အဇါအင်န်မ်

wikishia မှ
ဤဆောင်းပါးသည် တရားစီရင်ရေးဆိုင်ရာ အယူအဆတစ်ခုအကြောင်း ဖော်ပြသည့် ဆောင်းပါးဖြစ်ပြီး ဘာသာရေးဆိုင်ရာ ကျင့်ထုံးများအတွက် စံသတ်မှတ်ချက်တစ်ခု မဟုတ်ပါ။ ဘာသာရေး အလေ့ အကျင့်များ အတွက် အခြားအရင်းအမြစ်များကိုလေ့လာ ရမည် ဖြစ်ပါသည်။
ဤဆောင်းပါးသည် ကျမ်းတော်မြတ် ကုရ်အာန်၏ စဂျ်ဒဟ် အာယသ် ပါသည့် စူရဟ် များ အကြောင်း ဖြစ်ပါသည်။ စဂျ်ဒဟ် ဆိုင်ရာ အဲဟ်ကာမ် ကို သိရှိနိုင်ရန် စဂျ်ဒဟ် သေလာဝသ် ဆိုသည့် ဆောင်းပါး ကို လေ့လာ ရမည် ဖြစ်ပါသည်။

အဇါအင်န်မ် (အရဘီ : آيات السجدة) သို့မဟုတ် အဇါအင်န်မိုလ်စိုဂျူဒ် ဆိုသည်မှာ စူရဟ် စဂျ်ဒဟ် ၊ စူရဟ် ဖိုဆေလ်လသ် ၊ စူရဟ် နဂျ်မ် နှင့် စူရဟ် အလက် တို့ကို ရည်ညွှန်းပါသည်။ထိုစူရဟ်များ တွင် ကြားနာခြင်း သို့မဟုတ် ဖတ်သည့်အခါတွင် စဂျ်ဒဟ် ပြုရန် ဝဂျစ်ဗ် ဖြစ်စေသည့် အာယသ်တော် တစ်ပါး စီ ပါရှိပါသည်။ဤစူရဟ် များ နှင့်ပတ်သက်ပြီး အဲဟ်ကာမ် ( ရှရီအီ စည်းမျဥ်း၊ဥပဒေများ ) လာရှိပါသည်။ ၎င်းတို့ ကို ဂျနာဗသ် ထိုက်နေသူ နှင့် ရာသီသွေး ပေါ်နေသည့်အမျိုးသမီး အတွက် ဖတ်ခြင်း (သေလာ ဝသ်ပြုခြင်း) သည် ဟရာမ် ဖြစ်ပါသည်။ ပြီးနောက် ဝါဂျစ်ဗ် နမာဇ် များတွင် မလွဲမသွေ မဖတ်ရန် ဖြစ်ပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် လာ ဝါဂျစ်ဗ် စဂျ်ဒဟ် များ အတွက် ဖတ်ရမည့် သီးသန့် ဇေက်ရ် ဆင့်ပြန် လာရှိပါ သည်။ သို့သော် ဤ စဂျ်ဒဟ်များ အတွက် ဝဇူ ရှိရန်၊ ဂိုစ်လ် ရှိရန် နှင့် ကေဗ်လဟ် ဘက် မျက်နှာ မှုရန် ထိုနည်း တူစွာ သီးသန့် ဇေက်ရ် ကို ဖတ်ရန် အရေးမကြီးချေ။ (ဝဂျစ်ဗ် မဟုတ်ချေ။ ) သို့သော် စဂျ်ဒဟ် လုပ်သည့် အခါ နဖူးအား စဂျ်ဒဟ် ပြုပိုင်ခွင့် ရှိသည့် အရာများအပေါ် စဂျ်ဒဟ် ပြုရန် အရေးကြီးပေသည်။

အမည်ပေးခြင်း

အဇါအင်န်မ် သို့မဟုတ် အဇါအင်န်မိုလ်စိုဂျူဒ် ဆိုသည်မှာ ဝါဂျစ်ဗ် စဂျ်ဒဟ်ပြုရန် ပါသည့် အာယသ်တော် ပါးသည့် စူရဟ် လေးပုဒ် စူရဟ် စဂျ်ဒဟ် ၊ စူရဟ် ဖိုဆေလ်လသ် ၊ စူရဟ် နဂျ်မ် နှင့် စူရဟ် အလက် တို့ကို ခေါ်ဆို ပါသည်။ [1] အချို့သော ကျမ်းကိုး အရင်းအမြစ်များတွင် စူရဟ် ဖိုဆေလ်လသ် အစား စူရဟ် လွက်မာန်း ကို ကိုဖော်ပြထားကြပါသည်။ [2]အဇါအင်န်မ် သည် အဇီးမဟ် ၏ အများကိန်းဖြစ်ပြီး အဘိဓာန် အရ တစ်စုံတစ်ခုကို ပြုလုပ်ရန် လေးနက်သောဆန္ဒကို ဆိုလိုသည်။ [3] ထိုနည်း တူစွာ အလ္လာဟ် ဟို အရှင်မြတ်ဘက်မှာ ဝါဂျစ်ဗ် ပြုထားသည့် တာဝန်များကိုလည်းပဲ အဇါအင်န်မ် ဟုခေါ်ဆိုပါသည်။ [၄] ဤ ကျိုးကြောင်း မှုကြောင့် စဂျ်ဒဟ် ပြရမည့် အာယသ်တော်များ ပါသည့် စူရဟ် များကိုလည်းပဲ အဇါအင်န်မ် ဟု ခေါ်ဆို ပါသည်။ [5]

စဂျ်ဒဟ် ပြုရန် ဝါဂျစ်ဗ် ဖြစ်သည့် အာယသ်တော်များ

ရှီအဟ် ဓမ္မသတ်ပညာရှင်များ (ခ) မွတ်ဂျ်သဟစ်ဒ်များ အဆိုအရ စူရဟ် စဂျ်ဒဟ် ၏ အာယသ်တော် အမှတ် ၁၅ ၊ စူရဟ် ဖိုဆေလ်လသ် ၏ အာယသ်တော် အမှတ် ၃၇ ၊ စူရဟ် နဂျ်မ် ၏ အာယသ်တော် အမှတ် ၆၂ နှင့် စူရဟ် အလက် ၏ အာယသ်တော် ၁၉ တို့သည့် စဂျ်ဒဟ် ပြုရန် ဝါဂျစ်ဗ် ဖြစ်သည့် အာယသ်တော်များ ဖြစ်ကြပါသည်။ [6]ထိုနည်းတူစွာ ဂျဝါဟေရိုလ်ကလာန်မ် ကျမ်းရှင် ၏ အဆိုအရ စူရဟ် ၁၀ ပုဒ် တွင် မွတ်စ်သဟဗ် အာယသ်တော် ၁၁ပါး လာရှိပါသည်။ [7] ဤ မွတ်စ်သဟဗ် အာယသ်တော်များ မှာ ဤကဲ့သို့ ဖြစ်ပါသည်။ စူရဟ် အအ်ရာဖ် ၏ အာယသ်တော် အမှတ် ၂၀၆ ၊ စူရဟ် ရအ်ဒ် ၏ အာယသ်တော် အမှတ် ၁၅ ၊ စူရဟ် နဟ်လ် ၏ အာယသ်တော် အမှတ် ၄၉ နှင့် ၅၀ ၊ စူရဟ် အစရာအ် ၏ အာယသ် အမှတ် ၁၀၉ ၊ စူရဟ် မရ်ယန်းမ် ၏ အာယသ်တော် အမှတ် ၅၈ ၊ စူရဟ် ဟဂျ် ၏ အာယသ်တော် အမှတ် ၁၈ နှင့် ၇၇ ၊ စူရဟ် ဖိုရ်ကာန် ၏ အာယသ်တော် အမှတ် ၆၀ ၊ စူရဟ် နမလ် ၏ အာယသ်တော် အမှတ် ၂၆ ၊ စူရဟ် ဆွာဒ် ၏ အာယသ်တော် အမှတ် ၂၄ ၊ စူရဟ် အင်န်ရှေကာက် ၏ အာယသ်တော် အမှတ် ၂၁ ၊ တို့ ဖြစ်ပါသည်။ [8] အာယသ်တော် တွင် စဂျ်ဒဟ် ဆိုသည့် စကားလုံး ပါဝင် လာရှိသည့် အာယသ်တော် တိုင်း အား မွတ်စ်သဟဗ် စဂျ်ဒဟ် ဖြစ်သည် ဟု ရှိက်ခ် ဆူဒူက် အနေဖြင့် ပြောကြားထားသည်ဟု ဆိုထားပါသည်။ [9]


အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ