ဇဟ်ရာ (ဘွဲ့တော်)
ဇဟ်ရာ (ဘွဲ့တော်) (အရဘီ : الزهراء لقب ) ဆိုသည်မှာ ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ဘွဲ့တော် များ မှ တစ်ခု ဖြသ်ပါသည်။[၁] အဓိပ္ပာယ် မှာ အဖြုရောင် နှင့် ထွန်းလင်းတောက်ပ ခြင်း ဖြစ်ပါသည်။[၂] ပမာအားဖြင့် ပုလဲ ကဲ့သို့ တောက်ပ ခြင်းဖြစ်ပါသည်။[၃] အလာမဟ် မဂျ်လေစီ အနေဖြင့် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံ မှဆင့်ပြန်လာရှိသည့် ဟဒီးစ်တော် တစ်ပါး၏ သဖ်စီးရ် တွင် ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ဘွဲ့တော် တစ်ပါး ဖြစ်သည် ဇဲဟ်ရာဆိုသည့် ဘွဲ့တော် ပိုင်ဆိုင်ရခြင်း ၏ အထောက်အထား မှာ နာမ်ပိုင်းဆိုင်ရာ အရ လင်းဝင်းတောက်ပ သည့် အတွက်ကြောင့် ဖြစ်ကြောင်း ဆိုထားပါသည်။[၄] ဇဲဟ်ရာ (သို့မဟုတ်) ဖွာတွေမဟ်သွန်ဇ် ဇဲဟ်ရာ ဆိုသည့် စကားလုံး သည် ဟဒီးစ်တော်များ နှင့် ဇေယာရသ် နာမဟ် များတွင် လာရှိ အသုံးပြုထားသည့် သခင်မကြီး ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ နာမည် များမှ ဖြစ်ပါသည်။ ဤနည်းတူစွာ ရှီအဟ် အေမာမ်များ (အ.စ) (၁၁) ပါးအား အဗ်နာအို ဖွာတွေမဟ်သွန်ဇ်ဇဲဟ်ရာ ( ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ ကလေးများ ) ဟု ကျော်ကြားပါသည်။[၅] ရှီအဟ်ဟဒီးစ်တော်များတွင် ဇဟ်ရာ ဘွဲ့တော် ဖြင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) အား ခေါ်ဆိုရသည့် အထောက် အထား များစွာလာရှိပါသည်။ပမာအားဖြင့် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံတော် မှ ရီဝါယသ် ဆင့်ပြန်ချက်တစ်ခု လာရှိသည် မှာ - ဇဟ်ရာ အမည်တွင်သည်၊ အကြောင်းမှာ သခင်မကြီး ၏ မျက်နှာတော် သည် အေမာမ်အလီ (အ.စ) ၏ အမြင်တော် တွင် လင်းဝင်း တောက်ပနေသောကြောင့် ဖြစ်ပါသည်။[၆] အခြားရီဝါယသ်တော် များတွင် ဤကဲ့သို့ လာရှိပါသည်။ ဟဇရသ် ဖွာတွေမဟ် (စ.အ) ခဝပ် ၊ဝတ်ပြုကိုးကွယ်ရန် မတ်တပ်ရပ်တော် မူ သည့် အခါ ကောင်းကင်ကြယ်တာ များ သည် မြေပေါ်တွင် နေထိုင်သူများ ကို အလင်းပေးသကဲ့သို့ သခင်မကြီး ၏ အလင်းရောင်သည် ကောင်းကင်သားများ အား အလင်းပေးခဲ့လေသည်။[၇]ထိုနည်းတူစွာ ရီဝါယသ်တော် လာရှိသည် မှာ - အလ္လာဟ် ဟိုအရှင်မြတ် သခင်သည် မိမိ ၏ ကြီးမြတ်သောအလင်းတော် မှ ဟဇရသ် ဖွာတွေမဟ် (စ.အ) ကို ဖန်ဆင်းတော် မူ ခဲ့ပါသည်။ ဟဇရသ် ဖွာတွေမဟ် (စ.အ) ကို ဖန်ဆင်းသောအခါ ကောင်းကင်နှင့်မြေကြီးကို သခင်မ ပေါ်ရှိ အလင်းရောင် ကြောင့် လင်းထိန်သွားကာ ကောင်းကင်တမန်များ သည် ငေးငိုင် သွားကြလေသည်။[၈] ဟဇရသ် အာအေရှဟ် ထံ မှ လည်း ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ မျက်နှာတော် ၏ ဝင်းလင်း တောက်ပမှုနှင့် ပတ်သက် ၍ ဟဒီးစ်တော် တစ်ပါး လာရှိပါသည်။[၉] ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏အမည်များအကြောင်းကို အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ ဟဒီးစ်တော် တစ်ပါး တွင်ဖော်ပြ လာရှိပါသည်။ အလ္လာဟ်ဟို အရှင်မြတ် ၏ အမြင်တော် တွင် အမည် နှင့် ဘွဲ့တော် သည် ကိုးခု ရှိပါသည်။ ၎င်းတို့မှာ ဖွာတွေမဟ် (စ.အ) ၊ ဆစ်ဒီကဟ် (စ.အ) ၊ မိုဘာရေကဟ် (အ .စ) ၊ သွာဟေရဟ် (စ.အ) ၊ ဇကီးယဟ် (စ.အ) ၊ ရာဇီးယဟ် (စ.အ) ၊ မရ်ဇီးယဟ် (စ.အ) ၊ မိုဟဒစ်စဟ် (စ.အ) နှင့် ဇဟ်ရာအ် (စ.အ) ဖြစ်ပါသည်။[၁၀] ကျွန်ုပ်တို့ထံ ရောက်ရှိလာသည့် ဟဒီးစ်တော် များသည် ဟဇရသ် ဖွာတွေမဟ် (စ.အ) အမည်များ နှင့် ဘွဲ့တော်များသည့် သခင်မကြီး၏ ကြီးကျယ် မြင့်မြတ် မှုအပေါ် အခြေခံထားခြင်း ဖြစ်ပါ သည်။[၁၁] ရှီအဟ် ဟဒီးစ်ကျမ်းများ တွင် ဇဟ်ရာ ဘွဲ့တော် နှင့်ပတ်သက်၍ ရှင်းပြရန် အပိုင်းများကို အာရုံစိုက်ထားပါသည်။ သို့ဖြစ်ပါ၍ ရှိက်ဆူဒူက် ဖဆ်လီ ရေးသား သီးကုံးထားသည့် အလလွတ်ရှ်ရှရာယေအ် ကျမ်း[၁၂] နှင့် အလာမဟ် မဂျ်လေစီ ရေးသား သီးကုံးထား သည့် ဘေဟာရိုလ်အန်နဝါရ် ကျမ်း အတွဲ ၄၃ ၏ တစ်စိတ်တစ်ပိုင်းတွင် ဇဟ်ရာ ဘွဲ့တော် နှင့်ပတ်သက်၍ ရေးသားထားလာ ရှိပါသည်။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဌာန (ခ) မှတ်ပုံတင်ရုံး တွင် မှတ်ပုံတင်ထားသော အမည်များ၏ အစီရင်ခံစာအရ ဇဟ်ရာ သည် အီရန်အမျိုးသမီးအမည်များအနက်မှ အထားအများဆုံး အမည် များမှ တစ်ခုဖြစ်ပါသည်။ ဥပမာအားဖြင့် အီရန်သက္ကရာဇ် ၁၃၉၂ ခုနှစ် ခရစ် သက္ကရာဇ် ၂၀၁၃ ခုနှစ်တွင် ဤအမည်သည် အီရန်တွင် ဒုတိယအသုံးအများဆုံး အမျိုးသမီးအမည်ဖြစ်ပါသည်။[၁၃]
အောက်ခြေ မှတ်စုများ
- ↑ ရှိက်ခ် ဆူဒူက် ၊ အလ်အမာလီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၈ ခုနှစ် ၊ စာမျက်နှာ ၇၄ ။ ကိုလိုင်းနီ၊ ၊အလ်ကာဖီ ၊ အီရန် သက္ကရာဇ် ၁၃၆၃ ခုနှစ်၊ အတွဲ ၁၊ စာမျက်နှာ ၂၄၀ ။ မတ်စ်အူဒီ ၊ အစရာရိုလ်ဖွာတွေမဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၀ခုနှစ် ၊ စာမျက်နှာ ၄၀၉ ။
- ↑ အစ်ဗ်နေအစီးရ် အလ်ဂျဇရီ ၊ အန်နေဟာယာသို ဖီး ဂရီးဗ်ဘေလ်ဟဒီးစ် ဝလ်အစ်ရ် ၊ ဇဟ်ရာ ဟူသော စကားလုံးအောက်တွင်။
- ↑ အစ်ဗ်နေ မန်ဇူရ် ၊ လေစာန်နိုလ်အရဗ် ၊ ဇဟ်ရာ ဟူသော စကားလုံးအောက်တွင်။
- ↑ မဂျ်လေစီ ၊ ဂျလာအိုလ်အိုယွန်းန် ၊သာရီးခ် ကျဟာရ်ဒေဟ်မအ်စူးမ် ၊ အီရန် သက္ကရာဇ် ၁၃၈၀ ခုနှစ်၊ စာမျက်နှာ ၁၆၂ ။
- ↑ မဂျ်လေစီ ၊ ဘေဟာရိုလ်အန်နဝါရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ခုနှစ် ၊ အတွဲ ၉၉ ၊ စာ မျက်နှာ ၁၈၀ နှင့် ၂၉၇ ၊ အတွဲ ၉၈ ၊ စာမျက်နှာ ၃၄၅။
- ↑ ဆူဒူက် ၊ အလလွတ်ရှ်ရှရာယေအ် ၊ မက်ဗသိုလ် ဒါဝရီ ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၇၉ -၁၈၁ ။
- ↑ ဆူဒူက် ၊ အလလွတ်ရှ်ရှရာယေအ် ၊ မက်ဗသိုလ် ဒါဝရီ ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၈၁ ။
- ↑ ဆူဒူက် ၊ အလလွတ်ရှ်ရှရာယေအ် ၊ မက်ဗသိုလ် ဒါဝရီ ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၈၀ ။
- ↑ အလ်ကရ်မာနီ ၊ အလ်အခ်ဗါရိုလ် ဒိုဝလိုဝအာစာရိုလ်အောင်ဝဲလ် ဖီးအလ်သာရီးခ် ၊ ဘေရွတ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၂၅၆ ။ ရူရှ်သရီ ၊ အဲဟ်ကာကိုလ်ဟက် ဝအစ်ဇ်ဟာကိုလ်ဗါသွေလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ် အတွဲ ၁၉ ၊ စာမျက်နှာ ၁၀ ။
- ↑ ဆူဒူက် ၊ အလ်ခေဆွာလ် ၊ အီရန် သက္ကရာဇ် ၁၃၆၂ ခုနှစ်၊ အတွဲ ၂၊ စာမျက်နှာ ၄၁၄ ။
- ↑ ရှိက်ခ် ဆူဒူက် ၊ အလ်အမာလီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၈ ခုနှစ် ၊ စာမျက်နှာ ၆၉၂ ။ ကိုလိုင်းနီ၊ ၊အလ်ကာဖီ ၊ အီရန် သက္ကရာဇ် ၁၃၆၃ ခုနှစ်၊ အတွဲ ၁၊ စာမျက်နှာ ၂၄၀ ။ မတ်စ်အူဒီ ၊ အစရာရိုလ်ဖွာတွေမဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၀ခုနှစ် ၊ စာမျက်နှာ ၄၀၉ ။
- ↑ ဆူဒူက် ၊ အလလွတ်ရှ်ရှရာယေအ် ၊ မက်ဗသိုလ် ဒါဝရီ ၊ အတွဲ ၁ ၊ အခန်း ၁၄၃။
- ↑ « နိုင်ငံ အရပ်ဘက်မှတ်ပုံတင်ဌာနတွင် ဟဇရသ် ဇဟ်ရာ (စ.အ) အမည် ဖြင့် ၁၂ သန်းကျော်ကို မှတ်ပုံတင်ခြင်း ... » ၊ Mehr News Agency ဝဘ်ဆိုဒ်။
ကျမ်းကိုးများ
- အစ်ဗ်နေအစီးရ် အလ်ဂျဇရီ ၊ အဘူလ်စအာဒါသ်၊ အန်နေဟာယာသို ဖီး ဂရီးဗ်ဘေလ်ဟဒီးစ် ဝလ်အစ်ရ် ၊သဲဟ်ကီးက် သွာဟေရ် အဲဟ်မဒ် ဒေဇ်ဇာဝီ ၊ မဲဟ်မူဒ် မိုဟမ္မဒ် အလ်သွနာဟီ ၊အန်သေရှာရာ သိုလ်မက်သဗသေလ် အေလ်မီယသေဟ် ၊ ဘေရွတ် ၊ ခရီသက္ကရာဇ် ၁၉၇၉ ခုနှစ် ။
- အစ်ဗ်နေ မန်ဇူရ် ၊ မဲဟ်မူဒ် ဘင်န် မိုကရမ် ၊ လေစာန်နိုလ်အရဗ် ၊ ပုံနှိပ် ဒါရိုရ် ဆွာဒရ် ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄ ခုနှစ် ။
- « နိုင်ငံ အရပ်ဘက်မှတ်ပုံတင်ဌာနတွင် ဟဇရသ် ဇဟ်ရာ (စ.အ) အမည် ဖြင့် ၁၂ သန်းကျော်ကို မှတ်ပုံတင်ခြင်း ... » ၊ Mehr News Agency ဝဘ်ဆိုဒ်။ တင်သည့် ရက်စွဲ ဖရ်ဝရ်ဒီးန် ၃၁ ရက် အီရန် သက္ကရာဇ် ၁၃၉၃ ခုနှစ်၊ ပြန်ကြည့် ရက်စွဲ အိုရ်ဒီးဗေဟစ်ရှ် ၃၀ ရက် အီရန် သက္ကရာဇ် ၁၄၀၃ ခုနှစ်။
- ရူရှ်သရီ ၊ နူးရ်ရိုလ္လာဟ် ဘင်န် ရှရီးဖ်ဖိုဒ်ဒီးန် ၊ အဲဟ်ကာကိုလ်ဟက် ဝအစ်ဇ်ဟာကိုလ်ဗါသွေလ် ၊ အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မရ်အရှီ နဂျဖီ ၏ ပြည်သူ့ စာကြည့်တိုက်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ်။
- ဆူဒူက်၊မိုဟမ္မဒ် ဘင်န်အလီ ၊ အလ်ခေဆွာလ် ၊ သဲဟ်ကီးက် အလီအဲက္က်ဘရ် ဂဖါရီ ၊ ခုနှစ်၊ ဂျာမေအဟ် မိုဒရေစီးန် ၊ ကွမ်း ၊ အီရန် သက္ကရာဇ် ၁၃၆၂ ခုနှစ် ။
- ဆူဒူက် ၊ မိုဟမ္မဒ် ဘင်န်အလီ ၊ အလလွတ်ရှ်ရှရာယေအ် ၊ မန်ရှိုရာသိုလ်မက်သဗသေလ် မက်ဗသိုလ် ဒါဝရီ ၊ ကွမ်း၊ ခုနှစ် မသိ။
- ဆူဒူက် ၊ မိုဟမ္မဒ် ဘင်န်အလီ ၊ အလ်အမာလီ ၊ ကွမ်း မိုအ်စေစေဟိုလ်ဗေအ်စဟ် ၊ဟီဂျရီ သက္ကရာဇ် ၁၄၁၇ ခုနှစ် ။
- အလ်ကရ်မာနီ ၊ အလ်အခ်ဗါရိုလ် ဒိုဝလိုဝအာစာရိုလ်အောင်ဝဲလ် ဖီးအလ်သာရီးခ် ၊ သဲဟ်ကီးက် အဒ်ဒေါက်သူရ် ဖဟ်မီ စအ်ဒ် ဝ အဒ်ဒေါက်သူရ် အဲဟ်မဒ် ဟသီးသွ် ၊ အာလန်မိုလ် ကိုသူဗ် ၊ ဘေရွတ် ၊ ခုနှစ် မသိ။
- ကိုလိုင်းနီ၊ မိုဟမ္မဒ် ဘင်န် ယအ်ကူးဗ် ၊အလ်ကာဖီ ၊ သဲဟ်ကီးက် အလီအဲက္က်ဘရ် ဂဖါရီ ၊ တီဟီရန်၊ ဒါရိုလ်ကိုသွဗ်ဗေ အစ္စလာမ်မီယဟ်၊ အီရန် သက္ကရာဇ် ၁၃၆၃ ခုနှစ်။
- မဂျ်လေစီ ၊ မိုဟမ္မဒ် ဘာကဲရ် ၊ ဂျလာအိုလ်အိုယွန်းန် ၊သာရီးခ် ကျဟာရ်ဒေဟ်မအ်စူးမ် ၊သဲဟ်ကီးက် ဆယက်ဒ် အလီ အေမာမ် မီယာန်း ၊ ကွမ်း စရူရ် ၊ အီရန် သက္ကရာဇ် ၁၃၈၀ ခုနှစ် ။
- မဂျ်လေစီ ၊ မိုဟမ္မဒ် ဘာကဲရ် ၊ ဘေဟာရိုလ်အန်နဝါရ် ရိုလ်ဂျမေအသို လေဒရ်ရေအက်ခ်ဗာရိုလ် အအေ မသိုလ်အသွဟာရ် ၊ ဘေရွတ်၊ ဒရိုအဲဟ်ယာ အိုလ်သိုရာစ်စိုလ်အရဘီ ၊ဒုတိယအကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ခုနှစ် ။
- မတ်စ်အူဒီ ၊ မိုဟမ္မဒ် ဖွာဇေလ် ၊ အစရာရိုလ်ဖွာတွေမဟ် ၊ သဲဟ်ကီးက် ဆယက်ဒ် အာဒေလ် အလဝီ၊ မိုအ်စေစေသွန်ဇ်ဇာအေရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၀ခုနှစ် ။