မာတိကာသို့ ခုန်သွားရန်

အေမာမ် ဟိုစိုင်းန် (အ.စ) ၏ တော်လှန်ရေး

wikishia မှ
ဤဆောင်းပါးသည် အေမာမ် ဟိုစိုင်းန် (အ.စ) ၏တော်လှန်ရေး နှင့်ပတ်သက်သည့် အကြောင်းအရာ ဖြစ်ပါသည်။ ဤတော်လှန်ရေး ၏သမိုင်းကြောင်းဆိုင်ရာအချက်အလက်များအတွက် ကရ်ဗလာ ဖြစ်ရပ် နှင့် အာရှုရာနေ့ ဖြစ်ရပ်များ ဆိုသည့် ဆောင်းပါးများ ကို ကြည့်နိုင်ပါသည်။

အေမာမ် ဟိုစိုင်းန် (အ.စ) ၏ တော်လှန်ရေး (အရဘီ : قيام الإمام الحسين (ع) ) ဆိုသည်မှာ ယဇီးဒ် ဘင်န် မိုအာဝေယဟ် အစိုးရ ကို ဆန့်ကျင်တော်လှန်သည့် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ တော်လှန်ရေး ဖြစ်ပါသည်။ ဟီဂျရီ ၆၁ ခုနှစ် မဟော်ရမ်လ ၁၀ ရက်နေ့ တွင် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် သာဝကတော်များ သည် ရှဟီးဒ် ဖြစ်ခဲ့ ကြပြီးနောက် အေမာမ် ၏ အိမ်သူ၊အိမ်သားများ၊မိသားစု သည် အကျဥ်းသားများ အဖြစ် ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။ ဤတော်လှန်ရေးအတွက် အေမာမ် ဟိုစိုင်းန် (အ,စ) သည် ယဇီးဒ် ၏ ကိုယ်စားလှယ်အဖြစ် မဒီနာ ၏ အုပ်စိုးရှင်အား သစ္စာခံရန် ငြင်းဆန်ခဲ့ပြီး ဟီဂျရီ ၆၀ခုနှစ် ရဂျဗ်လ တွင် မဒီနာ မြို့ မှ ကြွမြန်း ခဲ့ပါသည်။ အကျဥ်းသားများ အဖြစ် မဒီနာ မြို့ သို့ ပြန်ရောက်လာကြခြင်း ဖြင့် အဆုံးသတ်ခဲ့ပါသည်။

အေမာမ် ဟိုစိုင်းန် (အ.စ) ၏ တော်လှန်ရေး တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အဓိက ရည်ရွယ် ချက်မှာ မိုဟမ္မဒ် ဘင်န် ဟနဖီ ယဟ် အား အေမာမ် ကိုယ်တိုင်မှာတမ်းခဲ့သည့် ဝဆီယသ် (ခ) သေတမ်းစာ အရ အစ္စလာမ့် လူ့အဖွဲ့ အစည်း အား မှန်ကန်သောလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရန်နှင့် သွေဖည်မှုများကို တိုက်ဖျက်ရန်ဖြစ်ပါ သည်။ ဤ သို့ဖြစ် အစိုးရ ထူထောင်ခြင်း ၊ ရှဟာဒသ် ၊ အသက်ကို စောင့်ရှောက်ခြင်း နှင့် ယဇီးဒ် ထံ သစ္စာမခံ ခြင်း (ခ) ဘိုက်အသ်မပြုခြင်း အခြား ရည်ရွယ် ချက်များ မှ ဖြစ်ပါသည်။ ရှဟီးဒ် ရှာ ဝီးဒ် စာအုပ်ကို ရေးသား ထား သူ မှ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အဓိကပန်းတိုင်အဖြစ် အစိုးရဖွဲ့စည်းခြင်းကို ဆိုထားပါသည်။ ရှီအဟ် စာရေး ဆရာများ ၏ ဝေဖန်မှုများ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ တော်လှန်ရေး ၏ ရည်ရွယ်ချက် ကို ဆွေးနွေး ခြင်းသည် အာရှုရာ လေ့လာမှုများ နှင့် သီအိုရီအမျိုးမျိုးကို ဤနယ်ပယ်တွင် ပေါ်ထွက်ခဲ့ပြီး၊ ထိုနယ်ပယ်တွင် ရှဟာဒသ် (ခ) အာဇာနည်ဖြစ်ခြင်း ကို လိုက်စားခြင်းနှင့် အစိုးရထူထောင်ခြင်းတို့သည် အရေးကြီးဆုံး ဖြစ် ကြောင်း ဆိုထားပါ သည်။

အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အရေးတော်ပုံသည် ဘနီအိုမိုင်းယဟ် အစိုးရကို ဆန့်ကျင်သော တော်လှန်ရေး ဖြစ်ပေါ်လာပြီး ဘနီအိုမိုင်းယဟ် ၏ လှုပ်ရှားမှု အခန်းကဏ္ဍ ကို ကျဆုံးစေခြင်း တွင် ပါဝင်ခဲ့ပါသည်။ ရှီအဟ် များသည် ဤဖြစ်ရပ်မှန် ၏ နှစ်ပတ်လည်နေ့တွင် နှစ်စဉ် အခမ်းအနားအမျိုးမျိုးကို ကျင်းပ ကြပါသည်။ ဝမ်းနည်းခြင်း ထုံးတမ်းဓလေ့များ ပျံ့နှံ့ခြင်း၊ အာရှုရာ စာပေများ ဖွဲ့စည်းခြင်း၊ ဘာသာရေး အဆောက် အဦများ နှင့် နေရာများ ဆောက်လုပ်ခြင်း ၊ အနုပညာလက်ရာများ ထုတ်လုပ်ခြင်းနှင့် ဖိနှိပ်မှု ဆန့်ကျင်ရေး စိတ်ဓာတ် အားကောင်းလာခြင်းတို့သည် ရှီအဟ် လူ့အဖွဲ့အစည်း နှင့် ယဉ်ကျေးမှုအပေါ် သက်ရောက်မှုများ ပါဝင်ပါသည်။

ဆယက်ဒ် ဂျအ်ဖရ် ရှဟီးဒ်ဒီ ရေးသားသီးကုံး ထားသည့် နှစ်ဆယ် ကြာပြီးနောက် ဟိုစိုင်းန် (အ.စ) တော်လှန် ရေး အကြောင်း သုတေသနအသစ်ပြုခြင်း စာအုပ် နှင့် ရစူလ် ဂျအ်ဖရီယာန်း ရေးသား သီးကုံးထား သည့် အာရှုရာ လှုပ်ရှားမှုအပေါ် ရောင်ပြန်ဟပ်ခြင်း စာအုပ် တို့သည် အေမာမ် ဟိုစိုင်းန် (အ.စ) တော်လှန်ရေး ကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း အတွက် ထုတ်ဝေထားသည့် စာအုပ်များ မှ ဖြစ်ပါသည်။

အာရှုရာနေ့ ဖြစ်ရပ်

ပင်မဆောင်းပါး - ကရ်ဗလာ ဖြစ်ရပ်

ဆယက်ဒ် မိုရသဇာ အာဝီနီ

ယခုအချိန်သည် အေမာမ် ၏ အုပ်စု တွင် အာရှုရာ အပေါင်းအဖော်များ ၏ အရည်အသွေး နှင့် အခွင့်ကောင်းသမားများ ကို ခွဲခွာရမည့်အချိန်ဖြစ်ပါသည်။ အကြောင်းသည်ကား ကူဖာ သည် အစ်ဗ်နေ ဇေယာဒ် ၏ ထိန်းချုပ်မှုအောက်တွင်ရှိ သည်ကို လူတိုင်းသိသောကြောင့်ဖြစ်ပါသည်။ သေမင်း၏ လေပြေ သည် ကူဖာ မှ တိုက်ခတ်လာကာ သွေးနံ့ရနေပါသည်။ ... သို့သော် ပြန်လာရာလမ်းသည် မပိတ်သေးဘဲ၊ သဲကန္တာရသည် လူသားတို့၏ လွတ်လပ်မှုမှ အမှန်တရား၏ စွမ်းအားအထိ အံ့သြဖွယ်ချိုင့်ဝှမ်း တစ်ခုဖြစ် ပါ သည်။ အေမာမ် အား ၎င်းမိမိ တို့၏ စိတ်နှလုံးကို မပေးခဲ့သူများအတွက် ဤချိုင့်သည် သည်းမခံနိုင်သော ကြောက်မက် ဖွယ် အထီးကျန်ကွင်းကြီးဖြစ်ပါသည်။ အာရှုရာ၏ အေမာမ် ၏ အပေါင်းအဖော်များ အတွက် မူကား အေမာမ် အား ချစ်ခြင်းမေတ္တာ ... အေမာမ်၏ လှိုဏ်ဂူ၌ သီတင်းသုံးနေထိုင်ကြကုန်၏။ [1]

ကရ်ဗလာ ဖြစ်ရပ် သည် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် အေမာမ် ၏အပေါင်းအပါ၊သာဝကတော် များ သည် ဟီဂျရီ ၆၁ ခုနှစ် မဟော်ရမ်လ ၁၀ ရက်နေ့ တွင် ကူဖာ တပ်နှင့် စစ်ပွဲ ဖြစ်ခဲ့ ခြင်းကို ရည်ညွှန်းပါသည်။ အေမာမ် ဟိုစိုင်းန် (အ.စ) သည် ယဇီးဒ်ဘင်န် မိုအာဝေယဟ် အား သစ္စာခံရန် ငြင်းဆိုပြီးနောက် ဖြစ်ပေါ်လာသည့် ဤအဖြစ်အပျက်သည် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် အေမာမ် ၏အပေါင်းအဖော်၊သာဝကတော် များရှဟီးဒ် ဖြစ်‌စေ ခဲ့ပြီး အေမာမ် ၏ အိမ်သူအိမ်သားများကို အကျဥ်းသားများ အဖြစ် ရောက်သည် အထိ ဖြစ်စေခဲ့ ပါ သည်။ အေမာမ် ဟိုစိုင်းန် (အ.စ) သည် မဒီနာ ၏ အုပ်စိုးရှင်အား သစ္စာခံရန် ငြင်းဆန်ခဲ့ပြီး မိသား နှင့် အတူ ပြီးနောက် အချို့ ဗနီ ဟာရှင်းမ် များ သည် ဟီဂျရီ ၆၀ခုနှစ် ရဂျဗ်လ တွင် မဒီနာ မြို့ မှ မက္ကဟ် မြို့ တော်သို့ ကြွမြန်း ခဲ့ပါသည်။ [2]


အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ