အာယသ် ဆွာဒစ်က်ကီးန်
အာယသ် ဆွာဒစ်က်ကီးန် (အရဘီ : آية الصادقين) (စူရဟ် သောင်ဗဟ် ၊ အာယသ်တော်အမှတ် ၁၁၉ ) ဆိုသည်မှာ မိုအ်မင်များအား ဆွာဒစ်က်ကီးန် (ခ) ဖြောင့်မတ်မှန်ကန်သူများ၊ သစ္စာရှိသူများ နှင့်အတူ ရပ်တည်ရန် ၎င်းတို့ကို လိုက်နာရန် အမိန့် ပေးထား သည့် အာယသ်တော် ဖြစ်ပါသည်။ မွတ်စလင်မ် သဖ်စီးရ် ပညာရှင်များ အနေဖြင့် ဆွာဒစ်ကီးန်ဆိုသည်မှာ မည်သူများ ဖြစ်ကြောင်း ၎င်းတို့၏ ဝိသေသ လက္ခဏာများ မှာ မည်သို့ ဖြစ်ကြောင်း အကျယ်ဖွင့်ဆိုချက်များ စွာ ကို ပြုခဲ့ကြပါသည်။ ဤအကြောင်းအရာ နှင့်် ပတ်သက်၍ ကျမ်းတော် မြတ် ကုရ်အာန် မှ အာယသ်တော်များ ကို ကိုးကားထားကြပါသည်။ ပမာအား ဖြင့် ရှိက်ခ်သူစီ အနေဖြင့် စူရဟ် အဲဟ်ဇာဗ် ၏ အာယသ်တော်အမှတ် ၂၃ အား ကိုးကားပြီး ဤအာယသ်တော်လာ ဆွာဒစ်က်ကီးန် ဆိုသည်မှာ အလ္လာဟ် ဟို အရှင်မြတ် နှင့် ပြုထားသည့် ကတိ ၊ ပဋိညာဉ် ၌ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်သူများ ကို ခေါ်ဆိုကြောင်း ဆိုထားပါသည်။
ရှီအဟ် နှင့် စွန်နီ ပေါင်းချုပ်များ တွင် ဆင့်ပြန်လာရှိ သည့် ရီဝါယသ်တော်များ ကို အခြေခံ၍ အလီဘင်န် အဘီသွာလစ်ဗ်(အ.စ) တစ်ပါးတည်း သို့မဟုတ် ၎င်း၏ သာဝကတော်များ သို့မဟုတ် ၎င်း ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) သို့မဟုတ် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် ကိုယ်တော် ၏ အဲဟ်လေ့ဘိုက် (သ) (အ.စ) တို့သည် ဆွာဒစ်က်ကီးန် ဖြစ်ကြောင်း ဆိုထားပါသည်။ ရီဝါယသ်တော် များစွာသည် လည်း ဆွာဒစ်က်ကီးန် သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဖြစ်ကြောင်း အနက်အဓိပ္ပာယ် ပြန် ဆိုထားပါသည်။
အလာမဟ် ဟစ်လီ သည် ဤအာယသ်တော်အား အေမာမ်အလီ (အ.စ) ၏ အေမာမ်မသ် အတွက် အထောက် အထားများ မှ တစ်ခု အဖြစ် ဆိုထားပြီး ဆွာဒစ်က်ကီးန် ၏ဆိုလိုသည့် အနက်အဓိပ္ပာယ် မှာ မအ်စူမ်များသာ ဖြစ်ကြောင်း ဆိုထားပါသည်။ အာယာသွလ္လာဟ် နာစေရ် မကာရေမ်မိုရှီရာဇီး ၏ အဆိုအရ ဤအာယသ် တော် ၏ အနက်အဓိပ္ပာယ် မှာ မိုဟမ္မဒ် (ဆွ) နှင့် ကိုယ်တော် ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဖြစ်ကြောင်း ဆိုထားပါသည်။ ဖခ်ရေရာဇီး အနေဖြင့်လည်း ဤအာယသ်တော် အား ဆွာဒစ်က်ကီးန် ၏ အစ်ဆ်မသ် (မှားယွင်းမှုမရှိ ခြင်း၊ပြစ်မဲ့ဖြစ်ခြင်း ) ဖြစ်ကြောင်း အတွက် အထောက်အထား ဖြစ်ကြောင်း ဆိုထားပါသည်။ သို့သော် ၎င်းအနေဖြင့် ဆွာဒစ်က်ကီးန် ၏ ဆိုလိုသည့် အနက်အဓိပ္ပာယ် မှာ « အွန်မသ်တစ်ခုလုံး » ကို ဆိုလိုကြောင်း ဆိုထား ပါသည်။
အာယသ် ဆွာဒစ်က်ကီးန် ၏ စာသား နှင့် ဘာသာပြန်
يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَكُونُوا مَعَ الصَّادِقِينَ
အဓိပ္ပာယ် - အိုအီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ အလ္လာဟ် ဟို အရှင်မြတ်အား ကြောက်ရွံ့ကြပါလေ? ထိုပြင် ဆွာဒစ်က်ကီးန် (ခ) ဖြောင့်မတ်မှန်ကန်သူများ၊ သစ္စာရှိသူများ နှင့်အတူ ရပ်တည်ပါလေ။
စူရဟ်သောင်ဗဟ် ၊ အာယသ်တော် အမှတ် ၁၁၉
ဆွာဒစ်က်ကီးန် ၏ အဓိပ္ပာယ် နှင့် အနက်အဓိပ္ပာဟ် ဆိုလိုချက်များ
« ဆွာဒစ်က်ကီးန် » ဆိုသည် စကားလုံး မှာ «ဆွာဒစ်က် » ၏ အများကိန်း ဖြစ်ပါသည်။[၁]အလာမဟ် ဆယက်ဒ် သွဗာသွဗာရီ အနေဖြင့် သဖ်စီးရ် အလ်မီးဇန်း တွင် အကြင်သူတစ်ဦးတစ်ယောက် ၏ အကီဒဟ် (ယုံကြည်ချက်) နှင့် အပြင်တွင်အမှန်တကယ် တွေ့ရချက် တစ်ထပ်တည်း ကျသူ သို့မဟုတ် ၎င်း ၏ အပြင်ပိုင်း နှင့် အတွင်း ပိုင်း တစ်ထပ်တည်း ကျသူ အား ဆွာဒစ်က် (ခ) ဖြောင့်မတ်မှန်ကန် သူ ဆိုကြောင်း ဆိုထား ပါသည်။[၂] စွန်နီ သဖ်စီးရ် ပညာရှင်များ မှ တစ်ပါး ဖြစ်သူ ဇမခ်ရှရီ အနေဖြင့်လည်း ဆွာဒီက်ကီးန် ဆိုသည် မှာ အကြင်သူ တစ်ဦး တစ်ယောက် အနေဖြင့် အလ္လာဟ် ၏ ဒီးန် တွင် အကီဒဟ် (ခ) ယုံကြည်ချက်အရ အပြော နှင့် အလုပ် တွင် တစ်ထပ်တည်း ကျသူ ကို ခေါ်ဆို ကြောင်း ဆိုထားပါသည်။[၃]
သို့ရာတွင် မွတ်စလင်မ် သဖ်စီးရ် ပညာ ရှင်များ အကြား »ဆွာဒစ်ကီးန် « ဆိုသည်မှာ မည်သူများ ဖြစ်ကြောင်း ၎င်းတို့၏ ဝိသေသ လက္ခဏာများ မှာ မည်သို့ ဖြစ်ကြောင်း အကျယ်ဖွင့်ဆိုချက်များ နှင့် ပတ်သက်၍ အမြင်များ ကွဲပြားမှု လာရှိပါသည်။ သွဗ်ရေစီ အနေဖြင့် သဖ်စီးရ် မဂျ်မအိုလ်ဗယာန်း တွင် ဆွာဒစ်က်ကီးန် ၏ ဝိသေသ လက္ခဏာများ မှာ စူရဟ် ဘကရဟ် ၏ အာယသ်တော် အမှတ် ၁၇၇ လာအတိုင်း ဖြစ်ကြောင်း ဆိုထားပါသည်။[၄]
ရှိက်ခ်သူစီ သည် ဆွာဒစ်က်ကီးန် (ခ) ဖြောင့်မတ်သူများ၏ နမူနာများကို စူရဟ် အဲဟ်ဇာဗ် ၏ အာယသ်တော် အမှတ် ၂၃ တွင် ဖော်ပြထားသော သူများဖြစ်သည်ဟု ဆိုထားပါသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အလ္လာဟ် ဟို အရှင်မြတ် နှင့် မိမိ တို့၏ ကတိ(ခ) ပဋိညာဉ် တွင် ဖြောင့်မတ်မှန်ကန် စွာ ပြုခံကြသူများ ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။[၅] စွန်နီသဖ်စီးရ် ပညာရှင်များမှ တစ်ပါး ဖြစ်သူ ကုရ်သူဘီ အနေဖြင့် စူရဟ် ဟရှ်ရ် ၏ အာယသ်တော် အမှတ် ၈ တွင်လာ ရှိသည့် မိုဟာဂျေရ်များ ကို ဆွာဒစ်က်ကီးန် ဟု ခေါ်ဆို ကြောင်း ဆိုထားပါသည်။ [၆]
ရှီအဟ် နှင့် စွန်နီ ပေါင်းချုပ်များ တွင် ဆင့်ပြန်လာရှိ သည့် ရီဝါယသ်တော်များ ကို အခြေခံ၍ အလီဘင်န် အဘီသွာလစ်ဗ်(အ.စ) တစ်ပါးတည်း သို့မဟုတ် ၎င်း၏ သာဝကတော်များ သို့မဟုတ် ၎င်း ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) [၇]သို့မဟုတ် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် ကိုယ်တော် ၏ အဲဟ်လေ့ဘိုက် (သ) (အ.စ) တို့သည် ဆွာဒစ်က်ကီးန် ဖြစ်ကြောင်း ဆိုထားပါသည်။[၈] ရီဝါယသ်တော် များစွာသည် လည်း ဆွာဒစ်က်ကီးန် သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဖြစ်ကြောင်း အနက်အဓိပ္ပာယ် ပြန် ဆိုထားပါသည်။[၉]
ဘိုရိုက်ဒ် ပြောကြားသည်မှာ - အေမာမ် ဘာကဲရ် (အ.စ) ထံ တော် တွင် အလ္လာဟ် ဟို အရှင်မြတ် မိန့်တော် မူထားသည့် အာယသ်တော် «اتَّقُوا اللَهَ وَکونُوا مَعَ الصَّادِقِینَ» နှင့်ပတ်သက်ပြီး ဆွာဒစ်က်ကီးန်များသည် မည်သူများ ဖြစ်ကြောင်း မေးမြန်း လျှောက်ထားသည့် အခါ အေမာမ် (အ.စ) ငါတို့ ဖြစ်ကြောင်း အဖြေပေး မိန့်ကြားခဲ့ပါသည် ဟု ဖြစ်ပါသည်။
ကိုလိုင်းနီ ၊ အလ်ကာဖီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၁ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၂၀၈
ဆွာဒီက်ကီးန် သည် အစ်ဆ်မသ် နှင့် အေမာမ် အတွက် သက်သေဖြစ်ကြောင်း
ရှီအဟ်ပညာရှင်များ ၏ အဆို အရ အာယသ် ဆွာဒစ်က်ကီးန် သည် အေမာမ် အလီ (အ.စ) ၏ အစ်ဆ်မသ် နှင့် အေမာမ် အတွက် သက်သေဖြစ်ကြောင်း ဆိုထားကြပါသည်။ အလာမဟ် ဟစ်လီ အနေဖြင့် ရှရ်ဟ် ကလာမ် မိုဟကစ်က် သူစီ တွင် «وَکونُوا مَعَ الصّادِقین» ဆိုသည့် အာယသ်တော် အား အေမာမ် အလီ (အ.စ) ၏ အေမာမ်မသ် အတွက် သက်သေ အထောက်အထားများ မှ တစ်ခု ဖြစ်ကြောင်း ဆိုထားပါသည်။ ဆွာဒစ်က်ကီးန် ၏ ဆိုလိုသည့် အနက်အဓိပ္ပာယ် မှာ ၎င်း ဆွာဒစ် ဖြစ်ကြောင်း ကို သိရသူဖြစ်ကြောင်း ဤကဲ့သို့သူမှာ မအ်စူမ် (ပြစ်မဲ့) သာလျင် ဖြစ်နိုင်ကြောင်း ဆိုထားပါသည်။အကြောင်း မှာ ဆွာဒစ်က် ဖြစ် ကြောင်း မအ်စူမ် (ပြစ်မဲ့) မှ အပ မသိနိုင်သည့် အတွက်ကြောင့် ဖြစ်ကြောင်း လည်းကောင်း မွတ်စလင်မ်များ ၏ အစ်ဂျ်မာအ် အရ တမန်တော်မြတ် (ဆွ) ၏ သာဝကတော် များ တွင် အေမာမ် အလီ (အ.စ) မှအပ မည်သည့် သာဝက မှ ပြစ်မဲ့ မဟုတ်ကြောင်း ဆိုထားသည့် အတွက်ကြောင့် ဖြစ်ပါသည်။[၁၀]
မရ်ဂျအ်သက္က်လီးဒ်တော်များ မှ တစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် နာစေရ် မကာရေမ်မိုရှီရာဇီး ၏ အဆိုအရ ဤအာယသ် တော် ၏ အနက်အဓိပ္ပာယ် မှာ မိုဟမ္မဒ် (ဆွ) နှင့် ကိုယ်တော် ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဖြစ်ကြောင်း ဆိုထားပါသည်။ အကြောင်းမှာ အကယ်၍ တစ်ဦးတစ်ယောက်သည် မအ်စူမ် (ပြစ်မဲ့ ) မဟုတ်ဘဲ ၎င်း နှင့် အတူ ရပ်တည် ဖို့ ၎င်းအား လိုက်နာဖို့ အမိန့် ထုတ်ခြင်းခံရမည် မဖြစ်နိုင်သည့် အတွက်ကြောင့် ဖြစ်ပါသည်။[၁၁] စွန်နီ ပညာရှင်များ မှ တစ်ပါး ဖြစ်သူ ဖခ်ရေရာဇီး အနေဖြင့်လည်း ဤအာယသ်တော် အား ဆွာဒီက်ကီးန် ၏ အစ်ဆ်မသ် အတွက် သက်သေ အထောက်အထား တစ်ခု အဖြစ် ဆိုထားပါသည်။ အာယသ်တော် ၏ စာသား အရ ဆွာဒစ်က်ကီးန် ၏ နောက်လိုက်ရမည် ဖြစ်သည့် အတွက် အပြစ် နှင့်အမှား မကင်းသည့် မိုအ်မင်များ မဖြစ်နိုင်ကြောင်း ထိုသို့ အပြစ်ကင်းသူ များ ၊ အမှားကင်းသူများ သည် မအ်စူမ်များ ဖြစ်သည့် အတွက်ကြောင့် မအ်စူမ်များသည် ဆွာဒစ်က်ကီးန် ဖြစ်ကြောင်း ဆိုထားပါသည်။[၁၂]သို့သော် ၎င်းအနေဖြင့် ဆွာဒစ်က်ကီးန် ၏ ဆိုလိုသည့် အနက်အဓိပ္ပာယ် မှာ « အွန်မသ်တစ်ခုလုံး » ကို ဆိုလိုကြောင်း ဆိုထား ပါသည်။[၁၃]
ဤအာယသ်တော် နှင့်ပတ်သက်၍ ရေးသားထားသည့် စာအုပ်များ
- လာကူနူမအဆ်ဆွာဒစ်က်ကီးန် - ရေးသားသူ - မိုဟမ္မဒ် အလ်သီဂျာနီ အလ်စမာဝီ ၊ ပထမကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၇၄ ခုနှစ် ၊ မိုအ်စေစေဟ် အန်ဆွာရီယာန်း။
- ကူနူမအဆ်ဆွာဒစ်က်ကီးန် - ရေးသားသူ - ဆယက်ဒ် မိုသဇာ အလ်ဟိုစိုင်းန်နီ အရှ်ရှီးရာဇီး ။
ဆက်နွယ်နေသည့် ဆောင်းပါးများ
- အာယသ်သေ အူလွလ်အမ်ရ်
- အာယသ် ဝေလာယသ်
- အာယသ် အဲဟ်လိုဇ်ဇေက်ရ်
- အာယသ် ဝတ်ဒ်
- အာယသ် သတ်သွဟီးရ်
အောက်ခြေ မှတ်စုများ
- ↑ ဂျိုရ်ဂျာနီ ၊ အလ်သအ်ရီဖာသ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၉ ခုနှစ်၊ စာမျက်နှာ ၉၅။
- ↑ သွဗာသွဗာရီ ၊ အလ်မီးဇန်း ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၃ ခုနှစ်၊ အတွဲ ၉ ၊ စာမျက်နှာ ၄၀၂။
- ↑ ဇမခ်ရှရီ ၊ အလ်ကရှာဖ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ်၊ အတွဲ၂ ၊ စာမျက်နှာ ၂၂၀။
- ↑ သွဗ်ရေစီ ၊ မဂျ်မအိုလ်ဗယာန်း ၊ အီရန် သက္ကရာဇ် ၁၃၇၉ ခုနှစ်၊ အတွဲ၃ ၊ စာမျက်နှာ ၈၁။
- ↑ ရှိက်ခ် သူစီ ၊ အလ်သစ်ဗ်ယာန်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၁ ခုနှစ်၊ အတွဲ၅၊ စာမျက်နှာ ၃၁၈။
- ↑ ကုရ်သူဘီ ၊ အလ်ဂျာမေအိုလ်အဲဟ်ကာမ်မိုလ်ကုရ်အာန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၃ ခုနှစ်၊ အတွဲ၈ ၊ စာမျက်နှာ ၂၈၈။
- ↑ စူယူသီ ၊ သဖ်စီးရ် ဒွဒ်ရေလ်မန် စူရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၁ ခုနှစ်၊ အတွဲ ၄ ၊ စာမျက်နှာ ၂၈၇။အာမဒီ၊ ဃာယသိုလ်မရာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၁ ခုနှစ်၊ အတွဲ ၃ ၊ စာမျက်နှာ ၅၀၊၅၁။ အမီနီ ၊အလ်ဂဒီးရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၁ ခုနှစ်၊ အတွဲ ၂ ၊ စာမျက်နှာ ၃၀၆။
- ↑ ဟာကင်မ် ဟစကာနီ ၊ ရှဝါဟစ်ဒ်ဒိုလ်သန်ဇီးလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၁ ခုနှစ်၊ အတွဲ ၁ ၊ စာမျက်နှာ ၂၆၂။
- ↑ ကိုလိုင်းနီ ၊ အလ်ကာဖီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၁ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၂၀၈။ အာမဒီ၊ ဃာယ သိုလ်မရာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၁ ခုနှစ်၊ အတွဲ ၃ ၊ စာမျက်နှာ ၅၂။
- ↑ ဟစ်လီ ၊ ကတ်ရဖ်ဖိုလ်မူရာဒ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၉ ခုနှစ် ၊ စာမျက်နှာ ၅၀၃ ။
- ↑ « အာယသ်တော် (ကူနူမအဆ် ဆွာဒစ်က်ကီးန်) သည်ခေတ်တိုင်းတွင် မအ်စူမ် ရှိကြောင်း သက်သေအထောက်အထား ဖြစ်ကြောင်း » ၊ Ayin Rahmat website.
- ↑ ဖခ်ရေရာဇီး ၊ မဖာသီဟိုလ်ဂိုက်ဗ် ဘေရွတ် ၊ ဟီဂျရီ သက္က်ရာဇ် ၁၄၂၀ ခုနှစ် ၊ အတွဲ ၁၆ ၊ စာမျက်နှာ ၁၆၆။
- ↑ ဖခ်ရေရာဇီး ၊ မဖာသီဟိုလ်ဂိုက်ဗ် ဘေရွတ် ၊ ဟီဂျရီ သက္က်ရာဇ် ၁၄၂၀ ခုနှစ် ၊ အတွဲ ၁၆ ၊ စာမျက်နှာ ၁၆၆။