အဲဟ်ဗါသွ်

wikishia မှ

အဲဟ်ဗါသွ် (အရဘီ : الإحباط ) ဆိုသည်မှာ အပြစ်(ခ)ဂိုနာဟ်ကြောင့် အေဗါဒသ်(ခ) ခဝပ်ကိုးကွယ်ခြင်း၏ ဆဝါးဗ် ပျက်စီးသွား ဆုံးရှုံးသွားရခြင်း ကိုခေါ်ဆိုပါသည်။ အဲဟ်ဗါသွ် အား အေလ်မေကလာမ် တွင် ဆွေးနွေးတင်ပြ ထားပါသည်။ ရှီအဟ် အိုလမာ အနေဖြင့် အဲဟ်ဗါသွ် ကိစ္စ နှင့် ပတ်သက်ပြီး သက်ဝင် ယုံကြည်လက်ခံ ခြင်း မပြုထားကြပေ။ သို့သော် မိုအ်မင် မှ မိုရ်ဒဒ် (ဇာတ်ပျက်) သွားသူ အတွက် သာလျင် အဲဟ်ဗါသွ် ကို လက်ခံထားကြပါသည်။ အဲဟ်လေ့စွန္နသ်(ခ) စွန်နီ များအကြားတွင် ဤကဲ့သို့ အဲဟ်ဗါသွ် အမြင်ကို အရှာအေရဟ် ဂိုဏ်း မှ ရှီအဟ် အတိုင်း လက်ခံထားကြပါသည်။ သို့သော် မိုအ်သဇလဟ် ဂိုဏ်း အနေဖြင့် ဂိုနဟ်များ(ခ) အပြစ်များကြောင့် မနုဿလူသား၏ ကောင်းမှုများကို ပျက်စီး သွားသည်ဟု လက်ခံထားကြပါသည်။ ကုရ်အာန် နှင့် ဟဒီးစ်တော် များတွင် ဟဗ်သွ်ဆိုင်ရာ လုပ်ရပ်များ၏ ဟဘ်ဘတ်များအကြောင်း ဖော်ပြထားပြီး အချို့သော ဥပမာများကို ဖော်ပြထားပါသည်။ သို့သော် ရှီအဟ် အိုလမာ အနေဖြင့် အဓိက အားဖြင့် အက်လ်(အသိဉာဏ်) အရ အဲဟ်ဗါသွ် လက်မခံကြပေ။ ရှီအဟ် အာလင်မ်များ သည် ဤကိစ္စများကို အဒမ် မေ အဲဟ်ဗါသွ် နှင့်အညီ သဖ်စီးရ် (ခ) အကျယ် ဖွင့်ဆိုကြပါသည်။ ရှီအဟ် အာလင်မ်များ မှ အချို့ သည် အဲဟ်ဗါသွ် ကို ငြင်းဆိုထားခြင်း အတွက် ကျမ်းတော်မြတ် ကုရ်အာန် မှ အာယသ်တော်များ ကို ကိုးကား ထားကြပါသည်။ သို့သော် ရှီအဟ် အိုလမာ အကြား အနည်းငယ်သာ လျင် ပမာ အားဖြင့် မရ်ဂျအ်သက္က်လီးဒ်တော် တစ်ပါး ဖြစ်ပြီး မိုဖစေရ် ရိုကုရ်အာန် တစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမ်မိုရှီရာဇီး အနေဖြင့် အဒမ် မေ အဲဟ်ဗါသွ် (အဲဟ်ဗါသွ် မရှိ) အတွက် အက်လ်လီ (အသိဉာဏ်) သို့မဟုတ် နကလီ (ကျမ်းတော်မြတ်ကုရ်အာန် ၊ ဟဒီးစ်တော်များ ) အရ သက်သေ မရှိကြောင်း ဤ အတွက် အဲဟ်ဗါသွ် သည် ဖြစ်နိုင်ကြောင်း ဆိုထားပါသည်။

အဲဟ်ဗါသွ် ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် နှင့် ၎င်း ၏ အ‌ရေးပါမှု

အဲဟ်ဗါသွ် သည် ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ အခေါ်အဝေါ် တစ်ခု ဖြစ်ပါသည်။ [1]အေလ်မေကလာမ် တွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ယင်းနှင့်ပတ်သက်၍ အမျိုးမျိုးသော အမြင်များကို ဖော်ပြခဲ့ကြ ပါသည်။ [၂] ဤ အဲဟ်ဗါသွ် ၏ ပညာရပ်ဆိုင်ရာ အခေါ်အဝေါ် ၏ အဓိပ္ပာယ် မှာ ဆိုသည်မှာ အပြစ်(ခ) ဂိုနာဟ်ကြောင့် ကောင်းမှု ကုသိုလ် များ ၏ ဆဝါးဗ် ပျက်စီးသွား ဆုံးရှုံးသွားရခြင်း ကိုခေါ်ဆိုပါသည်။ [၃] အဲဟ်ဗါသွ် ဆန့်ကျင်ဘက်၌ သက်ဖီးရ် ဖြစ်ပါသည်။ အဓိပ္ပာယ် မှာ ကောင်းမှု ကုသိုလ်များ ပြုလုပ်ခြင်း ကြောင့် ဂိုနာဟ် (ခ) အပြစ် ပျက်ပယ် သွား ခြင်း ဖြစ်ပါသည်။ [4] အဲဟ်ဗါသွ် ဟူသော စကားလုံး နှင့် ဤ စကားလုံး ၏ မွတ်ရှ်သကာသ် (ဆင်းသက်လာခြင်းများ) ကို ကျမ်းတော်မြတ် ကုရ်အာန် တွင် ဆယ့်ခြောက်ကြိမ်တိုင်တိုင် ဖော်ပြထားပါသည်။ [5] အေလ်မေကလာမ် တွင် အဲဟ်ဗါသွ် ကိစ္စ နှင့် ပတ်သက်ပြီး ကေယာမသ် ။ ဆဝါးဗ် နှင့် အေကာဗ် သို့မဟုတ်ဝအ်ဒဟ် နှင့် ဝအီးဒ် ကဲ့သို့ ခေါင်းစဥ်များ အောက်တွင် ဆွေးနွေး တင်ပြထားပါသည်။ [6]

အဲဟ်ဗါသွ် နှင့်ပတ်သက်ပြီး မွတ်စလင်မ် ပညာရှင် များ၏ ဘုံ အမြင်များ နှင့် သဘောထားကွဲလွဲမှု အမြင်များ

ရှီအဟ်များ အပါအဝင် အစ္စလာမ့် ဂိုဏ်းများ အားလုံး၏ အဆိုအရ အချို့သော အပြစ်များကို ကျူးလွန်ခြင်း သည် ကောင်းမှုကုသိုလ်များ ပျက်စီးဆုံးရှုံးစေပါသည်။ [7] ဥပမာအားဖြင့် မွတ်စလင်မ် ပညာရှင်အားလုံး၏ လက်ခံ ယုံကြည်ချက်အရ သက်ဝင်ယုံကြည်သူ မိုအ်မင် ၏ကောင်းမှုကုသိုလ်အားလုံးသည် ၎င်း ၏ မိုရ်ဒဒ် (ဇာတ်ပျက်) ပြီးနောက် ( ဇာတ်ပျက်ပြီး သောင်ဗဟ်မလုပ်လျင်) ပျက်စီး ပျက်ပယ် သွား ခြင်း ဖြစ်ပါသည်။ [8] မွတ်စလင်မ် အိုလမာ ၏ ထင်မြင်ယူဆချက် ကွာခြားချက်မှာ အဲဟ်ဗါသွ် သည် မိုရ်ဒဒ် (ဇာတ်ပျက်) ဖြစ်ခြင်း ၊ ကုဖ်ရ် ကြောင့်သာလျင် ကောင်းမှု ကုသိုလ်များ အား ပျက်စီးပျက်ပယ် သွားသလား? သို့မဟုတ် အခြား ဂိုနာဟ် (ခ) အပြစ် များ ကြောင့်လည်း ဖြစ်ပါသလား? ဆိုသည့်အချက် ဖြစ်ပါသည်။ အရှာအေရဟ် ဂိုဏ်း မှ ရှီအဟ်များ၏ ကျော်ကြားသည့် အမြင် အတိုင်း အဲဟ်ဗါသွ် နောက်ပိုင်းဖော်ပြသည့်အဓိပ္ပာယ် သည် မမှန်ဟု လက်ခံ ယုံကြည် ထားကြပါသည်။ [9] သို့သော် မိုအ်သဇလဟ် ဂိုဏ်း အနေဖြင့် အဲဟ်ဗါသွ် အားလုံး မှန်သည် ဟု လက်ခံ ယုံကြည် ထားကြပါသည်။ [10] ၎င်းတို့ အနေဖြင့် မိမိတို့၏ သက်ဝင် လက်ခံ ယုံကြည် ချက် ကို သက်သေ အထောက်အထား များ ပြရန် အက်လ် (အသိဉာဏ်) အပေါ် မှီခိုအားထားခဲ့ပါသည်။ [11] ရှီအဟ် နှင့် အရှာအေရဟ် ပညာရှင်များက အဆိုပါ သက်သေ အထောက်အထား များကို ဖြေကြားထား ခဲ့ကြပါ သည်။ [12]


အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ