ဟီဂျရီသက္ကရာဇ် ၆ ခုနှစ်

wikishia မှ

ဟီဂျရီသက္ကရာဇ် ၆ ခုနှစ် (အရဘီ: سنة 6 للهجرة) ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ‌ခြောက်နှစ် မြောက် နှစ် အားခေါ်ဆိုပါသည်။ ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါသည်။ အီရန်သက္က်ရာဇ် အားဖြင့် တနင်းလာနေ့ ခိုရ်ဒါဒ်လ ၄ ရက်နေ့ အီရန် သက္ကရာဇ် ၆ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် မေလ ၂၆ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၇ ခုနှစ် ဖြစ်ပါသည်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ၏ နောက်ဆုံးရက် ၂၉ ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် အင်္ဂါနေ့ အိုရ်ဒီဗေဟစ်ရှ် ၂၃ ရက်နေ့ အီရန်သက္ကရာဇ် ၇ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဇွန်လ ၁၆ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၈ ခုနှစ် ဖြစ်ပါသည်။(1)

ဤနှစ်တွင် ဟိုဒိုင်ဘီယာ ငြိမ်းချမ်းရေးစာချုပ် ၊ ဘိုင်အက်သေရေဇ်ဝန် ၊ တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည် တိုက်ပွဲများ ၊ ဘနီ မွတ်ဆ်သွလစ်က် တိုက်ပွဲ နှင့် တမန်တော်မြတ် (ဆွ) မှ နိုင်ငံအသီးသီး၏ ဘုရင်များထံသို့ စာများပေးပို့ပြီး အစ္စလာမ် သာသနာသို့ ဖိတ်ခေါ်ခြင်း တို့ဖြစ်ပွားခဲ့ပါ သည်။

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

  • ဟိုဒိုင်ဘီယာ ငြိမ်းချမ်းရေးစာချုပ် မွတ်စ်လင်မ်များ နှင့် မက္ကာ မြို့ မွတ်ရှ်ရေက်များ အကြား ချုပ်ဆိုခဲ့ပါ သည်။ ဇေလ်ကအ်ဒဟ် လ(2) တွင် ဖြစ်ပွားခဲ့ပါသည်။
  • တမန်တော်မြတ်ကြီး(ဆွ) ကိုယ်တိုင်ပါဝင်သည့် မွတ်စလင်မ်များ နှင့် ဟိုဇိုင်းလ် မျိုး နွယ် စု အကြား ဖြစ်ပွားခဲ့ သည့် ဘနီ လေဟ်ယာန် စစ်ပွဲ ၊ အွတ်စ်ဖာန် စစ်ပွဲ ဖြစ်ပါသည်။ ဂျမာ ဒီယိုလ်အူလာ လ (3) တွင် ဖြစ်ပွား ခဲ့ပါသည်။
  • တမန်တော်မြတ်ကြီး(ဆွ) ကိုယ်တိုင်ပါဝင်သည့် ဇူရ်ကရ်ဒ် တိုက်ပွဲ ( ဂါဘဟ် တိုက်ပွဲ နှင့် ဖဇအ်တိုက်ပွဲ) ဖြစ်ပါသည်၊ ရဘီအွတ်လ်အောင်ဝဲလ လ (4) သို့မဟုတ် ရဘီ အွတ်လ်အာခရ် လ (5)တွင် ဖြစ်ပွား ခဲ့ပါသည်။
  • တမန်တော်မြတ်ကြီး(ဆွ) ကိုယ်တိုင်ပါဝင်သည့် မွတ်စလင်မ်များ နှင့် ဘနီ မွတ်ဆ်သွလစ်က် မျိုး နွယ် စု အကြား ဖြစ်ပွားခဲ့ သည့် ဘနီ မွတ်ဆ်သွလစ်က် တိုက်ပွဲ (မရီစီယအ် တိုက်ပွဲ) ဖြစ်ပါသည်။ ရှအ်ဗာန် လ (6) တွင် ဖြစ်ပွား ခဲ့ပါသည်။
  • မွတ်စလင်မ်များ နှင့် တမန်တော်မြတ် (ဆွ) အကြား ပြုလုပ်သည့် ဘိုင်အက်သေရေဇ်ဝန် ဖြစ်ပါသည်။(7)
  • တမန်တော်မြတ် (ဆွ) မှ နိုင်ငံအသီးသီး၏ ဘုရင်များထံသို့ စာများပေးပို့ပြီး အစ္စလာမ် သာသနာသို့ ဖိတ် ခေါ်ခြင်းတို့ဖြစ်ပါသည်။(8)

မွေးဖွားခြင်းများ

  • အဆိုတစ်ခု အရ ဂျမာ ဒီယိုလ်အူလာ (သို့မဟုတ်) ဂျမာ ဒီယိုလ်အောင်ဝဲလ် လ ၅ရက်နေ့ တွင် မဒီနာ မြို့ ၌ ဟဇရသ် ဇိုင်နဗ် (စ.အ) သခင်မ မွေးဖွားခဲ့ပါသည်။ (9)
  • အေမာမ် အလီ (အ.စ) သမီးတော် အွန်မေကုလ်စွန်မ် မွေးဖွားခဲ့ပါသည်။ (10)

သေဆုံးခြင်း

  • မောင်သဟ် စစ်ပွဲကို ဖြစ်စေသည့် တမန်တော်မြတ် (ဆွ) ၏ ဆီးရီးယား နိုင်ငံ ဆိုင်ရာ စဖီးရ် (သံအမတ်)ကြီး ဟာရေစ် ဘင်န် အမီးရ်အဇ်ဒီ ရှဟီးဒ် ဖြစ်ခဲ့ပါသည်။(11)

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ