မာတိကာသို့ ခုန်သွားရန်

နမာဇ် အေရှာအ်

wikishia မှ
ဤဆောင်းပါးသည် တရားစီရင်ရေးဆိုင်ရာ အယူအဆတစ်ခုအကြောင်း ဖော်ပြသည့် ဆောင်းပါးဖြစ်ပြီး ဘာသာရေးဆိုင်ရာ ကျင့်ထုံးများအတွက် စံသတ်မှတ်ချက်တစ်ခု မဟုတ်ပါ။ ဘာသာရေး အလေ့ အကျင့်များ အတွက် အခြားအရင်းအမြစ်များကိုလေ့လာ ရမည် ဖြစ်ပါသည်။
သောင်ဇီးဟိုလ်မစာအေလ် ကျမ်း

နမာဇ် အေရှာအ် (အရဘီ : صلاة العشاء ) ဆိုသည်မှာ နေ့စဥ်ဝတ်ပြုရသည့် နမာဇ် ငါးကြိမ်များ မှ တစ်ခု ဖြစ်ပြီး လေး ရကတ် ဝတ်ပြုရခြင်း ဖြစ်ပါသည်။ ပြီးနောက် ဝတ်ပြုချိန်မှာလည်း မဂ်ရိဗ် နမာဇ် ပြီးနောက် မှ စ၍ ညသန်း ခေါင် ချိန် အထိ ဖြစ်ပါသည်။

နမာဇ် အေရှာအ် ဝတ်ပြုနည်း

နမာဇ် မဂ်ရိဗ် သည် လေးရကတ် ဖြစ်ပါသည်။[] နီယသ် ပြုပြီးနောက် ပထမ ရကတ်[] နှင့် သက်ဘီးရသိုလ်အဲဟ်ရာမ်[] ပြီးနောက် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်ပုဒ် ( စဂျ်ဒဟ် ပါသည့် စူရဟ်မဖြစ်ရ ) သာမန်အားဖြင့် စူရဟ် သောင်ဟီးဒ် ဖတ်ရွတ်ကြပါသည်။[] ရကူအ် တစ်ခု[] နှင့် စဂျ်ဒဟ် နှစ်ခု[] ကို လည်းပဲ ပြုလုပ်ရပါသည်။ ပြီးနောက် ဒုတိယ ရကတ်အတွက် ကယာမ် (မတ်တပ်ရပ်)[] ရပါ သည်။ ပြီးနောက် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်ပုဒ် ၊ ရကူအ် ၊စဂျ်ဒဟ် နှစ်ခု ကို ဆောင်ရွက်ရပါသည်။ ပြီးနောက် ထိုင်နေစဥ် သရှ်ဟွဒ်[] ဖတ်ရပါသည်။ ပြီးနောက် ပြီးနောက် တတိယရကတ် နှင့် စတုတ္တ ရကတ် တွင် လည်း သက်စ်ဘီဟာသ်သေ အရ်ဗအ် သို့မဟုတ် စူရဟ် ဟမ်ဒ်[] တစ်ကြိမ် ဖတ် ပြီးနောက် ရကူအ် တစ်ခါ နှင့် စဂျ်ဒဟ် နှစ်ခါ ပြုရပါသည်။ အဆုံးတွင် သရှ်ဟွဒ် ဖတ်ပြီး စလာမ် ဖတ်ရပါသည်။[၁၀]

နမာဇ် အေရှာအ် အချိန်

နမာဇ် အေရှာအ် အချိန် သည် နမာဇ် မဂ်ရိဗ် အဇါန်အချိန် ပြီးနောက် သုံးရကတ် နမာဇ် ဖတ်နိုင်သည့် အချိန် ပြီး မှ စ၍ ညသန်း ခေါင် ချိန် အထိ ဖြစ်ပါသည်။ နမာဇ် အေရှာအ် ၏ «  အထူးအချိန် ၊ သီးသန့် အချိန်  » သည် ညသန်း ခေါင် ချိန်ဖြစ်ဖို့ လေးရကတ် နမာဇ် ဝတ်ပြုလိုရသည့် အချိန် ကျန်သည် အထိ ဖြစ်ပါ သည်။ နမာဇ် မဂ်ရိဗ် နှင့် နမာဇ် အေရှာ « ပူးတွဲအချိန် ၊ ဘုံ အချိန်  » မှာ နမာဇ် မဂ်ရိဗ် ၏ «  အထူးအချိန် ၊ သီးသန့် အချိန်  » နှင့် နမာဇ် အေရှာအ် ၏ «  အထူးအချိန် ၊ သီးသန့် အချိန်  » ကြားအချိန် ဖြစ်ပါသည်။[၁၁]

နမာဇ် အဆ်ရ် ၏ အရေးပါမှု

ကျမ်းတော်မြတ်ကုရ်အာန်တွင် နေ့စဥ် နမာဇ် ငါးကြိမ် ကို ဝတ်ပြုရန် ထိန်းသိမ်း စောင့်ရှောက် ရန် ညွှန်ကြား ထားပါသည်။ နမာ် အဆ်ရ် သည် လည်း နေ့စဥ် ဝတ်ပြု ထိန်းသိမ်း စောင့်ရှောက် ရမည့် နမာဇ် ငါးကြိမ် မှ တစ်ခြ ဖြစ်ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန်တွင်လာရှိသည်မှာ - «حافِظُوا عَلَی الصَّلَواتِ وَ الصَّلاةِ الْوُسْطی وَ قُومُوا لِلَّهِ قانِتینَ» အဓိပ္ပာယ် - အသင်တို့သည် နမာဇ် ဝတ်ပြုမှုများကို အထူးသဖြင့် အလယ်နမာဇ် (နမာဇ် ဇဟိုရ်) ကို ထိန်းသိမ်းစောင့်‌ရှောက်ပါလေ။ နေ့စဥ် ဝတ်ပြုပါလေ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် ၏ ရှေ့တော်မှောက်တွင် ရိုကျိုးသူများ အဖြစ်နှင့်ရပ်ကြပါလေ။[၁၂]

နာဖေလဟ် နမာဇ် အေရှာအ်

နာဖေလဟ် နမာဇ် မှာ နှစ် ရကတ် ဖြစ်ပါသည်။ နမာဇ် အေရှာအ် ဝတ်ပြုပြီးနောက် ဝတ်ပြုရပါသည်။ ဝတ်ပြုရချိန် မှာ ညသန်းခေါင် ချိန် အထိ ဖြစ်ပါသည်။[၁၃]

နမာဇ် အေရှာအ် ဆိုင်ရာ အဲဟ်ကာမ် အချို့

  • ခရီးသည် နမာဇ် - အကြင်မည်သူမဆို ရှရီအသ် အရ ခရီးသည် ဖြစ်မည်။ မလွဲမသွေ နမာဇ် အေရှာအ် အား ကဆ်ရ်(၄ရကတ်အစား၂ရကတ်) ဖတ်ရမည် ဖြစ်ပါသည်။[၁၄]
  • အကယ်၍ နမာဇ် အေရှာအ် ၏ «  အထူးအချိန် ၊ သီးသန့် အချိန်  » အထိ နမာဇ် မဂ်ရိဗ် ဝတ်မပြုရသေးလျင် မလွဲမသွေ ပထမ ဆုံး နမာဇ် အေရှာအ် ကို ဝတ်ပြုရမည် ဖြစ်ပါသည်။[၁၅]
  • တစ်စုံတစ်ယောက်သည် မတော်တဆ (မရည်ရွယ်ဘဲ) နမာဇ် မဂ်ရိဗ် သို့မဟုတ် နမာဇ် အေရှာအ် အား သီးသန့်အချိန် ၊ အထူးအချိန် တွင် ပြောင်းပြန် တစ်နည်းအားဖြင့် နမာဇ် မဂ်ရိဗ် အား နမာဇ် အေရှာအ် ၏ သီးသန့် အချိန် အထူးအချိန် တွင် သို့မဟုတ် နမာဇ် အေရှာအ် အား နမာဇ် မဂ်ရိဗ် ၏ သီးသန့် အချိန် အထူးအချိန် တွင် ဖတ်မိမည်ဆိုလျင် ၎င်း နမာဇ်သည် ပိုင်ပါသည်။ (မပျက်ချေ။)[၁၆]
  • အမျိုးသားတိုင်း သည် နမာဇ် မဂ်ရိဗ် တွင် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်အပုဒ်ပုဒ် အားဂျဟ်ရ် (ခ) အသံ ထုတ်၍ ဖတ်ရမည် မှာ ဝါဂျစ်ဗ် ဖြစ်ပါသည်။[၁၇] အမျိုးသမီးများ အနေဖြင့် နမာဇ် မဂ်ရိဗ် တွင် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်အပုဒ်ပုဒ် အား ဂျဟ်ရ် (ခ) အသံ ထုတ်၍ ဖြစ်စေ သို့မဟုတ် အစ်ခ်ဖါသ် (ခ) အသံတိုးတိုး နှင့် ဖြစ်စေ ဖြစ်နိုင်ပါသည်။ သို့သော် အကယ်၍ နာမဲဟ်ရမ် သည် ထို နမာဇ် ဝတ်ပြုသူ အမျိုးသမီး ၏ အသံ ကို ကြားနိုင်မည်ဆိုလျင် အဲဟ်သေယာသွ် ဝါဂျစ်ဗ် အရ မလွဲမသွေ အစ်ခ်ဖါသ် (ခ) အသံတိုးတိုး နှင့် ဖတ်ရမည် ဖြစ်ပါသည်။[၁၈] အကယ်၍ တစ်ဦးတစ်ယောက်သည် မသိ၍ သို့မဟုတ် မေ့လျော့၍ နမာဇ် မဂ်ရိဗ် တွင် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်အပုဒ်ပုဒ် အား အစ်ခ်ဖါသ် (ခ) အသံတိုးတိုး နှင့် ဖတ်ခဲ့ မည်ဆိုလျင် ပြဿနာ မဟုတ်ချေ။ နမာဇ် ပိုင်ပါသည်။ သို့သော် အကယ် တမင်တကာ ဖြစ်လျင် နမာဇ် ပျက်ပါသည်။[၁၉]
  • အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ရှိုဗိုင်ရီ ဇန်ဂျာနီ အမြင် အရ တစ်ဦးတစ်ယောက် သည် ရှရီအီအကြောင်းပြချက် မရှိဘဲ နမာဇ် အေရှာအ် ဝတ်မပြုဘဲ အိပ် သွားမည်။ပြီးနောက် ညသန်းခေါင် အချိန် အထိ မနိုးခဲ့မည်ဆိုလျင် ထိုသူအနေဖြင့် ထိုနေ့ အတွက် ရိုဇဟ် ထားရမည် ဖြစ်ပါသည်။[၂၀] ညသန်းခေါင်ချိန် ဆိုသည် မှာ ရှရီအီ ညသန်းခေါင် ကိုခေါ်ဆိုခြင်း ဖြစ်ပါသည်။ ည၁၂ထိုးကေိုခေါ် သည် မဟုတ်ကြောင်း မှတ်ထားရပါမည်။ ရှရီအီ ညသန်းခေါင်း ဆိုသည်မှာ နမာဇ် မဂ်ရိဗ် အဇါန် အချိန် နှင့် နမာဇ် ဖဂျ်ရ် အဇါန် အချိန် နှစ်ခုကြား၏ တစ်ဝက်အချိန် ကိုခေါ်ဆိုကြောင်း သိထားရပါမည်။ ပမာအားဖြင့် နမာဇ် ဖဂျရ်အဇါန်သည် မနက် လေးနာရီ ဖြစ်မည် ။ နမာဇ် မဂ်ရိဗ် အဇါန် အချိန် သည် ည ခြောက်နာရီ ဖြစ်မည်ဆို လျင် ညသန်းခေါင် အချိန် သည် ည ဆယ်တစ်နာရီ ဖြစ်ပေမည်။
  • အကယ်၍ မိမိလက်တွင်အချိန် ရှိလျက် နမာဇ် မဂ်ရိဗ် သို့မဟုတ် နမာဇ် အောရှာအ် အား ညသန်းခေါင် ချိန် အထိ ဝတ်မပြုရသေးမည်ဆိုလျင် အဲဟ်သေယာသွ် ဝါဂျစ်ဗ် အရ မလွဲမသွေ နမာဇ် ဖဂျ်ရ် အဇါန် မတိုင်ခင် အဒါအ် နီယသ် နှင့် ကဇွာနီယသ် မပြုဘဲ ဝတ်ပြုရမည် ဖြစ်ပါသည်။[၂၁]
  • အကြင်သူ တစ်ဦး တစ်ယောက် သည် မတော် တဆ ၊ မေ့၍ (မရည်ရွယ်ဘဲ) နမာမ် မဂ်ရိဗ် ကို ဝတ်မပြု မီ အလျင် နမာဇ် အေရှာအ် ဝတ်ပြုမည်မီဆိုလျင် လေးရကတ် မြောက် ၏ ရကူအ် မတိုင်မီ နီယသ် အား နမာဇ် မဂ်ရိဗ် ဟု ပြောင်းရမည်။ ပြီးနောက် နမာဇ် ကို အဆုံး သတ်ရမည် ဖြစ်ပါတယ်။ ပြီးနောက် နမာဇ် အေရှာအ် ကို ဝတ်ပြုရမည် ဖြစ်ပါသည်။ အကယ်၍ လေးရကတ် မြောက် ၏ ရကူအ် အား ပြုလိုက်မည် ဆိုလျင် နမာဇ် အေရှာအ် အဖြစ် နမာဇ် ကို အဆုံးသတ်ရမည်ဖြစ်ပါသည်။ ပြီးနောက် နမာဇ်မဂ်ရိဗ် အား ဝတ်ပြုရမည် ဖြစ် ပါသည်။[၂၂]

အောက်ခြေ မှတ်စုများ

  1. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ ပတ်ခ်ရှ်ရှေ နမာဇ်ဟာယေ ယောင်မီယဟ်။
  2. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၄၃။
  3. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၄၈။
  4. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၇၈။
  5. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၀၂၂။
  6. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၀၄၅။
  7. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၅၈။
  8. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၁၀၀။
  9. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ ဘာသာပြန် - သက်စ်ဘီဟာသ်သေ အရ်ဗအ်အခန်း။
  10. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၁၀၅။
  11. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၆။
  12. စူရဟ် ဗကရဟ် ၊ အာယသ်တော် အမှတ် ၂၃၈ ။ သွဗရီ ၊ မဂျ်မအိုလ်ဗရန်းန်၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၂၆ ။
  13. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၇၁။
  14. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၂၈။
  15. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၆။
  16. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၆။
  17. သွဗာသွဗာရီ ဟကီးမ် ၊ မွတ်စ်သမစစ်က်ကိုလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၂၀၂။ ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၉၂။
  18. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၉၄။
  19. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၉၄။
  20. https://zanjani.ir/کتابخانه/رسالۀ-توضیح-المسائل/?fa
  21. https://www.sistani.org/persian/book/50/39/
  22. https://www.sistani.org/persian/book/50/39/


ကျမ်းကိုးများ

  • အေမာမ် ခိုမေနီ ၊ ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ်။
  • သွဗာသွဗာရီ ဟကီးမ် ၊ ဆယက်ဒ် မော်ဟ်စင်န် ၊ မွတ်စ်သမစစ်က်ကိုလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ကွမ်း ၊ အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မရ်အရှီ နဂျဖီ ၏ ပြည်သူ့ စာကြည့်တိုက် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်။
  • https://zanjani.ir/کتابخانه/رسالۀ-توضیح-المسائل/?fa ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ရှိုဗိုင်ရီ ဇန်ဂျာနီ ရုံး ဝဘ်ဆိုဒ်။