စူရဟ်ကောင်စဲရ်

wikishia မှ

စူရဟ်ကောင်စဲရ် (အရဘီ - سورة الكوثر ) သည် ကျမ်းတော်မြတ်ကုရ်အာန်၏ စူရဟ် အမှတ် ၁၀၈ ခုမြောက် ဖြစ်ပြီး မက္ကီ စူရဟ် များ မှ စူရဟ် တစ်ပုဒ် ဖြစ်ပြီး အစောင် ၃၀ တွင်ရှိပါသည်။ ဤ စူရဟ် သည် ကုရ်အာန် ကျမ်းမြတ် ၏ အတိုဆုံးစူရဟ်ဖြစ်ပါသည်။ ဤစူရဟ် အား ကောင်စဲရ် ဟုခေါ်တွင်ရခြင်းမှာ စူရဟ် ၏ အစပထမပိုင်းတွင် အလ္လာဟ်ဟို အရှင် မြတ် ဘက် မှ မိမိ အချစ်တော် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) အား ကောင်စဲရ် ချီးမြှင့် သည့် အကြောင်း ဖော်ပြထားသည့်အတွက်ကြောင့် ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွ) အား ဤကြီးကျယ်သည်နေအ်မသ်တော် အားကျေးဇူးတင်သည့် အနေဖြင့် နမာဇ် ဝတ်ပြုရန် နှင့် ကုရ်ဗါနီ (ခ) စတေးမှုပေးရန် အမိန့်ပေးတော်မူ ထားပါသည်။

သဖ်စီးရ် ပညာရှင်များ မှ ကောင်စဲရ် ၏ မြောက်များစွာသော် ဆိုလိုသည့် အနက် အဓိပ္ပာယ် ဘက်သို့ ညွှန်း ပြထားကြပါသည်။ သာဓက အားဖြင့် ကောင်စဲရ် ရေကန်တော် ၊ ဂျန္နသ် သုခဘုံ ၊ မြောက်များစွာသော ကောင်းမှု ကုသိုလ်၊ အစ္စလာမ်နဗူဝသ် ၊ ကျမ်းတော်မြတ် ကုရ်အာန် ၊ သာဝကာတော်များ၏ အရည်အတွက် အများအပြား ၊ ရှဖာအသ် (ခ) အသနားခံပေးခြင်း စသည်ဖြင့် ကျော်ကြားပါသည်။

ရှီအဟ် ပညာရှင်များ ၏ အဆိုရ ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) နှင့် သခင်မကြီး ၏ မျိုးနွယ်မွန်များ ကိုကောင်စဲရ် ဟု ခေါ်ဆိုကြောင်း အကြောင်း မှာ ဤစူရဟ် တော်သည် တမန်တော်ြမတ် (ဆွ) အား မျိုးတုန်းဟု ကဲ့ရဲ့ အပုတ်ချနေချိန် တွင် တုံ့ပြန် အဖြေ ပေးရန် ဤစူရဟ်အား ချပေးတော်မူခဲ့ ခြင်း ဖြစ်ပါသည်။ စူရဟ်ကောင်စဲရ် သေလာဝသ်ပြုခြင်း၏ ကြီးကျယ် မြင့်မြတ်မှု လာရှိပါသည်။ အကြင်မည်သူ မဆို ၅ကြိမ် နမာဇ် တွင် ဤစူရဟ် အား သေလာဝသ် ပြုမည်ဆိုလျင် ကေယမသ် နေ့တွင် ကောင်စဲရ်ကန်တော်မှ သောက်သုံးရမည် ဖြစ်ပါသည်။ ပြီးနောက် သူဗဟ် သစ်ပင် အရိပ် အောက်တွင် တမန်တော်မြတ် (ဆွ) နှင့်အတူ ရှိမည် ဖြစ်ပါ သည်။

မိတ်ဆက်

အမည်ပေးရခြင်း

ဤစူရဟ်အား စူရဟ်ကောင်စဲရ်ဟု အမည် ပေးရခြင်းမှာ ဤစူရဟ်၏ ပထမမြောက် အာယသ်တော် ပါ ကောင်စဲရ် ဆိုသည့် စကားလုံး အား အစွဲပြု၍ ဖြစ်ပါသည်။ ကောင်စဲရ် ၏ ဆိုလိုသည်အဓိပ္ပာယ် ကောင်းချီး အမြောက်အများ ဖြစ်ပြီး အလ္လာဟ်ဟို အရှင်မြတ် မှ မိမိ၏ အချစ်တော် ဟဇရသ် မိုဟမ္မဒ် (ဆွ) အား ဤ ကြီးမားသည့် ကောင်းချီးတော် အား ချီးမြှင့်ထားပါသည်။[၁]

စူရဟ်အမှတ်စဥ် နှင့် ကျရောက်သည့်နေရာ

စူရဟ်ကောင်စဲရ် သည် မက္ကီ စူရဟ် တော်များ မှ စူရဟ် တစ်ပုဒ် ဖြစ်ပါသည်။(မှတ်စရာ ၁) ကျရောက်သည့် အမှတ်စဥ် အား ဖြင့် ၁၅ ဖြစ်ပြီး တမန်တော်မြတ် (ဆွ) အပေါ် ကျရောက် ခဲ့ခြင်း ဖြစ်ပါသည်။ ဤ စူရဟ်သည် လက်ရှိ ကျမ်းတော်မြတ် ကုရ်အာန် တွင် ၁၀၈ ‌ မြောက် စူရဟ် ဖြစ်ပြီး အစောင် ၃၀ တွင် ရှိပါသည်။[၂]

အာယသ်တော် အရေအတွက် နှင့် စကားလုံး အရေအတွက်

စူရဟ်ကောင်စဲတွင် အာယသ်တော် ၃ပါး ၊ စကားလုံးပေါး ၁၀ ၊ အက္ခရာ ပေါင်း ၄၃ ပါဝင်ပါသည်။ ဤစူရဟ်သည် ကျမ်းတော်မြတ် ကုရ်အာန် ၏ အတိုဆုံး စူရဟ် ဖြစ်ပါ သည်။[၃]

ပါဝင်သည့် အကြောင်းအရာများ

စူရဟ် ဇိုဟာ နှင့် စူရဟ် အလာမ်နရှ်ရာဟ် အတိုင်း ဤစူရဟ် ၏ အာယသ်တော်များ အားလုံး သည် တမန်တော်မြတ် (ဆွ) အား မိန့်တော်မူထားပါသည်။[၄]ကောင်စဲရ် အမည် ရှိ ကောင်းချီးတော်အား အလ္လာဟ်ဟို အရှင်မြတ် မှ မိမိ တမန်တော်ြမတါ (ဆွ) အား ချီးမြှင့်တော်မူထားပါသည်။[၅]သဖ်စီးပညာရှင်များ မှ ကောင်စဲရ်ဆိုသည် မှ ကောင်းချီး အမြောက်အများ ဟု အဓိပ္ပာယ်ဖွင့်ဆို ထားကြပါသည်။[၆] ဤကြီးမား သည့် ကောင်းချီးတော် အား ကျေးဇူးတင်သည့် အနေဖြင့် နမာဇ် ဝတ်ပြုခြင်း နှင့် ကုရ်ဗာနီ ပြုခြင်း ကို ပြုရန် အမိန့်ပေးထားပါသည်။[၇] ကိုယ်တော်မြတ် (ဆွ) ရန်သူများကိုအဗ်သရ် မျိုးတုန်း၊ သားသမီးမရှိသူ ဟု သတ်မှတ်ထားပါသည်။

ကောင်စဲရ်၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များ

ဤအာယသ်တော် ဖော်ပြထားသည့် ကောင်စဲရ် စကားလုံး နှင့်ပတ်သက်ပြီး သဖ်စီးရ် ပညာရှင်များ အကြား သဘောထား ကွဲလွဲမှုများရှိပါသည်။ ကောင်စဲရ်ရေကန်တော်ဂျန္နသ် ၊ ဂျန္နသ် ရှိ မြစ်တစ်ခု ၊ ကောင်းချီး အ‌မြာက်အများ၊နဗူဝသ် ၊ ကုရ်အာန် ကျမ်းမြတ် ၊ မရေမတွက်နိုင်သည့် အဆွဟဗ်များ နှင့် နောက်လိုက်များ ၊ မရေမတွက်နိုင် သည့် သားသမီးများ ၊ ရှဖအသ် (ခ) အသနားခံ ပေးခြင်း စသည် ဖြင့် ကောင်စဲရ် ၏ အနက်အဓိပ္ပာဟ် ဖွင့်ဆို ချက်ကို ဖွင့်ဆို ထားကြပါသည်။[၈]

သဖ်စီးရ် နမူနဟ် တွင် ရှီအဟ်အိုလမာ အများစု ထံမှ ဆင့်ပြန်ပြီး ကောင်စဲရ် အနက် အဓိပ္ပာယ် ဖွင့်ဆိုချက် မှာ ဟဇရသ် ဖွာတွေမဟ် (စ.အ) ဖြစ်ကြောင်း ဖော်ပြ ထားပါ သည်။ အကြောင်းမှာ စူရဟ် တွင် တမန်တော်မြတ် (ဆွ) အား သားသမီး အဆက်ပြတ် မည့်သူ ၊ မျိုးတုံး မည်သူဆို ပြီး ကဲ့ရဲ့ ပြစ်တင် သူများဘက်သို့ ညွှန် ပြထားသည့် အတွက်ကြောင့် ဖြစ်ပါသည်။အမှန်တော့ တမန်တော်မြတ် (ဆွ) ၏ မျိုးဆက်မျိုးနွယ် များ သည် ကိုယ်တော်၏ သမီးတော် ဖွာတွေမဟ် (စ.အ) မှတဆင့် ရှေ့ဆက် သွားနေခြင်း ဖြစ်ပါသည်။ပြီးနောက် ဤမျိုးဆက်မျိုးနွယ် တွင် အလ္လာဟ် ဟို အရှင် မြတ် မှ အေမာမသ် တာဝန်ကို အပ်နှင်းထားခြင်း ဖြစ်ပါသည်။[၉]

အဗ်ဒိုလ္လာဟ်ဂျဝါဒ်ဒီ အာမိုလီ ( ၁၃၁၂အီရန်သက္ကရာဇ်) မိုဖစေရိုကုရ်အာန် မှ ဤသို့ဆို ပါသည်။ အောက်ဖော်ပြပါ စူရဟ် တွင် တိုက်တွန်း အလေး ပေးထားသည်မှာ ကောင်စဲရ် ၊ ကောင်းချီး အမြောက်အများ ဆိုသည် မှာ ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) နှင့်ဆက်နွယ်နေကြောင်း အလ္လာဟ် ဟို အရှင်မြတ် မှ ဤသခင်မကြီး ကိုချီးမြှင့်ထားပြီး သခင်မကြီး ၏အဆက်အနွယ် မှ သားတော် အဆက် ၁၁ပါး ကို မွေး ဖွားစေခဲ့ပြီး ကမ္ဘာဂုဏ်ဆောင်များ ဖြစ်စေခဲ့ပါသည်။ ပြီးနောက် ကမ္ဘာအရှေ့ နှင့် အနောက် ဤ အေမာမ် ဆယ့်နှစ်ပါး (အ.စ) နှင့် ၎င်းတို့၏ သားစဥ်မြေးမြစ်များ ၏အမည် မင်္ဂလာဖြင့် လည်ပတ်နေပါသည်။ [၁၀]

ရှီအဟ်သဖ်စီးရ် ပညာရှင်ကြီး ဖြစ်သည့် အလာမဟ်သွဗာသွဗါရီ မှ သဖ်စီးရ် အလ် မီးဇန်းကျမ်းတွင် စူရဟ်၏ ရည်ရွယ်ချက်မှာ တမန်တော်မြတ် (ဆွ ) ၏ စိတ်ကို ပေါ့ပါး စေရန် ဖြစ်သောကြောင့် “ငါချီးမြှင့် သည် ” ဟူသော အသုံး အနှုန်းကို တမန် တော်မြတ် (ဆွ) ၏ ပိုင်ဆိုင်မှုကို ညွှန်ပြသည့် အနေဖြင့် အသုံးပြုရခြင်း ဖြစ်ပါ သည်။ အနှစ် ချုပ်ရလာဒ် မှာ ဖွာတွေမဟ် (စ.အ) သခင်မကြီး၏ သားသမီးများ သည် တမန်တော်မြတ် (ဆွ) ၏အနွယ်တော်မွန် ၊ သားသမီးများ နှင့် မျိုးဆက်များ ဖြစ်ပါ သည်။ ဤသည် ကျမ်းတော်မြတ် ကုရ်အာန် ၏ အကွယ်မှ သတင်း စကားများ ဖြစ်ပါသည်။ အကြောင်းမှာ အလ္လာဟ်ဟိုအရှင်မြတ်သည် ကိုယ်တော်မြတ် (ဆွ) မရှိတော့သည့်နောက်ပိုင်း ကိုယ်တော်မြတ် (ဆွ) ၏မျိုးဆက်တွင် ကောင်းချီး မင်္ဂလာ တစ်ပါး ကိုချီးမြှင့်ခဲ့ပါသည်။ ဤသို့ဖြင့် ဤမျိုးဆက်မျိုးနွယ်အပေါ် ရှိသမျှ ဘေးဒုက္ခများ ပေးခဲ့ကြပြီး အဆုံးသတ်စေသည့် စစ်ပွဲများဘက်သို့ ဆွဲချခဲ့သည်ပင် တစ်လောကလုံးတွင် မည်သည့် မျိုးဆက်မျိုးနွယ်မှ ဤ မျိုးဆက်မျိုးနွယ် နှင့် တန်းတူ ညီမျှ မရှိတော့ချေ။[၁၁]

ကျရောက်ရသည့် အကြောင်းခံ

စူရဟ်ကောင်စဲရ် သည် အာဆ်ဗင်ဝါအေလ် မှ တမန်တော်မြတ် (ဆွ) နှင့်ပတ်သက် ပြီး ပြောဆိုသည့် အတွက်ကြောင့် ကျရောက် ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းမှ တမန်တော်မြတ် (ဆွ)၏ သားတော် အဗ်ဒုလ္လာဟ် ကွယ်လွန်ပြီးနောက် ကိုယ်တော်ထံတွင် သားတော် တစ်ပါးမျှ မရှိတောသည့်ကို အကြောင်းပြုပြီး ကိုရိုက်ရှ်မျိုးနွယ် အကြီးအကဲများ အကြား တွင် ကိုယ်တော်မြတ် (ဆွ) အား အဗ်သရ် (မျိုးတုန်း) ဟု‌ခေါ်ဆိုခဲ့ပါသည်။[၁၂] အလ္လာဟ်ဟို အရှင်မြတ် အနေဖြင့် ဤစူရဟ်တော် ဖြင့် ကိုယ်တော်မြတ် (ဆွ) အား နှစ်သိမ့် စေတော်မူပြီး ကိုယ်တော်အား ကောင်းချီး အမြောက်အများ ချီးမြှင့် တော်မူခဲ့ပါသည်။ ပြီးနောက်ကိုယ်တော်မြတ် (ဆွ) အား ကိုယ်တော်၏ ရန်သူများ မျိုးတုန်း ဖြစ်မည့် သတင်းကောင်း ကို ပေးသနားတော်မူခဲ့ပါသည်။[၁၃]

နဟ်ရ်ဝေါဟာရ ၏ သဖ်စီးရ်

သဖ်စီးရ် ပညာရှင်များ အနေဖြင့် နဟ်ရ်ဝေါဟာရ ၏ သဖ်စီးရ် နှင့် ပတ်သက်ပြီး အမြင် အကွဲအလွဲများ ရှိပါသည်။ ဖွဇ်လ် ဗင် ဟစန် သွဗ်ရေစီ (ကွယ်လွန် ၅၄၈ ဟီဂျရီ)[၁၄] နှင့် အလာမဟ်သွဗာသွဗါရီ(ကွယ်လွန် ၁၃၆၀ အီရန်သက္ကရာဇ် )[၁၅] တို့မှ ရှီအဟ် ၊ဆွန်နီ ရီဝါယသ် တော် ကိုကိုးကား၍ သက္က်ဘီးရ် (အရဘီ - تکبیر ) ဆိုချိန် လက်နှစ်ဖက် မျက်နှာ ရှေ့ မှ ‌မြှောက်ခြင်းဟု အဓိပ္ပာယ် ဖွင့်ဆို ထားကြပါသည်။ သို့သော် အာယာသွလ္လာဟ် မကာရေမ်မိုရှီရာဇီး (မွေးဖွား၁၃၀၅ ဟီဂျရီ) မှ ကုရ်ဗတေး (စတေးခြင်း) ဆိုသည်အဓိပ္ပာဟ် သည် ပိုမို၍ သင့်လျော် ကြောင်း လက်ခံ ထားပါသည်။ အကြောင်း မှ ရုပ်တုဆင်းတု ခဝပ်ကိုးကွယ်ခြင်း ဆန့်ကျင်ဘက် ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ ၎င်းတို့ အနေဖြင့် ခဝပ်ကိုးကွယ်ခြင်း နှင့် ကုရ်ဗနီ အား အလ္လာဟ် မဟုတ်သူအတွက် ပြုလုပ်ကြသည့် အတွက်ကြောင့် ဖြစ်ပါသည်။[၁၆]

မွတ်စ်သဟဗ်နမာဇ်များ စူရဟ် ကောင်စဲရ် အား သေလာဝသ် ပြုခြင်း

အချို့ မွတ်စ်သဟှ်နမာဇ်များတွင် စူရဟ် ကောင်စဲရ် အား သေလာဝသ် ပြုခြင်း ကို တိုက်တွန်း ထားပါသည်။ သာဓက အားဖြင့် လမြတ်ရမ်တွာန်၏ ၁၁ ညတွင် ဖတ်ရသည့်နမာဇ် ဖြစ်ပါသည်။ ဤနမာဇ် သည် ၂ ရကတ်သ် ဖြစ်ပြီး ရကတ်သ် တိုင်းတွင် စူရဟ် ဟမ်ဒ် ၁ကြိမ် နှင့် စူရဟ် ကောင်စဲ အကြိမ် ၂၀ သေလာဝသ် ပြုရမည် ဖြစ်ပါသည်။[၁၇] လမြတ်ရမ်တွာန်၏ ၁၈ ညတွင် ဖတ်ရသည့်နမာဇ် ဖြစ်ပါသည်။ ဤနမာဇ် သည် ၄ ရကတ်သ် ဖြစ်ပြီး ရကတ်သ် တိုင်းတွင် စူရဟ် ဟမ်ဒ် ၁ကြိမ် နှင့် စူရဟ် ကောင်စဲ အကြိမ် ၂၅ သေလာဝသ် ပြုရမည် ဖြစ်ပါသည်။[၁၈]

ကြီးကျယ်မြင့်မြတ်မှု နှင့် အကျိုးအာနိသင်

အဘူဗဆီးရ် အနေဖြင့် အေမာမ် ဆွာဒစ်က် (အ.စ) ထံတော် မှ ဆင့်ပြန် ထားပါသည်။ အကြင်မည်သူဆို မိမိ၏ နေ့စဥ် ၅ကြိမ်နမာဇ် တွင် စူရဟ် ကောင်စဲရ် အား သေလာဝသ် ပြုမည်ဆိုလျင် ၎င်းသည် ကေယမသ်နေ့ တွင် ကောင်စဲရ်ကန်တော် ၏ရေ သောက်ခွင့် ရပေမည် ။ သူဗါသစ်ပင်အောက်တွင် တမန်တော်မြတ် (ဆွ) နှင့်အတူ ရှိပေလိမ့်မည်။[၁၉] မဂျ်မအိုလ်ဗရန်းန် ကျမ်းတွင် တမန်တော်မြတ် (ဆွ) ထံတော်မှ ရီဝါယသ် ဆင့်ပြန် ချက်လာ ရှိပါသည်။ အကြင်မည်သူမဆို စူရဟ် ကောင်စဲရ် အား သေလာဝသ်ပြုမည်ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ်သည် ၎င်းအား ဂျန္နသ် သုခဘုံရှိ မြစ်များ ၏ရေ ကိုသောက်ခွင့် ပေးတော်မူမည်။ပြီးနောက် ကုရ်ဗနီနေ့ မွတ်စလင်မ်များ ဘက်မှ ကုရ်ဗနီပြုသည့် သားကောင်များ နှင့် အဲဟ်လေ့ကေသာဗ် နှင့် မိုရှ်ရေက်များ ဘက်မှ ပြုလုပ် ပူဇော် သည့် ယဇ်သားကောင်များ နှင့် အညီ ၎င်းအား ဆဝါးဗ် ပေးသနားတော်မူပေမည်။ [၂၀]

အောက်ခြေ မှတ်စုများ

  1. ခိုရမ်ရှာဟီ ၊ «စူရဟ် ကောင်စဲရ် » ၊ စာမျက်နှာ ၁၂၆၉ ။
  2. မအ်ရေဖသ် ၊ အာမိုဇေရှ် အူလူမေ ကုရ်အာန် ၊ အီရန်သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၂၊ စာမျက်နှာ ၁၆၆ ။
  3. ခိုရမ်ရှာဟီ ၊ «စူရဟ် ကောင်စဲရ် » ၊ စာမျက်နှာ ၁၂၆၉ ။
  4. မကာရေမ်မိုရှီရာဇီး ၊ သဖ်စီးရ် နမူနဟ် ၊ အီရန်သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၂၇၊ စာမျက်နှာ ၃၇၀။
  5. မကာရေမ်မိုရှီရာဇီး ၊ သဖ်စီးရ် နမူနဟ် ၊ အီရန်သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၂၇၊ စာမျက်နှာ ၃၇၁။
  6. သွဗ်ရေစီ ၊ ဖွဇ်လ် ဗင် ဟစန် ၊ မဂျ်မအိုလ်ဗရန်းန် ၊ အီရန်သက္ကရာဇ် ၁၃၇၂ ခုနှစ် ၊ အတွဲ၁၀ ၊ စာမျက်နှာ ၈၃၅ ။
  7. မကာရေမ်မိုရှီရာဇီး ၊ သဖ်စီးရ် နမူနဟ် ၊ အီရန်သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၂၇၊ စာမျက်နှာ ၃၇၂။
  8. သွဗ်ရေစီ ၊ မဂျ်မအိုလ်ဗရန်းန် ၊ အီရန်သက္ကရာဇ် ၁၃၇၂ ခုနှစ် ၊ အတွဲ၁၀ ၊ စာမျက်နှာ ၈၃၆ ။ အလာမဟ်သွဗာသွဗါရီ ၊ အလ်မီးဇန်းကျမ်း ဟီဂျရီ ၁၃၉၀ ခုနှစ် ၊ အတွဲ ၂၀ ၊ စာမျက်နှာ ၃၇၀။
  9. မကာရေမ်မိုရှီရာဇီး ၊ သဖ်စီးရ် နမူနဟ် ၊ အီရန်သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၂၇၊ စာမျက်နှာ ၃၇၅။ အလာမဟ်သွဗာသွဗါရီ ၊ အလ်မီးဇန်းကျမ်း ဟီဂျရီ ၁၃၉၀ ခုနှစ် ၊ အတွဲ ၂၀ ၊ စာမျက်နှာ ၃၇၀။
  10. ဂျဝါဒ်ဒီ အာမိုလီ ၊ အဗ်ဒိုလ္လာဟ် ၊ သရူစ် သဖ်စီးရ် ၊ စူရဟ် ကောင်စဲရ် ။
  11. အလာမဟ်သွဗာသွဗါရီ ၊ အလ်မီးဇန်းကျမ်း ဟီဂျရီ ၁၃၉၀ ခုနှစ် ၊ အတွဲ ၂၀ ၊ စာမျက်နှာ ၃၇၁။
  12. သွဗ်ရေစီ ၊ ဖွဇ်လ် ဗင် ဟစန် ၊ မဂျ်မအိုလ်ဗရန်းန် ၊ အီရန်သက္ကရာဇ် ၁၃၇၂ ၊ အတွဲ၁၀ ၊ စာမျက်နှာ ၈၃၆ ။ ဝါဟေဒီ ၊ အစဘာဗ် နိုဇူလေလ် ကုရ်အာန် ၊ ဟီဂျရီ ၁၄၁၁ ခုနှစ် ၊ စာမျက်နှာ ၄၉၄ ။
  13. မကာရေမ်မိုရှီရာဇီး ၊ သဖ်စီးရ် နမူနဟ် ၊ အီရန်သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၂၇၊ စာမျက်နှာ ၃၆၉။
  14. သွဗ်ရေစီ ၊ မဂျ်မအိုလ်ဗရန်းန် ၊ အီရန်သက္ကရာဇ် ၁၃၇၂ ၊ အတွဲ၁၀ ၊ စာမျက်နှာ ၈၃၇ ။
  15. အလာမဟ်သွဗာသွဗါရီ ၊ အလ်မီးဇန်းကျမ်း ဟီဂျရီ ၁၃၉၀ ခုနှစ် ၊ အတွဲ ၂၀ ၊ စာမျက်နှာ ၃၇၂ ။
  16. မကာရေမ်မိုရှီရာဇီး ၊ သဖ်စီးရ် နမူနဟ် ၊ အီရန်သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၂၇၊ စာမျက်နှာ ၃၇၄။
  17. ကွမ်းမီ ၊ မဖါသီဟိုလ် ဂျနန် ၊ ဘခ်ရှ် နမာဇ် ဟာယေ ရှက်ဘ်ဟာယေ မါဟေ ရမ်တွာန် ။
  18. ကွမ်းမီ ၊ မဖါသီဟိုလ် ဂျနန် ၊ ဘခ်ရှ် နမာဇ် ဟာယေ ရှက်ဘ်ဟာယေ မါဟေ ရမ်တွာန် ။
  19. ဆူဒူက် ၊ ဆဝါးဗ် ဘိုလ်အအ်မါလ် ၊ ဟီဂျရီ ၁၃၉၀ ခုနှစ် ၊ စာမျက်နှာ ၁၂၆ နှင့် ၁၂၇ ။
  20. သွဗ်ရေစီ ၊ မဂျ်မအိုလ်ဗရန်းန် ၊ အီရန်သက္ကရာဇ် ၁၃၇၂ ၊ အတွဲ၁၀ ၊ စာမျက်နှာ ၈၃၅ ။


ကျမ်းကိုးမျာ

  • ခါမေဂဲရ် ၊ မိုဟမ္မဒ်၊ စာခ်သာရ် စူရေဟ်ဟာယေ ကုရ်အာန ကရီးမ် ၊ သဲဟ်ယေဟ် မိုအ်စစေ ဖရ်ဟန်ဂီ ကုရ်အာန် ဝ အေသရသ် နူးရ်ရိုလ်စကလိုင်း ၊ ကွမ်း ၊ နရှ် နရှ်ရာ ၊ ပထမအကြိမ် ပုံနှိပ် ၊ အီရန်သက္ကရာဇ် ၁၃၉၂ ခုနှစ် ။
  • ခိုရမ်ရှာဟီ ၊ ကဝါမွတ်ဒ်ဒီးန် ၊ «စူရဟ် ကောင်စဲရ် » ၊ ဒဲရ် ဒါနစ်ရ်နာမေဟ် ကုရ်အာန် ဝ ကုရ်အာန် ပဂျူဟီ ၊ တီဟီရန် ၊ ဒိုစ်သာန် ၊ နာဟီးဒ် ၊ အီရန်သက္ကရာဇ် ၁၃၇၇ ခုနှစ် ။
  • ဆူဒူက် ၊ မိုဟမ္မဒ် ဘင်န် အလီ ဆဝါးဗ် ဘိုလ်အအ်မါလ် ဝ အေကာဘိုလ် အအ်မါလ် ၊ ကွမ်း ၊ ဒါရိုရှ်ရှရီးဖ် ရဇီ ၊ ဟီဂျရီ ၁၄၀၆ ။* အလာမာ သွဗာသွဗာရီ ၊ မိုဟမ္မဒ် ဟိုစိုင်းန် ၊ အလ်မီးဇန်း ဖီး သဖ်စီးရ် ရိုလ်ကုရ်အာန် ၊ ဘေရွတ် ၊ မိုအ်စေစေဟ် အလ်အေလ်မီ လစ်လ်မတ်သွဘူ အာသ် ၊ ဟီဂျရီ ၁၃၉၀ ။
  • သွဗ်ရေစီ ၊ ဖွဇ်လ် ဗင် ဟစန် ၊ မဂျ်မအိုလ်ဗရန်းန် ဖီး သဖ်စီးရ်ရိုလ်ကုရ်အာန် ၊ မိုကဒမေဟ် မိုဟမ္မဒ် ဂျဝါဒ် ဘလာဂီ ၊ တီဟီရန် ၊ ဘေရွတ် ၊ ဒါရိုလ်မအ်ရေဖဟ် ၊ နစေရ် ခိုစရူ ၊ အီရန် သက္ကရာဇ် ၁၃၇၂။
  • ကုရ်အာန် ကရီးမ် ၊ သရ်ဂျွန်မဟ် မိုဟမ္မဒ် မဲဟ်ဒီ ဖူလာဒ်ဝမ်းဒ် ၊ တီဟီရန် ၊ ဒါရိုလ် ကုရ်အာန် နိုလ်ကရီးမ် ၊ ဟီဂျရီ ၁၃၉၀ ၊ အီရန်သက္ကရာဇ် ၁၃၇၆။*ကွမ်းမီ ၊ ရှိက်ခ် အဘာစ် ၊ မဖါသီဟိုလ် ဂျနန် ၊ တီဟီရန် ၊ အွစ်ဝဟ် ၊ အီရန် သက္ကရာဇ် ၁၃၈၄ ။