အမီးန် (ဘွဲ့တော်)

wikishia မှ

အမီးန် (အရဘီ: أمين (لقب)) ဆိုသည်မှာ တမန်တော်မြတ်(ဆွ) ဘေအ်စသ် (တမန်တော်မြတ်(ဆွ) ၏ တာဝန်ကို အတိအလင်းစတင် ထမ်းဆောင်ခြင်း) မတိုင်မီ နှစ်အချို့ အရင် ကပင် ဤအမည် ဖြင့် ခေါ်ဝေါ်ခဲ့သော အစ္စလာမ့်တမန်တော်မြတ် (ဆွ) ၏ ဘွဲ့တော် များမှ တစ်ခုဖြစ်ပါသည်။အမီးန် ဆိုသူမှာ ယုံကြည် စိတ်ချ ရသူတစ်ဦး အားခေါ်ဆိုပြီး မိမိအပေါ်ယုံကြည်သူများအား သစ္စာဖောက်ခြင်းမှ ကင်း ဝေးသူကို ခေါ် ဆိုပါ သည်။ အမီးန် ဟုခေါ်ဝေါ်စေသော အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွ) ၏ ဝိသေသ လက္ခဏာ များထဲမှ တစ်ခုမှာ စိတ်ချယုံကြည်ထိုက်သူ ဖြစ်ပါသည်။ အေမာမ်များ (အ.စ) ၏ ဟဒီးစ်တော် များတွင် တမန်တော်မြတ်(ဆွ)သည် အမီးန် ဖြစ်ကြောင်းကို အလေးပေးမိန့်ကြားထား ပြီး အချို့သော ဇေရယာသ်များ တွင်လည်း «السَّلَامُ عَلَى أَمِينِ اللَّهِ عَلَى رُسُلِه‏» ဟူသော အသုံးအနှုန်းဖြင့် စလာမ် ဆက်သ ထား ပါသည်။

ဆိုလိုသည့် အဓိပ္ပာယ် နှင့် တည်နေရာအဆင့်အတန်း

အမီးန်သည် တမန်တော်မြတ်(ဆွ)၏ သာသနာပြုခြင်းမပြုမီ နှစ်ပေါင်းများစွာကပင် ထိုအမည်ဖြင့် ခေါ်ဆိုခဲ့ ပြီး ကိုယ်တော်၏ ဘွဲ့တော် များထဲမှ တစ်ခုဖြစ်ပါသည်။ [1] အမီးန် ခေါ်ဆိုခြင်းခံရ သူမှာ ယုံကြည် စိတ်ချရ သူတစ်ဦး အားခေါ်ဆိုပြီး မိမိအပေါ် ယုံကြည်သူများအား သစ္စာဖောက်ခြင်းမှ ကင်း ဝေးသူကို ခေါ် ဆိုပါ သည်။[2] တတိယရာစု၏ သမိုင်းပညာရှင် အစ်ဗ်နေ စအ်ဒ် က ၎င်း၏ စာအုပ် အလ်သွဗကာသ်သိုလ်ကိုဗ်ရာ တွင် “နဗီတမန်တော် (ဆွ) ၏ အရည်အချင်းကောင်းများ ပြည့်စုံသည် ဖြစ်၍ မက္ကဟ်(မက္ကာ) မြို့ တွင် ကိုယ်တော်မြတ် (ဆွ) အား အမီးန်ဆိုသည့် အမည်မှ လွဲ၍ အခြား အမည် ဖြင့် မခေါ်ဆိုကြကြောင်း “ ရေးသား ထားပါ သည်။[3] သာရီးခ် သွဗရီ (ဟီဂျရီ သက္ကရာဇ် ၃၀၃ တွင်ရေး တွင်ရေးသားခဲ့သည်) အစီရင်ခံစာအရ ကိုရိုင်းရှ် လူမျိုးများသည် တမန်တော်မြတ် (ဆွ) အားကိုယ်တော်အပေါ် ဝဟီမကျမည် အရင် ကပင် အမီးန် ဆိုသည့် အမည်ဖြင့် ခေါ်ဝေါ်ခဲ့ကြပါသည်။ [4]

အစ်ဗ်အဘာစ် ထံ မှ ရီဝါယသ်တော် လာရှိသည်မှာ မွတ်ရှ်ရေကန် နေကိုရိုင်းရှ် တို့သည် တမန်မြတ်(ဆွ) အား အမီးန် ဟု ခေါ်ဆို ခဲ့ကြပြီး ကိုယ်တော်မြတ် (ဆွ)သည် မည်သည့် အခါ မျှ မုသားဆိုမည့်သူမဟုတ်သည် ကို သိကြလျက် ကိုယ်တော်မြတ် အား ငြင်းဆန်ခဲ့ကြ ကြောင်း ဖြစ်ပါသည်။ [5] တမန်တော်မြတ်(ဆွ) ၏ ရန်သူများ သည် လည်း တမန်တော်မြတ် (ဆွ) အား ယုံကြည်ထိုက်သူဖြစ်ကြောင်း အသိအမှတ်ပြုကြပြီး၊ ဤ ကိစ္စရပ်နှင့် ပတ်သက်ပြီး အဘူဂျဟ်လ် ၏ ဝန်ခံခြင်းဆိုင်ရာ ဖြစ်ရပ်မှန် များကို သမိုင်းတွင် ဖော်ပြထား ပါသည်။[6]ဤအစီရင်ခံစာများတွင် တမန်တော်မြတ်(ဆွ)အား ငြင်းပယ်ရခြင်း အကြောင်းရင်းမှာ တမန်တော် မြတ်(ဆွ)၏ မိန့်မှာချက်များ ကို မယုံကြည်သောကြောင့် မဟုတ်ဘဲ မိသားစုနှင့် လူမျိုးစု ပြိုင်ဆိုင်မှုများ ကြောင့် တမန် တော်မြတ် (ဆွ) ၏ တမန်တော်ဖြစ်ခြင်း ကို ငြင်းပယ်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ [7]

မိုဟမ္မဒ် အမီးန် နှင့် အမီးန် တို့သည် မွတ်စ်လင်မ်များ ၏ သားသမီးများကို ပေးသော အမည်များဖြစ်ပါသည်။ အီရန် သက္ကရာဇ် ၁၂၉၇ ခုနှစ် နှင့် ၁၃၈၀ အကြား ၊ ခရစ်သက္ကရာဇ် အားဖြင့် ၁၉၁၈ခုနှစ် မှ ၂၀၀၁ခုနှစ် အကြား အီရန် လူမျိုးများ၏ ထိပ်တန်းအမည် ၁၀၀ စာရင်းတွင် အမီးန် သည် ပါဝင် ခဲ့ပါသည်။ [8]

လူထု အပေါ် အလွဲသုံးစား မလုပ်သူ

အမီးန် ဟု ခေါ်ဝေါ်စေသော တမန်တော်မြတ်(ဆွ)၏ ဝိသေသလက္ခဏာများထဲမှတစ်ခုမှာ ယုံကြည်ထိုက်သူ ၊ အလွဲသုံးစား မလုပ်သူ ဖြစ်ပါသည်။ [9] တမန်တော်မြတ်(ဆွ) ၏ ယုံကြည်စိတ်ချရမှုနှင့် ပတ်သက်၍ အစီရင် ခံစာအများအပြားကို သမိုင်းရင်းမြစ်များတွင် ကိုးကားထားပါသည်။ ထို့အပြင် တမန်တော်မြတ်(ဆွ)သည် ဟဇရသ် ခဒီဂျဟ် (စ.အ)၏ ရင်းနှီးမြုပ်နှံ မှု ဖြင့် ကုန်အရောင်းအဝယ် လုပ်ခဲ့ပါသည်။ စီးပွားရေးခရီး မှ အောင်မြင်စွာ ပြန်လာပြီးနောက် ဟဇရသ် ခတီဂျဟ် (စ.အ) သခင်မကြီး မှ “ အို ကျမ ဦးရီးတော် ၏သားတော် အသင်၏ မျိုးနွယ်မြင့်မြတ်မှု ၊ မှန်ကန်စွာ ပြောဆို မှု၊ နှစ်သက်ဖွယ် ကိုယ်ကျင့် တရားရှိ မှု နှင့် အလွဲသုံးစား မပြုမှု တို့ကြောင့် လူထု နှင့် မိမိ လူမျိုး များ အကြားတွင် အသင်နှင့်ပတ်သက် ပြီး ဂုဏ်ယူ ကြောင်း “ ပြော ကြား ခဲ့ပါသည်။ ထိုနောက် ဟဇရတ် ခတီဂျဟ် (စ.အ) သခင်မကြီးသည် တမန်တော်မြတ်(ဆွ) ထံ လက်ထပ်ခွင့်တောင်းခဲ့ပါသည်။ [10]

ထို့ပြင် လူတို့သည် မိမိတို့၏ အမာနသ် များ ကို တမန်တော်မြတ်(ဆွ) ထံ အပ်နှံခဲ့ ကြပါသည်။ တမန်တော်မြတ်(ဆွ)သည် မဒီနာမြို့သို့ ဟစ်ဂျရသ်ပြုရန် ( ပြောင်း ရွေ့ရန် ) ဆုံးဖြတ်ခဲ့ပါသည်။ပြီးနောက် အေမာမ် အလီ (အ.စ) ထံ အမိန့်ပေးတော်မူ သည်မှာ မက္ကဟ် (မက္ကာ) မြို့ မှ မဒီနာမြို့ သို့ မိမိ ကြွမြန်း သွား သည့်အခါတွင် မိမိ ထားရစ်ခဲ့ သည့် အမာနသ် များ ကို ပိုင်ရှင်များ ထံ ပြန်လည်ပေးအပ်ရန်ဖြစ်ပါသည်။ [11] ထိုနည်းတူစွာ ခိုင်ဘဲရ် စစ်ပွဲ ကာလတွင် မွတ်စလင်မ် များ စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကို ခံခဲ့ရကြောင်း အစီရင်ခံစာတွင် ကိုယ်တော်မြတ်(ဆွ) အမီးန် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထိုအချိန်၌ ရဟူဒီ (ခ) ဂျူးများ ၏ သိုးများ ကိုထိန်းကျောင်း နေသည့်သိုးကျောင်းသား တစ်ဦးသည် တမန်တော်မြတ်ထံသို့ ချဉ်းကပ်၍ ကိုယ်တော် နှင့် အတူ စကားပြောဆိုပြီးနောက် အစ္စလာမ်ဘာသာသို့ ကူးပြောင်း ခဲ့ပါသည်။ ၎င်းအနေဖြင့် တမန်မြတ် (ဆွ) အား ဂျူးတို့သည်ကျနော် ထံ မိမိ တို့၏ သိုးများ ကို အမာနသ် (ယုံကြည်၍ အပ်နှံထားသည့်အရာ) အဖြစ် အပ်ထားပါသည်။ အခုကျနော် မွတ်စလင်မ် ဖြစ်သွားပါပြီး။ ဒါကြောင့် ကျနော် တာဝန် သည် မည်ကဲ့သို့ လာရှိပါသနည်း? ဟု မေးမြန်းလျှောက်ထား လေသည်။ မွတ်စ်လင်မ်များ အစားအစာ လိုအပ်နေသော်လည်း တမန်တော်မြတ် (ဆွ) မှ သိုးထိန်းအား ဂျူးများလက်သို့ သိုးများ ကို ပြန်လည် လွဲအပ်ရန် အဖြေပေး မိန့်ကြား ခဲ့ပါသည်။ [12]

ဝဟီအတွက်အမီးန် ဖြစ်သူ

တမန်တော်မြတ်(ဆွ)၏ တမန်တော်မြတ် (ဆွ)ဖြစ်ရခြင်းမှာ အမီးန်(အလွဲသုံးစားမလုပ်သူ) ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်းပြနေပါသည်။ အကြောင်းမှာ တမန်တော်ဖြစ်ခြင်းသည် အလ္လာဟ်ဟို အရှင်မြတ် ၏ ယုံကြည် ကိုးစားမှု ၊အလွဲသုံးစား မလုပ်မှု ကို ပေးအပ် ခြင်းခံရသည့် အတွက်ကြောင့် ဖြစ်ပါသည်။ [13] အေမာမ် အလီ (အ.စ) ထံ မှ ရီဝါယသ်တော် လာရှိပါသည်။ “ အလ္လာဟ် ဟို အရှင်မြတ် သည် တမန်တော် မိုဟမ္မဒ် (ဆွ) အား စကြာဝဠာ အပေါင်း ကို သတိပေးရန် နှင့် ဝဟီ အတွက်အမီးန် အဖြစ် စေလွတ်တော် မူခဲ့ခြင်း ဖြစ်ပါ သည်။ “ [ 14] သဖ်စီးရ် ကွမ်းမီ ကျမ်းတွင် مُطَاعٍ ثَمَّ أَمِينٍ ဆိုသည့် အာယသ်တော် လာ "အမီးန်" ဟူသော စကားလုံးကို တမန်တော်မြတ် (ဆွ) ၏ အမာနသ် အဖြစ် သဖ်စီးရ် ပြုထားပါသည်။ ဤအာယသ်တော် နှင့်ပတ်သက်ပြီး အေမာမ် ဂျအ်ဖရ်ဆွာ ဒစ်က် (အ.စ) ထံ မေးမြန်း လျှောက်ထားသည့် အခါ “ ကိုယ်တော်၏ အမိန့်သည် တရားဝင် ပြဋ္ဌာန်းပြီး ဖြစ်ပြီး ကေယာမသ် နေ့တွင် ကိုယ်တော်သည် အမီးန် ဖြစ်သည် “ ဟု မိန့်ကြား တော်မူခဲ့ ပါသည်။ [15] ထို့ပြင် အချို့သော ဇေယာရသ် စာအုပ်များတွင် အေမာမ် များ (အ.စ) ထံ မှ ရီဝါယသ်တော် များလာရှိသည်မှာ ရစူလ်တမန်တော် (ဆွ) အား «أَمِينِ اللَّهِ عَلَى رُسُلِه» ဟူသော အသုံးအနှုန်းဖြင့် ဖော်ပြထား ခြင်းဖြစ်ပါ သည်။ [16]

တမန်တော်မြတ် (ဆွ) ၏ ဦးရီးတော် ဖြစ်သူ ဟဇရသ် အဘူသွာလစ်ဗ် (အ.စ) သည် လည်း တမန်တော်မြတ် (ဆွ) အား အလ္လာဟ်၏အမီးန် အဖြစ် ကဗျာ တစ်ပုဒ်တွင် ခေါ်ဆိုထားပါသည်။ အရဘီ စားသားမှာ - ٲنْتَ الأَمِينُ ٲَمِينُ اللهِ لَاكَذِبُ وَالصَّادِقُ الْقَوْلِ لَالَهْوٌ و َلا لَعِبُ ဖြစ်ပါသည်။

အဓိပ္ပာယ်မှာ သင်သည် စိတ်ချယုံကြည်ထိုက်သူဖြစ်ပါသည်။ သင်သည် မည်သည့် အခါမျှ မုသား မဆိုသည့် အလ္လာဟ်၏ အမီးန် ဖြစ်ပါသည်။ ထိုပြင်သင်သည် အမုန်ပြောဆိုသူ ဖြစ်ပါသည်။ မည်သည့်အခါမျှ စိတ်အလို ဆန္ဒနောက်လိုက်ခဲ့သူမဟုတ်သလို အဓိပ္ပါယ်ကင်းမဲ့ သည့် စကားများကို ဆိုခဲ့သူလည်း မဟုတ်သူ ဖြစ်ပါ သည်။ [17]

ဆယ်နွယ်နေသည့် ဆောင်းပါး

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ