အသံတိုးညှင်းစွာ ဖတ်ရွတ်ခြင်း

wikishia မှ

နမာဇ်၏ ဇီကီရ်များကို အသံတိုးညှင်းစွာ ဖတ်ရွတ်ခြင်း (အာရဗီ-اِخفات)ဖြစ်သည်။ နမာဇ်၏ အချိုဘသော ဇီကီရ်များ ဥပမာ သက်စ်ဘီးဟာသေ အရ်ဘဟ်ဇိုဟိုရ် နမာဇ် နှင့် အဆွရ်နမာဇ် ၏ စူရဟ် ဟမ်ဒ် ၊ အခြားစူရဟ်များ စသည်တိုကို အသံတိုးညှင်းစွာ ဖတ်ရွတ်ရမည်။ နေ့စဉ်ဖတ်ရွတ်ရသော နာဖေလဟ် နမာဇ်များ ကို အသံတိုးညှင်းစွာ ဖတ်ခြင်းသည် မွတ်စ်သဟဘ် ဖြစ်ပြီး အချိုနမာဇ်များ၌ ဥပမာ နမာဇေအာယာသ် အသံတိုးညှင်းစွာ ဖတ်ရွတ်ခြင်းအား ဂျာယီဇ် ဖတ်ပိုင်ခွင့်ရှိသည် ဟု ဖြစ်သည်ဟု သတ်မှတ်ထားသည်။

ဝေါဟာရအနက်အဓိပ္ပါယ်

အသံတိုးညှင်းခြင်း သည် အသံကျယ်လောင်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ပြီး ဖြည်းညှင်းစွာဖတ်ရွတ်ခြင်း ဟူ၍ အဓိပ္ပါယ် သက်ရောက်ပေသည်။ [၁] ဖီကဟ် စာအုပ်များ၌ ဤဝေါဟာရအား နမာဇ် ဖတ်ရွတ်ခြင်း ခေါင်းစဉ်၌ အသုံးပြုပြောဆိုထားလေသည်။ [၂] များစွာသော ဖီကဟ်ပညာရှင်များသည် အိခ်ဖာသ် အသံတိုးညှင်းခြင်း၏ စံနှုန်းအား အသံ၏အနှစ်သာရ လှပမှုကို မဖော်ပြခြင်း ဖြစ်သည်ဟု လက်ခံထားသည်။ [၃] ထိုနောက် ၎င်းအား အသိအမှတ်ပြုဖို လူအများအပေါ် မူတည်သည်ဟု လက်ခံထားကြသည်။ [၄]

အသံတိုးညှင်းစွာဖတ်ရန် ဝါဂျီဘ်ဖြစ်သည့် အရာများ

အောက်ပါအချက်များ၌ နမာဇ်အား အသံတိုးညှင်းစွာဖတ်ရမည်မှာ ဝါဂျီဘ် ဖြစ်သည်။

  1. ဇိုဟိုရ်နမာဇ် နှင့် အဆွရ် နမာဇ်များ၏ စူရဟ် ဟမ်ဒ် နှင့် အခြားစူရဟ်တစ်ပုဒ် ၊ ဂျွမ်အဟ် နေ့ ၏ ဇိုဟိုရ်နမာဇ် မှအပ။ [၅]
  2. ဇိုဟိုရ် ၊ အဆွရ် ၊ မဂ်ရီဘ် နှင့် အီရှာ နမာဇ်များ၏ သက်စ်ဘီးဟာသေ အရ်ဘအဟ်[၆]
  3. ဂျမာအသ်နမာဇ်၌ မအ်မူးမ် ဖတ်ရွတ်သော ဇီကီရ် နှင့် ကေရာအသ် ။ [၇]
  4. နာမဟ်ရမ် သူစိန်း အမျိုးသားများတစ်ဦးသည် သူမ၏အသံကိုကြားပြီး ဖောက်ပြန်မိမည်ကို ကြောက်ပါက အသံတိုးညှင်းစွာ ဖတ်ရမည်။ [၈]
  5. အိဟ်သေယာသ် နမာဇ်၌ ဖတ်ရသည့် စူရဟ် ဟမ်ဒ်[၉]

မရာဂျေအေ သက္က်လီးဒ် အများစု၏ ဖသ်ဝါအရ အသံတိုးညှင်းစွာ ဖတ်ရွတ်ရမည့် အရာများကို ရည်ရွယ်ချက်ရှိရှိ ကြောင်ရှားလိုက်ပါက ယင်းသည် နမာဇ်အား ပျက်ပြားစေသည်။ သိုသော် အကယ်၍ မေ့လျော့၍ဖြစ်စေ ၊ မသိ၍ဖြစ်စေ အသံတိုးညှင်းစွာ ဖတ်ရွတ်ရမည့် အရာများကို ရှောင်ကြဉ်မိပါက နမာဇ်ကို မပျက်ပြားစေပေ။ [၁၀]

အသံတိုးညှင်းစွာဖတ်ရန် မွတ်စ်သဟဘ် ဖြစ်သည့် အရာများ နှင့် အသံတိုးညှင်းစွာဖတ်ပိုင်ခွင့် ရှိခြင်း

အောက်ပါအချက်များ၌ အသံတိုးညှင်းစွာဖတ်ဖြင်းသည် မွတ်စ်သဟဘ် ဖြစ်သည်။

  1. နေ့ပိုင်းအချိန်၌ ဖတ်ရွတ်သည့် မွတ်စ်သဟဘ် နမာဇ် [၁၁]
  2. စူရဟ်ဟမ်ဒ် မတိုင်မီ အာအူဇိုဘိလ္လာဟိ မီနက်လ်ရှိင်သွာနိရ်ရဂျီးမ်(အာရဗီ- اعوذ بالله من الشیطان الرجیم)ဟူသောဇီကီရ် အား ဖတ်ရွတ်ခြင်း [၁၂]

ထိုအတူ အောက်ပါအချက်များ၌ အသံတိုးညှင်းစွာ ဖတ်ပိုင်ခွင့် ရှိပြီး နမာဇ်ဖတ်သူသည် ၎င်းတိုကို ဖြည်းညင်းစွာ ဖတ်ရွတ်နိုင်သည် သိုမဟုတ် အသံကျယ်လောင်စွာ ဖတ်ရွတ်နိုင်ပေသည်။ ၎င်းတိုမှာ

  1. အမျိုးသမီးများ အတွက် ဖဂျရ်နမာဇ် ၊ မဂ်ရီဘ် နမာဇ် နှင့် အီရှာ နမာဇ် တို၏ စူရဟ်ဟမ်ဒ် နှင့် အခြားစူရဟ် အား အသံကျယ်ကျယ်ဖြင့် ဖတ်နိုင်ပေသည်။ သိုသော် နာမဟ်ရမ် သူစိန်းအမျိုးသားများ ထိုအသံကို မကြားမိစေရ‌ပေ။ [၁၃]
  2. နမာဇ်၏ ဇီကီရ်များ ၊ စူရဟ် ဟမ်ဒ် ၊ အခြားစူရဟ် နှင့် သက်စ်ဘီဟာ‌သေ အရ်ဘအဟ် [၁၄]
  3. နမာဇေ အာယာသ် နှင့် နမာဇေသွဝါဖ် [၁၅]

အသံကျယ်‌လောင်ခြင်း နှင့် အသံတိုးခြင်းတို ဆိုင်ရာ အကြောင်းတရား

အိလက်လ္လုလ်ရှရာယေအ် စာအုပ်၌ နမာဇ် ဖတ်ရာ၌ အသံကျယ်လောင်စွာ ဖတ်ရွတ်ခြင်း နှင့် အသံတိုးညှင်းစွာ ဖတ်ရွတ်ခြင်း ဆိုင်ရာ အကြောင်းတရား နှင့်ပတ်သက်ပြီး လာရှိထားသည့် ဟဒီးတော်များအရ ဖရျရ် နမာဇ် ၊ မဂ်ရီဘ် နှင့် အီရှာ နမာဇ်များကို အမှောင်ထဲတွင် ဖတ်ရသည့်အတွက်ကြောင့် အခြားသူများအနေဖြင့် ဂျမာအသ် နမာဇ် ရှိကြောင်း သိရှိနားလည်စေရန် ဤနမာဇ်များကို အသံကျယ်လောင်စွာ ဖတိရွတ်ကြသည်။ သိုသော် ဇိုဟိုရ် နှင့် အဆွရ် နမာဇ်များသည် နေ့ခင်းပိုင်းတွင် ဖတ်ရွတ်ရသည့်အတွက်ကြောင့် နမာဇ် ဖတ်နေကြောင်း ကောင်းစွာ မြင်တွေ့ရပြီး အသံကျယ်လောင်စွာ ဖတ်ရွတ်ရန် မလိုပေ။ [၁၆] ဤစွန္နသ်တော် အစဉ်အလာသည် နောက်ပိုင်း၌ ဗလီများတွင် အလင်းရောင်များ တပ်ဆင်ထားသောအခါတွင်လည်း ဆက်လက်တည်ရှိနေခဲ့သည်။ [၁၇]

မှတ်စုများ

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17

ကျမ်းကိုးများ