အေမာမ်ဟိုစိုန်း(အစ)အား ဇေယာရသ်ပြုလုပ်ခြင်း

wikishia မှ

အေမာမ်ဟိုစိုန်း(အစ)အား ဇေယာရသ်ပြုလုပ်ခြင်း ဆိုသည်မှာ အေမာမ်ဟိုစိုန်း(အစ)၏ ဟရမ်တော်၌ ရှိနေခြင်း၊ ‌‌ေအမာမ်အားစလာမ်‌ပိုသခြင်း နှင့် အေမာမ်ဟိုစိုန်း(အစ)၏ ဇေယာရသ်နာမေဟ်ကို ဖတ်ရွတ်ခြင်းတို ဖြစ်သည်။ အေမာမ်ဟိုစိုန်း(အစ)အား ဇေယာရသ်ပြုလုပ်ခြင်းသည် ရှီအဟ်များအတွက် အကောင်းဆုံး ၊အမြင့်မြတ်ဆုံးသော လုပ်ဆောင်မှုဖြစ်သည်။ရှီအဟ်တိုဘ၏ ရေဝါယသ်အမြောက်အများ၌ ထိုလုပ်ဆောင်မှုအတွက် အကျိုးစဝါးဘ်များစွာ ကိုဖော်ပြထားသည်။ ဥပမာ အရှင်မြတ်သည် အေမာမ်ဟိုစိုန်း(အစ)အားဇေယာရသ်လုပ်သူများနှင့် တွေ့ဆုံးခြင်းတမန်တော်မြတ်ကြီး(ဆွ) နှင့် အေမာမ်များသည် ထိုသူများအတွက် ဆုမွန်ဒိုအာတောင်းပေးခြင်း တိုဖြစ်သည်။ အေမာမ်ဟိုစိုန်း(အစ)၏ ဇေယာရသ်အား အဝေးမှလည်း ပြုလုပ်လိုရပေသည်။ အေမာမ်ဟိုစိုန်း(အစ)၏ ဟရမ်တော်၌ မရှိသူများအနေဖြင့်လည်း ၎င်းအား စလာမ်မေတ္တာပိုသခြင်း နှင့် ၎င်း၏ဇေယာရသ်နာမဟ်ကို ဖတ်ရွတ်ခြင်းသည် မွတ်စ်သဟဘ် ဖြစ်ပြီး အေမာမ်အား အနီးမှ ဇေယာရသ်လုပ်သည့် အကျိုးစဝါးဘ် ကိုရရှိပေမည်။ ရှီးခ်ဟိုရ်အာ‌မေလီသည် ရေဝါယသ်များအား ကိုးကားထောက်ထားခြင်းဖြင့် အေမာမ်ဟိုစိုန်း(အစ)၏ ဇေယာရသ်ပြုလုပ်ခြင်းကို ဝါဂျီဘေကေဖွာယီး ဟုသတ်မှတ်ထားသည်။ အေမာမ်ဟိုစိုန်း(အစ)အား ဇေယာရသ်ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး ရေဝါယသ်များ၌ အာဒါဘ် ကျင့်၀တ်များစွာ လာရှိထားသည်။ ၎င်းတိုမှာ အေမာမ်ဟိုစိုန်း(အစ)အားသိကျွမ်းခြင်း၊ ဂိုစ်လ်ပြုလုပ်ခြင်း၊သန့်ရှင်းသောအ၀တ်အစားများ၀တ်ဆင်ခြင်း၊ ၎င်း၏ဟရမ်ထဲသို၀င်ရောက်ရန် အရှင်မြတ်ထံမှ အခွင့်တောင်းခြင်း နှင့် ၎င်း၏ဇေယာရသ်နာမဟ်ကို ဖတ်ရွတ်ခြင်း စသည့်ကျင့်၀တ်များ ဖြစ်သည်။ လမ်းလျှောက်၍ဇေယာရသ်ပြုလုပ်ခြင်းသည် အေမာမ်ဟိုစိုန်း(အစ)အား ဇေယာရသ်ပြုလုပ်ရမည့် ကျင့်၀တ်များအနက်မှဖြစ်ပြီး ရှီအဟ်ရေဝါယသ်များ၌ ထိုအရာနှင့်ပတ်သက်ပြီး တိုက်တွန်းထားလေသည်။ ရှီးခ်မွရ်သဇွာအန်ဆွာရီရှီးခ်ဂျအ်ဖရ်ကာရှီဖွလ်ဂဇွာ စသည့်ပညာရှင်များသည် ထိုသိုလုပ်ရပ်ကို အရ်ဘအီးန်ကာလ၌ ပြုလုပ်ရန် တိုက်တွန်းထားသည်။ ယနေ့ ယနေ့တွင် အရ်ဘအီးန် လမ်းလျှောက်ခြင်းသည် အရေးအကြီးဆုံးရှီအာထုံးတမ်းများထဲမှတစ်ခုဖြစ်ပြီး သန်းနှင့်ချီသောလူများသည် ၎င်းတွင်ပါဝင်ကြသည်။ ရှီအာဟဒီးစ်ကျမ်းကိုးများ၌ ဇေယာရသ်ဝါရီစ်၊ ဇေယာရသ်နာဟီယဟ် မိုကဒ္ဒက်စဟ် နှင့် ဇေယာရသ်အာရှုရာ စသည့်ဇေယ ရသ်များ အေမာမ်ဟိုစိုန်း(အစ)အတွက် ကောက်နုတ်ထားသည်။ ဇေယာရသ်အေမာမ်ဟိုစိုန်း(အစ) ကို အရ်ဖဟ်နေ့အာရှုရာနေ့ရှာအ်ဘာန် ၁၅ရက်နေ့ နှင့် ရဂျက်ဘ်လ၏နေ့ရက်များ၌ ဖတ်ရွတ်ရန် တိုက်တွန်းထားသည်။ သမိုင်းကျမ်းကိုးများ၏အဆိုအရ အေမာမ်ဟိုစိုန်း(အစ)အား ပထမဦးဆုံးဇေယာရသ် ပြုလုပ်ခဲ့သူမှာ ဂျာဘီရ် ဗင်န် အဘ်ဒုလ္လာဟ် အန်ဆွာရီ ဖြစ်သည်။ အချိုသော အဘာစီခလီဖွာများ ဥပမာ ဟာရွန် နှင့် မိုသက်ဝ်၀က်ကီလ် တိုသည် အေမာမ်ဟိုစိုန်း(အစ)၏ ဇေယာရသ်ကို မပြုလုပ်နိုင်ရန် ပိတ်ပင်တားမြစ်ခဲ့သည်။ သိုသော် အာလေဘူယေဟ် အုပ်ချုပ်သည့်ခေတ်ကာလတွင် ဆွဖွဝီယဟ် နှင့် ကာဂျာရီယဟ်တိုသည် အေမာမ်ဟိုစိုန်း(အစ) ဟရမ်ကို ဖွံဖြိုးတိုးတက်ရန်နှင့် ပြန်လည်ထူထောင်ရန် အစီအမံများ ပြုလုပ်ခဲ့ကြသည်။

အရိုက်အရာ နှင့် အရေးပါမှု

အေမာမ်ဟိုစိုန်း(အစ)အား ဇေယာရသ်ပြုလုပ်ခြင်း ဆိုသည်မှာ အေမာမ်ဟိုစိုန်း(အစ)၏ ဟရမ်၌ရှိနေခြင်း ဖြစ်သည်။ [၁] စလာမ် ပိုဘသခြင်း နှင့် ဇေယာရသ်နာမဟ် [၂]ဖတ်ရွတ်ခြင်းစသည့် ကျင့်၀တ်များဖြစ်သည်။ သိုသော် တစ်ခါတစ်ရံ၌ ၎င်း၏ ဇေယာရသ်နာမသ်ကို အဝေးမှလည်း ဖတ်ရွတ်နိုင်သည်။ တမန်တော်မြတ်ကြီး(ဆွ) [၃] နှင့် ရှီအဟ်တို၏အေမာမ်များ [၄] ထံမှလာရှိထားသည့် ရေဝါယသ် ‌အမြောက်အများအရ အကောင်းဆုံးနှင့် အမြင့်မြတ်ဆုံးသော လုပ်ဆောင်မှုမှာ ကရ်ဘလာ၌ရှိသော အေမာမ်ဟိုစိုန်း(အစ)၏ ကဗရ်တော်အားသွားရောက်ဇေယာရသ် လုပ်ခြင်းပင် ဖြစ်သည်။

ရေဝါယသ်များ၌ ဖော်ပြထားသည့် အေမာမ်ဟိုစိုန်း(အစ)အား ဇေယာရသ်ပြုလုပ်ခြင်း၏ အကျိုးများမှာ အောက်ပါတိုဖြစ်သည် ။ အရှင်မြတ်အား အရ်ရှ်ပုလ္လင်တော်တွေ့ဆုံသည့်အကျိုးစဝါးဘ်နှင့် ညီမျှခြင်း၊ အေမာမ်ဟိုစိုန်း(အစ)၏ ဇေယာရသ်ပြုလုပ်သူများကို အရှင်မြတ်သည်ချီးမွမ်းခြင်း၊ တမန်တော်မြတ်ကြီး(ဆွ)အေမာမ်အလီ(အစ) နှင့် ဖွာသွေမဟ်သခင်မတိုနှင့် နီးစပ်မှုရှိခြင်း၊ ယာရသ်ပြုလုပ်သူများအပေါ် တမန်တော်မြတ်ကြီး(ဆွ) နှင့် အေမာမ်များ၏ ဆုမွန်ဒိုအာရှိခြင်း၊ နောက်ရေးကောင်းမွန်ခြင်း၊ ရိုဇီရိက္ခာတိုးပွားခြင်း နှင့် အသက်ရှည်ခြင်း စသည်တိုဖြစ်သည်။[၅]

အချိုဟဒီးကျမ်းကိုးများ၌ အေမာမ်ဟိုစိုန်း(အစ) အားမဖြစ်မနေ ဇေယာရသ်ပြုလုပ်ရခြင်း ဟူသောခေါင်းစဉ်ဖြင့် လာရှိထားသည်။ ဥ

ပမာ ရှီးခ်မိုဖီးဒ် ရေးသားထားသော အလ်မဇာရ် စာအုပ် ဖြစ်သည်။ [၆] ရှီးခ်ဂိုရ်အာမေလီသည်လည်း ၀စာအိလွလ်ရှီအဟ်စာအုပ်၌ ဝူဂျူဘေကေဖွာယီးဇေယ ရသ်အေမာမ်ဟိုစိုန်း(အစ)ဟူ၍ ဖော်ပြထားသည်။ [၇]

သမိုင်းအကျဉ်း

ရှီအာရေဝါယသ်ကျမ်းကိုးများ၌ အေမာမ်ဟိုစိုန်း(အစ) ရှဟီးဒ်ဖြစ်ခဲ့သည့်နေရာကို လေးစားခြင်းနှင့် ပတ်သက်ပြီး အိစ်လာမ်မတိုက်ခင် ခေတ်ကာလများ၌ပင် လာရှိထားသည်။ [၈] ရေဝါယသ်တစ်ခုအရ အေမာမ်အလီ(အစ)သည် ဆွီဖီးန် စစ်ပွဲမှအပြန် ကရ်ဘလာအာရှုရာအဖြစ်အပျက်ကို ပြောပြ၍ကိုကြွေးခဲ့သည် ဟုလာရှိထားသည်။ [၉]

သမိုင်းအထောက်အထားများအရ အေမာမ်ဟိုစိုန်း(အစ) ရှဟာဒသ်ဖြစ်ပြီးနောက် ပထမဦးဆုံး ကရ်ဘလာ၌ ၎င်းအား ဇေယာရသ်လုပ်ခဲ့သူမှာ ဂျာဘီရ် ဗင်န် အဘ်ဒုလ္လာဟ် အန်ဆွာရီ ဖြစ်သည်။ ၎င်းသည် အရ်ဘအီး၌ အသွီယဟ်အူဖီ နှင့်အတူ မဒီနာ မှ ကရ်ဘလာသို သွားရောက်ခဲ့သည်။ [၁၀] ဆိုင်ယီဒ် ဗင်န် သွာဝူးစ် သည် လိုဟူဖ် စာအုပ်၌ ရေးသားထားသည်မှာ ဟဇရာသ်ဇိုင်နက်ဘ် နှင့် အခြားသော ကရ် လာသုံပန်းများသည်လည်း ထိုနေ့၌ ကရ်ဘလာသို ရောက်အောင်လာခဲ့ကြသည်။ [၁၁] အချိုသည်လည်း ပထမဦးဆုံး ဇေယာရသ်ပြုလုပ်သူကို အိုဘိုင်ဒွလ္လာဟ် ဗင်န် ဟုရ်ဂျအ်ဖီ ဟူ၍ သိထားကြသည်။ [၁၂] အမဝီမင်းခေတ်ကာလ၌ ၎င်းတို၏ တင်းကျပ်မှုများရှိနေသော်လည်း လူများသည် အေမာမ်ဟိုစိုန်း(အစ) ထံငိုဇေယာရသ်သွားရောက်ကြသည်။ [၁၃] အွက်ဘဂ် ဗင်န် အွမ်ရို စဟ်မီး သည် အာရဗီကဗျာဆရာတစ်ဦးဖြစ်ပြီး ၌ ဇေယာရသ်ပြုလုပ်ဖိုရန် ကရ်ဘလာသို ၀င်ရောက်ခဲ့ပြီး အေမာမ်ဟိုစိုန်း(အစ) အတွက် မရ်စီယာ ဖတ်ရွတ်ခဲ့သည်။ [၁၄] ဘနီအွမ်မိုင်ယာ မင်းများ၏ တင်းကျပ်မှုများရှိနေသောလည်း အေမာမ်ဟိုစိုန် နှင့် အခြားရှဟီဒ်များ၏ ကဗရ်နေရာများသည် မပျက်စီးသွားပေ။ သိုသော် အဘာစီခလီဖွာများ ဥပမာ ဟာရွန် နှင့် မိုသက်၀က်က္ကီလ် အေမာမ်ဟိုစိုန်း(အစ)၏ ဟရမ်တော်ကို ဖြိုချရန် ကြိုးပမ်းခဲ့ကြသည်။ ဥပမာ မိုသက်၀က်က္ကီလ်သည် ကဗရ်အရာ မကျန်စေရန်၊ လူသားများ ဇေယာရသ်မလုပ်နိုင်ရန် မြေကိုထွန်ယက်၍ ကဗရ်များကို ရေဖြင့် ဖုံးထားရန် အမိန့်ပေးခဲ့သည်။ [၁၅]

သိုသော် အာလေဘူယေဟ် အုပ်ချုပ်သည့်ခေတ်ကာလ၌ ဂျလာယရ်ယာန်း၊ ဆွဖွဝီယာန်း၊ ကာဂျာရီယဟ် တိုသည် အေမာမ်ဟိုစိုန်း(အစ)၏ ဟရမ်အကျယ်အ၀န်းကို တိုးချဲ့ရန် ၊ ပြန်လည်တည်ဆောက်ရန် အခြေခံဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်။ [၁၆]

အိဘ်နေဘသူသွဟ်(ဟီဂျရီ၇၀၃၌ကွယ်လွန်) သည် ‌အေမာမ်ဟိုစိုန်း(အစ) အားဇေယာရသ် ပြုလုပ်ခြင်းနှင့် ဟရမ်၏ထောင့်တစ်နေရာတွင် ဇေယာရသ်လာရောက်ကြသူများကို ကျွေးမွေးဖိုရန် ပြောခဲ့သည်။ [၁၇] အိဘ်နေဆွဘာဂ် (ဟီဂျရီ၈၅၅၌ကွယ်လွန်) သည်လည်း ဟီဂျရီ ကိုးရာစု၌ ဇေယာရသ်ပြုလုပ်မည့် လူဦးရေ များပြမှုနှင့်ပတ်သက်ပြီး ပြောခဲ့သည်။ [၁၈]

ဇေယာရသ်ပြုလုပ်ခြင်းဆိုင်ရာကျင့်၀တ်များ

ရေဝါယသ်များ၌ အေမာမ်ဟိုစိုန်း(အစ) ၏ဇေယာရသ်အား မည်သိုမည်ပုံ ပြုလုပ်ရမည် ဟူ၍ လာရှိထားသည်။ ဤရေဝါယသ်အရ အေမာမ်ဟိုစိုန်း(အစ)၏ဟက္က်အားကောင်းသိရှိနားလည်ခြင်း၊ စင်ကြယ်သောစိတ်ထားရှိရခြင်း၊စိတ်ရောကိုယ်ပါရှိရခြင်း၊၀မ်းနည်းမှုရှိရခြင်း စသည်တိုသည် ဇေယာရသ်၏ အတွင်းကျသော ကျင့်၀တ်များဖြစ်သည်။ ထိုနာက် ဇေယာရသ်ဂိုစ်လ်ပြုလုပ်ခြင်း [၁၉] ၊အသန့်ရှင့်ဆုံးသော အ၀တ်အစားအား ၀တ်ဆင်ခြင်း [၂၀] အမွှေးနံသာများ မသုံးစွဲခြင်း နှင့် အလှအပ မပြင်ဆင်ခြင်း [၂၁] နှုတ်ဆိတ်ခြင်း [၂၂] ထိုအတူ ကာမိလွလ်ဇေယာရသ်စာအုပ်၌ အေမာမ်ဟိုစိုန်း(အစ)အားဇေယာရသ် ပြုလုပ်သည့်အခါထို အရာများကို မိမိနှင့်အတူ သယ်ဆောင်ခြင်းသည် မကရယဟ် ဖြစ်သည် ဟူသောအခန်းတစ်ခန်းလာရှိထားသည်။ ဥပမာ အစားအစာအမျိုးမျိုး၊ မုန့်အချိုများ နှင့် ဟလ်ဝါ။

အေမာမ်ဆွာဒီ(က်) ထံမှကောက်နုတ်ထားသည့် ရေဝါယသ်အရ အစားအစားအမျိုးမျိုး နှင့် ပျော်ရွှင်သဖွယ် ပုံစံဖြင့် အေမာမ်ဟိုစိုန်း(အစ)၏ဇေယာရသ်အား မသွားရောက်ပါနှင့်။ သိုသော် ယင်းအစား၊ ရှုပ်ပွပြီး ဖုန်ထူနေသောပုံစံအနေအထားဖြင့် ၎င်းအားဇေယာရသ် ပြုလုပ်ပါလေ။ [၂၃] အရှင်မြတ်ထံ ၊ တမန်တော်မြတ်(ဆွ)နှင့် အဲဟ်လေဘိုင်းသ်(အစ)ထံမှ ၎င်း၏ဟရမ်ထဲသို ၀င်ရောက်ရန်အခွင့်ပန်ခြင်[၂၄] ထိုအတူ ဇေယာရသ်ဂျာမေအေ ယေ ကဘီးရ် အားဖတ်ရွတ်ခြင်းသည် ဇေယာရသ်၏ အပြင်ပိုင်းဆိုင်ရာ ကျင့်၀တ်ဖြစ်သည်။ [၂၅] ကာမီလွလ်ဇေယာရာသ်စာအုပ်၌လာရှိထားသည့် ရေဝါယသ်အရ အေမာမ်ဆွာဒီ(အစ) သည် အေမာမ်ဟိုစိုန်း(အစ)၏ဦးခေါင်းတော်ရှိသည့်နေရာ၌ နှစ်ရကအသ် နမာဇ်ဖတ်ရန် တိုက်တွန်းထားသည်။ ပထမရကအသ်၌ စူရဟ်ဟမ်ဒ် နှင့် စူရဟ်ယာစီးန်၊ ဒုတိယ ရကအသ်၌ စူရဟ်ဟမ်ဒ် နှင့် စူရဟ် ရဟ်မာန် ဖတ်ရွတ်ရမည်။ [၂၆]

ဇေယရသ်ပြုလုပ်ရန်သီးသန့်အချိန်များ

ရှီအဟ်ရေဝါယသ်များ၌ အေမာမ်ဟိုစိုန်း(အစ)၏ဇေယာရသ်အား အရ်ဖဟ်နေ့ [၂၇] ၊ အာရှုရာနေ့ [၂၈]ရှအ်ဘာန် ၁၅ ရက်နေ့ [၂၉]၊ နှင့် ရဂျက်ဘ်လ၏နေ့ရက်များ[၃၀] ၌ ပြုလုပ်ရန် တိုက်တွန်းထားသည်။

ဇေယာရသ်နာမဟ်များ

ရှီအဟ်ဟဒီးစ်ကျမ်းကိုးများ၌ အေမာမ်ဟိုစိုန်း(အစ)အတွက် များစွာသော ဇေယာရသ်နာမဟ်များ ကို ဖော်ပြထားသည်။ [၃၁] ထိုအတူ အေမာမ်ဟိုစိုန်း(အစ) နှင့် ၎င်း၏နောက်လိုက်သားများအတွက် ဇေယာရင်နာမဟ်များလည်း ဟဒီးစ်ကျမ်းကိုးများ၌ လာရှိထားသည်။ [၃၂] ဇေယာရသ်ဝါရီစ် [၃၃] ဇေယာရသ် နာဟီယဟ်မိုကဒ္ဒက်စ် [၃၄] ဇေယာရသ်အာရှုရာ [၃၅] ဇေယာရသ် ရဂျက်ဘီယဟ် [၃၆] ကဒရ်ညများအတွက်ဇေယာရသ် စသည်တိုသည် ဇေယာရသ်နာမဟ်များ ဖြစ်ကြသည်။ [၃၇]

လမ်းလျှောက်၍ ဇေယာရသ်ပြုလုပ်ခြင်း

အေမာမ်ဟိုစိုန်း(အစ)၏ ဇေယာရသ်အား လမ်းလျှောက်၍ ပြုလုပ်ခြင်း နှင့်ပတ်သက်ပြီး အဲဟ်လေဘိုင်းသ်(အစ)များမှ မြောက်များစွာသော ရေဝါယသ်များကို ဖော်ပြထားသည်။ [၃၈] ရှီအဟ်ရေဝါယသ်၌ လမ်းလျှောက်၍ အေမာမ်ဟိုစိုန်း(အစ)၏ ဇေယာရသ်သွားခြင်းဖြင့် အပြစ်များကိုခွင့်လွှတ်ပပြောက်စေသည်ဟု သိရှိထားကြသည်။ အေမာမ်ဆွာဒီ(အစ)မှကောက်နုတ်ထားသည်မှာ မည်သူမဆို အေမာမ်ဟိုစိုန်း(အစ) အား ဇေယာရသ်လာပ်မည်ဟူသော နီယသ်ဖြင့် မိမိတို၏ အိမ်မှ လမ်းလျှောက်ပြီး အပြင်သိုထွက်လာပါက ခြေလှမ်းတိုင်းအတွက် ကောင်းမှုများကို ရေးသားပေမည်။ [၃၉] ရှီးခ်သူစီးသည် သဟ်ဇီးဘွလ်အဟ်ကာမ်စာအုပ်၌ ဖော်ပြထားသည်မှာ အေမာမ်အား‌‌ခြေလျင်ဇေယာရသ်လုပ်သူ ပြန်ရောက်လာသည့်အခါ ကောင်းကင်တမန်တစ်ပါးသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်အကြောင်း ကိုပြောပြ‌ပေသည်။ အသင့်ရဲ့လုပ်ဆောင်ချက်ကို ပြန်လည်အစပြုပါလေ၊ အသင့်၏ အတိတ်အား ခွင့်လွှတ်ခဲ့ပြီးဖြစ်သည်။[၄၀]

ယနေ့တွင်၊ အရ်ဘအီးန် လမ်းလျှောက်ခြင်းသည် အရ်ဘအီးနေဟိုစိုင်နီ နေ့ရက်များအတွင်း နှစ်စဉ်ကျင်းပလေ့ရှိသော ရှီအာထုံးတမ်းများအနက်မှ တစ်ခုဖြစ်သည်။ သန်းနှင့်ချီသောလူများ ပါ၀ငါကြသည့် ဤထုံးတမ်းဓလေ့သည် ကမ္ဘာပေါ်တွင် နှစ်စဉ်အကြီးမားဆုံး ဘာသာရေးဆိုင်ရာ စီတန်းလမ်းလျှောက်မှု သိုမဟုတ် လူထုစုဝေးမှုဟု သတ်မှတ်ကြသည်။[၄၁]

အဝေးမှဇေယာရသ်ပြုလုပ်ခြင်း

အေမာမ်ဟိုစိုန်း(အစ)အား အဝေးတစ်နေရာမှ ဇေယာရသ်ပြုလုပ်နိုင်သလို ထိုသိုပြုလုပ်ခြင်းကိုလည်း မွတ်စ်သဟဘ် ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ [၄၂] ဤသိုဘဇေယာရသ်၌ ဇေယာရသ်ဂိုစ်လ် ပြုလုပ်ခြင်း၊ သန့်ရှင်းသောအ၀တ်အစား ၀တ်ဆင်ခြင်း ထိုအတူ ဇေယာရသ်အား ခေါင်မိုးအပေါ် သိုမဟုတ် လမ်းမ တွင်ပြုလုပ်ခြင်းသည် မွစ်သဟဘ်ဖြစ်သည်။ [၄၃] ထိုအတူ ဇေယာရသ် ပြုလုပ်ပြီး‌ေနာက် သိုမဟုတ် ၎င်းမတိုင်မီ ဇေယာရသ်နမာဇ်ဖတ်ခြင်းသည် မွစ်သဟဘ် ဖြစ်သည်။ [၄၄] အေမာမ်ဆွာဒီ(အစ)ထံမှလာရှိထားသည့် ရေဝါယသ်တစ်ခုအရ မည်သူမဆို မိမိ၏အိမ်၌ ဂိုစ်လ်ပြုလုပ်ပြီး အမြင့်တစ်နေသိုသွားရောက်ကာ အေမာမ်ဟိုစိုန်း(အစ) အား စလာမ်ပိုဘသမည် ဆိုပါက ၎င်းအား ဇေယာရသ် ပြုလုပ်သကဲ့သိုပင် ဖြစ်ငည်။ ref>အေမာမ်ဆွာဒီက်(အစ) (အမှန်စင်စစ်၊ ဟိုစိုန်း ဗင်န် အလီ (အစ) ၏ အရ်ဘအီးန် ဇေယ ရသ်ပြုလုပ်သာများ၏ ကာလနေ့ရက်များသည် ၎င်းတို၏ အသက်ဖြစ်သည်ဟု မသတ်မှတ်ထားပေ။ ထိုနောက် ၎င်းတို၏ ဘဝအစိတ်အပိုင်းအဖြစ် မသတ်မှတ်ထားပေ။) ဟိုရ်အာမေလီ ၊ သက်ဖ်စီးရေ၀စာအိလွလ်ရှီအဟ်၊ ဟီဂျရီ၁၄၁၆၊အတွဲ၁၄၊စာမျက်နှာ၄၁၄။</ref>

လေ့လာဖတ်ရှုရန်

အက်ဘ်ဒုလ်အဇွီးမ်၏ ဇေယာရသ်သည် အေမာမ်ဟိုစိုန်း(အစ)နှင့် တန်းတူညီမျှမှုရှိသည်။

မှတ်စုများ

  1. ဇေယာရသ် ပြုလုပ်ခြင်းဆိုင်ရာနိဒါန်း၊ အီရာန်နှစ်၁၃၉၄၊စာမျက်နှာ၉-၁၁၊ ကာရ်ဂရ်၊ ဟကီးကသ်သေဇေယာရသ်၊ အီရာန်နှစ်၁၃၉၁၊စာမျက်နှာ၇
  2. ဇေယာရသ် ပြုလုပ်ခြင်းဆိုင်ရာနိဒါန်း၊ အီရာန်နှစ်၁၃၉၄၊စာမျက်နှာ၉-၁၁၊ ကာရ်ဂရ်၊ ဟကီးကသ်သေဇေယာရသ်၊ အီရာန်နှစ်၁၃၉၁၊စာမျက်နှာ၇
  3. ကြည့်ပါ ဂျာမေအ် ဇေယာရသွလ်မအ်စူမီးန်၊ အီရာန်နှစ်၁၃၈၉၊အတွဲ၃၊စာမျက်နှာ၃၆-၃၉
  4. ကြည့်ပါ ဂျာမေအ် ဇေယာရသွလ်မအ်စူမီးန်၊ အီရာန်နှစ်၁၃၈၉၊အတွဲ၃၊စာမျက်နှာ ၃၉-၆၉
  5. နဂျဖီ ယဇ်ဒီ အိစ်ရာရေအာရှုရာ၊ အီရာန်နှစ်၁၃၇၇၊ အတွဲ၂၊ စာမျက်နှာ၁၀၃-၁၀၅
  6. ရှီးခ်မိုဖီးဒ်၊ အလ်မေဇာရ်၊ ဟီဂျရီ၁၄၁၃၊စာမျက်နှာ၂၆၊ ဘာဘေ ဟက်ဒ် ဝါ ဝူဂျူဘိုဟာ ဖီလ် ဇမာန် အလလ် အက်ဂ်နီယ အ် ၀လ် ဖိုက်ရာအ်၊ စာမျက်နှာ၂၈
  7. ဟိုရ်အာမေလီ၊ သက်ဖ်ဆွီးရေ၀စာအီလွလ်ရှီအဟ်၊ ဟီဂျရီ၁၄၁၆၊အတွဲ၁၄၊စာမျက်နှာ၄၄၃-၄၄၅
  8. အလ္လာမဟ်မဂ်ျလေစီ၊ ဇေဟာရွလ်အန်ဝါရ်၊ ဟီဂျရီ၁၄၀၃၊အတွဲ၄၊စာမျက်နှာ၂၄၃-၂၄၄
  9. အလ္လာမဟ်မဂ်ျလေစီ၊ ဇေဟာရွလ်အန်ဝါရ်၊ ဟီဂျရီ၁၄၀၃၊အတွဲ၄၊စာမျက်နှာ၂၅၅-၁၅၆
  10. မိုဟမ္မဒီရိန်းရှဟ်ရီ၊ ဂိုဇီနေယေရှဟာဒသ်နာမေယေအေမာမ်ဟိုစိုန်း၊ အီရာန်နှစ်၁၃၉၀၊စာမျက်နှာ၈၃၉
  11. အလ်ဆိုင်ယိဒ်ဗင်န်သွာဝူးစ်၊ အလ်လိုဟူးဖ်ဖီ ကသ်လီယွလ်သွဖူးဖ်၊ ဟီဂျရီ၁၄၁၇၊စာမျက်နှာ၁၁၄
  12. သွီဘ်ရီ၊ သာရီးခေသွဘ်ရီ၊ ဟီဂျရီ၁၉၆၇၊အတွဲ၄၊စာမျက်နှာ၄၇၀
  13. ကြည့်ပါ အိဘ်နေကူလူယေဟ်၊ ကာမီလွလ်ဇေယာရာသ်၊ ဟီဂျရီ၁၄၂၄၊စာမျက်နှာ၂၀၃-၂၀၆-၂၄၂-၂၄၅
  14. အလ်ဟာဒီ( အဟ်မီယသ်ဝါ ဖလ်စဖေယေမက်ကဒေဟိုစိုင်နီ) ၊စာမျက်နှာ၂၈-၂၉
  15. အဘွလ်ဖက်ဆ်ွလေအိဆ်ွဖွဟာနှ၊ မကာသီလွလ်သွာလေဘီးန်၊ ဟီဂျရီ၁၄၁၉၊စာမျက်နှာ၄၇၈၊အမှတ်၄၇၉၊ ရှီးခ်သယစီး၊ အလ်အမာလီ၊ ဟီဂျရီ၁၄၁၄၊စာမျက်နှာ၃၂၅-၃၂၉
  16. ကလီဒါးရ်၊ သာရီးခေကရ်ဘလာ ဝါ ဟာအိရေဟိုစိုင်နီ၊ အီရ န်နှစ်၁၃၈၉၊စာမျက်နှာ၁၈၈
  17. အလ်ဟာဒီ( အဟ်မီယသ်ဝါ ဖလ်စဖေယေမက်ကဒေဟိုစိုင်နီ) ၊စာမျက်နှာ၂၈
  18. အလ်ဟာဒီ( အဟ်မီယသ်ဝါ ဖလ်စဖေယေမက်ကဒေဟိုစိုင်နီ) ၊စာမျက်နှာ၂၈
  19. မိုဟမ္မဒီရိန်းရှဟ်ရီ၊ ဂိုဇီနေယေရှဟာဒသ်နာမေယေအေမာမ်ဟိုစိုန်း၊ ဟီဂျရီ၁၄၀၃၊အတွဲ၁၀၊စာမျက်နှာ၃၅
  20. မိုဟမ္မဒီရိန်းရှဟ်ရီ၊ ဂိုဇီနေယေရှဟာဒသ်နာမေယေအေမာမ်ဟိုစိုန်း၊ ဟီဂျရီ၁၄၀၃၊အတွဲ၁၀၊စာမျက်နှာ၃၅
  21. မိုဟမ္မဒီရိန်းရှဟ်ရီ၊ ဂိုဇီနေယေရှဟာဒသ်နာမေယေအေမာမ်ဟိုစိုန်း၊ ဟီဂျရီ၁၄၀၃၊အတွဲ၁၀၊စာမျက်နှာ၃၅
  22. မိုဟမ္မဒီရိန်းရှဟ်ရီ၊ ဂိုဇီနေယေရှဟာဒသ်နာမေယေအေမာမ်ဟိုစိုန်း၊ ဟီဂျရီ၁၄၀၃၊အတွဲ၁၀၊စာမျက်နှာ၃၆
  23. အိဘ်နေကူလူယဟ်ကွမ်မီး၊ ကာမီလွလ်ဇေယာရာသ်၊ အီရာန်နှစ်၁၃၅၆၊အတွဲ၁၊စာမျက်နှာ၁၃၀
  24. မိုဟမ္မဒီရိန်းရှဟ်ရီ၊ ဂိုဇီနေယေရှဟာဒသ်နာမေယေအေမာမ်ဟိုစိုန်း၊ ဟီဂျရီ၁၄၀၃၊အတွဲ၁၀၊စာမျက်နှာ၄၃၆
  25. မိုဟမ္မဒီရိန်းရှဟ်ရီ၊ ဂိုဇီနေယေရှဟာဒသ်နာမေယေအေမာမ်ဟိုစိုန်း၊ ဟီဂျရီ၁၄၀၃၊အတွဲ၁၀၊စာမျက်နှာ၄၃၇
  26. မိုဟမ္မဒီရိန်းရှဟ်ရီ၊ ဂိုဇီနေယေရှဟာဒသ်နာမေယေအေမာမ်ဟိုစိုန်း၊ ဟီဂျရီ၁၄၀၃၊အတွဲ၁၀၊စာမျက်နှာ ၁၆၉
  27. အိဘ်နေကူလူယဟ်ကွမ်မီး၊ ကာမီလွလ်ဇေယာရာသ်၊ အီရာန်နှစ်၁၃၅၆၊အတွဲ၁၊စာမျက်နှာ ၃၁၆
  28. အိဘ်နေကူလူယဟ်ကွမ်မီး၊ ကာမီလွလ်ဇေယာရာသ်၊ အီရာန်နှစ်၁၃၅၆၊အတွဲ၁၊စာမျက်နှာ ၃၂၃
  29. အိဘ်နေကူလူယဟ်ကွမ်မီး၊ ကာမီလွလ်ဇေယာရာသ်၊ အီရာန်နှစ်၁၃၅၆၊အတွဲ၁၊စာမျက်နှာ ၃၃၃
  30. အိဘ်နေကူလူယဟ်ကွမ်မီး၊ ကာမီလွလ်ဇေယာရာသ်၊ အီရာန်နှစ်၁၃၅၆၊အတွဲ၁၊စာမျက်နှာ ၃၃၈
  31. မိုဟမ္မဒီရိန်းရှဟ်ရီ၊ ဂိုဇီနေယေရှဟာဒသ်နာမေယေအေမာမ်ဟိုစိုန်း၊ ဟီဂျရီ၁၄၀၃၊အတွဲ၁၁၊စာမျက်နှာ၂ ၅၇
  32. မိုဟမ္မဒီရိန်းရှဟ်ရီ၊ ဂိုဇီနေယေရှဟာဒသ်နာမေယေအေမာမ်ဟိုစိုန်း၊ ဟီဂျရီ၁၄၀၃၊အတွဲ၁၁၊စာမျက်နှာ၂၈၁
  33. မိုဟဒ္ဒီစီး၊ ဖရ်ဟန်ဂေအာရှုရာ၊ အီရာန်နှစ်၁၃၇၄၊စာမျက်နှာ၂၁၃
  34. မိုဟဒ္ဒီစီး၊ ဖရ်ဟန်ဂေအာရှုရာ၊ အီရာန်နှစ်၁၃၇၄၊စာမျက်နှာ၂၁၀
  35. မိုဟဒ္ဒီစီး၊ ဖရ်ဟန်ဂေအာရှုရာ၊ အီရာန်နှစ်၁၃၇၄၊စာမျက်နှာ၂၀၇
  36. မိုဟဒ္ဒီစီး၊ ဖရ်ဟန်ဂေအာရှုရာ၊ အီရာနနှစ်၁၃၇၄၊စာမျက်နှာ၂၀၆
  37. ကွမ်မီး၊ ရှီးခ်အဘာစ်၊ ဇေယာရသ်အေမာမ်ဟိုစိုန်း(အစ) ဒရ် ရှက်ဘ် ဟာရေ ကဒ်ရ် ဘရာယေ နမူနေဟ်၊ ကြည့်ပါ အိဘ်နေကူလူယဟ်၊ ကာမီလွလ်ဇေယာရာသ်၊ ဟီဂျရီ၁၄၂၄၊စာမျက်နှာ၁၃၄၊ အိဘ်နေကူလူယဟ်၊ ကာမီလွလ်ဇေယာရာသ်၊ ဟီဂျရီ၁၄၂၄၊စာမျက်နှာ၁၈၇၊ အိဘ်နေကူလူယဟ်၊ ကာမီလွလ်ဇေယာရာသ်၊ ဟီဂျရီ၁၄၂၄၊စာမျက်နှာ ၁၃၂
  38. အိဘ်နေကူလူယဟ်၊ ကာမီလွလ်ဇေယာရာသ်၊ ဟီဂျရီ၁၄၂၄၊စာမျက်နှာ၁၃၃
  39. ရှီးခ်သူစီး၊ သဟ်ဇီးဘွလ်အဟ်ကာမ်၊ အီရာန်နှစ်၁၃၆၅၊ အတွဲ၆၊ စာမျက်နှာ၄၃
  40. ဂိုဇာရီရှ် ရှုဇ်နာမေဟ် ဖရာန်စူယီ လူမူန်ဒ် အဇ် မရာစင်မေ အရ်ဘအီးန် ဒရ် ကရ်ဘလာ
  41. ဖရ်ဟန့်ဂေဖိက်ဟ်၊ အီရာန်နှစ် ၁၃၈၉၊အတွဲ၄၊ စာမျက်နှာ၃၂၉
  42. ဖရ်ဟန့်ဂေဖိက်ဟ်၊ အီရာန်နှစ် ၁၃၈၉၊အတွဲ၄၊ စာမျက်နှာ၃၂၉
  43. ဖရ်ဟန့်ဂေဖိက်ဟ်၊ အီရာန်နှစ် ၁၃၈၉၊အတွဲ၄၊ စာမျက်နှာ၃၂၉
  44. အိဘ်နေကူလူယဟ်၊ ကာမီလွလ်ဇေယာရာသ်၊ ဟီဂျရီ၁၄၂၄၊စာမျက်နှာ၄၈၂

ကျမ်းကိုးမျာ

  • အိဘ်နေကူလူယဟ်၊ဂျအ်ဖရ်ဗင်န်မိုဟမ္မဒ်၊ ကာမီလွလ်ဇေယာရသ်၊ သဟ်ကီးက် ရှီးခ်ဂျဝါဒ်ကိုင်ယူမီ၊ ကွမ်း၊ ဖကာဟဟ်ပုံနှိပ်တိုက်၊ဟီဂျရီ ၁၄၂၄
  • အဘုလ်ဖရက်ဂ်ျအိဆ်ွဖွဂာနီ၊ အလီဗင်န်ဟိုစိုန်း၊ မကာသီလွလ်သွာလိဘီးန်၊ ဘီရူးသ်၊မိုအ်စစ်စေ အအ်လမီယွလ်မသ်ွဘူအားသ်၊ ဟီဂျရီ၁၄၁၉၊ခရာဇ်နှစ်၁၉၉၈
  • ဂျာ‌ေမအွလ်ဇေယာရာသ်မအ်စူမီးန်၊ မိုအ်စစ်စေအေမာမ်ဟာဒီ(အစ)၊ ကွမ်း၊ ပယ မေအေမာမ်ဟာဒီ(အစ) ၊ အေသေမာဒ်၊ အီရာန်နှစ်၁၃၈၉
  • ဟိုရ်အာမေလီး၊ မိုဟမ္မဒ်ဗင်န်ဟစန်၊ သက်ဖ်ွစီးရ် ဝစ။အိလွလ်ရှီအဟ် အီလာ သဟ်ဆွီးလ် မစာအိလွလ်ရှီအဟ်၊ ကွမ်း၊ မိုအ်စစ်စေ အာလေဘိုင်းသ် လိအဟ်ယာအွလ်သရား်၊ ဟီဂျရီ၁၄၁၆၊ အီရာန်နှစ်၁၃၇၄
  • ဇေယာရသ်ပြုလုပ်ခြင်းဆိုင်ရာ နိဒါန်း- ဟာဘီယသ် ၏သံသယများကို ရှီအာနှင့် ဆွန်နီပညာရှင်များအမြင်မှ ဖြေဆိုခြင်း၊ ကွမ်း၊ အေမာမ်ဟာဒီ(အစ)၏သတင်းဌာနပုံနှပ်တိုက်၊ အီရာန်နှစ်၁၃၉၄
  • ဇာရအ်ခိုမီဇီး၊ မိုဟမ္မဒ်ရေဇွာ၊ ( အရ်ဘအီးနီဟာယေ ခူနီးန်၊ ခေတ်ကာလရှိ ဟိုစိုင်နီ ၏ အရ်ဘအီးန်တွင် သွေးထွက်သံယိုတိုက်ခိုက်မှုအချိုကို ကြည့်ခြင်း) ၊ ဒရ်ဖက်ဆ်ွလ်နာမေယေဖရ်ဟန့်ဂ်ဇေယာရာသ်၊ နွေရာသီ နှင့် ပါယီးဇ်၊ အီရာန်နှစ်၁၃၉၃
  • အလ်ဆိုင်ယိဒ် ဗင်န် သွာဝူးစ်၊ အလ်လိုဟူဖ် ဖီ ကသ်လီယွလ် သွဖူးဖ်၊ ကွမ်း၊ အန်ဝါရွလ်ဟိုဒါ၊ ဟီဂျရီ၁၄၁၇
  • ရှီးခ်သူစီး၊ မိုဟမ္မဒ် ဗင်န် ဟစန်၊ အလ်အမာလီ၊ ကွမ်း၊ ဒါရွလ်စကာဖဟ်၊ ဟီဂျရီ၁၄၁၄
  • ရှီးခ်မိုဖီးဒ်၊ မိုဟမ္မဒ် ဗင်န် မိုဟမ္မဒ် ‌ဗင်န် နအ်မာန်၊ အလ်မဇာရ်၊ ကွမ်း၊ ကန်ဂရေဂျဟာနီဟေဇာရေဟ်ရှီးခ်မိုဖီးဒ်၊ ဟီဂျရီ၁၄၁၃
  • သွီဘ်ရီ၊ မိာဂမ္မဒ် ဗင်န် ဂျရီးရ်၊ သာရီးခေသွဘ်ရီ၊ ဘီရူးသ်၊ ဒါရွလ်သရာစ်၊ ခရာဇ်နှစ်၁၉၆၇
  • အလ္လာမဟ်မဂ်ျလေစီ၊ မိုဟမ္မဒ်ဘာကရ် ဗင်န် မိုဟမ္မဒ်သကီ၊ ဇေဂာရွလ်အန်ဝါရွလ် ဂျာမေအဟ် လေဒရက်ရ် အခ်ဘာရွလ် အအင်မ်မသွလ်အသ်ွဟာရ်၊ သဆ်ွဟီးဟ် မိုဟမ္မဒ်ဘာကရ်မဟ်မှုဒီ နှင့် အခြားသူများ၊ ဘီရူးသ်၊ မိုအ်စစ်စေအလ်၀ဖွာ၊ ဟီဂျရီ၁၄၀၃၊ ခရာဇ်နှစ်၁၉၈၃
  • အလဝီ၊ ဆိုင်ယိဒ်အာဒီလ်( မအ်စူးမီးန်များအား လမ်း‌ေလျှာက်ဇေယာရသ် လုပ်ရခြင်း၏ အကျိုးအာနိသင်) ၊ သရ်ဂျွမ်မဂ် ဟိုစိုန်း ရှဟ်ရီစ်သာနီ၊ ဒရ်ဖက်ဆ်ွလ်နာမေယေ ဖရ်ဟန့်ဂ် ဇေယာရာသ်၊ အီရာန်နှစ်၁၃၉၃
  • ကာရ်ဂဲရ်၊ ရဟီးမ်၊ သဟ်ကီးကေဇေယာရာသ်၊ မက်ရှ်ဟဒ်၊ အာစ်သာနေမိုကဒ္ဒစေရဇဝီ၊ အီရာန်နှစ်၁၃၉၁
  • ကီလီဒါရ်၊ အဘ်ဒုလ်ဂျဝါဒ်၊ သာရီးခေကရ်ဘလာ ဝါ ဟ အီရေဟိုစိုန်နီ၊ သရ်ဂျွမ်မဟ် မွတ်စ်လင်မ် ဆွာလေဟီ၊ သီဟီရာန်၊ မက်ရှ်အရ်၊ အီရာန်နှစ်၁၃၈၉
  • မိုဟမ္မဒီကိန်းရှဟ်ရီ၊ မိုဟမ္မဒ်၊ ဒါနီရှ်နာမေယေအေမာမ်ဟိုစိုန်း ဘရ် ပါယေကုရ်အာန်၊ ဟဒီးစ် ဝါ သာရီးခ်၊ သရ်ဂျွမ်မဟ် အဘ်ဒုလ်ဟာဒီ မက်စ်အူဒီ၊ အတွဲ၁၀၊ ဒါရွလ်ဟဒီးစ်၊ ဟီဂျရီ၁၄၃၀ အီရာန်နှစ် ၁၃၈၈
  • မိုဟမ္မဒီကိန်းရှဟ်ရီ၊ မိုဟမ္မဒ်၊ ဒါနီရှ်နာမေယေအေမာမ်ဟိုစိုန်း ဘရ် ပါယေ မနာဘေအ် မိုအ်သဘရ်၊ ကွမ်း၊ မိုအ်စစ်စေ အီလ်မီ ဖရ်ဟန်ဂီ ဒါရွလ်ဟဒီးစ်၊ ဟီဂျရီ၁၄၃၀ အီရာန်နှစ် ၁၃၉၀
  • နဂျဖီ ယဇ်ဒီ၊ ဆိုင်ယိဒ်မိုဟမ္မဒ်၊ အိစ်ရာရေအာရှုရာ၊ ကွမ်း၊ ဒက်ဖ်သဲရေအင်န်သေရှာကာသေအိစ်လာမီ၊ အီရာန်နှစ်၁၃၇၇
  • အလ်ဟာဒီ၊ ဂျအ်ဖရ်၊ ( အဂ်မီယသ် ဝါ ဖလ်စဖေဟ် ဇေယာရသ် မရ်ကဒေ ဟိာစိုန်နီ) ၊ ဒရ်ဖက်ဆ်ွနာမေယေဖရ်ဟန့်ဂေဇေယာရသ်၊ နွေရာသီ နှင့် ပါယီးဇ် ၊ အီရာန်နှစ် ၁၃၉၃