အိုင်နိုန်နဂျစဒ်
အိုင်နိုန်နဂျစဒ် (အာရဗီ - عين النجاسة) ဟူသည် ၎င်း၏ ပင်ကိုယ်ဗီဇ၌ပင် မသန့်ရှင်းသောအရာဖြစ်ပြီး ၎င်းကို အစ္စလာမ့်အမြင်တွင် သန့်စင်ရန် အလျင်းမဖြစ်နိုင်ပေ။ ရှီအာ အစ္စလာမ့်ဥပဒေပညာရှင်များ၏ အဆိုအရ ပင်ကိုယ်ဗီဇ၌ မသန့်ရှင်းသောအရာသည် သန့်စင်သော အရာကို ထိမှန်ပြီး ၎င်းတို့အနက်မှ တစ်ခုသည် အစိုဓာတ်ရှိလျှင် ထိုသန့်စင်သောအရာသည်လည်း မသန့်ရှင်းတော့ပေ။ အစ္စလမ်ဘာသာအရ သွေး၊ ဆီး၊ မစင်၊သုတ်ရေ၊ အသေကောင်၊ခွေး၊ ဝက်၊ ဘာသာခြား၊ အရက် နှင့် ဘီယာသည် မသန့်ရှင်းသောအရာများ ဖြစ်ကြသည်။
ဝေါဟာရအနက်အဓိပ္ပါယ်
ကျော်ကြားသော အစ္စလာမ့်ဥပဒေပညာရှင်များ၏ အဆိုအရ အညစ်အကြေးအစိုင်အခဲ များသည် ပင်ကိုယ်ဗီဇ၌ပင် မသန့်ရှင်းသောအရာဖြစ်ပြီး အစ္စလာမ်အမြင်အရ အလျင်းသန့်ရှင်းအောင် ပြုလုပ်၍ မရပေ။ [၁] ရှီအဟ်ဥပဒေရေးရာတွင်၊ အရာဆယ်ခုသည် ပင်ကိုယ်ဗီဇ၌ပင် အညစ်အေကြးဖြစ်ပြီး ထိုအရာများကို အညစ်အကြေးဆယ်ခု သို့မဟုတ် မသန့်ရှင်းသော အရာဆယ်ခု ဟုခေါ်ဆိုသည်။ သွေး၊ ဆီး၊ မစင်၊ သုတ်ရေ၊ အသေကောင်၊ခွေး၊၀က်၊ဘာသာခြား၊အရက် နှင့် ဘီယာတို့ဖြစ်ကြသည်။[၂] သို့သော် ရှီအဟ် အစ္စလာမ့်ဥပဒေပညာရှင်ဆိုင်ယသ် မုရ်သဇွာ ယုံကြည်ထားသည်မှာ ခွေး နှင့် ၀က်များ၏ သက်မဲ့အစိတ်အပိုင်းသည် သန့်ရှင်းပေသည်။[၃] အချို့ အစ္စလာမ့်ဥပဒေပညာရှင်များသည် ( အညစ်အကြေးစားထားသော ကုလားအုပ်၏ချွေး) သည် မသန့်ရှင်းပေ ဟုမိန့်ထားသည်။[၄]
ဖိကဟ် ဥပဒေ
ရှအဟ်ဖိကဟ် မသန့်ရှင်းသောအရာနှင့်ပတ်သက်ပြီး ဥပဒေသများ လာရှိထားသည်။ ၎င်းတို့မှာ
- အကယ်၍ ပင်ကိုယ်ဗီဇညစ်ညမ်းသောအရာသည် သန့်စင်သောအရာအား ထိ့တွေ့လိုက်ပါက ထိုသန့်စင်သောအရာသည် လည်ညစ်ညမ်းသွားပေသည်။ [၅]ထိုအရာကို (متنجس) မသန့်ရှင်းသောအရာ ဟုခေါ်သည်။ သို့သော် အညစ်အကြေး ကူးစက်ခြင်းသည် အရာ၀တ္ထု နှစ်ခုလုံး
( သန့်စင်ခြင်း နှင့် ညစ်ညမ်းခြင်း) ဖြစ်ရမည် သို့မဟုတ် ၎င်းတို့အနက်မှတစ်ခုသည် အစိုဓာတ်ရှိ နေရပေမည်။[၆]
ဖိုးဇ်ကာရှာနီ ပြောထားသည်မှာ မသန့်ရှင်းသောအရာမှ အညစ်အကြေးကို ဖယ်ရှားပြီးနောက် ( ရေအသုံးမပြုဘဲ ဥပမာ လက်ကိုင်ပုဝါအစို ဖြင့် သုတ်ပေမည်။) ဆိုပါက ၎င်း၏ အညစ်အကြေးသည် အခြားစိုစွတ်နေသောအရာ သို့ ကူးစက်ပျံ့နှံ့သွားခြင်းမရှိပေ။[၇]
- ဗလီကို အရိုအသေ မပေးသောအားဖြင့် ဗလီတွင် မသန့်ရှင်းသောအရာများ သယ်ဆောင်သွားပါက ဟရာမ်(တားမြစ်ထားသည့်အရာ)ဖြစ်သည်။[၈]
- ပင်ကိုယ်ဗီအညစ်အကြောအစိုင်အခဲများကို စားသုံးခြင်းသည် ဟရာမ်ဖြစ်သည်။[၉]
- ပင်ကိုယ်ဗီဇအညစ်အကြောအစိုင်အခဲများ ဖြင့် ထိတွေ့ထားသော ရေသည် အကယ်၍ အနံ သို့မဟုတ် အရသာ ပြောင်းသွားပါက မည်မျှပင် ကိုရ် အတိုင်းအတာရှိသောရေ သို့မဟုတ် စီးဆင်းနေသောရေ ဖြစ်ေနပါစေ ညစ်ညမ်းပေသည်။[၁၀]
- ဝူဇူ နှင့် ဂိုစူလ် ပြုလုပ်ရာ၌ ကိုယ်ခန္ဓာအစိတ်အပိုင်း၌ရှိသော အညစ်အကြေးများကို ဖယ်ရှားရမည်မှာ ဝါဂျီဘ်ဖြစ်သည်။[၁၁] ဝူဇူ၌ ထို အညစ်အကြေးကို ဝူဇူမလုပ်ခင် ၊ ဝူဇူလုပ်နေသည့်အချန်(ဆေးကြေားနေစဉ်) သို့မဟုတ် မက်စ်(ဟ်) ပြုလုပ်သည့်အချိန် ဖယ်ရှားလို့ ရပေသည်။ [၁၂]သို့သော် အရ်သေမာစီ ဂိုစူလ် ပြုလုပ်ရာ၌ ထိုအညစ်အကြေးကို ဂိုစူလ်မလုပ်မီ ဖယ်ရှားရပေမည်။[၁၃]
- အကယ်၍ ကိုယ်ခန္ဓာ သို့မဟုတ် အ၀တ်အစား သည် ဒိရ်ဟမ် (လက်ညိုးအရွယ်အစားထက်သေးငယ်သောအရွယ်အစား) လောက် မသန့်ရှင်းသောအစိုင်အခဲ မှဖြစ်သည့် သွေးဖြင့် ညစ်ညမ်းသွားပါက ထိုအရာဖြင့် နမားဇ် ဖတ်ခြင်းသည် မှန်ကန်ပေသည်။[၁၄]
မှတ်စုများ
- ↑ غدیری، القاموس الجامع للمصطلحات الفقهیة، ۱۴۱۸ق، ص۵۷۶؛ مغنیه، فقه الإمام الصادق، ۱۴۱۴ق، ج۱، ص۴۱.
- ↑ بنیهاشمی خمینی، رساله توضیحالمسائل مراجع، ۱۳۸۵ش، ج۱، ص۶۴.
- ↑ سید مرتضی، المسائل الناصریات، ۱۴۱۷ق، ص۱۰۰.
- ↑ بنیهاشمی خمینی، رساله توضیحالمسائل مراجع، ۱۳۸۵ش، ج۱، ص۶۴.
- ↑ طباطبایی حکیم، مستمسک العروة الوثقی، ۱۳۸۴ق، ج۱، ص۴۷۹؛ موسوی خلخالی، فقه الشیعة، ج۳، ص۳۵۴.
- ↑ بنیهاشمی خمینی، توضیح المسائل مراجع، ۱۳۸۵ش، ص۸۵؛ نجفی، جواهرالکلام، ۱۳۶۲ش، ج۶، ص۲۰۲.
- ↑ الطباطبایی الحکیم، مستمسک العروة الوثقی، ۱۳۸۴ق، ج۱، ص۴۷۹؛ موسوی خلخالی، فقه الشیعة، ج۳، ص۳۵۴.
- ↑ نجفی، جواهرالکلام، ۱۳۶۲ش، ج۱۴، ص
- ↑ بنیهاشمی خمینی، توضیح المسائل مراجع، ۱۳۸۵ش، ص۹۱.
- ↑ بحرانی، الحدائق الناضرة، ج۱، ص۱۹۷ و ۲۰۲.
- ↑ نجفی، جواهر الکلام، ۱۳۶۲ش، ج۳، ص۱۰۱؛ طباطبائی یزدی، العروة الوثقی، المکتبة العلمیة الإسلامیة، ج۱، ص۱۶۹.
- ↑ طباطبائی یزدی، العروة الوثقی، المکتبة العلمیة الإسلامیة، ج۱، ص۱۶۹.
- ↑ نجفی، جواهر الکلام، ۱۳۶۲ش، ج۳، ص۱۰۱-۱۰۲.
- ↑ شهید ثانی، الروضة البهیة، ۱۴۱۰ق، ج۱، ص۲۸۹.
ကျမ်းကိုးမျာ
- بنیهاشمی خمینی، محمدحسن، توضیح المسائل مراجع: مطابق با فتاوای سیزده نفر از مراجع معظم تقلید، قم، دفتر انتشارات اسلامی (جامعه مدرسین حوزه علمیه قم)، ۱۳۸۵ش
- سید مرتضی، علی بن حسین، المسائل الناصریات، تهران، رابطة الثقافة و العلاقات الإسلامیة، چاپ اول، ۱۴۱۷ق.
- شهید ثانی، زینالدین بن نورالدین علی، الروضةُ البهیة فی شرح اللُّمعة الدّمشقیة، قم، مکتبة الدواری، ۱۴۱۰ق.
- الطباطبائی الیزدی، سید محمدکاظم، العروة الوثقی، مکتب آیةالله العظمی السید السیستانی، بیتا.
- الطباطبایی الحکیم، سید محسن، مستمسک العروة الوثقی، بیروت، دار إحیاء التراث العربی، ۱۳۸۴ق.
- غدیری، عبدالله عیسی ابراهیم، القاموس الجامع للمصطلحات الفقهیة، بیروت، دار الحجة البیضاء، ۱۴۱۸ق.
- مغنیه، محمدجواد، فقه الإمام الصادق، قم، مؤسسه انصاریان، ۱۴۱۴ق.
- نجفی، محمدحسن، جواهر الکلام، بیروت، دار إحیاء التراث العربی، چاپ هفتم، ۱۳۶۲ش.