ဟီဂျရီသက္ကရာဇ် ၄ ခုနှစ်

wikishia မှ

ဟီဂျရီသက္ကရာဇ် ၄ ခုနှစ် (အရဘီ: سنة 4 للهجرة) ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် စတုတ္ထ မြောက် နှစ် အားခေါ်ဆိုပါသည်။ ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါသည်။ အီရန်သက္က်ရာဇ် အားဖြင့် ခိုရ်ဒါဒ်လ ၂၆ ရက်နေ့ အီရန်သက္ကရာဇ် ၄ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဇွန်လ ၁၇ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၅ ခုနှစ် ဖြစ်ပါသည်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ၏ နောက်ဆုံးရက် ၂၉ ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် တနင်္ဂနွေနေ့ ခိုရ်ဒါဒ် ၁၃ ရက်နေ့ အီရန်သက္ကရာဇ် ၅ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဇွန်လ ၄ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၆ ခုနှစ် ဖြစ်ပါသည်။(1)

ဤနှစ်တွင် အေမာမ်ဟိုစိုင်းန် (အ.စ) ၏ မွေးနေ့ ရက်မြတ် ၊ တမန်တော်မြတ် (ဆွ) ပါဝင်ခဲ့သည့် စစ်ပွဲများ နှင့် မပါဝင်ခဲ့သည့် စစ်ပွဲများ ဖြစ်ပေါ်ခဲ့ခြင်း ၊ အေမာမ် အလီ (အ.စ) ၏ မိခင်မွန် ဖွာတွေမဟ် ဘင်န်သေ အစဒ် (စ.အ) ကွယ်လွန် ခြင်းစသည် ဖြစ်ရပ်မှန်များဖြစ်ပေါ်ခဲ့ပါသည်။

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

  • ရဘီအွတ်လ်အောင်ဝဲလ် လတွင် အရက် ဟရာမ် ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။(2)
  • ရဘီအွတ်လ်အောင်ဝဲလ် လတွင် မဒီနာ မြို့ ရှိ ရဟူဒီများ (ဂျူးများ) နှင့် ဘနီနဇီးရ်စစ်ပွဲ ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွ)ကိုယ်တိုင် ပါဝင်ခဲ့ပါသည်။(3)
  • ရဟူဒီများအနေဖြင့် တမန်တော်မြတ် (ဆွ) အား ပူးပေါင်းကြံစည် သည့် အတွက်ကြောင့် ဘအ်ရ်မအူနဟ် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ဆဖရ် လတွင် ဖြစ်ပွားခဲ့ပါသည်။ဤတိုက်ပွဲတွင် အစ္စလာမ် ဘက်မှ တစ်ယောက် တည်း ကျန် ပြီး အားလုံး ရှဟီးဒ်ဖြစ်ခဲ့ကြပါသည်။(4)
  • ရဂျီးအ် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။တိုက်ပွဲသည်ဆဖရ်လတွင် ဖြစ်ပွားခဲ့ပြီး အဇ်လ် မျိုးနွယ်နှင့် ကာရဟ် မျိုးနွယ်များကိုကျမ်းတော်မြတ်ကုရ်အာန်သင်ကြားပေးရန် စေလွတ်ခြင်းခံခဲ့ရသည့်သာဝကတော်များ နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သာဝကတော် များ အချို့ ရှဟီးဒ် ဖြစ်ခဲ့ကြပါသည်။ (5)
  • တမန်တော်မြတ် (ဆွ) ပါဝင်သည့် ဇာသ်သိုရ်ရကာအ် စစ်ပွဲဖြစ်ပါသည်။ အစ္စလာမ်ကို ဆန့်ကျင် သည့် ဂဒ်သွဖာန် မျိုးနွယ်စု အချို့ ၏ ပူးပေါင်းကြံစည်မှုကို တားဆီးရန် အတွက် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။ (6)
  • တမန်တော်မြတ်(ဆွ) သည် အွန်မ်မေစလ်မဟ် သခင်မ နှင့် လက်ထပ် ထိမ်းမြားခဲ့ပါသည်။(7)
  • သွဗရီ ၏ အဆိုအရ ခူဇိုင်းမဟ် ၏ သမီးတော် ဇိုင်နဗ် သခင်မ နှင့် တမန်တော်မြတ်(ဆွ) သည် လက်ထပ် ထိမ်းမြားခဲ့ပါသည်။ (8)အလ်အဆာဗဟ် တွင် ဤ လက်ထပ် ထိမ်းမြားမှု သည် ဟီဂျရီသက္ကရာဇ် ၃ခုနှစ် တွင် ဖြစ် သည်ဟု ဆိုထားပါသည်။ (9)

မွေးဖွားခြင်းများ

  • ရှအ်ဗာန်လ ၃ရက်နေ့ တွင် အေမာမ် ဟိုစိုင်းန် (အ.စ) မွေးဖွားခဲ့ပါသည်။ (၁၀) သို့သော် အဆို တစ်ခုအရ ဟီဂျရီသက္ကရာဇ် ၃ခုနှစ် တွင်မွေးဖွားခဲ့သည် ဟုလာ ရှိပါသည်။ (11)
  • အေမာမ် ဟိုစိုင်းန်(အ.စ) ၏ နို့စိုဖက် ညီနောင် နှင့် အေမာမ်(အ.စ) ကိုယ်စားလှယ် တော်ဖြစ်သည့် ဟဇရသ် အဗ်ဒိုလ္လာဟ် ဘင်န်ယက်သွရ် မွေးဖွားခဲ့ပါသည်။ ဤသည်လည်း ရှအ်ဗာန်လမြတ် တွင် ဖြစ်ပါသည်။(12)
  • အေမာမ်အလီ (အ.စ) ၏ ရန်သူများ မှ တစ်ဦးဖြစ်သူည အဗ်ဒိုလ္လာဟ် ဘင်န် အာမေရ် ဘင်န် ကိုရိုင်ဇ် မွေးခဲ့ပါသည်။(13)

သေဆုံးခြင်း များ

  • တမန်တော်မြတ် (ဆွ) နှင့် နို့စိုဖက် ညီနောင် အဗ်ဒိုလ္လာဟ် ဘင်န် အဗ်ဒိုလ်အစဒ် ကွယ်လွန်ခဲ့ပါသည်။ ဂျမာဒီယိုလ်အောင်ဝဲလ် တွင် ဖြစ်ပါသည်။ (14)
  • အေမာမ်အလီ (အ.စ)၏ မိခင်မွန် ဖွာတွေမဟ် ဘင်န်သေ အစဒ် (စ.အ) ကွယ်လွန် ခဲ့ပါသည် ။(15)
  • ခူဇိုင်းမဟ် ၏ သမီးတော် နှင့်ကိုယ်တော်မြတ် (ဆွ) ၏ကြင်ယာတော် ဖြစ်သည့် ဇိုင်နဗ် သခင်မ ကွယ်လွန် ခဲ့ပါသည်။ရဘီအွန်စ်စာနီ လတွင် ဖြစ်ပါသည်။ (16)
  • တမန်တော်မြတ် (ဆွ) ၏သာဝကတော် များ ဖြစ်ကြသည့် ခိုဘိုင်းဗ် ဘင်န် အဒ်ဒီ အန်ဆွာ ရီ နှင့် ဇိုက်ဒ် ဘင်န် ဒက်စ်နဟ် တို့သည် မက္ကာဟ်မြို့ရှိ မွတ်ရှ်ရေက် များ၏ လက်ချက်ဖြင့် ရှဟီးဒ်ဖြစ်ခဲ့ပါသည်။ ဖြစ်ကြသည့် ခိုဘိုင်းဗ် ဘင်န် အဒ်ဒီ အန်ဆွာ ရီ နှင့် ဇိုက်ဒ် ဘင်န် ဒက်စ်နဟ် တို့သည် ရဂျီးအ် တိုက်ပွဲ တွင် အဖမ်းခံခဲ့ကြရပါ သည်။(17)


အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ