အဟ်လေကိဘ်လာ

wikishia မှ

ဤဆောင်းပါးသည် အဟ်လေကိဘ်လာ နှင့်ပတ်သက်၍ဖြစ်သည်။ ကိဘ်လာဘက်တော်သားမွစ်လင်မ်များအား ကာဖိရ်ဟုသတ်မှတ်ခြင်းအား ပိုမိုသိကျွမ်းနားလည်လာစေရန် ကိဘ်လာမွစ်လင်မ်များအားကာဖိရ်ဟုသမုတ်ခြင်း အကြောင်းအရာကို ကြည့်ပါ။

အဟ်လေကိဘ်လာ(အာရဗီ-اَهل قِبله)ဆိုသည်မှာ ကာအ်ဘာအား မိမိ၏ကိဘ်လာအဖြစ်သတ်မှတ်ထားသောမွစ်လင်မ်အားလုံးကို ဆိုလိုသည်။ ဤအသုံးနှုန်းကို အသုံးပြုရခြင်းမှာ မွစ်လင်များအား ကာဖိရ်အဖြစ်သမုတ်ခြင်းမှကာကွယ်ရန်ဖြစ် သည်။ ရှီအာစွန်နီပညာရှင်အများစု၏အမြင်အရ ကိဘ်လာသားများ၏အသက်အိုးအိမ်စည်းစိမ်သိကခာသည် လေးစားကာကွယ်ပေးရမည်ဟုသိရှိသတ်မှတ်ထားကြသည်။ ထို့ကြောင့်ပင် ကာဖိရ်ဟုသမုတ်ခြင်း နှင့် ၎င်းတို့၏ သုံ့ပန်းများအားသတ်ဖြတ်ခွင့်မရှိပါ။ ၎င်းတို့၏သေသူများအပေါ်၌ နမားဇ်ဖတ်ပေးရန်တာဝန်ရှိကာ ဝါဂျိဘ်ဖြစ်ပေ သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

အဟ်လေကိဘ်လာဆိုသည်မှာ အစ္စလာမ်သာသနာနှင့်ဆက်နွယ်ပတ်သက်နေသူကိုဆိုလိုသည်။ ထို့ကြောင့်ပင် ကာအ်ဘာအား ကိဘ်လာအဖြစ်သတ်မှတ်ထားသော အစ္စလာမ်ဂိုဏ်းခွဲများအားလုံးသည် ကိဘ်လာသားများ ဖြစ်ကြသည်။ ရှီအာကုရ်အာန်ဋီကာပညာရှင် မုဟမ္မဒ်ဂျဝါးဒ်မွဂ်နီယာ၏ပြောကြားချက်အရ ၁၄ရာစု၌ အဟ်လေကိဘ်လာ နှင့် အဟ်လေကုရ်အာန်၊ ရှဟာဒတ်နှစ်ခုဖတ်ကြသူများ နှင့် မွစ်လင်မ်များ ဆိုသော အသုံးအနှုန်းများသည် အဓိပ္ပါယ်တစ်မျိုးတည်းသာဖြစ်ကြသည်။ ထို့ကြောင့် ၎င်းသူများမှာ အသျှင်မြတ် ၊တမန်တော်မြတ် (ဆွ) နှင့် ကိုယ်တော် ဆွ ၏စွန်နသ်ဓလေ့တော်များအား ယုံကြည်ကြသူများကိုဆိုလိုသည်။ ၎င်းသူများသည် ကိဘ်လာဘက်သို့လှည့်ကာ နမားဇ်ဖတ်ကြသည်။ ထို့အတူ အဟ်လေစွန်နသ်၏ဟနဖီပညာရှင် မိုလ္လာအလီကာရီသည် သာသနာနှင့်ဒွန်တွဲနေသည့် မည်သည့်အရာကိုမျှငြင်းဆန်ခြင်းမရှိသူကို အဟ်လေကိဘ်လာ ဟုခေါ်ဆိုထားသည်။ ထို့သို့ဖြစ်သောကြောင့် သူ၏အဆိုအရမူ အဲဟ်လေစွန်နသ်ပညာရှင် များ၏အမြင်အရမူ သာသနာနှင့်ဒွန်တွဲနေသောအကြောင်းအရာမှတစ်ခုဖြစ်သော ဥပမာဆိုရသော် လောက(အာလမ်)နှင့် ဟရှရ်အားငြင်းဆိုပါက အဘယ်မျှပင်တစ်သက်တာလုံး ခဝပ်ကိုးကွယ်မှု့ဖြင့်အချိန်ကုန်ဆုံးစေခဲ့ပါ လျှင်လည်း အဲ့ဟ်လေကိဘ်လာ မဟုတ်ပေ။

ဓမသတ်ပိုင်းဆိုင်ရာဥပဒေသ

ရှီအာစွန်နီပညာရှင်အများစု၏အမြင်အရ ကိဘ်လာသားများ၏ အသက်အိုးအိမ်စည်းစိမ်သိကခာသည် လေးစားကာကွယ်ပေးရမည်ဟု သိရှိသတ်မှတ်ထားကြသည်။ ထို့ကြောင့်ပင် ကာဖိရ်ဟုသမုတ်ခြင်း နှင့် ၎င်းတို့၏ သုံ့ပန်းများအားသတ်ဖြတ်ခွင့်မရှိပါ။ ၎င်းတို့၏သေသူများအပေါ်၌ နမားဇ်ဖတ်ပေးရန်တာဝန်ရှိကာ ဝါဂျိဘ်ဖြစ်ပေ သည်။ မိုလာအလီကာရီ၊အဘူဟနီဖာမုဟမက်ဘင်န်အိဒ်ရီးစ်ရှာဖိအီ တို့၏ပြောဆိုချက်အရ အဟ်လေကိဘ်လာ တို့အား ကာဖိရ်ဟုသတ်မှတ်ထားခြင်းမရှိပေ။ သူကထပ်မံပြောကြားသည်မှာ အဟ်လေစွန်နသ် ဓမသတ်ပညာ ရှင်အများစုသည် အဟ်လေကိဘ်လာတို့အား ကာဖိရ်ဟုသတ်မှတ်ခြင်းမရှိပါ။ သို့ပါသော်လည်း အချို့သော အစ္စလာမ့်သမိုင်းများသည် အခြားသောဂိုဏ်းခွဲများ၏နောက်လိုက်များအား ကာဖိရ်ဟုသမုတ်ကြ၍ ၎င်းတို့အားသတ်ဖြတ်ခွင့်ပြုထားသည်။ ဝဟာဘီလမ်းစဉ်၏တည်ထောင်သူဖြစ်သော မုဟမက်ဒ်ဘင်န်အက်ဘ်ဒွလ်ဝဟာဘ် သည် တမန်တော်များမလာအေကာတို့နှင့် အသျှင်မြတ်၏ အောင်လီ ယာသူတော်စင်တို့အား အသျှင်မြတ်နှင့်နီးစပ်ရန်ကြားဝင်အသနားခံပေးသူများသတ်မှတ်ကြသူများကို ၎င်းသူတို့သည် အဘယ်မျှပင် အသျှင်မြတ်၏ ဖန်ဆင်းမွေးမြူခြင်းအား ယုံကြည်လက်ခံ သည်ဖြစ်ပါစေ ၎င်းတို့ကို သတ်ဖြတ်ခြင်းအား မဖြစ်မနေလုပ်ဆောင်ရန်ပြဌာန်းသတ်မှတ်ထားသည်။ နာဆွေဘီများနှင့်ပတ်သက်၍မူ ခဝါရိဂ်ျ နှင့် သာသနာနှင့်ဒွန်တွဲနေသောအကြောင်းအရာများကို ငြင်းဆိုသူများ အား ကာအ်ဘာကိုကိဘ်လာအဖြစ်လက်ခံနေစေကာမူ ကာဖိရ်သတ်မှတ်ချက် နှင့် နဂျိစ်ဖြစ်ကြောင်းလာရှိထား သည်။

ဓမသတ်အသုံးများ

အဟ်လေကိဘ်လာ အသုံးအနှုန်းအား ဆုံးပါးကွယ်လွန်ခြင်းဆိုင်ရာဥပဒေသများ နှင့် ကာကွယ်တိုက်ခိုက်ခြင်း ဆိုင်ရာများတွင် ပြောဆိုထားကြသည်။ ပြောကြသည်မှာ မွစ်လင်မ်များသည် ဂျမဲလ်စစ်ပွဲမတိုင်ခင်၌ ကိဘ်လာ ဘက်တော်သားများနှင့် တိုက်ခိုက်ခြင်းဆိုင်ရာဥပဒေသများအား မသိကြသေးပဲ ထိုအရာကို ဤစစ်ပွဲ၌ အေမာမ် အလီ အ.စ ထံပါးမှသင်ယူခဲ့ကြခြင်းဖြစ်သည်။