ဟီဂျရီသက္ကရာဇ် ၃ ခုနှစ်

wikishia မှ

ဟီဂျရီသက္ကရာဇ် ၃ ခုနှစ် (အရဘီ: سنة 3 للهجرة) ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် တတိယ မြောက် နှစ် အားခေါ်ဆိုပါသည်။ ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါသည်။အီရန်သက္က်ရာဇ် အားဖြင့် တနင်္ဂနွေနေ့ သီးရ်လ ၆ ရက်နေ့ အီရန်သက္ကရာဇ် ၃ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဇွန်လ ၂၇ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၄ ခုနှစ် ဖြစ်ပါသည်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ၏ နောက်ဆုံးရက် ၂၉ ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် ဗုဒ္ဓဟူးနေ့ ခိုရ်ဒါဒ် ၂၅ ရက်နေ့ အီရန်သက္ကရာဇ် ၃ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဇွန်လ ၁၆ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၅ ခုနှစ် ဖြစ်ပါသည်။(1)

ဤနှစ်တွင် အေမာမ် ဟစန် (အ.စ) |အေမာမ်ဟိုစိုင်းန် (အ.စ) ၏မွေးနေ့ ရက်မြတ် ၊ အိုဟွဒ် စစ်ပွဲ တွင် မွတ်စ်လင်မ်များ ရှုံးနိမ့်ရခြင်း ၊ တမန်တော်မြတ် (ဆွ) ၏ ဦးရီးတော် ဟမ်ဇဟ် ဘင်န် မုတ္တလစ်ဗ် ၏ ရှဟာဒသ် နေ့ ၊ ဟန်သွလဟ် ဘင်န် အဘီ အာမေရ် ၏ ရှဟာဒသ် နေ့ စသည်တို့ ဖြစ်ပါသည်။

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

  • အိုဟွဒ်စစ်ပွဲ တွင် မွတ်စ်လင်မ်များ ရှုံးနိမ့်ခဲ့ရပါသည်။ဤအဖြစ်အပျက်ဖြစ်ခဲ့သည့်ရက်မှာ ရှောင်ဝါလ် လ ၇ ရက်နေ့ (2) အခြားအဆိုတစ်ခုအရရှောင်ဝါလ် လ ၁၅ ရက်နေ့ (3) ဖြစ်ပါသည်။
  • ကိုယ်တော်မြတ် (ဆွ) ကိုယ်တိုင်ပါဝင်သသည့် ဟမရာအိုလ်အစဒ် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ဤတိုက်ပွဲဟာ အိုဟွဒ်စစ်ပွဲ ပြီးနောက် မွတ်ရှ်ရေက်များကို ထပ်တိုက်ခြင်း မှာ တားဆီးနိုင်အောင် ဖြစ်ခဲ့သည့် တိုက်ပွဲ ဖြစ်ပါသည်။ ရှောင်ဝါလ် လ ၈ ရက် ဖြစ်ပါသည်။(4)
  • ဇာသ်သေ ‌အေရ်က် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။ မငြိမ်မသက်မှုများ ပျံ့နှံ့စေရန်နှင့် ကိုရိုင်းရှ် ကုန်သည် ခရီး သွား အုပ်စုများ တားဆီးသည့် အတွက် ကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ဂျမာဒီယွန်စ်စာနီ လတွင် ဖြစ်ပွား ခဲ့တာ ဖြစ်ပါသည်။(5)
  • ဘနီ စလီးမ် ၏ ကြံစည် ၊ တွေခေါ်မှု များကို တားဆီးရန် ကိုယ်တော်မြတ် (ဆွ) ကိုယ်တိုင် ပါဝင်ခဲ့သည့် ဘိုဟ်ရာန် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။ (6)
  • မိုရှ်ရေက်များ ဖြစ်ကြသည့် ဘနီ အစဒ် ၏ အန္တရာယ်များ ကိုတားဆီးနိုင်ရန် အဘူစလ်မဟ် ဘင်န် အဗ်ဒုလ် အစဒ် ဦးဆောင်သည့် တိုက်ပွဲ ဖြစ်ပါသည်။ (7)
  • ရှအ်ဘန် လမြတ် တွင် အုမရ်ဘင်န် ခသွာဘ် ၏ သမီးတော် ဟဇရသ် ဟဖ်ဆဟ် နှင့် ကိုယ်တော်မြတ် (ဆွ) လက်ထပ်ထိမ်းမြားခဲ့ပါသည်။ (8)
  • ခိုဇိုင်းမဟ်၏သမီးတော် ဇိုင်နပ် နှင့် ကိုယ်တော်မြတ် (ဆွ) လက်ထပ်ထိမ်းမြားခဲ့ပါသည်။ (9)သွဗရီ အနေဖြင့် ဤလက်ထပ်ထိမ်းမြား ခြင်းအား ဟီဂျရီ သက္ကရာဇ် ၄ ခုနှစ် ဟု ဆိုထားပါသည်။ (10)

မွေးဖွားခြင်းများ

  • လမြတ်ရမ်တွာန် ၁၅ ရက်နေ့ တွင် အေမာမ် ဟစန် မိုဂျ်သဗာ (အ.စ) ဖွားမြင်တော်မူခဲ့ပါသည်။ (11)ရှိက်ခ် ကိုလှိုင်နီ (ရ.ဟ) အနေဖြင့် အလ်ကာဖီးကျမ်း တွင် ရီဝါယသ်တော် တစ်ခု အရ အေမာမ် ဟစန် (အ.စ) ၏ မွေးနေ့ အား ဟီဂျရီ ၂ခုနှစ် ဟု တင်ပြထားပါသည်။ (12)
  • အေမာမ်အလီ (အ.စ) ၏ သာဝကတော် နှင့်ဟဒီးစ်တော် များ ကို ဆင့်ပန် သည့် ရာဝီ တစ်ပါး ဖြစ်သည့် ဟိုဆိုင်းရ်ဘင်န် မွန်ဇေရ် မွေးဖွားခဲ့ပါသည်။ (13)
  • တမန်တော်မြတ်ကြီး (ဆွ) ၏ သာဝကတော် တစ်ပါး ဖြစ်ပြီး ဟဇရသ် အုမရ် နှင့် ဟဇရသ် အွတ်စ်မန် တို့၏ခေလာဖသ် လက်ထက်တွင် မဒီနာ မြို့ ၏ တရားသူကြီး ဖြစ်သည့် စာအေဘ် ဘင်န် ယဇီးဒ် ကင်ဒီ မွေးဖွားခဲ့ပါသည်။ (14)

သေဆုံးခြင်း များ

  • အိုဟွဒ် စစ်ပွဲ တွင် တမန်တော်မြတ် (ဆွ) ၏ ဦးရီးတော် ဟမ်ဇဟ် ဘင်န် မုတ္တလစ်ဗ် ၏ ရှဟာဒသ် ဖြစ်ခဲ့ပါ သည်။ (15)
  • အိုဟွဒ် စစ်ပွဲ တွင် မိုဆအဘ်ဘင်န် အိုမိုင်းရ် ရှဟာဒသ် ဖြစ်ခဲ့ပါ သည်။ (16) အိုဟွဒ် စစ်ပွဲ တွင် ဟန်သွလဟ် ဘင်န် အဘီ အာမေရ် ရှဟာဒသ် ဖြစ်ခဲ့ပါ သည်။ (17)
  • တမန်တော်မြတ်(ဆွ) အားဆန့်ကျင်သူများ တစ်ဦးဖြစ််ပြီး မဒီနာ မြို့၏ အကြီးအကဲ ဖြစ်သူ ကအ်ဘ်ဘင်န် အရှ်ရဖ် သေဆုံးခဲ့ပါသည်။(18)

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ