မာတိကာသို့ ခုန်သွားရန်

အွန်မရသိုလ်ကဇွဟ်

wikishia မှ

အွန်မရဟ်သိုလ်ကဇွဟ် သို့မဟုတ် အွန်မရသိုလ်ကဇီးယဟ် သို့မဟုတ် အွန်မရသိုလ်ကိုဆွာဆ် (အရဘီ : عُمْرَةُ الْقَضاء) ဆိုသည်မှာ တမန်တော် မိုဟမ္မဒ် (ဆွ) နှင့် မွတ်စ်လင်မများ ဟီဂျရီ သတ္တမနှစ် ဇေလ်ကအ်ဒဟ်လ တွင် ပြုလုပ်ခဲ့သည့် အွန်မရဟ် ဖြစ်ပါသည်။ မွတ်စလင်မ်များသည် တစ်နှစ်အလျင် ဇေလ်ကအ်ဒဟ်လ တွင် အွန်မရဟ် ပြုလုပ်ရန် စီစဉ်ထားသောကြောင့် ၎င်းကို အွန်မရဟ်သိုလ်ကဇွဟ် ဟု အမည်ပေးခဲ့ခြင်းဖြစ်ပါ သည်။ သို့သော် မက္ကဟ်မြို့၏ မွတ်ရှ်ရေက် များက ၎င်းကိုလုပ်ဆောင်ခြင်းမှ တားဆီးခဲ့ပြီး ဟိုဒိုင်းဘီယဟ် ငြိမ်းချမ်းရေး စာချုပ်အရ သဘောတူညီချက်ကို အခြေခံ၍ မွတ်စလင်မ် များသည် ငြိမ်းချမ်းရေးရပြီး တစ်နှစ်အကြာတွင် ဟဂျ် နှင့် အွန်မရဟ် တို့ကို လုပ်ဆောင်ရန် ခွင့်ပြုခဲ့ပါသည်။

တမန်တော်မြတ် (ဆွ) သည် သွဝါဖ် နှင့် ဆဖာ နှင့်မရ်ဝဟ် အား စအီပြုခြင်း တို့ အား ကုလား စီးတော်မူ၍ ပြုခဲ့ပါသည်။ပြီးနောက် မိမိ ၏ တောင်ဝှေးဖြင့် ဟဂျ်ရိုလ်အစဝဒ် အား ထိ၍ အစ်သေလာမ် (နမ်းခြင်း) ပြုတော်မူခဲ့ပါသည်။ သဖ်စီးရ်ပညာရှင် အချို့ ၏ အဆို အရ စူရဟ်ဘကရဟ် ၊အာယသ်တော် အမှတ် ၁၉၄ သည် အွန်မရဟ်သိုလ်ကဇွဟ် နှင့်ပတ်သက်ပြီး ကျရောက် ခဲ့သည်ဟု ဆိုထားကြပါသည်။ ထိုနည်းတူစွာ အချို့ သဖ်စီးရ် ပညာရှင်များ က စူရဟ် ဖသ်ဟ်၏ အာယသ် တော် အမှတ် ၂၇ ကျရောက်ခြင်း နှင့် တမန်တော် မြတ် (ဆွ) မှ မိုင်းမူနဟ်သခင်မ နှင့် လက်ထပ်ထိမ်းမြားသည်လည်း ဤခရီးစဉ်အတွင်း ဖြစ်ပွားခဲ့သည် ဟုဆို ထားကြ ပါသည်။

အမည်ပေးခြင်း

ဟီဂျရီ သတ္တမနှစ်[] တွင် အစ္စလာမ်သာသနာတော် ၏ တမန်တော်မြတ် (ဆွ) သည် ဟဂျ်၊အွန်မရဟ် ပြုရန် အချို့ မွတ်စလင်မ်များ နှင့် အတူ မက္ကဟ် မြို့သို့ သွားရောက်ခဲ့ပါသည်။[] ဤဟဂျ်၊အွန်မရဟ် သည် တစ်နှစ်အလျင် ၏ဟဂျ်၊အွန်မရ် အတွက် အစားပြုလုပ်ခြင်း ဖြစ်၍ « အွန်မရဟ်သိုလ်ကဇွဟ်  » အမည် ပေးခဲ့ခြင်း ဖြစ်ပါသည်။[]

တစ်နှစ်အလျင် တစ်နည်းအား ဖြင့် ဟီဂျရီ ဆဋ္ဌမနှစ်တွင် မွတ်စလင်မ်များ သည် အွန်မရဟ် ပြုရန် အတွက် မက္ကဟ် မြို့သို့ ခရီးထွက်ခဲ့ကြပါသည်။[] သို့သော် မက္ကဟ်မြို့၏ မွတ်ရှ်ရေးက် များက ၎င်းတို့အား မက္ကဟ်မြု့ သို့ ဝင်ရောက်ခြင်းမှ တားဆီးခဲ့ကြပါသည်။ နောက်ဆုံးတွင် မွတ်စလင်မ်များ နှင့် မက္ကဟ်မြို့၏ မွတ်ရှ်ရေးက် များအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရေးထိုးခဲ့ပြီး ဟိုဒိုင်းဘီယဟ် ငြိမ်းချမ်းရေး စာချုပ်ဟု လူသိ များပါသည်။ဟိုဒိုင်းဘီယဟ် ငြိမ်းချမ်းရေး စာချုပ် အရ မွတ်စလင်မ်များ သည် ဟီဂျရီ ဆဋ္ဌမနှစ်တွင် ဟဂျ် ပြုခွင့် မရှိချေ။ သို့သော် နောက်နှစ် (ဟီဂျရီ သတ္တမနှစ် ) တွင် မက္ကဟ် မြို့ သို့ သုံးရက်ကြာ ဝင်ရောက်ကာ အွန်မရဟ် ကို ပြုနိုင်ပေမည်။[]

အွန်မရဟ်သိုလ်ကဇွဟ် ကို «  အွန်မရသိုလ်ကဇီးယဟ် » ၊ « အွန်မရသိုလ်ကိုဆွာဆ်  » ၊ « အွန်မရသိုလ်ဆိုလ်ဟ်  » နှင့် « အွန်မရသိုလ်ကေဆွာဆ်  » ကဲ့သို့သော အခြားအမည်များဖြင့်လည်း လူသိများပါသည်။[] « အွန်မရသိုလ်ကေဆွာဆ်  » ဟု ဆိုရခြင်း၏ အကြောင်းရင်းမှာ မွတ်ရှ်ရေးက်များသည် တမန်တော်မြတ် (ဆွ) သည် ဟရာမ်လ ( ဟီဂျရီ ဆဋ္ဌမနှစ် ဇေလ်ကအ်ဒဟ်လ ) တွင် အွန်မရဟ် ပြုရန် အတွက် တားမြစ်ခဲ့ကြပြီး ဒုတိယနှစ်တွင် ( ဟီဂျရီ သတ္တမနှစ် ဇေလ်ကအ်ဒဟ်လ) တွင် အွန်မရဟ် ပြုလုပ်တော် မူပြီး ၎င်းတို့ထံမှ ကေဆွာဆ် (အစားပြန်ယူခြင်း) ယူခဲ့သည့် အတွက် ကြောင့် ဖြစ်ပါသည်။[]

အချို့သော သဖ်စီးရ် ပညာရှင်များ က အာယသ်တော် « ... الشَّهْرُ الْحَرامُ بِالشَّهْرِ الْحَرامِ وَ الْحُرُماتُ قِصاصٌ » အဓိပ္ပာယ် ဟရာမ်လ (တားမြစ်လ) အတွက် အဖြေမှာ ဟရာမ် (တားမြစ်) ဖြစ်ပါသည်။ တားမြစ်ချက်များ အတွက်လည်း ပေးဆပ်ရမှု ဆိုတာ ရှိပါသည်။ ...[] သည် ဤဖြစ်ရပ်နှင့် ပတ်သက်၍ ကျရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားကြပါသည်။[]

မက္ကဟ်မြို့ တော်သို့ ခရီးထွက် ခြင်း

တမန်တော်မြတ်( ဆွ) ၏ အမိန့်တော်အရ ဟိုဒိုင်းဘီယဟ် ငြိမ်းချမ်းရေး စာချုပ် တွင် ပါဝင်သည်သူများ အားလုံး သည် ဟီဂျရီ သတ္တမနှစ် ဇေလ်ကအ်ဒဟ်လ တွင် မက္ကဟ်မြို့တော် သို့ ခရီးထွက်ခဲ့ကြပါသည်။ အခြားမပါဝင်သူများလည်း လာရောက်ပေါင်းစပ်ခဲ့ရာ မွတ်စလင်မ် လူထု ၏ ဦးရေ မှ နှစ်ထောင် ရောက်ရှိခဲ့ပါ သည်။[၁၀] မွတ်စလင်မ်များ မှ ကုရ်ဘာနီ ပြုရန် မိမိတို့ နှင့် အတူ ကုလားအုတ် အကောင် ၆၀ ကို ယူဆောင် လာခဲ့ကြပါသည်။[၁၁] တမန်တော်မြတ် (ဆွ)သည် မဒီနဟ်မြို့၌ အဘူဇရ် ဂါဖာရီအား မိမိ၏ ကိုယ်စားလှယ်တော် အဖြစ် ခန့်အပ်ခဲ့ပါသည်။[၁၂]

ဟိုဒိုင်းဘီယဟ် ငြိမ်းချမ်းရေး စာချုပ် အရ မွတ်စလင်မ်များကို ခရီးသွားများ၏ လက်နက်ဖြင့်သာ မက္ကဟ် မြို့ သို့ ဝင်ရောက်ခွင့် ပေးခဲ့သည်ပါသည်။[၁၃] ဤအခြေအနေ တွင် တမန်တော်မြတ် (ဆွ) သည် မက္ကဟ် မြို့အပြင်ဘက်တွင် မွတ်စလင်မ် အယောက် ၂၀၀ အားမြင်းများ စစ်လက်နက်များနှင့် အတူ ထားရှိကာ မက္ကဟ်မြို့သားများ က စစ်တိုက် လိုပါက မွတ်စလင်မ်တို့ မှ မိမိကိုယ် ခုခံကာကွယ်နိုင်ဖြစ်ပါသည်။[၁၄]

မက္ကဟ် မြို့တော် သို့ဝင်ရောက်ခြင်း

မွတ်စလင်မ်များ မက္ကဟ် မြို့တော် သို့ ဝင်ရောက်သောအခါ ခေါင်းဆောင်အချို့သည် မြို့မှ အပြင်သို့ ထွက်ခွာသွားကြပါသည်။[၁၅] အချို့က တမန်တော်မြတ်(ဆွ)နှင့် မွတ်စလင်မ်တို့အား ဖူးမြော်ရန် မြို့ထဲတွင် ကျန်နေခဲ့ပါသည်။ တမန်တော်မြတ် (ဆွ) သည် မိမိ ၏ ညာလက်တော် ကို အဲဟ်ရာမ် ဝတ်ရုံမှ ထုတ်တော်မူခဲ့ ပြီး မွတ်စလင်မ်များမှလည်း ကိုယ်တော်မြတ် (ဆွ) နည်းတူ လုပ်ခဲ့ကြပါသည်။ဤသို့င့် မိမိတို့ ၏ အင်အား ကို မက္ကဟ် မြို့သား များ အား ပြသခဲ့ကြပါသည်။[၁၆] တမန်တော်မြတ် (ဆွ) သည် ကအ်ဗဟ် ဝတ်ကျောင်းတော် ၏ သွဝါဖ် ၊ ဆဖာ နှင့်မရ်ဝဟ် အား စအီပြုခြင်းတို့ အား ကုလား စီးတော်မူ၍ ပြုခဲ့ပါသည်။[၁၇] ထိုနည်းတူစွာ မိမိ ၏ တောင်ဝှေးဖြင့် ဟဂျ်ရိုလ်အစဝဒ် အား ထိ၍ အစ်သေလာမ် (နမ်းခြင်း) ပြုတော်မူခဲ့ပါသည်။[၁၈]ဟဂ်ျကျင့်စဥ်များကို ကျင့်ဆောင်အပြီးတွင် တမန်တော်မြတ်(ဆွ) သည် ကဗဟ်ဝတ် ကျောင်းတော်သို့ ဝင်ရောက် ပြီး ကဗဟ် ဝတ်ကျောင်းတော် ၏ အပေါ်သို့ တက်၍ ဇဟိုရ် အဇာန်ပေးရန် ဟဇရသ် ဘေလာလ် အား မိန့်ကြားခဲ့ ပါ သည်။[၁၉]

အခြားဖြစ်ရပ်များ

အွန်မရဟ်သိုလ်ကဇွဟ် အတွင်း အခြားဖြစ်ရပ်များ ရှိခဲ့ပြီး အချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ဟာရေစ် ၏ သမီးတော် မိုင်းမူနဟ်သခင်မ နှင့် တမန်တော် မြတ် (ဆွ) လက်ထပ်ထိမ်းမြားခဲ့ပါသည်။[၂၀] တမန်တော်မြတ်(ဆွ) နှင့် ကိုယ်တော် ၏ အပေါင်းအဖော်များအတွက် သုံးရက်တာ နောက်ဆုံးရက် ကုန်ဆုံး သောအခါ မက္ကဟ် မြို့ခေါင်းဆောင်များက တမန်တော်မြတ်(ဆွ) ထံ လူများစေလွှတ်ကာ မက္ကဟ်မြို့ မှ ထွက်ခွာပေးရန် တောင်းဆိုခဲ့ပါသည်။ နှင့် မိမိ ၏ မင်္ဂလာပွဲကို မက္ကဟ် မြို့တော် တွင်ကျင်းပရန် မက္ကဟ် မြို့သူ၊မြို့သားများကို ဝလီမဟ် ထမင်းကျွေး ဧည့်ခံညရန် တမန်တော် မြတ်(ဆွ) က အကြံပြု တင်ပြ ခဲ့ပါသည်။ သို့သော် ကိုယ်တော် မြတ် (ဆံ) ၏ အကြံ ပြု တင် ပြ ချက် လက်မခံခဲ့ကြပေ။[၂၁]
  • စူရဟ် ဖသ်ဟ်၏ အာယသ် တော် အမှတ် ၂၇ ကျရောက်ခဲ့ပါသည်။[၂၂] ဤအာယသ်တော် အတွင်း ဟဂျ်ဆိုင်ရာ ကျင့်စဥ်များ ပမာအားဖြင့် ဟလ်က် (ဆံပင်ရိတ်ခြင်း) နှင့် သက်စီးရ် (ဆံပင် သို့မဟုတ် လက်သည်းများကို ညှပ်ခြင်း) တို့ ကို ဖော်ပြထားပါသည်။[၂၃]
  • မက္ကဟ်မြို့တွင်နေထိုင်သော ဟမ်ဇဟ်ဘင်န် အဗ်ဒိုလ်မိုသွလစ်ဗ် ၏ သမီးတော်အမာရဟ် ကိုမဒီနာ မြို့ သို့ပြောင်းရွေ့ စေတော် မူ ပြီး သူမ၏ ဦးလေး ဂျအ်ဖရ်အား သူမ၏ အုပ်ထိန်းသူ အဖြစ် ခန့်အပ်ခဲ့ပါသည်။[၂၄]

ဆက်နွယ်နေသည့် ဆောင်းပါးများ

အောက်ခြေ မှတ်စုများ

  1. ဘေလာဇေရီ ၊ အန်စာဘိုလ်အရှ်ရာဖန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၇ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၃၅၃။
  2. အစ်ဗ်နေ ခိုလ်ဒူန် ၊ သရီးခ် အစ်ဗ်နေ ခိုလ်ဒူန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၅၅။
  3. မကာရေမ်မိုရှီရာဇီး ၊ သဖ်စီးရ် နမူနဟ် ၊ အီရန်သက္ကရာဇ် ၁၃၇၄ ခုနှစ်၊အတွဲ ၂၂ ၊ စာမျက်နှာ ၁၀၇။
  4. အစ်ဗ်နေ ကစီးရ် ၊ အလ်ဗေဒါယသို ဝန်နေဟာယဟ် ၊ ဟီဂျရီ သက္က်ရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၁၆၄။
  5. ဘိုင်ဟကီ ၊ ဒလာလေလွန်နဘူဝဟ် ၊ ဟီဂျရီ သက္က်ရာဇ် ၁၄၀၅ ခုနှစ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၁၄၅။
  6. မွတ်က်ရေဇီ ၊ အင်မ်သာအိလ်အက်စ်မာအ် ၊ ဟီဂျရီသက္က်ရာဇ် ၁၄၂၀ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၃၃၀။
  7. အစ်ဗ်နေဟရှာမ်း ၊ အက်စ်စီရွန်နဘဝီယဟ် ၊ ဒါရိုလ်မအ်ရေဖဟ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၇၀ ။
  8. စူရဟ်ဘကရဟ် ၊ အာယသ်တော် အမှတ် ၁၉၄။
  9. ဝါဟေဒီ ၊နိုင်ရှားပူရီ ၊ အက်စ်ဘာပို နိုဇူလေကုရ်အာန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၁ ခုနှစ် ၊ စာမျက်နှာ ၅၈။
  10. ဝါကေဒီ ၊အလ်မဂါဇီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၇၃၁။
  11. သွဗရီ ၊ သာရီးခ် အလ်အိုမန်မ် ဝလ်မလူခ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၇ ခုနှစ် ၊ အတွဲ ၃၊ စာမျက်နှာ ၂၅။
  12. ဘေလာဇေရီ ၊ အန်စာဘိုလ်အရှ်ရာဖန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၇ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၃၅၃။
  13. ဘိုင်ဟကီ ၊ ဒလာလေလွန်နဘူဝဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၅ ၊ အတွဲ ၄ ၊ စာမျက်နှာ ၁၄၅။
  14. မွတ်က်ရေဇီ ၊ အင်မ်သာအိလ်အက်စ်မာအ် ၊ ၁၄၂၀ ဟီဂျရီ ၊ အတွဲ ၁ ၊ စာမျက်နှာ ၃၃၁။
  15. အစ်ဗ်နေ ခိုလ်ဒူန် ၊ သရီးခ် အစ်ဗ်နေ ခိုလ်ဒူန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၅၅။
  16. မွတ်က်ရေဇီ ၊ အင်မ်သာအိလ်အက်စ်မာအ် ၊ ၁၄၂၀ ဟီဂျရီ ၊ အတွဲ ၉ ၊ စာမျက်နှာ ၁၉။
  17. ဝါကေဒီ ၊အလ်မဂါဇီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၇၃၆။
  18. ဝါကေဒီ ၊အလ်မဂါဇီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၇၃၅။
  19. ဝါကေဒီ ၊အလ်မဂါဇီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၇၃၇။
  20. အစ်ဗ်နေဟရှာမ်း ၊ အက်စ်စီရွန်နဘဝီယဟ် ၊ ဒါရိုလ်မအ်ရေဖဟ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၇၂ ။ သွဗရီ ၊ သာရီးခ် အလ်အိုမန်မ် ဝလ်မလူခ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၇ ခုနှစ် ၊ အတွဲ ၃၊ စာမျက်နှာ ၂၅။ ဝါကေဒီ ၊အလ်မဂါဇီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၇၇၂။
  21. အစ်ဗ်နေဟရှာမ်း ၊ အက်စ်စီရွန်နဘဝီယဟ် ၊ ဒါရိုလ်မအ်ရေဖဟ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၇၂ ။
  22. အစ်ဗ်နေဟရှာမ်း ၊ အက်စ်စီရွန်နဘဝီယဟ် ၊ ဒါရိုလ်မအ်ရေဖဟ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၇၂ - ၃၇၃။
  23. အစ်ဗ်နေဟရှာမ်း ၊ အက်စ်စီရွန်နဘဝီယဟ် ၊ ဒါရိုလ်မအ်ရေဖဟ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၇၂ - ၃၇၃။
  24. ဝါကေဒီ ၊အလ်မဂါဇီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၇၃၈ - ၇၃၉။

ကျမ်းကိုးများ

  • ကုရ်အာန်
  • အစ်ဗ်နေ ခိုလ်ဒူန် ၊အဗ်ဒွရ်ရဟ်မန် ဘင်န် မိုဟမ္မဒ်၊ ဒီဝမ်းန်နိုလ်မွတ်ဗ်သဒါ ဝလ်ခဗ်ရို ဖီးသရီးခ်ခိုလ်အရပ် ဝလ်ဘရီးရ် ဝ မင်န် အာဆွေရို ဟွန်မ် မင်န် ဇူရှ်ရှာန်းနိုလ်အက္က်ဘရ် ၊ သဲဟ်ကီးက် ခလီးလ် လိုရှဟာဒဟ် ၊ ဘေရွတ် ၊ ဒါရိုလ်ဖေက်ရ် ၊ ဒုတိယ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ်။
  • အစ်ဗ်နေ ကစီးရ် ဒေမစ်ရှ်ကီး ၊အစ္စ်မာအီးလ် ဘင်န် အိုမရ် ၊ အလ်ဗေဒါယသို ဝန်နေဟာယဟ် ၊ ဘေရွတ် ၊ ဒါရိုလ်ဖေက်ရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ်။
  • အစ်ဗ်နေဟရှာမ်း ၊ အဗ်ဒွလ်မလစ်က်ဘင်န် ဟရှာမ်း၊ အက်စ်စီရွန်နဘဝီယဟ် ၊ သဟ်ကီးက် မွတ်စ်သဖွာ အက်စ်စကာ ဝ အီဗရာဟီးမ် အလ်ဘီယာရီ ဝ အဗ်ဒွလ်ဟဖီးဇ် ရှလ်ဘီ ၊ ဘေရွတ်၊ ဒါရိုလ်မအ်ရေဖဟ် ၊ ခုနှစ်မသိ။
  • ဘေလာဇေရီ ၊ အဲဟ်မဒ်ဘင်န် ယဟ်ယဟ် ၊ အန်စာဘိုလ်အရှ်ရာဖန် ဇိုဟိုင်းရ် ဇကာရ် ၊ ရေယာဇ် ဇရ်ကေလီ ၊ ဘေရွတ်၊ ဒါရိုလ်ဖေက်ရ် ၊ ပထမ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၇ ခုနှစ်။
  • ဘိုင်ဟကီ ၊ အဲဟ်မဒ်ဘင်န် ဟိုစိုင်းန် ၊ ဒလာလေလွန်နဘူဝဟ် ဝ မအ်ရေဖသို အဲဟ်ဝါလေ ဆွာဟေ ဘွန်ရှ်ရှရီအဟ် ၊ သဲဟ်ကီးက် အဗ်ဒွလ်မိုအ်သွာ ကလ်အဂျီ ၊ ဘေရွတ်၊ ဒါရိုလ်ကို သွဗ်ဘေလ် အေလ်မီ ယေဟ် ၊ ပထမ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၅ ခုနှစ် ။
  • သွဗရီ ၊ မိုဟမ္မဒ် ဘင်န် ဂျရီးရ် ၊ သာရီးခ် အလ်အိုမန်မ် ဝလ်မလူခ် ၊ သဟ်ကီးက် မိုဟမ္မဒ် အဘူလ်ဖွဇ်လ် အီဗရာဟီးမ် ၊ ဘေရွတ်၊ ဒါရိုလ်သူရာစ် ၊ ဒုတိယ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၇ ခုနှစ် ။
  • မွတ်က်ရေဇီ ၊ သကီးယွန်ဒ်ဒီးန် ၊ အင်မ်သာအိလ်အက်စ်မာအ် ဘေမာ လစ်လ်နဘီ ယေ မင်န်နလ်အဲဟ်ဝါလ် ဝလ်အန်မ်ဝါလ် သေဝလ်မသာအေ ၊ သဟ်ကီးက် မိုဟမ္မဒ် အဗ်ဒွလ်ဟမီးဒ် နမိုင်စီ ၊ ဘေရွတ် ၊ ဒါရိုလ်ကို သွဗ်ဘေလ် အေလ်မီ ယေဟ် ၊ ပထမ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၀၀၅ ခုနှစ် ။
  • မကာရေမ်မိုရှီရာဇီး ၊ နစေရ် ၊ သဖ်စီးရ် နမူနဟ် ၊ တီဟီရန် ၊ ဒါရို ကိုသွတ်ဗ် အလ်အေလ် မီယေဟ် ၊ ပထမ အကြိမ်မြောက် ပုံနှိပ် ၊ အီရန်သက္ကရာဇ် ၁၃၇၄ ခုနှစ်။
  • ဝါဟေဒီ ၊နိုင်ရှားပူရီ ၊ အလီဘင်န် အဲဟ်မဒ် ၊ အက်စ်ဘာပို နိုဇူလေကုရ်အာန် ၊ ဘေရွတ် ၊ ဒါရို ကိုသွတ်ဗ် အလ်အေလ် မီယေဟ် ဟီဂျရီ သက္ကရာဇ် ၁၄၁၁ ခုနှစ်။
  • ဝါကေဒီ ၊ မိုဟမ္မဒ်ဘင်န် အိုမရ် ၊ ကေသာဗိုလ်မဂါဇီ ၊ သဟ်ကီးက် ဂျွန်မာရ်စေဒန် ၊ ဘေရွတ်၊ မိုအ်စစ သိုအအ်လမီ ၊ တတိယ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ်။