ဟီဂျရီသက္ကရာဇ် ၈ ခုနှစ်

wikishia မှ

ဟီဂျရီသက္ကရာဇ် ၈ ခုနှစ် (အရဘီ: سنة 8 للهجرة) ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ‌ အဋ္ဌမ မြောက် (ရှစ်နှစ်) မြောက် နှစ် အားခေါ်ဆိုပါသည်။ ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါသည်။ အီရန်သက္က်ရာဇ် အားဖြင့် တနင်းလာ နေ့ အိုရ်ဒီဗေဟစ်ရှ် ၁၄ ရက်နေ့ အီရန် သက္ကရာဇ် ၈ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် မေလ ၄ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၉ ခုနှစ် ဖြစ်ပါသည်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ ၏ နောက်ဆုံးရက် ၂၉ ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် ကြာသပတေးနေ့ အိုရ်ဒီဗေဟစ်ရှ် ၁ ရက်နေ့ အီရန်သက္ကရာဇ် ၉ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဧပြီလ ၂၂ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၃၀ ခုနှစ် ဖြစ်ပါသည်။(1)

ဤနှစ်တွင် မောသဟ် စစ်ပွဲ ၊ မက္ကာမြို့ကို အောင်နိုင်ခြင်း၊ တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့် ဟိုနိုင်းန် စစ်ပွဲ ၊ တမန်တော်မြတ်(ဆွ) ၏ သားတော် အီဗရာဟီးမ် ဖွားမြင်ခြင်း ၊ တမန်တော်မြတ် (ဆွ) ၏ သမီးတော် ဇိုင်နဗ် ဝဖါးသ် ဖြစ်တော်မူခြင်း တို့သည် ဤ နှစ်၏ အဖြစ် အပျက်များထဲမှ ဖြစ်ပါသည်။

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

  • မွတ်စလင်မ် စစ်တပ်နှင့်ရောမ စစ်တပ် အကြား ဂျမာဒီယိုလ်အောင်ဝဲလ်လ ၅ရက်နေ့တွင် မောသဟ် စစ်ပွဲ ဖြစ်ပွားခဲ့ပါသည်။ (2)
  • ကဇွာအဟ် မျိုးနွယ်စု ၏ တိုက်ခိုက်မှုများ ကို ကာကွယ် ရန် (ဆွဟာဗဟ် တစ်ပါးပါး ၏ ဦးဆောင်မှုဖြင့်) ဖြစ်ပွားခဲ့သည့် ဇါသ်သွန်စ်စလာစေလ် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။(3)
  • ဇါသ်သွန်စ်စလာစေလ် တိုက်ပွဲတွင် အေမာမ် အလီ (အ.စ) ၏ ရဲစွမ်း သတ္တိ ရှိမှု ကို ဖော်ပြရန် စူရဟ် အာဒီယာသ် ကျရောက်ခဲ့ခြင်းဖြစ်ပါသည်။ (4)
  • မွတ်စလင်မ် များမှ ရမ်တွာန် လ မြတ် ၁၈ ရက်နေ့တွင် မက္ကာမြို့ကို အောင်နိုင်ခဲ့ပါသည်။ (5)
  • မက္ကာကို အောင်နိုင်ပြီးနောက် တမန်တော်မြတ်(ဆွ)ထံ အမျိုးသားများ နှင့် အမျိုးသမီးများ မှာ ဘိုက်အသ်ယူ (သစ္စာခံရန်) ကတိကဝတ်ပြုခဲ့ကြပါသည်။ (6)
  • မွတ်စလင်မ် များနှင့် ဟာဝါဇန် နှင့် သော့ဖ်သကီးဖ် မျိုးနွယ်များကြား ဟိုနိုင်းန် စစ်ပွဲဖြစ်ပွားခဲ့ပါသည်။ ဤစစ်ပွဲတွင် တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်ခဲ့ပြီး ရှောင်ဝါလ် လတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ (7)
  • တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့် သွာအဖ် စစ်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ရှောင်ဝါလ် လတွင် ဖြစ်ပွားခဲ့ ပါသည်။ (8)
  • ကဒီးဒ် ဒေသရှိ ဘနီအလ်မလိုဟ် မျိုးနွယ်အား ရင်ဆိုင် ရန် ဂါလစ်ဗ်ဘင်န် အဗ်ဒိုလ္လာဟ် ဦး‌ဆောင်သည့် စစ်ပွဲ နှင့် ဂျိူဟိုင်နဟ် မျိုးနွယ် ကို ရင်ဆိုင်ရန် ခဗ်သွ် စစ်ပွဲ ဖြစ်ပွားခဲ့ပါသည်။ (9)
  • မက္ကာကို အောင်ပြီးနောက် အဘူဆူဖီယန် အစ္စလာမ် ဘာသာ သို့ ကူးပြောင်းခဲ့ပါသည်။(10)
  • အေမာမ်အလီ (အ.စ) ၏ ရန်သူများ မှ တစ်ဦး ဖြစ်ပြီး ဟွတ်က်မီယသ်(ခုံသမာဓိ) ကိစ္စ တွင် မိုအာဝေယဟ်၏ ကိုယ်စားလှယ်ဖြစ်သူ အမ်ရ်ဘင်န် အာဆ်စဟ်မီ မှ အစ္စလာမ် ဘာသာ သို့ ကူးပြောင်းခဲ့ပါသည်။(11)

မွေးဖွားခြင်း

  • တမန်တော်မြတ်(ဆွ) ၏ သားတော် အီဗရာဟီးမ် သည် ဇေလ်ဟဂျ်ဂျဟ် လ ၇ ရက်နေ့ တွင် ဖွားမြင်ခဲ့ပါ သည်။(12)

သေဆုံးခြင်း များ

  • တမန်တော်မြတ်(ဆွ)၏ အကြီးဆုံးသမီးတော် ဇိုင်နဗ် ဝဖါးသ်ဖြစ်ခဲ့ပါသည်။(13)(အချို့ပညာရှင်များ ၏ အဆိုအရ သမီးတော် ဇိုင်နဗ် သည် ကိုယ်တော်မြတ် (ဆွ)၏ မွေးစား သမီး ဖြစ်ပါသည်။)
  • မောသဟ် စစ်ပွဲတွင် ဂျအ်ဖရ် ဘင်န် အဘီ သွာလစ်ဗ် ရှဟီးဒ် ဖြစ်ခဲ့ပါသည်။(14)
  • မောသဟ် စစ်ပွဲတွင် ဇိုက်ဘင်န် ဟာရေစ်စဟ် ရှဟီးဒ် ဖြစ်ခဲ့ပါသည်။(15)
  • မောသဟ် စစ်ပွဲတွင် အ‌ဗ်ဒိုလ္လာဟ ဘင်န် ရဝါဟဟ် ရှဟီးဒ် ဖြစ်ခဲ့ပါသည်။(16)
  • တမန်တော်မြတ် (ဆွ) သာဝကတော် ကြီး ဘရှရ် ဘင်န် ဘရာအ် သည် ခိုင်ဘဲရ် စစ်ပွဲ တွင် အဆိပ်ခတ်ခံရပြီး တစ်နှစ်အကြာတွင်ကွယ်လွန် သွားခဲ့ပါသည်။ (17)
  • တမန်တော်မြတ်(ဆွ)၏ နို့တိုက်မွေးစားမိခင် ဟာလီမာဆအ်ဒီယဟ် ကွယ်လွန်ခဲ့ပါသည်။(18)

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ