အိစ်သိလာမေ ဟဲဂျဲရ်

wikishia မှ
အိစ်သိလာမေ ဟဂျရ်

       အိစ်သိလာမေ ဟဂျရ် (အာရဗီ-اِستِلام حَجَر)ဆိုသည်မှာ ကအ်ဗာကျောင်းတော်ရှိ အနက်ရောင်ကျောက်တုံးကို သဗရွက် နီယသ်ဖြင့် လက်ဖြင့်ပွတ်သပ်ခြင်း ၊ နမ်းရှုံခြင်း ဖြစ်သည်။ အဲဟ်လေစွန္နသ် နှင့် ရှီအာတို့၏ ရေဝါယသ် ကျမ်းကိုးများ၌ ၊ အိစ်သိလာမေ ဟဂျရ် ပြုလုပ်ရန် တိုက်တွန်းထားပြီး ဖိက္ကဟ် ပညာရှင်များသည် ထိုသို့ပြုလုပ်ခြင်းကို မွစ်သဟဘ် ဖြစ်သည်ဟု လက်ခံထားကြသည်။ အေမာမ်ဆွာဒီက်(အစ)ဟဒီးတော်တွင် ၊ ထိုသို့ပြုလုပ်ရသည့် ဒဿနိကမှာ ၊ ကေယာမသ် ပြန်လည်ရှင်ထမည့်နေ့၌ ကအ်ဗာကျောင်းတော်ရှိ အနက်ရောင်ကျောက်တုံးသည် အရှင်မြတ်နှင့် ကတိသစ္စာပြုခြင်းဖြင့် လူတို့၏ သစ္စာစောင့်သိမှုကို သက်သေပေးမည်ဟု ဖြစ်သည်ဟု လာရှိထားသည်။ မြင့်မြတ်သော အရာဝတ္ထုများကို သဗရွက် ယူပိုင်ခွင့်ရှိခြင်း နှင့် နမ်းပိုင်ခွင့် ရှိခြင်းတို့ကို သက်သေပြုဖို့ရန်အတွက် ၊ အိစ်သိလာမေ ဟဂျရ်အား အထောက်အထား တစ်ခုအနေဖြင့် ကိုးကား ဖော်ပြကြသည်။

ဝေါဟာရ အနက်အဓိပ္ပါယ်

       အိစ်သိလာမ် ဆိုသည်မှာ ၊ အဘိဓာန်၌ လက်ဖြင့်ပွတ်သပ်ခြင်း ၊ နမ်းခြင်း ဟူ၍ အဓိပ္ပါယ်ရသည်။ (1) ဤအနက်အဓိပ္ပါယ်သည် ဖိက္ကဟ် ဓမ္မသက်၌ ၊ ကအ်ဗဟ်ကျောင်းတော်ရှိ အနက်ရောင်ကျောက်တုံး ၊ ကအ်ဗဟ်ကျောင်းတော် နှင့် ထို‌ကအ်ဗဟ်ကျောင်းတော်၏ မဏ္ဌိုင်များ ကို ထိတွေ့ခြင်း ဟူ၍ သုံးနှုန်းပေးသည်။ (2) အိစ်သိလာမေ ဟဂျရ် ဆိုသည်မှာ၊ ထိုအနက်ရောင်ကျောက်တုံးကို ထိတွေ့ခြင်း ၊ လက်ဖြင့်ပွတ်သပ်ခြင်း နှင့် နမ်းရှုံခြင်း ဟူ၍ဖြစ်သည်။ (3)

အနက်ရောင်ကျောက်တုံး

       အနက်ရောင်ကျောက်တုံးသည် မွစ်လင်မ်များအတွက် သန့်ရှင်း မြင့်မြတ်သော ကျောက်တုံးဖြစ်ပြီး ကအ်ဗဟ်ကျောင်း၏ အရှေ့ဘက်တိုင်တွင် တည်ရှိပေသည်။ (4) ထိုကျောက်တုံးသည် အနက်ရောင်ဖြစ်ပြီး အနီဘက်သန်းပေသည်။ (5) ထို အနက်ရောင်ကျောက်တုံးသည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး အစ္စလာမ် မမထွန်းကားမကတည်းက လူအများ၏ ရိုသေ လေးစားမှု ခံခဲ့ရသည့် ကျောက်တုံးတစ်တုံး ဖြစ်သည်။ (6) ထို အနက်ရောင်ကျောက်တုံး ၏ အမည်သည် ကျမ်းမြတ်ကုရ်အာန်ထဲ၌ မလာရှိထားပေ။ (7) သို့သော် အေမာမ်ဆွာဒီက်(အစ)ဟဒီးစ်တော်တစ်ခု အရ၊ အနက်ရောင်ကျောက်တုံးသည် ဘိုင်ယေနာသ် ၏ အာယသ်တော်များ အနက်မှ တစ်ခုဖြစ်ပြီး (8) ကျမ်းမြတ်ကုရ်အာန်သည် ၎င်းနှင့်ပတ်သက်ပြီး မိန့်ဆိုချက်များ လာရှိထားသည်။ (9)

ဖိက္ဟဟ် ဥပဒေသ

       အဲဟ်လေစွန္နသ် နှင့် ရှီအာတို့၏ ရေဝါယသ် ကျမ်းကိုးများ၌ ၊ အိစ်သိလာမေ ဟဂျရ် ပြုလုပ်ရန် တိုက်တွန်းထားသည်။ (10) ဝစာအိလုလ်ရှီအဟ် နှင့် ဆွဟီးဟ်ဘိုခါရီ တို့၏ များစွာသော ရေဝါယသ်တော်များအရ ၊ တမန်တော်မြတ်(ဆွ) သည် သွဝါဖ် ပြုလုပ်ချိန်၊ ထိုအနက်ရောင်ကျောက်တုံးကို ပွတ်သပ်ပြီး နမ်းရှုံ‌ခဲ့သည်။ (11) ထို့အတူ ကိုလိုင်နီ၏ ဖော်ပြချက်အရ ၊ ‌အေမာမ်ဆွာဒီက်(အစ) သည် သွဝါဖ် ပြုလုပ်ချိန် အနက်ရောင်ကျောက်တုံးကို ပွတ်သပ်ပြီး နမ်းရှုံ‌ခဲ့ရန် တိုက်တွန်းခဲ့လေသည်။ (12)

       ရေဝါယသ်များ၌ ၊ ထိုအနက်ရောင်ကျောက်တုံးကို ပွတ်သပ်ပြီး နမ်းရှုံ‌ချိန် ဖတ်ရွတ်သင့်သည့် ဒိုအာများ လာရှိထားသည်။ ‌အေမာမ်ဆွာဒီက်(အစ) ထံမှ လာရှိထားသည့် ရေဝါယသ်အရ ၊ လူအုပ်စု အရမ်းများသည့်အတွက်ကြောင့် အကယ်၍ ထိုအနက်ရောင်ကျောက်တုံးကို ပွတ်သပ်ရန် ၊ နမ်းရှုံရန် မဖြစ်နိုင်ပါက ထိုကျောက်တုံးကို ကြည့်ကာ ရည်ညွှန်းလျက် ဒိုအာကို ဖတ်ရွတ်ရမည်။ (13) ထိုရေဝါယသ်တော်အရ ၊ စွန္နီ နှင့် ရှီအဟ် ဖိက္ကဟ် ပညာရှင်များသည် ၊ အနက်ရောင်ကျောက်တုံးအား ပွတ်သပ် နမ်းရှုံခြင်း (အိစ်သိလာမေ ဟဂျရ် ) ကို မွစ်သဟဘ် ဖြစ်သည်ဟု သတ်မှတ်ယူဆထားကြသည်။ (14) ဥပမာဆိုရသော် ၊ မိုဟက္က်ကီကေ ဟီလ္လီ သည် အနက်ရောင်ကျောက်တုံးအား ပွတ်သပ် နမ်းရှုံခြင်း (အိစ်သိလာမေ ဟဂျရ်) ကို သွဝါဖ်၏ မွစ်သဟဘ်ဖြစ်သည့် အရာများ၏ ခေါင်းစဉ်အောက်၌ ထည့်သွင်း ပြောဆိုထားသည်။ (15)

       စလဖီ (ဝဟာဘီ) များသည် ကအ်ဗာကျောင်းတော်ရှိ အနက်ရောင်ကျောက်တုံးအား လက်ဖြင့်ပွတ်သပ်ခြင်း နှင့် မြင့်မြတ်သော အရာဝတ္ထုများကို နမ်းရှုံခြင်းအား ရှရီက် တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း ဖြစ်သည်ဟု သတ်မှတ်ထားသော်လည်း (16) ထိုအနက်ရောင်ကျောက်တုံး နှင့် ၎င်း၏ မဏ္ဌိုင်များအား ပွတ်သပ် နမ်းရှုံခြင်းကို လက်ခံထားကြသည်။ (17) မြင့်မြတ်သော အရာဝတ္ထုများကို သဗရွက် ယူပိုင်ခွင့်ရှိခြင်း နှင့် နမ်းပိုင်ခွင့် ရှိခြင်းတို့ကို သက်သေပြုဖို့ရန်အတွက် ၊ အိစ်သိလာမေ ဟဂျရ်အား အထောက်အထား တစ်ခုအနေဖြင့် ကိုးကား ဖော်ပြကြသည်။ (18) ဖိက္ကဟ် ပညာရှင်များ၏ ဖသ်ဝါအရ၊ သွဝါဖ် ပြုလုပ်ကြသူများ အလွန်များပြားသည့် အတွက်ကြောင့် အကယ်၍ အိစ်သိလာမေ ဟဂျရ် ပြုလုပ်ခြင်းဖြင့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ် ထိတွေ့မှုကို ဖြစ်ပေါ်စေပါက အိစ်သိလာမေဟဂျရ် အနက်ရောင်ကျောက်တုံးအား ပွတ်သပ် နမ်းရှုံခြင်း ပြုလုပ်ပိုင်ခွင့် မရှိပေ။ (19)

အနက်ရောင်ကျောက်တုံးအား ပွတ်သပ် နမ်းရှုံခြင်းဆိုင်ရာ ဒဿနိက

အရှင်မြတ်နှင့် တစ်ဖြန်ပြန်လည်၍ ကတိသစ္စာပြုခြင်း

       အလ်ကာဖီ စာအုပ်၌ အနက်ရောင်ကျောက်တုံးအား ပွတ်သပ် နမ်းရှုံခြင်းဆိုင်ရာ ဒဿနိက နှင့်ပတ်သက်ပြီး လာရှိထားသည်။ ကိုလိုင်နီ ဖော်ပြချက်အရ ၊ အေမာမ်ဆွာဒီက်(အစ) သည် အနက်ရောင်ကျောက်တုံးအား ပွတ်သပ် နမ်းရှုံခြင်းဆိုင်ရာ ဒဿနိက နှင့်ပတ်သက်ပြီ မေးလာသည့် မေးခွန်းအား ဖြေဆိုရာ၌ မိန့်ဆိုထားသည်မှာ “အနက်ရောင်ကျောက်တုံးအား ပွတ်သပ် နမ်းရှုံရသည်မှာ ၊ အရှင်မြတ်သည် လူသားများထံမှ ကတိသစ္စာ ခံယူစေသည့်အခါ ၊ ထိုအနက်ရောင်ကျောက်တုံးအား ဂျန္နသ် သုခဘုံမှ ခေါ်ယူစေပြီး အရှင်မြတ်နှင့် ကတိသစ္စာ ခံယူထားသူများကို မိမိထံ၌ ထိန်းသိမ်းထားရန် အမိန့်ပေးတော်မူပေမည်။ ထို့အတွက်ကြောင့် ၊ မည်သူမဆို မိမိပြုခဲ့သည့် ကတိအပေါ် သစ္စာစောင့်ထိန်းထားပါက ၊ ထိုအနက်ရောင်ကျောက်တုံးသည် ထိုသူ သစ္စာရှိခဲ့ကြောင်း ၊ ကတိမဖျက်ခဲ့ကြောင်းကို ရှဟာဒသ် ထွက်ဆိုမည် ဖြစ်သည်။ (20)

ကေယာမသ်နေ့၌ ရှဟာဒသ် ထွက်ဆိုခြင်း

       အေမာမ်အလီ(အစ) သည် ကေယာမသ်နေ့၌ အနက်ရောင်ကျောက်တုံးမှ ရှဟာဒသ် ထွက်ဆိုခြင်း နှင့်ပတ်သက်ပြီး မိန့်တော်မူထားသည်မှာ “အရှင်မြတ်သည် ကေယာမသ်နေ့၌ ထိုအနက်ရောင်ကျောက်တုံးကို လျှာတစ်ဖက် နှင့် နှုတ်ခမ်းတစ်စုံ ပေးသနားကာ ရှင်ပြန်ထမြောက်စေပြီး ၎င်းတို့၏ ကတိသစ္စာအပေါ် လိုက်နာ‌စေမည် ဖြစ်သည်။ ဤကျောက်တုံးသည် အရှင်မြတ်၏ ညာလက်တော် အရိုက်အရာ၌ ရှိပြီး ထိုလက်တော်၏ အကြောင်းခံဖြင့် လူအများသည် ၎င်းနှင့် ဘိုင်အသ် သစ္စာခံယူကြမည် ဖြစ်သည်။ (21)