ကောင်စဲရ်

wikishia မှ

ကောင်စဲရ် (အရဘီ: الكوثر) ဆိုသည့် စကားလုံး သည် ကျမ်းတော်မြတ် ကုရ်အာန် ၏ စကားလုံး ဖြစ်ပြီး သခင်မကြီး ဟဇရသ် ဇဲဟ်ရာ (စ.အ) ၏ ဘွဲ့တော်လည်းဖြစ်ပါသည်။[၁] အဘိဓာန်တွင် ကောင်းခြင်း အများအပြားဟု အဓိပ္ပာယ်ရပါသည်။[၂] ဤစကားလုံး သည်ကျမ်းတော် မြတ် ကုရ်အာန် တွင် တစ်ကြိမ် စူရဟ်ကောင်စဲရ် တွင် လာရှိပါသည်။[၃]သဖ်စီးရ် များတွင် ကောင်စဲရ်ဆိုသည့် စကားလုံးသည် မည်သည်ကို ဆိုကြောင်း နှင့် ပတ်သက် ပြီး အမြင်အမျိုးမျိုး အဆို အထွေထွေ လာရှိပါသည်။[၄] အချို့ သဖ်စီးရ် များအရ ကောင်စဲရ် ဆိုသည်မှာ ဂျန္နသ်ရှိ မြစ်တစ်စင်း ၏ အမည် ၊အစ္စလာမ် ၊နဘူဝသ်၊ ကုရ်အာန်ကရီးမ် ၊ အေလ်မ် နှင့် ဟေက်မသ် ၊ ကောင်စဲရ်ကန်တော် ၊ ရှဖာအသ် ၊ ချစ်ခင် သူများ နှင့် နောက်လိုက်များ ပေါများခြင်း ၊ မျိုးဆက်များ နှင့် သားသမီးများ ပေါများ ခြင်း (ခ) အမျိုးခိုင်မာခြင်း ဟုဖော်ပြထားပါသည်။[၅]

မဂျ်မအိုလ်ဗရန်းန် ကျမ်းရှင် ၏ အဆိုအရ ဤဖြစ်နိုင်ချေများ သည် မှန်ကန်‌ပါသည်။ အကြောင်းမှာ ကောင်စဲရ် ဆိုသည့် စကားလုံးသည် ကောင်းမှု ကောင်းခြင်း အများ အပြား လောကီလောကုတ္တရာ ပါဝင် နေသည့် အတွက် အထက်ဖော်ပြပါ သဖ်စီးရ် ဖွင့်ဆိုချက်များ အားလုံး ပါဝင်ပါသည်။[၆] ဖခ်ရ် ရာဇီး အနေဖြင့် ကောင်စဲရ် ၏ သဖ်စီးရ် တွင် ဂျန္နသ်ရှိ မြစ်တစ်စင်း ၏အမည် သည် ကျော်ကြားကြောင်း ဂုဏ်ယူဖွယ် ဖြစ်ကြောင်း ပြောဆိုထားပါသည်။[၇]

အလာမာ သွဗာသွဗာရီ အနေဖြင့် ကောင်စဲရ် ဆိုသည်မှာ တမန်တော်မြတ် (ဆွ) ၏ အမျိုးအနွယ် များပြားခြင်း (ဆယက်ဒ်များပေါများခြင်း) ဟုခံယူထားပါသည်။ အကြောင်း မှာထင်ရှားစွာဖြင့် စူရဟ်ကောင်စဲရ် ၏နောက်ဆုံး အာယသ်တော် တွင် “ အဘ်သရ် “ ဆိုသည့် အဓိပ္ပာယ်အားဖြင့် အမျိုးအနွယ်မရှိခြင်း ၊မျိုးတုန်းခြင်း ဟုလာရှိ နေသဖြင့် ကောင်စဲရ် ဆိုသည်မှာ အမျိုးအနွယ် များပြားခြင်း (ဆယက်ဒ်များ ပေါများခြင်း) သာလျင်ပိုမို လိုက်ဖက် သည့် အတွက်ကြောင့် ဖြစ်ပါသည်။

ရှီအဟ် သဖ်စီးရ် ပညာရှင်များ ၏ အမြင်အရ စူရဟ်ကောင်စဲရ် ရှိ ကောင်စဲရ် ၏ ဆိုလိုချက်မှာ ဟဇရသ် ဇဲဟ်ရာ (စ.အ) ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အာဆ် ဘင်န် ဝါအေလ် ဘက် မှ ကိုယ်တော်မြတ် (ဆွ) အား “ အဘ်သရ် “ (မျိုးတုန်း) ဟု ကဲ့ရဲ့ ရှုတ်ချ သည်ကို အဖြေ အဖြစ် အလ္လာဟ်ဟို အရှင်မြတ် မှ သမီးတော် ဟဇရသ် ဖွာတွေမဟ်(စ.အ) မှတဆင့် သားစဥ် မြေးဆက် အများ အပြား (ဆွေတော်မျိုး တော်အများအပြား) ကို ချီးမြှင့် ခဲ့သည့် အတွက် ဖြစ်ပါသည်။[၈]

ကမ္ဘာပေါ်တွင် ဖွာတွေမဟ် (စ.အ) သခင်မကြီး ၏ မျိုးနွယ်၊မျိုးဆက်ပေါများခြင်း

ယနေ့ ကမ္ဘာ့ နိုင်ငံများ စွာ တွင် ဖွာတွေမဟ် (စ.အ) သခင်မကြီး ၏ မျိုးနွယ် ၊မျိုးဆက် များ ဆယက်ဒ်များ ရှိနေပါသည်။ ပမာအားဖြင့် အာရပ်နိုင်ငံများ နှင့် အီရန် နိုင်ငံ တို့ အပြင် တူနီးရှားနှင့် မော်ရိုကို တို့တွင် အီဒရေစ် ရှီအဟ်အစိုးရ ကို တည်ထောင်ခဲ့သူ အီဒရေစ် ဘင်န် အဗ်ဒိုလ္လာဟ် ဘင်န် ဟစန် ၏ သားစဥ်မြေးဆက်များ (ခ) မျိုးဆက်များ သည် ယခု ချိန် အထိ ရှိနေခြင်းဖြစ်ပါသည်။ အင်ဒိုနီးရှား နိုင်ငံ တွင်လည်း ဟဗ်ရှီ ၊ အလဝီ မိသားစုဝင်အများအပြား သည် ဤ နိုင်ငံ ၏ ဆယက်ဒ်များ ဖြစ်ကြပါသည်။

ယီမင် နိုင်ငံ တွင် အေမာမ်ဟစန်(အ.စ) နှင့် အေမာမ် ဟိုစိုင်းန်(အ.စ) တို့၏ သားစဥ်မြေး ဆက်အများအပြား ရှိပါသည်။ အီဂျစ်နိုင်ငံ အက်စ်ဝမ်းန် မြို့ တွင် ဂျအာဖရဟ် ဟုခေါ်ဆိုသည့် အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ သားစဥ်မြေးဆက် ဖြစ်သည့် မျိုးနွယ်စု ကြီး တစ်ခု ရှိပါသည်။ အိန္ဒိယ နိုင်ငံ နှင့် ပါကစ္စတန် နိုင်ငံ တို့တွင်လည်း ရဇဝီ နှင့် နကဝီ ဆယက်ဒ်များ ရှိပါသည်။[၉]

အချို့ သဖ်စီးရ် ပညာရှင်များ မှာ ကောင်စဲရ် ၏ ဆိုလိုချက် ခြောက် ခု ဖြစ်ကြောင်း တင်ပြထား ကြပါသည်။ ၎င်း ဆိုလိုချက် ခြောက်ခု မှာ အေလ်မ် နှင့် အမလ် (ပညာ နှင့် လုပ်ရပ်) ၊ နဘူဝသ် ၊ ကုရ်အာန် ၊ လောကီ လောကုတ္တရာ ၏ ရှရာဖသ်( ဂုဏ်သိက္ခာ) နှင့် ဟဇရသ် ဆယက်ဒ် ဒိုရှ်ရှိုဟဒါ အေမာမ်ဟိုစိုင်းန်(အ.စ) ရှဟီးဒ် ဖြစ်ပြီးနောက်ပိုင်း အေမာမ်စဂျာဒ်(အ.စ) တစ်ပါးတည်းကျန်ခဲ့ပြီးနောက် သခင်မကြီး ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ သန့်ရှင်းမွန်မြတ်သည့် သားစဥ်မြေးဆက် ၊ မြတ် နွယ်တော် များ ကို ဆို ကြပါသည်။ သို့သော် အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် မိမိ၏ ကတိတော် အတိုင်း ကမ္ဘာ့မြေကြီး ကို ကိုယ်တော်မြတ် (ဆွ) ၏သားစဥ် မြေဆက်များ ၊မြတ်နွယ် တော်များဖြင့် ပြည့်စေတော်မူမည် ဖြစ်ပါသည်။[၁၀]

ဆက်စပ်နေသည့် စာမျက်နှာများ


အောက်ခြေ မှတ်စုများ

  1. အန်ဆွာရီ ဇန်ဂျာနီ ၊ အလ်မောင်စူအသိုလ်ကိုဗ်ရာ အန် ဖွာတွေမဟ်သွန်ဇ်ဇဲဟ်ရာအ် ၊ဟီဂျရီ ၁၄၂၈ခုနှစ် ၊ အတွဲ ၉ ၊ စာမျက်နှာ ၉ နှင့်၂၅။
  2. ဖခ်ရ်ရာဇီး ၊ အလ်သဖ်စီးရ်ရိုလ်ကဘီးရ် ၊ ဟီဂျရီ ၁၄၂၀ ခုနှစ် ၊ အတွဲ ၃၂ ၊ စာမျက်နှာ ၃၁၃။ သွဗာသွဗာရီ ၊ အလ်မီးဇန်း ၊ ဟီဂျရီ ၁၃၉၀ ခုနှစ် ၊ အတွဲ ၂၀ ၊ စာမျက်နှာ ၃၇၀။
  3. စူရဟ် ကောင်စဲရ် ၊ အာယသ်တော်အမှတ် ၁။
  4. ဖခ်ရ်ရာဇီး ၊ အလ်သဖ်စီးရ်ရိုလ်ကဘီးရ် ၊ ဟီဂျရီ ၁၄၂၀ ခုနှစ် ၊ အတွဲ ၃၂ ၊ စာမျက်နှာ ၃၁၃-၃၁၆။ သွဗာသွဗာရီ ၊ အလ်မီးဇန်း ၊ ဟီဂျရီ ၁၃၉၀ ခုနှစ် ၊ အတွဲ ၂၀ ၊ စာမျက်နှာ ၃၇၀။
  5. ဖခ်ရ်ရာဇီး ၊ အလ်သဖ်စီးရ်ရိုလ်ကဘီးရ် ၊ ဟီဂျရီ ၁၄၂၀ ခုနှစ် ၊ အတွဲ ၃၂ ၊ စာမျက်နှာ ၃၁၃-၃၁၆။ သွဗ်ရေစီ၊ မဂျ်မအိုလ်ဗရန်းန် ၊အီရန်သက္ကရာဇ်၁၃၇၂ ခုနှစ် ၊အတွဲ၁၀ ၊ စာမျက်နှာ၈၃၆။ သွဗာသွဗာရီ ၊ အလ်မီးဇန်း ၊ ဟီဂျရီ ၁၃၉၀ ခုနှစ် ၊ အတွဲ ၂၀ ၊ စာမျက်နှာ ၃၇၀။
  6. သွဗ်ရေစီ၊ မဂျ်မအိုလ်ဗရန်းန် ၊အီရန်သက္ကရာဇ်၁၃၇၂ ခုနှစ် ၊အတွဲ၁၀ ၊ စာမျက်နှာ၈၃၇။
  7. ဖခ်ရ်ရာဇီး ၊ အလ်သဖ်စီးရ်ရိုလ်ကဘီးရ် ၊ ဟီဂျရီ ၁၄၂၀ ခုနှစ် ၊ အတွဲ ၃၂ ၊ စာမျက်နှာ ၃၁၃။
  8. ခိုရန်မ်ရှာဟီ ၊ ဒါနစ်ရှ် နာမေ ဝါ ကုရ်အာန် ဝါ ကုရ်အာန် ဘဂျူဟစ်ရှ်ရှီ၊ အီရန် သက္ကရာဇ် ၁၃၇၇ ခုနှစ်၊ အတွဲ ၂၊ စာမျက်နှာ ၁၂၆၉။ အဲဟ်စာန်နီ ဖရ် ၊ အူလူမေဟဒီးစ် ၊ အီရန် သက္ကရာဇ် ၁၃၈၃ ၊ စာမျက်နှာ ၆၉၅၃ ။
  9. ဒါဂေရ် ၊ မဆာ‌ဒေရိုဒ် ဒရာစသေလ်အဒ်ဘီယဟ် ၊ ခရစ်သက္ကရာဇ် ၁၉၈၃ခုနှစ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၃၆၄-၃၆၆။
  10. ဟိုစိုင်းန်နီ ရှားဟ်အဗ်ဒိုလ်အဇီးမီ ၊ ဟိုစိုင်းန် ၊ သဖ်စီးရ် အစ္စနာအရှ်ရီ ၊ အီရန် သက္ကရာဇ် ၁၃၆၃ ၊ စာမျက်နှာ ၃၆၃။

ကျမ်းကိုးမျာ


  • ဒါဂေရ် ၊ မဆာ‌ဒေရိုဒ် ဒရာစသေလ်အဒ်ဘီယသေအအ်လာမွန်နဲဟ်ဇဟ်၊ ဘေရွတ်၊ အလ်မက်သဗာသွရှ်ရှရ်ကီယဟ် ၊ ခရစ်သက္ကရာဇ် ၁၉၈၃ခုနှစ်။
  • ဖခ်ရ်ရာဇီး ၊ မိုဟမ္မဒ်ဘင်န် အိုမရ် ၊အလ်သဖ်စီးရ်ရိုလ်ကဘီးရ် (မဖာသီဟိုလ်ဂိုက်ဘ်) ၊ ဘေရွတ်၊ ဒရိုအဲဟ်ယာ အိုလ်သိုရာစ်စိုလ်အရဘီ ၊ တတိယအကြိမ် ပုံနှိပ်၊ ဟီဂျရီ ၁၄၂၀ ခုနှစ်။
  • ဟိုစိုင်းန်နီ ရှားဟ်အဗ်ဒိုလ်အဇီးမီ ၊ ဟိုစိုင်းန် ၊ သဖ်စီးရ် အစ္စနာအရှ်ရီ ၊ တီဟီရန် ??၊ နရျ်ရေ မီကာသ်၊ အီရန် သက္ကရာဇ် ၁၃၆၃။
  • အန်ဆွာရီ ဇန်ဂျာနီ ၊ အစ်စမအီးလ် ၊ အလ်မောင်စူအသိုလ်ကိုဗ်ရာ အန် ဖွာတွေမဟ် သွန်ဇ်ဇဲဟ်ရာအ် ၊ကွမ်း ၊ ဒလီလေမာ ၊ ဟီဂျရီ ၁၄၂၈ခုနှစ်။
  • အလာမာ သွဗာသွဗာရီ ၊ ဆရက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ၊ အလ်မီးဇန်း ဖီး သဖ်စီးရ် ရိုလ်ကုရ်အာန် ၊ ဘေရွတ် ၊ မိုအ်စေစေသိုလ်အအ်လမီ၊ ဒုတိယအကြိမ် ပုံနှိပ်၊ ဟီဂျရီ ၁၃၉၀ ခုနှစ်။
  • ခိုရန်မ်ရှာဟီ ၊ ဘဟာအွဒ် ဒီးန် ၊ ဒါနစ်ရှ် နာမေ ဝါ ကုရ်အာန် ဝါ ကုရ်အာန် ဘဂျူဟစ်ရှ်ရှီ ၊တီဟီရန်၊ ဒိုစ်သာန် ၊ နာအီးဒ် ၊ အီရန် သက္ကရာဇ် ၁၃၇၇ ခုနှစ်။
  • သွဗ်ရေစီ ၊ ဖွဇ်လ် ဗင် ဟစန် ၊ မဂျ်မအိုလ်ဗရန်းန် ဖီး သဖ်စီးရ်ရိုလ်ကုရ်အာန် ၊ နာစေရ် ခွတ်စ်ရူ ၊ တတိယအကြိမ် ပုံနှိပ် ၊ အီရန်သက္ကရာဇ် ၁၃၇၂ ခုနှစ် ။
  • အဲဟ်စာန်နီ ဖရ် လန်ဂရူဒီ ၊ မိုဟမ္မဒ် ၊ «فاطمه(س) کوثر قرآن»၊ ဖဆ်လ်နာမေ အူလူမေဟဒီးစ် ၊ အီရန် သက္ကရာဇ် ၁၃၈၃ ။