အလ်ဟကီးကသိုကမာဟေယာ (စာအုပ်)

wikishia မှ
အလ်ဟကီးကသိုကမာဟေယာ မူရင်းစာအုပ်

အလ်ဟကီးကသိုကမာဟေယာ (အရဘီ: ا الحَقیقَةُ کَمَا هِيَ ) ဆိုသည်မှာ သည် ရှီအာဟ် ဘာသာရေးပညာရှင် ဂျအ်ဖရ် အလ်ဟာဒီ (အီရန် သက္ကရာဇ် ၁၃၉၉ ခုနှစ် ကွယ်လွန်) မှ ရှီအဟ် အေမာမ်မီယဟ် ယုံကြည်ချက်များ ကို ရှင်းပြထားသော အကျဥ်းချုပ် အနှစ်ချုပ် စာအုပ် ဖြစ်ပါသည်။ ဤစာအုပ်ငယ် တွင် စာရေးသူသည် ငြင်းခုံခြင်းမရှိဘဲ ကုရ်အာန် ကျမ်းမြတ် ၏ အာယသ်တော်များ နှင့် ဟဒီးစ်တော် များကို အသုံးပြုခြင်းဖြင့် ရှီအဟ် ကို မိတ်ဆက်ပေးထားပါသည်။ အလ်ဟကီးကသိုကမာဟေယာ အား အရဘီ ဘာသာဖြင့် ရေးသား ထားခြင်းဖြစ်ပါ သည်။ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) မှ ဤစာအုပ်ကို အီရန် သက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၀၅ခုနှစ် တွင် ထုတ်ဝေခဲ့ပြီး အီရန် သက္ကရာဇ် ၁၄၀၂ခုနှစ် ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်အထိ ဘာသာစကား ပေါင်း ၃၃ မျိုးဖြင့် ဘာသာပြန်ဆိုခဲ့ပြီး ဖြစ်ပါသည်။ ၎င်း၏ ပါရှန်း(ဖွာရစီ) ဘာသာ ပြန် အား " ဟကီးကသ်‌ အော်န်ကူနေဟ်ကေဟစ် " လို့ခေါ်ဆိုပါသည်။

ဤစာအုပ်အား အသံ ဖိုင်အဖြစ် စပိန်၊ ပြင်သစ် နှင့် အင်ဒိုနီးရှား ဘာသာစကားများဖြင့် ထုတ်လုပ် ထားပါ သည်။

မိတ်ဆက်

အလ်ဟကီးကသိုကမာဟေယာ စာအုပ် သည် အရဗီဘာသာ စကားဖြင့် ရေးသားထားသည့် ရှီအဟ် များ၏ ယုံကြည် ချက်များကို ကုရ်အာန် ကျမ်းမြတ် ၏ အာယသ်တော်များ နှင့် ဟဒီးစ်တော် များကို အသုံးပြုခြင်းဖြင့် မိတ်ဆက်ပေးသည့် စာအုပ်ဖြစ်ပါသည်။ [1] စာအုပ်ရေးသားသူ ဂျအ်ဖရ် အလ်ဟာဒီ (အီရန် သက္ကရာဇ် ၁၃၉၉ ခုနှစ် ကွယ်လွန်) သည် အီရတ်နိုင်ငံသား ရှီအဟ်ပညာရှင်တစ်ပါး ဖြစ်ပြီး မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ ဘိုက် (သ) (အ.စ) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။

ဤစာအုပ်တွင် အစ္စလာမ့်ဂိုဏ်းများကြား သံသယများ၊ စွပ်စွဲမှုများနှင့် ကွဲပြားမှုများအပေါ် ငြင်းခုံမှုများနှင့် ကိုးကားမှုများ မည်သို့ပင်ရှိစေကာမူ ရှီအဟ် ၏ အတွေးအမြင်ဘောင်၏ အတိုချုပ် အနှစ်ချုပ် အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် ရှင်းလင်းချက်တစ်ခုပေးရန် ကြိုးပမ်းထားပါသည်။ [2] ခေါင်းစဉ်လေးဆယ်တွင် စာရေးသူသည် ရှီအဟ် ယုံကြည်ချက်နှင့် အခြားသော အစ္စလာမ့်ဂိုဏ်းများ၏ ယုံကြည်ချက်များကြား ကွဲပြားမှုများကို ထောက်ပြရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။ [3] အလ်ဟကီးကသိုကမာဟေယာ ကို ဘာသာ စကား ၃၃ မျိုးဖြင့် ဘာသာပြန်ပြီး ထုတ်ဝေခဲ့သည်။ [4]

ဖွဲ့ စည်းပုံ နှင့် အကြောင်းအရာများ

အလ်ဟကီးကသိုကမာဟေယာ စာအုပ် ငယ်တွင် ထုတ်ဝေသူမှ မိတ်ဆက်ခြင်း၊ စာရေးဆရာမှ မိတ်ဆက် ခြင်း၊ စာအုပ်၏ စာသားပါရှိပြီး အညွှန်း သို့မဟုတ် အခန်းများ မပါရှိပါ။ [5] စာအုပ်၏ အကြောင်းအရာများ ကို ခေါင်းစဉ် လေးဆယ် ဖြင့် ရေးသား သီးကုံး ထားပြီး ရှီအဟ် နှင့် ရှီအဟ် ၏ သက်ဝင် ယုံကြည်ချက်များကို မိတ်ဆက် ပေးထားပါသည်။ [6] စာသားစာရင်းကိုအခြေခံ၍ စာအုပ်၏အကြောင်းအရာများ မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

  • အစ္စလမ်ဘာသာဝင် မဇ်ဟဗ် နောက်လိုက်များအားလုံး အပြန်အလှန် အသိအမှတ်ပြုမှုနှင့် ငြိမ်းချမ်း သော ဘဝ အတွက် လိုအပ်ကြောင်း
  • ကိုလိုနီ မဇ်ဟဗ်များဖြစ်သည့် ပမာအားဖြင့် ဘဟာအီယသ် ၊ ဘာဘီယဟ် နှင့် ကာဒီယာနီယသ် နှင့် ရှီအဟ်မဇ်ဟဗ် မတူသည့် အကြောင်း
  • ရှီအဟ်အစ်စနာအရှ်ရီ တို့၏ သက်ဝင် ယုံကြည်ချက်များ ဖြစ်သည့် သောင်ဟီးဒ် ၊ အဒ်လ် ၊ နဘူဝသ် ၊ အေမာမ်မသ် နှင့် ကေယာသ် ကို မိတ်ဆက်ထားသည့် အကြောင်း
  • ရှီအဟ်များ ၏ အေမာမ်၁၂ပါး ၏ အစ်ဆ်မသ် (ပြစ်မဲ့ခြင်း) ကို သက်ဝင်ယုံကြည်ကြောင်း ၊ အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏တည်ရှိမှု ၊ အန်သေဇာရရ်ရေဖရဂျ် (အေမာမ် မဲဟ်ဒီ (အ.ဂျ) ဇဟူရ်းဖြစ်ဖို့ စောင့်မျှော်ခြင်း ) အကြောင်း၊ လက်ရှိ ဂိုက်ဘသ် ခေတ် ( အေမာမ် မဲဟ်ဒီ (အ.ဂျ) အကွယ်တွင်ရှိနေသည့် ခေတ် (ယနေ့ခေတ်)) တွင် အေမာမ် (အ.ဂျ) ၏ သာမန် ကိုယ်စားလှယ်တော်များ ဖြစ်သည့် ဖိုကဟာအ် (မရ်ဂျာတော်များ) ဆိုင်ရာယုံကြည်ချက်များ အကြောင်း
  • ရှီအဟ်မဇ်ဟဗ် ၏ လက်တွေ့ကျ လုပ်ဆောင်ရသည့် ယုံကြည်ချက်များ ဖြစ်သည့် နမာဇ် ၊ရိုဇဟ် ၊ ဟဂျ် ၊ ဇကာသ် ၊ ခွမ်းစ် ၊ ဂျေဟာဒ် ၊ သဝလီ (အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် အချစ်ထားခြင်း ) ၊ သဘရီ (အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရန်သူများ ကို မုန်းတီးခြင်း) ၊ ကောင်းရာ ကို ညွှန် ကြားခြင်း ၊ မကောင်းမှု ကို တားမြစ်ခြင်း အကြောင်း
  • ယာယီအိမ်ထောင်ရေး (မိုသဟ် ) ၏ တရားဝင်မှု ၊ ဇေနာ ကိုတားမြစ်ကြောင်း၊ လိင်တူဆက်ဆံရေး၊ အတိုး ၊ အရက် သောက်ခြင်း ၊ လူသတ်ခြင်း ၊ လောင်းကစား ၊ စျေးတင်ရောင်းရန်ကုန်ပစ္စည်းများ လိုသည်ထက်ပို၍ သိုလှောင် ခြင်း ၊ ကျူးကျော်ခြင်း ၊ စွပ်စွဲခြင်း ၊ အတင်း ပြောခြင်း ၊ဆဲဆိုခြင်း၊ လိမ်ညာပြောခြင်း တို့အား ဂိုနဟ်ကြီးများ (အပြစ်ကြီးများ) ဖြစ်ကြောင်း
  • ရှီအဟ် မဇ်ဟဗ် သည် သီလ သမာဓိ ၊ ကိုယ်ကျင့် တရားများ ၊ ကောင်းမြတ်သည့် ဂုဏ်များ အတွက် အရေးကြီးကြောင်း၊ နမ်ပိုင်း ဆိုင်ရာအရ မိမိကိုယ်ကို မြှင့်တင်ရန် ကြိုးပမ်းခြင်း နှင့် အဟ်လေ့ဘိုက်(သ) (အ.စ) ကိုယ်တိုင် တောင်းဆိုခဲ့သည့် စာသားများဖြစ် ဒိုအာ များ ကို အာရုံစိုက်ခြင်း အကြောင်း
  • ရှီအဟ်အေမာမ်မီယဟ် များသည် တမန်တော်မြတ်များ(အ.စ) ၊ ပြစ်မဲ့ အေမာမ်များ (အ.စ) နှင့် အေမာမ် ၏သားစဥ်မြေးဆက်များ ၏ ကဗဲရ်တော်များ ကို ရိုသေလေးစားသည့် အကြောင်း
  • ရှီအဟ်မဇ်ဟဗ် တို့၏ ဇေယာရသ် ၊ ရှဖာအသ် ၊ သဝစိုလ် ၊ အဇါဒါရီ၊ သက္က်လီးဒ် ၊ ပြစ်မဲ့(၁၄ပါး) ၏ ဝေလာဒသ် (မွေးနေးပွဲများ) ကျင်းပခြင်း ၊ ခလီဖာသုံးပါး အပေါ်ဆဲခြင်း ၊လအ်နသ် ပို့ခြင်းစသည့် ခေါင်းစဥ်များ နှင့်ပတ်သက်ပြီး ရှီအဟ် ဆန့်ကျင်ရေးသမားများ၏ သံသယများ နှင့် စွပ်စွဲချက်များ ကို အဖြေပေးခြင်း အကြောင်း
  • ရှီအဟ်ဟဒီးစ်တော်များ၏ အရေးအကြီးဆုံး ရင်းမြစ် များဖြစ်သည့် ကိုသွဗ်ဘေအရ်ဗအ် ၊ နဲဟ်ဂျိုလ် ဘလာဂဟ် ၊ဆဟီးဖဟ်စဂျာဒီယဟ် တို့အား မိတ်ဆက်ခြေင်း အကြောင်း
  • ရှီအဟ်အစ်စနာအရှ်ရီ ၏ သက်ဝင်ယုံကြည်ချက် အရ၊ အစ္စလာမ်ဘာသာဝင်များ၏ ရပိုင်ခွင့်များ အခွင့် အရေးများကို အကာအကွယ်ပေးခြင်း၊ အခြားအစိုးရများနှင့် တရားမျှတသော ဆက်ဆံရေးနှင့် အစ္စလာမ့် ကမ္ဘာ၏ နယ်နိမိတ်များကို အကာအကွယ်ပေးခြင်း၊ ကုရ်အာန်၏အမြင်တွင် ဂုဏ်သိက္ခာ၊ မွတ်စ်လင်မ်တို့ ၏ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် နိုင်ငံရေး လွတ်လပ်ခွင့်အတွက် အလ္လာဟ် ဟို အရှင်မြတ် ၏ ကျမ်းမြတ် ကုရ်အာန် နှင့် ပြစ်မဲ့များ (အ.စ) ၏ စွန္နသ်ကို အခြေခံထားသည့် အစ္စလာမ့်အစိုးရများထံမှ မွတ်စလင်မ် တိုင်း အကျိုးခံစားခွင့်ရှိခြင်း အကြောင်း [7]

ဤစာအုပ်အား ထုတ်ဝေခြင်း နှင့် ဘာသာပြန်ခြင်း

ပါရှန်းဘာသာနှင့် ပြန် ဆိုထားသည့် စာအုပ်

ဤစာအုပ်ကို မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) မှ ဤစာအုပ်ကို ဟီဂျရီ သက္ကရာဇ် ၁၄၂၆ခုနှစ် ၊ အီရန် သက္ကရာဇ် ၁၃၇၄ ခုနှစ်တွင် ခရစ်သက္ကရာဇ် ၂၀၀၅ခုနှစ် တွင် အုပ်ရေ ခြောက်ထောင်ဖြင့် ထုတ်ဝေခဲ့ပါသည်။ [8] ခရစ် သက္ကရာဇ် ၂၀၀၉ ခုနှစ်တွင် ဤ စာအုပ်အား ပါရှန်း(ဖွာရစီ) ဘာသာပြန် "ဟကီး ကသ်‌ အော်န်ကူနေဟ်ကေဟစ် " အမည်ဖြင့် ပြန်ဆိုထားပြီး စာမျက်နှာ ၆၃ မျက်နှာဖြင့် ပုံနှိပ် ထုတ်ဝေခဲ့ ပါသည်။ဤစာအုပ် အား အခြားဘာသာစကား ၃၂ ဘာသာ ဖြင့် လည်း ဘာသာပြန် ဆိုထား ပါ သည်။ ပြန်ဆိုတာသည့် ဘာသာများမှာ

  1. အယ်လ်ဘေးနီးယန်း
  2. ဂျာမန်
  3. အူရဒူ
  4. စပိန်
  5. အင်ဒိုနီးရှား
  6. အင်္ဂလိပ်စာ
  7. အီတလီ
  8. မြန်မာ
  9. ဘူဂေးရီးယား
  10. ဘင်္ဂါလီ
  11. ဘော့စနီးယား
  12. ပေါ်တူဂီ
  13. ပါရှတို
  14. သာဂါလိုဂ် (ဖိလစ်ပိုင်)
  15. ထိုင်း
  16. တူရကီ
  17. ချီဟွာဟွာ
  18. ဒိန်းမတ်
  19. ရဝမ်ဒါ
  20. ရုရှ
  21. ရိုမေးနီးယား
  22. ဂျပန်
  23. စန္ဒီ
  24. ဆွာဟီလီ
  25. ပြင်သစ်
  26. ဖူလာနီ
  27. ခရူ
  28. ခမာ (ကမ္ဘောဒီးယား)
  29. ကာ့ဒ်
  30. လက်ဇန်း
  31. ပိုလန်
  32. ဟူစာ [9]

ဤစာအုပ်အား အသံ ဖိုင်အဖြစ် စပိန်၊ ပြင်သစ် နှင့် အင်ဒိုနီးရှား ဘာသာစကားများဖြင့် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ပညာရပ် နှင့် ဉ်ကျေးမှုဆိုင်ရာ ဒုတိယအဓိပတိ ဌာန ဘက်မှ ထုတ်လုပ် ထားပါ သည်။ [10]

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ