မာတိကာသို့ ခုန်သွားရန်

နမာဇ်အဆ်ရ်

wikishia မှ
ဤဆောင်းပါးသည် တရားစီရင်ရေးဆိုင်ရာ အယူအဆတစ်ခုအကြောင်း ဖော်ပြသည့် ဆောင်းပါးဖြစ်ပြီး ဘာသာရေးဆိုင်ရာ ကျင့်ထုံးများအတွက် စံသတ်မှတ်ချက်တစ်ခု မဟုတ်ပါ။ ဘာသာရေး အလေ့ အကျင့်များ အတွက် အခြားအရင်းအမြစ်များကိုလေ့လာ ရမည် ဖြစ်ပါသည်။
သောင်ဇီးဟိုလ်မစာအေလ် ကျမ်း

နမာဇ်အဆ်ရ် (အရဘီ : صلاة العصر) ဆိုသည်မှာ နေ့စဥ်ဝတ်ပြုရသည့် နမာဇ် ငါးကြိမ်များ မှ တစ်ခု ဖြစ်ပြီး လေး ရကတ် ဝတ်ပြုရခြင်း ဖြစ်ပါသည်။ပြီးနောက် ဝတ်ပြုချိန်မှာလည်း ဇဟိုရ်နမာဇ် ၏ သီးသန့် ၊ အထူးအချိန် ပြီးနောက် မှ စ၍ နေဝင်ချိန် အထိ ဖြစ်ပါသည်။

နမာဇ် အဆ်ရ် ဝတ်ပြုနည်း

နမာဇ် အဆ်ရ် သည် လေးရကတ် ဖြစ်ပါသည်။[] နီယသ် ပြုပြီးနောက် ပထမ ရကတ် [] နှင့် သက်ဘီးရသိုလ်အဲဟ်ရာမ်[] ပြီးနောက် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်ပုဒ် ( စဂျ်ဒဟ် ပါသည့် စူရဟ်မဖြစ်ရ ) သာမန်အားဖြင့် စူရဟ် သောင်ဟီးဒ် ဖတ်ရွတ်ကြပါသည်။[] ရကူအ် တစ်ခု[] နှင့် စဂျ်ဒဟ် နှစ်ခု[] ကို လည်းပဲ ပြုလုပ်ရပါသည်။ ပြီးနောက် ဒုတိယ ရကတ်အတွက် ကယာမ် (မတ်တပ်ရပ်)[] ရပါ သည်။ ပြီးနောက် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်ပုဒ် ၊ ရကူအ် ၊စဂျ်ဒဟ် နှစ်ခု ကို ဆောင်ရွက်ရပါသည်။ ပြီးနောက် ထိုင်နေစဥ် သရှ်ဟွဒ် []ဖတ်ရပါသည်။ ပြီးနောက် ပြီးနောက် တတိယရကတ် နှင့် စတုတ္တရကတ် တွင် လည်း သက်စ်ဘီဟာသ်သေ အရ်ဗအ် သို့မဟုတ် စူရဟ် ဟမ်ဒ်[]တစ်ကြိမ် ဖတ် ပြီးနောက် ရကူအ် တစ်ခါ နှင့် စဂျ်ဒဟ် နှစ်ခါ ပြုရပါသည်။

အဆုံးတွင် သရှ်ဟွဒ် ဖတ်ပြီး စလာမ် ဖတ်ရပါသည်။[၁၀]

နမာဇ် အဆ်ရ် အချိန်

နမာဇ် အဆ်ရ် ဝတ်ပြုချိန်မှာလည်း ဇဟိုရ်နမာဇ် ၏ သီးသန့် ၊ အထူးအချိန် ပြီးနောက် မှ စ၍ မဂ်ရိဗ် အထိ ဖြစ်ပါ သည်။ [၁၁]ဤအချိန်ကို နမာဇ် အဆ်ရ် အတွက်အထူးအချိန် နှင့် နမာဇ် ဇဟိုရ် နှင့် နမာဇ် အဆ်ရ် ၏ဘုံအချိန် ဖြစ်ပါ သည်။

နမာဇ် အဆ်ရ် အထူးအချိန်

နမာဇ် အဆ်ရ် ၏ «သီးသန့် အချိန် အထူးအချိန် » နမာဇ် လေးရကတ် ဖတ်လို့ ရသလောက်အချိန်ထိ နေဝင်ရန် ကျန်သည့် အချိန် ဖြစ်ပါသည်။ ထိုအချိန် တွင် နမာဇ် အဆ်ရ် သာလျင် ဝတ်ပြု နိုင်ပါသည်။[၁၂]

နမာဇ် အဆ်ရ် နှင့် နမာဇ် ဇဟိုရ် ဘုံ အချိန်

နမာဇ် ဇဟိုရ် ၏ သီးသန့် အချိန် အထူးအချိန် ပြီးချိန် မှ စ၍ နမာဇ် ဇဟိုရ် နှင့် နမာဇ် အဆ်ရ် ဘုံအချိန် စတင်တာ ဖြစ်ပါသည်။ လူတစ်ဦးတစ်ယောက် အနေဖြင့် ဤအချိန် အတွင်း နမာဇ် အဆ်ရ် ဝတ်ပြုနိုင် ပါသည်။[၁၃]

နမာဇ် အဆ်ရ် ၏ အရေးပါမှု

ကျမ်းတော်မြတ်ကုရ်အာန်တွင် နေ့စဥ် နမာဇ် ငါးကြိမ် ကို ဝတ်ပြုရန် ထိန်းသိမ်း စောင့်ရှောက် ရန် ညွှန်ကြား ထားပါသည်။ နမာ် အဆ်ရ် သည် လည်း နေ့စဥ် ဝတ်ပြု ထိန်းသိမ်း စောင့်ရှောက် ရမည့် နမာဇ် ငါးကြိမ် မှ တစ်ခြ ဖြစ်ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန်တွင်လာရှိသည်မှာ - «حافِظُوا عَلَی الصَّلَواتِ وَ الصَّلاةِ الْوُسْطی وَ قُومُوا لِلَّهِ قانِتینَ» အဓိပ္ပာယ် - အသင်တို့သည် နမာဇ် ဝတ်ပြုမှုများကို အထူးသဖြင့် အလယ်နမာဇ် (နမာဇ် ဇဟိုရ်) ကို ထိန်းသိမ်းစောင့်‌ရှောက်ပါလေ။နေ့စဥ် ဝတ်ပြုပါလေ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် ၏ ရှေ့တော်မှောက်တွင် ရိုကျိုးသူများ အဖြစ်နှင့်ရပ်ကြပါလေ။[၁၄]

နာဖေလဟ် နမာဇ် အဆ်ရ်

နာဖေလဟ် နမာဇ် အဆ်ရ် မှာ ရှစ် ရကတ် ဖြစ်ပါသည်။ နမာဇ် အဆ်ရ် မတိုင်ခင် ဝတ်ပြုရသည် ဖြစ်ပါသည်။ ၎င်း နာဖေလဟ် နမာဇ် ဇဟိုရ် ၏ အချိန် ဇဟိုရ်အချိန် အစ မှ စပြီး နေ အရိပ်၏ အလျားသည် ခုနစ်ပုံ နှစ်ပုံ ရှည် လျားသည် အထိဖြစ်ပါသည်။[၁၅]

နမာဇ် အဆ်ရ် ဆိုင်ရာ အဲဟ်ကာမ် အချို့

  • ခရီးသည် နမာဇ် - အကြင်မည်သူမဆို ရှရီအသ် အရ ခရီးသည် ဖြစ်မည်။ မလွဲမသွေ နမာဇ် ဇဟိုရ်အား ကဆ်ရ်(၄ရကတ်အစား၂ရကတ်) ဖတ်ရမည် ဖြစ်ပါသည်။[၁၆]
  • အကယ်၍ တစ်ဦးတစ်ယောက် သည် နမာဇ် ဇဟိုရ် မဖတ်ခင် နမာဇ် အဆ်ရ် ဖတ်မည် ။ ပြီးနောက် နမာဇ် အတွင်း နမာဇ် ဇဟိုရ် မဖတ်ရသေးကြောင်း သတိပြုမိလျင် မလွဲမသွေ နီယသ် ကို နမာဇ်ဇဟိုရ် ဟု ပြောင်း လိုက် ရမည် ဖြစ်ပါသည်။[၁၇]
  • တစ်စုံတစ်ယောက်သည် မတော်တဆ (မရည်ရွယ်ဘဲ) နမာဇ် ဇဟိုရ် သို့မဟုတ် နမာဇ် အဆ်ရ် အား သီးသန့်အချိန် ၊ အထူးအချိန် တွင် ပြောင်းပြန် တစ်နည်းအားဖြင့် နမာဇ် ဇဟိုရ် အား နမာဇ် အဆ်ရ် ၏ သီးသန့် အချိန် အထူးအချိန် တွင် သို့မဟုတ် နမာဇ် အဆ်ရ် အား နမာဇ် ဇဟိုရ် ၏ သီးသန့် အချိန် အထူးအချိန် တွင် ဖတ်မိမည်ဆိုလျင် ၎င်း နမာဇ်သည် ပိုင်ပါသည်။ (မပျက်ချေ။)[၁၈]
  • အမျိုးသားတိုင်း နှင့် အမျိုးသမီးတိုင်း နမာဇ် ဇဟိုရ် တွင် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်အပုဒ်ပုဒ် အား အစ်ခ်ဖါသ် (ခ) အသံတိုးတိုး နှင့် ဖတ်ရမည် မှာ ဝါဂျစ်ဗ် ဖြစ်ပါသည်။[၁၉] အကယ်၍ တစ်ဦး တစ်ယောက် သည် မသိ၍ သို့မဟုတ် မေ့လျော့၍ နမာဇ် ဇဟိုရ် တွင် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်အပုဒ်ပုဒ် အားဂျဟ်ရ် (ခ) အသံ ထုတ်၍ ဖတ်ခဲ့ မည်ဆိုလျင် ပြဿနာ မဟုတ်ချေ။ နမာဇ် ပိုင်ပါသည်။ သို့သော် အကယ် တမင် တကာ ဖြစ်လျင် နမာဇ် ပျက်ပါသည်။[၂၀]

အောက်ခြေ မှတ်စုများ

  1. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ ပတ်ခ်ရှ်ရှေ နမာဇ်ဟာယေ ယောင်မီယဟ်။
  2. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၄၃။
  3. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၄၈။
  4. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၇၈။
  5. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၀၂၂။
  6. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၀၄၅။
  7. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၅၈။
  8. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၁၀၀။
  9. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ ဘာသာပြန် - သက်စ်ဘီဟာသ်သေ အရ်ဗအ်အခန်း။
  10. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၁၀၅။
  11. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၁။
  12. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၁။
  13. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၁။
  14. စူရဟ် ဗကရဟ် ၊ အာယသ်တော် အမှတ် ၂၃၈။
  15. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၆၉။
  16. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၂၈။
  17. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၂။
  18. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၁။
  19. သွဗာသွဗာရီ ဟကီးမ် ၊ မွတ်စ်သမစစ်က်ကိုလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၂၀၂။ ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၉၂။
  20. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၉၅။

ကျမ်းကိုးများ

  • အေမာမ် ခိုမေနီ ၊ ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ်။
  • သွဗာသွဗာရီ ဟကီးမ် ၊ ဆယက်ဒ် မော်ဟ်စင်န် ၊ မွတ်စ်သမစစ်က်ကိုလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ကွမ်း ၊ အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မရ်အရှီ နဂျဖီ ၏ ပြည်သူ့ စာကြည့်တိုက် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်။