အွန်မသ်သေဝစသ်ွ

wikishia မှ

အွန်မသ်သေဝစသ်ွ (အရဘီ : الأمة الوسط) ဆိုသည်မှာ လူသားများ နှင့် တမန်တော်မြတ် (ဆွ) အကြား ဆက်သွယ်ပေးသည့် အရွေးချယ်ခံ အုပ်စု ဖြစ်ပြီး အာခေရသ် (လောကုတ္တရာ )တွင် လူသားအားလုံး လောကီ တွင် ပြုခဲ့သည့် လုပ်ရပ်အားလုံး အတွက် သက်သေ ထွက်ပေးမည့် သူများ ဖြစ်ပါသည်။ ဤစကားလုံး အွန်မသ်သေဝစ်သွ် အား စူရဟ် ဘကရဟ် ၏ အာယသ်တော် အမှတ် ၁၄၃ တွင် မွတ်စလင်မ်များ အကြောင်းတွင် အသုံးပြုထားပါသည်။ ရှီအဟ် နှင့် စွန်နီ သဖ်စီးရ် ကျမ်းများတွင် ၎င်း၏ နမူနာများ နှင့် ပတ်သက် ၍ အဆိုများစွာလာရှိပါသည်။ ရှီအဟ် သဖ်စီးရ် ပညာရှင်များ အနေဖြင့် မအ်စူမ် အေမာမ် ၁၂ပါး အားလည်းကောင်း အဲဟ်လေ့စွန္နသ် သဖ်စီးရ် ပညာရှင်များ အနေဖြင့် မွတ်စလင်မ်များ အားလုံး ၊ ဆွဟာဗဟ်များ ကိုဆိုလိုကြောင်း ဆိုထားကြပါသည်။ အဲဟ်လေ့စွန္နသ် အနေဖြင့် ဤ အွန်မသ်သေဝစသ်ွ အတွက် မဆွာဒိက် ( ဆိုလိုချက်များ၊အံဝင်ခွင်ကျချက်များ) တွင် အထူးအင်္ဂါရပ်များ ကို တင်ပြထားပြီး ပမာအားဖြင့် ၎င်းအင်္ဂါရပ်ထူးများ မှာ အစ်ဆ်မသ် (မှားယွင်းမှုမရှိ ခြင်း၊ပြစ်မဲ့ဖြစ်ခြင်း ) ၊ အဒါလာသ် (တရားမျှတခြင်း။ကျောသားရင်သား မကွဲခြားခြင်း) ၊ အဲက်လာနီယသ် ( ကျိုးကြောင်းဆီလျော်ခြင်း) ကို ဖော်ပြထားပါသည်။

အယူအဆဗေဒ

အွန်မသ်သေဝစ်သွ်ဆိုသည့် စကားစု အား စူရဟ် ဘကရဟ် ၏ အာယသ်တော် အမှတ် ၁၄၃ တွင် မွတ်စလင်မ်များ အကြောင်းတွင် အသုံးပြုထားပါသည်။ပြီးနောက် အခြား အွန်မသ်(နောက်လိုက်နောက်သား) မျာက်ထက် သာလွန် ခြင်း သင့်မြတ်ခြင်းကို ကြောင့် မွတ်စလင်မ်အွန်မသ် ထု နှင့် အခြား လူသားများ အတွက် သက်သေ ထွက်ဆိုမည်သူများ ဖြစ်ကြပါသည်။ အွန်မသ်သေဝစသ်ွ ဆိုသည်မှာ အလ္လာဟ်ဟိုအရှင်မြတ်သည် ဤ အုပ်စုအား အစွန်းရောက်ခြင်းမှ ကင်းဝေး ပြီး အလယ်အလတ် အုပ်စု အဖြစ် သတ်မှတ်ထားတော်မူ သည့် အတွက်ကြောင့် ဖြစ်ပါသည်။[၁] သဖ်စီးရ် ကျမ်းများတွင် အွန်မသ်သေဝစ်သွ်ဆိုသည်မှာ ဂူလူ (မအ်စူမ်တစ်ပါးပါးအားအလ္လာဟ်ဟုသတ်မှတ်ခြင်း ) မရှိသည့် ၊ လွဲမှား လမ်းချော် သည့် အကီဒဟ်များ မရှိသည့်၊ ရုပ်ဝါဒ နှင့် တောထွက် ဝါဒ မဖြစ်သည့် ၊မိမိ၏ ပညာရပ်များ ကို တုံ့ဆိုင်းခြင်း၏ သားကောင်အဖြစ်မခံသည့် ၊ သူတစ်ပါး၏ အသိပညာတို့အား အကျိုးရှိ အောင် အသုံး ပြုသည့်၊ အခြားအွန်မသ်များ နှင့် သင့်တော်သည့် ဆက်သွယ်မူကို ပြုသည့် တစ်နည်းအားဖြင့် မွတ်စလင်မ်များ ကို မတူညီသော အတိုင်းအတာများရှိသည် လူသားအဖြစ် ရပ်တည်လာစေသည့် အုပ်စုအား ခေါ်ဆိုခြင်းဖြစ်ပါတယ်။[၂] သဖ်စီးရ်ပညာရှင်များ အနေဖြင့် အွန်မသ်သေဝစသ်ွ ဆိုသည်မှာ အွန်မသ် အာဒေလ် ( တရားမျှတသည့်ကျော သားရင်သားမခွဲခြားသည့် အွန်မသ် )[၃] အကောင်းတကာ အကောင်းဆုံးအွန်မသ်[၄] လူသား များ အားလူ၏ ခေါင်း ဆောင်၊[၅] စံနမူနာ အွန်မသ် နှင့် ကျိုးကြောင်းဆီလျော်သော လူမျိုးအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြ သည်။[၆]နောက်ဆုံးတွင် အွန်မသ်သေဝစသ်ွ အား ရွေးချယ်ခံထားရသည့် လက်ရွေးစင် အုပ်စု ၊ လူများနှင့် တမန်တော်မြတ် (ဆွ) အကြား ဆက်သွယ်ပေးသည့် အုပ်စု၊လောကီလောကုတ္တရာ တွင် လူထု အား လုံး အတွက်မျက်မြင်သက်သေ အုပ်စု အဖြစ် သတ်မှတ်ခဲ့ကြပါသည်။[၇]

ဥပမာ၊သာဓကများ

အွန်မသ်သေဝစသ်ွ ၏ ဥပမာ ၊သာဓက ကို သတ်မှတ် ခြင်း နှင့်ပတ်သက်ပြီး သဖ်စီပညာရှင်များအကြား ကွဲပြားသော အမြင်များရှိပါသည်။ မွတ်စလင်မ်များအားလုံးကိုဆိုလိုကြောင်း၊ တမန်တော်မြတ် (ဆွ) ၏ ဆွဟဗာများကိုဆိုလိုကြောင်း အဲဟ်လေစွန္နသ် ကိုဆိုလိုကြောင်း နှင့် ရှီအဟ် အေမာမ်များ ကို ဆိုလို ကြောင်း ဆိုထားကြပါသည်။

*မွတ်စလင်မ်များအားလုံး - စွန်နီသဖ်စီးရ် ပညာရှင် အများအပြားသည် အစ္စလာမ် ၏တမန်တော်မြတ်(ဆွ) ၏ ဖိတ်ခေါ် မှုကို လက်ခံခဲ့ကြသူများ အားလုံးကို အွန်မသ်သေဝစသ်ွ ၏ စံနမူနာများ အဖြစ် မှတ်ယူကြပါသည်။ အလ္လာဟ်ဟို အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်(ဆွ)၏ အလယ် အလတ်ပိုင်းအွန်မသ် (ခ) အွန်မသ်သေဝစသ်ွ ၎င်းတို့ မှ ရှင်းပြရာတွင် မွတ်စလင်မ်များသည် တဖက်တွင် ကျမ်းဂန်ရ လူမျိုးများ နှင့် အခြားတစ်ဖက်တွင် မွတ်ရှ်ရေက်များ နှင့် ရုပ်ပုံကိုးကွယ်သူများနှင့် ဆက်စပ်၍ အလယ်အလတ်ပိုင်းအွန်မသ် ဖြစ်သည် ဟုဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့သော ကျမ်းဂန်ရ လူမျိုးများ သည် နာမ်ပိုင်း ဆိုင်ရာ အား အားကောင်းစေရန်သာ အာရုံပြုကာ ကိုယ်ခန္ဓာ၏ ပြီးပြည့်စုံမှုကို စွန့်ပယ်ထားကြပါသည်။ အခြား တစ်ဖက် မွတ်ရှ်ရေက်များသည် ရုပ်ပိုင်းဆိုင်ရာကြီးကျယ် မှုများကို စွန်ပယ်ကြပြီး ရုပ်ပိုင်းဆိုင်ရာ သာယာမှု ဆီသို့သာ လှည့်ကြပါသည်။ သို့သော် အစ္စလာမ့်အွန်မသ် တွင် သည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာလိုအပ်ချက်များကြား ချိန်ခွင်လျှာကို ညီညီ ဖန်တီးထားပါသည်။[၈]လေးရာစု၏ စွန်နီ သဖ်စီးရ် ပညာရှင် မိုဟမ္မဒ် ဘင်န် သွဗရီ ၏အဆိုအရ အလယ်အလတ် အွန်မသ် ဆိုသည်မှာ ခရစ်ယာန်များ၊ ဘုန်းတော်ကြီးများ သို့မဟုတ် ယေရှုကဲ့သို့ ဘာသာရေးတွင် ချဲ့ကားပြောဆိုခြင်းမရှိသည့် အလ္လာဟ် ၏ ကျမ်း စာအုပ်ကို ပုံဖျက်ပြီး ဘာသာရေးတွင် ပြောင်းလဲမှုများကို ပြုလုပ်သည့် ဂျူးများကို ပမာမဟုတ်သည့် မွတ်စလင်မ်များအား ရည်ညွှန်း ကြောင်းဆိုထားပါသည်။[၉]

*ဆွဟဗာ၊သာဗေအီးန် နှင့် အဲဟ်လေစွန္နသ် - အချို့သော အဲဟ်လေစွန္နသ် အိုလမာ သည် ဤအာယသ်တော် ၏ဆိုလိုသည်မှာ ပထမအဆင့်တွင် တမန်တော်မြတ် (ဆွ) ၏ ဆွဟဗာ ပြီးနောက် သာဗေအီးန် ပြီးနောက် သာဗေအ် သာဗေအီးန် နှင့် ဆွဟဗာ ၏ နောက်လိုက်သူများဖြစ်ကြောင်းဆိုထားပါသည်။ ၎င်းတို့အဆိုအရ ခိုခဖါယေ ရာရှေဒီးန် ပြီးနောက် အစ္စလာမ် အွန်မသ် သည် ကွဲပြားသွားပေသည်။ အချို့သည် ပမာအားဖြင့် ဗေဒအသ်ကို တည်ထောင်သူ ခဝါရေဂျ် နှင့် ဂူလူရှီအဟ်များ နှင့်ပြဿနာ ရှာသူများ သည် အလယ်အလတ် လမ်းမှ ထွက်သွားကြကြောင်း အဲဟ်လေစွန်သ် တစ်ခုတည်းသာလျင် ဆွဟဗာ၏ နောက်လိုက်ခြင်း ဖြင့် မှန်ကန်သည့် လမ်းတွင် ကျန်ရှိနေကြောင်း ပြီးနောက် အွန်မသ်သေဝစသ်ွ ဖြစ်ကြောင်းဆိုထားပါသည်။[၁၀]

*ရှီအဟ် အေမာမ်များ - ရှီအဟ် သဖ်စီးရ် ပညာရှင်အများ စု အနေဖြင့် ရှီအဟ်အေမာမ်များဖြစ်ကြောင်း သက်ဝင်ယုံကြည်ထားကြပါသည်။ သို့သော် အချို့ ပညာရှင်များ အနေဖြင့် ဤအာယသ် တော် အားကိုယ်တော်မြတ် (ဆွ) ၏ အွန်မသ်တော် ၏ အစ်ဂျ်မာ အေ ဟွတ်ဂျီဂျသ် (အများစုမှ စံ ဖြစ်ကြောင်း အတည်ပြုခြင်း ) နှင့် အဒါလာသ် (တရားမျှတမှု၊ ကျောသားရင်သား မခွဲ ခြားမှု ) ကို ဆိုလိုသည်ဟု သက်သေ ပြုထားကြပါသည်။ သို့သော် လက်တွေ့ အမှန်တကယ် တွင် ဤကဲ့သို့ မဟုတ်ချေ။ဤအွန်မသ် တော်၏ ယောက်တိုင်း အပြစ်အမှား နှင့် မကင်းကြချေ။ဤ အွန်မသ်သေဝစသ်ွ ၏ဆိုလိုချက်မှာ ဤအွန်မသ် တော် မှအချို့ ပုဂ္ဂိုလ်များသည် အလ္လာဟ် ဟို အရှင်မြတ် ဘက်မှ အစ်ဆ်မသ် ရထားသူများဖြစ်သည့် အတွက် ကြောင့် အခြားသူများ အတွက် သက်သေ အဖြစ် သက်သေခံ နိုင်သူများ ဖြစ်ပါသည်။ ကိုယ်တော်မြတ် (ဆွ) ၏ အွန်မသ်တော် အား အွန်မသ်သေဝစသ်ွ ကိုခေါ်ရခြင်း မှာ ဤ ထူးချွန် ပုဂ္ဂိုလ် များ နှင့် အရွေးချယ် ခံများ ကြောင့် ဖြစ်ပါသည်။[၁၁] ရီဝါယသ်တော်များ အရ[၁၂] နှင့် အခြားကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော် များ အရ ဤရာထူးသည် ရှီအဟ် အေမာမ် (၁၂)ပါး အတွက်သာသီးသန့် ဖြစ်ပါသည်။ ဤပုဂ္ဂိုလ်များသာလျင် လောကတွင် လူများ၏ လုပ်ရပ်များ၏ အမှန်ကို သိရှိနားလည် နိုင်ပြီး ကေယမသ် တွင် ၎င်းလူများ ၏လုပ်ရပ်များ ကို သက်သေထွက်ပေးနိုင်သူများ ဖြစ်ပါသည်။[၁၃]

ဝိသေသ အင်္ဂါရပ်များ

အချို့သောအင်္ဂါရပ်များကို အွန်မသ်သေဝစသ်ွ အတွက် ဖော်ပြထားပါသည်။ အဒါလာသ် (တရားမျှတမှု၊ ကျောသားရင်သား မခွဲ ခြားမှု ) ၊ အစ်ဆ်မသ် ၊ ပညာ[၁၄] နှင့် ကျိုးကြောင်းဆီလျော်မှု[၁၅] တို့ပါဝင်သည်။

*အစ်ဆ်မသ် - ရှီအဟ် သဖ်စီးရ် ပညာရှင်များ အနေဖြင့် လူအများ၏ သက်သေဖြစ် သက်သေခံမည့် သူများသည် မည်သည့်အမှားအယွင်းနှင့် အတိမ်းအစောင်း ကို ပြုသူများ မဟုတ်ကြကြောင်း သက်ဝင် ယုံကြည် ထားကြပါ သည်။ အကြောင်းသည်ကား အွန်မသ်သေဝစသ်ွ ၏လက်တွေ့ အကောင်အထည် ဖော်မှုသည် ဟဇရသ် အီဗရာဟီးမ်(အ.စ) နှင့် ဟဇရသ် အစ္စ်မအီးလ် (အ.စ) ၏ဆန္ဒများထဲမှ တစ်ခုဖြစ်သောကြောင့် ဟဇရသ် အီဗရာဟီးမ် (အ.စ) သည် ကအ်ဗဟ် ဝတ်ကျောင်း တော်ကို တည်ဆောက်စဉ်အတွင်းအလ္လာဟ်ဟို အရှင်မြတ် ၏ အာယသ်တော်များ ကို လူသားများထံ ပို့ချရန် မိမိ ၏ သားစဉ်မြေးဆက်မှ တမန်တော် ကို မွေးထုတ်ပေးရန် အလ္လာဟ် ထံ ဒိုအာပြုခဲ့ပါသည်။ ရှီအဟ် သဖ်စီးရ် ပညာရှင်များ ၏ ယုံကြည်ချက် အရ စူရဟ်ဟဂျ် ၏ အာယသ်တော် အမှတ် ၇၈ တွင် ဟဇရသ် အီဗရာဟီးမ် (အ.စ) ၏ ဒိုအာ ပြည့်သွားကြောင်းကိုတင်ပြပြီး ရွေးချယ်ခံ အုပ်စု တစ်ခု ဘက်သို့ ရည်ညွှန်း၍ ထိုအုပ်စုသည်အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော်များ ကို မဆန့်ကျင် ကြောင်း ဂိုနာဟ် (ခ)အပြစ်များ မှ ကသ်းစင်ကြောင်း ဖော်ပြထားပါသည်။ ၎င်းတို့၏ ဒုတိယ သက်သေ မှ သက်သေ ထွက်ဆိုခြင်း သီးသန့် အမျိုးအစားတစ်ခု ဖြစ်ပါသည်။ ၎င်းရာထူး အား မအ်စူမီးန် (အ.စ) သာလျင် ရထားပေသည်။[၁၆]

*အဒါလာသ် - အစ္စလာမ့် တမန်တော်မြတ်(ဆွ)၏ ရီဝါယသ်တော် များကို ကိုးကား၍သဖ်စီးရ် ပညာရှင် အများအပြားသည် အဒါလာသ်(တရားမျှတမှု၊ ကျောသားရင်သား မခွဲ ခြားမှု ) ကို အွန်မသ်သေဝစသ်ွ ၏ အထူးဝိသေသ အင်္ဂါရက်များ မှ တစ်ခု အဖြစ် သိရှိ ထားကြပြီး ၎င်းတို့အား မဇ္ဈိမပဋိပဒါ အလယ် အလတ် လမ်းစဉ်ပေါ် လျှောက်လှမ်းသူများအဖြစ် လက်ခံထားပါသည်။[၁၇]

အောက်ခြေ မှတ်စုများ

  1. ရာဂစ်ဗ် အစ္စဖဟန်နီ ၊ မွတ်ဖ်ရေဒါသ် ၊ ဝစသ်ွဆိုသည့် စကားလုံး။
  2. သွဗာသွဗာရီ ၊ အလ်မီးဇန်း ၊ ၁၃၉၀ ဟီဂျရီ ၊ အတွဲ ၁ ၊ စာမျက်နှာ ၃၂၀။ မကာရေမ် မို ရှီးရာဇီး ၊သဖ်စီးရ် နမူနာ ၊ ၁၃၇၁ အီရန်သက္ကရာဇ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၈၈ ၊၄၈၉။
  3. စူယူသီ ၊ သဖ်စီးရ် ဒွဒ်ရေလ်မန် စူရ် ၊ ၁၄၀၄ ဟီဂျရီ ၊အတွဲ ၁ ၊ စာမျက်နှာ ၁၄၄။ ဖခ်ရေရာဇီး ၊ သဖ်စီးရ်ရိုလ်ကဘီးရ် ၊ ၁၄၂၀ ဟီဂျရီ ၊ အတွဲ ၄ ၊ စာမျက်နှာ ၈၄။
  4. ဖခ်ရေရာဇီး ၊ သဖ်စီးရ်ရိုလ်ကဘီးရ် ၊ ၁၄၂၀ ဟီဂျရီ ၊ အတွဲ ၄ ၊ စာမျက်နှာ ၈၄၊၈၅။
  5. ဖခ်ရေရာဇီး ၊ သဖ်စီးရ်ရိုလ်ကဘီးရ် ၊ ၁၄၂၀ ဟီဂျရီ ၊ အတွဲ ၄ ၊ စာမျက်နှာ ၈၄၊၈၅။
  6. သွာလေကာနီ၊ပရ်သူယေအဇ်ကုရ်အာန် ၊ ၁၃၆၂ အီရန်သက္ကရာဇ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၃၂၄။
  7. သွဗာသွဗာရီ ၊ အလ်မီးဇန်း ၊အန်နာရှေးရ် မန်ရှုရာသ်သေ အစ္စ်မအီလီယာန်း အတွဲ ၁ ၊ စာမျက်နှာ ၃၂၁၊၃၂၂။ ရဗ်ဗါနီ ၊ « အွန်မသ်သေဝစသ်ွ » စာမျက်နှာ ၂၈၇။
  8. ဆယက်ဒ် ကိုသွဗ် ၊ဖီးဇွလာလိုလ်ကုရ်အာန် ၊၁၄၁၂ ဟီဂျရီ၊ အတွဲ ၁၊ စာမျက်နှာ ၁၃၀၊ ၁၃၁။
  9. သွဗ်ရီ ၊ သဖ်စီးရ် မဂျ်မအိုလ်ဗရန်းန် ၊ ၁၄၁၂ ဟီဂျရီ ၊ အတွဲ ၂ ၊ စာမျက်နှာ ၅။
  10. ဆွလာဘီ ၊ အလ်ဝစသီယသိုဖီးလ်ကုရ်အာန် ၊ ၁၄၂၆ ဟီဂျရီ ၊ စာမျက်နှာ ၃ ။
  11. သွဗာသွဗာရီ ၊ အလ်မီးဇန်း ၊ ၁၃၉၀ ဟီဂျရီ ၊ အတွဲ ၁ ၊ စာမျက်နှာ ၃၂၁။
  12. ဆဖါရ် ၊ဗဆွာအေရိုလ် ဒရဂျာသ် ၊ ၁၄၀၄ ဟီဂျရီ ၊ အတွဲ၁ ။ စာမျက်နှာ ၈၂ ။ ကိုလိုင်းနီ၊ အလ်ကာဖီ ၊ ၁၄၀၇ ဟီဂျရီ ၊ အတွဲ၁ ၊ စာမျက်နှာ ၁၉၁ ။
  13. သွဗ်ရီ ၊ သဖ်စီးရ် မဂျ်မအိုလ်ဗရန်းန် ၊ ၁၃၇၂ အီရန်သက္ကရာဇ် ၊ အတွဲ၁ ၊ စာမျက်နှာ ၄၁၅ ။ သွဗာသွဗာရီ ၊ အလ်မီးဇန်း ၊ ၁၃၉၀ ဟီဂျရီ ၊ အတွဲ ၁ ၊ စာမျက်နှာ ၃၂၀၊ ၃၂၁။သွယစ်ဗ် ၊ အသွဗိုလ်ဗရာန်း ၊ ၁၃၇၈ အီရန်သက္ကရာဇ် ၊ အတွဲ ၂၊ စာမျက်နှာ ၂၂၉။ မကာရေမ် မို ရှီးရာဇီး ၊သဖ်စီးရ် နမူနာ ၊ ၁၃၇၁ အီရန်သက္ကရာဇ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၂၂၁။
  14. ကေရာအသ်သီ ၊ သဖ်စီးရ် နူးရ် ၊ ၁၃၈၃ အီရန်သက္ကရာဇ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၂၂၁။
  15. သွာလေကာနီ၊ပရ်သူယေအဇ်ကုရ်အာန် ၊ ၁၃၆၂ အီရန်သက္ကရာဇ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၂။
  16. ရဗ်ဗါနီ ၊ « အွန်မသ်သေဝစသ်ွ » စာမျက်နှာ ၂၈၈၊ ၂၉၉။
  17. စူယူသီ ၊ သဖ်စီးရ် ဒွဒ်ရေလ်မန် စူရ် ၊ ၁၄၀၄ ဟီဂျရီ ၊အတွဲ ၁ ၊ စာမျက်နှာ ၁၄၄။ ဖခ်ရေရာဇီး ၊ သဖ်စီးရ်ရိုလ်ကဘီးရ် ၊ ၁၄၂၀ ဟီဂျရီ ၊ အတွဲ ၄ ၊ စာမျက်နှာ ၈၄။

ကျမ်းကိုးများ

  • ရာဂစ်ဗ် အစ္စဖဟန်နီ ၊ဟိုစိုင်းန်ဘင်န် မိုဟမ္မဒ် ၊ မွတ်ဖ်ရေဒါသ် အလ်ဖါဇ် ဇို ကုရ်အာန် ၊လက်ဘနွန် ၊ ဆီးရီးယား ၊ ဒါရိုအေလ်မ် ၊အဒ်ဒါရိုရှ်ရှာမီယဟ် ၊ ၁၄၁၂ ဟီဂျရီ ။
  • ရဗ်ဗါနီ ၊ဆယက်ဒ် ဂျအ်ဖရ် ၊ « အွန်မသ်သေဝစသ်ွ » ၊ ဒဲရ်ဒါအေရသိုလ်မအာရေဖ် ဖေ ကုရ်အာန် ကရီးမ် ၊ ကွမ်း ၊ ဗွတ်စ်သာန် နေကေသာဗ် ၊ ၁၃၈၂ အီရန်သက္ကရာဇ်။
  • ဆယက်ဒ် ကိုသွဗ် ၊ဆယက်ဒ် အီဗရာဟီးမ် ဟိုစိုင်းန် ၊ ဖီးဇွလာလိုလ်ကုရ်အာန်၊ ဘေရွတ် ၊ ကာဟေရဟ် ၊ ဒါရိုရှ် ရှရူက် ၊ ၁၄၁၂ဟီဂျရီ။
  • စူယူသီ ၊ ဂျလာလွတ်ဒ်ဒီးန် ၊ သဖ်စီးရ် ဒွဒ်ရေလ်မန် စူရ်ဖီးလ် သဖ်စီးရ်ရေလ်မာစူရ် ၊ ကွမ်း ၊ ကေသာဗ် ခူနဲဟ် ဟေ အာယာသွလ္လာဟ် မရ်အရှီး နဂျဖီး ၊ ၁၄၀၄ ဟီဂျရီ ။
  • ဆဖါရ် ၊မိုဟမ္မဒ်ဘင်န်ဟစန် ၊ ဗဆွာအေရိုလ် ဒရဂျာသ် ဖီ ဖဒွါအေလေ အာလေ မိုဟမ္မဒ် ဆွလ္လာဟ် ဟို အလိုင်းဟင်းမ် ၊ မော်စင် ဘင်န်အဘာစ်အလီ ကူဂျေ ဗါဂီ ၊ ကွမ်း ၊ မက်သဗသို အာယာသွလ္လာဟ် မရ်အရှီ အန်နဂျဖီ ၊ ၁၄၀၄ ဟီဂျရီ။
  • ဆွလာဘီ ၊ မိုဟမ္မဒ် ၊ အလ်ဝစသီယသိုဖီးလ်ကုရ်အာန် ၊ဘေရွတ် ၊ ဒါရိုလ် မအ်ရေဖဟ် ၊ ၁၄၂၆ ဟီဂျရီ။
  • သွာလေကာနီ ၊ ဆရက်ဒ် မဲဟ်မူဒ် ၊ ပရ်သူယေအဇ်ကုရ်အာန် ၊တီဟီရန် ၊ ‌ရှေရ်ကသ်သေစဟာမီ အန်သေရှာရ် ၊ အီရန်သက္ကရာဇ် ၁၃၆၂ ခုနှစ်။
  • အလာမာ သွဗာသွဗာရီ ၊ ဆရက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ၊ အလ်မီးဇန်း ဖီး သဖ်စီးရ် ရိုလ်ကုရ်အာန် ၊ ဘေရွတ် ၊ ဒါရိုအဲဟ်ယာလ်သိုရာစိုလ်အာရဘီ ၊ ၁၃၉၀ ဟီဂျရီ ။
  • သွဗ်ရေစီ ၊ ဖွဇ်လ် ဗင် ဟစန် ၊ မဂျ်မအိုလ်ဗရန်းန် ၊ ၊ တီဟီရန် ၊ နာဆေရ် ခွတ်ရူ ၊ ၁၃၇၂ အီရန် သက္ကရာဇ်။
  • သွဗရီ ၊ မိုဟမ္မဒ် ဘင်န် ဂျရီးရ် ၊ မဂျ်မအိုလ်ဗရန်းန် ဖီး သဖ်စီးရ်ရိုလ်ကုရ်အာန် ၊ ၊ဘေရွတ် ၊ ဒါရိုလ် မအ်ရေဖဟ် ၊ ၁၄၁၂ဟီဂျရီ။
  • သွယစ်ဗ် ၊ အဗ်ဒိုလ်ဟိုစိုင်းန် ၊ အသွဗိုလ်ဗရာန်း ဖီး သဖ်စီးရ်ရိုလ်ကုရ်အာန် ၊ တီဟီရန် ၊ အစ္စလာမ် ၊ ၁၃၇၈ အီရန်သက္ကရာဇ်။
  • ဖခ်ရေရာဇီး ၊မိုဟမ္မဒ်ဘင်န် အုမရ် ၊ သဖ်စီးရ်ရိုလ်ကဘီးရ် ၊ ဘေရွတ် ၊ ဒါရိုအဲဟ်ယာလ်သိုရာစိုလ်အာရဘီ၊ ၁၄၂၀ ဟီဂျရီ။
  • ကေရာအသ်သီ ၊မော်စင်န်၊ သဖ်စီးရ် နူးရ် ၊ တီဟီရန် ၊ မရ်ကဇ် ဇေ ဒရ်စ်ဟာယေ အဇ် ကုရ်အာန် ၊ ၁၃၈၃ အီရန်သက္ကရာဇ် ။
  • ကိုလိုင်းနီ၊ မိုဟမ္မဒ် ဘင်န် ယအ်ကူးဗ် ၊အလ်ကာဖီ ၊တီဟီရန် ၊ ဒါရိုလ်ကိုသွဗ်ဗေ အစ္စလာမ်မီယဟ်၊ ၁၄၀၇ ဟီဂျရီ။
  • မကာရေမ်မိုရှီရာဇီး ၊ နစေရ် ၊ သဖ်စီးရ် နမူနဟ် ၊ တီဟီရန် ၊ ဒါရို ကိုသွတ်ဗ် အလ်အေလ် မီယေဟ် ၊ အီရန်သက္ကရာဇ် ၁၃၇၁ ခုနှစ်။