ဘသ္သူးလ်

wikishia မှ

ဘသ္သူးလ်(အာရဗီ-بَتول ) ဟူသော ဂုဏ်ပုဒ်သည် ဟဇရသ် ဖွာသွေမဟ် (စအ) ၏ ဂုဏ်ပုဒ် ဖြစ်ပြီး ဟဇရသ် ဖွာသွေမဟ် (စအ)၏ အပြောအဆို၊ အပြုအမူနှင့် အသိပညာတိုသည် အခြား သော အမျိုးသမီးများထက် ပိုမို သာလွန်မှု ရှိသောကြောင့် ဤအမည်ဖြင့် ခေါ်ဝေါ်ခြင်းခံရ ပေသည်။ အေမာမ်အလီ(အစ) သည် ဟဇရသ် ဖွာသွေမဟ် (စအ) နှင့် ထိန်းမြားလက်ထပ်လိုက်သည့်အတွက် ၎င်းအား ဘသ္သူးလ် ၏ခင်ပွန်း زوج البتول ဟူ‌သော ဂုဏ်ပုဒ်ဖြင့် ခေါ်ဝေါ်ကြသည်။ ဘသ္သူးလ် ဟူသော ဂုဏ်ပုဒ်အား ဟဇရသ် မရ်ယမ် အတွက်လည်း အသုံးပြုကြသည်။

ဝေါဟာရ အနက်အဓိပ္ပယ်

ဘသ်လ် (အာရဗီ-بَتْل) ဟူသည် အဘိဓာန်၌ ( အရာတစ်ခုမှ အခြားအရာ တစ်ခုကို ခွဲခြားလိုက်ခြင်း) နှင့် သိုမဟုတ် ( ဖြတ်တောက်လိုက်ခြင်း) ဟူ၍ အနက်အဓိပ္ပါယ် သက်ရောက်ပေသည်။ ဘသ်လ် (بَتْل) ဟူသည် ယောက်ျားများကို ရှောင်ကြဉ်သော ၊ အိမ်ထောင်မပြုသော ၊ ယောက်ျားများ နှင့် ပတ်သက်ပြီး လိုချင်တပ်မက်မှု တစ်စုံတစ်ရာမရှိသောအပျိုစင်အမျိုးသမီးတစ်ဦး အား ခေါ်ဆိုပေသည် ။ [၁] တမန်တော်အီစာ၏ မိခင် ဟဇရသ် မရ်ယမ် ကိုလည်း ဘသ္သူးလ် ဟုခေါ်ဝေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ယောက်ျားများမှ ရှောင်ကြဉ်သောကြောင့် ဖြစ်သည်။ [၂] ထိုအပြင်၊ ဘသ္သူးလ် ဟူ သည် မိမိ၏ စိတ်နှလုံးသားကို အရှင်မြတ် ထံတော်၌သာ အကြွင်းမဲ့အာရုံစိုက်ပြီး အခြား သောအရာများကို ဖြတ်တောက်ထားသည့် အမျိုးသမီးတစ်ဦးဟုလည်း ဆိုကြသည်။ [၃]

တမန်တော်မြတ်ကြီး(ဆွ) မိန့်တော်မူထားသည်မှာ

انما سمیت فاطمه البتول لانها بتلت من الحیض و النفاس ဖွာသွေမဟ် (စအ) အား ဘသ္သူးလ်ဟု ခေါ်တွင်သည့် အကြောင်းရင်းမှာ ၎င်းသည် ရာသီလာခြင်းနှင့် နေဖွာစ် (ကလေးမီးဖွားပြီးး နောက် ဖြစ်သည့် ဓမတ္တာရာသီသွေး) မှ ကင်းလွတ်သောကြောင့် ဖြစ်သည်။ ကန်ဒူဇီး ၊ ယနာဘီအွလ် မ၀ဒ်ဒဟ် ၊ ဟီဂျရီ ၁၄၁၆၊ အတွဲ၂ စာမျက်နှာ ၃၂၂

အမည်မှဲတွင်ရသည့် အကြောင်းတရား

ဖွာသွေမဟ်(စအ) သခင်မအား ဘသ္သူးလ် ဟုခေါ်တွင်ရသည့် အကြောင်းရင်း ကို အောက်ပါအတိုင်း ဖော်ပြထားသည်မှာ

ရေဝါယသ် အမျိုးမျိုးအရ ဖွာသွေမဟ်(စအ) သခင်မအား ဘသ္သူးလ် ဟုခေါ်တွင်ကြသည်။ အဘယ်ကြောင့်ဆိုသော် လစဉ် ဓမတ္တာရာသီ မဖြစ်သောကြောင့် ဖြစ်သည်။ [၄]

ဖွာသွေမဟ်(စအ) သခင်မ မိမိခေတ်ကာလ၌ ရှိသော အမျိုးသမီး များထက် အမလ်လုပ်ဆောင်ချက်၊ ပြုမူနေထိုင်ခြင်း နှင့် အရှင်မြတ်အား သိကျွမ်းခြင်း ဆိုင်ရာ၌ သာလွန်မူရှိပြီး ၎င်းသည် အရှင်မြတ်နှင့်သာ ဆက်စပ်မှုရှိသော အ ခြေအနေသို ရောက်ရှိသောကြောင့် ဖြစ်သည်။ [၅]

ဘသ္သူးလ် ၏ ခင်ပွန်း

အေမာမ်အလီ(အစ) သည် ဟဇရသ် ဖွာသွေမဟ် (စအ) နှင့် ထိန်းမြားလက်ထပ်ပြီးနောက် အမီးရွလ်မိုအ်မေနီးန်(အစ) အား ဘသ္သူးလ် ၏ ခင်ပွန်း ( زوج البتول) ဟူသော ဂုဏ်ပုဒ် ဖြင့် ခေါ်ဝေါ်ကြသည်။ အေမာမ်အလီ(အစ) နဟ်ရဝါန်း စစ်ပွဲမှအပြန် မိန့်ခွန်းပြောရာ၌ မိမိကိုယ်ကို ဘသ္သူးလ် ၏ ခင်ပွန်း ( زوج البتول) ဟူသော ဂုဏ်ပုဒ် ဖြင့် ဖော်ပြခဲ့သည်။ [၆] ကဗျာ

چون که شد تزویج حیدر با بتول ***نازل این آیت ز حق شد بر رسول
بر چنین داماد و بر اینسان نژاد ***رحمت حق دمبهدم افزوده باد

ဟိုင်ဒရ် သည် ဘသ္သူးလ် နှင့် ထိန်းမြားလိုက်သည့်အတွက် ဤအာယသ်ကို တမန်တော်မြတ်အား ထုတ်ဖော်ခဲ့သည်။ ဤကဲ့သိုသော သားမက်နှင့် လူသားမျိုးနွယ်အပေါ် အရှင်မြတ်၏ ကရုဏာတော် တိုးပွားပါစေ။

မှတ်စုများ

  1. جوهری، الصحاح، ۱۴۱۰ق، ج۴، ص۱۶۳۰؛ العین، الناشر: دار و مكتبة الهلال، ج۸، ص۱۲۴
  2. ابن منظور، لسان العرب، ج۱۱، ص۴۳؛ راغب اصفهانی، المفردات، ۱۳۷۵ش، ج۱، ص۲۴۰.
  3. جوهری، الصحاح، ۱۴۱۰ق، ج۴، ص۱۶۳۰؛ مکارم شیرازی، تفسیر نمونه، ۱۳۷۴ش، ج۲۵، ص۱۷۹.
  4. شیخ صدوق، معانی الاخبار، ۱۴۰۳ق، ص۶۴؛ طبری آملی، دلائل الامامه، ۱۴۱۳ق، ص۵۴؛ اربلی، کشف الغمه، ۱۳۸۱ق، ج۱، ص۴۶۴؛ قندوزی، ینابیع الموده، ۱۴۱۶ق، ج۲، ص۳۲۲.
  5. مازندرانی، شرح اصول کافی، ۱۴۲۱ق، ج۵، ص۲۲۸؛ طریحی، مجمع البحرین، ۱۳۷۵ش، ج۵، ص۳۱۶؛ مکارم شیرازی، تفسیر نمونه، ۱۳۷۴ش، ج۲۵، ص۱۷۹.
  6. شیخ صدوق، معانی الاخبار، ۱۴۰۳ق، ص۵۸.

ကျမ်းကိုးမျာ

  • إربلی، علی بن عیسی، کشف الغمه، تبریز، بنی‌هاشمی، چاپ اول، ۱۳۸۱ق.
  • جوهری، الصحاح، دار العلم للملایین، بیروت، ۱۴۱۰ق.
  • راغب اصفهانی، مفردات الفاظ قرآن، ترجمه: سید غلامرضا خسروی حسینی، انتشارات مرتضوی، تهران، ۱۳۷۵ش.
  • شیخ صدوق، محمد بن علی، علل الشرائع، تحقیق سید محمدصادق بحر العلوم، منشورات المکتبه الحیدریه، نجف، ۱۳۸۵/۱۹۶۶م.
  • شیخ صدوق، محمد بن علی، معانی الاخبار، قم، جامعه مدرسین، ۱۴۰۳ق.
  • طبری آملی صغیر، محمد بن جریر، دلائل الإمامه،‌ قم، دارالذخائر للمطبوعات، .
  • طریحی، فخرالدین، مجمع البحرین، تحقیق سیداحمد حسینی، تهران، کتابفروشی مرتضوی، چاپ سوم، ۱۳۷۵ش.
  • علامه مجلسی، محمدباقر، بحارالانوار، تحقیق محمد باقر بهبودی، بیروت، مؤسسه الوفاء، ۱۴۰۳ق/۱۹۸۳م.
  • قمی، شیخ عباس، بیت الاحزان، ترجمه اشتهاردی، قم.
  • قندوزی، ینابیع الموده لذوی القربی، تحقیق: سید علی جمال اشرف حسینی،‌ دارالأسوه للطباعه والنشر، ۱۴۱۶ق.
  • کلینی، کافی،‌ دارالکتب الإسلامیه تهران، ۱۳۶۵ش.
  • مازندرانی، محمدصالح، شرح أصول کافی، تحقیق میرزا ابوالحسن شعرانی، تصحیح سیدعلی عاشور،‌ بیروت، دارإحیاء التراث العربی، ۱۴۲۱ق/۲۰۰۰م.
  • محدث نوری، میرزا حسین، مستدرک الوسائل، قم، مؤسسه آل‌البیت، ۱۴۰۸ق.
  • مکارم شیرازی ناصر، تفسیر نمونه، تهران، دارالکتب الإسلامیه، ۱۳۷۴ش.