ဂျန္နသ် နှင့် ဂျဟန္နမ် အား ခွဲခြားခြင်း ဟဒီးစ်

wikishia မှ


        ဂျန္နသ် နှင့် ဂျဟန္နမ် အား ခွဲခြားပေးခြင်း(အာရဗီ-حديث قَسيمُ النّارِ والجَنّة ) ဟူသော ဟဒီးစ် သည် ၊ တမန်တော်မြတ်(ဆွ) ထံမှလာရှိထားသည့် အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှု ဖြစ်သော “၎င်းသည် ဂျန္နသ် နှင့် ဂျဟန္နမ် အား ခွဲခြားပေးမည့်သူ ဖြစ်သည်” ဟူ၍ မိတ်ဆက်ထားသော ရေဝါယသ် တစ်ခုဖြစ်သည်။ ဤဟဒီးစ်သည် စွန္နီ နှင့် ရှီအာ ကျမ်းကိုးများတွင် စာသားပုံစံမျိုးစုံဖြင့် လာရှိထားသည်။         ရေဝါယသ်များ နှင့် မွစ်လင်မ် အိုလမာ ပညာရှင်ကြီးများ၏ ဆိုစကားများ၌ ၊ ဤဟဒီးစ်တော်၏ အဓိက အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်ခု လာရှိထားသည် ။ တစ်ခုမှာ ၊ အလီ(အစ) အား အချစ်ထားကြသူများသည် ဂျန္နသ် သုခဘုံ၌ နေရပြီး ၊ ၎င်းအား အမုန်းထားကြသူများသည် ဂျဟန္နမ် ငရဲဘုံ၌ နေရမည် ဖြစ်ပြီး၊ အခြားတစ်ချက်မှာ ၊ ကေယာမသ် ပြန်လည်ရှင်သန် ထမြေက်မည့်နေ့၌ ၊ အေမာမ်အလီ(အစ) သည် ဂျန္နသ်သို့ သွားမည့်သူများ နှင့် ဂျဟန္နမ်သို့ သွားမည့်သူများကို ခွဲခြားပေးမည် ဖြစ်သည်။         ရှီအာ နှင့် အဲဟ်လေစွန္နသ် တို့၏ အချို့ အိုလမာ ပညာရှင်များသည် ဤဟဒီးစ်တော်ကို ထင်ပေါ်ကျော်ကြားသော ဟဒီးစ် ဖြစ်သည် ဟူ၍ သတ်မှတ်ကြသည်။ သို့သော် အချို့ အဲဟ်လေစွန္နသ် တို့သည် ဤဟဒီးစ်တော်အား သီးခြား အထောက်အထား တစ်ခုဖြင့် ဖော်ပြထားပြီး မတိကျ မခိုင်လုံသော ဟဒီးစ် ဖြစ်သည်ဟု ယူဆထားကြသည်။ ဂျန္နသ် နှင့် ဂျဟန္နမ် အား ခွဲခြားပေးခြင်း ဟူသော ဟဒီးစ်ကို အာရဗီ နှင့် ဖွာရ်စီ ကဗျာများတွင် ကဗျာဆရာများက အသုံးပြုခဲ့ကြသည်။

ဟဒီးစ်၏ စာသား

        ဂျန္နသ် နှင့် ဂျဟန္နမ် အား ခွဲခြားပေးခြင်း ဟူသော ဟဒီးစ်သည် တမန်တော်မြတ်(ဆွ) ထံမှ အေမာမ်အလီ(အစ) နှင့်ပတ်သက်ပြီး လာရှိထားသည့် ဟဒီးစ်တစ်ခုဖြစ်ပြီး ၊ စာသားပုံစံမျိုးစုံဖြင့် ကျမ်းကိုးများ၌ လာရှိထားသည်။

  • یا عَلِی إِنَّکَ قَسِیمُ الْجَنَّةِ وَ النَّارِ

           အိုအလီ ၊ အသင်သည် ဂျန္နသ် နှင့် ဂျဟန္နမ်ကို ခွဲခြားပေးမည့်သူ ဖြစ်သည်။ (1) ဆွဟီဖေ‌ယေ အေမာမ်ရေဇွာ(အစ) ၌ ဂျဟန္နမ် ဟူသောစာသားသည် ဂျန္နသ် ထက်အရင် လာရှိထားသည်။(2)

  • یا عَلِی إِنَّکَ قَسِیمُ النَّارِ وَ الْجَنَّةِ

        အချို့ကျမ်းကိုးများ၌ ထိုစာသား၏ နောက်ဆက်တွဲ၌ လာရှိထားသည်မှာ تُدخِلُ مُحِبِّیکَ الْجَنَّةَ وَ مُبْغِضِیکَ النَّارَ

        အသင်သည် ၊ အသင့်အား အချစ်ထားသူများကို ဂျန္နသ် ထဲသို့ ဝင်ရောက်စေပြီး အသင့်အား အမုန်းထားသူများကို ဂျဟန္နမ် ထဲသို့ ဝင်ရောက်စေမည် ဖြစ်သည်။ (3)

  • «یا عَلِی أَنْتَ قَسِیمُ الْجَنَّةِ یوْمَ الْقِیامَةِ تَقُولُ لِلنَّارِ هَذَا لِی وَ هَذَا لَکِ»

        အိုအလီ ၊ အသင်သည် အသင်သည် ဂျန္နသ် နှင့် ဂျဟန္နမ်ကို ခွဲခြားပေးမည့်သူ ဖြစ်သည်။ ကေယာမသ်နေ့၌ မီးတောက်မီးလျံများကို “ဒါဟာအသင့်အတွက် ဒါဟာ ကျွန်ုပ်အတွက်” ဟူ၍ အသင် ပြောပေမည်။ (4)

  • یا علی إنَّکَ قَسیمُ النّارِ وَ إِنَّکَ تَقْرَعُ بَابَ الْجَنَّةِ فَتَدْخُلُهَا بِلَا حِسَاب»

        အိုအလီ ၊ အသင်သည် ဂျန္နသ် နှင့် ဂျဟန္နမ်ကို ခွဲခြားပေးမည့်သူ ဖြစ်သည်။ ထို့နောက် အသင်သည် ဂျန္နသ် တံခါးကို ရိုက်ချိုးကာ မည်သည့်စားရင်းအင်းမှ မရှိဘဲ ဂျန္နသ်ထဲသို့ ဝင်ရောက်ပေမည်။ (5) အေမာမ်အလီ(အစ) ကိုယ်တိုင်သည်လည်း အလားတူ စကားစုများဖြင့် မိမိကိုယ် မိမိ ဂျန္နသ် နှင့် ဂျဟန္နမ်ကို ခွဲခြားပေးမည့်သူ ဖြစ်ကြောင်း မိတ်ဆက်ထားသည်။ (6) ဥပမာ «أنَا الفارُوقُ الّذِی أَفرُقُ بَینَ الحَقِّ و البَاطِلِ، ‌أنَا أُدْخِلُ أَوْلِیائی الجَنَّةَ و أَعْدائی النَّارَ “ ကျွန်ုပ်သည် အမှန် နှင့် အမှား ကွဲပြားသွားအောင် ၎င်းတို့အကြား ပိုင်းခြားပေးမည့်သူ ဖြစ်သည် ။ ထို့အပြင် ကျွန်ုပ်သည် ကျွန်ုပ်အား အချစ်ထားသူကို ဂျန္နသ် သုခဘုံသို့ ဝင်ရောက်စေပြီး ကျွန်ုပ်အား အမုန်းထားသူကို ဂျဟန္နမ် ငရဲဘုံသို့ ဝင်ရောက်စေမည့်သူ ဖြစ်သည်။ (7)

        قسیم الجنة والنار ဂျန္နသ် နှင့် ဂျဟန္နမ်ကို ခွဲခြားပေးမည့်သူ ဟူသည် အေမာမ်အလီ(အစ) ၏ ဂုဏ်ပုဒ် တစ်ခုလည်း ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ (8) အေမာမ်အလီ(အစ) ၏ ဇေယာရသ် နာမဟ် တွင်လည်း ဤဟဒီးစ်တော်ကို ဖော်ပြပေးထားသည်။ (9)

ဟဒီးစ်မှ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်

မွတ်စ်လင်မ် ပညာရှင်များ၏ အဆိုအရ “ဂျန္နသ် နှင့် ဂျဟန္နမ်ကို ပိုင်းခြားခြင်း” ဟူသော စကားစု၏ အဓိက အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်ခုရှိသည်။

  • ပထမ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ၊ အလီ(အစ) အား အချစ်ထားကြသူများသည် လမ်းမှန်၌ ရှိသူများ ဖြစ်ကြပြီး ဂျန္နသ် သုခဘုံသို့ ဝင်ရောက်ကြရပြီး ၎င်းအား အမုန်းထားကြသူများသည် လမ်းမှား၌ရှိကာ ဂျဟန္နမ် ငရဲဘုံသို့ ဝင်ရောက်ကြရမည် ဖြစ်သည်။ (10) အဲဟ်လေစွန္နသ် တို့၏ ဖက္ကီးဟ် ပညာရှင်ဖြစ်သူ အဟ်မဒ် ဗင်န် ဟမ်ဘလ် (ဟီဂျရီ ၂၄၁ ကွယ်လွန်) သည် انا قسیم النار “ကျွန်ုပ်သည် ဂျဟန္နမ်ကို ပိုင်းခြားမည့်သူ ဖြစ်ငည်” ဟူသော ရေဝါယသ်ကို ငြင်းပယ်သောသူအား ပြန်လည်ဖြေဆိုရာ၌ ၊အေမာမ်အလီ(အစ) နှင့်ပတ်သက်ပြီး တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် “ မိုအ်မင်န် သက်ဝင်ယုံကြည်သူ များသာလျှင် အသင့်အား အချစ်ထားကြပြီး မိုနာဖီက္က် အယောင်ဆောင် များသာလျှင် အသင့်အား အမုန်းထားကြမည် ဖြသ်သည်” ဟူသော ဟဒီးစ်တော်ကို ထောက်ထားခဲ့သည်။ ထို့နောက် ဂျန္နသ် သုခဘုံ၌ မိုအ်မင်န် သက်ဝင်ယုံကြည်သူများ၏ အရိုက်အရာ နှင့် ဂျဟန္နမ် ငရဲဘုံ၌ မိုနာဖီက္က် အယောင်ဆောင်များ၏ အရိုက်အရာကို တင်ပြပြောဆိုကာ ၊ အလီ(အစ) သည် ဂျန္နသ် နှင့် ဂျဟန္နမ်ကို ခွဲခြားပေးသူ ဖြစ်ကြောင်း နိဂုံးထုပ်နုတ်ခဲ့သည်။ (11)
  • ဒုတိယ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ၊ အလီ(အစ) သည် ကေယာမသ် ပြန်လည်ရှင်သန် ထမြောက်မည့်နေ့၌ အစစ်အမှန် ဂျန္နသ် နှင့် ဂျဟန္နမ်ကို ပိုင်းခြားပေးမည့်သူ ဖြစ်ပြီး လူသားများကို ဂျန္နသ် သို့မဟုတ် ဂျဟန္နမ် သို့ ပို့ဆောင်ပေမည်။ (12)

        ထိုသို့ ကောက်နုတ်ဖော်ပြချက်များအတိုင်း အခြားသော ရေဝါယသ်များ၌လည်း လာရှိထားပေသည်။ (13) အချို့များသည်လည်း ပြောထားကြသည်မှာ ၊ အေမာမ်အလီ(အစ) သည် အေမာမ်မသ် အရိုက်အရာ ရှိသည့်အတွက် ၎င်း၏ ဆိုစကားများသည် ဟွဂ္ဂ်ျသ် သက်သေသာဓက တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ၊ ၎င်း၏ နောက်လိုက်သားများသည် ဂျန္နသ်သို့ သွားရောက်ရမည့်သူများ ဖြစ်ကြပြီး အခြားသောသူများသည် ဂျဟန္နမ် သို့ သွားရောက်ရပေမည် ဖြစ်သည်။ (14)

ဟဒီးစ်၏ ခိုင်လုံတိကျမှု နှင့် အထောက်အထား

        “ဂျန္နသ် နှင့် ဂျဟန္နမ်ကို ခွဲခြားခြင်း” ဟူသော ဟဒီးစ်သည် အလ္လာမဟ် မဂ်ျလေစီ (15) နှင့် အဲဟ်လေစွန္နသ်တို့၏ အချို့သော အိုလမာ ပညာရှင်များ၏ အမြင်အရ ထင်ပေါ်ကျော်ကြားသော ဟဒီးစ် ဖြစ်သည်။ (16) ဂျာဘီရ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် (17) အဗ္ဗ်ဒုလ္လာဟ် ဗင်န် အဘ္ဘာစ် (18) အဗ္ဗ်ဒုလ္လာဟ် ဗင်န် အွမ္မရ် (19) အဗ္ဗ်ဒုလ္လာဟ် ဗင်န် မက်စ်အူဒ် (20) အဘုလ်သိုဖိုင်းလ် (21) နှင့် မဘာဆွလ်သ် ဟိရဝီး (22) တို့သည် ဤဟဒီးစ်အား ကောက်နုတ်ကိုးကားသူများ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် ၊ အဲဟ်လေစွန္နသ်မှ အာလင်မ် ပညာရှင် အုပ်စုတစ်စုသည် ၊ ဤဟဒီးစ်ကို မူစာ ဗင်န် သွရီးက္က် နှင့် အဘာယဟ် ဗင်န် ရိဘ်အီ တို့ထံမှ ကောက်နုတ်ဖော်ပြကြပြီး ထို‌နှစ်ဦးအား မတိကျ မခိုင်လုံသော ဟဒီးစ်များကို ကောက်နုတ်သူများ ဖြစ်သည်ဟု သတ်မှတ်ထားပြီး ဤဟဒီးစ်ကိုလည်း ထိုသို့ပင်ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ (23)

ကဗျာများ

        “ဂျန္နသ် နှင့် ဂျဟန္နမ်ကို ခွဲခြားခြင်း” ဟူသော ဟဒီးစ်ကို အာရဗီ ကဗျာများ (24) နှင့် ဖွာရ်စီ ကဗျာများ(25) တွင် အသုံးပြုထားကြသည်။ ဥပမာပေးရသော် ၊ အောက်ပါစာသားများသည် ရှာဖေအီ မဇ်ဟဘ် ခေါင်းဆောင် ဖြစ်သူ မုဟမ္မဒ် ဗင်န် အိဒ်ရီးစ် ရှာဖိအီ (ဟီဂျရီ ၂၀၄ ကွယ်လွန်) ၏ ကဗျာစာသား ဖြစ်သည်။

علیٌّ حُبُّه جُنَّة *** قسیمُ النَّار و الجَنّّة
وصیّ المصطفی حقاً *** إمام الإنس و الجِنَّة

       ဘာသာပြန် ။ ။ အလီ(အစ)အား အချစ်ထားခြင်းသည် ငရဲမီး၏ ဒိုင်းဖြစ်သည်။ ၎င်းသည် ဂျန္နသ် နှင့် ဂျဟန္နမ်ကို ခွဲခြားပေးမည့်သူ ဖြစ်ပြီး တမန်တော်မြတ်(ဆွ)၏ ကိုယ်စားလှယ်တော် ဖြစ်ကာ ဂျင်န် နှင့် လူသား အပေါင်းတို့၏ ဦးသျှောင် ဖြစ်သည်။ (26) ထို့အတူ ၊ ‌ေအာက်ပါ စာသားသည် ရှီအာ ဟဒီးစ် ကိုးကားသူ ကုသ်ဘုလ်ဒီးနေ ရာဝန်ဒီ (ဟီဂျရီ ၅၇၃ ကွယ်လွန်) ၏ ကဗျာစားဖြစ်သည်။

قسیم النار ذو خیر و خیر *** یخلّصنا الغداة من السعیر
فکان محمّد فی الدین شمسا *** علی بعد کالبدر المنیر

       ဘာသာပြန် ။ ။ အလီ(အစ)သည် ဂျန္နသ် နှင့် ဂျဟန္နမ်ကို ခွဲခြားပေးမည့်သူ ဖြစ်ပြီး အကောင်းဆုံးအရာများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်းအား အချစ်ထားကြသူများအားလုံးသည် ကေယာမသ်နေ့၌ ဂျဟန္နမ် ငရဲမီးမှ လွတ်ငြိမ်းခွင့်ရပေမည်။ ထို့နောက် မုဟမ္မဒ်(ဆွ) သာသနာတော်၌ နေမင်းပမာ ဖြစ်ပြီး ၎င်းပြီးနောက် အလီ(အစ) သည် လင်းဝင်းတောက်ပသော လမင်းပမာ ဖြစ်သည်။ (27)