ဟီဂျရီသက္ကရာဇ် ၇ ခုနှစ်

wikishia မှ

ဟီဂျရီသက္ကရာဇ် ၆ ခုနှစ် (အရဘီ: سنة 7 للهجرة) ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ‌ သတ္တမ မြောက် (ခုနှစ်) မြောက် နှစ် အားခေါ်ဆိုပါသည်။ ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါသည်။ အီရန်သက္က်ရာဇ် အားဖြင့် ဗုဒ္ဓဟူးနေ့ အိုရ်ဒီဗေဟစ်ရှ် ၂၄ ရက်နေ့ အီရန် သက္ကရာဇ် ၇ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် မေလ ၁၄ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၈ ခုနှစ် ဖြစ်ပါသည်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ ၏ နောက်ဆုံးရက် ၃၀ ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် တနင်္ဂနွေနေ့ အိုရ်ဒီဗေဟစ်ရှ် ၁၃ ရက်နေ့ အီရန်သက္ကရာဇ် ၈ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် မေလ ၃ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၉ ခုနှစ် ဖြစ်ပါသည်။(1)

ဤနှစ်တွင် တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့် ခိုင်ဘဲရ် စစ်ပွဲ ၊ ဖဒက် (ခြံ) အား တမန်တော်မြတ် (ဆွ) မှ ဟဇရသ် ဖွာတွေမဟ် (စ.အ) အား ချီးမြှင့်ပေးအပ်ခြင်း ၊ ရဒ်ဒေရှ်ရှန်းမ်စ် ဖြစ်ရပ် ဖြစ်ပေါ်ခြင်း ၊ အုမ်ရသိုလ်ကဆွာအ် ကျင်းပခြင်း ၊ အီသီယိုးပီးယား မှ မဒီနာ သို့ မွတ်စ်လင်မ်တစ်စု ပြန်ရောက် လာခြင်းတို့သည် ဤ နှစ်၏ အဖြစ်အပျက်များထဲမှ ဖြစ်ပါသည်။

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

  • အီသီယိုးပီးယား မှ မဒီနာ သို့ မွတ်စ်လင်မ်တစ်စု ပြန်ရောက် လာခဲ့ပါသည်။(2)
  • တမန်တော်မြတ် (ဆွ) မှ အုမ်ရသိုလ်ကဆွာအ် ကျင်းပခဲ့ပါသည်။ ဟိုဒိုင်ဘီယာ ငြိမ်းချမ်းရေးစာချုပ် တွင် ပြုလုပ်ခဲ့သော သဘောတူညီချက်ကို အခြေခံ၍ မွတ်စ်လင်မ်တို့က အိုမရဟ် ကို ဆောင်ရွက်ခြင်း ဖြစ်ပါ သည်။(3)
  • ဟဇရသ် အလီ (အ.စ) အတွက် ရဒ်ဒေရှ်ရှန်းမ်စ် အံ့ဖွယ် (မိုအ်ဂျေဇဟ်) ဖြစ်ခဲ့ပါသည်။ (4)
  • ဖဒက် (ခြံ) အား တမန်တော်မြတ် (ဆွ) မှ ဟဇရသ် ဖွာတွေမဟ် (စ.အ) အား ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ (5)
  • တမန်တော်မြတ်ကြီး(ဆွ) သည် ဟာရေစ်ဘင်န်ဟဇန်၏ သမီးတော် မိုင်မူနဟ် နှင့် ထိမ်းမြား လက်ထပ်ခဲ့ ပါသည်။ (6)
  • တမန်တော်မြတ်ကြီး(ဆွ) သည် ဟိုယိုင်ယဟ်ဘင်န် အခ်သွဗ် ၏ သမီးတော် ဆဖီယဟ် နှင့် ထိမ်းမြား လက်ထပ်ခဲ့ပါသည်။(7)
  • တမန်တော်မြတ် (ဆွ) ဆွဟာဗဟ်များ မှ တစ်ပါး ဖြစ်သည့် အဗါန် ဘင်န် စအီးဒ် မွတ်စလင်မ် ဖြစ်ခဲ့ပါသည်။(8)
  • မတ်စ်ဂျစ်ဒ်ဒွန်နဘီ (ဆွ) အား ၁၀၅၀ စတုရန်းမီတာမှ ၂၄၇၅ စတုရန်းမီတာအထိ ချဲ့ထွင် ခဲ့ပါသည်။(9)

ဖြစ်ပွားခဲ့သည့် စစ်ပွဲများ

  • တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့် ခိုင်ဘဲရ် စစ်ပွဲဖြစ်ပွားခဲ့ပါသည်။ အေမာမ် အလီ (အ.စ) ၏ ရဲစွမ်းသတ္တိဖြင့် ခိုင်ဘဲရ် ဒေသ ရှိ ရဟူဒီ (ဂျူး) များအပေါ် မွတ်စလင်မ် များ အောင်ပွဲ ခံခဲ့ပါသည်။(10)
  • တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့် ဝါဒီယိုလ်ကရာ စစ်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ဤဒေသရှိ မွတ်စလင်မ် များနှင့် ဂျူးလူမျိုးများကြား ဖြစ်ပွားခဲ့သည့် စစ် ဖြစ်ပါသည်။(11)
  • တမန်တော် မြတ် (ဆွ) ကိုယ်တိုင် မပါဝင်ဘဲ ကိုယ်တော်မြတ် (ဆွ) ၏ ဆွဟာဗဟ် များပါဝင်သည့် တိုင်းနိုင်ငံ အသီးသီးတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများ ဖြစ်ပါသည်။ (12)

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ