ဗရာအသ် အာယသ်တော်များ ထုတ်ပြန်ခဲ့ခြင်း

wikishia မှ
 ဤဆောင်းပါး သည် ဗရာအသ် အာယသ်တော်များ ထုတ်ပြန်ခဲ့ခြင်း အကြောင်းဖြစ်ပါ သည်။ အမည်တူ အာယသ် များ အကြောင်း လေ့လာရန် အာယာသ် သေ ဗရာအသ်  ဆိုသည့် ဆောင်းပါး ကို လေ့လာ နိုင်ပါ သည်။  

ဗရာအသ် အာယသ်တော်များ ထုတ်ပြန်ခဲ့ခြင်း (အရဘီ: إبلاغ آيات البراءة) ဆိုသည်မှာ မက္ကဟ် မြို့တွင် မွတ်ရှ်ရေက်များ (အလ္လာဟ် နှင့်တုပ၍အခြားအရာများလူများကို အလ္လာဟ်အဖြစ်ခဝပ်ကိုးကွဘ်သူများ) အလယ် တွင် ဟဇရသ် အလီ (အ.စ) မှ တဆင့် စူရဟ် ဗရာအသ် (စူရဟ်သောင်ဗဟ်) ၏ အစပိုင်း အာယသ် တော်များကို သေလာဝသ် ပြုခြင်းဘက်သို့ ရည်ညွှန်းခြင်းဖြစ်ပါသည်။ ဤအဖြစ် အပျက် သည် ဇေလ်ဟဂျ်ဂျဟ် လ ဟီဂျရီ ၉ ခုနှစ် တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ တမန်တော်မြတ်(ဆွ) သည် အစပထမတွင် ဤအလုပ် အား အဘူဘကဲရ်ဘင်န် အဘီ ကဟာဖဟ် ကို အပ်နှင်းတော် မူခဲ့ပါသည်။ သို့သော် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော်ဖြင့် ၎င်းအလုပ် ကို အဘူဘကဲရ်ဘင်န် အဘီ ကဟာဖဟ် ထံမှ ပြန်ယူ၍ အေမာမ် အလီ (အ.စ) လက်သို့ အပ်နှင်းတော်မူခဲ့ပါသည်။ ဤဖြစ်ရပ်ကိုဖော်ပြသော ဟဒီးစ်တော်များသည် ရှီအဟ် နှင့် စွန်နီရင်း မြစ်များတွင် မိုသဝါသေရ် ဟဒီးစ်တော်အဖြစ် လာရှိပါသည်။

ကိုးကားအရင်းအမြစ်များတွင် ဤအဖြစ်အပျက်အား အေမာမ် အလီ (အ.စ) ၏ ကြီးကျယ် မြင့်မြတ်မှုအဖြစ် ‌ဖော်ပြလာရှိပါသည်။ထိုနည်းတူစွာ ရှီအဟ် နှင့် စွန်နီ ကိုးကားအရင်းအမြစ်များတွင် ဤအဖြစ်အပျက် ကိုးကားထားသော ရီဝါယသ်တော် များကို အခြေခံ၍ အေမာမ်အလီ (အ.စ) သည် အခြား ဆွဟာဗဟ် များထက် ၎င်း၏ သာလွန်ကောင်းမွန် ကြောင်း ခလီဖဟ် ဖြစ်ထိုက်ကြောင်း သက်သေထူ ထားဟုဆို ထား ပါသည်။

အရေးပါမှု နှင့် အဆင့်နေရာ

မက္ကဟ် မြို့တွင် မွတ်ရှ်ရေက်များ (အလ္လာဟ် နှင့်တုပ၍အခြားအရာများလူများကို အလ္လာဟ် အဖြစ်ခဝပ်ကိုး ကွဘ်သူများ) အလယ် တွင် ဟဇရသ် အလီ (အ.စ) မှတဆင့် စူရဟ် ဗရာအသ် (စူရဟ် သောင်ဗဟ်) ၏ အစပိုင်း အာယသ် တော်များကို သေလာဝသ် ပြုခြင်းဘက်သို့ ရည်ညွှန်းခြင်းဖြစ်ပါ သည်။ ဤအဖြစ် အပျက်သည် ဇေလ်ဟဂျ်ဂျဟ် လ ဟီဂျရီ ၉ ခုနှစ် တွင်ဖြစ်ပွားခဲ့ခြင်းဖြစ် ပါသည်။ ကိုးကား အရင်းအမြစ် များ တွင် ဤအဖြစ်အပျက်အား အေမာမ် အလီ (အ.စ) ၏ ကြီးကျယ် မြင့်မြတ်မှုအဖြစ် ‌ဖော်ပြလာ ရှိပါသည်။ [1] အလာမဟ် အမီးနီ သည် မိမိ၏ ကျမ်း အလ်ဂဒီးရ် တွင်ဤအဖြစ်အပျက်ကို ဖော်ပြခဲ့ပြီးရှီအဟ် နှင့် စွန်နီ ကိုးကားအရင်းအမြစ်အမျိုးမျိုး မှ ဆင့်ပြန် ဖော်ပြထားပါသည်။ [2]

အဖြစ်အပျက်အကြောင်း ရှင်းလင်းချက်

ဗရာအသ် အာယသ်တော်များ သည် ဟီဂျရီ ၉ခုနှစ် အဆုံးပိုင်းတွင် ကျရောက်ခဲ့ခြင်း ဖြစ်ပါသည်။ [3] ၎င်းပြင် တမန်တော်မြတ်(ဆွ)သည် ဤ နှစ် ၏ ဇေလ်ဟဂျ်ဂျဟ် လ မက္ကဟ် မြို့ရှိ မွတ်ရှ်ရေက်များ၏ လူစုလူဝေးတွင် ဗရာအသ် အာယသ်တော်များကို ပို့ချရန် တာဝန် ပေးအပ်ခြင်း ခံခဲ့ရပါသည်။ [4] ဤတာဝန် သည် မည်ကဲ့ကျရောက်ခဲ့ကြောင်းရှီအဟ် နှင့် စွန်နီ သမိုင်း နှင့် ဟဒီးစ်တော်များ ဆိုင်ရာ အရင်းအမြစ်များတွင် လာရှိပါသည်။စူရဟ် ဗရာအသ် ၏ အာယသ်တော် ၁၀ပါးတမန်တော်မြတ်(ဆွ) အပေါ်သို့ ကျရောက်သည့် အခါ ကိုယ်တော်မြတ် (ဆွ) မှ အဘူဘကဲရ်ဘင်န် အဘီ ကဟာဖဟ် ကို ခေါ်ပြီး မက္ကဟ် ရှိ မွတ်ရှ်ရေက်များ ကြားတွင် ဤ အာယသ်တော် များကိုသေလာဝသ်ပြုရန်အတွက် စေလွတ်ခဲ့ပါသည်။ ထို့နောက် ဟဇရသ် အလီ (အ.စ) အား ခေါ်ပြီး “ အဘူဘကဲရ် ကို ရှာ၍ တွေ့သည့်အခါ သူ့ထံမှ ကမ္ပည်းပြား ကို ယူ၍ မက္ကဟ် မြို့သား များ ထံသို့ သွား၍ ကမ္ပည်းစာကို ဖတ်ပြပါ ” ဟု မိန့်တော်မူခဲ့ပါသည်။ ဟဇရသ် အလီ (အ.စ) သည်ဂျိုဟ်ဖဟ် ဆိုသည့် နေရာတွင် အဘူဘကဲရ် နှင့် တွေ့ဆုံခဲ့ပြီး ထိုကမ္ပည်းစာကို ယူခဲ့ပါသည်။ အဘူဘကဲရ် သည် အလ္လာဟ် အရှင်မြတ်၏ တမန်တော်မြတ် (ဆွ) ထံသို့ ပြန်လာပြီး ကိုယ်တော်မြတ် (ဆွ) အား အိုအလ္လာဟ့် တမန်တော်မြတ် (ဆွ) ကျနော် နှင့် ပတ်သက်ပြီး အလ္လာဟ် ဟို အရှင်မြတ် တစ်ခုခုကျ ပေးတော်မူထားပါသလား? ဟု မေးမြန်းလျှောက်ထားလေ၏။ ကိုယ်တော်မြတ် (ဆွ) မှ အဖြေပေး မိန့်တော် မူလေ၏။ မကျရောက်ပါ။သို့သော် ဂျီဗရာအီးလ် အမီးန် (အ.စ) လာရောက်ခဲ့ကြောင်း ၎င်းမှ ဤသတင်း စကားကိုကိုယ်တော်မြတ်(ဆွ) ကိုယ်တိုင် သို့မဟုတ် ကိုယ်တော်မြတ် ၏ မိသားစုဝင်များမှ တစ်ဦး တစ်ယောက် ပို့ရန် ဖြစ်ကြောင်း မိန့်ကြားခဲ့သည်ဟု ဖြစ်ပါသည်။ [5]

အလာမဟ် အမီနီ ၏ အဆိုအရ ဤဖြစ်ရပ်ကို မိုသဝါသေရ် ဟဒီးစ်တော် အဖြစ် ရာဝီ ပေါင်းစုံ မှဆင့်ပြန်ထား ကြောင်းဖြစ်ပါသည်။[6] သို့သော် ဤ ကိုးကားချက်များကြားတွင် အသေးစိတ် ကွာခြားချက် များရှိပါသည်။ ပမာအားဖြင့် တမန်တော်မြတ်(ဆွ)သည် ဤတာဝန် အား ပထမ အဘူဘကဲရ် နှင့်အိုမရ် (အဘူဘကဲရ် တစ်ဦးတည်းမဟုတ်) ပေးအပ်ခဲ့ကြောင်း၊ ပြီး မှ ဟဇရသ် အလီ (အ.စ) အား ၎င်းတို့ နှစ်ဦးနောက်သို့ စေလွတ် တော်မူခဲ့ကြောင်း ဖြစ်ပါသည်။ [7] သို့မဟုတ် အဘူဘကဲရ် ရှိသည့်နေရာသို့ ဟဇရသ် အလီ (အ.စ) ရောက်ရှိ သည့် အရပ်မှာ ဇိုလ်ဟိုလိုင်းဖဟ် ဖြစ်ကြောင်း ဖြစ်ပါသည်။ [8]

ဗရာအသ် အာယသ်တော်များကျရောက်ရသည့် ရှာနေနိုဇူလ်

ပင်မဆောင်းပါး - အာယာသ် သေ ဗရာအသ်

မက္ကဟ်မြို့သည် တမန်တော်မြတ် (ဆွ) အားဆန့်ကျင်ဘက် ပြုသည့် အကြီးမားဆုံး မိုရှ်ရေက်များ၏ အခြေခံ စခန်း ဖြစ်ပါသည်။ [9] မွတ်စလင်မ်များ အနေဖြင့် ဟီဂျရီရှစ်ခုနှစ် တွင် မက္ကဟ် မြို့အား အောင်နိုင်ပြီးနောက် မိမိ တို့လက်သို့ရောက်စေခဲ့ပါသည်။ [10] ဤအခြေအနေတွင်လည်း အချို့သော မျိုးနွယ်စုများသည် အစ္စလာမ်ကို ဆန့်ကျင်ခဲ့ကြပါသည်။[11] စနသိုလ်ဝိုဖူဒ် ဟုလူသိများသော ဟီဂျရီ ကိုး နှစ်မြောက်တိုင်အောင် [12] မျိုးနွယ်စုများစွာသည် တမန်တော်မြတ်(ဆွ)ထံသို့ ကိုယ်စားလှယ်အဖွဲ့များစေလွတ်ကာ အစ္စလာမ် ဘာသာသို့ကူးပြောင်းကြောင်းကြေငြာခဲ့ပါသည်။ [13] အစ္စလမ်ဘာသာကို နှစ်သက်သော နိုင်ငံရေးညီမျှခြင်း နှင့်အတူ အာယာသ်သေ ဗရာအသ် ကျရောက်ခဲ့ပြီးရှေးရ်က် လက်ခံနိုင်စရာ မဟုတ်ကြောင်း သည်းခံမည် မဟုတ်ကြောင်းဖော်ပြခဲ့ပါတယ်။[14] ထိုနည်းစွာ အာယာသ်သေ ဗရာအသ် ၏ ရှာနေနိုဇူလ် နှင့်ပတ်သက်ပြီး လာရှိသည်မှာ မွတ်ရှ်ရေက်များ အနေဖြင့် တမန်တော်မြတ် (ဆွ) နှင့် သဘောတူချုပ်ဆိုခဲ့သည့် ဟိုဒိုင်ဘီယဟ် စစ်ပြေငြိမ်းရေး စာချုပ် အရ မွတ်စလင်မ်များ ဟဂျ်ပြုရန် မက္ကဟ် မြို့ မှ သုံးရက် ဖယ်ပေးရန် [15] သဘောတူညီချက်ကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြပြီးဟဂျ်ကာလတွင် ဝတ်လစ်စားလစ်ဖြင့် သွဝါဖ် ပြုခဲ့ကြပါ သည်။ [16] သဖ်စီးရ် နမူနာတွင် ဤအာယသ်တော်များ၏ သဖ်စီးရ် ၌ မွတ်ရှ်ရေက် များ အနေဖြင့် ပဋိညာဉ်ကိုစာချုပ် မကြာခဏချိုးဖောက်ကြောင်း ဖော်ပြထားပါသည်။ [17]

တမန်တော်မြတ်(ဆွ)စေခဲ့သည့် အလုပ်၏အကြောင်းအရာ

အေမာမ်အလီ (အ.စ) ကုရ်ဘာနီအီးဒ် နေ့ မွန်းလွဲ ပိုင်း တွင် မက္ကဟ်မြို့သို့ရောက်ရှိလာပြီးတမန်တော်မြတ် (ဆွ) စေလွတ်လာသူအဖြစ် မိတ်ဆက်ပြီးစူရဟ်သောင်ဗဟ် ၏အစ ပိုင်းအာယသ်တော်များ ကို သေလာဝသ် ပြုခဲ့ပါသည်။ပြီးနောက် ဟဇရသ်အလီ (အ.စ) မှ«ယခုမှစ၍ မည်သူမျှ ဝတ်လစ်စားလစ်ဖြင့် သွဝါဖ် မပြု ရန် မည်သည့် မွတ်ရှ်ရေက်မှ လာမည့် နှစ်တွင်ဇေယာရသ်ပြုခွင့် ရှိမည်မဟုတ်ကြောင်းမွတ်ရှ်ရေက်များ မှ မည်သူမဆို အလ္လာဟ့်ရစူလ်(ဆွ) နှင့် ပဋိညာဉ် ချုပ်ဆိုထားသည့်သက်တမ်းမှာ လေးလ ဖြစ်ကြောင်း »ဖြစ် ပါ သည်။[18]သရီးခ်ခေ ယအ်ကူဘီ ကျမ်း တွင်လာရှိသည်မှာ အေမာမ်အလီ (အ.စ) သည် အာယသ်တော်များ ကို မက္ကဟ်မြို့သားများ အတွက် သေလာဝသ် ပြုခဲ့ပါသည်။ ပြီးနောက် လုံခြုံမှု ပေးခဲ့ပါသည်။ပြီးနာက် မိန့်တော်မူသည်မှာ « မည်သူမဆို အလ္လာဟ့် ရစူလ် (ဆွ) နှင့် လေးလပဋိညာဉ် စာချုပ် ချုပ်ဆိုထား သူများသည် ၏ပဋိညာဉ်စာချုပ် အပေါ် ကိုယ်တော်မြတ် (ဆွ) သည် ဆက်လက်တည်ရှိသည်ဖြစ်ပြီး မည်သူမဆို ကိုယ်တော်မြတ် (ဆွ)နှင့် ပဋိညာဉ်စာချုပ်မချုပ်ဆိုရသေသူများအား ည ငါးဆယ် အထိ အချိန် ရသေး သည် ဖြစ် ကြောင်း» ဖြစ်ပါသည်။ [19]

မွတ်ရှ်ရေက်များ အပေါ် လုံခြုံရေးကို ဖယ်ရှား ရသည့် သက်သေ မှာ ပြုထားသည့် ပဋိညာဉ်စာချုပ် ကို ဖောက်ဖျက်ခြင်းကြောင့်ဖြစ်ကြောင်းအကြောင်းမှာ အလ္လာဟ်ဟို အရှင်မြတ်သည်စူရဟ်သောဗဟ် ၏ အစ ပထမပိုင်း အာယသ်တော်များကို မိန့် ကြားပေးခဲ့သည်မှာ ဋိညာဉ်ကို သက်တမ်းကုန်ဆုံးသည်အထိ ပဋိညာဉ် ကို မချိုးဖျက်ရသေးသော မွတ်ရှ်ရေက်များ နှင့် ပဋိညာဉ်ကို ဆက်လက်ထားရှိကြောင်း ဖြစ်ပါသည်။ [20]

အေမာမ် အလီ (အ.စ)၏ ကြီးကျယ် မြင့်မြတ် မှုများ

ရှီအဟ်အိုလမာ မှ အဲဟ်မဒ် ဘင်န် အလီ သွဗရ်စီ အနေဖြင့် မိမိ၏ကျမ်း အလ်အဲဟ်သေဂျာဂျ် [21] နှင့် နှင့် စွန်နီ အိုလမာ မှ အစရ် အစ်ဗ်နေမဂါဇ်လီ အနေဖြင့် မိမိ၏ကျမ်း မနာကစ်ဗ်‌ဗိုအလ်အေမာမ် အလီဘင်န် အဘီသွာလစ်ဗ် (အ.စ) ကျမ်း[22] တွင် ဟဇရသ်အလီ (အ.စ) သည် အခြား ဆွဟာဗဟ် များထက် ၎င်း၏ သာလွန်ကောင်းမွန် ကြောင်း ခလီဖဟ် ဖြစ်ထိုက်ကြောင်း သက်သေထူ ရန် ဤ ဗရာအသ် အာယသ်တော်များ ထုတ်ပြန်ခဲ့ ခြင်းဖြစ်ရပ်ကို အထောက်အထားဖြင့် သုံးထားကြောင်း လာရှိပါသည်။ ထိုနည်းတူစွာ ဗရာအသ် အာယသ်တော်များ ထုတ်ပြန်ခဲ့ခြင်း ၏အဖြစ်အပျက် ကို ရှီအဟ်စွန်နီ ကျမ်းများတွင် အေမာမ် အလီ (အ.စ)၏ ကြီးကျယ်မြင့်မြတ် မှုများ ခေါင်းစဥ်ဖြင့်တင်ပြထားကြပါသည်။ ရှီအဟ်ကျမ်းများ တွင် ရှိက်ခ် မိုဖီးဒ် ( ကွယ်လွန် ဟီဂျရီ ၄၁၃ခုနှစ် ) ၏ အလ်အေရ်ရှာဒ် ကျမ်း [23] အလာမဟ် ဟစ်လီ ( ကွယ်လွန် ဟီဂျရီ ၇၂၆ ခုနှစ် )၏ ကရှ်ဖိုလ်ယကီးန် ကျမ်း [24] ရှဟ်ရေအာရှုတ်ဗ် ( ကွယ်လွန် ဟီဂျရီ ၅၈၈ ခုနှစ် ) ၏ မိုနာကစ်ဗ် ကျမ်း [25] ပြီးနောက် အဲဟ်လေ့စွန္နသ် (စွန်နီ) ကျမ်းများတွင် အစ်ဗ်နေကစီးရ် ၏ အလ်ဗေဒါယသို ဝန် နေဟာယဟ်ကျမ်း [26] မိုဝဖက်ဘင်န် အဲဟ်မဒ် ခဝါရ်ရဇ်မီ ( ကွယ်လွန် ဟီဂျရီ ၅၆၈ ခုနှစ် ) ၏ အလ်မိုနာကစ်ဗ် ကျမ်း [27] တို့ ဖြစ်ပါသည်။

စွန်နီပညာရှင်အချို့က ဤဖြစ်ရပ်တွင် အဘူဘကဲရ် အား ဖယ်ရှားခြင်းနှင့် အေမာမ် အလီ (အ.စ) အား စေလွတ်ခြင်းသည်အေမာမ် အလီ (အ.စ) ၏သာလွန် မြင့်မြတ်ကြောင်း အတွက် သက်သေမဟုတ်ကြောင်း အဘယ်ကြောင့် ဆိုသော် ထိုအချိန်အခါက အာရပ်လူမျိုးအကြား ပဋိညာဉ်ကို ချုပ်ဆိုထားသူကိုယ်တိုင် သို့မဟုတ် ပဋိညာဉ်ချုပ်ဆို ထားသူ၏ ဆွေမျိုးတစ်ဦးမှ ရပ်စဲရသည့်ထုံးတမ်း အတွက်ကြောင့် ဟဇရသ် အလီ (အ.စ) ကို စေလွတ်ခဲ့ကြောင်း ဆိုထားကြပါသည်။ [28]သို့သော်ရှီအဟ် အိုလမာ၏ အဆိုအရ ဟဇရသ် အလီ(အ.စ)စေလွတ်ရသည့် အထောက်အထားအကြောင်းမှာ အလ္လာဟ့်ရစူလ်(ဆွ) နှင့် ဟဇရသ် အလီ (အ.စ) တို့၏ တာဝန် ဝတ္တရားများ သည် တစ်ခုတည်းဖြစ်သည့် အတွက်ကြောင့်ဖြစ်ကြောင်း အကြောင်းမှာ ဤ တာဝန်ဝတ္တရားသည်မွတ်ရှ်ရေက်များ ကို မုန်းတီးကြောင်းသက်သက်အတွက် သာ မဟုတ်ဘဲ မိုအ်မင်များ အားလုံး၏တာဝန် ဝတ္တရား ဖြစ်သည့် အတွက်ကြောင့်ဖြစ်ပါသည်။ ပြီးနောက် အလ္လာဟ်ဟိုအရှင်မြတ် ၏ အဲဟ်ကာမ် အသစ်များကို ကြေငြာရန် နှင့် ထုတ်ပြန်ရန်အတွက်ကြောင့် ဖြစ်ပါသည်။ [29]

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ