အွမ်ရို ဗင်န် အဗ္ဗ်ဒုလ္လာဟ် ဂျွန်ဒအီ

wikishia မှ

အွမ်ရို ဗင်န် အဗ္ဗ်ဒုလ္လာဟ် ဂျွန်ဒအီ သည် ကရ်ဘလာ၏ ရှိုဟဒါများ အနက်မှ ဖြစ်သည်။ ၎င်းသည် ဟမေဒါန် မျိုးနွယ်မှ ဖြစ်သည်။ (1) အေမာမ်ဟိုစိုင်းန်(အစ) ကရ်ဘလာသို့ သို့ ရောက်ရှိလာပြီး အာရှုရာနေ့ မတိုင်မီတွင် ၎င်းသည် အေမာမ်ဟိုစိုင်းန်(အစ) ထံရောက်ရှိခဲ့သည်။ (2)

အွမ်ရို ရှဟီးဒ် ဖြစ်ပုံနှင့် ပတ်သက်ပြီး အဆိုနှစ်မျိုး ရှိပေသည် ။

  1. အွမရ် ဗင်န် စအ်ဒ် ၏ တပ်သားများ အေမာမ်ဟိုစိုင်းန် အစ ၏ နောက်လိုက်သားများကို ပထမအကြိမ် တိုက်ခိုက်စဉ်အတွင်း ရှဟီးဒ် ဖြစ်ခဲ့သည်။ (3)
  2. မုဟမ္နဒ် စမာဝီ (ဟီဂျရီ ၁၃၇၀ ကွယ်လွန်) ) သည် အိဗ်ဆွာရုလ်အိုင်းန် စာအုပ်၌ ဇိုင်ဒီယဟ် အတ္ထုပ္ပတ္တိများထဲမှ တစ်ဦး (ဟီဂျရီ ၆၄၂ ကွယ်လွန်) ဖြစ်သူ ဟိုမိုင်းဒ် ဗင်န် အဟ်မဒ် မိုဟလ္လီ ရေးသားထားသည့် အလ်ဟဒါအိကုလ် ဝရ်ဒီယဟ် စာအုပ်မှ ကောက်နုတ်ထားသည်မှာ အွမ်ရို သည် ဦးခေါင်းတွင် ရရှိခဲ့သည့် ဒဏ်ရာများစွာကြောင့် မူးလဲသွားခဲ့ပြီး ၎င်း၏ မျိုးနွယ်စုသည် စစ်မြေပြင်မှ ၎င်းကို ခေါ်ထုပ်သွားခဲ့သည်။ တစ်နှစ်ကြာပြီးျနာက် ဆုံးပါးသွားခဲ့သည်။ (4) ဇေယာရက်သေ ရှိုဟဒါ ၌ လာရှိထားသည်မှာ السَّلامُ عَلَی الْمُرَتَّثِ مَعَهُ عَمْرُو بْنِ عَبْدِ اللَّهِ الْجُنْدُعِیِّ။ ဟူ၍ ၎င်း နှင့် ၎င်းနှင့်အတူရှိသူ (စောင်ဝ်ဝါရ်) ဒဏ်ရာများဖြင့် စစ်မြေပြင် အပြင်၌ ဆုံးပါးသွားသူ အပေါ် စလာမ် ပို့သထားသည်။ (5)