ဟဇရသ်သေဖွာသွေမဟ်(စအ)၏ အစွဲပြု ခေါ်ဆိုသောအမည်များ နှင့် ဂုဏ်ပုဒ်များ၏ ခေါင်းစဉ်စာရင်းများ

ဟဇရသ်သေဖွာသွေမဟ်(စအ) သခင်မ၏ အစွဲပြု ခေါ်ဆိုသောအမည်များ နှင့် ဂုဏ်ပုဒ်များ၏ ခေါင်းစဉ်စာရင်းများ သည် ရေဝါယသ်များ နှင့် ဇေယာရသ်နာမဟ်များတွင် ဟဇရသ်သေဖွာသွေမဟ်(စ.အ) သခင်မအား ဖော်ညွှန်းထားေသာ အစွဲပြု ခေါ်ဆိုသောအမည်များ နှင့် ဂုဏ်ပုဒ်များအား စုစည်းတင်ပြခြင်း ဖြစ်သည်။ ဇဲဟ်ရာ ၊ ဘသ္သူးလ် ၊ ဆိုင်ယိဒွလ်နေစာအိလ် အာလမီးန် နှင့် ကောင်စဲရ် စသည်တိုသည် ၎င်း၏ ကျော်ကြားသော ဂုဏ်ပုဒ်များ အနက်မှဖြစ်ပြီး အွမ်မေအဗီးဟာ သည် ၎င်း၏ကျော်ကြားသော အစွဲပြု ခေါ်ဆိုသည့် အမည်များ အနက်မှဖြစ်သည်။
အမည်များ
ဖွာသွေမဟ် (فطم ဟူစော မူရင်းဝေါဟာရ မှဖြစ်ပြီး) အရာတစ်ခုကို အခြားအရာတစ်ခုမှ ခွဲခြားလိုက်ခြင်း ၊ ဖြတ်တောက်လိုက်ခြင်း ဟယ၍ အဓိပ္ပါယ် ရပေသည်။ ရေဝါယသ်များ၌ ဟဇရသ်သေဖွာသွေမဟ်(စအ) သခင်မအား ဤအမည်မှဲရခြင်း၏ အကြောင်းအမျိုးမျိုးကို ဖော်ပြထားသည်။ အေမာမ်ဆွာဒီ(အစ) ထံမှ ကောက်နုတ်ထားသည်မှာ ဟဇရသ်သေဖွာသွေမဟ်(စအ) သခင်မသည် အရှင်မြတ်ထံပါး၌ အမည်ကိုးမျိုး ရှိပေသည်။ ၎င်းတိုမှာ ဖွာသွေမဟ် ၊ ဆွီဒ်ဒီကဟ် ၊ မိုဘာရက္ကဟ်၊ သွာဟိရဟ်၊ ဇက္ကီးယဟ် ၊ ရာဇွီယဟ် ၊ မရ်ဇွီယဟ် ၊ မိုဟဒ္ဒီစ္စိဟ် နှင့် ဇဲဟ်ရာ တို ဖြစ်သည်။ (1) ဤရေဝါယသ်၌ လာရှိထသည့် အမည် ဟူသော ဝေါဟာရ၏ ဆိုလိုရင်းမှာ အမည် နှင့် ဂုဏ်ပုဒ် ထက်ပိုမိုကျယ်ပြန့်စွာ အသုံးပြုခေါ်ဝေါ်သောအရာ ဖြစ်သည်ဟု ထင်မြင်ရပေသည်။
အစွဲပြုခေါ်ဆိုသော အမည်များ
မနာကီဘ် အိဗ်နေ ရှဟ်ရ် အာရှုးဘ် သည် ဟဇရသ်သေဖွာသွေမဟ်(စအ) သခင်မ အတွက် အစွဲပြုခေါ်ဆိုသော အမည်များကို ဤသို ဖော်ပြထားပေသည်။ (2)
| အွမ်မွလ်ဟစန် | အွမ်မွလ်ဟိုစိုင်းန် | အွမ်မွလ်မိုဟ်စင်န် | အွမ်မွလ်အအင်မ်မဟ် | အွမ်မွလ်အဗီးဟာ |
ဂုဏ်ပုဒ်များ
ဟဒီးစ် နှင့် ရေဝါယသ် ကျမ်းကိုးများ၌ ဟဇရသ်သေဖွာသွေမဟ်(စအ) သခင်မ အတွက် ဂုဏ်ပုဒ်အမျိုးအမျိုးကို ရေတွက်ဖော်ပြထားသည်။ (3) များ၏ များ
| အစဉ် | ဂုဏ်ပုဒ် | အနက်အဓိပ္ပါယ် |
|---|---|---|
| ၁ | ဇဲဟ်ရာ - | လင်း၀င်းတောက်ပသူ |
| ၂ | အဇ်ရာအ် - | သန့်ရှင်းစင်ကြယ်သူ |
| ၃ | မအ်ဆူမဟ် | အပြစ်များမှ ကင်းဝေးသူ |
| ၄ | ဟောင်ဝ်ရာအ် အင်နိစီယဟ် | လူသားသဏ္ဌန် နတ်သမီး |
| ၅ | ဟိုရ်ရဟ် | လွတ်လပ်သူ |
| ၆ | မိုဘာရက္ကဟ် | ကျက်သရေမဂ်လာ နှင့်ပြည့်စုံသူ |
| ၇ | ဘသ္သူးလ် | အခြားသူများထက် သာလွန်မှုရှိသူ ၊ အရှင်မြတ်ထံ၌သာ အာရုံစူးစိုက်မူ ထားရှိသူ ၊ ဓမတ္တာရာသီ မလာသော အမျိုးသမီးတစ်ဦး။ |
| ၈ | သွာဟိရဟ် | သန့်ရှင်းစင်ကြယ်သူ |
| ၉ | ဟဆ်ွဆွားန် | ဖြုစင်၍ သီလသမာဓိရှိသော အမျိုးသမီး |
| ၁၀ | ဇကီးယဟ် | ကိုယ်ကျင့်တရား ၌ သန့်ရှင်းမှုရှိသူ ၊ အကျည်းတန်မှု မရှိသူ |
| ၁၁ | မရ်ယမ်မေ ကွဘ်ရာ - | မရ်ယမ်အကြီး |
| ၁၂ | ရာဿွီယဟ် | အရှင်မြတ်အား နှစ်သက်သောသူ |
| ၁၃ | ဆွီဒ်ဒီးကဟ် | အလွန် အမှန်တရား ပြောဆိုသူ |
| ၁၄ | မရ်ဿွီးယဟ် | အရှင်မြတ် နှစ်သက်ခြင်းခံရသောသူ |
| ၁၅ | နှုရီယဟ် | အလင်းရောင်ရှိသူ |
| ၁၆ | ရဿွီးယဟ် | ကျေနပ် နှစ်သက်မှုရှိသူ |
| ၁၇ | စမာဝီးယဟ် | ကောင်းကင်ယံအမျိုးသမီး |
| ၁၈ | ဆိုင်ယိဒသွလ် နေစာအိလ်အားလမီးန် | - ကမ္ဘာ့အမျိုးသမီးများ၏ ဦးသျှောင် |
| ၁၉ | ဟာနီယဟ် | အလွန်ကြင်နာသနားတက်သူ |
| ၂၀ | မန်ဆူရဟ် | အရှင်မြတ် ကူညီဆောင်မခြင်း ခံရသူ |
| ၂၁ | မိုဟဒ္ဒီစ္စ်ဟ် | ကောင်းကင်တမန်များနှင့် စကားပြောဆိုသူ |
| ၂၂ | ဇာဟိဒဟ် | အလွန်တရာ သန့်ရှင်းသူ၊အလွန်ရှောင်ကြဉ်သူ |
| ၂၃ | သွိင်(ယ်)ယိဗဟ် | ကောင်းမွန်သူ ၊ စင်ကြယ်သူ ၊ သန့်ရှင်းသူ |
| ၂၄ | အွမ်မေအဗီးဟာ | ၂၄ ။ - ၎င်းဖခင်၏ မိခင် |
| ၂၅ | သက္ကီယဟ် | ဖုံးကွယ်စွာနေသူ ၊ ရှောင်ကြဉ်သူ |
| ၂၆ | ဗရ်ရဟ် | ကောင်းမှုပြုသူ |
| ၂၇ | မိုသွဟ္ဟ်ရဟ် | သန့်ရှင်းသူ |
| ၂၈ | ရှဟီးဒဟ် - | ရှဟီးဒ်အမျိုးသမီး |
| ၂၉ | ဆွာဒီကဟ် | အမှန်ပြောသူ |
| ၃၀ | ရရှီးဒဟ် | နားလည်သဘောက်ပေါက်သူ ၊ ဉာဏ်အမျော်အမြင်ရှိသူ |
| ၃၁ | ဖွာဇွလဟ် | သီလသမာဓိရှိသူ၊ ကောင်းချီးများနှင့် ပြည့်စုံသူ |
| ၃၂ | နက္ကီယဟ် | သီးခြားရှိသူ ၊ သန့်ရှင်းစင်ကြယ်သူ |
| ၃၃ | အလီးမဟ် | ပညာရှိသူ |
| ၃၄ | မဟ်ဒီယဟ် | လမ်းမှန်တရား၌ရှိသူ ၊ လမ်းညွှန်သူ |
| ၃၅ | ဆွဖီယဟ် | စင်ကြယ်သူ |
| ၃၆ | အာဗီဒဟ် | ခ၀တ်ကိုးကွယ်၀တ်ပြုသူ |
| ၃၇ | မုသဟဂ်ျဂျိဒဟ် | ညအချိန်များ၌ နိုးထနေသူ |
| ၃၈ | ကာနိသဟ် | အရှင်မြတ် အပေါ် အမြဲနာခံသူ |
နောက်ပိုင်း လာရှိထားကြသည့် အချိုကျမ်းကိုးများ၌ ဟဇရသ်သေ ဖွာသွေမဟ် (စအ) သခင်မ အတွက် အခြားသော ဂုဏ်ပုဒ်များကိုလည်း ဖော်ပြထားသည်။ ဥပမာ ဆိုင်(ယ်)ယိဒဟ် ၊ မုဆွလ္လီယဟ် ၊ ကာအိမဟ် ၊ ဆွာအိမဟ် ၊ ၀လီမဟ် ၊ ဇာကီးယဟ် ၊ စလီးမဟ် ၊ ဟလီးမဟ် ၊ ဟဘီးဘဟ် ၊ ဂျမီးလဟ် ၊ ဟဖီးဖဟ် ၊ ဆွာလိဟဟ် ၊ မာဆွလ္လဟဟ် ၊ ဆွဘီးဟဟ် ၊ မိာဟမ္မဒဟ် ၊ နဆွီးဘဟ် ၊ ရှရီးဖဟ် ၊ မိုကရ်ကမဟ် ၊ အာလိမဟ် ၊ ဖွာသိဟဟ် ၊ မွန်အိမဟ် ၊ ဒါအီယဟ် ၊ မိုအလ္လမဟ် ၊ ရှာဖိအဟ် ၊ မိုရှက်ဖ်ဖကဟ် ၊ ဂျာဟိဒဟ် ၊ နာဆွီဟဟ် ၊ မုဂ်ျသဟိဒဟ် ၊ ဪာကီယဟ် ၊ နာဆွီယဟ် ၊ ဟာဿွီရဟ် ၊ ဝါဖီယဟ် (4) ကောက်စဲရ် ဟူသော ဂုဏ်ပုဒ်သည်လည်း ကျမ်းမြတ်ကုရ်အာန်ရှိ စူရဟ်ကောကါစဲရ် မှ ရယူထားခြင်း ဖြစ်သည်။ (5)