မာတိကာသို့ ခုန်သွားရန်

နဂျီစ်ကိုဖယ်ရှားခြင်း

wikishia မှ

နဂျီစ်ကိုဖယ်ရှားခြင်း (အာရဘီ - إزالة النجاسة) ဆိုလိုသည်မှာ နဂျီစ်ကို ဖယ်ရှားခြင်းဖြစ်သည်။ နမားဖတ်သူ၏ အဝတ်အစား နှင့် သဝါးဖ်ပြုသူ၏ အဝတ်အစား၊ခန္ဓာ ၎င်းအပြင် စဂျ်ဒါပြုသည့်နေရာ၊ ဗလီဝတ်ကျောင်းတော်ကုရ်အာန်အေမာမ်(အ.စ)တို့၏ ဗိမ္မာန်တော်များ၊ သေဆုံးသူ၏ ကဖန်နှင့် ခန္ဓာ နှင့် ဝူဇူခန္ဓာကိုယ်အစိတ်အပိုင်းများ နှင့် ဂွစ်လ်ပြုမည့် ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် နဂျီစ်အစိုင်အခဲတစ်စုံတစ်ရာ ရှိနေပါက ဖယ်ရှားရမည်မှာ ဝါဂျီဘ်ဖြစ်သည်။ ထိုသို့ဖယ်ရှားရာတွင် ကဲစ်-ဒေ-ကုရ်ဘသ် (အလ္လာဟ်နှင့်နီးစပ်မှုရရန်ဟူသော အဓိဌာန်) မလိုအပ်ပေ။ ရှီအာအကျော်အမော် ဓမ္မသတ်ပညာရှင်ကြီးများ၏ အမြင်တွင် တိရစ္ဆာန်တို့၏ ခန္ဓာပေါ်၌ တွယ်ကပ်နေသော နဂျီစ်အစိုင်အခဲကို ဖယ်ရှားပေးမှုသည် (ရေ၊ နေရောင်ခြည် စသဖြင့်ကဲ့သို့ ) ပါးက်ပြုလုပ်ပေးသည့်အကြောင်းအရာများ၏ စာရင်းတွင် တစ်ခုအပါအဝင်ဖြစ်ပေသည်။ တိရစ္ဆာန်၏ ခန္ဓာကိုယ်ပေါ်၌ရှိသော နဂျီစ်အစိုင်အခဲကို ဖယ်ရှားပေးလိုက်ရုံဖြင့် (ပပျောက်သွားရုံဖြင့်) ၎င်း၏ခန္ဓာသည်ပါးက်ဖြစ်သွားပေလိမ့်မည်။(ရေဖြင့်ထပ်မံပါးက်ပြုလုပ်ရန်မလိုပါ)

အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့်အရေးပါမှု

နဂျီစ်အစိုင်အခဲဖယ်ရှားခြင်းဆိုသည်မှာ (လူ၏ခန္ဓာ(သို့)အရာဝတ္ထုတစ်ခုခု)သည် မူရင်းနဂျီစ်(၁၀)မျိုးဖြစ် ကြသော သွေးဆီးဝမ်းသုက်ရည်အသေကောင်ခွေးဝက်ကာဖိရ်အရက်နှင့်ဘီယာ (မူးရစ်စေတတ်သောအရည်အားလုံး)နှင့်ထိတွေ့၍သော်လည်းကောင်း (သို့) နဂျီစ်ဖြစ်နေသောအရာများဖြင့် ထိတွေ့၍သော်လည်းကောင်း (လူ၏ခန္ဓာနှင့်အရာဝတ္ထု) နဂျီစ်ဖြစ်သွားသည့်အခါ ထိုနဂျီစ်ကိုဖယ်ရှားခြင်းဖြစ်သည်။ နဂျီစ်ကိုဖယ်ရှားခြင်းနှင့်ပတ်သက်ပြီး များသောအားဖြင့် သွာဟာရသ်နှင့်နမားဇ်အခန်းဂဏ္ဍများတွင် ဖေါ်ပြထားလေသည်။ ထိုသို့ဖယ်ရှားရာတွင် ကဲစ်-ဒေ-ကုရ်ဘသ် (အလ္လာဟ်နှင့်နီးစပ်မှုရရန်ဟူသော အဓိဌာန်) မလိုအပ်ပေ။

နဂျီစ်အားဖယ်ရှားမှုကို ပါးက်ပြုလုပ်ပေးသောအရာများဖြစ်ကြသော ရေ၊မြေကြီးနှင့်နေရောင်ခြည် တို့နှင့်ပြုလုပ်ရမည်။ ထိုအတိုင်းပင် ရှီအာဓမ္မသတ်ပညာရှင်ကြီးတို့၏ ကျော်ကြားသော ဖတ်သဝါအရ တိရစ္ဆာန်၏ ခန္ဓာကိုယ်သည် နဂျီစ်ဖြစ်နေပါက ထိုနဂျီစ်အစိုင်အခဲ ဖယ်ရှားပေးလိုက်ရုံဖြင့် ၎င်း၏ခန္ဓာသည် ပါးက်ဖြစ်သွားပေလိမ့်မည်။

ဥပဒေသများ

မည်သည့်အရာမဆို နဂျီစ်ဖြစ်နေပါက ထိုအရာကိုမှ နဂျီစ်ကိုဖယ်ရှားပြီး ပါးက်လုပ်ခြင်းမှာ ကောင်းသောလုပ်ရပ်ဖြစ်သည်။ သို့သော် အချို့သော နေရာတွင် ထိုသို့ပြုလုပ်ရန် ဝါဂျီဘ်ဖြစ်သည်။

  • ဗလီဝတ်ကျောင်းတော်များ- ဗလီဝတ်ကျောင်းတော်များနဂျီစ်ဖြစ်သွားခဲ့ပါက ထိုမှနဂျီစ်ကို ချက်ချင်းဖယ်ရှား၍ပါးက်ပြုလုပ်ရမည်မှာဝါဂျီဘ်ဖြစ်သည်။ နောက်ကျခွင့်မရှိပါ၊နောက်ကျခြင်းသည် ဂျာအိဇ်မဟုတ်ပါ။ ထို့ကြောင့် နမားဇ်နှင့် ဗလီနဂျီစ်ဖြစ်နေမှုသည် တိုက်ဆိုင်လာခဲ့လျှင် နမာဇ်ကဇာမဖြစ်နိုင်သေးပါက နဂျီစ်ကိုဖယ်ရှားပါးက်လုပ်ခြင်းကို ဦးစားပေးလုပ်ဆောင်ရမည်။ ရှီအာဓမ္မသတ်ပညာရှင်ကြီးများ၏ဖှသ်ဝါအရ ဗလီဝတ်ကျောင်းတော် နဂျီစ်ဖြစ်သွားခဲ့သည်ရှိသော် ထိုမှနဂျီစ်ကိုဖယ်ရှားပါးက်ပြုလုပ်ခြင်းသည် ဝါဂျီဘ်-ဘေ-ကေဖါယီ တစ်ဦးဦးဆောင်ရွက်လိုက်ရုံဖြင့် အခြားသောသူများအတွက် လုပ်ဆောင်ရန်တာဝန်မရှိတော့သည့်ဝါဂျီဘ်အမျိုးအစား)ဖြစ်သည်။ ဗလီဝတ်ကျောင်းတော်ကို နဂျီစ်ပြုလုပ်သူသာလျှင် ထိုမှနဂျီစ်ကိုဖယ်ရှားရန် တာဝန်ရှိသည်မဟုတ်ပေ။ အားလုံးအပေါ်တွင် ထိုသို့ဆောင်ရွက်ရန် ဝါဂျီဘ်ဖြစ်သည်။ နဂျီစ်ကိုဖယ်ရှားပါးက်လုပ်ရန်ဝါဂျီဘ်ဖြစ်ခြင်းနှင့်ပတ်သက်ပြီးအချို့သော ဓမ္မသတ်ပညာရှင်ကြီးများ၏အထောက်အထားသည် ကုရ်အာန်ကျမ်းတော်မြတ်(မွရှ်ရိက်တို့သည် နဂျီစ်ဖြစ်သောကြောင့် ကာဘာကျောင်းတော်အနီးအနားသို့ မလာစေရ) အရဖြစ်သည်။၎င်းအပြင် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အချို့သောသူတို့က ကာဘာကျောင်းတော်နှင့် ကျန်ဗလီဝတ်ကျောင်းတော်များအကြား ခြားနားမှုမရှိပါဟု ပြောဆိုထားကြလေသည်။
  • စဂျ်ဒါပြုလုပ်သည့်နေရာ - စဂျ်ဒါပြုလုပ်သည့်အခါ နဖူးချသောနေရာသည် နဂျီစ်ဖြစ်နေခဲ့သည်ရှိသော် ၎င်းနေရာမှ နဂျီစ်ကိုဖယ်ရှား၍ ပါးက်ပြုလုပ်ရပေမည်။ထိုအကြောင်းအရာသည် နမားဇ်ပိုင်ခြင်းအတွက် ပညက်ချက်တစ်ခုပင်ဖြစ်သည်ဟု ရှီအာဓမ္မသတ်ပညာရှင်ကြီးတို့အကြား ကျော်ကြားသော ဓမ္မသတ်အဆုံးအဖြတ်တစ်ခုဖြစ်သည်။ ရှီအာဓမ္မသတ်ပညာရှင်ကြီးများအတွင်းမှ အဘူဆွလာဟ် ဟလဘီ သည် စဂျ်ဒါချသည့် နေရာ (၇) ခု၏ တစ်နေရာတွင် နဂျီစ်ရှိနေပါက ထိုနဂျီစ်ကိုဖယ်ရှား၍ပါးက်ပြုလုပ်ရမည်မှာ ဝါဂျီဘ်ဖြစ်သည်ဟု ဆိုထားပေသည်။
  • နမားဇ် - နမားဇ်ဖတ်ရန်အတွက် လက်သည်းနှင့်ဆံပင်အပါအဝင် ကိုယ်ခန္ဓာအစိတ် အပိုင်းအားလုံးနှင့် အဝတ်အစား နဂျီစ်ဖြစ်နေပါက ထိုအရာများမှ နဂျီစ်ကိုဖယ်ရှားရမည်မှာ ဝါဂျီဘ်ဖြစ်ပြီး ထိုအကြောင်းအရာသည် နမားဇ်ပိုင်ခြင်းအတွက် ပညက်ချက်တစ်ခုဖြစ်သည်။ ထိုအတိုင်းပင် နမားဇ်-ဇေ-အဲဟ်သေယားသ်သရှဟုဒ်ကဇာပြုခြင်းနှင့် စဂျ်ဒါဟ်စဲဟ်ဝ်ပြုခြင်းများအတွက် ခန္ဓာနှင့် အဝတ်အစားများနဂျီစ်ဖြစ်ခဲ့ပါက ထိုနဂျီစ်ကိုဖယ်ရှားရမည်မှာဝါဂျီဘ်ဖြစ်သည်။
  • သဝါးဖ်- ကိုယ်ခန္ဓာနှင့်အဝတ်အစားများနဂျီစ်ဖြစ်နေသောအနေအထားတွင် သဝါးဖ်ပြုခြင်းသည် ဂျာအိဇ်မဟုတ်ပါ။ ထို့ကြောင် အဲဟ်ရာမ်ဝတ်ထားသူအဖို့ ထိုအရာများ၌ နဂျိစ်ရှိနေပါက ဖယ်ရှား၍ပါးက်ပြုလုပ်ရမည်မှာဝါဂျီဘ်ဖြစ်သည်။ ရှီအာဓမ္မသတ်ပညာရှင်ကြီးများဖြစ်ကြသော ယူစွဖ်ဗဲဟ်ရာနီ နှင့် အိဘ်နေဟမ်ဇာတို့သည် နဂျီစ်ဖြစ်နေသော ခန္ဓာကိုယ်နှင့်အဝတ်အစားများဖြင့် သဝါးဖ်ပြုလုပ်ခြင်းကို မက္ကရူဟ် ဆိုထားကြပေသည်။
  • သေဆုံးသွားသူ၏ခန္ဓာနှင့်ကဖန်- ၎င်းတို့နဂျီစ်ဖြစ်သွားခဲ့သည်ရှိသော် မည်မျှပင် ကဗရ်တွင်းသို့ ထည့်သွင်းလိုက်ပြီးသည်ဖြစ်ပါစေ ထိုမှနဂျီစ်ကိုဖယ်ရှား၍ပါးက်လုပ်ရန် ဝါဂျီဘ်ဖြစ်သည်။ ဆွာဟေဘေဂျဝါဟီရ်နှင့် မိုဟက္ကိက်-ကေ-အရ်ဒဘီလီတို့ပြောကြားချက်တွင် သေဆုံးသွားသူ၏ခန္ဓာမှ နဂျီစ်ကို ဒဖန်မပြုလုပ်မီ ဖယ်ရှားရန်ဝါဘ်ဖြစ်သည်ဟု ဖေါ်ပြထားလေသည်။
  • ဝူဇူနှင့်ဂွစ်လ်အစိတ်အပိုင်းများ- ဝူဇူနှင့်ဂွစ်လ်ပြုမည့်အစိတ်အပိုင်းများအားလုံးတွင် နဂျီစ်ရှိနေပါက ထိုနဂျီစ်ကိုဖယ်ရှားရန်ဝါဂျီဘ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝူဇူနှင့်ဂွစ်လ်ပြုရန်အတွက် ယင်အစိတ်အပိုင်းများပါးက်နေရမည်မှာ ၎င်းနှစ်ခုအတွက်ပညက်ချက်များဖြစ်သည်။