မာတိကာသို့ ခုန်သွားရန်

ဟဂျ်၏ မဏ္ဌိုက်များ

wikishia မှ

ဟဂ်ျ၏ မဏ္ဌိုင်များ သို့မဟုတ် ဟဂျ်၏ အဓိက ပြုလုပ်ရမည့် ဝါဂျီဘ် တာ၀န်များ ဖြစ်ပြီး ထိုတာ၀န်များကို ရည်ရွယ်ချက်ရှိရှိ မလုပ်ဆောင် ခဲ့ပါက ဟဂျ်ကို ပျက်ပြားစေသည်။ ရှီအာ ဖိက္ကဟ် ပညာရှင်များ၏ အမြင်အရ ၊ အဲဟ်ရာမ် ၊ သွဝါဖ် ၊ အဲရ်ဖာသ် ၌ ဝိုကူးဖ် နားနေခြင်း ၊ မက်ရှ်အရုလ်ဟရာမ်၌ ဝိုကူးဖ် နားနေခြင်း နှင့် ဆွဖာ နှင့် မရ်ဝါတောင်အား စိုင်အ်ယ် လုပ်ခြင်းတို့သည် ဟဂျ်၏ မဏ္ဌိုင်ကြီးများ ဖြစ်ကြသည်။ အချို့သော အေမာမီယဟ် ဖိက္ကဟ် ပညာရှင်များသည် ၊ နီယသ် ၊ သလ်ဗီယဟ် နှင့် သရ်သီးဘ် တို့ကိုလည်း ဟဂျ်၏ မဏ္ဌိုင်များ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ ဟဂ္ဂ်ျ ၏ မဏ္ဌိုင်များ ၊ မဖြစ်မနေ ပြုလုပ်ရမည့် ဝါဂျီဘ်တာဝန်များကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် ဥပဒေသ ပညတ်ချက်ကို မသိခြင်းကြောင့် ပျက်ကွက်ခဲ့ပါက ဟဂျ်ကို ပျက်ပြယ်စေသည်ဟု ဆိုထားသည်။ သို့ရာတွင်၊ ဟဂျ်၏ မဏ္ဌိုင်များ မဟုတ်သော မဖြစ်မနေ ပြုလုပ်ရမည့် ဝါဂျီဘ်တာဝန်များကို ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်ခဲ့ပါက ဟဂျ်ကို မပျက်ပြယ်စေပေ။ ထို့အပြင် ထိုပျက်ကွက်သည့်တာ၀န်များကြိ ပြန်လည် လုပ်ဆောင်ဖို့ရန်အတွက် ကိုယ်စားလှယ် ရယူနိုင်သည်။

ဟဂျ်၏ မဏ္ဌိုင်များ

ဟဂျ်၏ မဏ္ဌိုင်များ သို့မဟုတ် ဟဂျ်၏ အဓိက ပြုလုပ်ရမည့် ဝါဂျီဘ် တာ၀န်များ ဖြစ်ပြီး ထိုတာ၀န်များကို ရည်ရွယ်ချက်ရှိရှိ မလုပ်ဆောင် ခဲ့ပါက ဟဂျ်ကို ပျက်ပြားစေသည်။ (1) မဏ္ဌိုင် ဆိုသည်မှာ ဖိက္ကဟ် အသုံးအနှုန်း၌ ၊ အေဘာဒသ် တာ၀န်များ၌ ရည်ရွယ်ချက်ရှိသည် ဖြစ်စေ ၊ မေ့လျော့၍ ဖြစ်စေ မလုပ်ခဲ့ပါက ထိုအေဘာဒသ် ဥပမာ နမာဇ် အား ပျက်ပြားစေသည် ။ (2) ရှီအာ ဖိက္ကဟ် ပညာရှင်များ၏ အမြင်အရ ၊ အဲဟ်ရာမ် ၊ သွဝါဖ် ၊ အဲရ်ဖာသ် ၌ ဝိုကူးဖ် နားနေခြင်း ၊ မက်ရှ်အရုလ်ဟရာမ်၌ ဝိုကူးဖ် နားနေခြင်း နှင့် ဆွဖာ နှင့် မရ်ဝါတောင်အား စိုင်အ်ယ် လုပ်ခြင်းတို့သည် ဟဂျ်၏ မဏ္ဌိုင်ကြီးများ ဖြစ်ကြသည်။ (3) နီယသ် ၊ သလ်ဗီယဟ် နှင့် သရ်သီးဘ် တို့သည် မဏ္ဌိုင်ဖြစ်ခြင်း နှင့် ပတ်သက်ပြီး ကွဲပြားသော အမြင်များ ရှိပေသည်။ ရှဟီးဒ်အောင်၀လ် (4) ဆွီးမရီ (5) ကာရှီဖုလ်ဂဟွာအ် (6) နှင့် မိုဟက္ကိကေ ကရ်ကီ (7) တို့သည် ရှအာ ဖိက္ကဟ် ပညာရှင်များ ဖြစ်ကြပြီး ထိုတာ၀န် ( နီယသ် ၊ သလ်ဗီယဟ် နှင့် သရ်သီးဘ်) များအား ဟဂျ်၏ မဏ္ဌိုင်များ အနက်မှ ဖြစ်သည်ဟု ယုံကြည်လက်ခံထားကြသည်။ အဲဟ်လေစွန္နသ် ဖိက္ကဟ် ပညာရှင်များသည် ဟဂ္ဂ်ျ၏ မဏ္ဌိုင်အရေအတွက် နှင့် ပတ်သက်ပြီး ကွဲပြားသော အမြင်များ ရှိကြသည်။ ရှာဖေအီ ဖိက္ကဟ် ပညာရှင်၏ အမြင်အရ ၊ ဟဂျ်၌ မဏ္ဌိုင် ခြောက်ခု (8) ရှိပြီး မာလီကီ များနှင့် များစွာသေ။ ဟန်ဘလီ များ၏ အမြင်အရ ၊ ဟဂျ်၌ မဏ္ဌိုင် လေးခု (9) ရှိပေသည်။ ကျော်ကြားသော ဟနဖီများ၏ အမြင်အရ ဟဂျ်၌ မဏ္ဌိုင် နှစ်ခု (10) ရှိသည်။ ရှာဖေအီများသည် အခြားသော မဏ္ဌိုင်များ ပါ၀င်သည့်အပြင် ၊ ဟလ်က် နှင့် သက္က်ဆွီးရ် ကိုလည်း ဟဂျ်၏ မဏ္ဌိုင်ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (11) မ လီကီ ဖိက္ကဟ် ပညာရှင်များသည် မက်ရှ်အဲရ်၌ ဝိုကူးဖ် ‌(နားနေခြင်း) ကို ဟဂျ်၏ မဏ္ဌိုင်ဟူ၍ လက်မခံပေ။ (12) ဟန်ဘလီ ဖိက္ကဟ် ပညာရှင်များသည် ဆွာဖာ နှင့် မရ်ဝါ တောင်အား စိုင်အ်ယ် (ပြေးခြင်း) ကို ဟဂျ်၏ မဏ္ဌိုင်ဖြစ်ကြောင်း သံသယ ရှိပေသည်။ (13) ဟနဖီ ဖိက္ကဟ် ပညာရှင်များသည်လည်း အဲဟ်ရာမ် ၊ မက်ရှ်အဲရ်၌ ဝိုကူးဖ် ‌(နားနေခြင်း) ၊ ဆွာဖာ နှင့် မရ်ဝါ တောင်အား စိုင်အ်ယ် (ပြေးခြင်း) ကို ဟဂျ်၏ မဏ္ဌိုင်အဖြစ် လက်မခံပေ။ (14)

ဥပဒေသများ

ဟဂျ်၏ မဏ္ဌိုင်များ နှင့် ဟဂ်ျ၏ မဏ္ဌိုင်မဟုတ်သည့် ဝါဂျီဘ် တာ၀န်များ သည် ဟဂျ်ကို ပျက်ပြယ်စေရာ၌ ကွာခြားချက်မှာ မဏ္ဌိုင်ကို ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်ခြင်းပင် ဖြစ်သည်။ အကယ်၍ ဟဂ္ဂ်ျ၏ မဏ္ဌိုင်များ အနက်မှ တစ်ခုအား မေ့လျော့၍ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်ခဲ့ပါက ၊ ဟဂျ်ကို ပျက်ပြယ်စေသည်။ (15) သို့သော် အကယ်၍ ဟဂျ်၏ မဏ္ဌိုင်မဟုတ်သည့် ဝါဂျီဘ် တာ၀န်များ (ဥပမာ ဟလ်က် ၊ သက္က်ဆွီးရ် ၊ ရမ်ယိ ဂျမ်ရာသ် နှင့် ကုရ်ဘာနီ) တို့အား ရည်ရွယ်ချက်ရှိရှိဖြင့် မလုပ်ခဲ့စေကာမှု ဟဂျ်ကို မပျက်ပြယ်စေပေ။ (16) ဟရ်ျ၏ မဏ္ဌိုင်များကို အသိခဲ့ခြင်းကြောင့် ပျက်ကွက်ခြင်း နှင့်ပတ်သက်ပြီး အချို့ ဖိက္ကဟ် ပညာရှင်များ၏ အမြင်၌ မဏ္ဌိုင်အား ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်ခဲ့သလို ဖြစ်ပြီး ဟဂျ်အား ပျက်ပြယ်စေသည် ဟုလာ ရှိထားသည်။ (17) ဝိုကူးဖ်(နားနေခြင်း) နှစ်ခု ( အဲရ်ဖာသ် နှင့် မက်ရှ်အဲရ် ၌ ဝိုကူးဖ် လုပ်ခြင်း) အား ‌ပျက်ကွက်ခြင်းသည် မည်မျှပင် ရည်ရွယ်ချက်ရှိသည်ဖြစ်စေ ၊ မေ့လျော့၍ ဖြစ်စေ ဟဂျ်ကို ပျက်ပြယ်စေသည်။ (18) ရှီအာ ဖိက္ကဟ် ပညာရှင်များ၏ အမြင်အရ ၊ ဟဂျ်၏ မဏ္ဌိုင်များအနက်မှ တစ်ခုအား မေ့လျော့၍ ပျက်ကွက်ခဲ့ပါက ထပ်မံပြုလုပ်ရန် ဖြစ်နိုင်ခြေ မရှိခြင်း သို့မဟုတ် မက္ကာသို့ပြန်ရန် ဖြစ်နိုင်ခြေ မရှိမှသာလျှင် ကိုယ်စားလှယ်တစ်ဦးဖြင့် ပြုလုပ်ခိုင်းလို့ ရပေသည်။ သို့သော် ဟဂျ်၏ မဏ္ဌိုင် မဟုတ်သည့် ဝါဂျီဘ် တာ၀န်များကို မေ့လျော့၍ ပျက်ကွက်ခဲ့ပါက ထိုပျက်ကွက်ခဲ့သည့် တာ၀န်တစ်ခုချင်းစီတိုင်းအား အစားပြုလုပ်ဖို့ရန် ကိုယ်စားလှယ် ထားခဲ့ရမည်။ (19) အေမာမီယဟ် ဖိက္ကဟ် ပညာရှင်များ၏ ဖသ်ဝါအရ ၊ မုစ်သဗီရ် ( ရှီအာသို့ ကူးပြောင်းသော မွတ်စ်လင်မ်တစ်ဦး) သည် မိမိယခင် မဇ်ဟဘ် အရ မှန်ကန်စွာ ပြုလုပ်ထားသော ဟဂျ်ကို ပြန်လည်ပြုလုပ်ဖို့ရန် မလိုအပ်ပေ။ သို့သော် ထိုပြုလုပ်ပြီးခဲ့သော ဟဂျ်၏ မဏ္ဌိုင်များကို မှန်ကန်စွာ ပြုလုပ်ထားခဲ့ရပေမည်။ (20) သို့ပင်မဲ့ ဟဂျ်မဏ္ဌိုင် ၏ စံသတ်မှတ်ချက်သည် ယခင် မဇ်ဟဘ်၏ မဏ္ဍိုင် ဖြစ်ခြင်း သို့မဟုတ် ရှီအာ မဇ်ဟဘ်၏ မဏ္ဍိုင် ဖြစ်ခြင်းနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုရှိသည်။ (21)