မာတိကာသို့ ခုန်သွားရန်

နမာဇ် ဖဂျ်ရ်

wikishia မှ
ဤဆောင်းပါးသည် တရားစီရင်ရေးဆိုင်ရာ အယူအဆတစ်ခုအကြောင်း ဖော်ပြသည့် ဆောင်းပါးဖြစ်ပြီး ဘာသာရေးဆိုင်ရာ ကျင့်ထုံးများအတွက် စံသတ်မှတ်ချက်တစ်ခု မဟုတ်ပါ။ ဘာသာရေး အလေ့ အကျင့်များ အတွက် အခြားအရင်းအမြစ်များကိုလေ့လာ ရမည် ဖြစ်ပါသည်။
သောင်ဇီးဟိုလ်မစာအေလ် ကျမ်း

နမာဇ် ဖဂျ်ရ် (အရဘီ : صلاة الفجر ) ဆိုသည်မှာ နေ့စဥ်ဝတ်ပြုရသည့် နမာဇ် ငါးကြိမ်များ မှ တစ်ခု ဖြစ်ပြီး နှစ် ရကတ် ဝတ်ပြုရခြင်း ဖြစ်ပါသည်။ ဝတ်ပြုချိန်မှာလည်း သူလူအ်အေဖဂျ်ရ် (ဖဂျ်ရ်စဖြစ်ချိန် ) နှင့် နေထွက်ချိန် ကြားတွင် ဝတ်ပြုရခြင်း ဖြစ်ပါသည်။

နမာဇ် ဖဂျ်ရ် ဝတ်ပြုရသည့်အချိန်

နမာဇ် ဖဂျ်ရ် သည် ၂ရကတ်ဝတ်ပြုရသည့် ဝါဂျစ်ဗ် နမာဇ် ဖြစ်ပြီး သူလူအ်အေဖဂျ်ရ် (ဖဂျ်ရ်စဖြစ်ချိန် )[] မှ စ၍ နေထွက်ချိန် အထိ ထိုအချိန် အတွင်း ဝတ်ပြုရပါသည်။[] နမာဇ် ဖဂျ်ရ် အတွက် ကြီးကျယ် မြင့်မြတ် သည့် အချိန် မှ အောင်ဝဲလ်လေ ဖဂျ်ရ် ဆွာဒစ်က် ( အဇာန်ဖဂျ်ရ်ပေးချိန်) မှ စ၍ အရှေ့ဘက် အရပ် မှ အရုဏ်တက်ချိန်အထိဖြစ်ပါသည်။[] နမာဇ် ဖဂျ်ရ် သည် လည်း အခြား နေ့စဥ်ဝတ်ပြုရသည့် နမာဇ် များ ပမာ နမာဇ် နာဖေလဟ် ရှိပါသည်။ နမာဇ် ဖဂျ်ရ် အတွက် နာဖေလဟ် နမာဇ် ၂ရကတ် ဖြစ်ပါသည်။ ၎င်းကို ဝတ်ပြုရသည့် အချိန် မှာ ပထမ ဖဂျ်ရ် (အရုဏ်မတက်မီ) မှ ဖဂျ်ရ် နမာဇ် ဝတ်ပြုရန် အချိန် ကျန်နေသည့် အထိ တစ်နည်းအားဖြင့် နေထွက်ရန် အနီရောင် ထွက်လာ ချိန်အထိ ဖြစ်ပါသည် ။[]

နမာဇ် ဖဂျ်ရ် ၏ အရေးကြီး မှု

ကျမ်းတော်မြတ် ကုရ်အာန်သည် နမာဇ် ဖဂျ်ရ် အား ကောင်းကင်တမန်များ ၏ သက်သေ ပေးချိန် ဟု ဆိုထားပါသည်။ أَقِمِ الصَّلاَةَ لِدُلُوكِ الشَّمْسِ إِلَی غَسَقِ اللَّیلِ وَقُرْآنَ الْفَجْرِ إِنَّ قُرْآنَ الْفَجْرِ كَانَ مَشْهُودًا (စူရဟ် အစ်စရာအ် ၊ အာယသ်တော် အမှတ် ၇၈ ) အဓိပ္ပာယ် -အသင်သည် နေမွန်းလွဲချိန်ကစပြီး ညမှောင်ချိန်အထိ နမာဇ် ဝတ်ပြုမှုကို ဆောက်တည်ပါ။ အမှန်စင်စစ် မိုးသောက်ချိန် ကုရ်အာန်ကျမ်းတော်မြတ် သေလာဝသ်ပြုမှု (နမာဇ် ဖဂျ်ရ် ဝတ်ပြုမှု) သည် (ကောင်းကင်တမန်များ) သက်သေခံ ချိန်ပင်ဖြစ်ပါသည်။ရီဝါယသ်တော်များ တွင် ဤ အာယသ်တော် ၏ အဓိပ္ပာယ် နမာဇ် ဖဂျ်ရ် ၏ သက်သေ မှာ ည ၏ ကောင်းကင်တမန်များ နှင့် နံနက် ၏ ကောင်းကင်တမန်များ ဖြစ်ကြောင်း ဆိုထားပါသည်။ နမာဇ် ဖဂျ်ရ် ဝတ်ပြုရန် အမွန်မြတ်ဆုံးအချိန်သည် သူလူအ်အေဖဂျ်ရ် (ဖဂျ်ရ်စဖြစ်ချိန်မိုးသောက်ယံအချိန် ) ဖြစ်ပြီး ည၏ ကောင်းကင်တမန်များ နှင့် နေ့၏ကောင်းကင်တမန်များ မှတ်တမ်းတင်ထားကြပါသည်။[]အစ္စလာမ့်တမန်တော်မြတ်(ဆွ)က နမာဇ် ဖဂျ်ရ် ဝတ်ပြု မှု နှင့်ပတ်သက်၍ မိန့်ကြားတော်မူခဲ့ သည်မှာ - « နမာဇ် ဖဂျ်ရ် သည် နမာဇ်များ အကြားတွင် ည၏ ကောင်းကင်တမန်များ နှင့် နေ့၏ကောင်းကင်တမန်များ သက်သေ ခံပေးသည့် အခွင့် ထူးကို ရရှိထားပါသည်။» (အဘယ်ကြောင့်ဆိုသော် နမာဇ် ဖဂျ်ရ် ပထမဆုံးအချိန် (အဇာန်ပေးပြီးချိန်) ဝတ်ပြုမည် ဆိုလျင် ထိုအချိန် ည ၏ ကောင်းကင် တမန်များ သည် နေ့၏ ကောင်းကင်တမန်များ နှင့် တာဝန် လည်သည့် အချိန် ဖြစ်၍ ကောင်းကင် တမန် နှစ်အုပ်စု လုံး ဤနမာဇ် ဝတ်ပြုအတွက် သက်သေခံ ကြမည် ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ )[]

နမာဇ် ဖဂျ်ရ် ဆိုင်ရာ အဲဟ်ကာမ် အချို့

အမျိုးသားနမာဇ် ဖတ်သူများ အနေဖြင့် နမာဇ် ဖဂျ်ရ် တွင် စူရဟ် ဟမ်ဒ် နှင့် အခြားစူရဟ် တစ်ပုဒ် အား ဂျဟ်ရ် (ခ) အသံ ထုတ်၍ အသံထွက်၍ ဖတ်ရမည် မှာ ဝါဂျစ်ဗ် ဖြစ်ပါသည်။[] အမျိုးသမီးများသည် နမာဇ် ဖဂျ်ရ် တွင် စူရဟ် ဟမ်ဒ် နှင့် အခြားစူရဟ် တစ်ပုဒ် အား အသံကျယ်ကျယ်ဖြင့် သို့မဟုတ် ဖြည်းညှင်းစွာ ရွတ်ဆိုနိုင်သော်လည်း နာမဲဟ်ရမ် ၎င်းတို့၏အသံကို ကြားမည်ဆိုလျင် အဲဟ်သေယာသွ် သွေဝါဂျစ်ဗ် အရ ဖြည်းညှင်းစွာ ဖတ်ရမည် ဖြစ်ပါသည်။[]


အောက်ခြေ မှတ်စုများ

  1. နေဟာယသိုလ်သက်ရီးရ် ၊ အတွဲ ၁။ စာမျက်နှာ ၁၅၂ ။
  2. အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ အတွဲ ၁ ၊ စာမျက်နှာ ၅၁၇ ။
  3. သဲဟ်ရီရိုလ်ဝစီလဟ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၅၄ ။
  4. ဘာသာပြန် သဲဟ်ရီရိုလ်ဝစီလဟ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၅၂ ။
  5. အာမေလီ ၊ မိုဟမ္မဒ် ဘင်န် ဟစန် ၊ ဝစာအေလွတ်ရှ်ရှီအဟ် ၊မိုအ်စေစေဟ် အာဟ်လိုလ်ဘိုက်(သ) (အ.စ) ၊ အလ်ဟယာအိုသိုရာစ်၊ ကွမ်း ၊ အတွဲ ၄၊ စာမျက်နှာ ၁၅ ။ ရှိက်ခ် ဆူဒူက် ၊ ဆဝါဗ် ဗိုလ်အအ်မါလ် ဝ အေကာဗ် ဗိုလ်အအ်မါလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ခုနှစ်၊ စာမျက်နှာ ၃၅။
  6. အာမေလီ ၊ မိုဟမ္မဒ် ဘင်န် ဟစန် ၊ ဝစာအေလွတ်ရှ်ရှီအဟ် ၊မိုအ်စေစေဟ် အာဟ်လိုလ်ဘိုက်(သ) (အ.စ) ၊ အလ်ဟယာအိုသိုရာစ်၊ ကွမ်း ၊ အတွဲ ၄၊ စာမျက်နှာ ၁၅ ။
  7. အသွ်သွဗာသွဗာရီ အလ်ဟကီးမ် ၊ မွတ်စ်သမ်စေကိုလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၄ ခုနှစ်၊ အတွဲ ၆ ၊ စာမျက်နှာ ၁၉၈။ အေမာမ် ခိုမေနီ ၊ သောင်ဇီးဟိုလ်မစာအေလ် (မဟရှ်ရှီ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ်။ အေမာမ် ခိုမေနီ ၊ ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ်၊ မစ်အလဟ် အမှတ် ၉၉၂။
  8. အေမာမ် ခိုမေနီ ၊ ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ်၊ မစ်အလဟ် အမှတ် ၉၉၄။

ကျမ်းကိုးများ

  • ရှိက်ခ် ဆူဒူက် ၊ မိုဟမ္မဒ် ဘင်န် အလီ ၊ ဆဝါဗ် ဗိုလ်အအ်မါလ် ဝ အေကာဗ် ဗိုလ်အအ်မါလ် ၊ နစီးမ် ကောင်စဲရ် ၊ကွမ်း၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၁ ခုနှစ် ။
  • အေမာမ် ခိုမေနီ ၊ ဆယက်ဒ် ရူဟွလ္လာဟ် ၊ ဘာသာပြန် သဲဟ်ရီရိုလ်ဝစီလဟ် ၊ တီဟိရန် ၊ မိုအ်စေစေဟ် သောင်းဇီးအ် ဝနရှ်ရ် ရေ အာစာရေ အေမာမ် ခိုမေနီ ၊အီရန် သက္ကရာဇ် ၁၃၈၅ ခုနှစ်။
  • အာမေလီ ၊ မိုဟမ္မဒ် ဘင်န် ဟစန် ၊ ဝစာအေလွတ်ရှ်ရှီအဟ် ၊မိုအ်စေစေဟ် အာဟ်လိုလ်ဘိုက်(သ) (အ.စ) ၊ အလ်ဟယာအိုသိုရာစ်၊ ကွမ်း ၊ ခုနှစ်မသိ။
  • အသွ်သွဗာသွဗာရီ အလ်ဟကီးမ် ၊ ဆယက်ဒ် မော်ဟ်စင်န် ၊ မွတ်စ်သမ်စေကိုလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မရ်အရှီ နဂျဖီ ၏ ပြည်သူ့ စာကြည့်တိုက်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၄ ခုနှစ်။
  • ဖွာဇေလ် လန်ကရာနီ ၊ နေဟာယသိုလ်သက်ရီးရ် ဖီး မဗါဟစ်စေဆ်ဆွလာသ် ၊ ကွမ်း ၊ မရ်ကဇ်ဇို ဖေက်ဟေလ် အအေမသိုလ်အသွဟာရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၀ခုနှစ်။
  • ဆယက်ဒ် သွဗာသွဗာရီ ယဇ်ဒီ ၊ မိုဟမ္မဒ် ကာဇင်းမ်၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဘေရွတ် ၊ မိုအ်စေစေသိုလ် အအ်လအီးန် လေလ် မသွာဘူအာသ် ၊ ဒုတိယ ကြိမ် ပုံနှိပ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ်။