မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ ကွန်နီယသ်တော်များ နှင့် ဘွဲ့တော်များ စာရင်း

wikishia မှ
မဟာတမန်တော်မြတ်ကြီး(ဆွ)၏ဘွဲ့တော်များ အချို့များဖြစ်သည့် မဲဟ်မူဒ်၊အဲဟ်မဒ် ၊ဟမီးဒ် မာဟင်န် နှင့် ဟာမစ်ဒ် ရေးသားထားသည့် ကားချပ်လက်ရာ ။(1) တမန်တော်မြတ်(ဆွ) သို့မဟုတ် တစ်ခါတစ်ရံအေမာမ် အလီ (အ.စ)ဂုဏ်တော်များကို လက်ရေးလှ ဖြင့် ဖော်ပြထားပါသည်။(2)

မဟာတမန်တော်မြတ် ကြီး (ဆွ) ၏ ကွန်နီယသ်တော်များ နှင့် ဘွဲ့တော်များ စာရင်း ၊ (အရဘီ - قائمة ألقاب وكنى رسول الله (ص) ) ဆိုသည်မှာ ကျမ်းတော်မြတ်ကုရ်အာန် ၊ ရှီအဟ် နှင့် စွန်နီ ရေဝါယသ်တော်များ ၏ အရင်းအမြစ်များ တွင် တမန်တော်မြတ်(ဆွ) အား ရည်ညွှန်း ထားသည့်ကွန်နီယသ် (ဘိုးဘကို အစွဲပြု၍ခေါ်သည့်အမည်) တော်များ နှင့်ဘွဲ့ တော်များဖြစ်ပါသည်။ အဲဟ်မဒ် (ဆွ) ၊ မိုဟမ္မဒ် (ဆွ) ၊ မဲဟ်မူဒ် (ဆွ) နှင့် မွတ်ဆ်သဖွာ(ဆွ) တို့သည် မဟာတမန်တော်မြတ်ကြီး ၏ အမည်များ (3) ဖြစ်ပါပြီး အဘူလ်ကာစင်မ် သည် ကိုယ်တော်မြတ် (ဆွ) ၏ ကျော်ကြားသည့် ကွန်နီယသ်တော် ဖြစ်ပါသည်။ အလာမာ မဂျ်လေစီ အနေဖြင့် မိမိ၏ စာအုပ် ဘေဟာရိုလ်အန်နဝါရရ် တွင် မနာကစ်ဘ် အစ်ဘ်နေ ရှဟ်ရေ အာရူဘ် ၏ ဆင့်ပြန်ချက်ကိုကိုးကား၍ ကျမ်းတော် မြတ် ကုရ်အာန်တွင် တမန်တော်မြတ် (ဆွ) အတွက် တင်ပြထားသည့် အမည် နှင့် ဘွဲ့တော်ပေါင်း ၄၀၀ ရှိကြောင်းတင်ပြထားပါသည်။(4) ဤခေါင်းစဥ် နှင့်ပတ်သက်ပြီး တိုက်ရိုက် ရေးသားထားသည့်စာအုပ်များ ရှိပါသည်။ ထိုစာအုပ်များ တွင် ကိုယ်တော် မြတ် (ဆွ) ၏ ဘွဲ့တော် နှင့် ဂုဏ်လက္ခဏာတော်ပေါင်း တစ်ထောင် ကျော် ကို ရေးသား တင်ပြထားပါသည်။

ကွန်နီယသ်တော်များ

ရှီအဟ် နှင့် စွန်နီ ကျမ်းများ လာမဟာတမန်တော်မြတ်ကြီး (ဆွ) ၏ ကွန်နီယသ် ( (ဘိုးဘကို အစွဲပြု၍ခေါ်သည့်အမည်) တော်များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အဘူလ်ကာစင်မ် (5) အဓိပ္ပာယ် မှာ ကာစင်မ်၏ ဖခင် ဖြစ်ပါသည်။ တမန်တော် မြတ် (ဆွ) သည် သားဦး ကာစင်မ် ကိုမွေးဖွားပြီးနောက် ဤ ကွန်နီယသ်တော်ဖြင့် လူသိများ ကျော်ကြားခဲ့ပါသည်။ ဤအတွက်ကြောင့် အဘူလ်ကာစင်မ် ဟု ကိုယ်တော် အား ခေါ်ဆို ခဲ့ကြပါသည်။ ထိုပြင် ဂျန္နသ်သုခဘုံကို ခွဲ‌ဝေ ပေးမည့်သူ ဖြစ်သည့် အတွက် ကြောင့်လည်းဖြစ်သည်ဟု ဆိုထားပါသည်။ (6)ထိုပြင် ကိုယ်တော်မြတ် (ဆွ) သည် အားလုံး၏ဖခင် ဖြစ်သည့်အတွက် အေမာမ် အလီ (အ.စ) ၏ ဖခင်လည်းဖြစ်ပါသည်။ အေမာမ် အလီ (အ.စ)သည် (ဂျန္နသ်သုခဘုံ နှင့် ဂျဟန္နမ် ငရဲဘုံကို ပိုင်းခြား ပေးမည့်သူ ခွဲဝေပေးမည့်သူ ဖြစ်၍ ) ၎င်း၏ ဖခင် အဘူလ်ကာစင်မ် ဟုလည်း ခေါ်ဆိုခြင်း ဖြစ်ပါ သည်။ (7) အဘူအီဗရာဟီးမ် (8) အဓိပ္ပာယ် မှာ အီဗရာဟီးမ် ၏ ဖခင် ဖြစ်ပါသည်။ အဘူလ်အရာမေလ် (9) အဓိပ္ပာယ် မှာ မုဆိုးမများ၏ ဖခင် ဖြစ်ပါသည်။ သောင်ရာသ် ကျမ်း တွင် ကိုယ်တော်မြတ်(ဆွ) အားဤ ကွန်နီယသ်တော် ဖြင့်ခေါ် ဆိုထားပါသည်။ (11) ဤကွန်နီယသ် တော် သည် ကိုယ်တော်မြတ် (ဆွ) အနေဖြင့် မုဆိုးမများ အပေါ် ဖခင် တစ်ဦး ပမာ သနားကြင်နာတော်မူသည့် အတွက်ကြောင့် ဖြစ်ပါသည်။(11) အဘူလ် အွန်မဟ် (12) အဓိပ္ပာယ် မှာ အွန်မသ် (နောက်လိုက်နောက်သားများ)၏ ဖခင် ဖြစ်ပါသည်။ အဘူဒ်ဒိုရာသိုင်းန် (13) အဓိပ္ပာယ် မှာ ပုလဲ လုံး နှစ် လုံး ၏ ဖခင်ဖြစ်ပါသည်။ ပုလဲ လုံး နှစ်လုံး ဆိုသည်မှာ အေမာမ်ဟစန်(အ.စ) နှင့် အေမာမ် ဟိုစိုင်းန်(အ.စ) ကို ဆိုလိုခြင်း ဖြစ်ပါသည်။ (14) အဘူလ်ရေဟန်နသိုင်းန် (15) အဓိပ္ပာယ် မှာ ရေဟန်နေ နှစ်ခု ဖခင် ဖြစ်ပါသည်။ ရေဟန်နသိုင်းန် ဆိုသည်မှာ အေမာမ် ဟစန်(အ.စ) နှင့်အေမာမ် ဟိုစိုင်းန် (အ.စ) နှစ်ပါး ကိုဆိုခြင်းဖြစ်ပါသည်။ (16)ရေဟန်နေ ၏ အဓိပ္ပာယ် မှာ မွှေးကြိုင်နေသည့် သစ်ဖု သစ်ဥ ကိုခေါ်ဆိုခြင်း ဖြစ်ပါသည်။ အဘူလ်စစ်ဘသိုင်းန် (17) အဓိပ္ပာယ် မှာ မျိုးနွယ် နှစ်ခု ၏ ဖခင် ဖြစ်ပါသည်။ ဟဒီးစ်တော် အရ စစ်ဘသိုင်းန် ဆိုသည် မှာ အေမာမ် ဟစန်(အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) နှစ်ပါး ဖြစ်ပါသည်။(18) စစ်ဘ် ဆိုသည်မှာ မျိုးနွယ် နှင့် အွန်မသ် ဖြစ်ပါသည်။ တမန်တော်မြတ်(ဆွ) ၏ မျိုးဆက် သည် အေမာမ် ဟစန်(အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) တို့ မှ ရှေ့ ဆက်သည့် အတွက်ကြောင့်လည်း ယူဆ နိုင်ပါသည်။ (19) အဘူလ်သွာဟေရ် (20) အဓိပ္ပာယ် မှာ သွာဟေရ်၏ ဖခင် ဖြစ်ပါသည်။ သွာဟေရ် ဆိုသည် မှာ တမန်တော်မြတ်(ဆွ) ၏ သားတော် အဗ်ဒိုလ္လာဟ် ဖြစ်ပါသည်။ ၎င်းအား သွယစ်ဘ် ၊ သွာဟေရ် ဆိုသည့် ဘွဲ့တော် ဖြင့် ခေါ်ဆို ကြပါသည်။ (21) အဘူလ်မစာကင်းန် (22) အဓိပ္ပာယ် မှာ ဆင်းရဲသားများ ၏ ဖခင် ဖြစ်ပါသည်။ အဘူန်နူးရ် ဝလ် အစ်ရှ်ရာက် (23) အဓိပ္ပာယ် မှာ အလင်း နှင့် တောက်ပ မှု ၏ ဖခင် ဖြစ်ပါသည်။ အလင်း နှင့် တောက်ပ မှုဆိုသည်မှာ သမီးတော် ဖွာတွေမဟ် (စ.အ) ။ ပညာ သို့မဟုတ် အီမာန် ဖြစ်ပါသည်။ (24)

ဘွဲ့တော်များ

ရှီအဟ် နှင့် စွန်နီ ကျမ်းများ အရ ကျမ်းတော်မြတ် ကုရ်အာန် နှင့် ရီဝါယသ်တော်များ တွင် ဖော်ပြထားသည့် တမန်တော်မြတ် (ဆွ) ၏ ဂုဏ် လက္ခဏာတော်များ နှင့် ဘွဲ့တော်များ မှ အချို့ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ အာခေရွန် ဖီးလ်ဘေအ်စဟ် (25) အဓိပ္ပာယ် မှာ နောက်ဆုံးစေလွတ်တော်မူခြင်း ခံရသည့် တမန်တော်မြတ် (ဆွ) ဖြစ်ပါသည်။ အလ်အာမေရ် (26) အဓိပ္ပာယ် မှာ အလ္လာဟ် ဟိုအရှင်မြတ် ၏ အမိန့်တော် အတိုင်း အမိန့်ပေးသူဖြစ်ပါသည်။(27) အဖ်ဆွဟိုအရပ်ဘ် (28) အဓိပ္ပာယ် မှာ အရပ်များ စကားအကြွယ် တကာအကြွယ် ဆုံးသူ ဖြစ်ပါသည်။ အစ်နို ပသွဟာ ဝါ မက္ကဟ် (29) ) အဓိပ္ပာယ် မှာ ပသွဟာ နှင့် မက္ကာဟ် ၏ သားတော် ဖြစ်ပါသည်။ အစ်ဗ်နိုဇ်ဇဘီဟိုင်းန် (30) အဓိပ္ပာယ် မှာ အလ္လာဟ် အတွက် ကုရ်ဘာနီ ပေးခဲ့သူ နှစ်ဦး ( အီစ္စမာအီးလ် (အ.စ) နှင့် အဗ်ဒိုလ္လာဟ် (အ.စ) ) ၏ သားတော် ဖြစ်ပါသည်။ အစ်ဗ်နိုလ်အဝါသစ်က် (31) အဓိပ္ပာယ် မှာ အဝါသစ်က်များ ၏ သားတော်ဖြစ်ပါသည်။ အဝါသစ်က် ဆိုသည်မှာ တမန်တော်မြတ် (ဆွ) ၏ အဖွားတော်များ မှ ဆိုလိုင်းမ် မျိုးနွယ် တွင်အမျိုးသမီး သုံးဦး၏အမည် များ ဖြစ်ပါသည်။ ရီဝါယသ်တော် တစ်ခု ၏ အရ စစ်ပွဲတစ်ခု တွင် ကိုယ်တော်မြတ် (ဆွ) သည် ဓားရေး ပြ ပြီး (32) မိမိ ကိုယ်ကို ဤ ဘွဲ့တော်ဖြင့် မိတ်ဆက် ပေးခဲ့ပါသည်။ ဤအတွက်ကြောင့် ဆိုလိုင်းမ် မျိုးနွယ် အား ရဲစွမ်း သတ္တိ ရှိသည့် မျိုးနွယ် ဟုခေါ်ဆိုပါသည်။(33) အစ်ဗ်နိုလ်ဖဝါသွေမ် (34) အဓိပ္ပာယ် မှာဖွာတွေမဟ်များ ၏သားတော် ဖြစ်ပါသည်။ သာရီးခ်ခေ ယအ်ကူဘီ အရ ကိုယ်တော် မြတ် (ဆွ) ၏ အဖွားတော် များ တွင် ဖွာတွေမဟ် အမည်ဖြင့် လေးဦးရှိပါသည်။ (35) အိုဇိုနို ခိုင်းရ် (36) အဓိပ္ပာယ် မှာ အကောင်းတကာ အကောင်းဆုံး နားထောင် သူဖြစ်ပါသည်။ အိုဇိုန် အာယသ်တော် ဘက်သို့ ရည်ညွှန်းနေ ခြင်း ဖြစ်ပါသည်။ အရ်ရအူဖ် (37) အဓိပ္ပာယ် မှာ ကရုဏာ ရှိသူ ၊ သနားကြင်နာ သူ ဟုဖြစ်ပါသည်။ အရ်ရစူလ် (38) အဓိပ္ပာယ် မှာ အလ္လာဟ် စေလွတ်တော်မူထားသည့် တမန်တော် ဖြစ်ပါသည်။ အလ်ရစူလိုလ်မိုစာဒဒ် (39) အဓိပ္ပာယ် မှာ အလ္လာဟ် ဟို အရှင်မြတ် အတည်ပြုပြီး စေလွတ် တော်မူခြင်းခံရသူ ဖြစ်ပါသည်။ အလ်မိုဒစေရ် (40) အဓိပ္ပာယ် မှာ ခြုံစောင် ခြုံထားသူဖြစ်ပါသည်။ စူရဟ် မိုဒစေရ် ၏ ပထမ အာယသ်တော်ဘက်ကို ရည်ညွှန်း ထားပါသည်။ အလ်မိုဇမ်မေလ် (41) အဓိပ္ပာယ် မှာ ကိုယ်ရုံခြုံထားသူ ဖြစ်ပါသည်။ စူရဟ် မိုဇမ်မေလ် ၏ ပထမ အာယသ်တော် ဘက်သို့ ရည်ညွှန်း ထားပါသည်။ အလ်အေမာမ် (42) အဓိပ္ပာယ် မှာ လူသားများ ၏ အေမာမ် ရှေ့ဆောင် ၊ ခေါင်းဆောင် ဖြစ်ပါသည်။ အလ်အေမာမ် မို မွတ်သကီးန် (43) အဓိပ္ပာယ် မှာ သီလသမာဓိရှိသူများ ၏ ခေါင်‌ဆောင် ၊ ရှေ့ဆောင် ဖြစ်ပါသည်။ အွန်မီ (44) အဓိပ္ပာယ် မှာ စာ မသင်ထားသူ ဖြစ်ပါသည်။ အမီးန် (45) အဓိပ္ပာယ် မှာ ယုံကြည် စိတ်ချရသူ ၊ အလွဲသုံးစား မပြုသူ ဖြစ်ပါသည်။ အလ်မီးနိုလ်မွန်သခဘ် (46) အဓိပ္ပာယ် မှာ ရွေးချယ်ခြင်း ခံထားရသည့် အလွဲသုံးစား မပြုသူ ဖြစ်ပါသည်။ အလ်အောင်လာ (47) အဓိပ္ပာယ် မှာ မိုအ်မင်များအတွက် ၎င်းတို့ထက် ပို၍ ထိုက်တန်သူ ဖြစ်ပါ သည်။ (48) အလ်ဘရှရ် (49) အဓိပ္ပာယ် မှာ လူသားဖြစ်ပါသည်။တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) အား ဘရှရ် ဟု ခေါ်ဆိုရခြင်း၏ အကြောင်း အရင်း မှာ ကိုယ်တော် သည် အကြီး မြတ်ဆုံး လူသားဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ (50) ဘိုရှ်ရာအီစာ (51) အဓိပ္ပာယ် မှာ ကိုယ်တော်မြတ် (ဆွ) ပွင့်မည့် အကြောင်း ကို အီစာ (အ.စ) မှ သတင်းကောင်း ပေးခဲ့ပါသည်။ အလ်ဘရှီးရ် (52) အဓိပ္ပာယ် မှာ သတင်းကောင်းပေးသူဖြစ်ပါသည်။ အလ်သကီး (53) အဓိပ္ပာယ် မှာ သီလ၊သမာဓိ ရှိသူ ၊ မိမိကိုယ်ကို ထိန်းသိမ်း သူဖြစ် ပါသည်။ စာနီယိုစ်စနိုင်းန် (54) ဤဘွဲ့တော် အား လာသဟ်ဇန် အာယသ်တော် မှ ကောက်နုတ် ထားခြင်းဖြစ်ပါသည်။ အဓိပ္ပာယ် မှာ ဟိဂျရသ် ပြုသည့် အချိန် စူရ် ဂူ အတွင်း ပုန်းရှောင်နေသူ နှစ်ဦး အနက်မှ ဒုတိယ တစ်ဦး ဖြစ်ပါသည်။ (55) အလ်ဟာရှေရ် (56) အဓိပ္ပာယ် မှာ လူအများ ၎င်းနောက်ကို လိုက်စေသူဖြစ်ပါသည်။ (57) အလ်ဟာမဒ် (58) အလ္လာဟ် ဟို အရှင်မြတ် အား ချီးမွမ်း ထောမနာ သူ ဖြစ်ပါသည်။ ဟာမေလိုလ် ဟေရာဝဟ် (59) အဓိပ္ပာယ် မှာ တောင်ဝှေးရှင် ဖြစ်ပါသည်။ရီဝါယသ် နဘဝီတော် တစ်ခု အရ တောင်ဝှေးသည် နဘီတမန်တော်များ(အ.စ)၏ စွန္နသ် တော် များ မှ တစ်ခုဖြစ်ပါသည်။ (60) ဟဘီဘွလ္လာဟ် (61) အဓိပ္ပာယ် မှာ အလ္လာဟ်၏ အချစ်တော် ဖြစ်ပါသည်။ ဟဘီဘိုလ်မွန်သဂျဘ် (62) အဓိပ္ပာယ် မှာ ရွေးချယ်ခံ ရသူ အချစ်တော် ဖြစ်ပါသည်။ အလ်ဟကင်းမ် (63) အဓိပ္ပာယ် မှာ ကျိုးကြောင်းဆင်ခြင်တတ်သူ ဖြစ်ပါသည်။ ဟက္က်ကွန် မိုဘီးန် (64) အဓိပ္ပာယ် မှာ အမှန်တရားကို ထင်ရှားစွာ ဖော်ထုတ်သူ ဖြစ်ပါသည်။ ဟေရ်ဇိုလ်အွန်မီယီးန် (65) စာမသင်ကြားရသူများ ၏ ခိုလှုံရာ ၊ သောင်ရာသ် ကျမ်းတွင် ကိုယ်တော်မြတ် (ဆွ) အား ဤဘွဲ့တော် ဖြင့် အောက်မေ့ ထားပါသည်။ (66) အလ်ဟနီးဖ် (67) အဓိပ္ပာယ် မှာ အမှား ဝါဒကို ကျောခိုင်းပြီး အစ္စလာမ် ဝါဒ အပေါ် ခိုင်မာ တည်မြဲစွာရပ်တည်သူ ဖြစ်ပါသည်။ အလ်ခါသမ် (68) အဓိပ္ပာယ် မှာ အဆုံးသတ်သူ ၊ နောက်ဆုံး တမန်တော်မြတ် ဖြစ်ပါသည်။ ခါသမ်မိုလ်အန်ဘီယာအ် (69) အဓိပ္ပာယ် မှာ နောက်ဆုံး တမန်တော်မြတ် ဖြစ်ပါသည်။ ခါသမ်မိုန်နဘူဝဟ် (70) အဓိပ္ပာယ် မှာ နဘီဝသ်ကို နိဂုံး ချုပ်စေသူ ဖြစ်ပါသည်။ ခါသမ်မွန်နဘီယီးန် (71) အဓိပ္ပာယ် မှာ နဘီများ တွင် နောက်ဆုံးနဘီ ဖြစ်ပါသည်။ ခလ်ကိုလ္လာဟ် (72) အဓိပ္ပာယ် မှာ အလ္လာဟ် အဖန်ဆင်းခံ ဖြစ်ပါသည်။ ခလီဖသိုလ္လာဟ် ဖီးလ်အရ်ဆွေ (73) အဓိပ္ပာယ် မှာ မြေပထဝီ တွင် အလ္လာဟ် ၏ ကိုယ်စားလှယ် ခလီဖာ ဖြစ်ပါသည်။ ခလီလွလ္လာဟ် (74) အဓိပ္ပာယ် မှာ အလ္လာဟ် ချစ်မြတ်နိုးသူ ဖြစ်ပါသည်။ (75) ခိုင်းရိုလ်ဘရီယဟ် (76) အဓိပ္ပာယ် မှာ အလ္လာဟ်၏ အကောင်းတကာ အကောင်းဆုံး ဆုံး အဖန်ဆင်းခံ ဖြစ်ပါသည်။ ခိုင်းရိုလ်ဘရှရ် (77) အဓိပ္ပာယ် မှာအကောင်း တကာအကောင်းဆုံး လူသားဖြစ် ပါသည်။ ခယရသွလ္လာဟ် (78) အဓိပ္ပာယ် မှာ အလ္လာဟ် ရွေးချယ်ထားသူ ဖြစ်ပါသည်။ အဒ်ဒါအီ (79) အဓိပ္ပာယ် မှာ လူသားများ ကို အလ္လာဟ်ဘက်သို့ ဖိတ်ခေါ်သူ ဖြစ်ပါသည်။ ဒါဖေအိုဂျိတ်ရှာသေလ်အပါသီးလ် (80) အဓိပ္ပာယ်မှာ မှားယွင်းသည့် ဆူညံမှုနှင့် ဆူပူမှုကို ဖယ်ရှား ပေးသူ ဖြစ်ပါသည်။ (81) ဒအ်ဝသွန် အီဗရာဟီးမ် (82) အဓိပ္ပာယ်မှာ ဟဇရသ် အီဗရာဟီးမ် (အ.စ) ၏ ဆုတောင်းပြည့်၍ ကြွမြန်းလာသူ ၊ ဟဇရသ် အီဗရာဟီးမ် (အ.စ) ၏ အညယသ် အစ်ဘ်သလာ ပါ အီဗရာဟီးမ် (အ.စ)၏ ဒိုအာဘက်သို့ ရည်ညွှန်းပါသည်။ အဇ်ဖေက်ရ် (83) အဓိပ္ပာယ်မှာ အလ္လာဟ်ကို အောက်မေ့ခြင်း ၊ လူသားအားအလ္လာဟ် ကိုအောက်မေ့ရန် အတွက် သတိရမှု ကို ဖြစ်စေသူ ဖြစ်ပါသည်။ အရ်ရဖေအ် (84) အဓိပ္ပာယ်မှာ မြင့်တင်ပေးသူ ဖြစ်ပါသည်။ ရာကေဘိုလ်ဂျမလ် (85) အဓိပ္ပာယ်မှာ ကုလားအုတ်စီးသူ ၊ (သောင်ရာသ်ကျမ်းတွင် ဟဇရသ် မူစာ(အ.စ) ပြီးနောက် တမန်တော်မြတ် နှစ်ပါး အကြောင်းလာရှိ ပါသည်။ တစ်ပါးမှာ မြည်းစီးသူ ဖြစ်ပြီးနောက် တစ်ပါးမှာ ကုလားအုတ် စီးသူ ဖြစ်ပါသည်။ မြည်းစီးသူမှာ ဟဇရသ် အီစာ (အ.စ) (ခ) ‌ယေရှု (အ.စ)ဖြစ်ပြီး ကုလားအုတ်စီးသူမှာ ဟဇရသ် မိုဟမ္မဒ် (ဆွ) ဖြစ်ပါသည်။ ဂျူလူမျိုးများတွင် နောက်ဆုံး တမန်တော်မြတ်(ဆွ) သည် ဤဖော်ပြချက်ဖြင့်ဟေဂျာဇ် (ဆော်ဒီ) သို့ ကြွမြန်းလာမည့် အကြောင်းမိတ်ဆက်ပေးထားပါသည်။ အကြောင်းမှာ ထိုဒေသမှ လူများသည် များသော် အားဖြင့် သယ်ယူ ပို့ဆောင်ရေး အတွက် ကုလားအုတ်များအသုံး ပြုသည့် အတွက် ကြောင့် ဖြစ်ပါသည်။ (86) အရ်ရဟ်မဟ် (87) အဓိပ္ပာယ်မှာ ကြင်နာမှု ၊ ကရုဏာ ဖြစ်ပါသည်။ ရဟ်မသိုလ်အာလမီးန် (88) အဓိပ္ပာယ်မှာ စကြာဝဠာ အတွက် ကရုဏာ တော် ဖြစ်ပါသည်။ ရဟ်မသွန် လစ်လ်အာလမီးန် (89 ) အဓိပ္ပာယ်မှာ စကြာဝဠာ အတွက် ကရုဏာ တော် ဖြစ်ပါသည်။ အရ်ရဟီးမ် (90) အဓိပ္ပာယ်မှာ ဂရုဏာ ရှိသူ ဖြစ်ပါသည်။ ရစူလ်လို ၕဗ်လေလ်အာလမီးန် (91) အဓိပ္ပာယ်မှာ စကြာဝဠာ အရှင်သခင်၏ ရစူလ် (ဆွ)ဖြစ်ပါသည်။ ရစူလ်လွတ်ရ်ရဟ်မဟ် (92) အဓိပ္ပာယ်မှာ ကာရုဏာရှင် ရစူလ် (ဆွ) ဖြစ်ပါသည်။ ဤဘွဲ့တော် ၏ အကြောင်း အရင်း မှာ တမန်တော်မြတ် (ဆွ) တမန်တော် တာဝန် ဝတ္တရား မှာအမှန်တကယ် ကရုဏာနှင့် ကြင်နာမှု ဖြစ်သည့် အတွက် ကြောင့် ဖြစ်ပါ သည်။ (93) ရစူလ်လိုလ်ဟမာဒီးန် (94) အဓိပ္ပာယ်မှာအလ္လာဟ်ဟို အရှင်မြတ်အား အလွန်ချီးမွမ်း ထောမန ပြု သည့် အမြဲချီးမွမ်း ထောမန ပြုသည့် အွန်မသ် ၏ တမန်တော်မြတ် (ဆွ) ရစူလွလ္လာဟ် (95) အလ္လာဟ်ဟို အရှင်မြတ်စေလွတ်တော်မူသည့် တမန်တော် (ဆွ) ရူဟိုလ်ဟက် (96) အလ်ဂါရိုကလီသွ် ဆိုသည့်အရဘီ ၏ ဘာသာပြန်ဖြစ်ပါသည်။ဤနာမည်ဖြင့် အင်ဂျီးလ် ကျမ်းတွင်ကိုယ်တော်မြတ် (ဆွ) အားဖော်ပြ ထားခြင်း ဖြစ်ပါသည်။ အဓိပ္ပာယ် မှာ အမှန် တရား နှင့် အမှား မတရားကို ပိုင်းခြားပြသူ ဖြစ်ပါသည်။ (97) ဇိုင်နိုလ်‌ ကေယာမသေ ဝနူရိုဟာဝသာဂျိုဟာ (98) ကျက်သရေမင်္ဂလာ ၊ နူးရ် လင်းရောင်ခြည်၊ ကေယမသ် ၏ သရဖူ အက်စ်စာအေဟ် (99) ရိုဇဟ် ဆောက်တည်သူ (100) အက်စ်စဘေက် (101) အဓိပ္ပာယ်မှာ အားလုံးထက် အရင် သွားရောက်သူ နှင့် အခြားသူများသည် ၎င်း၏ နောက်တွင်ရှိကြပြီး ၎င်းအမိန့်ကို နားခံကြသူများဖြစ်ပါသည်။ (102) ဤအတွက်ကြောင့် စူရဟ် ကေယမသ် ၏ အာယသ်တော် အမှတ် ၁၀ ရှိ “ အက်စ်စဘေကူးန်” ဘက်သို့ ညွှန်း ထားခြင်း ဖြစ်ပါသည်။ (103) အက်စ်စေရာဂျ် (104) ဆီးမီးခွက် ၊ လမ်းညွှန်သည့် အလင်းရာင်(ဆီးမီးခွက်) စေရာဂျ်ဂျိို မိုနီးရ် (105) တောက်ပသည့်အလင်းရာင်ဖြာထွက်နေသည့် ဆီးမီးခွက် ဆယက်ဒ်ဒိုလ်မိုစလင်းန် (106) အလ္လာဟ့် စေတမန်တော်များ အားလုံး၏ ဦးသျှောင် အက်ဆ်ဆယက်ဒ် (107) ခေါင်းဆောင်၊ ဦးသျှောင် ဆယက်ဒ် ဒိုဝိုလ်ဒေအာဒံမ် (108) အာဒံမ် ၏ သားသမီးများ အားလုံး၏ သခင် အရှ်ရှာဖေအ်(109) အလ္လာဟ်ထံ ကြားဝင်အသနားခံ လျှောက်ပေးမည့်သူ အရှ်ရှာဟစ်ဒ် (110) သက်သေ ၊ ယေယမသ်နေ့တွင် သက်သေပေးမည့်သူ အရှ်ရှဖီးအ် (111) အလ္လာဟ်ထံ ကြားဝင်အသနားခံ လျှောက်ပေးမည့်သူ အရှ်ရှဖီးအ်အိုလ်မွတ်ဇ်နဘီးန် (112) အပြစ်သမားများ အတွက် အလ္လာဟ်ထံ ကြားဝင်အသနား ခံပေးမည့်သူ အရှ်ရှဖီးအ်အို မင်န် ဖီဒ်ဒါရီးန် (113) လောကီ နှင့် လောကုတ္တရာသားအပေါင်းတို့ အတွက် အလ္လာဟ်ထံ ကြားဝင်အသနား ခံပေးမည့်သူ အရှ်ရှမ်းစ် (114) သူရိယ နေမင်း အရှ်ရှမ်းစ်စိုဘိုင်းနလ်ကမရိုင်းန် (115) စန္ဒာလမင်း နှစ်ခု ကြား မှ သူရိယ နေမင်း အရှ်ရှဟီးဒ် (116) ရှဟီးဒ် (သာသနာ့ အာဇာနည်) ၊ သက်သေထွက်ဆိုသူ အလ်ဆွာဟစ်ဘ် (117) သူငယ်ချင်း၊ မိတ်ဆွေကူညီသူ၊ အဖော် အလ်ဆွာဟစ်ဘ်ဘိုလ်ဂျဘီးန် နေလ်အဇ်ဟရ် (118) အတောက်ပဆုံး နဖူးပိုင်ရှင် အလ်ဆွာဟစ်ဘ်ဘိုသ်သာဂျ်‌ဂျေ ဝလ်မဂ်ဖရ် (119) သရဖူပိုင်ရှင် နှင့် ကိုယ်တိုင်ပိုင်ဆိုင်သူ ၊ရဲစွမ်းသတ္တိရှိသူ ၊ စစ်မြေပြင်တွင် ရန်သူများကိုတိုက်ခိုက်သူ ဆွာဟစ်ဘ်ဘိုလ်ဟစဘ်ေအက်သွ်ဟရ် (120) အသန့်ရှင်းဆုံးပိုင်ရှင်နှင့်ဇစ်မြစ် ၊ ပုလဲ၊ မျိုးရိုးဗီဇ ဆွာဟစ်ဘ်ဘိုလ် ဟတ်ဒ်ဒေလ်အက်မရ် (121) တောက်ပသည့် ပါးပြင်ပိုင်ရှင် ဆွာဟစ်ဘ်ဘိုလ်ခွသ်ဘသေဝလ်မင်ဘဲရ် (122) ခွသ်ဘဟ် နှင့် မင်ဘဲရ် ပိုင်ရှင် ၊ တရားဟောဆရာ ဆွာဟစ်ဘ်ဘိုဒ်ဒီးန် နေလ်အဇ်ဟရ် (123) အကောင်းတကာအကောင်းဆုံးသာသနာ ပိုင်ဆိုင်သူ ၊ အကောင်းတကာ အကောင်းဆုံးဘာသာ အားလူသား များ အတွက် အလ္လာဟ် ထံမှယူဆောင်လာသူ ဆွာဟစ်ဘ်ဘိုလ်လဝါအေ ရောင်မလ်ကေယမသ် (124) ကေယမသ် တွင် အလံကိုင်ဆောင်မည့်သူ ဆွာဟစ်ဘ်ဘိုလ်မိုလ်ဟမဟ် (125) ရဲစွမ်းသတ္တိ ကို ဖန်တီးသူ ဆွာဟစ်ဘ်ဘိုလ်နစဘေလ်အရှ်ဟရ် (126) အကျော်ကြားဆုံး မျိုးရိုးဇာတိ ပိုင်ရှင်၊ မည်သူမျှ ၎င်းထက်မျိုးရိုး ဇာတိအရ ကောင်းသူ မရှိ သူ ဆွာဟစ်ဘ်ဘိုလ်ဝဂျ်ဟေရ် အန်နဝရ် (127) ထွန်းလင်းတောက်ပနေသည့် မျက်နှာပိုင်ရှင် ဆွာဟစ်ဘ်ဘိုလ် ဝကာရ် ဝစ်စကီနဟ် (128) တည်ငြိမ်အေးချမ်းသူ ၊ ဂုဏ်သိက္ခာရှိသူ ဆွာဟစ်ဘ်ဘိုလ်မကာမေလ်မဲဟ်မူဒ် (129) ကောင်းမြတ်သည့်နေရာ နှင့် အဆင့်ကိုပိုင်ဆိုင်သူ၊ အလ္လာဟ်ထံ ၎င်း အတွက် မဲဟ်မူဒ်နေရာ ရှိပါသည်။ အက်ဆ်ဆွာဒစ်က် (130) မှန်ကန်သူ

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ