မာတိကာသို့ ခုန်သွားရန်

အလီ ဗင်န် မုဟမ္မဒ် စမရီး

wikishia မှ

အလီ ဗင်န် မုဟမ္မဒ် စမရီး သို့မဟုတ် စမိုရီး (ဟီဂျရီ၂၂၉ ဖွားမြင်) သည် အေမာမ်ဇမားန်(အဂျ) ၏ လက်ထောက် ကိုယ်စားလှယ် လေးဦးအနက်မှ လေးဦးမြောက် လက်ထောက် ကိုယ်စားလှယ် ဖြစ်ပြီး ဟိုစိုင်းန် ဗင်န် နောင်ဘက်ခ်သီ ပြီးနောက် သုံးနှစ်တိုင် (ဟီဂျရီ၂၃၆-၃၂၉) လက်ထောက်ကိုယ်စားလှယ် တာ၀န်ကို ထမ်းဆောင်ခဲ့သည်။ ၎င်းသည် အေမာမ်ဇာမားန်(အဂျ) ကွယ်ပျောက်နေသည့် ကာလ၌ အေမာန် နှင့် ရှီအာများအကြား အဆက်အသွယ် ပြုလုပ်ပေးခဲ့ပြီး လူထုသည်( ဝိုဂျူဟာသေ ရှရ်အီး)ဘာသာရေး ရံပုံငွေများကို ၎င်းအား ပေးအပ်ကြသည်။ အချို့သည် ၎င်းကို အေမာမ်အက်စ်ကရီ(အစ) ၏ နောက်လိုက်များ အနက်မှ ဖြစ်ပြီး အေမာမ်နှင့် စာပေးစာယူလည်း ရှိသည် ဟူ၍ သိရှိထားကြသည်။ အလီ ဗင်န် မုဟမ္မဒ် စမရီး ၏ လက်ထောက်ကိုစားလှယ် သတ်တမ်းသည် တိုတောင်းပြီး အခြားသော လက်ထောက် ကိုစားလှယ် သုံးဦးနှင့် ယှဉ်ပါက ၎င်း၏ ကိုစားလှယ် သတ်တမ်းမှာ တိုတောင်းပေသည်။ ထိုအရာနှင့် ပတ်သက်ပြီး အဆိုပြုချက်များ မလာရှိထားပေ။ အလီ ဗင်န် မုဟမ္မဒ် စမရီး ၏ လုပ်ဆောင်ချက် နည်းပါးရခြင်း၏ အကြောင်းရင်းမှာ အုပ်ချုပ်သူ၏ တင်းကျပ်မှု ကြောင့် ဖြစ်ပြီး အုပ်ချုပ်မှု စနစ်တွင် ၎င်းအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းမှ တားဆီးထားပေသည်။ အေမာမ်ဇမားန်(အဂျ) ဘက်မှ အလီ ဗင်န် မုဟမ္မဒ် စမရီး အား ၎င်း ဆုံးပါးမည့် သတင်း နှင့် ကိုယ်စားလှယ် သက်တမ်း ကုန်ဆုံးမည့်အကြောင်းကို ကမ္ဗည်းစာ ပေးပို့သည့် အဖြစ်အပျက်သည် ဤကာလ၏ အရေးကြီးဆုံးသော အဖြစ်အပျက်များ အနက်မှ တစ်ခုဖြစ်သည်။ ၎င်း ကွယ်လွန်ပြီးနောက် ကိုယ်စားလှယ်များ နှင့် ဒွါဒသမ အေမာမ်တို့ကြား တိုက်ရိုက်ဆက်သွယ်မှုမှာ ပြီးဆုံးသွားပြီး အေမာမ်ဇမားန်(အဂျ) ၏ ရှည်လျားသော ကွယ်ပျောက်မှု စတင်ခဲ့သည်။

အတ္ထုပတ္တိ

ကျမ်းကိုးများ၌ အလီ ဗင်န် မုဟမ္မဒ် စမရီး မွေးသည့်နှစ်အား မဖော်ပြထားပေ။ ၎င်း၏ အစွဲပြုခေါ်ဆိုသော အမည်မှာ အဘူလ်ဟစန် (1) ဖြစ်ပြီး ဂုဏ်ပုဒ်မှာ စမရီး ၊ စိုင်မိုရီး ၊ စိုင်မရီး ၊ နှင့် သို့မဟုတ် ဆွီမရီး ဖြစ်သည်ဟူ၍ ဖော်ပြထားပြီး စမရီ ဟူ၍ ကျော်ကြားပေသည်။ (2) သို့သော် ရှီအာ ကျမ်းကိုး အချို့၌ ၊ ၎င်း၏ ဂုဏ်ပုဒ်မှာ စမရီး ဖြစ်သည်ဟု ဖော်ပြထားသည်။ စမ္မဲရ် သို့မဟုတ် စုမ္မဲရ် (3) သို့မဟုတ် ဆွီမဲရ် သည် ၎င်း၏ဆွေမျိုးများနေထိုင်ရာ ဘဆွရာ ၏ရွာများ အနက်မှ တစ်ခုဖြစ်သည်။ (4)

မျိုးရိုး

အလီ ဗင်န် မုဟမ္မဒ် စမရီးသာ် ၊ ရှီအာ အေမာမ်များကို အလုပ်ကျွေးပြုသည့် အလွန်ကျော်ကြားသော ရှီအာမိသားစုမှ ဖြစ်သည်။ ဤမိသားစုမှ ဆင်းသက်လာသည့်အတွက်ကြောင့် အေမာမ်၏ လက်ထောက် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည့်အချိန် အတိုက်အခံများစွာ မကြုံတွေ့ခဲ့ရပေ။ (5) ယအ်ကူဘီ ယုံကြည်ထားသည်မှာ ဤမိသားစု၏ အဖွဲ့ဝင်အများအပြားသည် ဘဆွရာ တွင် ပိုင်ဆိုင်မှုအများအပြားကို ပိုင်ဆိုင်ပြီး အေမာမ်ဟစန်အက်စ်ကရီ (အစ) သို့ ထိုပိုင်ဆိုင်သည့် ဝင်ငွေတစ်ဝက်ကို (ဝက္ကဖ်)လှူဒါန်းခဲ့သည်။ အေမာမ်သည် ၎င်း၏ ၀င်ငွေကို နှစ်စဉ်ရရှိပြီး ၎င်းနှင့် စာဖြင့် အဆက်အသွယ် လုပ်ခဲ့သည်။ (6) စမရီး၏ ဆွေမျိးအနက်မှ ဖြစ်သည့် အလီ ဗင်န် မုဟမ္မဒ် ဗင်န် ဇေယာဒ် သည် အေမာမ်ဂျဝါဒ်(အစ) နှင့် အေမာမ်အက်စ်ကရီ(အစ) တို့၏ ကိုယ်စားလှယ်ဖြစ်ပြီး " အလ်အောင်ဆွီယာအ်" ဟု ခေါ်သော စာအုပ်ကို ၁၂ ပါးအေမာမ်၏ အေမာမသ်အား သက်သေပြုခြင်း နှင့်ပတ်သက်ပြီး ရေးသားခဲ့သည်။ (7)

အေမာမ်အက်စ်ကရီ(အစ) နှင့်အဆက်အသွယ် ရှိခြင်း

ရှီးခ်သူစီး ၊ ၎င်းအား " အလီ ဗင်န် မုဟမ္မဒ် ဆွီမရီး" ဟု ခေါ်ဆိုပြီး အေမာမ်အက်စ်ကရီ(အစ) ၏ နောက်လိုက်သား တစ်ဦးလည်း ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (8) ထို့အပြင် အေမာမ် အက်စ်ကရီ (အစ) နှင့် စာဖြင့် အဆက်အသွယ် ပြုလုပ်ခဲ့သည်။ အလီ ဗင်န် မုဟမ္မဒ် စမရီး ပြောထားသည်မှာ " အဘူမိုဟမ္မဒ်(အေမာမ် အက်စ်ကရီ) သည် ကျွန်ုပ်ထံ စာရေးသားခဲ့သည်မှာ - အသင့်အား လမ်းမှားရောက်စေမည့် ပြဿနာတစ်ခု ပေါ်ထွန်းလာရန် ရှိပေသည်။ သတိထားပါလေ။ ထိုအရာမှ ရှောင်ကြဉ်ပါလေ။ " သုံးရက်နေပြီးနောက် ၊ ဗနီဟာရှင်မ်များအတွက် အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ၎င်းတို့အား ကံဆိုးမှုနှင့် အခက်အခဲများစွာ ဖြစ်စေခဲ့သည်။ ကျွန်ုပ်သည် အေမာမ်ထံ စာရေးသားခဲ့သည်မှာ " ယခုဖြစ်ပေါ်လာသည့် အဖြစ်အပျက်သည် အသင် မိန်ဆိုခဲ့သည့် အရာ များ ဖြစ်ပါသလား? " အေမာမ်ဖြေဆိုသည်မှာ " မဟုတ်ပေ။ နောက်ထပ် တစ်ခု ဖြစ်ပေါ်လာပေမည်။ အသင့်ကိုယ်ကို စောင့်ရှောက် ကာကွယ်ပါလေ" ရက်အနည်းငယ် ကြာပြီးနောက် ၊ မိုအ်သက်ဇ် ဆိုသူအား သတ်ဖြတ်သည့် အဖြစ်အပျက် ပေါ်ပေါက်လာခဲ့သည်။ (9)

ဆုံးပါးခြင်း

ရှီးခ်သူစီး၏ ဖော်ပြချက်အရ ၊ စမရီးသည် ဟီဂျရီ၃၂၉ ခုနှစ်၌ ဆုံးပါးသွားခဲ့ပြီး ၎င်း၏ ရုပ်ကလပ်သည် ဘဂ္ဂဒက်မြို့ရှိ ခလန်ဂျီး လမ်းမ အဘူအသာဘ် မြစ်ကမ်းအနီး၌ မြုပ်နှံထားသည်။ (10) ၎င်း၏ ကဗဲရ်သည် ကိုလိုင်နီ၏ ကဗဲရ် အနီးတစ်ဝိုက်၌ ရှိပေသည်။ (11) ဆွာဟီဘေ အအ်ယားနုလ်ရှီအဟ် ဆိုသူသည် အလီ ဗင်န် စမရီး ဆုံးပါးသည့်နေ့ကို ရှာအ်ဗာန်လ ၁၅ ရက်နေ့ဟု သိရှိထားသည်။ (12) ရှီးခ် ဆူဒူက် နှင့် သွီဘ်ရီစီ တို့သည် အလီ ဗင်န် စမရီး ဆုံးပါးသည့် နှစ်ကို ဟီဂျရီ ၃၂၈ ဖြစ်သည်ဟု လက်ခံထားကြသည်။ (13) (14)


အရှင်မြတ်သည် အသင်၏ ဆုံးပါးခြင်း၌ အသက့် ညီနောင်များအား ကောင်းချီးများ သက်ရောက်ပါစေ။ အသင်သည် ခြောက်ရက်အတွင်း ဆုံးပါးလိမ့်မည်။ ထို့ကြောင့် အသင့်ရဲ့အလုပ်ကို ပြီးအောင်လုပ်ပြီး ဘယ်သူ့ကိုမှ အစားမထိုးပါနှင့်။ အပယ်ကြာင့်ဆိုသော် ယခုတွင် ဒုတိယ ကွယ်ပျောက်မှု စတင်ပြီ ဖြစ်ပြီး အရှင်မြတ် အလိုရှိသရွေ့ အချိန်ကြာမြင့်မည် ဖြစ်ပြီး ဖူးပွင့်လာမည် မဟုတ်ပေ။ စိတ်နှလုံး (လူများ) ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေပြီး ကမ္ဘာကြီးသည် မတရားမှုများနှင့် ပြည့်နှက်နေပြီး အချို့သောသူများသည် ကျွန်ုပ်၏နောက်လိုက်များ (ရှီအာများ) ထံသို့ လာ၍ ကျွန်ုပ်ကို မြင်ဖူးသည်ဟု ဆိုကြပေလိမ့်သည်။ ဒါပေမယ့် ဆိုဖီယာနီ အရေးအခင်းနဲ့ ကောင်းကင်ဘုံက ငိုကြွေးခြင်းမတိုင်ခင် ကျွန်ုပ်အား တွေ့မြင်သည်ဟု ပြောသည့် လူတိုင်းဟာ လူလိမ်သာ ဖြစ်ပေသည်။" သာရီခေဘာယေဂါနီ ၊ ဆူဒူက် ၊ ကမာလုလ်ဒီးန် ဝါ သမာမုလ် နိအ်မဟ် ၊ ဟီဂျရီ၁၃၉၅ ၊ အတွဲ ၂ ၊စာမျက်နှာ ၅၁၆

အေမာမ်ဇမားန်(အဂျ) ၏ လက်ထောက်ကိုယ်စားလှယ်

အေမာမ်ဇမားန်(အဂျ) ၏ သုံးယောက်မြောက် လက်ထောက် ကိုစားလှယ်သည် အလီ ဗင်န် မုဟမ္မဒ် စမရီး အား မိမိပြီးနောက် ဆက်ခံမည့် လက်ထောက် ကိုစားလှယ် အဖြစ် ထားရှိရန် ၀စီယသ် သေတမ်းစာ မှာကြားခဲ့သည်။ (15) ဤရွေးချယ်မှုသည် အေမာန်ဇမားန်(အဂျ) ၏ အမိန့်တော် နှင့် သတ်မှတ်ချက် ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းအရာ နှင့် ပတ်သက်ပြီး ရေဝါယသ် မလာရှိထားပေ။ သို့သော် သွီဘ်ရီစီးသည် " အိဟ်သေဂျာဂ်ျ" စာအုပ်၌ ရေးသားထားသည်မှာ " ရှေးယခင် လက်ထောက်ကိုယ်စားလှယ်များသည် ထိုသို့ ရာထူးသို့ မရောက်ရှိခဲ့ကြပေ။ သို့သော် အေမာမ်ဇမားန် (အဂျ) ဘက်မှ ၎င်းတို့အား ရွေးချယ်သတ်မှတ်သည့် အမိန့် ပြဌာန်းလိုက်မှသာလျှင် ထိုရာထူးသို့ ရောက်ရှိပြီး ၎င်းထက်အရင် ရှိသော လက်ထောက်မှ နောင်လာရှိမည့် လက်ထောက်ကို မိတ်ဆက်ပေး ပေသည်။ (16)

လက်ထောက်ကိုယ်စားလှယ် ခေတ်ကာလ

ယခင် လက်ထောက်ကိုယ်စားလှယ် သုံးဦး၏ ရာထူးသက်တမ်းအတွင်း အလီ ဗင်န် မုဟမ္မဒ် စမရီး ၏ လုပ်ဆောင်ချက်များကို ဖော်ပြထားခြင်း မရှိသည့်အပြင် ၎င်း၏ လက်ထောက်ကိုယ်စားလှယ် ရာထူးသက်တမ်းအတွင်း၌လည်း ၎င်း၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ဖော်ပြထားခြင်း မရှိပေ။ (17) သို့သော် ရှီအာများသည် အခြားသော လက်ထောက် ကိုယ်စားလှယ် များကဲ့သို့ ၎င်း၏ ကြီးမြတ်မှုနှင့် ဇွဲလုံ့လတို့ကို ယုံကြည်ကာ ၎င်းကို ရှီအာများက လက်ခံခဲ့ကြသည်ဟု ဆိုထားသည်။ (18) ရှီးခ်ဆူဒူက်၏ ရေဝါယသ်အရ ၊ ကိုယ်စားလှယ်များသည် ၎င်းအား အေမာမ်ဇမားန်(အဂျ)၏ သံတမန်အစစ်အဖြစ် အသိအမှတ် ပြုပြီး (ဝိုဂျူဟာသေ ရှရ်အီး) တရားတော်၌ ပြဌားန်းထားသည့် ခွမ်းစ် ၊ ဇကားသ် နှင့် အခြားသော အရာများကို ၎င်းအား ပေးကမ်းကြသည်။ (19) အလီ ဗင်န် မုဟမ္မဒ် စမရီး ၏ ကိုယ်စားလှယ် ခေတ်ကာလ၌ ၊ ရက်စက်ကြမ်းကြုတ်မှု နှင့် သွေးထွက်သံယို ကာလဖြစ်ပြီး ၎င်းသည် မိမိ၏လုပ်ဆောင်မှုများကို အခြားသော ကိုယ်စားလှယ် များထက် ပိုမိုလျှို့ဝှက်စွာ ပြုလုပ်ခဲ့သည်။ (20) အချို့သော သုတေသီများသည် ၎င်း၏ ကိုယ်စားလှယ်ကာလ တိုတောင်းမှု နှင့် အေမာမ်ဇမားန်(အဂျ) ၏ ခဏတာပျောက်ကွယ်သည့် ကာလ ကုန်ဆုံးရခြင်း၏ အဓိကအကြောင်းအရင်းမှာ ထိုကာလအတွင်း အဘ္ဘာစီမင်းများ အုပ်ချုပ်သည့် စနစ်၏ အလွန်အကျွံ တင်းကျပ်ခြင်းတို့ကြောင့်ဖြစ်သည်ဟု ယုံကြည်ထားကြသည်။ (21) (22)

အေမာမ်ဇမားန်(အဂျ) ၏ ကမ္ဗည်းစာ

စမရီး မဆုံးပါးမီ ခြောက်ရက်အလို၌ ၊ အေမာမ်ဇမားန်(အဂျ)ထံမှ အမ္ဗည်းစာတစ်ခု ရောက်လာခဲ့သည်။ အေမာမ်ဇမားန်(အဂျ) သည် ထိုအမ္ဗည်းစာ၌ စမရီး၏ ဆုံးပါးခြင်း နှင့် ဂိုင်းဘက်သေ ကုဗ်ရာ ရှည်လျားသော ကွယ်ပျောက်မှု စတင်တော့မည့် အကြောင်းကို သတင်းပေးခဲ့သည်။ ထို့နောက် ၎င်းလုပ်လက်စ အလုပ်များကို အပြီးလုပ်ရန် နှင့် တစ်ဦးတစ်ယောက်ကို မိမိ၏ ကိုယ်စားလှယ် အဖြစ် မခန့်ရန် အမိန့်ပေးခဲ့သည်။ (23) (24) ထိုကမ္ဗည်းရောက်လာပြီး ခြောက်ရက်အကြာ ၊ ပင်မ လက်ထောက် ကိုယ်စားလှယ်များသည် စတုတ္ထမြောက် ကိုယ်စားလှယ် ဆုံးပါးခါနီး အချိန် ၎င်း၏ အနား၌ စုရုံးကာ ၎င်း၏နေရာကို ဆက်ခံမည့်သူသည် မည်သူဖြစ်သနည်း ဟူ၍ မေးမြန်းခဲ့ကြသည်။ ထိုအခါ စမရီး ဖြေဆိုသည်မှာ " ဤအမိန့်သည် ၊ အရှင်မြတ်၏ အမိန့်တော်ဖြစ်ပြီး ၎င်းကိုယ်တ်ု စီရင်ဆုံးဖြတ်တော်မူပေမည်" ဤစကားသည် ၎င်းမဆုံးမီ နောက်ဆုံးကြားခဲ့ရသည့် စကားပင် ဖြစ်သည်။ (25) စမရီး ဆုံးပါးသွားပြီးနောက် ကိုယ်စားလှယ်များ နှင့် အေမာမ်ဇမားန်(အဂျ) အကြား တိုင်ရိုက် ဆက်သွယ်မူ မရှိတော့ပဲ ရှည်လျားသော ကွယ်ပျောက်မှု စတင်ခဲ့သည်။ (26)

ကေရာမသ်များ

‌ရေဝါယ်ကျမ်းကိုးများ၌ ၊ ရှီအာများ၏ များ၏သံသယများကိုဖယ်ရှားပစ်ရန် အလီ ဗင်န် မုဟမ္မဒ် စမရီး ကေရာမသ်များကို ဖော်ပြပေးထားသည်။ အိဗ်နေ ဘာဘိုဝို်( ရှီးခ်ဆူဒူးက်၏ ဖခင် ဖြစ်ပြီး ၎င်းသည် ကွမ်းမြို့၌ နေထိုင်သူ ဖြစ်သည်) သေဆုံးခြင်းအကြောင်းကို ကွမ်းမြို့ ရှိ လူတစ်စုအား အသိပေးခြင်း ၊ စသည် တို့သည် အလီ ဗင်န် မုဟမ္မဒ် စမရီး ၏ ကေရာမသ်များ အနက်မှ ဖြစ်သည်။ (27) ဆွာလေဟ် ဗင်န် ရှိုအိုက်းဘ် သွလက္ကာနီး သည် အဟ်မဒ် ဗင်န် အိဗ်ရာဟီးမ် မိုခလ္လဒ် မှ ကောက်နုတ်ထားသည်မှာ ကျွန်ုပ်သည် ဘဂ္ဂဒက်ရှိအကြီးအကဲများထံ ကျွန်ုပ်ရောက်လာသော အလီ ‌ဗင်န် မုဟမ္မဒ် စမရီး သည် ထိုစုဝေးပွဲတွင် တက်ရောက်ခဲ့သည်။ ၎င်းစကားပြောသည်မှာ အရှင်မြတ်သည် အလီ ဗင်န် ဘာဘူယဟ် ကွမးမီ ( ရှီးခ်ဆူဒူးက် ၏ ဖခင်) အား ခွင့်လွှတ်ပလပ်တော်မူပါစေ။ အစည်းအဝေးတွင် ပါရှိသော အကြီးအကဲများသည် အလီ ဗင်န် စမရီး ပြောသည့် နေ့အား မှတ်သားထားခဲ့ကြသည်။ ထို့နောက်အလီ ဗင်န် ဘာဘူယဟ် သည် ထိုနေ့၌ပင် ဆုံးပါးသွားခဲ့ကြောင်း သတင်းရောက်ရှိလာခဲ့သည်။ (28)