လက်ထပ် ထိမ်းမြားခြင်း

wikishia မှ
(ထိမ်းမြားလက်ထပ်ခြင်း မှ ပြန်ညွှန်းထားသည်)

လက်ထပ် ထိမ်းမြားခြင် (အာရဘီ - النكاح) သို့မဟုတ် မင်္ဂလာဆောင်နှင်းခြင်း ဆိုသည်မှာ ဝန်ခံကတိပြုစာသားဖတ်ရွတ် တိုင်တည်၍ထိမ်းမြားမင်္ဂလာပြုခြင်းအားဖြင့် လိင်ပိုင်းဆိုင်ရာဆက်နွယ်ပတ်သက်မှု့တစ်ခုကို ဖြစ်လာစေခြင်းပင်ဖြစ်သည်။ ကျမ်းတော်မြတ်ကုရ်အာန်သည် လက်ထပ်ထိမ်းမြားခြင်းနှင့် အမျိုးသားများ ၎င်းတို့၏ကြင်ယာများနှင့်အတူရှိခြင်းသည် တည်ငြိမ်အေးချမ်းမှု့ရရှိစေသည့်အကြောင်းအရာဖြစ်သည်ဟု သတ်မှတ်ထား သည်။ ထို့ပြင်လည်း အိမ်ထောင်ဖက်မရှိသောမွစ်လင်မ်အမျိုးသား၊အမျိုးသမီးတို့အား အိမ်ထောင်ချပေးရန် တိုက်တွန်းထားသည်။ အစ္စလာမ်သာသနာသည် အလ္လာဟ်ဘက်မှ ကြီးကျယ်လှသောနေ့အ်မသ်ကြီးတစ်ခုဖြစ်သလို ထိမ်းမြားခြင်းသည်လည်း အလ္လာဟ်၏ကောင်းချီးနေ့အ်မသ်များအတွင်းမှ အကြီးကျယ်ဆုံးနေ့အ်မသ်ကောင်းချီးဖြစ်ပေသည်။၎င်းအပြင် ထိမ်းမြားခြင်းသည် သာသနာ၏တစ်ဝက်(သို့) သုံးပုံတစ်ပုံအား ထိန်းသိမ်းခြင်းဖြစ်သလို မြတ်တမန်(ဆွ)၏ စွန္နသ်တော်များတွင်းမှ ဖြစ်သည်ဟု ရေဝါယသ်တော်များတွင် ဖေါ်ပြထားလေသည်။ ရေဝါယတ်တော်များတွင် သာသနာရှိခြင်း၊ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ကောင်းမွန်သော မိသားစုမှ ဖြစ်ခြင်းတို့မှာ အိမ်ထောင်ဖက်ရွေးချယ်ခြင်းအတွက်(စံနှုန်းများ)ပင်ဖြစ်သည်။ ဓမ္မသတ်ပညာရှင် ကြီးများ၏အမြင်အရ အိမ်ထောင်ပြုခြင်းကိုယ်၌သည် မွစ်သဟက်ဘ်မုအက္ကဒါ(ပြုလုပ်ရန်အထူး တိုက်တွန်းထားသောကိစ္စ)ဖြစ်သည်။ သို့သော် အိမ်ထောင်မပြုခြင်းကြောင့် အပြစ်ဂိုနာတွင်းသို့ရောက်ရှိသွားနိုင်ပါ က ထိုသူအတွက်(အိမ်ထောင်ပြုရန်မှာ) ဝါဂျိဘ်(မပြုမနေရတာဝန်)ဖြစ်သွားပေသည်။ ရှီအာအေမာမီယာတွင် ယာယီ ထိမ်းမြားခြင်း နှင့် အစဥ်အမြဲ ဟူ၍ ထိမ်းမြားခြင်းနှစ်မျိုးရှိပေသည်။ ယာယီထိမ်းမြားခြင်း ကတိကဝတ်ပြုစကား၌ ထိမ်းမြားလိုသောအချိန်အတိုင်းအတာ နှင့် မဲဟ်ရီယာ(တင်တောင်းကြေး)ပမာဏကို သတ်မှတ်ဖော်ပြရန်လိုအပ်ပြီး ထိုသတ်မှတ်အချိန်ပမာဏပြီးဆုံးသွားပါက တွလားက်ပေးရန်မလိုအပ်ပဲ (သူ့အလိုလို)ကွာရှင်းပြတ်စဲသွားမည်ဖြစ်သည်။ သောင်ဇီဟွလ်မဆာအိလ် နှင့် ဓမ္မသတ်ကျမ်းဂန်များတွင်လည်း အမြောက်အများလာရှိသည်မှာ ထိမ်းမြားခြင်းတွင် အရေးကြီးဆုံးကိစ္စရပ်မှာ ကတိကဝတ်ပြုစကားဖတ်ရွတ်အတည်ပြုခြင်းဖြစ်သည်။ အမျိုးသမီးနှင့်အမျိုးသား နှစ်ဦးနှစ်ဖက်သဘောတူညီမှု့တစ်ခုတည်းအားဖြင့် ထိမ်းမြားခြင်းအတွက် အထမြောက်မှု့ဖြစ်လာစေရန် မလုံလောက်ပေ။ ထို့ပြင်လည်း အပျိုစင်မိန်းကလေးသည် ထိမ်းမြားရန်အတွက် ဖခင် သို့မဟုတ် ဖခင်ဘက်မှအဖိုး၏ ခွင့်ပြုချက်ရယူရန်လိုအပ်သည်။ ကျိန်ဆိုခြင်းကွာရှင်းပြတ်စဲခြင်းသေဆုံးခြင်းလိင်ပြောင်းလဲခြင်းအိရ်သေဒါးဒ်(ဘာသာမှထွက်သွားခြင်း) နှင့် နေကာဟ်ထိမ်းမြားခြင်းကိုပျက်ပြားစေသောအချက်များဖြစ်သည်။ထိုအချက်များအတွင်းမှ အချက်တစ်ချက်ဖြစ်ပေါ်ခဲ့သည်ရှိသော် နေကာဟ်ထိမ်းမြားမှု အဆုံးသတ်သွားမည်ဖြစ်သည်။ကွာရှင်းပြတ်စဲပြီးနောက် အမျိုးသမီးသည် အိဒ္ဒာ(သတ်မှတ်ရက်အတိုင်းအတာ)ပြုနေထိုင်ထိန်းသိမ်းရန်လိုအပ်သည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အမျိုးအစားများ

ထိမ်းမြားလက်ထပ်ခြင်းဟူသည် ကတိကဝတ်ပြုဝန်ခံချက်(ဖတ်ရွက်အတည်ပြုခြင်း)အားဖြင့် လိင်ပိုင်းဆိုင်ရာ နှီးနွယ်ပတ်သက်မှု့တည်ဆောက်ခြင်းဖြစ်သည်။ ရှီအာအေမာမီယာ မက်ဇ်ဟက်ဘ် တွင် အစဥ်အမြဲ နှင့် ယာယီ ဟူ၍ ထိမ်းမြားခြင်းနှစ်မျိုးရှိသည်။ ယာယီထိမ်းမြားခြင်းကတိကဝတ်ပြုဝန်ခံချက်တွင် အချိန်တစ်ခုသတ်မှတ် ထားပြီး ထိုသတ်မှတ်ထားသောအချိန်ကျော်လွန်ပြီးဆုံးသွားပါက ကွာရှင်းပြတ်စဲခြင်းပြုလုပ်ရန်မလိုအပ်ပဲ အကြင်လင်မယားဘဝအဆုံးသတ်သွားမည်ဖြစ်သည်။[၁]

ယာယီထိမ်းမြားမင်္ဂလာပြုခြင်း

ယာယီထိမ်းမြားခြင်းသည် မြတ်တမန် (ဆွ) လက်ထက်တွင် ခွင့်ပြုထားခဲ့သောကိစ္စရပ်တစ်ခုဖြစ်သည်။ သို့သော် ဒုတိယခလီဖွာလက်ထက်တွင် ထိုအရာအားဟရာမ်အဖြစ်(သတ်မှတ်)ကြေငြာခြင်းခံခဲ့ရသည်။[၂] အစ္စလာမ့်ဂိုဏ်းကွဲများ အနက် ရှီအာအေမာမီယာဂိုဏ်းတစ်ခုသာ ယာယီလက်ထပ်ထိမ်းမြားခြင်းကို အစ္စလာမ်ကခွင့်ပြုထားသောကိစ္စရပ်အဖြစ် လက်ခံကြသည်။[၃]

ယာယီ နှင့် အစဥ်အမြဲလက်ထပ်ခြင်းတို့၏ခြားနားချက်များ

အစဥ် အမြဲအိမ်ထောင်တည်ထောင်ခြင်း နှင့် ယာယီလက်ထပ်ခြင်းတို့တွင် တူညီမှု့များစွာရှိကြပေသည်။ ထိုအထဲမှအချို့မှာ လက်ထပ်ခြင်းနှစ်မျိုးလုံးတွင် ခံဝန်ကတိပြုချက်ဖတ်ကြားရန်လိုအပ်ပေသည်။ ဤလက်ထပ်ခြင်းနှစ်မျိုးမှာ ခြားနားချက်များလည်းရှိပြီး ၎င်းတို့မှာအောက်ပါအတိုင်းပင်ဖြစ်လေသည်။

  • အမြဲအတွက် ထိမ်းမြားခြင်း၌ အမျိုးသားသည် အမျိုးသမီးအား အိမ်စရိတ်ပေးရပေမည်။ ယာယီထိမ်းမြားခြင်း၌ထိုသို့မရှိပါ။
  • အမြဲတမ်းအတွက်ထိမ်းမြားခြင်းတွင် အမျိုးသမီးသည် ခင်ပွန်းသည်ခွင့်ပြုချက်မရှိပဲ အိမ်မှအပြင်သို့ထွက်ခွာ ခွင့်မရှိပေ။ သို့သော် ယာယီထိမ်းမြားမှုတွင် ယောက်ျားဖြစ်သူ၏ခွင့်ပြုချက်မလိုအပ်ပေ။
  • အမြဲအတွက်ထိမ်းမြားရာတွင် ယောက်ျားနှင့်မိန်းမသည် တစ်ဦးနှင့် တစ်ဦးအပြန်အလှန်အမွေဆက်ခံခွင့်ရှိသည်။သို့သော် ယာယီထိမ်းမြားမှုတွင် ထိုသို့မရှိပါ။[၄]
  • အကယ်၍ ယာယီထိမ်းမြားမှု၌ ကတိခံဝန်ချက်ဖတ်ကြားရာတွင် (ခန်းဝင်ကြေး)မဲဟ်ရီယာ အားထည့်သွင်းဖော်ပြခြင်းမရှိခဲ့ပါက ခံဝန်သဘောတူညီချက်ပျက်ပြားသွားပေမည်။ သို့သော် အမြဲတမ်းအတွက်ထိမ်းမြားရာတွင် ပြဿနာမရှိပါ။ သို့သော် တစ်ဦးနှင့်တစ်ဦးနီးစပ်မှုရယူရန်အတွက် မဲဟ်ရွလ်မစဲလ်(အစားပေးသောမဲဟ်ရီယာတစ်မျိုး) အား အမျိုးသမီးအားပေးရမည်။[၅]

ထိမ်းမြားခြင်း၏ အရေးပါမှု

အစ္စလာမ်သာသနာသည် ထိမ်းမြားလက်ထပ်ခြင်းအား အလွန်မှပင်အရေးပေးထားသည်။ ကျမ်းတော်မြတ် ကုရ်အာန်သည် ထိမ်းမြားခြင်းအား တည်ငြိမ်အေးချမ်းစေသောအကြောင်း ဟုသတ်မှတ်ထားပြီး[၆]အိမ်ထောင်ဖက်မရှိသောယောက်ျား၊မိန်းမတို့အား အိမ်ထောင်ချပေးရန် မွစ်လင်မ်များအား တိုက်တွန်းထားသည်။[၇] ရေဝါယသ်တော်များ၌လည်း ထိမ်းမြားခြင်းနှင့်ပတ်သက်ပြီး ၎င်း၏ ထူးခြားချက်များနှင့် အကျိုးအမြတ်များမည်သို့ ရှိသည်ကို ဖေါ်ပြထားလေသည်။ ထို့ကြောင့် အစ္စလာမ်သာသနာကဲ့သို့ နေ့အ်မသ်တော်ကြီး ပြီးနောက် ဒုတိယနေ့အ်မသ်တော်ကြီးမှာ ထိမ်းမြားခြင်းပင်ဖြစ်လေသည်။ [၈]၎င်းအပြင် ထိမ်းမြားခြင်းသည် လောကီနှင့်လောကုတ္တရာနှစ်ဌာနီလုံးအတွက် ကောင်းချီးများရဖွယ်ရာဖြစ်လေသည်။ [၉]ထို့အပြင် တမန်တော်မြတ်(ဆွ)၏ စွန္နသ်တော်တွင်းမှဖြစ်သလို[၁၀] ထိမ်းမြားမှုပြုခြင်းသည် သာသနာ၏ တစ်ဝက်(သို့) သုံးပုံတစ်ပုံအား ထိန်းသိမ်းစောင့်ရှောက်ခြင်းသာဖြစ်ပေသည်။[၁၁] ရိုဇီရိပ်ခါတိုးပွားစေသည် [၁၂]မွစ်လင်မ်များအတွင်းမှ အနိမ့်ကျဆုံးသောသူတို့သည် ထိမ်းမြားမှုမပြုပဲ လောကကြီးမှ ထွက်ခွာသွားကြသူများပင်ဖြစ်သည်ဟု ရေဝါယသ်တော်များတွင် ပါရှိထားပါသည်။[၁၃]

ဥပဒေသရေးရာ

သောင်ဇီဟွလ်မဆာအိလ် နှင့် ဓမ္မသတ်ကျမ်းဂန်များတွင် ထိမ်းမြားခြင်းနှင့်ပတ်သတ်၍ အမြောက်အများ လာရှိထားပေသည်။ ထိုအထဲမှ အရေးအပါဆုံးအချို့မှာ-

  • မ္မသတ်ပညာရှင်များ၏အမြင်အရ ထိမ်းမြားခြင်း ကိုယ်၌သည် မွစ်သဟက်ဘ်မုအက္ကဒါ (အထူးတိုက်တွန်းထားသောပြုလုပ်သင့်သည့်အရာ၊ပြုလုပ်လျှင်ပိုကောင်းသောအရာ) ဖြစ်သည်။ သို့သော် ထိမ်းမြားမှုမပြုခြင်းကြောင့် အပြစ်ဂိုနာဟ်တွင်းသို့ကျရောက်နိုင်ပါက ထိမ်းမြားရန်မှာ ဝါဂျိဘ်(မပြုမနေရတာဝန်)ဖြစ်သွားပေသည်။[၁၄]
  • ထိမ်းမြားလက်ထပ်ခြင်းတွင် ယာယီပင်ဖြစ်စေ၊အစဥ်အမြဲအတွက်ဖြစ်စေ ကတိကဝတ်ပြုခံဝန်ချက် ဖတ်ရန်လိုအပ်ပြီး မိန်းမနှင့်ယောက်ျားနှစ်ဦးသဘောတူရုံမျှဖြင့် ထိမ်းမြားလက်ထပ်ခြင်း အထမမြောက်ပေ။[၁၅]
  • ယောက်ျား နှင့် မိန်းမသည် ခံဝန်ကတိပြုချက်အား မိမိတိုကိုယ်တိုင် ဖတ်ရွတ်ရမည် သိုမဟုတ် တစ်ဦးတစ်ယောက်အား ၎င်းတိုကိုယ်စား ခံဝန်ကတိပြုချက်ကို ဖတ်ရွတ်ခိုင်းရမည်။[၁၆]
  • ယောက်ျားနှင့်မိန်းမသည် ခံဝန်ကတိပြုချက်အား အရဘီဘာသာစကားဖြင့် ဖတ်ရွတ်ရန်တတ်စွမ်း နိုင်ပါက အရဘီစကားဖြင့်ပင်ဖတ်ရမည်။[၁၇]
  • အပျိုစင်မိန်းကလေးသည် အိမ်ထောင်ပြုရန် ဖခင် သို့မဟုတ် ဖခင်ဘက်မှဘိုးဘေးများ၏ ခွင့်ပြုချက်ကို ရယူရပေမည်။[၁၈]
  • မဲဟ်ရမ်(အရင်းအခြာ)များနှင့်လက်ထပ်ထိမ်းမြားခြင်း ဥပမာ မိခင်၊အစ်မ၊ညီမ၊ယောက္ခမ တို့သည် အမျိုးသားများအတွက် ဟရာမ်ဖြစ်ပေသည်။[၁၉]
  • မွစ်လင်မ်အမျိုးသမီးတို့သည် မွစ်လင်မ်မဟုတ်သူများနှင့် ယာယီ သို့မဟုတ် အစဥ်အမြဲလက်ထပ် ထိမ်းမြားခြင်း ပြုပိုင်ခွင့်မရှိပေ။[၂၀]
  • မွစ်လင်မ်အမျိုးသားသည် အကယ်၍ ကောင်းကင်ကျကျမ်းများကိုလက်ခံသူ(ဥပမာ ခရစ်ယာန်)ဖြစ်ပါက ယာယီလက်ထပ်မှု့ ပြုပိုင်ခွင့်ရှိ ပေသည်။[၂၁]

ရေဝါယသ်တော်များ၌ဖေါ်ပြထားသော အိမ်ထောင်ဖက်ရွေးချယ်ခြင်းဆိုင်ရာစံနှုန်းများ

အချို့သောဆင့်ပြန်ချက်များတွင် အိမ်ထောင်ပြုခြင်းအတွက်စံနှုန်းများဖေါ်ပြထားပြီး အိမ်ထောင်ဖက် ရွေးချယ်ရာတွင် ထိုစံနှုန်းများကိုအသုံးချရန်တိုက်တွန်းထားသည်။ ဆင့်ပြန်ချက်တစ်ခုတွင် မြတ်တမန် (ဆွ) သည် လူတစ်ဦးအား သာသနာရှိသူများနှင့်အိမ်ထောင်ပြုရန်တိုက်တွန်းမိန့်ကြားထားသည်။[၂၂] မကာရိမ်အခ်လားက်ကျမ်း ၌အေမာမ်ဆွာဒိက်သခင် (အ.စ) ထံမှဆင့်ပြန်ထားသည်မှာ- မွန်မြတ်သောမိသားစုနှင့်လက်ထပ်ကြလေကုန်၊ အကြောင်းမှာ မိသားစုမျိုးရိုး၏အမူအကျင့်များသည် သားသမီးများသို့လက်ဆင့်ကမ်းရောက်ရှိနိုင်သောကြောင့် ပင်ဖြစ်သည်။[၂၃] အေမာမ်ရေဿွာ(အ.စ) ထံမှလည်းဆင့်ပြန်ထားသည်မှာ ဆိုးရွားသောအမူအကျင့်ရှိသူများနှင့် လက်ထပ်ထိမ်း မြားခြင်းမှ ရှောင်ကြဥ်ကြလေကုန်။[၂၄]

လက်ထပ်ထိမ်းမြားခြင်းအား အဆုံးသတ်စေသော အကြောင်းအခြင်းအရာများ

ဓမ္မသတ်ပညာရှင်များ၏အမြင်အရ လက်ထပ်ထိမ်းမြားခြင်းကို အဆုံးသတ်စေသော အခြင်းအရာများမှာ အောက်ပါအတိုင်းဖြစ်ပေသည်။ လိင်ပြောင်းလဲခြင်း[၂၅]သေဆုံးခြင်း၊ကွာရှင်းပြတ်စဲခြင်းနှင့် နေကာဟ်လက်ထပ်ခြင်းသဘောတူညီချက်ကိုပျက်ပြား စေသောအရာများဖြစ်ပေါ်လာခြင်းတို့ပင်ဖြစ်သည်။ [၂၆]ထို့ကြောင့် လက်ထပ်ထိမ်းမြားခြင်းပျက်ပြယ်သွားပြီးနောက် အမျိုးသမီးသည် အိဒ္ဒာ(မိန်းမအတွက်သတ်မှတ်ထားသော ထိမ်းမြားခြင်းပြုပိုင်ခွင့်မရှိသည့် အချိန်အတိုင်းအတာ တစ်ခု) ထိန်းသိမ်းရန်လိုအပ်သည်။[၂၇]

ထိမ်းမြားမှုမပြုနိုင်သောအချက်များ

အစ္စလာမ့်ဓမ္မသတ်၌ အချို့သောအမျိုးသမီးများနှင့် ထိမ်းမြားခြင်းတွင် တားမြစ်ထားချက်များရှိနေပါသောကြောင့် ထိုသို့တားမြစ်ထားသူများနှင့် လက်ထပ်ခြင်းမှာ ဟရာမ်(မပြုအပ်သောအရာ)ဖြစ်သည်။

  • ယာယီတားမြစ်ချက်များ

ဆိုသည်မှာ အကြောင်းအရင်းတစ်ခုခုကြောင့် ထိမ်းမြားခြင်းသည် အချိန်အတိုင်းအတာတစ်ခုထိ ဟရာမ်ဖြစ်နေပြီး အကယ်၍ ထိုအကြောင်းအရင်းပျက်ပြယ်သွားပါက ထိမ်းမြားခြင်းသည် ဟရာမ်မဟုတ်တော့ပေ။ [၂၈]ဥပမာ-

1. ၁။ အိစ်သီဖားယေအဒဒ်(ပမာဏကျော်လွန်ခြင်း)- ဤအဓိပ္ပာယ်မှာ လွတ်လပ်သောအမျိုးသားတစ်ဦးသည် လွတ်လပ်သောအမျိုးသမီးလေးဦးထက်ကျော်လွန်၍ အမြဲတမ်းအတွက်ထိမ်းမြားမှုမပြုနိုင်ပေ။[၂၉] ထို့ပြင် ကျေးကျွန်မနှစ်ဦးအား အမြဲတမ်းအတွက် ထိမ်းမြားထားပြီးနောက် အခြားကျေးကျွန်မတစ်ဦးဦးနှင့် တတိယအကြိမ်ထိမ်းမြားမှုမပြုနိုင်ပေ။[၃၀]

2. ၂။ ညီအစ်မနှစ်ဦးနှင့် တစ်ပြိုင်နက်ထိမ်းမြားခြင်း။ ညီအစ်မအရင်းနှစ်ဦးနှင့် တစ်ချိန်တည်းတစ်ပြိုင်နက်တည်း ထိမ်းမြားခြင်းမှာ ဟရာမ်ဖြစ်သည်။ သို့သော် အမျိုးသားတစ်ဦးသည် ညီအမအရင်းနှစ်ဦးအတွင်းမှ တစ်ဦးနှင့်ထိမ်းမြားပြီးနောက် ၎င်းသူ၏ဇနီးသည် သေဆုံးသွားခဲ့လျှင်သော်လည်းကောင်း (သို့) ကွာရှင်းပြတ်စဲမှုပြုလိုက်လျှင်သော်လည်းကောင်း ထိုအမျိုးသားသည် ထိုညီမအရင်းအခြာအတွင်းမှ ကျန်တစ်ဦးနှင့် ထပ်မံ၍ ထိမ်းမြားနိုင်ပေသည်။[၃၁]

3. ၃။ကာဖိရ်ဖြစ်ခြင်းနှင့်သာသနာအားစွန့်ခွာခြင်း မွစ်လင်မ်အမျိုးသမီးသည် ကာဖိရ်ရေဟရ်ဘီ(အစ္စလာမ်အားတိုက်ခိုက်ရန်လိုနေသောကာဖိရ်) သို့မဟုတ် ကောင်းကင်ကျကျမ်းများကိုလက်ခံသည့်ကာဖိရ်များ(ကာဖိရ်ရေကေသားဘီး)၊ထို့အတူ သာသနာမှစွန့်ခွာသွားသူ မွရ်သဒ် များနှင့်လည်း ယာယီ သို့မဟုတ် အမြဲတမ်းအတွက်ထိမ်းမြားခွင့် မရှိပေ။[၃၂] ထို့အတူပင် မွစ်လင်မ်ယောက်ျား သည်လည်း ကောင်းကင်ကျကျမ်းဂန်များအားယုံကြည်လက်ခံမှု မရှိသောကာဖိရ်များ (ကာဖိရ်ရေဂိုင်းရေ ကေသားဘီး) ၊သာသနာမှစွန့်ခွာသွားသူများနှင့် ထိမ်းမြားမှုမပြုနိုင်ပေ။[၃၃]

  • အမြဲတမ်းအတွက်တားမြစ်ချက်များ

ဤသို့သောတားမြစ်ချက်များရှိသည့်အတွက် အမျိုးသားသည် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခြင်းမှာ အမြဲအတွက် ဟရာမ်ဖြစ်သွားပေသည်။> ရှီအာဓမ္မသတ်တွင် အိမ်ထောင်ရှိသူနှင့်ဖောက်ပြားခြင်း[၃၄]၊ ကျိန်ဆိုကစမ်စားခြင်း(လေအာန်ပြုခြင်း)[၃၅]ဇေနာ သို့ လိင်တူဆက်ဆံသည်ဟုစွပ်စွဲခြင်း(ကဇက်ဖ်)[၃၆]၊ အိဖ်ဒွားအ်(အမျိုးသမီးတို့၏ ဆီးလမ်းကြောင်းနှင့် ဓမ္မတာဆင်းသည့်လမ်းကြောင်းအားတစ်ခုတည်းဖြစ်သွားစေခြင်း)[၃၇]အိဒ္ဒာကာလအပိုင်းအခြားတွင်ရှိနေသော မိန်းမတစ်ဦး နှင့်လက်ထပ်ခြင်း[၃၈]၊ မိမိ၏သား၊ဖခင်၊ယောက်ဖ နှင့်လိင်တူဆက်ဆံခြင်း[၃၉]၊ မိမိဇနီးအား(၉)ကြိမ်ပြည့် ပြီးသည်အထိ တွလားက်ပေးခြင်း[၄၀]၊ အဲဟ်ရာမ်ဝတ်ထားချိန်၌ လက်ထပ်ထိမ်းမြားခြင်း [၄၁]တို့သည် အမြဲတမ်းအတွက် ဟရာမ်ဖြစ်စေသောအကြောင်းတရားများဖြစ်ကြပေသည်။[၄၂]

လက်ထပ်ထိမ်းမြားမှု့အားမှတ်တမ်းပြုခြင်းဥပဒေ

နိုင်ငံအများအပြားတွင် လက်ထပ်ထိမ်းမြားခြင်းအား တရားဝင်ဥပဒေအကြောင်းအရ စာရင်းပြုစုမှတ်တမ်းတင် လေ့ရှိကြသည်။[၄၃] အီရာန်နိုင်ငံ၌လည်း အစ္စလာမ့်နည်းကျပြစ်မှု့ဥပဒေအရ ပုဒ်မ(၆၄၅)တွင် လက်ထပ်ထိမ်းမြားခြင်း အားစာရင်းပေးသွင်းခြင်းမပြုပါက ထိုဇနီးမောင်နှံတို့သည်ပြစ်မှု့ကျူးလွန်သူများဖြစ်သည်ဟု သတ်မှတ်ထားသည်။[၄၄]ထိုသို့မှတ်တမ်းတင်ခြင်း၏ အခြားသောရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းပင်ဖြစ်သည်။ ထိမ်းမြားမှုမှန်ကန်ရှိကြောင်းအပေါ် ယုံကြည်စိတ်ချရန်နှင့် ဖြစ်ပေါ်လာနိုင်သော ပြဿနာရပ်များကိုဖြေရှင်းပေးရန် ၎င်းအပြင် ဇနီးမောင်နှံတို့၏ ရပိုင်ခွင့်များကို အလွယ်တကူဖေါ်ထုတ်နိုင်ရန် တို့ဖြစ်သည်။[၄၅]

یادداشت

အိစ်သိဖာအ်အဒဒ်ဆိုသည်မှာ : အိဇ်ဒိဝါဂ်ျ နှင့် သွလာက်တွင် သတ်မှတ်ထားသောနံပါတ်အားပြီးမြောက်စွာပြောင်းလဲခြင်း၊ ဒါအေရသူလ်မအာရိဖ် ဖိက်ဟ်အစ္စလာမ်မီဌာန၊ ဖရ်ဟန်ဂ်ဖိက်ဟ်ဖာရ်စီ၊ အတွဲ ၁၊ စာမျက်နှာ ၅၀၃။ ၄၈။ ညီအစ်မနှစ်ယောက်အားတစ်ချိန်တည်းအိမ်ထောင်ပြုခြင်း- အရင်းအချာ သိုမဟုတ် မွေးစားထားခြင်းဖြစ်ပါက၊ ( တစ်ယောက်သည်အရင်းအချာဖြစ်ပြီး နောက်တစ်ယောက်သည် မွေးစားထားခြင်းဖြစ်ပါက၊ တစ်ယောက်သည် ရာသက်ပန်အိမ်ထောင်ရေး နှင့် နောက်တစ်ယောက်သည် ယာယီအိမ်ထောင်ရေး ) တိုအား ခွင့်မပြုထားပါ. အကယ်၍ ညီအစ်မနှစ်ယောက်ထဲက တစ်ယောက်ဖြင့် အိမ်ထောက်ပြုမည်၊ ထိုနောက် နောက်တစ်ယောက်ဖြင့် အိမ်ထောင်ပြုပါက ၊ ဒုတိယ အက်ဒ်သည် ပျက်ပြယ်သွားမည်ဖြစ်ပြီး ပထမအက်ဒ်မပျက်ပြယ်ပေ၊ ဘလိုပင် ပထမတစ်ယောက်အား ကာမဆက်ဆံထားသည်ဖြစ်စေ၊ မဆက်ဆံထားသည်ဖြစ်စေ။ အကယ်၍ ၎င်းသူတို၏ အက်ဒ်အား အက်ဒ်တစ်ခုတည်းဖြင့် သိုမဟုတ် တစ်ချိန်တည်းတွင် အက်ဒ်ပြုလုပ်ပါက နှစ်ယောက်လုံး၏အက်ဒ် ပျက်ပြယ်သွားမည်ဖြစ်သည်။ခိုမေနီ၊ သဟ်ရီးရ်ဝဆီလာ ၊ ဖြန့်ချီ: အေမာမ်ခိုမေနီ၏ အာစာရ်အား စီစဉ်ခြင်း နှင့် ဖြန့်ချီခြင်းဌာန၊အတွဲ ၂၊ စာမျက်နှာ၂၆၆။ ၄၉။ အကယ်၍ အမျိုးသားတစ်ဦးသည် လွတ်လပ်သောအမျိုးသမီးအား သုံးကြိမ်သွလာက်ပေးပါက၊ ထိုအမျိုးသမီးသည် ၎င်းသူအပေါ်မှာ ဟရာမ်ဖြစ်သွားပေမည်၊ မိုဟလ္လိလ်မှလွဲ၍ ၎င်းသူအတွက် ဟလာလ်မဟုတ်တော့ပါ၊ အကယ်၍ အမျိုးသားသည် အမျိုးသမီးအား ကိုးကြိမ် သွလာက်ပေးပါက၊ အမျိုးသမီးသည် အမြဲတမ်းအတွက် ၎င်းသူအပေါ်မှာ ဟရာမ် ဖြစ်သွားမည်။ဒါအေရသူလ်မအာရိဖ် ဖိက်ဟ်အစ္စလာမ်မီဌာန၊ ဖရ်ဟန်ဂ်ဖိက်ဟ်၊ အတွဲ ၁၊ စာမျက်နှာ ၅၀၃။

မှတ်စုများ

  1. ဒါအေရသူလ်မအာရိဖ် ဖိက်ဟ်အစ္စလာမ်မီဌာန၊ ဖရ်ဟန်ဂ်ဖိက်ဟ်၊ အီရန်သက္ကရာဇ် ၁၃၉၂၊ အတွဲ ၁၊ စာမျက်နှာ ၃၉၀။
  2. စွဗ်ဟာနီ၊ ( အိဇ်ဒိဝါဂ်ျမိုဝက္ကသ် ဒရ် ကိသာဘ် ဝါ စွန္နသ် )၊ စာမျက်နှာ ၁၂၅,၁၂၆။
  3. စွဗ်ဟာနီ၊ ( အိဇ်ဒိဝါဂ်ျမိုဝက္ကသ် ဒရ် ကိသာဘ် ဝါ စွန္နသ် )၊ စာမျက်နှာ ၆၃။
  4. ဟိုစိုင်နီ၊ အဟ်ကာမ်အိဇ်ဒိဝါဂ်ျ၊ အီရန်သက္ကရာဇ် ၁၃၈၉၊ စာမျက်နှာ ၁၂၀-၁၂၁။
  5. အက္ကဘရီ၊အဟ်ကာမ်ခါနဝါဒဟ်၊ အီရန်သက္ကရာဇ် ၁၃၉၃၊ စယမျက်နှာ ၂၆။
  6. ၅။ စူရာ ရူမ်၊ အာယသ် ၂၁။
  7. စူရာ နူရ်၊ အာယသ် ၃၂၊ ဟိုစိုင်နီ၊ အဟ်ကာမ်အိဇ်ဒိဝါဂ်ျ၊ အီရန်သက္ကရာဇ် ၁၃၈၉၊ စာမျက်နှာ ၃၈-၄၀။
  8. ကိုလိုင်နီ၊ အလ်ကာဖီ၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၅၊ بَابُ مَنْ وُفِّقَ لَهُ الزَّوْجَةُ الصَّالِحَة၊ စာမျက်နှာ ၃၂၇။လ
  9. ကိုလိုင်နီ၊ အလ်ကာဖီ၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၅၊ بَابُ مَنْ وُفِّقَ لَهُ الزَّوْجَةُ الصَّالِحَة၊ စာမျက်နှာ ၃၂၇။
  10. ကိုလိုင်နီ၊ အလ်ကာဖီ၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၅၊باب کراهة العزبه၊ စာမျက်နှာ ၃၂၉။
  11. ကိုလိုင်နီ၊ အလ်ကာဖီ၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၅၊باب کراهة العزبه၊ စာမျက်နှာ ၃၂၉။
  12. ကိုလိုင်နီ၊ အလ်ကာဖီ၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၅၊باب ان التزویج یزید فی الرزق၊ စာမျက်နှာ ၃၃၀-၃၃၁။
  13. ကိုလိုင်နီ၊ အလ်ကာဖီ၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၅၊باب کراهة العزبه၊ စာမျက်နှာ ၃၂၉။
  14. ဟိုစိုင်နီ၊ အဟ်ကာမ်အိဇ်ဒိဝါဂ်ျ၊ အီရန်သက္ကရာဇ် ၁၃၈၉၊ စာမျက်နှာ စာမျက်နှာ ၃၉,၄၀။
  15. အေမာမ်ခိုမေနီ၊ သေယဝ်ဇီဟူလ်မဆာအိလ်( မိုဟရှ်ရှီ )၊ ဟိဂျရီ ၁၄၂၄၊ အတွဲ ၂၊ စာမျက်နှာ ၄၅၀။
  16. အေမာမ်ခိုမေနီ၊ သေယဝ်ဇီဟူလ်မဆာအိလ်( မိုဟရှ်ရှီ )၊ ဟိဂျရီ ၁၄၂၄၊ အတွဲ ၂၊ စာမျက်နှာ ၄၅၀။
  17. အေမာမ်ခိုမေနီ၊ သေယဝ်ဇီဟူလ်မဆာအိလ်( မိုဟရှ်ရှီ )၊ ဟိဂျရီ ၁၄၂၄၊ အတွဲ ၂၊ စာမျက်နှာ ၄၅၃။
  18. အေမာမ်ခိုမေနီ၊ သေယဝ်ဇီဟူလ်မဆာအိလ်( မိုဟရှ်ရှီ )၊ ဟိဂျရီ ၁၄၂၄၊ အတွဲ ၂၊ စာမျက်နှာ ၄၅၈။
  19. အေမာမ်ခိုမေနီ၊ သေယဝ်ဇီဟူလ်မဆာအိလ်( မိုဟရှ်ရှီ )၊ ဟိဂျရီ ၁၄၂၄၊ အတွဲ ၂၊ စာမျက်နှာ ၄၆၄။
  20. အေမာမ်ခိုမေနီ၊ သေယဝ်ဇီဟူလ်မဆာအိလ်( မိုဟရှ်ရှီ )၊ ဟိဂျရီ ၁၄၂၄၊ အတွဲ ၂၊ စာမျက်နှာ ၄၆၈။
  21. အေမာမ်ခိုမေနီ၊ သေယဝ်ဇီဟူလ်မဆာအိလ်( မိုဟရှ်ရှီ )၊ ဟိဂျရီ ၁၄၂၄၊ အတွဲ ၂၊ စာမျက်နှာ ၄၆၈။
  22. ကိုလိုင်နီ၊ အလ်ကာဖီ၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၅၊စာမျက်နှာ ၃၃၂။
  23. သွဘ်ရေစီ၊ မကာရေမ်အခ်လာက်၊ အီရန်သက္ကရာဇ် ၁၃၇၀၊ စာမျက်နှာ ၂၀၃။
  24. ကိုလိုင်နီ၊ အလ်ကာဖီ၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၅၊စာမျက်နှာ ၅၆၃။
  25. အေမာမ်ခိုမေနီ၊ သဟ်ရီးရ်ဝစီလာ၊ အီရန်သက္ကရာဇ် ၁၃၈၄၊ စာမျက်နှာ ၉၉၂-၉၉၃။
  26. နဂျဖီ၊ ဂျဝါဟိရ်ရူလ်ကလာမ်၊ ဟိဂျရီ ၁၄၀၄၊ အတွဲ ၃၂၊ စာမျက်နှာ ၂၁၁။
  27. နဂျဖီ၊ ဂျဝါဟိရ်ရူလ်ကလာမ်၊ ဟိဂျရီ ၁၄၀၄၊ အတွဲ ၃၂၊ စာမျက်နှာ ၂၁၁။
  28. ဆာရ်ဒူရီနဆဘ် နှင့် အခြားသူများ၊ ( ဝါကာဝီ သတ်ဘီကီ ဟူရ်မသ်ဟာယေ အဘဒီ အိဇ်ဒိဝါဂ်ျ ဒရ် ဖိက်ဟ် အေမာမီယဟ် နှင့် ဇိုင်ဒီယဟ် ဘာ ရဝီကရ်ဒ် ဟိုကူကီ )၊ စာမျက်နှာ ၈၆။
  29. မိုဟက္ကစ်ဟိလ္လီ၊ ရှရာယေအ်အစ္စလာမ်၊ ဟိဂျရီ ၁၄၀၈၊ အတွဲ ၂၊ စာမျက်နှာ ၂၃၆။
  30. မိုဟက္ကစ်ဟိလ္လီ၊ ရှရာယေအ်အစ္စလာမ်၊ ဟိဂျရီ ၁၄၀၈၊ အတွဲ ၂၊ စာမျက်နှာ ၂၃၇။
  31. ရှဟီးဒ်အောဝ်ဝလ်၊ အလ်လိုမ်အသူလ်ဒမိရှ်ကီယဟ်၊ ဟိဂျရီ ၁၄၁၀၊ စာမျက်နှာ ၁၆၄။
  32. ရှဟီးဒ်အောဝ်ဝလ်၊ အလ်လိုမ်အသူလ်ဒမိရှ်ကီယဟ်၊ ဟိဂျရီ ၁၄၁၀၊ စာမျက်နှာ ၁၆၄။
  33. ခိုမေနီ၊ သဟ်ရီးရ်ဝဆီလာ၊ ဟိဂျရီ ၁၄၃၄၊ အတွဲ ၂၊ စာမျက်နှာ ၃၀၅။
  34. ရှိခ်မိုဖီးဒ်၊ အလ်မက်နအဟ်၊ ဟိဂျရီ ၁၄၁၃၊ စာမျက်နှာ ၅၀၁။
  35. မိုဟက္ကစ်ဟိလ္လီ၊ ရှရာယေအ်အစ္စလာမ်၊ ဟိဂျရီ ၁၄၀၈၊ အတွဲ ၂၊ စာမျက်နှာ ၂၃၇; ဖာဇီလ်မေက်ဒါဒ်၊ ကန်ဇ်အိရ်ဖာန်၊ ဟိဂျရီ ၁၄၂၅၊အတွဲ ၂၊ စာမျက်နှာ ၂၉၅။
  36. အိဗ်နေအိဒ်ရီးစ်ဟိလ္လီ၊ အလ်စရာအိရ်၊ ဟိဂျရီ ၁၄၁၀၊ အတွဲ ၂၊ စာမျက်နှာ ၅၂၆။
  37. အလ္လာမာဟိလ္လီ၊ သဟ်ရီးရ်အဟ်ကာမ်၊ ဟိဂျရီ ၁၄၂၀၊ စာမျက်နှာ ၅၈၃။
  38. ရှိခ်မိုဖီးဒ်၊ အလ်မက်နအဟ်၊ ဟိဂျရီ ၁၄၁၃၊ စာမျက်နှာ ၅၀၁။
  39. အလ္လာမာဟိလ္လီ၊ သဟ်ရီးရ်အဟ်ကာမ်၊ ဟိဂျရီ ၁၄၂၀၊ စာမျက်နှာ ၄၆၅, ရှိခ်မိုဖီးဒ်၊ အလ်မက်နအဟ်၊ ဟိဂျရီ ၁၄၁၃၊ စာမျက်နှာ ၅၀၁။
  40. အလ္လာမာဟိလ္လီ၊ သဟ်ရီးရ်အဟ်ကာမ်၊ ဟိဂျရီ ၁၄၂၀၊ စာမျက်နှာ ၄၆၅, ရှိခ်မိုဖီးဒ်၊ အလ်မက်နအဟ်၊ ဟိဂျရီ ၁၄၁၃၊ စာမျက်နှာ ၅၀၁။
  41. ဘဟ်ဂျသ်၊ မနာဆေက်ဟဂ်ျ၊ ကွမ်း၊ စာမျက်နှာ ၁၀၀; စွဗ်ဟာနီ၊ မနာစေက်ဟဂ်ျ၊ အီရန်သက္ကရာဇ် ၁၃၈၈၊ အတွဲ ၁၊စာမျက်နှာ ၉၁။
  42. အစဒ်ဒီ၊ ( နက်ဒ် ဝါ ဘရ်ရစီ ကဝါနီးန် စဘ်သ် အိဇ်ဒိဝါဂ်ျ)၊ စာမျက်နှာ ၁၀၆-၁၀၉။
  43. အစဒ်ဒီ၊ ( နက်ဒ် ဝါ ဘရ်ရစီ ကဝါနီးန် စဘ်သ် အိဇ်ဒိဝါဂ်ျ)၊ စာမျက်နှာ ၁၀၃။
  44. အစဒ်ဒီ၊ ( နက်ဒ် ဝါ ဘရ်ရစီ ကဝါနီးန် စဘ်သ် အိဇ်ဒိဝါဂ်ျ)၊ စာမျက်နှာ ၁၀၃။
  45. အစဒ်ဒီ၊ ( နက်ဒ် ဝါ ဘရ်ရစီ ကဝါနီးန် စဘ်သ် အိဇ်ဒိဝါဂ်ျ)၊ စာမျက်နှာ ၁၀၆-၁၀၉။

ကျမ်းကိုးမျာ

  • အစဒ်ဒီ၊ လယာလီ ဆာဒါသ်၊ ( နက်ဒ် ဝါ ဘရ်ရစီ ကဝါနီးန် စဘ်သ် အိဇ်ဒိဝါဂ်ျ)၊ အမျိုးသမီးများ၏ လမ်းညွုန်း လေ့လာရေးဂျာနယ်တွင်၊ တီဟ်ရန်၊ အမျိုးသမီးများ နှင့် မိသားစုအတွက် လူမှူရေး နှင့် ယဉ်ကျေးမှုကောင်စီ၊ ၁၃၈၇နွေရာသီ၊ နံပါတ် ၄၀။
  • အက္ကဘရီ၊ မဟ်မူဒ်၊ အဟ်ကာမ်ခါနဝါဒဟ်၊ ကွမ်း၊ ဖသီယားန်၊ အီရန်သက္ကရာဇ် ၁၃၉၃။
  • အေမာမ်ခိုမေနီ၊ ဆိုင်ယီဒ်ရူဟ်ဟူလ္လာဟ်၊ သဟ်ရီးရ်ဝ‌ဆီလာ၊ တီဟ်ရန်၊ အေမာမ်ခိုမေနီ၏ အာစာရ်အား စီစဉ်ခြင်း နှင့် ဖြန့်ချီခြင်းဌာန၊ ဟိဂျရီ ၁၄၂၆/အီရန်သက္ကရာဇ် ၁၃၈၄။
  • အေမာမ်ခိုမေနီ၊ ဆိုင်ယီဒ်ရူဟ်ဟူလ္လာဟ်၊ သောဝ်ဇီဟူလ်မဆာအိလ်( မဟ်ရှီ )၊ ဆိုင်ယီဒ်မိုဟမ္မဒ်ဟိုစိုင်န်ဘနီဟာရှိမ်မီခိုမေနီ၏သုတေသန၊ ကွမ်း၊ အစ္စလာမ်မီဖြန့်ချီရေးရုံး၊ ၈ကြိမ်မြောက်ပုံနှိပ်၊ ဟိဂျရီ ၁၄၂၄။
  • ဟိုစိုင်နီ၊ ဆိုင်ယီဒ်မွဂ်ျသဘာ၊ အဟ်ကာမ်အိဇ်ဒီဝါဂ်ျ( မရာဂျေအ်၁၀ယောက်၏အမြင်နှင့်ကိုက်ညီသော )၊ ကွမ်း၊ မအာရိဖ်ဖြန့်ချီရေးရုံး၊ ၇ကြိမ်မြောက်ပုံနှိပ်၊ အီရန်သက္ကရာဇ် ၁၃၈၉။
  • စွ‌ဗ်ဟာနီ၊ ဂျအ်ဖရ်၊ ( ကိသာဘ် နှင့် စွန္နသ်တွင် ယာယီအိမ်ထောင်ရေး) ၊ ဖိက်ဟ်အဟ်လေဘိုသ်၊ ش ၄၈၊ အီရန်သက္ကရာဇ် ၁၃၈၅။
  • ရှဟီးဒ်ဆာနီ၊ ဇိုင်နွဒ်ဒီးန် ဘင်န် အလီ၊ မဆ်အလကူလ်အဖ်ဟာမ်အေလာသန်ကီးဟ်ရှရာအေအ်အစ္စလာမ်၊ ကွမ်း၊ မအာရိဖ်အစ္စလာမီယဟ်ဌာန၊ ပထမအကြိမ်ပုံနှိပ်၊ ဟိဂျရီ ၁၄၁၃။
  • ဆန်အာနီ၊ အဗ်ဒူလ်ရဇာက် ဘင်န် ဟမာမ်၊ အလ်မဆ်နဖ်၊ မဂျလစ်အိလ်မီ၊ ဘီဂျာ၊ ဟိဂျရီ ၁၃၉၀/ ခရစ်နှစ်၁၉၇၀။
  • သွဗ်ရေစီ၊ ဖဇ်လ်ဘင်န်ဟဆန်၊ မကာရေမ်အခ်လာက်၊ ကွမ်၊ အလ်ရှရီးဖ်ရဇီ၊၄ကြိမ်မြောက်ပုံနှိပ်၊ ဟိဂျရီ ၁၄၁၂/အီရန်သက္ကရာဇ် ၁၃၇၀။
  • သူစီ၊ မိုဟမ္မဒ်ဘင်န်ဟဆန်၊ အလ်မဘ်ဆူသ်ဖီဖိက်ဟ်အေမာမီယဟ်၊ မိုဟမ္မဒ်တကီကရှ်ဖီပြင်ဆင်မှု၊ တီဟ်ရန်၊ မက်သဘ်မွရ်သဇဝီယဟ်လေအဟ်ယာအာဆာရ်ဂျအ်ဖရီယဟ်၊ ဟိဂျရီ ၁၃၈၇။
  • ကိုလိုင်နီ၊ မိုဟမ္မဒ်ဘင်န်ယအ်ကူဘ်၊ အလ်ကာဖီ၊အလီအက္ကဘရ်ဂဖာရီ၏သုတေသီ၊ တီဟ်ရန်၊ ဒါရ်ရူလ်ကိသာဘ်အစ္စလာမီယဟ်၊ ၄ကြိမ်မြောက်ပုံနှိပ်၊ ဟိဂျရီ ၁၄၀၇။
  • မန်ဆူရ်၊ ဂျဟားန်ဂီရ်၊ ကာနူန်မဒနီဘာအာခရီးန်အိစ်လာဟ်ဝါအိလ်ဟာကာသ်ဟမ်ရာဟ်ဘာကာနူန်းမက်စ်အူလီယသ်မဒနီ၊ တီဟ်ရန်၊ ဒီဒါရ်ဖြန့်ချီရေး၊ အီရန်သက္ကရာဇ် ၁၃၉၁။
  • ဟာရှိမ်မီရှဟ်ရူဒီ၊ ဆိုင်ယီဒ်မဟ်မူဒ်၊ မဇ်ဟဗ်အသ်လေဘိုသ်နှင့်ကိုက်ညီသောဖရ်ဟနခဂ်ဖိက်ဟ်၊ ကွမ်၊ ဒါယေရသူလ်မအာရိဖ်ဖိက်ဟ်အစ္စလာမီဌာန၊ ပထမအကြိမ်ပုံနှိပ်၊ အီရန်သက္ကရာဇ် ၁၃၉၂။
  • နဂျဖီ၊ မိုဟမ္မဒ်ဟဆန်၊ ဂျဝါဟိရ်ကလာမ်ဖီရှရ်ဟ်ရှရာအေအ်အစ္စလာမ်၊ဘေရွသ်၊ ဒါရ်အဟ်ယအ်သိုရာစ်အရဗီ၊ ၈ကြိမ်မြောက်ပုံနှိပ်၊ အီရန်သက္ကရာဇ် ၁၄၀၄။