မာတိကာသို့ ခုန်သွားရန်

ဟလာလ် မွေးဖွားခြင်း

wikishia မှ

ဟလာလ် မွေးဖွားခြင်း (အရဘီ : طهارة المولد ) ဆိုသည်မှာ တရားဝင်ပြီး ဟာလာလ် နည်းဖြင့် မွေးဖွားသည် ဟုဆိုပါ သည်။ ဟလာလ်ဇါဒဟ် (ဟလာလ်နည်းဖြင့် မွေးဖွားသူ) ဆိုသူမှာ ရှရီအီ ထိမ်းမြားလက်ထပ်ခြင်း သို့မဟုတ် တရားဝင် လက်ထပ်ထိမ်းမြားခြင်းနည်းလမ်းဖြင့် မွေးဖွားလာသူဖြစ်ပါသည်။ ဓမ္မသတ် အရ ဟလာလ် မွေးဖွားခြင်းကို "သန့်ရှင်းစင်ကြယ်သောမွေးဖွားခြင်း" ဟုရည်ညွှန်းပြီး အချို့ သောဘာသာ ရေးကိစ္စများ တွင် သတ်မှတ်ချက် တစ်ခုအဖြစ်အသုံးပြုပါသည်။ ဥပမာအားဖြင့် ဟလာလ် မွေးဖွားခြင်း နှင့် ဇေနာ နှင့် မမွေးဖွားခြင်းသည် မွတ်ဂျ်သဟစ်ဒ်များ အတွက် လိုပ်သည် အချက်များ မှ တစ်ခုဖြစ်ပြီး ဟလာလ်ဇါဒဟ် (ဟလာလ်နည်းဖြင့် မွေးဖွားသူ) မွတ်ဂျ်သဟစ်ဒ် ထံ မှသာ သက္က်လီးဒ် ယူနိုင်ပါသည်။ ပြီးနောက် အေမာမ် ဂျမာအသ် ၊ အေမာမ် ဂျူမ်အဟ် ၊နှင့် တရားသူကြီး နှင့် သက်သေ ထွက်မည့် သူများ အတွက် လည်း ဟလာလ်ဇါဒဟ် ဖြစ်ဖို့ သတ်မှတ်ချက် တစ်ခု ဖြစ်ပါသည်။ ရှီအဟ်နှင့်စွန်နီ ဟဒီးစ်တော် များတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် အေမာမ် အလီ (အ.စ) တို့၏ ချစ်ခြင်း မေတ္တာသည် ဟာလာလ်မွေးဖွားခြင်း၏ လက္ခဏာဖြစ်ပြီး ၎င်းတို့၏ မုန်းတီးမှုနှင့် ရန်ငြိုးဖွဲ့မှုသည် တရားမဝင်သော မွေးဖွားခြင်း (ဟရာမ် နည်းဖြင့်မွေးဖွားခြင်း ) ၏ လက္ခဏာဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဟလာလ်ဇါဒဟ် ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် နှင့် တရားစီရင်ရေး တွင် ၎င်း၏ အရေးပါမှု

ဟလာလ်ဇါဒဟ်ဆိုသည်မှာ ရှရီအီ (ဘာသာရေး) အရ လက်ထပ်ထိမ်းမြားခြင်း မှ မွေးဖွားလာသူဖြစ်ပြီး ဇေနာ နှင့် မွေးဖွားလာသူမဟုတ်သူအား ခေါ်ဆိုပါသည်။[] ဖေက်ဟ် (ဓမ္မသတ် ) တွက် ဟလာလ် မွေးဖွားခြင်း အရေးကြီးပြီး အခွင့်ထူး ရှိပါသည်။ ဟလာလ်ဇါဒဟ် (ဟလာလ်နည်းဖြင့် မွေးဖွားသူ) သည် အမွေဆက်ခံခြင်း ကိစ္စ []တရားသူကြီး ကဲ့သို့သော ရာထူးများကို ကိုင်ဆောင်နိုင်ခြေများ[] အေမာမ် ဂျမာအသ် ကိစ္စ[]တို့အတွက်အရေးကြီးပါသည်။ ဇေနာ နှင့် မွေးဖွားလာသူ မဖြစ်ဖို့ လိုပါသည်။ []

ဟလာလ်မွေးဖွားခြင်းကို «طَهارت مَوْلِد» [] ခေါင်းစဉ်အောက်တွင် အစ်ဂျ်သေဟာဒ် နှင့် သက္က်လီးဒ် ၊ နမာဇ် ဂျမာအသ် ၊ နေကဟ် (ခ) လက်ထပ်ခြင်း၊ တရားစီရင်ခြင်း နှင့် သက်သေ ထွက်ဆိုခြင်း စသည့် ဖြင့် ဓမ္မသတ် ၏ အခန်း အမျိုးမျိုးတွင် ဖော်ပြထားပါသည်။[]

ဟလာလ်ဇါဒဟ် ၏ ဥပမာများ

ရှီအဟ် ဓမ္မသတ် ဆိုင်ရာ သွန်သင်ချက်များအရ ရှရီအီ လက်ထပ်ခြင်း မှ တဆင့် မွေးဖွားလာသူများအပြင် အောက်ပါလူများကို ဟလာလ်ဖွားဟုလည်း မှတ်ယူကြပါသည်။

  • နှစ်ဦးနှစ်ဘက် ဖြစ်သည့် မိဘများ သည် ဝသွ် ဘေ ရှိုဗ်ဟဟ် (ခ) သူစိမ်းအား ဟလာလ် ဟုထင်မှတ်၍ နေကဟ်ပြုခြင်းကာမဆက်ဆံခြင်း ကို ပြုပြီး မွေးဖွားလာသူဖြစ်ပါ သည်။[]ဤအတွက်ကြောင့် အကယ်၍ ခင်ပွန်းသည် နှင့် ဇနီးသည် မှ တစ်ဦးဦး သည် ဤ ဥပဒေ ကို (ဝသွ် ဘေ ရှိုဗ်ဟဟ် ) မသိဘဲ တမင် တရားမဝင် သည့် နည်း နှင့် ကာမဆက်ဆံ မည် ဆိုလျင် ရလာမည့် ကလေးသည် ဇေနာ နှင့် မွေးလာသူ ဖြစ်ပေမည်။[]
  • လင်နှင့်မယား လိင်ဆက်ဆံခြင်းကို တားမြစ်ထားသော အခြေအနေတွင် လိင်ဆက်ဆံ၍ သန္ဓေတည်သူ[၁၀] အမျိုးသမီး တစ်ဦး ဓမ္မတာလာနေချိန် သို့မဟုတ် ဝါဂျစ်ဗ် ရိုဇဟ် ထားနေချိန် သို့မဟုတ် အဲဟ်ရာမ် ဝတ်ထားခြင်း တွင် လိင်ဆက်ဆံ၍ သန္ဓေတည်သူ ဖြစ်ပါသည်။[၁၁]
  • အခြားဘာသာတရားများ၏ ဓလေ့ထုံးတမ်းအရ အိမ်ထောင်ကျပြီး ယုတ်စွ မိုရှ်ရေက်မိဘနှစ်ပါး မှ မွေးဖွား လာသော ကလေးသည် ဖြစ်ပါသည်။[၁၂] ဥပမာအားဖြင့် အချို့ သောဘာသာတရားများ ၏ ယဉ်ကျေးမှုတွင် မဲဟ်ရာမ်အချင်းချင်း လက်ထပ်ခွင့် ရှိသည်ဟု လက်ခံ ထားသည့် လင်မယား မှ မွေးဖွားလာသည့် ကလေး ဖြစ်ပါသည်။[၁၃] ဤနယ်ပယ်ရှိ ဓမ္မသတ် ပညာရှင်များ၏ အကြောင်းရင်းမှာ အခြားသော ဘာသာ တရားများ နှင့် မဇ်ဟဗ်များ ယုတ်စွ မိုရှ်ရေက် များ၏ လက်ထပ်ထိမ်းမြားခြင်း ဓလေ့ထုံးတမ်းများကို အသိ အမှတ်ပြုထားသော ရီဝါယသ်တော်များ ကြောင့် ဖြစ်ပါသည်။[၁၄] အချို့ ဓမ္မသတ် ပညာရှင်များ မှ ကာအေဒဟ် ဂျဗ် ကို အသုံးပြုထားပါသည်။ အစ္စလာမ် တရားတော် တွင် မိခင်နှင့် လက်ထပ်ခွင့် ကိုတားမြစ်ထားသောလည်း အခြား မွတ်စလင်မ် မဟုတ် သည့် ဘာသာ( မဂျူစီ) တွင် ခွင့်ပြုထားသည့် အတွက် ထိုသူသည် မွတ်စလင်မ် ဖြစ်လာသည့် အခါ ၎င်း၏ ယခင် အကျင့်များကို လျစ်လျူရှု ပေးရမည် ဖြစ်ပါသည်။[၁၅]
  • ဟလာလ် မွေးဖွားခြင်းနှင်ြ မွေးဖွားလာသူ တစ်ဦးတစ်ယောက် ပတ်သက်ပြီး သံသယ ဝင်မည် ။ သို့သော် ၎င်း၏ အဖေ နှင့် အမေသည် မည်သူမည်ဝါ ဆိုတာ ကို သိမည် ။ ထိုနည်းတူစွာ ဓမ္မသတ် ပညာရှင်အများစု ၏ အမြင်အရ အဖေ နှင့် အမေသည် မည်သူမည်ဝါ ဆိုတာ မသိ ဘဲ မွေးလာသည့် ကလေးငယ် ဖြစ်ပါသည်။[၁၆]

ဟလာလ်ဇါဒဟ်ဖြစ်ရန် အ‌ရေးကြီးသည့် နေရာများ

ဓမ္မသတ် ညာရှင်များ၏ ဖသ်ဝါ အပေါ်အခြေခံ၍ လာလ်ဇါဒဟ်ဖြစ်ရန် အောက်ဖော်ပြပါ အချို့သော နေရာ များ အတွက် အရေး ကြီးပါသည်။

  • မရ်ဂျီယသ် - ဟလာလ် မွေးဖွားခြင်း သည် မွတ်ဂျ်သဟစ်ဒ် တစ်ပါး အတွက် ရှိရမည့် အရေးကြီး သတ်မှတ် ချက်များ တစ်ခု ဖြစ်ပါသည်။ ထိုမှသာ ၎င်း မွတ်ဂျ်သဟစ်ဒ် ထံ မှ သက္က်လီးဒ် ယူလိုရမည် ဖြစ်ပါသည်။ (မရ်ဂျာယေ သက္က်လီးဒ် )[၁၇] ရှဟီးဒ် စာနီ အနေဖြင့် ဟလာလ်မွေးဖွားခြင်း၏ အရေးကြီး သတ်မှတ် ချက် ကို အစ်ဂျ်မအ် အဖြစ် လက်ခံထားပါသည်။[၁၈]
  • အေမာမ် ဂျမာအသ် နှင့် အေမာမ် ဂျူမ်အဟ် - ရှီအဟ် အေမာမ်မီယဟ် ပညာရှင်များ၏ အစ်ဂျ်မအ် အရ[၁၉] ဟလာလ်မွေးဖွားခြင်းသည် အေမာမ် ဂျမာအသ် အတွက် အရေးကြီး သတ်မှတ် ချက် များ မှ တစ်ခု ဖြစ်ပြီး ဇေနာ နှင့်မွေးလာသူ သည် အေမာမ် ဂျမာအသ် လုပ်ခွင့် မရှိချေ။[၂၀] သို့သော် အေမာမ် ဂျမာအသ် ပြုလုပ်မည့်သူတစ်ဦးတစ်ယောက် ၏ ဟာလာလ် မွေးဖွားခြင်းမှာ သံသယရှိပြီး ဇေနာ နှင့်မွေးလာသူ ဖြစ်ကြောင်း သက်သေမပြရသေးနိုင်သည့် အခြေအနေ တွင် ဓမ္မသတ် ပညာရှင်များ၏ တညီတညွတ်တည်း အမြင်အရ ၎င်း ၏ အေမာမ် ဂျမာအသ် ပြုမှုသည် မှန်ကန် ပြီး ပြုပိုင် ခွင့် ရှိကြောင်း ဖြစ်ပါသည်။[၂၁] ဟလာလ်မွေးဖွားခြင်းသည် အေမာမ် ဂျူမ်အဟ် အတွက် လည်းပဲ အရေးကြီး သတ်မှတ် ချက် တစ်ခု ဖြစ်ပါ သည်။ [၂၂]
  • တရားသူကြီး - ဟလာလ်မွေးဖွားခြင်းသည် တရားသူကြီး နှင့် တရားစီရင်ခြင်းအတွက် အရေးကြီး သတ်မှတ် ချက်များမှ တစ်ခု ဖြစ်ပါ သည်။[၂၃] ဤအချက်ပေါ် မူတည်၍ ဇေနာ နှင့် မွေးလာသူ သည် တရားစီရင် ခွင့် မရှိချေ။ တရားသူကြီး လုပ်မရချေ။[၂၄]
  • သက်သေ ထွက်မည့် သူ - ဓမ္မသတ်ပညာရှင်များ ၏ ဖသ်ဝါအရ ဟလာလ်မွေးဖွားခြင်းသည် သက်သေ ထွက်ဆိုမည့် သူ နှင့် သက်သေ ထွက်ရန် အတွက် အရေးကြီး သတ်မှတ် ချက် များ မှ တစ်ခု ဖြစ်ပြီး ဇေနာ နှင့်မွေးလာသူ သည် သက်သေ ထွက် ဆိုခွင့် မရှိချေ။[၂၅]

ဟရာမ်ဇာဒေဟ် အား တရားစီရင်ခွင့် နှင့် သက်သေ ထွက်ခွင့် မပြုခြင်း ၏ အကြောင်းရင်း

ရှီအဟ် သာသနာ့ ပညာရှင်အချို့ နှင့် သုတေသီအဖွဲ့တစ်ဖွဲ့က ဟရာမ်ဇာဒဟ် (ဇေနာ နှင့်မွေးဖွားလာသူ) အား တရားစီရင် ခြင်းနှင့် သက်သေ ထွက် ဆို ခြင်း မပြုနိုင်သည့် အချက်များကို ဖော်ပြခဲ့ကြပါသည်။ ဥပမာ အားဖြင့်၊ ရှီအဟ် သာသနာ့ ပညာရှင်များ မှ တစ်ဦးဖြစ်သည့် ဆယက်ဒ် မိုရ်သဇာ (၃၅၅ - ၄၃၆ ဟီဂျရီ ) မှ ဇေနာ ဖြင့် မွေးလာသူ သည် ကောင်းမှုကုသိုလ် နှင့် ငြိမ်းချမ်းရေး ကို ပြုလုပ်မည့် သူမဟုတ်ကြောင်း အလ္လာဟ် ဟို အရှင်မြတ် သိတော်မူပါသည်။ ထို့အတွက် ကြောင့် ၎င်းဟရာမ်ဇါဒေဟ် အား တရားရုံးတွင် သက်သေ ခံခြင်းကဲ့သို့သော တာဝန်များကို ထမ်းဆောင်ခြင်းမပြုရန် တားမြစ်ထားသည်။[၂၆] အချို့သော သုတေသီ များသည် «အစ်ဂျ် မအ် လက်ခံထားခြင်းမရှိ »[၂၇] ခြင်းကို တားမြစ် ရသည့် အကြောင်း ရင်းများ ထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားပါသည်။ လူများ၏ ပြင်ပသွင်ပြင်လက္ခဏာများသည် မျိုးရိုးဗီဇမှတဆင့် ကူးစက်သကဲ့သို့ အတွင်းအင်္ဂါများမှာလည်း ကူးစက်တတ်ပြီး တရားမဝင်သော ကလေးများတွင်လည်း ရာဇ၀တ်မှုကျူးလွန်ရန် နယ်ပယ်ပိုများလေ့ရှိသည်ဟု လူအချို့က ယုံကြည်ကြပါသည်။[၂၈]

အေမာမ် အလီ (အ.စ) အား ချစ်ခင်မြတ်နိုးခြင်း သည် ဟလာလ်မွေးဖွားလာ ခြင်း၏ လက္ခဏာ ဖြစ်ပါ သလား?

ရှီအဟ် ဟဒီးစ်တော် အရင်းအမြစ် များ[၂၉] နှင့် စွန်နီ ဟဒီးစ်တော် ရင်းမြစ် များတွင်[၃၀] အဲဟ်လေ့ဘိုက်(သ) (အ.စ) အား အချစ်ထားခြင်း အထူးသဖြင့် အေမာမ် အလီ (အ.စ) အား အချစ်ထားခြင်း ဟလာလ်မွေးဖွားလာ ခြင်း၏ လက္ခဏာ ဖြစ်ပြီး ၎င်းတို့ အား မုန်းတီး။ရန်လိုခြင်းသည် ဟရာဇ်ဇာဒဟ် ၏ လက္ခဏာ ဖြစ်ကြောင်း လာရှိပါသည်။ ဥပမာအားဖြင့် စွန်နီ ဟဒီးစ်တော် ရင်းမြစ်များတွင် တမန်တော်မြတ်(ဆွ)၏ ဆွဟာဗဟ် များမှ နှစ်ပါး ဖြစ်သည့် အေဗါဒသ် ဘင်န် ဆွာမသ် နှင့် အဘူးစအီးဒ် ခွတ်ဇ်ရီ တို့ထံ မှဆင့်ပြန် လာရှိသည်မှာ - ကျွန်ုပ်တို့၏ ကလေးများကို အလီဘင်န် အဘီသွာလစ်ဗ် (အ.စ) အပေါ် အချစ်ထားခြင်း ဖြင့် စမ်းသပ်ခဲ့ကြ သည်ဟု ဆိုပါသည်။ အကယ်၍ ထိုကလေးများ အလီဘင်န် အဘီသွာလစ်ဗ် (အ.စ) အပေါ် အချစ်ထားခြင်း မရှိလျင် ကျွန်ုပ်တို့မှ မဟုတ်ကြောင်း (ကျွန်ုပ်တို့ သားသမီး အရင်းမဟုတ်ကြောင်း) ဟရာမ်ဇာဒဟ်များ (ဇေနာ နှင့်မွေးသည့်ကလေးများ ) ဟု သိရပါသည်။ [၃၁]ရှာဖေအီ ဂိုဏ်းမှ ဟဒီးစ် ပါရဂူ နှင့် ဓမ္မသတ် ပညာရှင် တစ်ပါး ဖြစ်သည့် အစ်ဗ်နေ ဂျဇာရိုင်း (၇၅၁ -၈၃၃ ဟီဂျရီ )အနေဖြင့် ဝလက်ဒ်ဒွတ်ဇ်ဇေနာ (ဇေနာ ဖြင့် မွေးလာသူ) မှလွဲ၍ မည်သူမျှ ဟဇရသ် အလီ (အ.စ) ကို ရန်လိုသူမရှိဟု အရင်း ခေတ်ကာလ ကတည်းက ကျော်ကြားခဲ့သည်ဟု ဆိုထားပါသည်။[၃၂] အလာမဟ် မဂျ်လေစီ သည် ဘေဟာရိုလ်အင်န်နဝါရ်ကျမ်း ၏ အခန်းကဏ္ဍ « မအ်စူမီးန်(အ.စ) ကိုချစ်ခြင်းသည် ဟလာလ်ဇါဒဟ် ၏လက္ခာဖြစ်ခြင်း ၎င်းတို့ကို မုန်းတီးခြင်းသည် ခဘီးစ်ဇါဒဟ် ၏ လက္ခဏာ ဖြစ်ခြင်း » တွင် ဟဒီးစ် တော် ၃၁ ပါး ကို စုဆောင်းခဲ့ပါသည်။[၃၃] ပြီးနောက် မိမိ ၏ မေရာသိုလ်အိုကူးလ် ကျမ်း တွင် ၎င်းဟဒီးစ်တော် များ အား မိုသာဝါသေရ် အဖြစ် ဖော်ပြထားပါသည်။ [၃၄]

အလာမဟ် မဂျ်လေစီ ၏ဆန့်ကျင်ဘက်တွင် အေမာမ် ၁၂ပါး (အ.စ)ကို ချစ်မြတ်နိုးသူများမှာ ဟလာလ်ဖွားများ ဖြစ်ပြီး ၎င်းတို့၏ ရန်သူများသည် ဟရာမ်ဇါဒဟ် ဖွားများဖြစ်သည့် ဆိုသည့် ဟဒီးစ် စေ မိုသာဝါသေရ် ကို အချို့ ဘာသာရေး ဤဟဒီးစ်တော် အချို့၏ စစ်မှန်မှုကို သံသယဖြစ်စရာ ဖြစ်ပြီး ဤဟဒီးစ်တော်များ ၏ ရာဝီများသည် အေလ်မေရေဂျာအရ ထောက်ခံထားသူများ မဟုတ်ကြောင်း သို့မဟုတ် ဂိုလာသ် (ဂါလီများ) ဖြစ်ကြောင်း ဆိုထားကြပါသည်။ [၃၅]

ထိုနည်းအတူပင် ဟရာမ်ဇါဒဟ်(ခ) တရားမ၀င်ကလေး ဆိုသည် ဟဒီးစ်တော်များ ကြောင့် လူတစ်ဦး၏ အခွင့် လုပ်ဆောင်ခွင့် သည် အကျုံးမဝင် ကြောင်းနှင့် ဂိုနဟ် (ခ) အပြစ်ကျူးလွန်ရခြင်း၏ အကြောင်းရင်းမှာ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ချစ်ခြင်းမေတ္တာ နှင့် ဝေးကွာသည်မဟုတ်ကြောင်း ဟရာမ်ဇါဒဟ်(ခ) တရားမ၀င်ကလေး လည်း အခြား အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို ချစ်မြတ်နိုး သူ များသကဲ့သို့ ချစ်မြတ် နိုးသူ ဖြစ်နိုင်ပါသည်။ ထိုနည်းတူစွာ ဟလာလ်ဖွားတိုင်းသည် အေမာမ် ၁၂ပါး (အ.စ) ကို ချစ်မြတ်နိုးသူများ ဖြစ်ကြောင်း မည်သည့် သက်သေ အထောက်အထားမှ မရှိချေ။ ဤ အတွက်ကြောင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို ရန်လိုသူများ (မုန်းတီးသူများ ) သည် ဝလက်ဒ်ဒွတ်ဇ်ဇေနာ (ဇေနာ ဖြင့် မွေးလာသူ) ပြ ဟဒီးစ်တော်များသည် ယေဘူယျ အမိန့် တစ်ခု ဖြစ်ပြီး အမြဲအတွက်မဟုတ်ကြောင်း သိရပါသည်။ တစ်နည်း အား ဟရာမ်ဇါဒဟ် များသည် ဟလာလ်မွေးဖွားသူများထက် အေမာမ် ၁၂ပါး (အ.စ) နှင့် ရန်ငြိုးဖွဲ့ခြင်းကို ပိုမိုထင်ရှားစေသည်ဟူသော အချက်ကိုသာ ဖော်ပြသည်။ ဤကဲ့သို့ အမြဲတမ်းမဟုတ်ကြောင်း ကိုလည်း သိရှိရမည် ဖြစ်ပါသည်။[၃၆]

အောက်ခြေ မှတ်စုများ

  1. ဗဟ်ရာနီ ၊ အလ်အန်နဝါရိုလ်လဝါမေအို ၊ မဂျ်မအိုလ်စေလ်အေလ်မီယဟ် ၊ အတွဲ၁၄ ၊ စာမျက်နှာ ၁၁။
  2. ဖေက်ဟိုလ်ဆွာဒစ်က် (အ.စ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၂ ခုနှစ် ၊ အတွဲ ၂၄ ၊ စာမျက်နှာ ၄၈၀။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်၊ အတွဲ ၃၉ ၊ စာမျက်နှာ ၂၇၄။
  3. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်၊ အတွဲ ၄၀ ၊ စာမျက်နှာ ၁၂။ ရူဟာနီ ၊ ဖေက်ဟိုလ်ဆွာဒစ်က် (အ.စ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၂ ခုနှစ် ၊ အတွဲ ၂၅ ၊ စာမျက်နှာ ၂၁။
  4. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်၊ အတွဲ၁၃ ၊ စာမျက်နှာ ၃၂၄ ။ ရူဟာနီ ၊ ဖေက်ဟိုလ်ဆွာဒစ်က် (အ.စ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၂ ခုနှစ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၂၈၇။
  5. ကြည့်ပါ - နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်၊ အတွဲ၁၃ ၊ စာမျက်နှာ ၃၂၄ ။ ဆယက်ဒ် ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ၁ ၊ စာမျက်နှာ ၇၉၇ ။ ရှိုက်ရ်ရီယာန်း ၊ အမီရီ ၊ « ရှရ်သီယသ်သေ ဟလာလ်ဇါဒဂီ ယာ ဇေနာ ဇါဒေဟ် နဗူဒန် ဒဲရ် ရှဟာဒသ် ဝ ကဇာဝသ်  » ၊ စာမျက်နှာ ၁၂၀။
  6. နမူနာ ကြည့်ရန် - မိုဟကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၁၊ စာမျက်နှာ ၈၇ ၊ ၁၁၄ ၊ အတွဲ ၄၊ စာမျက်နှာ ၅၉ ၊ ၁၂၁ ။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်၊ အတွဲ ၄၁ ၊ စာမျက်နှာ ၁၁၇။၁၁၈။ အာမေလီ ၊ အလ်အက်ဆ်သွလာဟာ သိုလ်ဖေက်ဟီယဟ် ဖီးရ် ရစာအေလေလ်အမလီယဟ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၃ ခုနှစ်၊ စာမျက်နှာ ၁၃ ။
  7. မိုအ်စေစေဟ်ဒါယေရသိုလ်မအာရေဖ် ဖေက်ဟ်ဟေ အစ္စလာမ်မီ ၊ ဖေရ်ဟန်ဂ် ‌ဂေဖေက်ဟ် ၊ အီရန် သက္ကရာဇ် ၁၃၈၅ခုနှစ် ၊ အတွဲ ၃၊ စာမျက်နှာ ၃၃၆ ။
  8. ဗဟ်ရာနီ ၊ အလ်အန်နဝါရိုလ်လဝါမေအို ၊ မဂျ်မအိုလ်စေလ်အေလ်မီယဟ် ၊ အတွဲ၁၄ ၊ စာမျက်နှာ ၁၁။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်၊ အတွဲ၁၃ ၊ စာမျက်နှာ ၃၂၄ ။
  9. ဗဟ်ရာနီ ၊ အလ်အန်နဝါရိုလ်လဝါမေအို ၊ မဂျ်မအိုလ်စေလ်အေလ်မီယဟ် ၊ အတွဲ၁၄ ၊ စာမျက်နှာ ၁၁။ သွာဟေရီ ၊ ဟိုကူက်မဒနီ ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၈ခုနှစ်၊ အတွဲ ၅ ၊ စာမျက်နှာ ၃၅၀။
  10. ဂျမ်အီအဇ် ဗဂျူဟစ်ရှ်ဂရာန် ၊ ဖရ်ဟန်ဂ် ‌ဂေဖေက်ဟ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၆ခုနှစ်၊ အတွဲ ၃ ၊ စာမျက်နှာ ၃၆၇။
  11. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်၊ အတွဲ ၄၁ ၊ စာမျက်နှာ ၄၁၁ ။
  12. ပူရ် မိုဟမ္မဒ် ဒီ ၊ «  ကာအေဒိုဟို လေကွန်လေ ကောင်းမ်မင်န် နေကာဟ်» ၊ စာမျက်နှာ ၂၇၈။
  13. ရှီရာဇီး၊ အလ်ကဝါအေဒိုလ်ဖေက်ဟီးဟ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၃ ခုနှစ်၊ စာမျက်နှာ ၄၄ ။ ဘရူဂျူရ်ဒီ ၊ ဂျာမေအ်အိုလ် အဟာဒီးစ်စွန်ရှ်ရှီအဟ် ၊ အီရန် သက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ အတွဲ ၂၆ ၊ စာမျက်နှာ ၃၈၀ ။ အာမေလီ ၊ ဝစာအေလွတ်ရှ်ရှီအဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၂၁ ၊ စာမျက်နှာ ၁၉၉ ။
  14. သူစီ ၊ သဲဟ်ဇီးဗ်ဗိုလ်အဲဟ်ကာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၃၈၇ ။ အာမေလီ ၊ ဝစာအေလွတ်ရှ်ရှီအဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၂၁ ၊ စာမျက်နှာ၂၀၀။ ပူရ် မိုဟမ္မဒ် ဒီ ၊ «  ကာအေဒိုဟို လေကွန်လေ ကောင်းမ်မင်န် နေကာဟ်» ၊ စာမျက်နှာ ၂၇၈။
  15. ရှီရာဇီး၊ အလ်ကဝါအေဒိုလ်ဖေက်ဟီးဟ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၃ ခုနှစ်၊ စာမျက်နှာ ၄၄ ။ မဘာနီ ဖေက်ဟ်ဟေလ်ဖအာလ် ဖီးလ်ကဝါအစ်ဒ်ဒေဖေက်ဟ်ဟီယသေလ်အစာစီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၅ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၀၂ ။
  16. မိုအ်စေစေဟ်ဒါယေရသိုလ်မအာရေဖ် ဖေက်ဟ်ဟေ အစ္စလာမ်မီ ၊ ဖေရ်ဟန်ဂ် ‌ဂေဖေက်ဟ် ၊ အီရန် သက္ကရာဇ် ၁၃၈၅ခုနှစ် ၊ အတွဲ ၃၊ စာမျက်နှာ ၃၆၇ ။
  17. ဘနီဟာရှင်မ် ခိုမေနီ ၊ သောင်ဇီးဟိုလ်မစာအေလ် (မဟရှ်ရှီ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ် ၊ အတွဲ ၁၊ စာမျက်နှာ ၁၃။
  18. ရှဟီးဒ် စာနီ ၊ အရ်ရောင်ဇာသိုလ်ဗဟီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၀ ခုနှစ်၊ အတွဲ ၃၊ စာမျက်နှာ ၆၂။
  19. နမူနာ ကြည့်ရန် - နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်၊ အတွဲ ၁၃ ၊ စာမျက်နှာ ၃၂၄ ။
  20. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်၊ အတွဲ ၁၃ ၊ စာမျက်နှာ ၃၂၄ ။
  21. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်၊ အတွဲ ၁၃ ၊ စာမျက်နှာ ၃၂၅ ။
  22. မိုဟကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၁၊ စာမျက်နှာ ၈၇ ။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်၊ အတွဲ ၁၁ ၊ စာမျက်နှာ ၂၉၆ ။
  23. နမူနာ ကြည့်ရန် - မိုဟကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၅၉ ။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်၊ အတွဲ ၄၀ ၊ စာမျက်နှာ ၁၂။
  24. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်၊ အတွဲ ၄၀ ၊ စာမျက်နှာ ၁၃။
  25. မိုဟကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၁၂၁ ။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်၊ အတွဲ ၄၁ ၊ စာမျက်နှာ ၁၁၇။၁၁၈။
  26. ဆယက်ဒ် မိုရ်သဇာ ၊ အလ်အင်န်သေဆွာရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ် ၊ စာမျက်နှာ ၅၀၂။
  27. ကီခါ ၊ ဖသူဟီ ၊ «သဲဟ်လီလ် ဝဘရစီ အရ်ဇေရှ်ရှေ အစ်ဘာသီ ရှဟာဒသ်သေ ဝလက်ဒ် ဒိုဇ်ဇေနာ ဒရ် မဇာဟစ်ဗ် ဗေ အစ္စလာမ်မီ  » ၊ စာမျက်နှာ ၂၃၉ ။
  28. ဘဆီရီ ၊ ဂေါင်ဟေရီ ၊ « နက်ရှ်ရှေ ဝေရာစသ် ဒဲရ် စရ်နဝတ်ရှ် အန်စာန် အဇ် မန်ဇရ် ကုရ်အာန် ဝ ဟဒီးစ်» ၊ စာမျက်နှာ ၁၂၁။
  29. နမူနာ ကြည့်ရန် - ကိုလိုင်းနီ၊ ၊အလ်ကာဖီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ ၈ ၊ စာမျက်နှာ ၃၁၃ ။ ရှိက်သူစီ ၊ သဲဟ်ဇီးဗ်ဗိုလ်အဲဟ်ကာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၁၄၃ ။ ဘရ်ကီ ၊ အလ်မဟာစင်န် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ၁၃၈၊၁၃၉ ။ ဆူဒူက် ၊ အလလွတ်ရှ် ရှရာယေအ် ၊ ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၄၁၊ ၁၄၅။
  30. နမူနာကြည့်ရန် - အစ်ဗ်နေအစာ ကေရ် ၊ အိုဗိုင်းသွလ္လာဟ် ၊ သာရီးခ်ခေ ဒမစ်ရှ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ် ၊ အတွဲ ၄၂ ၊ စာမျက်နှာ ၂၈၇ ။ အစ်ဗ်နေ ဂျဇ်ရီ ၊အစ်နေလ်မသွာလစ်ဗ် ၊ အစ္စဖဟန် ၊စာမျက်နှာ ၅၇၊ ၅၉ ။ အစ်ဗ်နေ မိုရ်ဒဝီယဟ် အစ္စဖဟန်နီ ၊ မိုနာကစ်ဗ်အလီ ဘင်န် အဘီ သွာလစ်ဗ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ခုနှစ် ၊ စာမျက်နှာ ၇၆။၇၇ ။ရူရှ်သရီ ၊ အဲဟ်ကာကိုလ်ဟက် ဝအစ်ဇ်ဟာကိုလ်ဗါသွေလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၇ ၊ စာမျက်နှာ ၂၆၅၊၂၆၇ ၊ အတွဲ ၁၇ ၊ စာမျက်နှာ ၂၅၀ ၊ အတွဲ ၂၁၊ စာမျက်နှာ ၃၆၃ ၊ ၃၆၉။
  31. နမူနာကြည့်ရန် - အစ်ဗ်နေအစာ ကေရ် ၊ သာရီးခ်ခေ ဒမစ်ရှ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ် ၊ အတွဲ ၄၂ ၊ စာမျက်နှာ ၂၈၇ ။ အစ်ဗ်နေ ဂျဇ်ရီ ၊အစ်နေလ်မသွာလစ်ဗ် ၊ အစ္စဖဟန် ၊စာမျက်နှာ ၅၇၊ ၅၉ ။ အစ်ဗ်နေ မိုရ်ဒဝီယဟ် အစ္စဖဟန်နီ ၊ မိုနာကစ်ဗ်အလီ ဘင်န် အဘီ သွာလစ်ဗ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ခုနှစ် ၊ စာမျက်နှာ ၇၆။၇၇ ။
  32. အစ်ဗ်နေ ဂျဇ်ရီ ၊အစ်နေလ်မသွာလစ်ဗ် ၊ အစ္စဖဟန် ၊စာမျက်နှာ ၅၇။
  33. မဂျ်လေစီ ၊ ဘေဟာရိုလ်အန်နဝါရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ခုနှစ် ၊ အတွဲ ၂၇ ၊ စာမျက်နှာ ၁၄၅၊ ၁၅၆။
  34. မဂျ်လေစီ ၊ ဘေမေရ်အာသိုအိုကူလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၂၆ ၊ စာမျက်နှာ ၄၂၀။
  35. ကဇ်ဝေနီ ၊ « အာယာ ရှီအယာန်း မိုခါလေဖာန် နေ ခွတ်ဒ် ရာ ဟရာမ်ဇါဒေဟ် မီဒါနန် ?  » ၊ ဝလီယေ အဆ်ရ် သုတေသန အင်စတီကျု ၏ ဝဘ်ဆိုဒ်။
  36. « အေမာမ် ၁၂ပါး (အ.စ) ၏ ရန်သူများ သည် ဟရာမ်ဇါဒဟ်များ ဖြစ်ကြပါသလား? အကယ် ဟုတ်လျင် မည်ကဲ့သို လက်ခံ နိုင်မည်နည်း?  » ၊ Islamquest website။

ကျမ်းကိုးများ

  • « အေမာမ် ၁၂ပါး (အ.စ) ၏ ရန်သူများ သည် ဟရာမ်ဇါဒဟ်များ ဖြစ်ကြပါသလား? အကယ် ဟုတ်လျင် မည်ကဲ့သို လက်ခံ နိုင်မည်နည်း?  » ၊ Islamquest website။ တင်ထားသည့် ရက်စွဲ အာဇရ် လ ၁၀ ရက်နေ့ ၊အီရန် သက္ကရာဇ် ၁၃၉၃ ခုနှစ် ၊ ပြန်ကြည့် ရက်စွဲ သီးရ် လ ၁၁ ရက်နေ့ ၊ အီရန် သက္ကရာဇ် ၁၄၀၃ခုနှစ်။
  • အစ်ဗ်နေ ဂျဇ်ရီ ၊ရှမ်းစွတ်ဒ်ဒီးန် မိုဟမ္မဒ် ၊ ၊အစ်နေလ်မသွာလစ်ဗ် ဖီး မိုနာကစ်ဗ်အလီ ဘင်န် အဘီ သွာလစ်ဗ် ၊ အစ္စဖဟန် ၊ မတ်က်သဗသိုလ်အေမာမ် အမီးရိုလ်မိုအ်မေနီးန် (အ.စ) အလ်အာမဟ် ၊ ခုနှစ်မသိ။*
  • အစ်ဗ်နေအစာ ကေရ် ၊ အလီ ဘင်န် ဟစန် ၊ သာရီးခ်ခေ ဒမစ်ရှ် ၊သဲဟ်ကီးက် အမရ် ဘင်န် ဂရာမဟ် အလ်အမရ်ဝီ ၊ ဘေရွတ် ၊ ဒါရိုလ်ဖေက်ရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ် ။
  • အစ်ဗ်နေ မိုရ်ဒဝီယဟ် အစ္စဖဟန်နီ ၊ အဘူဘကရ် ဘင်န် မူစာ ၊ မိုနာကစ်ဗ်အလီ ဘင်န် အဘီ သွာလစ်ဗ် ၊ ကွမ်း ၊ ဒါရိုလ်ဟဒီးစ် ၊ ဒုတိယ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ခုနှစ်။
  • ဗဟ်ရာနီ ၊ ဟိုစိုင်းန် ဘင်န် မိုဟမ္မဒ် ၊ အလ်အန်နဝါရိုလ်လဝါမေအို ဖီး ရှရ်ဟေ မဖာသီဟွတ်ရှ်ရှရာအေအ် ၊ ကွမ်း၊ မဂျ်မအိုလ်စေလ်အေလ်မီယဟ် ၊ ပထမကြိမ် ပုံနှိပ် ။
  • ဘရူဂျူရ်ဒီ ၊ ဂျာမေအ်အိုလ် အဟာဒီးစ်စွန်ရှ်ရှီအဟ် ၊တီဟီရန် ၊အင်န်သေရှာ ရာသ် ဖရ်ဟန်ဂ် စဗ်ဇ်၊ ပထမကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၈၆ ခုနှစ်။
  • ဘဆီရီ ၊ ဂေါင်ဟေရီ« နက်ရှ်ရှေ ဝေရာစသ် ဒဲရ် စရ်နဝတ်ရှ် အန်စာန် အဇ် မန်ဇရ် ကုရ်အာန် ဝ ဟဒီးစ်» ၊ အတွဲ ၄၊ အမှတ်စဥ် ၁၃ ၊ အီရန် သက္ကရာဇ် ၁၃၉၂ ခုနှစ် ။
  • ဘနီဟာရှင်မ် ခိုမေနီ ၊ ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ၊ သောင်ဇီးဟိုလ်မစာအေလ် (မဟရှ်ရှီ) ၊ ကွမ်း၊ ဒဖ်သရ် အင်န်သေရှာရာသ် သေ အစ္စလာမ်မီ ၊ ၈ကြိမ် မြောက် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ်။
  • ပူရ် မိုဟမ္မဒ် ဒီ ၊ «  ကာအေဒိုဟို လေကွန်လေ ကောင်းမ်မင်န် နေကာဟ်» ၊ တရားစီရင်ရေးနှင့် မိသားစုဥပဒေဆိုင်ရာ နှစ်လသုံးလပတ် ပညာ ဂျာနယ်၊ အတွဲ ၂၆၊ အမှတ်စဥ် ၇၄၊ အီရန် သက္ကရာဇ် ၁၄၀၀ ခုနှစ်။
  • ကဇ်ဝေနီ ၊ အာယာ ရှီအယာန်း မိုခါလေဖာန် နေ ခွတ်ဒ် ရာ ဟရာမ်ဇါဒေဟ် မီဒါနန် ? »၊ ဝလီယေ အဆ်ရ် သုတေသန အင်စတီကျု ၏ ဝဘ်ဆိုဒ်။ထည့်သွင်းရက်စွဲ ၊ ဖရ်ဝရ်ဒီးန် ၂၅ ရက်နေ့ ၊ အီရန် က္ကရာဇ် ၁၃၈၈ ခုနှစ် ၊ လည်ပတ်ရက်စွဲ အာဇရ်လ ၂၄ ရက်နေ့ ၊ အီရန် က္ကရာဇ် ၁၄၀၃ ခုနှစ်။
  • ရူဟာနီ ၊ဆယက်ဒ် မိုဟမ္မဒ် ဆွာဒစ်က် ၊ ဖေက်ဟိုလ်ဆွာဒစ်က် (အ.စ) ၊ ကွမ်း၊ မဒရ်စဟ် အေမာ် ဆွာဒစ်က် (အ.စ) ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၂ ခုနှစ်။
  • ဆယက်ဒ် မိုရ်သဇာ ၊ အလ်အင်န်သေဆွာရ် ဖီးအင်န်ဖေရာဒါသ်သေလ်အေမာမ်မီယဟ်၊ ကွမ်း ၊ ဂျာမာအဟ် မိုဒ‌ရေစီးန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ် ။
  • ရှိုက်ရ်ရီယာန်း ၊ အမီရီ ၊ ရှရ်သီယသ်သေ ဟလာလ်ဇါဒဂီ ယာ ဇေနာ ဇါဒေဟ် နဗူဒန် ဒဲရ် ရှဟာဒသ် ဝ ကဇာဝသ် » ၊ ဖေက်ဟ် နှင့် အစ်ဂျ်သေဟာဒ် နှစ်လသုံးလပတ် ၊ ဂျာနယ်၊ အတွဲ ၄ ၊ အမှတ်စဥ် ၈၊ အီရန် သက္ကရာဇ် ၁၃၉၆ ခုနှစ်။
  • ရူရှ်သရီ ၊ ဃာဇီ နူးရ်ရိုလ္လာဟ် ဘင်န် ရှရီးဖ်ဖိုဒ်ဒီးန် ၊ အဲဟ်ကာကိုလ်ဟက် ဝအစ်ဇ်ဟာကိုလ်ဗါသွေလ် ၊ အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မရ်အရှီ နဂျဖီ ၏ ပြည်သူ့ စာကြည့်တိုက်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ်။
  • ရှဟီးဒ် စာနီ ၊ ဇိုင်နွန်ဒီးန် ဘင်န် အလီ ၊ အရ်ရောင်ဇာသိုလ်ဗဟီယဟ် ဖီး ရှရ်ဟေလုံမ်အသွတ်ဒ် ဒမစ်ရှ်ကီးယဟ် ၊ ကွမ်း ၊ ဒဖ်သရ် သဗ်လီဂါသ် သေ အစ္စလာမ်မီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၂ ခုနှစ်။
  • ရှိက်ခ် ဆူဒူက် ၊ မိုဟမ္မဒ် ဘင်န် အလီ ၊ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ၊ ဂျာမာအဟ် မိုဒ‌ရေစီးန် ၊ ဒုတိယ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ်။
  • ရှိက်ခ် ဆူဒူက် ၊ မိုဟမ္မဒ် ဘင်န် အလီ ၊ အမာလီ၊ ၊ တီဟီရန် ၊ ကေသာဗ်ဂျီ ၊ အီရန် သက္ကရာဇ် ၁၃၇၆ ခုနှစ်။
  • ရှိက်ခ် သူစီ ၊ မိုဟမ္မဒ် ဘင်န် ဟစန် ၊အန်နေဟာယသို ဖီးမိုဂျရဒ်ဒေလ်ဖေက်ဟ်ဟေဝလ်ဖသာဝီ ၊ ဘေရွတ် ၊ ဒါရိုလ် ကိုသွဗ်ဗေလ်အရဘီ ၊ ဒုတိယ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၀ ခုနှစ်။
  • ရှိက်ခ် သူစီ ၊ မိုဟမ္မဒ် ဘင်န် ဟစန် ၊ သဲဟ်ဇီးဗ်ဗိုလ်အဲဟ်ကာမ် ၊ ကွမ်း ၊ စတုတ္တ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ်။
  • သွာဟေရီ ၊ ဟဘီဘွလ္လာဟ် ၊ ဟိုကူက်မဒနီ ၊ ကွမ်း ၊ ဒဖ်သရ် အင်န်သေရှာရာသ် သေ အစ္စလာမ်မီ၊ ဒုတိယအကြိမ် ပုံနှိပ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၈ခုနှစ်။
  • အာမေလီ ၊ မိုဟမ္မဒ် ဘင်န် ဟစန် ၊ ဝစာအေလွတ်ရှ်ရှီအဟ် ၊မိုအ်စေစေဟ် အာဟ်လိုလ်ဘိုက်(သ) (အ.စ) ၊ ကွမ်း ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ်။
  • အာမေလီ ၊ ယာစင်းန် အီစာ ၊ အလ်အက်ဆ်သွလာဟာ သိုလ်ဖေက်ဟီယဟ် ဖီးရ် ရစာအေ လေလ်အမ လီယဟ် ၊ ဘေရွတ် ၊ ဒါရိုလ်ဗလာဂဟ် ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၃ ခုနှစ်။
  • ကီခါ၊ဖသူဟီ၊အဗ်ဒွလ္လာဟ်၊«သဲဟ်လီလ် ဝဘရစီ အရ်ဇေရှ်ရှေ အစ်ဘာသီ ရှဟာဒသ်သေ ဝလက်ဒ် ဒိုဇ်ဇေနာ ဒရ် မဇာဟစ်ဗ် ဗေ အစ္စလာမ်မီ  » ၊ အစ္စလာမ့်တရားစီရင်ရေး လေ့လာရေးနှင့် ဥပဒေအခြေခံများ ၊ နှစ်လသုံးလပတ် ၊ ဂျာနယ်၊ အမှတ် ၄၁၊ အီရန် သက္ကရာဇ် ၁၃၉၉ ခုနှစ်။
  • မိုအ်စေစေဟ်ဒါယေရသိုလ်မအာရေဖ် ဖေက်ဟ်ဟေ အစ္စလာမ်မီ ၊ ဖေရ်ဟန်ဂ် ‌ဂေဖေက်ဟ် မိုသွာဗစ်က် ကေ မဇ်ဟဗ် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၊ ဇီရေနဇရ် မဲဟ်မူဒ် ဟာရှင်မ်မီ ရှာဟ်ရူဒီ ၊ ကွမ်း ၊ မိုအ်စေစေဟ် ဒါယေရသိုလ်မအာရေဖ် ဖေက်ဟ်ဟေ အစ္စလာမ်မီ ၊ ဒုတိယကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၈၅ခုနှစ်။
  • မိုဟကစ်က်ကေ ဟစ်လီ ၊ နဂျ်မွတ်ဒ်ဒီးန် ဂျအ်ဖရ် ဘင်န် ဟစန် ၊ ရှရာအေအိုလ်အစ္စလာမ် ဖီး မစာအေ လေလ် ဟလာလ် ဝလ် ဟရာမ် ၊သဲဟ်ကီးက် အဗ်ဒိုလ်ဟိုစိုင်းန် မိုဟမ္မဒ် အလီ ဗကာလ် ၊ ကွမ်း ၊ မိုအ်စေစေဟ် အီစမအီလီယာန်း ၊ ဒုတိယ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ်။
  • နဂျဖီ ၊ မိုဟမ္မဒ် ဟစန် ၊ ဂျဝါဟေရိုလ်ကလာန်မ် ဖီး ရှရ်ဟ်ဟေ ရှာရာအေအ် အိုလ်အစ္စလာမ် ၊ သဆွဟီးဟ် ၊ အဘာစ် ကူဂျာနီ ဝ အလီ အာခွန်ဒီ ၊ဘေရွတ် ၊ ဒါရိုလ်ဟယာအ်အိုလ်သိုရာစိုလ်အရဘီ ၊ ၇ကြိမ်မြောက် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်။