လပိုက်က ယာဟိုစိုင်းန်

လပိုက်က ယာဟိုစိုင်းန် (အရဘီ : لَبَّیکَ یا حسین ) ဆိုသည်မှာ (အိုဟိုစိုင်းန် (အ.စ) သခင်၏ခေါ်ဆိုမှု အတွက် ကျနော်အသင့်ပါ။ ) ဖြစ်ပြီး အေမာမ် ဟိုစိုင်းန်(အ.စ) ဖိတ်ခေါ်မှု အတွက် အဖြေပေးသည့် ရှီအဟ်များ ၏ ဆောင် ပုဒ် ဖြစ်ပါသည်။ အေမာမ် ဟိုစိုင်းန် (အ.စ) သည် ကရ်ဗလာ အဖြစ်အပျက်အတွင်း အကြိမ်ကြိမ် အကူအညီတောင်းခဲ့ပါသည်။ အဲဒီအထဲက အကျော်ကြားဆုံးကတော့ အာရှုရာ နေ့မှာ هَلْ مِنْ ناصرٍ یَنْصُرُنی ( မြန်မာဘာသာပြန် - ငါကိုကူညီမည့်သူရှိပါသလား? ) ဆိုတဲ့ ပုံစံနှင့် ဆင့်ပြန်လာရှိပါသည်။ လပိုက်က ယာဟိုစိုင်းန် ဟူသော ဆောင်ပုဒ်ကို အသုံးပြုရခြင်း၏ ရည်ရွယ်ချက်မှာ အေမာမ် အပေါ် သစ္စာစောင့်သိ မှုနှင့် အေမာမ် (အ.စ) ဘက်မှ ရပ်တည်မှု ကို ကြေငြာရန်နှင့် အေမာမ်အား ထောက်ခံမှုကို ကြေငြာရန် ဖြစ် ပါ သည်။ဤဆောင်ပုဒ်သည် ကရ်ဗလာ အဖြစ်အပျက်ကို စဉ်ဆက်မပြတ် သမိုင်းဝင်ဖြစ်စဉ် တစ်ခုအဖြစ် မိတ်ဆက်ခဲ့ပြီး အာရှုရာ ဟောပြောချက် တည်တံ့ခိုင်မြဲစေရန် ဦးတည်ခဲ့သည်ဟု ဆိုပါသည်။ မာနဆန့်ကျင်ရေး၊ ဖိနှိပ်ချုပ်ချယ်မှုကို တိုက်ဖျက်ခြင်းနှင့် အရှက်ရခြင်းနှင့် အရှက်ခွဲခြင်းတို့ကို ငြင်းပယ်ခြင်း ၏ သင်္ကေတတစ်ခုလည်းဖြစ်သည်။ နိုင်ငံအသီးသီးတွင် ဤညာသံ ကို မုဟရမ် ၏ ဝမ်းနည်းခြင်းအခမ်းအနားများနှင့် အေမာမ် ဟိုစိုင်းန် (အ.စ) အား လေးစားယုံကြည်ခြင်း ဖော်ပြရန်အတွက် အသုံးပြုကြပါသည်။ထိုနည်းတူစွာ ဤအတွဥ် အနုပညာ လက်ယာ မျိုးစုံ ကို ဖန်တီးထားကြပါသည်။ ပြီးနောက် ရှီအဟ်များသည် ၎င်းကို စစ်မြေပြင်များနှင့် အာဇာ နည်များ ၏ အသုဘအခမ်းအနားများတွင်လည်း အသုံးပြုကြပါသည်။ထို့အပြင် ဤညာသံ ကိုအခြေခံ၍ ညီလာခံများ ၊ ဆန္ဒပြ ချီတက်ပွဲများ နှင့် ဘာသာရေးအခမ်းအနားများတွင်လည်း ပမာအားဖြင့် လပိုက်က ယာဟိုင်ဒဲရ် ၊ လပိုက်က ယာမဲဟ်ဒီ ၊ လပိုက်က ယာခါမေနာအီ ဆိုပြီးလည်း သုံးကြပါသည်။
နိဒါန်း
လပိုက်က ယာဟိုစိုင်းန် သည် ကရ်ဗလာ အဖြစ်အပျက် ၏ ကျော်ကြားသော စကားစုများထဲမှ တစ်ခု ဖြစ်ပြီး [1] အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ခေါ်ဆိုမှုကို လက်ခံခြင်းဖြစ်ပါသည်။[2] အေမာမ် ဟိုစိုင်းန် (အ.စ) သည် မက္ကဟ်မြို့မှ အီရတ်နိုင်ငံ သို့ သွားရောက်သည့် ခရီးစဉ်တစ်လျှောက် တွင် မွတ်စလင်မ် များအား မိမိအား အကူ အညီပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ပါသည်။ [3] ဥပမာအားဖြင့် မက္ကဟ် မြို့ ၌ အေမာမ် (အ.စ) မိန့်ကြားခဲ့သည်မှာ« တောကန္တာရမှ ငတ်မွတ်နေသော ဝံပုလွေများသည် ငါ့ခန္ဓာကိုယ်ကို အပိုင်းပိုင်း ပြုမည့် နေရာသို့ ငါသွားနေပါသည်။ ... ငါတို့၏လမ်း ၌ မိမိ သွေးကို စတေးလိုသောသူသည် ကရ်ဗလာ သို့ လာသင့် သည် » ဟု ဖြစ်ပါသည်။ [4] သို့မမဟုတ် ဗဆွရဟ် အကြီးအကဲများထံ စာများရေးသားပြီး အကူအညီ တောင်းခဲ့ပါသည်။ [5] အထင်ရှားအကျော်အကြားဆုံးမှာ အေမာမ်ဟိုစိုင်းန် (အ.စ) သည် အာရှုရာ နေ့တွင် မိန့်ကြားခဲ့ခြင်းဖြစ်ပါသည်။ [6] ဤဖိတ်ခေါ်မှု هَلْ مِنْ ناصرٍ یَنْصُرُنی ( မြန်မာဘာသာပြန် - ကျွန်ုပ်အား ကူညီမည့်သူရှိပါသလား? ) သည် အေမာမ် ၏ မိန့်မှာ ချက် ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ကျော်ကြားပါသည်။ [7]

အဆင့်အတန်း နေရာ နှင့် ၎င်း ၏ အရေးပါမှု
အာရှုရာ အဖြစ်အပျက်အပြီးတွင် ရှီအဟ် များသည် လပိုက်က ယာဟိုစိုင်းန် ရွတ်ဆိုခြင်းဖြင့် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့်အတူ ရပ်တည်နေကြောင်းကြေညာခြင်းဖြစ်ပါသည်။ [8] ထို့ပြင် ၎င်းတို့သည် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ သာဝကတော် များကဲ့သို့ မိမိ တို့၏ အသက်၊ ပစ္စည်းဥစ္စာများနှင့် သားသမီးများကို စွန့်လွတ် စတေးကြလိုကြောင်း ကြေညာကြခြင်းဖြစ်ပါသည်။ [9] ဤညာသံသည် ကမ္ဘာလုံးဆိုင်ရာ ဆောင်ပုဒ် အဖြစ် [10] သမိုင်းတွင် သတ်မှတ်ထားသော အချိန်တစ်ခုအတွက် ရည်စူးထားခြင်းမဟုတ်ဟု ဆိုထားပါ သည်။ [11] သို့သော် အာရှုရာ ၏အဖြစ်အပျက်ကို စဉ်ဆက်မပြတ် သမိုင်းဝင်ဖြစ်စဉ်တစ်ခုအဖြစ် မိတ်ဆက် ပေးပါသည်။ [12] ဤအတွက်ကြောင့် အာရှုရာ ၏ ရှင်သန်မှုကို အာမခံသည့်အပြင် [13] အာရှုရာ ၏ ဟောပြောချက် တည်တံ့ရေးကိုလည်း အာမခံပါသည်။ [14] ဂုဏ်သိက္ခာ၊ အရှက်ကွဲခြင်း ဂုဏ်သိက္ခာကို ရှောင်ကြဉ်ခြင်း၊ [15] ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်ပြီး အမှန်တရားအတွက် အသက်စွန့်ခြင်း၊ [16] စွမ်းအားရှိသမျှမှ လွတ်မြောက်ရေး၊ [17] ရန်သူများ၏ ပူးပေါင်းကြံစည်မှုကို ပယ်ဖျောက်ခြင်း [18] အာဏာရှင်များ ၏ အရင်းခံကို ဖျက်ဆီးခြင်း၊ [19] ဤသည်များ သည် လပိုက်က ယာဟိုစိုင်းန် ၏ အာနိသင်များ ဖြစ်ကြပါသည်။ ထို့ကြောင့် ဤဆောင်ပုဒ်သည် အာဏာ ရှင် စနစ် ကို ဆန့်ကျင်ခြင်းနှင့် အရှက်ရခြင်းနှင့် အသရေပျက်ခြင်းတို့ကို တင်ပြရန် ငြင်းဆိုခြင်း၏ သင်္ကေတတစ်ခု ဖြစ်ပါသည်။ [20] ပညာရှင်အချို့က အီရန်၏ အစ္စလာမ်မစ် တော်လှန်ရေးအောင်ပွဲ၊ စုစည်းမှုနှင့် မြှင့်တင်ရေး တို့သည် လပိုက်က ယာဟိုစိုင်းန် ဆောင်ပုဒ်ကို အကောင်အထည်ဖော်ခြင်းဟု ဆိုကြပါသည်။ [21]
ဘာသာရေးစာပေများတွင် လပိုက်ဆိုသည့် စကားလုံး အား အသုံးပြုခြင်း
လပိုက် ဟူသော စကားလုံးသည် အခြားသူများ၏ တောင်းဆိုချက်များကို ဖြည့်စီးပေး ပြန်ရန်အတွက် သမိုင်း တစ်လျှောက်တွင် အသုံးပြုခဲ့ပါသည်။ [22] တမန်တော်မြတ် (ဆွ) ၏ ဆွဟာဗဟ် များ သည် မိမိတို့ ၏တောင်းဆိုချက်ကို ဖြည့်စီးရန် ဟိုနိုင်း တိုက်ပွဲ အပါအဝင် အမျိုးမျိုးသော အခါသမယတွင်လပိုက် ဟူ သော အသုံးအနှုန်းကို အသုံးပြုခဲ့ကြပါသည်။ [24] ဤအတွက်ကြောင့် ဝဟာဘီ များ အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် မှလွဲ၍ အခြားမည်သည့်အရာအတွက်မဆို ဤအသုံးအနှုန်းကို အသုံးပြုခြင်းသည် ရှေးရ်က် ဖြစ်သည်ဟု ဆိုကြပါသည်။ [25] ထိုနည်းတူစွာ အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မှ ဆင့်ပြန်လာ ရှိသည့် ဇေယာရသ် နာမဟ် တစ်ခု တင် ဇေယာရသ် ပြုသူများ အနေဖြင့် ဇေယာရသ်ပြုချိန် ပြုလုပ်ရမည့် စည်းမျဥ်း စည်းကမ်းများ မှ တစ်ခု မှာ لَبَّيْكَ داعِي اللهِ (လပိုက်ကဒါအေယလ်လ္လာဟ် ဟေ ) ဆိုသည့် စကားစု က ၇ကြိမ် ဖတ်ရွတ် ရန် ဖြစ်ပါသည်။ [26] ဇေယာရသ် သေရဂျဗ်ဘီယဟ် အေမာမ်ဟိုစိုင်းန် (အ.စ) တွင်အေမာမ် (အ.စ) အား « လပိုက်ကယာ ဒါအေယလ်လ္လာဟ် » ဟူသော စကားလုံးဖြင့်လည်း ခေါ်ဆိုထားပါသည်။ [၂၇] ဒိုအာယေ အဟတ်ဒ် တွင်လည်း လပိုက် ပြောခြင်း ကို အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏ဖိတ်ခေါ် မှုကို အသင့်ရှိသည်ဟု ဆိုကြောင်း ဆိုထားကြပါတယ်။ [28] အဘိဓာန် တတ်ကျွမ်းသပညာရှင်များ က လပိုက်က ယာဟိုစိုင်းန် ၏ အရင်းမြစ်ကို နာခံခြင်း [29] နှင့် ဖြည့်စီး ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုကြပါသည် [30] « လပိုက် » ဟူသော စကားလုံး မူလ စကားလုံး မှာ «လက်ဗ်ဗာလက » [31] ဖြစ်ပါသည်။အဓိပ္ပာယ် များ မှာ အမိန့် လိုက်နာ ကျင့်သုံးဖို့ လူတစ်ဦးတစ်ယောက် ၏ တောင်းဆိုချက် ကို ဖြည့်စီးပေးခြင်း ဖြစ်ပါသည်။ [၃၂] ဤစကားစု အား သလ်ဗီယဟ် အဖြစ် (لَبَّیک الّلهُمَّ لَبَّیک، لَبَّیک لاشَریک لَک لَبَّیک) ဟဂျ်ဂျေ သမသို နှင့် အွန်မ်ရဟ် အတွက် အဲဟ်ရာမ် ဝတ်ချိန် ဖတ်ရသည် ဖြစ်ပါသည်။ [33]
ညာသံ အဖြစ် အသုံးပြုခြင်း
လပိုက်က ယာဟိုစိုင်းန် ဟူသော ညာသံ ကို ဝမ်းနည်းခြင်း အခမ်းအနား နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) အား ယုံကြည်လေးစားခြင်း နှင့် ဘာသာရေး ၊ အနုပညာနယ်ပယ် နှင့် တော်လှန်ရေး အခမ်းအနားများတွင် အသုံး ပြုကြပါသည်။

ဘာသာရေး ထုံးတမ်းများ နှင့် ဝမ်းနည်းခြင်း အတွက် အသုံးပြု ခြင်း
လပိုက်က ယာဟိုစိုင်းန် ဟူသော ညာသံ ကို နိုင်ဂျီးရီးယား၊[35] တူရကီ၊[36] လက်ဘနွန်၊[37] အီရန်၊[38] အီရတ် နှင့် နယ်သာလန် [၃၉] ကဲ့သို့သော ဥရောပနိုင်ငံများတွင် ဝမ်းနည်းခြင်းအခမ်းအနားများတွင် ကြပါ သည်။ သူဝီရီဂျ် [40] နှင့် ဘနီ အစဒ် မျိုးနွယ်စု [41] အပါအဝင် အီရတ်နိုင်ငံသားများသည် အာရှုရာ ၏နေ့တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရောင်ဇာတော် ထဲသို့ ဝင်ရောက်သည့်အခါ ဤညာသံ ကို ရွတ်ဆိုကြပါသည်။ အီရန်တွင် အချို့သော ကြီးမားသော စုဝေးမှုများကို « လပိုက်က ယာဟိုစိုင်းန် စုဝေးမှုများ စုဝေးမှုများ » ဟုခေါ်ဆို ပါသည်။[၄၂] အဇါဒါရီ မစတင်မီ ရောင်ဇာတော် များတွင် အလံများ ပြောင်းလဲခြင်းကိုလည်း တစ်ခါတစ်ရံ လပိုက်က ယာဟိုစိုင်းန် ဟူသော ညာသံ ဖြင့် လဲကြပါသည်။ [၄၃] ၂၀၁၈ ခုနှစ်တွင် အရ်ဗအီးန် စီတန်းလှည့်လည်စဉ်အတွင်း ကရ်ဗလာ ရှိ ဟရာမိုင်း အကြား လပိုက်က ယာဟိုစိုင်းန် အလံကို ကျယ်ပြန့်စွာ ပြသခဲ့ကြပါသည်။ [၄၄]
ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် သည် ၂၀၀၄ ခုနှစ်တွင် မြင့်မြတ်သော ရောင်ဇာတော် များကို ကာကွယ်သည့် ချီတက်ပွဲ၌မိန့်ကြားသည်မှာ-
« လပိုက်က ယာဟိုစိုင်းန် ဆိုသည် မှာ လူများက သင့်ကို ပစ်ထား၊ စွပ်စွဲကာ သင့်အား ခိုကိုးရာမဲ့ ထား သွားခဲ့ လျှင်ပင် သင်တစ်ဦးတည်းရှိနေလျှင်ပင် တိုက်ပွဲတွင် ရှိနေပါ။ လပိုက်က ယာဟိုစိုင်းန် ဆိုသည်မှာ သင် ကိုယ် တိုင်၊ သင်၏ စည်းစိမ်၊ သင့်ဇနီး၊ သင့်သားသမီးများနှင့်အတူ ဤတိုက်ပွဲတွင် ရှိနေရမည် ဖြစ်ပါ သည်။ »[45]
ဘာသာရေး နှင့် အနုပညာ တွင် အသုံးပြုခြင်း
လပိုက်က ယာဟိုစိုင်းန် ဟူသော ညာသံ ကို ကဗျာဆရာများ [၄၆] ၏ ကဗျာများတွင် ရောင်ပြန်ဟပ်ခဲ့ပြီး ဘာသာ ရေး နှင့် အနုပညာနယ်ပယ်အသီးသီးတွင် လပိုက်က ယာဟိုစိုင်းန် ဟူသော ခေါင်းစဉ်အောက်တွင် အမျိုးမျိုး သော လက်ရာများကို ဖန်တီးခဲ့ကြပါသည်။ ဆွာဒဏ်က် အာဟန်ဂရာန် သီဆိုသော လပိုက်က ယာ ဟိုစိုင်းန် ဆိုသည့် အရ်ဗအီးန် ၏ အခမ်းအနားတွင် ထုတ်လုပ်လွှင့် သည့် သံစဥ် သည် ဤလက်ရာများ ထဲမှ တစ်ခုဖြစ်ပါသည်။ [၄၇] လက်ရေးလှရေးခြင်းနယ်ပယ်တွင် လပိုက်က ယာဟိုစိုင်းန် ဟူသော စကား စုဖြင့် အမျိုးမျိုးသောလက်ရာများကို မှတ်တမ်းတင်ခြင်းအပြင် ဤစာစု၏ လက်ရေးလှခေါ်ဆိုမှုများလည်း ရှိပါ သည်။ [၄၈]
အမျိုးမျိုးသောအဖြစ်အပျက်များတွင် အသုံးပြုခြင်း
ဤညာသံ ကို နိုင်ငံအသီးသီးတွင် အသုံးပြုကြပါသည်။ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ သည် ISIS အား ဂျေဟာဒ် အဖြစ် ကြေငြာပြီးနောက် အီရတ်လူမျိုးအုပ်စုများသည် လပိုက်က ယာဟိုစိုင်းန် [49] ဟူသောညာသံ ဖြင့် ISIS အတွက် ပြုလုပ်သည့် စစ်ဆင်ရေးများတွင် အသုံးပြုခဲ့ကြပါ သည်။ [50] ဤညာသံ ကို အီရန် [51] အီရတ် ၊[52] နှင့် လက်ဘနွန် [53] တို့ ရှိ ကြံ့ကြံ့ခံ တော်လှန်ရေး အာဇာနည်များ၏ ဈာပနအခမ်းအနားများ တွင် အသုံးပြုခဲ့ကြပါသည်။ ထို့အပြင် လပိုက်က ယာဟိုစိုင်းန် ညာသံ ကို အခြေခံ၍ အခြားသော ညာသံ များကိုလည်း ဘာသာရေး ညီလာခံများ၊ ချီတက်ပွဲများ တွင် ပမာအားဖြင့် လပိုက်က ယာ ရစူလ်လွလ္လာဟ် [54] လပိုက်က ယာ ဟိုင်ဒဲရ် [55] လပိုက်က ယာ ဇိုင်နဗ် [56] လပိုက်က ယာ ကုရ်အာန် ၊ လပိုက်က ယာ မဲဟ်ဒီ [57] လပိုက်က ယာ အဗါလ်ဖွဇ်လ် [58] လပိုက်က ယာ ခိုမေနီ နှင့် လပိုက်က ယာ ခါမေနာအီ [59] ဆိုပြီး သုံးကြပါသည်။