မကာမေ မဟ်မူဒ်

wikishia မှ

မကာမေ မဟ်မူဒ် (အာရဗီ: مقام مَحمود) မဟ်မူဒ် အရိုက်အရာ ဆိုသည်မှာ - မြင့်မြတ်သာလွန်သောအရိုက်အရာ ၊ ချီးမွန်ထောမနာတင်ခြင်း အရိုက်အရာကို ဆိုလိုသည်။ ယင်းသည် တမန်တော်မြတ်ကြီး(ဆွ) ၏ ဂုဏ်ပုဒ်တော်ဖြစ်ပြီး ၊ ညအချိန်၌ နိုးထကာ အေဘာဒသ် ပြုလုပ်သောကြောင့် အရှင်မြတ်သည် တမန်တော်မြတ်ကြီး(ဆွ) အား မဟ်မူဒ် (ချီးမွန်းထောမနာတင်သူ )ဟူ၍ခေါ်တွင်ခဲ့လေသည်။ သဖ်စီးရ်ပညာရှင်များသည် စူရာအိစ်ရာအ် အာယသ်အမှတ် ၇၉ ၌ ထိုအရိုက်အရာအား တမန်တော်မြတ်ကြီး၏ ရှာဖွာအသ်ပေးခြင်း ( ကြား၀င်အသနားခံခြင်း) အရိုက်အရာ နှင့်သက်ဆိုင်သည်ဟု ဖွင့်ဆိုထားကြလေသည်။

အချို့သော သဖ်စီးရ် ပညာရှင်များသည် မဟ်မူဒ် ( ချီးမွန်းထောမနာတင်ခြင်း)အရိုက်အရာ ဟူသော အနက်အဓိပ္ပါယ်အား တမန်တော်မြတ်ကြီးသည် အခြားသော ဖန်ဆင်းခံများထက် သာလွန်မြင့်မြတ်မူရှိခြင်း ၊ ဖန်ဆင်းရှင်နှင့် အဆံုးစွန်‌ေသာနီးစပ်မူရှိခြင်း ဟူ၍ သိထားကြသည်။ ထိုအနက်အဓိပ္ပါယ်နှစ်မျိုးသည်လည်း ရှာဖွာအသ်ပေးစွမ်းခြင်း (ကြား၀င်အသနားခံခြင်း)၌ ပါ၀င်ပေသည်။ ဇေယာရသေ အာရှုရာ၏ ဖွင့်ဆိုမှုအရ အေမာမ် ဟိုစိန်(အ.စ) သည်လည်း မဟ်မူဒ်( ချီးမွန်းထောမနာတင်ခြင်း) အရိုက်အရာ ၌ရှိပေသည်။

စူရာအိစ်ရာအ် အာယသ်အမှတ် ၇၉

وَ مِنَ اللَّيْلِ فَتَهَجَّدْ بِهِ نَافِلَةً لَّكَ عَسىَ أَن يَبْعَثَكَ رَبُّكَ مَقَامًا مَّحمُوداً

တမန်တော်မြတ်ကြီးအတွက် ချီးမွန်း‌‌ထောမနာ ပြုထိုက်သော အနေအထား

အစ္စလာမ့်ပညာရှင်များ နှင့် သဖ်စီးရ် ပညာရှင်များသည် မဟ်မူဒ်အရိုက်အရာကို မြင့်မြတ်‌ေသာအနေအထား ၊ ချီးမွန်းထောမနာပြုထိုက်သော အနေအထား ဖြစ်ပြီး ဖန်ဆင်းရှင်သည် တမန်တော်မြတ်ကြီး၏ ညသန်းခေါယံအချိန် နိုးထပြီး အေဘာဒသ် ၀တ်ပြုမှု နှင့် နမားဇေရှက်ဗ်[၁] ဖတ်ရွတ်ခြင်းကြောင့် ဤ အရိုက်အရာ ကိုပေးသနားတော်မူခဲ့သည် ဟူ၍သိထားကြလေသည်။

မဟ်မူဒ်အရိုက်အရာ၏ အဓိပ္ပါယ် နှင့်ပတ်သက်ပြီး ပညာရှင်ကြီးများအကြား၌ မိန့်ဆိုမှု လာရှိထားသည်မှာ ရှာဖွာအသ်အရိုက်အရာသည် မအ်စူမ်အားလုံး၌ ရှိပေသည် ဟူ၍ဖြစ်သည်။[၂]

  • ရှဖွာအသ်(ကြား၀င်သနားခံသည့်)အရိုက်အရာ: များစွာသော ရှီအာ

[၃] နှင့် စွန္နီ [၄]ပညာရှင်ကြီးများ ၏ ရေဝါယသ်တော်များကို အသုံးပြုခြင်းအားဖြင့် မဟ်မူဒ်အရိုက်အရာသည် ထို ရှဖွာအသ်အရိုက်အရာပင် ဖြစ်သည်ဟူ၍ သိရှိထားကြလေသည်။ ဥပမာအားဖြင့် ရေဝါယသ်တစ်ခုအရ တမန်တော်မြတ်သည် စူရာ အစ်ရာအ် အာယသ်အမှတ် ၇၉၌ လာရှထားသည့် မဟ်မူဒ်အရိုက်အရာကို ၎င်း၏ အွမ္မသ်အတွက် ရှဖွာအသ်ပေးစွမ်းခြင်းနှင့် တူညီသောအရိုက်အရာ ဟု ယူစခဲ့လေသည်။ [၅] ထို့အပြင် အေမာမ်ဘာကရ် (အစ) သို့မဟုတ် အေမာ်ဆွာဒီက် (အစ)၏ရေဝါယသ် တစ်ခု၌ လာရှိထားသည်မှာ - မဟ်မူဒ်အရိုက်အရာ ကို ရှာဖွာအသ်ပေးခြင်း ဟူ၍ ဖွင့်ဆိုရှင်းလင်းထားပေသည်။ [၆] သဖ်စီးရ်ပညာရှင်အချို့သည် ထိုမဟ်မူဒ်အရိုက်အရာကို အကြီးမြတ်ဆုံးသော ရှဖွာအသ် ဟူ၍ ရည်ညွှန်းထားလေသည်။ [၇] ဆိုင်ယဒ် မိုဟမ္မဒ် သီဟ်ရာနီ ၏ အဆိုအရ တမန်တော်မြတ်ကြီး(ဆွ)အား ဖန်ဆင်းရှင်ပေးသနားထားသော မဟ်မူဒ်အရိုက်အရာသည် ရှဖွာအသ်အရိုက်အရာ၏ အနေအထားမှ ဖြစ်ပေသည်။ [၈]၎င်း၏အမြင်၌ မဟ်မူဒ်အရိုက်အရာတွင် ရှိရှိသမျှသော လှပတင့်တယ်မှု နှင့် သာလွန်မြင့်မြတ်မှုများ ရှိပြီး တမန်တော်မြတ်ကြီးအား ထိုအရိုက်အရာကို အကြွင်းမဲ့ ပေးအပ်ခဲ့လေသည်။[၉]

  • ဖန်ဆင်းခံများထက် သာလွန်မြင့်မြတ်ခြင်း: အချို့သော သဖ်စီးရ် ပညာရှင်များသည် မဟ်မူဒ်အရိုက်အရာနှင့် ပတ်သက်ပြီး တမန်တော်မြတ်ကြီး(ဆွ)သည် ထိုအရိုက်အရာ၌ အားလုံးသော ဖန်ဆင်းခံများထက် သာလွန်မြင့်မြတ်မှုရှိသည့် အ‌နေအထားဖြစ်ပြီး ထိုတမန်တော် လိုလားသည့်အရာအားလုံးကို ဖန်ဆင်းရှင်သည် ၎င်းအား ‌ပေးသနားတော်မူသည် ဟု သိထားကြလေသည်။

[၁၀]

  • ဖန်ဆင်းရှင်နှင့် အဆုံးစွန်သော နီးစပ်မှု: သဖ်စီးရ် နမူနာ၌ လာရှိထားသည်မှာ မဟ်မူဒ်အရိုက်အရာသည် ဖန်ဆင်းရှင်နှင့် အဆုံးစွန်‌သောနီးစပ်မှု အနေအထားဖြစ်ပြီး ဤအရာ၏ အကျိုးရလဒ်များအနက်မှ အကျိုးတစ်ခုမှာ အကြီးကြယ်ဆုံးသောရှာဖွာအသ် (ကြာခံအသနားခံ) ပေးခြင်းပင် ဖြစ်ပေသည်။ [၁၁]

အေမာမ် (အစ) များအတွက် မဟ်မူဒ်အရိုက်အရာ

အချို့သော ဇေယာရသ်စာသားများ၌ ‌အေမာမ်အလီ (အစ) [၁၂]အေမာမ်ဟိုစိန် (အစ) [၁၃]နှင့် အေမာမ်ရေဿွာ (အစ)[၁၄] တို့သည်လည်း မဟ်မူဒ်အရိုက်အရာ ရှိကြသူများ ဖြစ်သည်ဟူ၍ မိန့်ဆိုထားလေသည်။ ဇေယာရသ် သေ အာရှုရာ ၌လာရှိထားသည်မှာ (ဖန်ဆင်းရှင်ထံမှာ တောင်းခံပါ၏ ကျွန်တော်မျိုးအား လောကီ နှင့် လောကုတ္တရာ၌ အသင်နှင့် အတူတစ်ကွ ထားရှိတော်မူပါ။ ထို့နောက် ၎င်းထံမှ လိုလားသည်မှာ ကျွန်တော်မျိုးအား ၎င်းအတွက် ဖန်ဆင်းရှင်နှင့် အတူရှိ‌ေနသည့် မဟ်မူဒ်အရိုက်အရာကိုလည်း ‌ပို့ဆောင်ပေးတော်မူပါ။) [၁၅]

ရှိအာဟ်သဖ်စီးရ်ပညာရှင် မကာရင်-မေ- ရှီရှာဇီ ၏ ပြောကြားချက်အရ စူရာအစ်ရာအ် အယာသ် အမှတ် ၇၉ သည် မည်မျှပင် တမန်တော်မြတ်ကြီးအတွက်သာ လျှင် ဖြစ်စေကာမူ ၎င်း၏ မိန့်ရပ်သည် အခြားသောသူများနှင့်လည်း သက်ဆိုင်ပေသည်။ ဆိုလိုသည်မှာ ယင်းအာယသ်၏ဆိုလိုရင်းသည် နမားဇေ ရှက်ဗ် ဖတ်ရွတ်သော မိုအ်မင်န် သာတော်စင်အဖို့ အကျုံး၀င်ပေသည်။ ထို့နောက် ဖန်ဆင်းရှင်နှင့် နီးစပ်မှုရှိသလောက် ရှာဖွာအသ်ပေးခြင်းကို လက်‌၀ယ်ရရှိပြီး အခြားသောသူများကို ရှာဖွာအသ် ပေးနိုင်ပေမည်။[၁၆]

မှတ်စုများ

  1. طبرسی، مجمع البیان، ۱۳۷۲ش، ج۶، ص۶۷۰؛ طبرسی، تفسیر جوامع الجامع، تهران، ۱۳۷۷ش، ج۲، ص۳۴۱.
  2. طوسی، التبیان، دار احیاء التراث العربی، ج۶، ص۵۱۰–۵۱۱؛ طبرسی، مجمع البیان، ۱۳۷۲ش، ج۶، ص۶۷۱؛ فیض کاشانی، تفسیر الصافی‏، ۱۴۱۵ق، ج۳، ص۲۱۰؛ بحرانی، ‏البرهان‏، ۱۴۱۶ق، ج۳، ص۵۶۹؛ عیاشی، کتاب التفسیر، ‏۱۳۸۰ش، ج۲، ص۳۱۴؛ طباطبایی، تفسیر المیزان، ۱۳۷۷ش، ج۱، ص۱۷۸؛ مکارم شیرازی، تفسیر نمونه، ۱۳۷۰ش، ج۱۲، ص۲۳۲؛ جوادی آملی، تفسیر تسنیم، ۱۳۷۸ش، ج۴، ص۲۸۵؛ شبر، تفسیر القرآن الکریم، ۱۴۱۲ق، ص۲۸۶؛ فخر رازی، مفاتیح الغیب، ۱۴۲۰ق، ج۲۱، ص۳۸۶–۳۸۷؛ قرطبی، یوم الفزع الاکبر، مکتبة القرآن، ص۱۵۵.
  3. طوسی، التبیان، دار احیاء التراث العربی، ج۶، ص۵۱۲؛ طبرسی، مجمع البیان، ۱۳۷۲ش، ج۶، ص۶۷۱؛ فیض کاشانی، تفسیر الصافی‏، ۱۴۱۵ق، ج۳، ص۲۱۱–۲۱۲؛ بحرانی، ‏البرهان، ۱۴۱۶ق، ج۳، ص۵۷۰–۵۷۴؛ عیاشی، کتاب التفسیر، ‏۱۳۸۰ش، ج۲، ص۳۱۴؛ طباطبایی، تفسیر المیزان، ۱۳۷۷ش، ج۱، ص۱۷۸؛ مکارم شیرازی، تفسیر نمونه، ۱۳۷۰ش، ج۱۲، ص۲۳۲؛ جوادی آملی، تفسیر تسنیم، ۱۳۷۸ش، ج۴، ص۲۸۵؛ شبر، تفسیر القرآن الکریم، ۱۴۱۲ق، ص۲۸۶
  4. فخر رازی، مفاتیح الغیب، ۱۴۲۰ق، ج۲۱، ص۳۸۷؛ قرطبی، یوم الفزع الاکبر، مکتبة القرآن، ص۱۵۵
  5. ابن حنبل، مسند، دار صادر، ج۲، ص۴۴۱.
  6. عیاشی، کتاب التفسیر، ‏۱۳۸۰ش، ج۲، ص۳۱۴.
  7. طباطبایی، تفسیر المیزان، ۱۳۷۷ش، ج۱، ص۱۷۸؛ مکارم شیرازی، تفسیر نمونه، ۱۳۷۰ش، ج۱۲، ص۲۳۲؛ جوادی آملی، تفسیر تسنیم، ۱۳۷۸ش، ج۴، ص۲۸۵.
  8. حسینی تهرانی، امام‌شناسی، ج۹، ص۱۶۴.
  9. حسینی تهرانی، امام‌شناسی، ج۹، ص۱۶۲.
  10. طبرسی، مجمع البیان، ۱۳۷۲ش، ج۶، ص۶۷۱؛ ابن عربی، فتوحات مکیه، مؤسسة آل البیت لإحیاء التراث، ج۴، ص۵۷؛ عروسی حویزی، تفسیر نورالثقلین، ۱۴۱۵ق، ج۳، ص۲۰۶.
  11. مکارم شیرازی، تفسیر نمونه، ۱۳۷۰ش، ج۱۲، ص۲۳۱–۲۳۲.
  12. طوسی، تهذیب الاحکام، ‌۱۴۰۷ق، ج۶،‌ ص۳۰.
  13. مجلسی، بحارالانوار، ۱۴۰۳ق، ج۱۰۱، ص۲۹۲.
  14. صدوق، من لایحضره الفقیه، ۱۴۱۳ق، ج۲، ص۶۰۵؛ طوسی، تهذیب الاحکام، ‌۱۴۰۷ق، ج۶،‌ ص۸۸.
  15. مجلسی، بحارالانوار، ۱۴۰۳ق، ج۱۰۱، ص۲۹۲.
  16. مکارم شیرازی، تفسیر نمونه، ۱۳۷۰ش، ج۱۲، ص۲۳۱–۲۳۲.

ကျမ်းကိုးမျာ

  • ابن حنبل، احمد، مسند، بیروت، دار صادر، [بی‌تا].
  • ابن عربی، محی‌الدین، فتوحات مکیه، قم، موسسة آل البیت(ع) لإحیاء التراث، [بی‌تا].
  • بحرانی، سید هاشم‏، ‏البرهان فی تفسیر القرآن‏، تهران‏، بنیاد بعثت، ۱۴۱۶ق.
  • جوادی آملی، عبدالله، تفسیر تسنیم، قم، مرکز نشر اِسراء، ۱۳۷۸ش.
  • شبر، سید عبدالله، تفسیر القرآن الکریم، بیروت، ‏دارالبلاغة للطباعة والنشر، ۱۴۱۲ق.
  • صدوق، محمد بن علی بن بابویه، من لایحضره الفقیه، تحقیق علی‌اکبر غفاری، قم، دفتر انتشارات اسلامی، چاپ دوم، ۱۴۱۳ق.
  • طباطبایی، سید محمدحسین، تفسیر المیزان، قم، دفتر انتشارات اسلامی، ۱۳۷۷ش.
  • طبرسی، فضل بن حسن، تفسیر جوامع الجامع، تهران، انتشارات دانشگاه تهران و مدیریت حوزة علمیة قم، ۱۳۷۷ش.
  • طبرسی، فضل بن حسن، مجمع البیان فی تفسیر القرآن، تهران، انتشارات ناصر خسرو، ۱۳۷۲ش.
  • طوسی، محمد بن حسن، التبیان فی تفسیر القرآن، بیروت، دار احیاء التراث العربی، [بی‌تا].
  • طوسی، محمد بن حسن، تهذیب الاحکام، تحقیق حسن موسوی خرسان، تهران، دارالکتب الاسلامیه، چاپ چهارم، ‌۱۴۰۷ق.
  • عروسی حویزی، عبدعلی بن جمعه، تفسیر نورالثقلین، قم، انتشارات اسماعیلیان، ۱۴۱۵ق.
  • عیاشی، محمد بن مسعود، کتاب التفسیر، ‏تهران، ‏چاپخانه علمیه، ۱۳۸۰ق.
  • فخر رازی، محمد بن عمر، مفاتیح الغیب، بیروت، دار احیاء التراث العربی، ۱۴۲۰ق.
  • فیض کاشانی، ملامحسن، تفسیر الصافی‏، تهران، انتشارات الصدر، ۱۴۱۵ق.
  • قرطبی، محمد بن احمد الانصاری، یوم الفزع الاکبر، محقق: محمد ابراهیم سلیم، مصر، الطبع و النشر مکتبة القرآن، [بی‌تا].
  • مجلسی، محمدباقر، بحارالانوار لدرر اخبار الائمة الاطهار، بیروت، دار احیاء التراث العربی، ۱۴۰۳ق.
  • مکارم شیرازی، ناصر، و دیگران، تفسیر نمونه، قم، دارالکتب الاسلامیه، ۱۳۷۰ش.