မာတိကာသို့ ခုန်သွားရန်

နမာဇ် ဇဟိုရ်

wikishia မှ
ဤဆောင်းပါးသည် တရားစီရင်ရေးဆိုင်ရာ အယူအဆတစ်ခုအကြောင်း ဖော်ပြသည့် ဆောင်းပါးဖြစ်ပြီး ဘာသာရေးဆိုင်ရာ ကျင့်ထုံးများအတွက် စံသတ်မှတ်ချက်တစ်ခု မဟုတ်ပါ။ ဘာသာရေး အလေ့ အကျင့်များ အတွက် အခြားအရင်းအမြစ်များကိုလေ့လာ ရမည် ဖြစ်ပါသည်။
သောင်ဇီးဟိုလ်မစာအေလ် ကျမ်း

နမာဇ် ဇဟိုရ် (အရဘီ : صلاة الظهر) ဆိုသည်မှာ နေ့စဥ်ဝတ်ပြုရသည့် နမာဇ် ငါးကြိမ်များ မှ တစ်ခု ဖြစ်ပြီး ၄ ရကတ် ဝတ်ပြုရခြင်း ဖြစ်ပါသည်။ပြီးနောက် ဝတ်ပြုချိန်မှာလည်း ဇဟိုရ်အဇါန် အချိန် မှ စ၍ နေဝင်ချိန်ဖြစ်ဖို့ အဆ်ရ်နမာဇ် လေးရကတ်ဝတ်ပြုလိုရသည့် အချိန် ကျန်သည် အထိ ဖြစ်ပါသည်။

နမာဇ် ဇဟိုရ် ဝတ်ပြုနည်း

နမာဇ် ဇဟိုရ် သည် လေးရကတ် ဖြစ်ပါသည်။[] နီယသ် ပြုပြီးနောက် ပထမ ရကတ် []နှင့် သက်ဘီးရသိုလ်အဲဟ်ရာမ်[] ပြီးနောက် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်ပုဒ် ( စဂျ်ဒဟ် ပါသည့် စူရဟ်မဖြစ်ရ ) သာမန်အားဖြင့် စူရဟ် သောင်ဟီးဒ် ဖတ်ရွတ်ကြပါသည်။[] ရကူအ် တစ်ခု[] နှင့် စဂျ်ဒဟ် နှစ်ခု[]ကို လည်းပဲ ပြုလုပ်ရပါသည်။ ပြီးနောက် ဒုတိယ ရကတ်အတွက် ကယာမ် (မတ်တပ်ရပ်)[] ရပါ သည်။ ပြီးနောက် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်ပုဒ် ၊ ရကူအ်စဂျ်ဒဟ် နှစ်ခု ကို ဆောင်ရွက်ရပါသည်။

ပြီးနောက် ထိုင်နေစဥ် သရှ်ဟွဒ် []ဖတ်ရပါသည်။ ပြီးနောက် ပြီးနောက် တတိယရကတ် နှင့် စတုတ္တရကတ် တွင် လည်း သက်စ်ဘီဟာသ်သေ အရ်ဗအ် သို့မဟုတ် စူရဟ် ဟမ်ဒ်[]တစ်ကြိမ် ဖတ် ပြီးနောက် ရကူအ် တစ်ခါ နှင့် စဂျ်ဒဟ် နှစ်ခါ ပြုရပါသည်။ အဆုံးတွင် သရှ်ဟွဒ် ဖတ်ပြီး စလာမ် ဖတ်ရပါသည်။[၁၀]

နမာဇ် ဇဟိုရ် အချိန်

နမာဇ် ဇဟိုရ် ဝတ်ပြုချိန်မှာလည်း ဇဟိုရ်အဇါန် အချိန်( မွန်းတည့်ချိန်အစ ) မှ စ၍ အဆ်ရ်နမာဇ် သီးသန့် အချိန် ( လေးမိနစ် ခန့် နေဝင်ချိန်ဖြစ်ဖို့ အဆ်ရ်နမာဇ် လေးရကတ်ဝတ်ပြုလိုရသည့် အချိန် ကျန်သည် အထိ ) ဖြစ်ပါ သည်။ ဤအချိန်ကို နမာဇ် ဇဟိုရ် အတွက် အထူးအချိန် နှင့် နမာဇ် ဇဟိုရ် နှင့် နမာဇ် အဆ်ရ် ၏ဘုံ အချိန် ဖြစ်ပါ သည်။[၁၁] အဇါန်ဇဟိုရ် ( ဇဟိုရ်ချိန် (ခ) မွန်းတည့်ချိန်အစ ) ဖြစ်ပြီး အရိပ် ( တုတ် သို့မဟုတ် အရာ တစ်ခုကို ဇဟိုရ် အချိန်ကို သတ်မှတ်ရန် မြေပြင်ပေါ်တွင် ဆိုက်ထားရပါသည်။ )[၁၂] သို့မဟုတ် ထိုတုတ်(သိူ့မဟတ်) အရာ ၏ အရိပ် သည် လုံးဝ ပျောက်သွား ပြီး နောက်တဖန် ပြန်ပေါ်လာ မည် ။ သို့မဟုတ် ထို အရိပ်သည် အနိမ့်ဆုံးအဆင့်ကို ရောက်ပြီး နောက်တဖန် စ၍ ကြီးထွားလာခြင်း ဖြစ်ပါသည်။[၁၃] တစ်နည်းအားဖြင့် ဇဟိုရ်အဇါန်ပေးချိန်မှ စ၍ နေမဝင်ရန် ၄မိနစ် အလိုခန့် အချိန် အထိ ဖြစ်ပါသည်။

နမာဇ် ဇဟိုရ် အထူးအချိန်

နမာဇ် ဇဟိုရ် ၏ ပထမအချိန် (ဇဟိုရ်အဇါန်စချိန် မှ) နမာဇ် လေးရကတ် ဖတ်လို့ ရသလောက်အချိန်ထိသည် «သီးသန့် အချိန် အထူးအချိန် » နမာဇ် ဇဟိုရ် အတွက် ဖြစ်ပါသည်။[၁၄]တမင် တကာ ဤ အချိန် တွင် နမာဇ် အဆ်ရ် ဖတ်၍ မရသည့် အချိန် ဖြစ်ပါသည်။

နမာဇ် ဇဟိုရ် နှင့် နမာဇ် အဆ်ရ် ဘုံ အချိန်

နမာဇ် ဇဟိုရ် ၏ သီးသန့် အချိန် အထူးအချိန် ပြီးချိန် မှ စ၍ နမာဇ် အဆ်ရ် ၏ သီးသန့် အချိန် အထူးအချိန်အစ အထိ အချိန် သည် နမာဇ် ဇဟိုရ် နှင့် နမာဇ် အဆ်ရ် ဘုံ အချိန် ဖြစ်ပါသည်။[၁၅]

နမာဇ် ဇဟိုရ် ၏ အရေးပါမှု

ကျမ်းတော်မြတ်ကုရ်အာန်တွင် နေ့စဥ် နမာဇ် ငါးကြိမ် ကို ဝတ်ပြုရန် ထိန်းသိမ်း စောင့်ရှောက် ရန် ညွှန်ကြား ထားရာ နမာဇ် ဇဟိုရ် အချိန် ကို သီးခြားအလေးပေးဖော်ပြထားပါသည်။ «حافِظُوا عَلَی الصَّلَواتِ وَ الصَّلاةِ الْوُسْطی وَ قُومُوا لِلَّهِ قانِتینَ» အဓိပ္ပာယ် - အသင်တို့သည် နမာဇ် ဝတ်ပြုမှုများကို အထူးသဖြင့် အလယ်နမာဇ် (နမာဇ် ဇဟိုရ်) ကို ထိန်းသိမ်းစောင့်‌ရှောက်ပါလေ။နေ့စဥ် ဝတ်ပြုပါလေ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် ၏ ရှေ့တော်မှောက်တွင် ရိုကျိုးသူများ အဖြစ်နှင့်ရပ်ကြပါလေ။[၁၆] ကျမ်းမြတ်ကုရ်အာန် ၏ သဖ်စီးရ် ပညာရှင်များ သည် ဟဒီးစ်တော် များကို အခြေခံ၍ အလယ် နမာဇ် ဆို သည်မှာ နမာဇ် ဇဟိုရ် ဖြစ်ကြောင်း ဟု ဖွင့်ဆို ထားကြပါသည်။[၁၇]

နာဖေလဟ် နမာဇ် ဇဟိုရ်

နာဖေလဟ် နမာဇ် ဇဟိုရ် မှာ ရှစ် ရကတ် ဖြစ်ပါသည်။ နမာဇ် ဇဟိုရ် မတိုင်ခင် ဝတ်ပြုရသည် ဖြစ်ပါသည်။ ၎င်း နာဖေလဟ် နမာဇ် ဇဟိုရ် ၏ အချိန် ဇဟိုရ်အချိန် အစ မှ စပြီး နေ အရိပ်၏ အလျားသည် ခုနစ်ပုံ နှစ်ပုံ ရှည် လျားသည် အထိဖြစ်ပါသည်။[၁၈]

နမာဇ် ဇဟိုရ် ဆိုင်ရာ အဲဟ်ကာမ် အချို့

  • ဂျူမ်အဟ်နမာဇ် - သောကြာနေ့ တွင် ဂျူမ်အဟ်နမာဇ် အား နမာဇ် ဇဟိုရ် နေရာ တွင် ဝတ်ပြုရမည် ဖြစ်ပါ သည်။[၁၉]
  • ခရီးသည် နမာဇ် - အကြင်မည်သူမဆို ရှရီအသ် အရ ခရီးသည် ဖြစ်မည်။ မလွဲမသွေ နမာဇ် ဇဟိုရ်အား ကဆ်ရ်(၄ရကတ်အစား၂ရကတ်) ဖတ်ရမည် ဖြစ်ပါသည်။[၂၀]
  • အကယ်၍ နမာဇ် ဇဟိုရ်အား နမာဇ်အဆ်ရ် ၏သီးသန့်အချိန် အထူးအချိန် ( နေဝင်ရန် လေးမိနစ်ကျန်ချိန်) အထိ ဝတ်ပြုရန် နှောင့်နှေးနေပါက မလွဲမသွေ အခြားအချိန် တွင် ကဇွာ အဖြစ် ဖတ်ရမည် ဖြစ်ပါသည်။[၂၁]
  • တစ်စုံတစ်ယောက်သည် မတော်တဆ (မရည်ရွယ်ဘဲ) နမာဇ် ဇဟိုရ် သို့မဟုတ် နမာဇ် အဆ်ရ် အား သီးသန့်အချိန် ၊ အထူးအချိန် တွင် ပြောင်းပြန် တစ်နည်းအားဖြင့် နမာဇ် ဇဟိုရ် အား နမာဇ် အဆ်ရ် ၏ သီးသန့် အချိန် အထူးအချိန် တွင် သို့မဟုတ် နမာဇ် အဆ်ရ် အား နမာဇ် ဇဟိုရ် ၏ သီးသန့် အချိန် အထူးအချိန် တွင် ဖတ်မိမည်ဆိုလျင် ၎င်း နမာဇ်သည် ပိုင်ပါသည်။ (မပျက်ချေ။)[၂၂]
  • နမာဇ် ဇဟိုရ် တွင် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်အပုဒ်ပုဒ် အား အစ်ခ်ဖါသ် (ခ) အသံတိုးတိုး နှင့် ဖတ်ရမည် မှာ ဝါဂျစ်ဗ် ဖြစ်ပါသည်။[၂၃] အကယ်၍ တစ်ဦးတစ်ယောက်သည် မသိ၍ သို့မဟုတ် မေ့လျော့၍ နမာဇ် ဇဟိုရ် တွင် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်အပုဒ်ပုဒ် အားဂျဟ်ရ် (ခ) အသံ ထုတ်၍ ဖတ်ခဲ့ မည်ဆိုလျင် ပြဿနာ မဟုတ်ချေ။ နမာဇ် ပိုင်ပါသည်။ သို့သော် အကယ် တမင်တကာ ဖြစ်လျင် နမာဇ် ပျက်ပါသည်။[၂၄]

အောက်ခြေ မှတ်စုများ

  1. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ ပတ်ခ်ရှ်ရှေ နမာဇ်ဟာယေ ယောင်မီယဟ်။
  2. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၄၃။
  3. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၄၈။
  4. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၇၈။
  5. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၀၂၂။
  6. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၀၄၅။
  7. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၅၈။
  8. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၁၀၀။
  9. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၀၀၅။
  10. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၁၁၀၅။
  11. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၁။
  12. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၀။
  13. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၂၉။
  14. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၁။
  15. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၁။
  16. စူရဟ် ဗကရဟ် ၊ အာယသ်တော် အမှတ် ၂၃၈။
  17. သရ်ဂျိုမဟ် အလ်မီးဇန်း ၊ အလာမဟ် သွဗာသွဗာရီ၊ အတါဲ၂ ၊ စာမျက်နှာ ၃၆၅။
  18. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၆၈။
  19. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၃။
  20. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၂၈။
  21. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၁။
  22. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၇၃၁။
  23. သွဗာသွဗာရီ ဟကီးမ် ၊ မွတ်စ်သမစစ်က်ကိုလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၂၀၂။ ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၉၂။
  24. ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ အေမာမ် ခိုမေနီ ၊ မတ်စ်အလဟ် အမှတ် ၉၉၅။

ကျမ်းကိုးများ

  • အေမာမ် ခိုမေနီ ၊ ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ်။
  • အလာမဟ် သွဗာသွဗာရီ ၊ ဆရက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ၊ သဖ်စီးရ် ရိုလ် အလ်မီးဇန်း ၊ တီဟီရန် ၊ မရ်ကဇ် နရှ်ရ် ဖရ်ဟန်ဂ်ဂီ ရေဂျာအ် ၊ ခုနှစ်မသိ။
  • သွဗာသွဗာရီ ဟကီးမ် ၊ ဆယက်ဒ် မော်ဟ်စင်န် ၊ မွတ်စ်သမစစ်က်ကိုလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ကွမ်း ၊ အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မရ်အရှီ နဂျဖီ ၏ ပြည်သူ့ စာကြည့်တိုက် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်။