ဇေနာ

wikishia မှ


ဤစာစောင်သည် ကာမကျူးလွန်လိုက်စားခြင်း ၏ ဥပမာများထဲမှ တစ်ခုအကြောင်း ရေးသားထားခြင်း ဖြစ်သည်။ ဤသဘောတရားကို လေ့လာရန်၊ အောက်ပါတို့ကို ကြည့်ရှုပါလေ။

နှီးနှောဆက်ဆံခြင်း ဆိုသည်မှာ ယောက်ျား နှင့် မိန်းမကြား ထိန်းမြားလက်ထပ်ခြင်း ဆိုင်ရာ ထွက်ဆိုဝန်ခံမှုများ ပြုလုပ်ထားပြီး (ကာမကျူးလွန်လိုက်စားခြင်း မရှိဘဲ) လိင်ဆက်ဆံခြင်း ကိုခေါ်ဆိုသည်။ ဇေနာ ကာမကျူးလွန်လိုက်စားခြင်း သည် ကြီးစွာသော အပြစ်များထဲမှ တစ်ခုဟု ယူဆကြပြီး ၎င်းအား ဟရာမ် ဖြစ်သည် ဟူ၍ တားမြစ်ထားသည်မှာ ထင်ရှားပေသည်။ ဇေနာ ကာမကျူးလွန်လိုက်စားခြင်း အတွက် အပြစ်ဒဏ်သည် ၎င်း၏ အခြေအနေ အပေါ် မူတည်ပြီး ကွဲပြားမှု ရှိပေသည်။ လူပျို ၊ အပျိုများအတွက် ဇေနာ ကာမကျူးလွန်လိုက်စားခြင်း ၏ ပြစ်ဒဏ်မှာ ကြိမ်ဒဏ်တစ်ရာ၊ အိမ်ထောင်သည်များ အတွက် ဇေနာ ကာမကျူးလွန်လိုက်စားခြင်း၏ ပြစ်ဒဏ်မှာ ကျောက်ခဲ ဖြင့်ပေါက်ခြင်း၊ မဟ်ရာမ် ဆွေးမျိုး တော်စပ်သူများဖြင့် ဇေနာ ကာမကျူးလွန်လိုက်စားခြင်း၏ ပြစ်ဒဏ်မှာ သက်ခြင်း ဖြစ်သည်။ ဖကီးဟ် ပညာရှင်များ၏ ဖသ်ဝါများအရ ၊ဇေနာ ကာမကျူးလွန်လိုက်စားခြင်း ၏ အထောက်အထားသည် ထို ဇေနာကျူးလွန်သူ ကိုယ်တိုင်၏ ဝန်ခံချက်ဖြင့်သာ ဖြစ်နိုင်ပြီး ဇေနာ ကာမကျူးလွန်လိုက်စားခြင်း၏ ဆေးစစ်ချက်များဖြင့် သက်သေ မပြနိုင်ပေ။ ဇေနာ ကာမကျူးလွန်လိုက်စားခြင်း အပေါ် ကွဲပြားသော တရားစီရင်ရေးဆိုင်ရာ စီရင်ထုံးများကို ချမှတ်ထားသည်။ ဥပမာ ၊ အိမ်ထောင်သည် အမျိုးသမီး သို့မဟုတ် ကွာရှင်းပြီး အစ္စလာမ့် ထုံးတမ်းအရ အချိန်ကာလ အတိုင်းအတာ တစ်ခုထိ စောင့်နေရသည့် အမျိုးသမီး ဖြင့် ဇေနာ ကာမကျူးလွန်လိုက်စားခြင်း အစဉ်အမြဲ ဟရာမ် ဖြစ်ပေသည်။ ဆိုလိုသည်မှာ ထိုသူတို့နှစ်ယောက်သည် ဘယ်သောအခါမှ လက်ထပ်ထိန်းမြားလို့ မရတော့ပေ။

ဝေါဟာရ အနက်အဓိပ္ပါယ်

ဇေနာ ကာမကျူးလွန်လိုက်စားခြင်း ဆိုသည်မှာ ဖိက္က်ဟ် ဓမ္မသတ် ဖွင့်ဆိုချက်၌ ၊ ယောက်ျား နှင့် မိန်းမကြား ထိန်းမြားလက်ထပ်ခြင်း ဆိုင်ရာ ထွက်ဆိုဝန်ခံမှုများ မရှိဘဲ သို့မဟုတ် အမျိုးသားသည် အမျိုးသမီး၏ ပိုင်ရှင် မဟုတ်ဘဲ ၎င်းတို့နှစ်ဦးကြား လိင်ပိုင်းဆိုင်ရာ နှီးနှောဆက်ဆံမှုပြုခြင်း ဖြစ်သည်။ (1) အမျိုးသား၏ လိင်တံသည် ခသ်နာ ( အရေဖျား လှီးဖြတ်ထားသည့် နေရာ) အထိ အမျိုးသမီး၏ လိင်အင်္ဂါ သို့မဟုတ် စအိုထဲသို့ ဝင်သွားပါက ဤလိင်ဆက်ဆံမှု အမျိုးအစားကို နှီးနှောဆက်ဆံခြင်းဟု ခေါ်ဆိုသည်။ (2)

ဇေနာ ကာမကျူးလွန်လိုက်စားခြင်းသည် ကြီးမားသော အပြစ်ငရဲဖြစ်သည်။

မွတ်စ်လင်မ် ပညာရှင်များသည် ကာမကျူးလွန်လိုက်စားခြင်းကို ကြီးစွာသော အပြစ်များထဲမှ တစ်ခုအဖြစ် မှတ်ယူကြပြီး (3) ၎င်းသည် တရားတော်မှ တားမြစ်ထားသည့် ဟရာမ်ဖြစ်ခြင်းကြောင်း ထင်ရှားပေသည် ဟူ၍ သတ်မှတ်ထားသည်။ (4) ၁၃ ရာစု ရှီယိုက် ဥပဒေပညာရှင် ဆွာဟီဘ် ဂျဝါဟီရ် ၏ အဆိုအရ ဘာသာတရား အားလုံးသည် ကာမကျူးလွန်လိုက်စားခြင်းအား ဟရာမ် တားမြစ်ထားကြောင်း သဘောတူညီကြသည်။ (5) သမ္မာကျမ်းစာအရ ကာမကျူးလွန်လိုက်စားခြင်းကို တားမြစ်ခြင်းသည် မူစာ၏ ပညတ်တော် ဆယ်ပါးထဲမှ တစ်ခုဖြစ်သည်။ (6) အချို့ကိစ္စများတွင် ကျောက်ခဲဖြင့် အပြစ်ပေးခံရသည်။ (7) ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ်တော် ခုနှစ်ခုသည် ကာမကျူးလွန်လိုက်စားခြင်း နှင့် ၎င်း၏ စည်းမျဉ်းများ အကြောင်း လာရှိထားသည်။ (8) ဟဒီးစ် စာအုပ်များတွင် ကာမကျူးလွန်လိုက်စားခြင်း နှင့်သက်ဆိုင်သည့် ရေဝါယသ်များအတွက် အပိုင်းတစ်ပိုင်း သီးသန့်လာရှိထားသည်။ (9) ရေဝါယသ်များတွင်၊ ကာမကျူးလွန်လိုက်စားခြင်းကို တမန်တော်များအား သတ်ခြင်း နှင့် ကအ်ဗဟ် ကျောင်းတော်ကို ဖျက်ဆီးခြင်း နှင့်ညီမျှသော အပြစ်ရှိသည် ဟူ၍ ဖော်ပြထားသည်။ (10) ထို့အတွက်ကြောင့် လောကီ နှင့် လောကုတ္တရာ ဆိုင်ရာ အကျိုးဆက်များကို ဖော်ပြထားပါသည်။ ဘဝ၌ စိတ်မချမ်းသာမှု ရှိခြင်း နှင့် အမဂ်လာ ဆောင်ခြင်း (11) မျက်နှာတွင် နူရ်မရှိဘဲ ကျက်သရေ ရုပ်ခြင်း ၊ အသက်တိုခြင်း ၊ ဆင်းရဲခြင်း (12) နှင့် ရုတ်တရက်သေဆုံးခြင်း (13) သည် ကာမကျူးလွန်လိုက်စားခြင်း၏ လောကီဆိုင်ရာ အကျိုးဆက်များ ဖြစ်သည်။ တရားစီရင်ရာ၌ ခတ်ခဲခြင်း၊ အရှင်မြတ်၏ အမြတ်ဒေါသကို ကျရောက်ခြင်း ၊ ငရဲကျခြင်း စသည်တို့သည် နောင်တမလွန်၏ အကျိုးဆက်များ ဖြစ်သည်။ (14) ကာမကျူးလွန်လိုက်စားခြင်းသည် ဟရာမ် တားမြစ်ထားသည့်အရာ ဖြစ်ရခြင်း၏ ဒဿနိကမှာ မျိုးရိုးစဉ်ဆက် ရောနှောခြင်းကို တားဆီးခြင်း၊ မျိုးဆက်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရောဂါပြန့်ပွားမှုကို တားဆီးခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းမှုနှင့် လုံခြုံရေးကို ဖန်တီးခြင်း စသည့်တို့ကြောင့် ဖြစ်သည်။ (15)

အပြစ်များ

ဖိက္ကဟ်ရေးရာဆိုင်ရာ စာအုပ်များတွင် ကာမကျူးလွန်လိုက်စားခြင်းအတွက် ပြစ်ဒဏ်သုံးရပ်ကို ဖော်ပြထားပြီး တစ်ခုချင်းစီတိုင်းသည် ကာမကျူးလွန်လိုက်စားမှုအပိုင်း သို့မဟုတ် ၎င်း၏အမျိုးအစားများနှင့် သက်ဆိုင်ပေသည်- ထိုအရာများမှာ ကြာပွတ်ဖြင့် ရိုက်ခြင်း၊ လူသတ်မှု နှင့် ကျောက်ခဲများဖြင့် ပစ်‌ေပါက်ခြင်းတို့ ဖြစ်သည်။ ကြာပွတ်ဖြင့် ရိုက်ခြင်း ၊ ဦးခေါင်းရိတ်ခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်း : အရွယ်ရောက်ပြီးသော ၊ အသိဉာဏ်ရှိသော၊ လွတ်လပ်‌ေသာ ၊အိမိထောင်မရှိသော ကာမကျူးလွန်လိုက်စားသည့် အမျိုးသား သို့မဟုတ် အမျိုးသမီး ၏ ပြစ်ဒဏ်မှာ ကြိမ်ဒဏ်တစ်ရာ (16) ၊ ဦးခေါင်းရိတ်ခြင်း (17) နှင့် ၎င်းမွေးရပ်မြေမှ လွဲ၍ အခြားတစ်နေရာသို့ ပြည်နှင်ဒဏ်ပေးခြင်း တို့ဖြစ်သည်။ (18) စူရဟ် နူရ် အာယသ်အမှတ် ၂ တွင်၊ ကြာပွတ်ဖြင့် ရိုက်ခြင်း၏ ဥပဒေသ လာရှိထားသည်။ ထိုအာယသ်တော်အရ၊ မိုအ်မင်န် သက်ဝင်ယုံကြည်သူ အုပ်စုတစ်စုသည် ထိုပြစ်ဒဏ်ကို လုပ်ဆောင်နေသည့်အချိန် ရှိနေရပေမည်။ (19) သတ်ဖြတ်ခြင်း ၊ ဆွေမျိုးသားချင်း မဲဟ်ရမ်များဖြင့် ဇေနာ ကာမကျူးလွန်လိုက်စားခြင်း (ဥပမာ အမေ၊ အမ ၊ ညီမ၊ သမီး ) ၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း زنا به عنف (20) ၊ မွတ်စလင်မ် မဟုတ်သော အမျိုးသားများသည် မွတ်စလင်မ် အမျိုးသမီးဖြင့် ကာမကျူးလွန်လိုက်စားခြင်း နှင့် ကြာပွတ်ဖြင့် ရိုက်သည့် အပြစ်ဒဏ်ပေပြီး နောက်ပိုင်း ထပ်ခါတစ်လဲ ကာမကျူးလွန်လိုက်စားခြင်း တို့၏ အပြစ်ဒဏ်မှာ ၊ သတ်ခြင်းပင် ဖြစ်သည်။ (21) ကျောက်ခဲများဖြင့် ပစ်‌ပေါက်ခြင်း ၊ လုပျို နှင့် အပျိုများ အတွက် ကာမကျူးလွန်လိုက်စားခြင်း၏ အပြစ်ဒဏ်မှာ ၎င်းတို့အား ကျောက်ခဲများဖြင့် ပစ်‌ပေါက်ခြင်းပင် ဖြစ်သည်။ (22) အိမ်ထောင်မရှိသော လွတ်လပ်သော အပျို လူပျိုများသည် အရွယ်ရောက်ပြီးသော ၊ အသိဉာဏ်ရှိသော သူများဖြင့် ကာမကျူးလွန်လိုက်စားခြင်းကို ဇေနာယေ မိုဟ်ဆွိနဟ် ဟုခေါ်သည်။ (23) ကျောက်ခဲဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူသည် ရိုစိုလ် ပြုလုပ်ရမည်။ ထို့နောက်၊ အဲဒီနောက် အမျိုးသားကို ခါးအထိ မြေမြုပ်ပြီး ၊ အမျိုးသမီးကို ရင်ဘတ် အထိ မြေမြုပ်ပြီး ကျောက်ခဲများဖြင့် ပေါက်ကာ သတ်ပစ်လိုက်ရပေမည်။ (24) လွတ်လပ်၍ အိမ်ထောင်မရှိသော ကာမကျူးလွန်လိုက်စားသည့် သက်ကြီးရွယ်အိုများ၏ အပြစ်ဒဏ်မှာ ၊ ကြာပွတ်ဖြင့် ကြိမ်ဒဏ်တစ်ရာ ရိုက်ပြီး‌ေနာက် ကျောက်ခဲဖြင့် ပစ်ပေါက်ရမည်။ (25) ဗလီ၊ ဘာသာရေး ခေါင်းဆောင်များ၏ ဟရမ်များ နှင့် ရမ်ဇာန်လ စသည့်တို့ကဲ့သို့ သန့်ရှင်းသောနေရာ သို့မဟုတ် အချိန်ကာလတွင် ကာမကျူးလွန်လိုက်စားပါက ပိုမို ပြင်းထန်စွာ ပြစ်ဒဏ်ပေးရမည် ဖြစ်သည်။ ဖော်ပြထားသည့် အတိုင်းအတာအပြင်၊ تعزیر هم دارد အမျိုးသားသည် သေသွားသော အမျိုးသမီးဖြင့် ကာမကျူးလွန်လိုက်စားသည့် ဥပဒေသ ကဲ့သို့ ဖြစ်သည်။ (26) ကာမကျူးလွန်လိုက်စားခြင်းကို အစ္စလာမ္မစ် ပြစ်ဒဏ်ပေးခြင်းသည် အီရန်၊ ဆော်ဒီအာရေးဗီးယား နှင့် ပါကစ္စတန် ကဲ့သို့သော အစ္စလမ္မစ်နိုင်ငံများ၏ ရာဇသတ်ကြီးတွင် ထင်ဟပ်နေပေသည်။ (27)

သက်သေပြုမည့် နည်းလမ်းများ

ဖိက္က်ဟ် ပညာရှင်များ၏ ဖသ်ဝါ အရ၊ ကာမကျူးလွန်လိုက်စားခြင်းကို သက်သေပြုရန် နည်းလမ်းနှစ်သွယ်ရှိသည်- ကာမကျူးလွန်လိုက်စားသူ ကိုယ်တိုင် ဝန်ခံခြင်း နှင့် ဗိုင်ယေနဟ် တို့ ဖြစ်သည်။ ကာမကျူးလွန်လိုက်စားသူ ကိုယ်တိုင် ဝန်ခံခြင်း ၊ ထွက်ဆိုဝန်ခံခြင်းဖြင့် ကာမကျူးလွန်လိုက်စားခြင်း၏ အထောက်အထား ၊ ဖော်ပြထားခဲ့သည့် သက္က်လီးဖ် ပညတ်ချက်များ (အရွယ်ရောက်ပြီးခြင်း၊ အသိဉာဏ်ရှိခြင်း၊ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိခြင်း နှင့် ကျေးကျွန်မဟုတ်ခြင်း) အပြင်၊ ကာမကျူးလွန်လိုက်စားသူ ကိုယ်တိုင် လေးကြိန်တိုင် ဝန်ခံထွက်ဆိုရပေမည်။ (28) ဗိုင်ယေနဟ် ၊ ကာမကျူးလွန်လိုက်စားခြင်း၏ အထောက်အထားသည် အမျိုးသားလေးဦး၏ ထွက်ဆိုချက် သို့မဟုတ် အမျိုးသားလေးဦး မရှိပါက ကျော်ကြားသည့် အဆိုအရ အမျိုးသားသုံးဦး နှင့် အမျိုးသမီး နှစ်ဦး မှသက်သေထွက်ဆိုရပေမည်။ (29) အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး လေးဦးတို့၏ သက်သေထွက်ဆိုချက်ဖြင့် ကြာပွတ်ဖြင့် ရိုက်ခြင်းသာ အတည်ပြုတိုင်‌ပြီး ကျောက်ခဲဖြင့် ပေါက်ပိုင်ခွင့် မရှိပေ။ (30) သက်သေများ၏ ထွက်ဆိုချက်များသည် ကာမကျူးခြင်း ဖြစ်ပွားမှု နှင့် ၎င်း၏ မြင်တွေ့ခြင်းအပေါ် တစ်နေရာတည်း ၊ တစ်ချိန်တည်းတွင် ရှင်းလင်းပြတ်သားစွာ သက်သေပြနိာင်မှသာလျှင် ၎င်းတို့၏ ထွက်ဆိုချက်သည် အသုံးဝင်ပေမည်။ ဤသို့ မဟုတ်ပါက၊ ထွက်ဆိုပုံ မှားယွင်းမှုကြောင့် သက်သေများအပေါ် QAZF ကန့်သတ်ချက်ကို ချမှတ်မည်ဖြစ်သည်။ (31) ဖက္ကီးဟ် ပညာရှင်များ၏ အဆိုအရ၊ မျက်မြင်သက်သေများသည် အမျိုးသမီးများ သက်သေထွက်ဆိုခြင်းမှ ရှောင်ကြဉ်ခြင်းသည် မွတ်စ်သဟဘ် ဖြစ်သည်။ ထို့အတူ တရားသူကြီးသည် ၎င်းတို့အား သက်သေထွက်ဆိုခြင်းမှ ရှောင်ကြဉ်ရန် အရိပ်အမွတ် ပြခြင်းသည် မွတ်စ်သဟဘ် ဖြစ်သည်။ (32)

ကာမကျူးလွန်လိုက်စားခြင်းဆိုင်ရာ ဥပဒေသ အချို့

ကာမကျူးလွန်လိုက်စားခြင်းဆိုင်ရာ ဥပဒေသ အချို့မှာ : ကျော်ကြားသော အမြင်ရှုထောင့်အရ၊ ဆွေမျိုးသားချင်းများဖြင့် ကာမကျူးလွန်လိုက်စားခြင်း သည် မဖြစ်ပေါ်ပေ။ ထို့ကြောင့် ကာမကျူးလွန်လိုက်စားခြင်းမှ မွေးဖွားလာသော ကလေးငယ်သည် အမျိုးသား နှင့်လည်း အသက်ဆိုင် သလို အမျိုးသမီးနှင့်လည်း မသက်ဆိုင်ပေ။ (33) သို့သော် အေမာမ်ခိုမေနီ နှင့် အာယသုလ္လာဟ် ခွီးယ် ကဲ့သို့ ယခုခေတ် ဖက္ကီးဟ် ပညာရှင်များ သည် အခြားသော အမြင်တစ်မျိုး ရှိပေသည်။ (34) အကယ်၍ အိမ်ထောင်သည် အမျိုးသမီးသည် မိမိ၏ ခင်ပွန်းဖြစ်သူနှင့် မကွာရှင်းမီ ကာမကျူးလွန်လိုက်စားပါက ၊ ကျော်ကြားသော ဖက္ကီးဟ် ပညာရှင်များ၏ ဖသ်ဝါအရ၊ ထိုကာမကျူးလွန်လိုက်စားသော အမျိုးသား အတွက် အမျိုးသမီး သည် တစ်သက်လုံး ဟရာမ် ဖြစ်သွားပေသည်။ (35) သို့သော် စိုင်ယိဒ် မူစာ ရှဘီးရီး ဇန်ဂျာနီ ကဲ့သို့ အချို့ မရာဂျေအ်များ ယုံကြည်ထားသည်မှာ ၊ ထိုအမျိုးသမီးသည် ထိုအမျိူသား အတွက် တစ်သက်လုံး ဟရာမ် မဖြသ်သွပေ။ (36) ဥပဒေပညာရှင်များအကြား ကျော်ကြားသော အမြင်အရ၊ အမျိုးသမီး၏ မိခင် သို့မဟုတ် ၎င်း၏ သမီးနှင့် ကာမကျူးလွန်လိုက်စားပါက ထိုအမျိုးသားသည် ထို အမျိုးသမီးနှင့် အိမ်ထောင်ပြုရန် ဟရာမ် ဖြစ်သွားပေသည်။ ပညတ်ချက်မှာ ၊ ၎င်းတို့နှစ်ဦး ထိန်းမြားလက်ထက်ခြင်း မတိုင်မီ ကာမကျူးလွန်မှု ဖြစ်ပွားခဲ့ရမည် ဖြစ်သည်။ (37) အပျို မိန်းကလေး တစ်ဦးသည် ကာမကျူးလွန်လိုက်စား ခဲ့ပါက ကျော်ကြားသော အမြင်အရ၊ အိဒ်ဒေဟ် (တရားတော်မှ စောင်းဆိုင်းစေခဲ့သည် အချိန်ရက်များ) မရှိပေ။ (38) သို့သော် အိမ်ထောင်သည် အမျိုးသမီးသည် ကာမကျူးလွန်ခြင်းမှ ကိုယ်ဝန်ရလာပါက ၊ ထို့နောက် ၎င်း၏ အမျိုးသားသည် ၎င်းအား ကွာရှင်းခဲ့သည် ဆိုပါက၊ အိဒ်ဒေဟ် (တရားတော်မှ စောင်းဆိုင်းစေခဲ့သည် အချိန်ရက်များ) ပြီးသွားပြီးနောက် ၊ ထပ်မံ၍ အိမ်ထောင်ပြုနိုင်ပေသည် ၊ မည်မျှပင် ကိုယ်ဝန်မဆောင်ခဲ့စေပါမူ ထိုသို့ပင် ဖြစ်သည်။ (39) အကယ်၍ အမျိုးသားသည် မိမိ၏ ဇနီးသည်အား အိမိထောင်ရေး ဖောက်ပြန်သည် ၊ ကာမကျူးလွန်လိုက်စားသည် ဟု ပြောဆိုလာပါက ၊ ၎င်းတို့ နှစ်ဦးအကြား لِعان ဝင်ရောက်လာပါက ၊ ထိုဇနီးမိန်းမ သည် ထိုအမျိုးသားအတွက် တစ်သက်လုံး ဟရာမ် ဖြစ်သွားပေသည်။ (40) အကယ်၍ ကာမကျူးလွန်လိုက်စားသူ အပြစ်ဒဏ်ပေးနေသည့် အချိန်ထွက်ပြေးသွားပါက၊ ၎င်း၏ အပြစါဒဏ်သည် ကျောက်တုံးဖြင့် ပစ်ပေါက်ရသည့် အပြစ်ဖြစ်ပါက၊ ထွက်ဆိုဝန်ခံချက်ဖြင့် သက်သေပြုပြီးသား ဖြသ်နေပါက၊ ထင်ပေါ်ကျော်ကြားသော အမြက်ရှုထောင့် အရ၊ ၎င်းအား ထပ်မံ၍ အပြစ်ပေးပိုင်ခွင့် မရှိပေ။ သို့သော် ၎င်း၏ အပြစ်ဒဏ်သည် ကြိန်ဒဏ် သို့မဟုတ် ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း ဖြစ်ပြီး ဗိုက်ယေနဟ် ဖြင့် သက်သေပြုထားပါက ၊ ထပ်မံ၍ အပြစ်ပေးရပေမည်။ (41) ကြာပွတ်ဖြင့်ရိုက်ခြင်း နှင့် ကျောက်ခဲဖြင့် ပေါက်ခြင်း အပြသ်ဒဏ်သည် ကာမကျူးလွန်လိုက်စားသူ ကိုယ်တိုင် ဇေနာ ဟရာမ်ဖြစ်ကြောင်း သိပါလျက် ကျူးလွန်မှသာလျှင် ထိုအရာများဖြင့် အပြစ်ပေးရမည် ဖြစ်သည်။ (42) အောက်ပါ ကိစ္စများတွင် ကာမကျူးလွန်လိုက်စားမှု အတွက် ပြစ်ဒဏ်ကို ဖျက်သိမ်း ပေသည် : ဇေနာ ကာမကျူးလွန်သူသည် မိမိ၏ ဇနီးမယားဖြင့် နှီး‌ေနှောဆက်ဆံနေသည် ဟူ၍ ထင်မြင်ကာ ဇေနာကျူးလွန်ခြင်း၊ အကြင်လင်မယား ဖြစ်သည်ဟူ၍ ကြွေးကြော်ခြင်း ၊ အကျပ်ကိုင်မှုဖြင့် ဇေနာ ကျူးလွန်လိုက်ရခြင်း ၊ (43) နှင့် တရားသူကြီး ရှေ့မှောက်၌ ကာမကျူးလွန်ကြောင်း သက်သေမပြုမီ ကာမကျူးလွန်သူ ကိုယ်တိုင် ဝန်ချတောင်းပန်ခြင်း တို့ဖြစ်သည်။ (44) ဇေနာ ကာမကျူးလွန်လိုက်စားခြင်းသည် ၊ အရှင်မြတ်၏ ရပိုင်ခွင့် ဖြစ်သည်။ ထို့အတွက်ကြောင့်၊ ဇေနာ ကာမကျူးလွန်လိုက်စားခြင်းအား အပြစ်ဒဏ်ပေးရန် မည်သူတစ်ဦးတစ်ယောက်၏ တောင်းဆိုမှုကိုမှ မလိုအပ်ပေ။ တရားသူကြီးသည် မိမိ၏ အသိပညာဖြင့်လည် ၎င်းကို တရားစီရင် နိုင်ပေသည်။ (45) ထို့အပြင်၊ ကာမကျူးလွန်သူသည် တရားသူကြီး၏ တောင်းဆိုချက်မပါဘဲ သက်သေထွက်ဆိုပါကလည်း ၎င်းအတွက် လက်ခံလို့ရပေသည်။ (46)