် အေမာမ်ဟိုစိုင်းန်(အစ) ၏ အဇာဒါရီ ကို ပြုလုပ်ရာ၌ တရားဟောဆရာများ ဖတ်ရွတ် လေ့ရှိသည့် အကြောင်းအရာ တစ်ခုလည်းဖြစ်သည်။ (176)

ခိုင်မာ တဲနန်းများသို့ ၀င်ရောက်တိုက်ခိုက်ခြင်း

အေမာမ်ဟိုစိုင်းန်(အစ) ရှဟီးဒ် ဖြစ်သွားပြီးနောက် ရန်သူ့စစ်တပ်များသည် ခိုင်မာ တဲနန်းများသို့ အကြမ်းဖက် ၀င်ရောက်တိုက်ခိုက်ခဲ့ကြသည်။ တွေ့သမျှပစ္စည်းများကို သူ့ထက်ငါအရင် ဦးစွာ ယူကြသည်။ ( 178) ရှင်မ်ရ် သည် အေမာမ်စဂျာဒ်(အစ) အား သတ်မည်ဟူသော အတွေးဖြင့် တပ်သားတစ်စုနှင့်အတူ ခိုင်မာ တဲနန်းထဲသို့ ၀င်ရောက်ခဲ့ရာ ဟဇရသ်သေ ဇိုင်းနက်ဘ် သခင်မသည် အေမာမ်စဂျာဒ်(အစ) ဘက်မှခုခံကာကွယ်ကာ ရန်သူများကို တားမြစ်ခဲ့သည်။ အခြားဖော်ပြချက်တစ်ခု၌ အွမ္မရ် ဗင်န် စအ်ဒ် ၏ အချို့တပ်သယးများသည် ထိုသို့ပြုလုပ်ခြင်းကို ကန့်ကွက်ခဲ့သည်။ (179) အွမ္မရ် ဗင်န် စအ်ဒ် သည် ခိုင်မာ တဲနန်းရှိ အမျိုးသမီးများအား တဲနန်းတစ်ခုအတွင်း စုရုံးစေပြီး ၎င်းတိုအား စောင့်ကြည့်ရန် အမျိုးသားအချို့ကို တာဝန်ပေးအပ်ခဲ့သည်။ (181)

အေမာမ်ဟိုစိုင်းန်(အစ) ၏ ကိုယ်ခန္ဓာ အပေါ်သို့ မြင်းများဖြင့် နှင်းခြင်း

အွမ္မရ် ဗင်န် စအ်ဇဒ်သည် အိဗ်နေဇေယာဒ် ၏ အမိန့်ကို လိုက်နာဆောင်ရွက်ရာ၌ ကူဖွာတပ်သားများမှ ဆယ်ရောက်အား အလှည့်ကြ စနစ်ဖြင့် အေမာမ်ဟိုစိုင်းန်(အစ) ၏ ကိုယ်ခန္ဓာ အပေါ်သို့ မြင်းများဖြင့် နှင်းခြေပြီး အေမာမ်၏ ရင်ဘက် နှင့် ကျောကုန်း အရိုးများ ကြေမွသွားစေရန် အမိန့်ပေးခဲ့သည်။ (181) ထိုဆယ်ယောက်မှာ : ၁ ။ အိစ်ဟာက် ဗင်န် ဟူဝီယဟ် (182) ၂ ။ အခ်နက်စ် ဗင်န် မရ်စက်ဒ် (183) ၃ ။ ဟကီးမ် ဗင်န် သွဖီးလ် ၄ ။ အွမ်ရို ဗင်န် ဆွဘီးဟ် ၅ ။ ရေဂျာအ် ဗင်န် မန်ကဇ် အဘဒ္ဒီး ၆ ။ စာလင်မ် ဗင်န် ခိုင်းန်စာမဟ် ဂျအ်ဖီ ၇ ။ ဝါဟီဇ်ွ ဗင်န် နာအင်မ် ၈ ။ ဆွာလေဟ် ဗင်န် ၀ဟက်ဘ် ဂျအ်ဖီ ၉ ။ ဟာနီ ဗင်န် ရှဘက်စ် ခက်ဇ်ွရမီ ၁၀ ။ အစက်ဒ် ဗင်န် မာလီက် ( 184)

ရှဟီးဒ် ဖြစ်သွားသူများ၏ ဦးခေါင်းတော်များကို ကူဖွာသို့ ပို့ဆောင်ခြင်း

အွမ္မရ် ဗင်န် စအ်ဒ် သည် ထိုနေ့(မိုဟရမ် ဆယ်ရက်နေ့) ၌ပင် အေမာမ်ဟိုစိုင်းန်(အစ) ဦးခေါင်းတော်ကို ခူလီး ဗင်န် ယဇီးဒ် အဆ်ွဘဟီး နှင့် ဟမီးဒ် ဗင်န် မွတ်စ်လင်မ် အဇ်ဒီ တိုနှင့်အတူ အိုဘိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် ထံသို့ ပို့ဆောင်ခဲ့သည်။ ၎င်းသည့် ထိုအတူ ကရ်ဘလာ ရှိဟဒါများ၏ ဦးခေါင်းတော်များကို ဖြတ်တောက်ရန် အမိန့်ပေးခဲ့ပြီး ထို ၇၂ ခေါင်းတော်များကို ရှင်မ်ရ် ဗင်န် ဇီလ်ဂျောင်ရှန် ၊ ကိန်းစ် ဗင်န် အက်ရှ်အက်စ် ၊ အွမ်ရို ဗင်န် ဟဂ်ျဂျာဂ်ျ နှင့် အွဇ်ရဟ် ဗင်န် ကိန်းစ် တိုနှင့်အတူ ကူဖွာသို့ သယ်သွားခိုင်းလေသည်။ ( 185)

အေမာမ်ဟိုစိုင်းန်(အစ) ၏ အဲဟ်လေဘိုင်းသ် အား သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခြင်း

နေထိုင်မကောင်း ဖြစ်နေခဲ့သော အေမာမ်စဂျာဒ်(အစ) ၊ ဟဇရသ်သေ ဇိုင်းနက်ဘ် သခင်မ နှင့် အခြားကျန်ရစ်ခဲ့ကြသူများ အားလုံးကို သုံ့ပန်းအဖြစ် ခေါ်ဆောက်သွားခဲ့ကြသည်။ ထို့နောက် ၎င်းတိုအား ကူဖွာရှိ အိဗ်နေဇေယာဒ် ထံခေါ်ဆောင်သွားပြီး စီးရီးယား ( ရှာမ်) ရှိ ယဇီးဒ် ထံသို့ ပို့ဆောင်ခဲ့သည်။ ( 186)

ရှိဟဒါများအား မြေမြုပ်ပေးခြင်း

အွမ္မရ် ဗင်န် စအ်ဒ်၏ အမိန့်အရ ‌‌ သေသွားသော ကူဖွာတပ်သားများ၏ ခန္ဓာကိုယ်အား မြေမြုပ်ပေးခဲ့ကြသည်။ သို့သော် အေမာမ်ဟိုစိုင်းန်(အစ) နှင့် ၎င်း၏ နောက်လိုက်သားများ၏ ခန္ဓာကိုယ်များကို ဒီအတိုင်း မြေပေါ်၌ ထားခဲ့ကြသည်။ (187) မိုဟရမ် ၁၁ ရက်နေ့ (188) သို့မဟုတ် မိုဟရမ် ၁၃ ရက်နေ့ (189) ကို ကရ်ဘလာ ရှိဟဒါများ၏ မြေမြုပ်သည့်နေ့ဟု ပြောထားကြသည်။ အချို့ဆိုစကားများအရ အွမ္မရ် ဗင်န် စအ်ဒ် နှင့် ၎င်း၏ တပ်သားများ ပြန်းသွားပြီးနောက် ကရ်ဘလာ အနီးတစ်ဝိုက်၌ ရှိသော ဗနီအစက်ဒ် မျိုးနွယ်စု တစ်စုသည် ကရ်ဘလာ ကွင်းပြင်သို့ ၀င်ရောက်လာကြပြီး ရန်သူများ၏ ရန်မှကင်းလွတ်‌စေရန် ညအချိန်၌ အေမာမ်ဟိုစိုင်းန်(အစ) နှင့် ၎င်း၏ နောက်လိုက်သားများ၏ ခန္ဓာကိုယ်များကို မြေမြုပ်ပေးခဲ့ကြသည်။ (190) ကောက်နုတ်ချက်တစ်ခုအရ အေမာမ်ဟိုစိုင်းန်(အစ) ၏ ခန္ဓာကိုယ် အား မြေမြုပ်သည့်အချိန် အေမာမ်စဂျာဒ်(အစ) ရှိနေခဲ့သည်။ (191)