မာတိကာသို့ ခုန်သွားရန်

အဘာအဗ်ဒိလ္လာဟ် (ကွန်နီယေဟ်)

wikishia မှ

အဘာအဗ်ဒ်လ္လာဟ် (အာရဗီ- اباعبدالله) ဟူသည် အေမာမ်ဟိုစိင်းန်(အ.စ) နှင့် အေမာမ်ဆွာဒိက်(အ.စ) တို့၏ အစွဲပြုခေါ်ဆိုသော အမည်ဖြစ်သည်။ အာရ‌ဗ်၌ အစွဲပြုခေါ်ဆိုသောအမည်အား တစ်ဦးတစ်ယောက်ကို အရိုအသေပေးသောအားဖြင့် ခေါ်ဆိုခြင်းဖြစ်သည်။ ရေဝါယသ်များ၌ ရှီအဟ်အေမာမ်များကို အစွဲပြုခေါ်ဆိုသော အမည်ဖြင့် လာရှိထားလေသည်။ ရေဝါယသ်စာအုပ်များ၌ ( အဘာအဗ်ဒိလ္လာဟ်) ဟူသော ဝေါဟာရကို အမည်နာမ မပါဘဲ အသုံးပြုထားပါက ယင်းမှာ အေမာမ်ဆွာဒိက်(အ.စ)ကို ဆိုလိုခြင်းဖြစ်သည်။

အာရဗ် ယဉ်ကျေးမှု၌ အစွဲပြုခေါ်ဆိုသောအမည်

အာရဗ်ယဉ်ကျေးမှု၌ အစွဲပြုခေါ်ဆိုသောအမည်သည် နာမည်တစ်ခုဖြစ်ပြီး လူတစ်ဦး၏ အမည်ရင်းအပြင် ၎င်းကို အရိုအသေ ပေးသော အားဖြင့် ခေါ်ဆိုကြရာ၌ အသုံးပြုပေသည်။[၁] အစွဲပြုခေါ်ဆိုသေ အမည်များသည် များသောအားဖြင့် ( အဘူ) ၊( အဘာ) နှင့် ( အဘီ) ဖခင် ၊ ( အွမ်) မိခင် ဟူ၍ အစပြုကြလေသည်။ဥပမာ အဘူလ်ဟစန်၊ အဘလ်ကာစင်မ်၊ အဘီဘက်ရ် နှင့် အွမ်မေကုလ်စူမ်။[၂]

အေမာမ်များ၏ တူညီသော အစွဲပြုခေါ်ဆိုသည့်အမည်များ

များစွာသော ဟဒီးစ်တော်များ၌ ရှီအဟ်အေမာမ်များကို ၎င်းတို့၏ အစွဲပြုခေါ်ဆိုသောအမည်များဖြင့် ဖော်ပြထားကြလေသည်။[၃] ၎င်းတို့အကြား အစွဲပြုခေါ်ဆိုသောအမည်များသည် တူညီမှုရှိပေသည်။[၄] ဥပမာ အဘူဂျအ်ဖဲရ် ဟူသော အစွဲပြုခေါ်ဆိုသောအမည် သည် အေမာမ်ဘာကရ်(အစ) နှင့် အေမာမ်ဂျဝါဒ်(အစ) အကြားတူညီမှုရှိပေသည်။ ထို့အတူ အေမာမ်ငါးပါးအား အဘုလ်ဟစန် ဟူသော အစွဲပြုခေါ်ဆိုသောအမည်ဖြင့် ခေါ်ဆိုလေသည်: အေမာမ်အလီ (အစ)၊ အေမာမ်စဂျာဒ်(အစ)၊ အေမာမ်ကာဇွင်မ်(အစ)၊ အေမာမ်ရေဿွာ(အစ) နှင့် အေမာမ်ဟာဒီ(အစ) တို့ဖြစ်ကြပေသည်။[၅]

အသုံးပြုပုံများ

အဘာအဗ်ဒိလ္လာဟ် ကို အာရဗ်စကား၌ အဘူအဗ်ဒိလ္လာဟ် ၊ အဘီအဗ်ဒိလ္လာဟ် ဟူ၍လည်း အသုံးပြုပေသည်။ ယင်းသည် အေမာမ်ဟိုစိင်းန်(အ.စ) နှင့် အေမာမ်ဆွာဒီက်(အစ) တို့အကြားတူညီသော အမည်ဖြစ်သည်။ [၆]တမန်တော်မြတ်(ဆွ)သည် အေမာမ်ဟိုစိန်(အစ)အား အဘာအဗ်ဒိလ္လာဟ် ဟုခေါ်ဆိုလေသည်။[၇] အေမာမ်ဆွာဒိက်(အစ)ကို အဘာအဗ်ဒိလ္လာဟ် ခေါ်ဆိုရခြင်းမှာလည်း ၎င်းင်း၏ ဒုတိယမြောက်သားသည် အဗ်ဒိလ္လာဟ်အဖ်သာဟ် ဟုအမည်ရှိသောကြောင့် ဖြစ်သည်။[၈]

ရေဝါယသ်စာအုပ်များ၌ အေမာမ်ဟိုစိန်(အစ)ထံမှ ဟဒီးစ်တော် အများအပြား ‌ကောက်နုတ်ထားခြင်းမရှိပေ။[၉] သို့သော် အေမာမ်ဆွာဒိက်(အစ)ထံမှ ရှီအာဟဒီးစ်တော် အများအပြား ကောက်နုတ်ထားကြသည်။[၁၀] ထို့ကြောင့် ရေဝါယသ်များ၌ (အဘာအဗ်ဒိလ္လာဟ်) ဟူ၍ သီးသန့်တစ်မျိုးတည်း လာရှိထားပါက ‌ယင်းမှာ အေမာမ်ဆွာဒိက်(အစ)ကို ရည်ညွှန်းခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အဘာအဗ်ဒိလ္လာဟ် ဟုလာရှိပါက အေမာမ်ဆွာဒိက် (အစ)ကို ဆိုလိုပြီး အဘာအဗ်ဒိလ္လာဟ် ဟိလ် ဟိုစိန် ဟုလာရှိပါက အေမာမ်ဟိုစိန်(အစ)အား ဆိုလိုခြင်း ဖြစ်သည်။[၁၁]

မှတ်စုများ

  1. ↑ فرهنگ عمید، ذیل واژه «کنیه».
  2. ↑ فرهنگ دهخدا، ذیل واژه «کنیت».
  3. ↑ مدیر شانه‌چی، علم الحدیث، ۱۳۸۱ش، ص۱۹۲.
  4. ↑ مدیر شانه‌چی، علم الحدیث، ۱۳۸۱ش، ص۱۹۲.
  5. ↑ مدیر شانه‌چی، علم الحدیث، ۱۳۸۱ش، ص۱۹۲.
  6. ↑ مدیر شانه‌چی، علم الحدیث، ۱۳۸۱ش، ص۱۹۲.
  7. ↑ موسوعة کلمات الامام حسین، ۱۴۱۵ق، ص۳۹.
  8. ↑ پاکتچی، «جعفر صادق(ع)، امام»، ص۱۸۱.
  9. ↑ مدیر شانه‌چی، علم الحدیث، ۱۳۸۱ش، ص۱۹۲.
  10. ↑ شهیدی، زندگانی امام صادق، ۱۳۸۴ش، ص۶۱.
  11. ↑ سیفی مازندرانی، مقیاس الرواة، ۱۴۲۲ق، ص۲۷۵؛ تفرشی، نقدالرجال، ۱۴۱۸ق، ج۵، ص۳۱۷.

ကျမ်းကိုးမျာ

  • پاکتچی، احمد، «جعفر صادق(ع)، امام»، تهران، مرکز دائرة المعارف بزرگ اسلامی، ۱۳۸۹ش.
  • تفرشی، مصطفی، نقدالرجال، قم، مؤسسه آل‌البیت، ۱۴۱۸ق.
  • سیفی مازندرانی، علی‌اکبر، مقیاس الرواة فی کلیات علم الرجال، موسسة النشر السلامی، قم، ۱۴۲۲ق.
  • شهیدی، سیدجعفر، زندگانی امام صادق جعفر بن محمد(ع)، تهران، دفتر نشر فرهنگ اسلامی، ۱۳۸۴ش.
  • فرهنگ فارسی عمید.
  • لغت‌نامه دهخدا.
  • مدیر شانه‌چی، کاظم، علم الحدیث، قم، دفتر انتشارات اسلامی، چاپ شانزدهم، ۱۳۸۱ش.
  • معهد تحقیقات باقرالعلوم، موسوعة کلمات الامام حسین، قم، دانش، چاپ دوم، ۱۴۱۵ق/۱۳۷۴ش.