သအ်လီးဖု ကိုလူးဘ်

wikishia မှ

သအ်လီးဖုကိုလူးဘ်(အာရဗီ-المؤلفة قلوبهم) ဆိုသည်မှာ ၊ တမန်တော်မြတ်(ဆွ)အေမာမ်(အစ) နှင့် အစ္စလာမ့်ဘာသာရေး ခေါင်းဆောင်ကြီး များသည် ကုဖ္ဖာရ်များမိုနာဖီက်များ သို့မဟုတ် အီမာန်အားနည်းသော မွစ်လင်မ်များအား စီးပွားရေးဆိုင်ရာ ငွေကြေးပံ့ပိုးကူညီမှုများကို အစ္စလာမ်သာသနာ အား ကာကွယ်စောင့်ရှောက်ရန် ဟူသော ရည်ရွယ်ချက် နှင့် ဘာသာခြားများသည် မွစ်လင်မ်များနှင့် အတူလိုက်ပါညီညွတ်စွာ နေထိုင်နိုင်စေရန် ဟူသော ရည်ရွယ်ချက်တို့ဖြင့် ပြုလုပ်ခြင်းကို ခေါ်ဆိုသည်။ ထိုသို့ရည်ရွယ်ချက်ဖြင့် ပံ့ပိုးကူညီမှု ခံရသူများကို «الْمُؤَلَّفَة قُلُوبُهُمْ» သို့မဟုတ် «مُؤَلَّفَةُ القُلُوب» ဟုခေါ်ဆိုသည်။ တမန်တော်မြတ်(ဆွ) ၏ လမ်းစဉ်တွင် တမန်တော်မြတ်သည် မုရှ်ရီက်များနှင့် ပတ်သက်ပြီး ထိုသို့ပြုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ကျမ်းတော်မြတ်ကုရ်အာန်၌ ၊ ဇကားသ် ပေးဆောင်ခြင်းများ အနက်မှ တစ်ခုကို “သအ်လီးဖုကိုလူးဘ်” “စီးပွား‌‌ရေးဆိုင်ရာ ငွေကြေးကူညီထောက်ပံ့ပေးခြင်း” ဖြစ်သည် ဟူ၍ ဖော်ပြထားသည်။ ရှီအာ ဖကီးဟ်ပညာရှင်အချို့ ယုံကြည်ထားသည်မှာ ၊ ထိုအရာ၏ ဖိက္ကဟ် ဓမ္မဆိုင်ရာ ဥပဒေသသည် တမန်တော်မြတ်(ဆွ) နှင့် မအ်စူးမ်(အစ) များ သက်ရှိထင်ရှား ရှိနေသည့် အချိန်ကာလ နှင့်သာလျင် သက်ဆိုင်သည်မဟုတ်ပဲ အေမာမ်ဇမားန်(အဂျ) ကွယ်ပျောက်နေ့သည့် အချိန်ကာလနှင့်လည်း သက်ဆိုင်မှုရှိပေသည် ဟုဖော်ပြထားသည်။ တစ်နည်းအားဖြင့် ဇမားနေဂိုင်ဘသ် နှင့်လည်း သက်ဆိုင်ပေသည်။

ဝေါဟာရ အနက်အဓိပ္ပါယ် နှင့် အရိုက်အရာ

تألیف قلوب သအ်လီးဖုကိုလူးဘ် ဟူသည် ဖိက္ကဟ် ဓမ္မသက်နှင့် သက်ဆိုင်သော အကြောင်းအရာဖြစ်ပြီး ကုဖ္ဖာရ်များ ၊ မိုနာဖီက်များ သို့မဟုတ် အီမာန်အားနည်းသော မွစ်လင်မ်များ အား စီးပွားရေးဆိုင်ရာ ပံ့ပိုးကူညီပေးခြင်း ဟူ၍ အနက်အဓိပ္ပါယ်ရှိပြီး (1) ယင်းအား အစ္စလာမ်သာသနာအား ကာကွယ်စောင့်ရှောက်ရန် ဟူသော ရည်ရွယ်ချက် နှင့် ဘာသာခြားများသည် မွစ်လင်မ်များနှင့် အတူလိုက်ပါညီညွတ်စွာ နေထိုင်နိုင်စေရန် ဟူသော ရည်ရွယ်ချက်တို့ဖြင့် တမန်တော်မြတ်(ဆွ)အေမာမ်များ(အစ) နှင့် အစ္စလာမ့်ဘာသာရေး ခေါင်းဆောင်ကြီးများမှ ဦးစီးဦး‌ဆောင်၍ ပြုလုပ်ဆောင်ရွတ်ခြင်း ဖြသ်သည်။ (2) ထိုသို့ ရည်ရွယ်ချက်ဖြင့် ကူညီပံ့ပိုးပေးမှု ခံရသူများကို «الْمُؤَلَّفَة قُلُوبُهُمْ» သို့မဟုတ် «  مُؤَلَّفَةُ القُلُوب» ဟုခေါ်ဆိုသည်။ (3) ကုသ်ွဘုရာဝန်ဒီ (ဟီဂျရီ ၅၇၃ ကွယ်လွန်) သည် တမန်တော်မြတ်(ဆွ) သည် ထိုအုပ်စုများကို ဇကသ် ပေးဆောင်ရခြင်း၏ ရည်ရွယ်ချက်ကို ၎င်းတို့ဘက်မှ အစ္စလာမ် သာသနာကို နှစ်သက်လာစေရန် နှင့် အစ္စလာမ်သာသနာတွင် ခိုင်ခံ့စွာ ရှိနေစေရန် ဖြစ်သည်ဟု ဖော်ပြထားသည်။ (4) အိဗ်နေအစီးရ် (ဟီဂျရီ ခုနှစ်ရာစု၊ အဲဟ်လေစွန္နသ် တို့၏ ဟဒီးစ် ကိုးကားကောက်နုတ်သူ) ၏ ဖော်ပြချက်အရ ၊ တမန်တော်မြတ်(ဆွ) သည် မက္ကာကို အောင်နိုင်သွားပြီးနောက် မုရှ်ရီက် တို့အား စီးပွားရေးဆိုင်ရာ ပံ့ပို့ကူညီထောက်ပံ့ပေးခြင်းအားဖြင့် ၎င်းတို့အနက်မှ အယောက် ၂၀၀၀ ခန့်သည် ဟဝါဇိန် စစ်ပွဲ၌ တမန်တော်မြတ်နှင့်အတူ လိုက်ပါခဲ့ကြသည်။ (5) ဖကီးဟ် ပညာရှင်များသည် ၊ စူရဟ်သောင်ဗဟ် အာယသ်အမှတ် ၆၀ အား ထောက်ထားခြင်းအားဖြင့် ၊ ဇကားသ်ပေးဆောင်ရမည့် အချက်ရှစ်ချက်မှ တစ်ချက်ကို သအ်လီးဖေကိုလူးဘ် (စီးပွားရေးဆိုင်ရာ ကူညီပံ့ပိုး‌ပေးခြင်းဖြင့် လူသားများ၏ စိတ်နှလုံးသားကို မိမိဘက်သို့ ယိမ်းယိုင်လာအောင် စွဲဆောင်ခြင်း) ဟူ၍ သတ်မှတ်ထားကြသည်။ (6) ရှီအာ သဖ်စီးရ် ပညာရှင် ဖြစ်သူ မုဟမ္မ‌ဒ်ဂျဝါဒ် အဂ်နီယဟ် (ဟီဂျရီ ၁၃၂၂ - ၁၄၀၀) ၏ ယုံကြည်ချက်အရ ၊ ၎င်းတို့အား စီးပွားရေးဆိုင်ရာ ကူညီပံ့ပိုး‌ ထောက်ပံ့ပေးခြင်း၏ အကြောင်းအရင်းများ အနက်မှ တစ်ခုမှာ ၊ ၎င်းတို့၏ ရန်မှ ကာကွယ်နိုင်ရန် ဖြစ်သည်။ (7)

တမန်တော်မြတ်(ဆွ)၏ လမ်းစဉ်

တမန်တော်မြတ်(ဆွ) အသက်ရှင်နေထိုင်စဉ် ကာလ၌ မုရှ်ရီက်များအနက်မှ ဖြစ်သည့် ဆွဖှဝါန် ဗင်န် အိုမိုင်ယဟ် ၊ နှင့် မိုနာဖီက်များ အနက်မှ ဖြစ်သည့် အဘူစိုဖီယားန် တို့အား စီးပွားရေးဆိုင်ရာ ကူညီပံ့ပိုး‌ထောက်ပံ့ပေးမှုများ ကို ပြုလုပ်‌ ပေးခဲ့သည်။ (8) ဆွဖှဝါန် ဗင်န် အိုမိုင်ယဟ် သည် ဟိုနိုင်းန် စစ်ပွဲ၌ မွတ်စ်လင်မ်များဘက်မှ ခုခံကာကွယ် တိုက်ခိုက်ခဲ့ပြီး စစ်ပွဲမှ ရလာသည့် ပစ္စည်းများကိုလည်း ခွဲဝေရယူခဲ့သည်။ (9) အဲဟ်လေစွန္နသ်တို့၏ အိုလမာ ပညာရှင်ဖြစ်သူ ဟစန် ဗင်န် ဖဲရ်ဟားန် မာလီကီ (ဟီဂျရီ ၁၃၉၀ မွေးဖွား) ၏ ယုံကြည်ချက်အရ ၊ တမန်တော်မြတ်(ဆွ) သည် မက္ကာကို အောင်နိုင်သွားပြီးနောက် သွလကာအ် အုပ်စုအနက်မှ ဖြသ်ကြသော အဘူစိုဖီယားန် ၊ မိုအာဝီယာ ၊ ဆွဖှဝါန် ဗင်န် အိုမိုင်ယဟ် နှင့် မိုသွီးအ် ဗင်န် အက်စ်ဝဒ် တို့အား စီးပွားရေးဆိုင်ရာ ကူညီပံ့ပိုး‌ပေးခြင်းဖြင့် ၎င်းတို့အား ငွေကြေးဥစ္စာ ပစ္စည်းများကို ပေးကမ်းခဲ့သည်။ (10)

စီးပွားရေးဆိုင်ရာ ကူညီထောက်ပံ့ပေးခြင်း ခံရသူများ၏ ဆိုလိုရင်း

ဖကီးဟ် ပညာရှင်များသည် مؤلفةالقلوب စီးပွားရေးဆိုင်ရာ ကူညီထောက်ပံ့ပေးခြင်း ခံရသူများ၏ ဆိုလိုရင်းမှာ မည်သူများဖြစ်ကြသည် နှင့်ပတ်သက်ပြီး ကွဲပြားသော အမြင်များရှိကြပေသည်။ ၎င်းတို့အနက်မှ အချို့အမြင်များမှာ :

  1. ကုဖ္ဖာရ် : ရှီးခ်မိုဖီးဒ် (ဟီဂျရီ ၃၃၆ သို့မဟုတ် ဟီဂျရီ ၃၃၈ - ဟီဂျရီ ၄၁၃) ၏ ယုံကြည်ချက်အရ ၊ ကာဖဲရ်များအား စီးပွားရေးဆိုင်ရာ ကူညီထောက်ပံ့ပေးမှု ပြုလုပ်ပေးရခြင်းမှာ ၊ ဂျေဟာဒ်ပြုလုပ်ရာတွင် ၎င်းတို့သည် မွတ်စလင်များ နှင့်အတူ ပူးပေါင်းဆောင်ရွက်လာစေရန် ဖြစ်သည်။ (11) မိုဟက်ကီကေ ဟလ္လီ (ဟီဂျရီ ၆၀၂ ) သည် အလ်မိုအ်သဘဲရ် စာအုပ်ရှီးခ်သူစီးကိုလည်း ထိုသို့ ယုံကြည်လက်ခံထားသူ ဖြစ်သည်ဟု ဖော်ပြထားသည်။ (12) မိုကဒ္ဒက်စ် အိုရ်ဒဘီလီ (ဟီဂျရီ ၉၉၃ ကွယ်လွန်) သည်လည်း ရှီးခ်သူစီ နှင့်အမြင်တူပေသည်။ (13)
  2. မိုနာဖီက်များ : အိဗ်နေဂျိုနိုင်းဒ် (ဟီဂျရီ လေးရာစု၏ ရှီအာဖကီးဟ် ပညာရှင်) ယုံကြည်ထားသည်မှာ ၊ မိုနာဖီက်များသာလျှင် စီးပွားရေးဆိုင်ရာ ကူညီထောက်ပံ့ပေးခြင်း ခံရသူများ ဖြစ်ပေသည်။ (14) ထိုသို့ပြုလုပ်ပေးခြင်းဖြင့် မိုနာဖီက်များ၏ နှလုံးသားများသည် ပျော့ပြောင်းလာကာ မိုနာဖီက် လုပ်ရပ်များကို စွန့်လွှတ်လာမည် ဖြစ်သည်။ (15)
  3. အီမာန် အားနည်းသော မွတ်စ်လင်မ်များ : အချို့သော ဖကီးဟ် ပညာရှင်များ ဖြစ်ကြသော ကုသ်ွဘုဒီးနေ ရာဝန်ဒီ သည် ဖိက္ကသုလ်ကုရ်အာန် စာအုပ်၌ နှင့် ရှီးခ်ယူစွဖ် ဗဟ်ရာနီ (ဟီဂျရီ ၁၁၈၆ ကွယ်လွန်) သည် အလ်ဟဒါအိကုလ်နာဇိရဟ် စာအုပ်၌ ဖော်ပြထားသည်မှာ ၊ စီးပွားရေးဆိုင်ရာ ပံ့ပိုးကူညီမှု ခံရသည့် မွတ်စ်လင်မ်များ ဆိုသည်မှာ တစ်ပါးတည်းသာ တည်ရှိတော်မူသော အရှင်မြတ်ကို လက်ခံသော်လည်း ၎င်းစေလွှတ်တော်မူသည့် တမန်တော်မြတ်(ဆွ) ၏ နဗူဝသ် အရိုက်အရာသည် ၎င်းတို့၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်မှု မရှိသေးသော် မွတ်စ်လင်မ်များ ဖြစ်သည်။ (16)
  4. ကုဖ္ဖာရ် ၊ မိုနာဖီက် နှင့် မွတ်စ်လင်မ်များ : အခြားအမြင်တစ်ခုမှာ ၊ စီးပွားရေးဆိုင်ရာ ပံ့ပိုးကူညီထောက်ပံ့ပေးခြင်းသည် ယေဘူယျကြသော နိယာမတစ်ခု ဖြစ်သည်။ ထိုနိယာမ၌ ကုဖ္ဖရ် ၊ မိုနာဖီကီးန် နှင့် အီမာန်အားနည်းသော မွတ်စ်လင်မ်များ ပါဝင်ပေသည်။ (17) ရှဟီဒ် အောက်ဝရ် (18) ရှဟီဒ်စာနီ (18)မိုဟက္ကီကေ ကရ်ကီ (19) ဆွာဟိဘေဂျဝါဟီရ် (20) နှင့် အေမာမ် ခိုမေနီ (21) တို့သည် ထိုအမြင်ဝါဒကို လက်ခံကြသူများ ဖြစ်ကြသည်။ (22)

“သအ်လီးဖုကိုလူးဘ် ဝါ စီယာစဟ်” ဟူသော စာစောင်ရေးသားသူ ယုံကြည်ထားသည်မှာ စီးပွားရေးဆိုင်ရာ ကူညီပံ့ပိုးထောက်ပံ့ပေး ခြင်း၏ ဝေစုမှ အရှင်မြတ်အတွက် ဟူသော ရည်ရွယ်ချက်ဖြင့် ၊ကမ္ဘာပေါ်ရှိ လွတ်မြောက်ရေးလှုပ်ရှားမှု၌ ပါဝင်ကြသူ အချို့ကို ငွေကြေးထောက်ပံ့ ပေးနိုင်သည်။ ထိုနည်းလမ်းဖြင့် တစ်ပါးတည်းသောအရှင်ဘက်နှင့် အခြားသော ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များဘက်သို့ ဖိတ်ခေါ်နိုင်မည် ဖြစ်သည်။ (23)

အေမာမ်ဇမားန်(အဂျ) ကွယ်ပျောက်နေသည့် ခေတ်ကာလ၌ သအ်လီးဖုကိုလူးဘ်၏ ဥပဒေသ ပညတ်ချက်

အေမာမ်ဇမားန်(အဂျ) ကွယ်ပျောက်နေသည့် ခေတ်ကာလ၌ စီးပွားရေးဆိုင်ရာ ငွေကြေးထောက်ပံ့ကူညီပေး ပိုင်ခွင့် ရှိခြင်း မရှိခြင်း နှင့်ပတ်သက်ပြီး ဖကီးဟ် ပညာရှင်များ အကြား ကွဲပြားသော အမြင်များ ရှိပေသည်။ (24) အချို့ဖိက္ကဟ် ပညာရှင်များ ဖြသ်ကြသော ဥပမာ မိုဟက္ကီဟလ္လီအေမာမ်ခိုမေနီ နှင့် ဂျဝါဒ်အာမိုလီ တို့ပြောထားသည်မှာ ၊ အေမာမ်ဇမားန်(အဂျ) ကွယ်ပျောက်နေသည့် ခေတ်ကာလ၌လည်း စီးပွားရေးဆိုင်ရာ ငွေကြေးထောက်ပံ့ကူညီပေး ပိုင်ခွင့် ရှိပေသည်။ (25) အခြားအုပ်စုများဖြစ်သည့် ဥပမာ ရှီးခ်သူစီ သည် စီးပွားရေးဆိုင်ရာ ထောက်ပံ့ကူညီပေးခြင်းသည် ဂျေဟာဒ် ‌အချိန်၌သာလျှင် လိုအပ်ပေသည်။ ထိုဂျေဟာဒ် သည်လည်း အေမာမ်(အစ) ထင်ရှားစွာ ရှိနေရန် လိုပေသည်။ ထို့ကြောင့် အေမာမ်ဇမားန်(အဂျ) ကွယ်ပျောက်နေသည့် ခေတ်ကာလ၌ စီးပွားရေးဆိုင်ရာ ထောက်ပံ့ကူညီပေးပိုင်ခွင့် မရှိပေ။ (26)         ဖာဇွီလ်မိက်ဒါဒ် သည် အေမာမ်ဇမားန်(အဂျ) ကွယ်ပျောက်နေသည့် ခေတ်ကာလ၌ စီးပွားရေးဆိုင်ရာ ထောက်ပံ့ကူညီပေးပိုင်ခွင့် မရှိခြင်းကို ရှီအာ အိုလမာ ပညာရှင်များအား ပတ်သက်မှု ပေးပေသည်။ (27) အဲသ်လေစွန္နသ် တို့စ ဖိက္ကဟ် ပညာရှင်များ ဖြစ်ကြသော ရှာဖေအီ နှင့် အဘူဟနဖီယဟ် တို့သည်လည်း တမန်တော်မြတ်(ဆွ) ပြီးနောက် စီးပွားရေးဆိုင်ရာ ထောက်ပံ့ကူညီပေးပိုင်ခွင့် မရှိပဲ ၊ ယခင်ရှိခဲ့သော ဥပဒေသသည် ဖျက်သိမ်းလိုက်သည် ဟူ၍ ယုံကြည်လက်ခံထားသည်။ (28)