မာတိကာသို့ ခုန်သွားရန်

နမာဇ် မဂ်ရိဗ်

wikishia မှ
ဤဆောင်းပါးသည် တရားစီရင်ရေးဆိုင်ရာ အယူအဆတစ်ခုအကြောင်း ဖော်ပြသည့် ဆောင်းပါးဖြစ်ပြီး ဘာသာရေးဆိုင်ရာ ကျင့်ထုံးများအတွက် စံသတ်မှတ်ချက်တစ်ခု မဟုတ်ပါ။ ဘာသာရေး အလေ့ အကျင့်များ အတွက် အခြားအရင်းအမြစ်များကိုလေ့လာ ရမည် ဖြစ်ပါသည်။
သောင်ဇီးဟိုလ်မစာအေလ် ကျမ်း

နမာဇ် မဂ်ရိဗ် (အရဘီ : صلاة المغرب ) ဆိုသည်မှာ နေ့စဥ်ဝတ်ပြုရသည့် နမာဇ် ငါးကြိမ်များ မှ တစ်ခု ဖြစ်ပြီး သုံး ရကတ် ဝတ်ပြုရခြင်း ဖြစ်ပါသည်။ ပြီးနောက် ဝတ်ပြုချိန်မှာလည်း မဂ်ရိဗ် အဇါန် အချိန် မှ စ၍ ညသန်း ခေါင် ချိန်ဖြစ်ဖို့ အေရှာအ် နမာဇ် လေးရကတ်ဝတ်ပြုလိုရသည့် အချိန် ကျန်သည် အထိ ဖြစ်ပါ သည်။

နမာဇ် မဂ်ရိဗ် ဝတ်ပြုနည်း

နမာဇ် မဂ်ရိဗ် သည် သုံးရကတ် ဖြစ်ပါသည်။[] နီယသ် ပြုပြီးနောက် ပထမ ရကတ် [] နှင့် သက်ဘီးရသိုလ်အဲဟ်ရာမ်[] ပြီးနောက် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်ပုဒ် ( စဂျ်ဒဟ် ပါသည့် စူရဟ်မဖြစ်ရ ) သာမန်အားဖြင့် စူရဟ် သောင်ဟီးဒ် ဖတ်ရွတ်ကြပါသည်။[] ရကူအ် တစ်ခု[] နှင့် စဂျ်ဒဟ် နှစ်ခု[] ကို လည်းပဲ ပြုလုပ်ရပါသည်။ ပြီးနောက် ဒုတိယ ရကတ်အတွက် ကယာမ် (မတ်တပ်ရပ်)[]ရပါ သည်။ ပြီးနောက် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်ပုဒ် ၊ ရကူအ် ၊စဂျ်ဒဟ် နှစ်ခု ကို ဆောင်ရွက်ရပါသည်။ ပြီးနောက် ထိုင်နေစဥ် သရှ်ဟွဒ်[] ဖတ်ရပါသည်။ ပြီးနောက် ပြီးနောက် တတိယရကတ် တွင် လည်း သက်စ်ဘီဟာသ်သေ အရ်ဗအ် သို့မဟုတ် စူရဟ် ဟမ်ဒ်[] တစ်ကြိမ် ဖတ် ပြီးနောက် ရကူအ် တစ်ခါ နှင့် စဂျ်ဒဟ် နှစ်ခါ ပြုရပါသည်။ အဆုံးတွင် သရှ်ဟွဒ် ဖတ်ပြီး စလာမ် ဖတ်ရပါသည်။ [၁၀]

နမာဇ် မဂ်ရိဗ် အချိန်

နမာဇ် မဂ်ရိဗ် ဝတ် ပြုရန် အချိန် သည် နေဝင်ပြီးနောက်တွင် တွေ့ရသော အရှေ့ မျက်နှာ၏ နီရဲနေ သည့်အချိန်ဖြစ်ပါသည်။ ဤအခိုက်အတန့်သည် နမာဇ် မဂ်ရိဗ် ဝတ် ပြုရန် အတွက် «  အထူးအချိန် ၊ သီးသန့် အချိန်  » ၏ အစဖြစ်ပြီး သုံးရကတ် နမာဇ် ဝတ်ပြုရသည့် အတိုင်းအတာ အထိ ဖြစ်ပါသည်။ ထိုနောက် နမာဇ် မဂ်ရိဗ် နှင့် နမာဇ် အေရှာအ် « ပူးတွဲအချိန် ၊ ဘုံ အချိန်  » စတင် သည် ဖြစ်ပါသည်။ နမာဇ် ဝတ်ပြုသူ အနေဖြင့် နမာဇ် မဂ်ရိဗ် အား« ပူးတွဲအချိန် ၊ ဘုံ အချိန်  » တွင်လည်းပဲ ဝတ်ပြု နိုင်ပါသည်။ နမာဇ် အေရှာ ၏ «  အထူးအချိန် ၊ သီးသန့် အချိန်  » သည် ညသန်း ခေါင် ချိန်ဖြစ်ဖို့ လေးရကတ်ဝတ်ပြုလိုရသည့် အချိန် ကျန်သည် အထိ ဖြစ်ပါ သည်။[၁၁]

နာဖေလဟ် နမာဇ် မဂ်ရိဗ်

နာဖေလဟ် နမာဇ် မှာ လေး ရကတ် ဖြစ်ပါသည်။ နှစ်ရကတ် စီ နမာဇ် မဂ်ရိဗ် ပြီးနောက် ဖတ်ရခြင်း ဖြစ်ပါ သည်။[၁၂]

နမာဇ် မဂ်ရိဗ် ဆိုင်ရာ အဲဟ်ကာမ် အချို့

  • အကြင်သူ တစ်ဦး တစ်ယောက် သည် « ပူးတွဲအချိန် ၊ ဘုံ အချိန်  » တွင် နမာဇ် မဂ်ရိဗ် အား ဝတ်မပြု မီ နမာဇ် အေရှာအ် အား ဝတ်ပြုမည်။ ပြီးနောက် နမာဇ် အတွင်း သတိပြုမည် ဆိုလျင် ၎င်း၏ နမာဇ် သည် ပိုင်ပါသည်။ (မှန်ပါသည်။ ) ပြီးနောက် မလွဲမသွေ နမာဇ် မဂ်ရိဗ် အား ဝတ်ပြုရမည် ဖြစ်ပါသည်။[၁၃]
  • အကယ်၍ နမာဇ် အေရှာအ် အား ကဆ်ရ်(၄ရကတ်အစား၂ရကတ်) ဖတ်ရမည့် ခရီးသည် အနေဖြင့် မတော် တဆ ၊ မေ့၍ (မရည်ရွယ်ဘဲ) နမာဇ် အေရှာ အား နမာ် မဂ်ရိဗ် ၏ အထူးအချိန် ၊သီးသန့် အချိန် တွင် ဖတ်မည် ဆိုလျင် အဲဟ်သေယာသွ် မွတ်စ်သဟဗ် အရ နမာဇ်မဂ်ရိဗ် ဖတ်ပြီးနောက် ထပ်၍ နမာဇ် အေရှာအ် ကို ဝတ်ပြု ရမည် ဖြစ်ပါ သည်။[၁၄]
  • အကြင်သူ တစ်ဦး တစ်ယောက် သည် မတော် တဆ ၊ မေ့၍ (မရည်ရွယ်ဘဲ) နမာမ် မဂ်ရိဗ် ကို ဝတ်မပြု မီ အလျင် နမာဇ် အေရှာအ် ဝတ်ပြုမည်မီဆိုလျင် လေးရကတ် မြောက် ၏ ရကူအ် မတိုင်မီ နီယသ် အား နမာဇ် မဂ်ရိဗ် ဟု ပြောင်းရမည်။ ပြီးနောက် နမာဇ် ကို အဆုံး သတ်ရမည် ဖြစ်ပါတယ်။[၁၅]
  • အမျိုးသားတိုင်း သည် နမာဇ် မဂ်ရိဗ် တွင် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်အပုဒ်ပုဒ် အားဂျဟ်ရ် (ခ) အသံ ထုတ်၍ ဖတ်ရမည် မှာ ဝါဂျစ်ဗ် ဖြစ်ပါသည်။[၁၆]အမျိုးသမီးများ အနေဖြင့် နမာဇ် မဂ်ရိဗ် တွင် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်အပုဒ်ပုဒ် အား ဂျဟ်ရ် (ခ) အသံ ထုတ်၍ ဖြစ်စေ သို့မဟုတ် အစ်ခ်ဖါသ် (ခ) အသံတိုးတိုး နှင့် ဖြစ်စေ ဖြစ်နိုင်ပါသည်။ သို့သော် အကယ်၍ နာမဲဟ်ရမ် သည် ထို နမာဇ် ဝတ်ပြုသူ အမျိုးသမီး ၏ အသံ ကို ကြားနိုင်မည်ဆိုလျင် အဲဟ်သေယာသွ် ဝါဂျစ်ဗ် အရ မလွဲမသွေ အစ်ခ်ဖါသ် (ခ) အသံတိုးတိုး နှင့် ဖတ်ရမည် ဖြစ်ပါသည်။[၁၇]အကယ်၍ တစ်ဦးတစ်ယောက်သည် မသိ၍ သို့မဟုတ် မေ့လျော့၍ နမာဇ် မဂ်ရိဗ် တွင် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်အပုဒ်ပုဒ် အား အစ်ခ်ဖါသ် (ခ) အသံတိုးတိုး နှင့် ဖတ်ခဲ့ မည်ဆိုလျင် ပြဿနာ မဟုတ်ချေ။ နမာဇ် ပိုင်ပါသည်။ သို့သော် အကယ် တမင်တကာ ဖြစ်လျင် နမာဇ် ပျက်ပါသည်။[၁၈]

အောက်ခြေ မှတ်စုများ

  1. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ ပတ်ခ်ရှ်ရှေ နမာဇ်ဟာယေ ယောင်မီယဟ်။
  2. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၄၃။
  3. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၄၈။
  4. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၇၈။
  5. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၀၂၂။
  6. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၀၄၅။
  7. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၅၈။
  8. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၁၀၀။
  9. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ ဘာသာပြန် - သက်စ်ဘီဟာသ်သေ အရ်ဗအ်အခန်း။
  10. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၁၀၅။
  11. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၆။
  12. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၇၀။
  13. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၆။
  14. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၆။
  15. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၈။
  16. သွဗာသွဗာရီ ဟကီးမ် ၊ မွတ်စ်သမစစ်က်ကိုလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၂၀၂။ ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၉၂။
  17. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၉၄။
  18. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၉၅။


ကျမ်းကိုးများ

  • အေမာမ် ခိုမေနီ ၊ ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ်။
  • သွဗာသွဗာရီ ဟကီးမ် ၊ ဆယက်ဒ် မော်ဟ်စင်န် ၊ မွတ်စ်သမစစ်က်ကိုလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ကွမ်း ၊ အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မရ်အရှီ နဂျဖီ ၏ ပြည်သူ့ စာကြည့်တိုက် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်။