ရဟ်မသွန်လစ်လ်အာလမီးန် (ဘွဲ့တော်)
ရဟ်မသွန်လစ်လ်အာလမီးန် (အရဘီ : رحمة للعالمين) ဆိုသည်မှာ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ဘွဲ့တော် များ မှ တစ်ပါး ဖြစ်ပြီး စကြဝဠာအားလုံးအတွက် ကရုဏာတော် ဖြစ်ကြောင်း အဓိပ္ပာယ်ရပါ သည်။ ဤ ဘွဲ့တော် သည် ကျမ်းတော်မြတ် ကုရ်အာန် ၏ စူရဟ် အန်ဗီယာ ၏ အာယသ်တော် အမှတ် ၁၀၇ တွင် လာရှိပါသည်။ ရဟ်မသ် (ခ) ကရုဏာဟူသော စကားလုံးကို တမန်တော် မိုဟမ္မဒ် (ဆွ) အတွက် အခြား အာယသ် တော် များ ဖြစ်သည့် ပမာအားဖြင့် စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၁၂၈ နှင့် စူရဟ် အာလေ့ အန်မရာန် ၏ အာယသ်တော် အမှတ် ၁၅၉ တို့ တွင် လည်း သုံးပြုထားပါသည်။ နဗီယိုရ်ရဟ်မသ် သို့မဟုတ် ပယာန်ပရ်ရေ ရဲဟ်မသ် ကရုဏာ၏ တမန်တော်မြတ် သည် ဤ ကုရ်အာန် ၏ အနက် အဓိပ္ပါယ်မှ ဆင်းသက်လာသော အခြားဘွဲ့ အမည်ဖြစ်များ ပါသည်။[၁]
ရဟ်မသွန်လစ်လ်အာလမီးန် (စကြဝဠာအားလုံးအတွက် ကရုဏာတော်) ဟူသောအသုံးအနှုန်းကို အလ္လာဟ် ဟို အရှင်မြတ် ၏ ရစူလ်တမန်တော် (ဆွ) နှင့် ပတ်သက်၍ ရှီအဟ် အေမာမ် များ(အ.စ) မှ ရီဝါယသ် တော် များတွင်လည်း အသုံးပြုထားပါသည်။ပမာအားဖြင့် ပဆွာအေရိုရ်ဒ်ဒရာဂျာသ် တွင် လာ ရှိသည့် ရီဝါယသ် တော်များ[၂] သို့မဟုတ် သဖ်စီးရ် ဖိုရာသ် သေ ကူဖီ တွင် အေမာမ် ဟစန် (အ.စ) ထံ ဆင့်ပြန် လာရှိသည့် ရီဝါယသ်တော် များ[၃]သို့မဟုတ် အေမာမ် ဘာကဲရ် (အ.စ) ၏ သောကြာနမာဇ် ခွသ်ဗဟ် တွင် ဤအသုံး အနှုန်း ကို အသုံးပြုခဲ့သည့် ရီဝါယသ်တော် တို့ ဖြစ်ပါသည်။[၄] ထိုနည်းတူစွာ အေမာမ် ကာဇင်းမ် (အ.စ) ၏ ဟဒီးစ်တော်[၅] နှင့် အခြား တမန်တော်မြတ် (ဆွ) ၏ ကိုယ်တိုင်[၆]မိန့်ကြားထားသည့် ဟဒီးစ် တော် တွင် လည်း အသုံးပြုထားပါသည်။
ရှီအဟ် နှင့် စွန်နီ သဖ်စီးရ် ပညာရှင်များသည် တမန်တော်မြတ် (ဆွ) ၏ ရဟ်မသ် (ခ) ကရုဏာ ဖြစ်ခြင်း အတွက် အဓိပ္ပာယ်သုံးရပ်ကို ဖော်ပြခဲ့ကြပါသည်။ ကိုယ်တော်မြတ် (ဆွ) ၏ ရေစာလာသ် သည် စကြာဝဠာနှင့် ထာဝရ ဖြစ်ခြင်း ၊ အားလုံးအတွက် ကံကောင်းခြင်း နှင့် ဘဝအဆုံးသတ်ကောင်း ဖြစ်ခြင်း ၊ အလ္လာဟ် ဟို အရှင်မြတ်၏ ပြစ်ဒဏ် အတွက် အတား အဆီး ဖြစ်ခြင်း တို့ ဖြစ်ပါသည်။[၇]သဖ်စီးရ် ပညာရှင်များ ၏ အဆိုအရ ဤနေရာတွင်အဇါးဗ် (ခ) ပြစ်ဒဏ် သည် အမျိုးအစဉ်အဆက် ပျက်စီးစေသော ပြစ်ဒဏ်ကို မျိုးတုံးစေသည့် ပြစ်ဒဏ် ဖြစ်ကြောင်း ၎င်းပြစ်ဒဏ် အား အဇါးဗ် ဘေ အစ်သီဆွာလ် ဟုခေါ်ဆို ကြောင်း ဖြစ်ပါ သည်။[၈] မွတ်လာ ဖသ်ဟွလ္လာဟ် ကာရှာနီ သည် တမန်တော်မြတ် (ဆွ) အား ရည်ညွန်းထားသော စူရဟ်အန်းဖါဖလ် ၏ အာယသ်တော် အမှတ် ၃၃ မှ ဤအဓိပ္ပာယ်ကို အသုံးပြုပြီး "သင်သည် (တမန် တော်မြတ်(ဆွ) ) လူများကြားတွင် ရှိနေသမျှ ကာလပတ်လုံး ၎င်းတို့အား အလ္လာဟ်ဟို အရှင်မြတ်သည် အပြစ် ပေး မည် မဟုတ်ချေ။" ဖြစ်ကြောင်း ဆိုထားပါသည်။[၉]သဖ်စီးရ် ဆွာဖီ ကျမ်းတွင် ဖိုက်ဇ် ကာရှာနီ မှ ခဇ်ဖ် ( မြေကြီးထဲသို့ နစ်မြုပ်ခြင်း ) ၊ မက်စ်ခ် ဖြစ်ခြင်း (လူများတိရစ္ဆာန် တစ်ခုခုဖြစ်သွားခြင်း) ၊ အဇါးဗ် ဘေ အစ်သီဆွာလ် တို့မှာ ကာကွယ်ပေး ခြင်း ကိုလည်း ရဟ်မသ် (ခ) ကရုဏာ ၏ ပမာ များ ဖြစ်ကြောင်း ဆိုထား ပါသည်။[၁၀]
ဆက်နွယ်နေသည့် ဆောင်ပါး
အောက်ခြေ မှတ်စုများ
- ↑ ဟာရှင်မီ ရှားဟ် ကပါဒီ ၊ « ပရစီယေ မဖ်ဟူမ်မေ ရဟ်မသွန်လစ်လ်အာလမီးန် ဒရ် စီရေဟေ နဗဝီ » ၊ စာမျက်နှာ ၃၉ ။
- ↑ ဆဖါရ် ကွမ်းမီ ၊ ပဆွာအေရိုရ်ဒ်ဒရာဂျာသ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၃၈၁ ။
- ↑ ကူဖီ ၊ သဖ်စီးရ် ဖိုရာသ် သေ ကူဖီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၀ ခုနှစ် ၊ စာမျက်နှာ ၁၉၇ ။
- ↑ ကိုလိုင်းနီ ၊ အလ်ကာဖီ ၊ အီရန် သက္ကရာဇ် ၁၃၆၄ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၄၂၂ ။
- ↑ ကိုလိုင်းနီ ၊ အလ်ကာဖီ ၊ အီရန် သက္ကရာဇ် ၁၃၆၄ ခုနှစ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၁၄၈ ။
- ↑ ကိုလိုင်းနီ ၊ အလ်ကာဖီ ၊ အီရန် သက္ကရာဇ် ၁၃၆၄ ခုနှစ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၃၉၅ ။
- ↑ ဂဇန်ဖရီ နှင့် ဇါရေအီ ၊ « ရဟ်မသွန်လစ်လ်အာလမီးန် ဘူဒန် နေ ပရန်းပရ် (ဆွ) ဒဲရ် ကုရ်အာန် အဇ် နေဂါဟ်ဟေ သဖါစီးရ် ရေ ဖေရ်ကိုင်းန် » ၊ စာမျက်နှာ ၇၀ ။
- ↑ နမူနာ ကြည့်ရန် - အဘူလ်ဖသူဟ် ရာဇီ ၊ ရောင်ဇိုလ်ဂျေနာန် ၊ အတွဲ ၁၃ ၊ စာမျက်နှာ ၂၈၉။ ကာရှာနီ ။ မင်န်ဟဂျိုလ်ဆ်ဆွာဒေကီးန် ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၁၁၇ ။
- ↑ ကာရှာနီ ၊ မင်န်ဟဂျိုလ်ဆ်ဆွာဒေကီးန် ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၁၁၇ ။
- ↑ ဖိုက်ဇ် ကာရှာနီ ၊ အက်ဆ်ဆွာဖီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၆ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၃၅၈ ။
ကျမ်းကိုးများ
- အဘူလ်ဖသူဟ် ရာဇီ ၊ ဟိုစိုင်းန် ဘင်န် အလီ ၊ ရောင်ဇိုလ်ဂျေနာန် ဝ ရူဟိုလ် ဂျေနာန် ၊ မရှ်ဟဒ် ၊ ဗွန်ယာဒ် ဒေ ဗဂျူဟစ်ရှ် ဟာယေ အစ္စလာမ်မီ ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ်။
- ဆဖါရ် ကွမ်းမီ ၊ မိုဟမ္မဒ် ဘင်န် ဟစန် ၊ ပဆွာအေရိုရ်ဒ်ဒရာဂျာသ် ဖီး ဖဇွာအေလေ အာလေ့ မိုဟမ္မဒ် (အ.စ) ၊ သဲဟ်ကီးက် ၊ ကူဂျေဟ် ပါဂီ ၊ ကွမ်း ၊ မတ်က်သပသို အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မရ်အရှီ နဂျဖီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၄ ခုနှစ်။
- ဂဇန်ဖရီ၊အလီဝမွတ်စ်သဖွာဇါရေအီပလူသွ်ဘန်ဂါန်၊ဘူဒန် နေ ပရန်းပရ် (ဆွ) ဒဲရ် ကုရ်အာန် အဇ် နေဂါဟ် ဟေ သဖါစီးရ် ရေ ဖေရ်ကိုင်းန် » ၊ အစ္စလာမ့်လေ့လာရေးဂျာနယ်၏ အနီးစပ်ဆုံး အစ္စလာမ့်ဘာသာတရားများ ၊ အမှတ် 41၊ ဆောင်းဦး ၊ အီရန် သက္ကရာဇ် ၁၃၉၄ ခုနှစ်။
- ဖိုက်ဇ် ကာရှာနီ ၊ မိုဟမ္မဒ် မိုဟ်စင်န် ၊ အက်ဆ်ဆွာဖီ ၊ တီဟီရန် ၊ မတ်က်သပသိုဆ်ဆဒ်ရ် ၊ အီရန် သက္ကရာဇ် ၁၃၇၃ ခုနှစ်။
- ကာရှာနီ ၊ မွတ်လာ ဖသ်ဟွလ္လာဟ် ၊ မင်န်ဟဂျိုလ်ဆ်ဆွာဒေကီးန် ဖီးလ်ဇါမေလ် မိုခါလေဖီးန် ၊ တီဟီရန် ၊ အစ္စလာမ်မီယဟ် ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ်။
- ကိုလိုင်းနီ၊ မိုဟမ္မဒ် ဘင်န် ယအ်ကူးဗ် ၊အလ်ကာဖီ ၊သက်ဆ်ဟီးဟ် အလီအက္က်ဘရ် ဂဖါရီ၊ တီဟီရန် ၊ ဒါရိုလ်ကိုသွဗ်ဗေ အစ္စလာမ်မီယဟ်၊ အီရန် သက္ကရာဇ် ၁၃၆၄ ခုနှစ်။
- ကူဖီ ၊ ဖိုရာသ် ဘင်န် အီဗရာဟီးမ် ၊ သဖ်စီးရ် ဖိုရာသ် သေ ကူဖီ ၊ သဲဟ်ကီးက် မိုဟမ္မဒ် အလ်ကာဇင်းမ် ၊ တီဟီရန် ၊ ဝေဇါရသ် ဖရ်ဟန်ဂ် ဝ အေရ်ရှာဒ် ဒေ အစ္စလာမ်မီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၀ ခုနှစ်။
- ဟာရှင်မီ ရှားဟ် ကပါဒီ၊ ဆယက်ဒ် ရေဇာ ၊ «ပရစီယေ မဖ်ဟူမ်မေ ရဟ်မသွန်လစ်လ်အာလမီးန် ဒရ် စီရေဟေ နဗဝီ»၊ ၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကိုလေ့လာ ခြင်း ၊ အမှတ် ၁၊ ဆောင်းဦးနှင့် ဆောင်းရာသီ ၊ အီရန် သက္ကရာဇ် ၁၃၉၃ ခုနှစ်။