ရဂျ်အသ်
ရဂျ်အသ် (အရဘီ : الرجعة) ဆိုသည်မှာ ကမ္ဘာတရား စီရင်မည့်နေ့ (ခ) ကေယာမသ် နေ့မတိုင်မီ သေဆုံးသွားသည့် လူသားများ မှ အချို့ ၏ ရှင်ပြန်ထမြောက်ခြင်းကို ဆိုလိုပါသည်။ ရဂျ်အသ် သည် အေမာမ်မီယဟ် ၏ သီးခြား သက်ဝင် ယုံကြည်ချက်များထဲမှ တစ်ခုဖြစ်ပြီး ရဂျ်အသ် အား သက်သေထူ ပြရန်အတွက် ကုရ်အာန် နှင့် ဟဒီးစ် တော် များကို ကိုးကားထားပါသည်။ ထိုနည်းတူစွာ ရဂျ်အသ် အား ရှီအဟ် ဘာသာတရား ၏ မရှိမဖြစ်အရာများထဲမှ တစ်ခုအဖြစ် ယူဆကြပြီးရဂျ်အသ် အမှန်တကယ် တည် ရှိမှု အား အစ်ဂျ်မဟ် ဖြစ်ကြောင်း ဆိုထားကြပါသည်။ အေမာမ် မီယဟ် ပညာရှင်များ အများစု သည် ရဂျ်အသ် အား အေမာမ် မဲဟ်ဒီ (အ.စ) ကယာမ် (ခ) တော်လှန်ရေး ပြုမည့် အချိန် နှင့်ဇူဟူရ် (ခ) လူသိရှင်ကြား ထွက်ပေါ်လာမည့် အချိန် အတူ ဖြစ်မည်ဟု လက်ခံ ထားကြပါသည်။
မိုသဝါသေရ် ဟဒီးစ်တော်များ ကို အခြေခံ၍ ရဂျ်အသ် ၏ အဓိက နိယာမကို အေမာမ်မီယဟ် ပညာရှင်များ က လက်ခံထားသော်လည်း ရဂျ်အသ် ၏ အကောင်အထည်ဖော်မှု အသေးစိတ်နှင့် ပုံစံအပေါ် ကွဲပြား သော သဘောထားအမြင်များ ရှိကြပါသည်။
ရဂျ်အသ်ပြုမည့်သူများဟာ မိမိတို့၏ လောကီဘ၀မှာ ရှိခဲ့သည့် တူညီတဲ့ ခန္ဓာကိုယ်နှင့် ပြန်လာမယ်လို့ တချို့ပညာ ရှင်များ က လက်ခံ ထားကြပါတယ်။ အချို့ ပညာရှင်များ ကလည်း အလားတူ ခန္ဓာကိုယ်ဖြင့် ပြန်လာမည်ဟု လက်ခံ ထားကြပါ သည်။ ရဂျ်အသ် ၏ အဓိက နိယာမ သည် သဘောတူညီချက်တစ်ခုသာဖြစ်သည်ဟု အချို့က ပညာရှင်များက ဆိုထား သော်လည်း ၎င်း၏ အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ အလ္လာဟ် ဟို အရှင်မြတ် နှင့် အရှင့်၏ အချစ်တော်များ သာလျင် မည်သို့မည်ပုံရှိကြောင်းကို သိရှိကြဟုဆိုထားပါ သည်။
အချို့သော ဟဒီးစ်တော် များ အရ ပထမဆုံး ရဂျ်အသ် ပြုမည့် သူမှာ အေမာမ် ဟိုစိုင်းန် (အ.စ) ဖြစ်ပါသည်။ အချို့သော ဟဒီးစ်တော်များ အရ၊ တမန်တော်မြတ်(ဆွ)၊ အေမာမ် အလီ (အ.စ) ၊ အခြားအေမာမ်များ (အ.စ)၊ မိုအ်မက် သက်ဝင် ယုံကြည်သူများ နှင့် ရှဟီးဒ် တော်များ (ခ) အာဇာနည်များ၊ အဆွဟာဗ် ဗေ ကအ်ဖ် ၊ ဟဇရသ် ရှုရှအ် (အ.စ) ၊ အာလေ့ ဖေရ်ဟောင်န် ၏ မိုအ်မင် ၊ အချို့ အမျိုးသမီးများ ပမာ အားဖြင့် အွန်မ်မေအိုင်မန် ၊ ဟဗါဗဟ် ဝ ယီယဟ် ၊ စိုမိုင်ယဟ် နှင့် ဆယာနဟ် မာရှာသွဟ် တို့ သည် ရဂျ်အသ် ပြုသူများ ဖြစ်ပါသည်။ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရန်သူများ ၊ တမန်တော် မြတ်များ(အ.စ) ၏ရန်သူများ နှင့် မိုနာဖေက် များသည် အချို့သော ဟဒီးစ်တော် များ အရ ပြန်လှည့်၍ ကလဲ့စားချေခြင်း ခံရရန် အတွက် ရဂျ်အသ် ပြု သူများထဲတွင် ပါဝင်မည် ဖြစ်ပါသည်။ ရဂျ်အသ် နှင့်ပတ်သက်၍ စာအုပ်များ ရေးသား ပြုစု ထားကြပါသည်။ ရှိက်ခ် ဟူရ် အာမေလီ ရေး သား ထား သည့် ( الإیقاظ من الهُجعة بالبرهان علی الرَجعة ) နှင့် မိုဟမ္မဒ် ရေဇာ သွဗစီရ် ရေးသားထားသည့် (الشیعة و الرجعة ) ရဂျ်အသ် နှင့်ပတ်သက်၍ ရေးသားထားသည့် စာအုပ်များ မှ ဖြစ်ပါသည်။
ရဂျ်အသ် ၏ ဆိုလိုချက် နှင့် နေရာ အဆင့်အတန်း
ရဂျ်အသ် ဆိုသည်မှာ ကမ္ဘာတရား စီရင်မည့်နေ့ (ခ) ကေယာမသ် နေ့မတိုင်မီ သေဆုံးသွားသည့် လူသားများ မှ အချို့ ၏ ရှင်ပြန်ထမြောက်ခြင်းကို ဆိုလိုပါသည်။ [1] ရှိက်ခ် မိုဖီးဒ် ၏ အဆို အရ ရှီအဟ်ဖေရ် ကာ တွင် ရဂျ်အသ် ဆိုသည် မှာ အေမာမ် မဲဟ်ဒီ (အ.ဂျ) ရှဟီးဒ် ဖြစ်ပြီးနောက် အေမာမ် အလီ (အ.စ) နှင့် ကျန် အေမာမ်များ (အ.စ) ဤလောက သို့ ပြန်လည်ရောက်ရှိလာပြီး မည်သည့် အတား အဆီး အတိုက်အခိုက် မှမရှိဘဲ ဤမြေပထဝီ မြေကြီး အား အုပ်ချုပ် မည် ဖြစ်ပါသည်။ [2] ရဂျ်အသ် သည် အဘိဓာန် တွင် နောက်ပြန်လှည့် ခြင်း ဟု အဓိပ္ပာယ် ရပါသည်။ [3] ရီဝါယသ်တော် များ တွင် «الکَرّة» ပြန်လှည့်ခြင်း ဆို ပြီး အသုံးပြုထားပါသည်။ [4]
ရဂျ်အသ် သည် တစ်ဖက်တွင် အေမာမ်မသ် နှင့် မဲဟ်ဒဝီယသ် တို့နှင့် သက်ဆိုင်သည့် ယုံကြည်ချက်ဖြစ်ပြီး အခြားတစ်ဖက်တွင် ၎င်းသည် ရှင်ပြန်ထမြောက်ခြင်း (ခ) ကေယာမသ် နှင့် ဆုလာဘ် နှင့် ပြစ်ဒဏ်အပေါ် ယုံကြည်ခြင်းအတွက် အခြေခံကို ပေးစွမ်းနိုင်သောကြောင့် အေလ်မေကလာမ် (သက်ဝင်ယုံကြည်မှုဆိုင်ရာ ပညာရပ် ) တွင် သက်ဝင် ယုံကြည်ချက် ၏ သက်သေ နှင့် တိကျမှု နှင့် ပတ်သက်၍ ဆွေးနွေး တင်ပြ မှု လာရှိပါသည်။ [5] ဤရဂျ်အသ် ကိစ္စ သည် ရှီအဟ် များနှင့် စွန်နီ များအကြား သဘောထားကွဲလွဲသည့် ကိစ္စ တစ်ခုလည်းဖြစ်ပါ သည်။ [6] ရဂျ်အသ် အပေါ် ယုံကြည်ချက်ပုံစံများကို ဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာတို့ကလည်း အသိ အမှတ် ပြုခဲ့ကြသည်။ ဥပမာအားဖြင့် သောင်ရာသ် ကျမ်း တွင် ဘနီအစ္စရာအီ (ခ) ဣသရေလ ကလေးများ ၏ ရှင်ပြန်ထမြောက်ခြင်း၊ ဟဇရသ် ဒါဝတ်ဒ် (အ.စ) ၏ နန်းစံ အုပ်ချုပ်ခြင်း နှင့် နောက်ဆုံး ခေတ်ကာလ တွင် သေလွန်သူအများအပြား ပြန်လည် ထမြောက် လာ ခြင်းတို့ကို ဖော်ပြထားပါ သည်။အန်ဂျီးလ် ကျမ်း (ခ) သမ္မာကျမ်းစာတွင် ဟဇရသ် အီစာ (အ.စ) ယေရှု၏ နောက်လိုက်များ ပြန်လာခြင်း နှင့် ဒုတိယ ကေယာမသ် မတိုင်မီ ပထမကေယာမသ် တွင် အုပ်စိုး ရမည့် အကြောင်းကိုလည်း ဖော်ပြထားပါ သည်။ [7]
ရဂျ်အသ် အပေါ် ယုံကြည်ခြင်း သည် ရှီအဟ် ၏ လက္ခဏာများထဲမှ တစ်ခုဖြစ်
ရှိက်ခ် ဟူရ် အာမေလီ ၏ အဆိုအရ ရဂျ်အသ် အပေါ် သက်ဝင် ယုံကြည်ခြင်းသည် ရှီအဟ် တစ်ဦး၏ အထူး ဝိသေသန လက္ခဏာများ ထဲ မှ တစ်ခုဖြစ်ကြောင်း ဖြစ်ပါ သည်။ [8] ရှိက်ခ် ဆူဒူက် အနေဖြင့် မိမိ ၏စာအုပ် တွင် အဲအ်သေကာဲဒါသ် ရှီအဟ် တွင် ရဂျ်အသ် ၏ အယူဝါဒသည် ရှီအဟ် ၏ သက်ဝင် ယုံကြည်ယုံကြည် မှုများ မှ တစ်ခု ဖြစ်ပြီး မှန်ကန် သည် ဟုဖော်ပြထားပါသည်။ [9]ရှိက်ခ် မိုဖီးဒ် [10] နှင့် ဆယက်ဒ် မိုရ်သဇာ [11] ကဲ့သို့သော ပညာရှင်များသည် ရဂျ်အသ် အား မှန်ကန်သည့် သက်ဝင် ယုံကြည် မှုများ မှ ဖြစ်ပြီး အစ်ဂျ်မဟ် အရ သက်သေ ထူထားသည် ဟု ဆိုထားကြပါသည်။ ရှီအဟ် မဇ်ဟဗ် ၏ မရှိမဖြစ်လိုအပ်မှုဟု အချို့ ပညာရှင်များ က ယူဆကြပြီး အချို့ ပညာရှင်များ က ၎င်းကို အရေးကြီး မလိုအပ်ဟု ယူဆကြသော်လည်း ငြင်းဆိုရန် ခွင့်မပြုဟု အချို့ပညာ ရှင်များ က ဆိုထားကြပါ သည်။ [12] ဥပမာအား ဖြင့် အလာမဟ် မဂျ်လေစီ အနေဖြင့် မိမိ ၏ ဟက်ကိုလ် ယကီးန် စာအုပ် တွင် ရဂျ်အသ် အား အစ်ဂျ်မဟ် အီယသ် မှ ဖြစ်ကြောင်း တစ်နည်း အား ဖြင့် ရှီအဟ် မဇ်ဟဗ်၏ အရေးကြီးသည့် သက်ဝင် ယုံကြည် မှုများ မှ တစ်ခု ဖြစ်ကြောင်း [13] ရဂျ်အသ် အား ငြင်းဆို ခြင်း သည် ရှီအဟ် မဇ်ဟဗ် မှ ထွက်ခွာ သွား သည် နှင့် အတူတူ ဖြစ်ကြောင်း ဆိုထားပါ သည်။ [14] ဆယက်ဒ် အဗ်ဒွလ္လာဟ် ရှက်ဗ်ဗရ် အနေဖြင့် လည်း ရဂျ်အား ဘာသာရေး ၏ မရှိမဖြစ် လိုအပ်ချက်များထဲမှ တစ်ခုအဖြစ် ဆိုထားပြီး ငြင်းပယ်ခြင်းဖြစ် ရှီအဟ် ဘာသာအပြင်ဘက် သို့ ရောက် သွားသည် ဟုဆိုထားပါသည်။ [15] ရှိက်ခ် ဟူရ် အာမေလီ ၏ အဆိုအရ ရဂျ်အသ် အပေါ် သက်ဝင် ယုံကြည်ခြင်းသည် ရှီအဟ် အေမာမ် မီယဟ် အိုလမာအများစု၏ အမြင်တွင် ဘာသာရေး ၏ မရှိမဖြစ် လိုအပ်ချက်များထဲမှ တစ်ခုအဖြစ် ဆိုထားပြီး ရဂျ်အသ် ကို ငြင်းဆိုထားသည့် မည်သည့် ထင်ရှား ကျော်ကြားသည့် ရှီအဟ် ပညာရှင် တစ်ဦးမျှ မရှိကြောင်း ဆိုထားပါသည်။ [16] လွတ်ဖ် ဖိုလ္လာဟ် ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ ၏ အဆိုအရ ရဂျ်အသ် အပေါ် ယုံကြည်ချက်အား ရှီအဟ် များ သည် ယေဘူယျအားဖြင့် လက်ခံကြပြီး ငြင်းပယ်ခြင်းသည် ကုရ်အာန် နှင့် မိုသဝါသေရ် ဟဒီးစ် ရင်းမြစ်များတွင်ပါရှိသော မိုသဝါသေရ် ဟဒီးစ်တော် များကို ငြင်းပယ်ခြင်းနှင့် တူညီကြောင်း ဖြစ်ပါ သည်။ [17]
သို့သော် ဆယက်ဒ် မိုအ်စင် အမီးန် ၊ မိုဟမ္မဒ် ဂျဝါဒ် မွတ်ဂ်နီယေဟ် နှင့် မိုဟမ္မဒ် ရေဇာ မွတ်ဇဖရ် ကဲ့သို့သော ရှီအဟ် ပညာရှင်အချို့က ရဂျ်အသ် အား ရှီအဟ် ဘာသာတရားအတွက် မရှိမဖြစ် လိုအပ်တဲ့ ယုံကြည်ခြင်းလို့ မယူဆကြပါကြောင်း ဖြစ်ပါသည်။ ပြီးနောက် ဤ အာလင်မ်များ ၏ အမြင် အရ ရှီအဟ် အေမာမ် များ (အ.စ) ၏ ဆင့်ပြန်ထားသည့် ရီဝါယသ်တော်များ (ခ) ဟဒီးစ် တော် များ အရ ၊ ရဂျ်အသ် ရှိပါသည်။ ဤအတွက် ကြောင့် ဤ ရီဝါယသ်တော်များ ၏ စနဒ် (အထောက် အထား ) ကို လက်ခံသူများ အနေဖြင့် ရဂျ်အသ် အပေါ် သက်ဝင် ယုံကြည် ရန် အရေးကြီး ကြောင်း ဆိုထားကြပါသည်။ [18] အေမာမ် ခိုမေနီ ၏ အဆိုအရ ရဂျ်အသ် ၏ အဓိက နိယာမ သည် အရေးကြီး လိုအပ်ကြောင်း သို့သော် ရဂျ်အသ် ဆိုင်ရာ အသေးစိတ် အချက်အလက်များ နှင့် မည်သို့ မည် ပုံစံ ဖြစ်မည် ဆိုသည် မှာ အရေး မကြီးကြောင်း ဤ အတွက် အထောက် အထား သက်သေ လည်း မရှိကြောင်း ဖြစ်ပါသည်။ [19]
ရဂျ် အသ် ဖြစ်ပုံ ဖြစ်နည်း နှင့် ပတ်သက်၍ အမြင်များ
ရှိက်ခ် မိုဖီးဒ် ၏ အဆိုအရ အေမာမ် မီယဟ် တို့သည် ရဂျ်အသ် နှင့်ပတ်သက်၍ ရဂျ်အသ် ၏ အဓိက နိယာမ အပေါ် ယုံကြည်ချက်တွင် တညီတညွတ်တည်း ရှိကြပါသည်။ သို့သော် ရဂျ်အသ် ၏ အဓိပ္ပါယ်နှင့် မည်သို့ မည်ပုံ အပေါ် ကွဲပြားတဲ့ အမြင်တွေ ရှိကြကြောင်း ဖြစ်ပါသည်။ [20] ဆယက်ဒ် အဗ်ဒွလ္လာဟ် ရှက်ဗ်ဗရ် ၏ အဆိုအရ ရဂျ်အသ် ၏ အဓိက နိယာမ အပေါ် သက်ဝင် ယုံကြည် ရမည် မှာ ဝါဂျစ်ဗ် ဖြစ်ပြီး ရဂျ်မသ် ၏ အသေးစိတ်အချက်အလက်များနှင့် မည်သို့ မည် ပုံ နှင့် ပတ်သက်၍ အလ္လာဟ် ဟို အရှင်မြတ် နှင့် အရှင့်၏ အချစ်တော်များ သာလျင် သိရှိကြဟုဆိုထားပါ သည်။[21] အချို့ ဟဒီးစ် ပါရဂူများ နှင့် သက်ဝင်ယုံကြည်မှုဆိုင်ရာ ပါရဂူများ အနေဖြင့် ရဂျ်အသ် သည် ကေယမသ် ပုံစံ ဖြစ်ပြီး အလ္လာဟ်ဟို အရှင်မြတ် သည် လူသေများ၏ အလောင်းများကို ကဗရ် (ခ) သင်္ချိုင်းတွင်းမှ ပြန်လည်ထမြောက်စေပြီး ၎င်းတို့ကို စုရုံးစေမည်ဟု ဆိုထားပါသည်။[22]
မိုရ်သဇာ မိုသွဟရီ အနေဖြင့် ရဂျ်အသ် မည်သို့မည်ပုံ ဖြစ်မည် ကိစ္စ နှင့်ပတ်သက်၍ ဖိုက်ဇ် ကာရှာနီ ၏ အမြင် ကိုတင်ပြရင်း ရဂျ်အသ် ဆိုသည် မှာ သေဆုံးသွားသူများ သည် ဤလောကတွင် အသက်ရှိစဥ် ရှိခဲ့သည့် ကိုယ်ခန္ဓာများ နှင့် ဤလောက သို့ ပြန်လာ မည် မျိုး မဟုတ်ဘဲ ၎င်းတို့၏ ရူဟ်များ (ခ) ဝိညာဉ်များသည်ထူးခြားပြီးသိမ်မွေ့သောခန္ဓာကိုယ်ဖြင့် အဲဟ်လေ့ မိုကာရှဖဟ် မြင်ဖူးကြသည့်အတိုင်း ပြန်လည် ဟု ဆိုထားပါသည်။ [၂၃] အေမာမ် ခိုမေနီ ၏ အဆိုအရ ရဂျ်အသ် ပြုသူများ ၏ ရူဟ်(ခ) ဝိညာဉ်များသည် ရုပ်ခန္ဓာ (လောကီခန္ဓာ) ကို ဖန်တီးပြီး ထိုရုပ်ခန္ဓာဖြင့် ကမ္ဘာသို့ ပြန်လာမည် ဟု ဖြစ်ပါသည်။ [24] မိုဟမ္မဒ် အလီ ရှားဟ် အာဗါဒီ ၏ အဆိုအရ ရဂျ်အသ်ပြု မည်သူသည် ဤလောက သို့ လောကရှိ ကိုယ်ခန္ဓာ သို့မဟုတ် ဗရ်ဇက်ခ် ခန္ဓာ ဖြင့် ပြန်လာ မည် ဟု ဆိုထား ပါသည်။ [25] ပြုပြင်တည်းမတ်ပေးသည့် ရှီအဟ် ပညာရှင် တစ်ပါး ဖြစ်သည့် မိုဟမ္မဒ်ဘာကဲရ် ဗဟ်ဗူဒီ (အီရန်သက္ကရာဇ် - ၁၃၀၇ ခုနှစ် မှ ၁၃၉၃ ခုနှစ် ) သည် ရဂျ်အသ် သည် လူတိုင်းအတွက် ပေါ်လွင်ခြင်းမရှိကြောင်းနှင့် ၎င်း၏ ရုပ်ပုံသည် ကဗရ် (ခ) သင်္ချိုင်းတွင်းမှ တက်လာခြင်းအပေါ် အခြေခံ၍ သာမန် ပုဂ္ဂိုလ်များ ၏ ခံယူချက်ဖြစ်ပြီး ကုရ်အာန် နှင့် ယုတ္တိ ဗေဒဖြင့် မကိုက်ညီသည့် ကျော်ကြား သော ခံယူချက်ဖြစ်သည်ဟု ဆိုထားပါသည်။ပြီးနောက် ၎င်း အာလင်မ် အနေဖြင့် လူသားတစ်ဦးချင်းစီ၏ ပြန်လာခြင်းသည် ဤတည်ဆဲ ဆင့်ကဲဖြစ် စဉ်စနစ်အပေါ် အခြေခံ၍ လူသားများဖြစ်သည့် လူသားသန္ဓေသားများသည် ၎င်းတို့၏ ဖခင် ၏ ကျောရိုး တွင်း မှ မိခင် ၏ ဝမ်းတွင်းသို့ ဝင်ရောက်ကာ မွေးဖွားပြီးနောက် အတိတ်ကို မေ့လျော့ သွားခြင်း ဖြစ်သည်ဟု ယုံကြည်ပါသည်။ [26]
အချို့သော ပညာရှင်တို့က ရဂျ်အသ် နှင့် ပတ်သက်၍ လာရှိသည့် ဟဒီးစ်တော် များ ကို ဆိုလိုသည့် အဓိပ္ပာယ်ဖွင့်ချက်မှာ ရှီအဟ်အေမာမ် ၁၂ပါး (အ.စ) သည် မိမိတို့ လောကတွင် အသက်ရှင် နေထိုင်ခဲ့ သည့် ကိုယ်ခန္ဓာ ဖြင့် လောက သို့ ပြန် ကြွမြန်း လာခြင်း ကို ဆိုလို ခြင်း မဟုတ် ကြောင်း တစ်နည်း အားဖြင့် အေမာမ် မဲဟ်ဒီ (အ.စ) ဇူဟူရ် ( လူသိရှင်ကြား ပွင့်တော်မူချိန် (ခ) ထွက်လာတော် မူသည့် အချိန် ) တွင် အေမာမ် များ (အ.စ) ၏ အုပ်စိုးမှုများ ၊ ဥပဒေများ၊ အမိန့်များနှင့် တားမြစ်ချက်များကို ပြန်လည် အသက်ဝင် လာမည် ကို ဆိုလိုကြောင်း ဆိုထားပါသည်။ [27] ဆယက်ဒ် မိုရ်သဇာ အနေဖြင့် ဤအမြင်ကို အေမာမ် မီယဟ် အနည်းစု၏ အမြင်အဖြစ် ရည်ညွှန်းပြီး ငြင်းပယ်ထားပါ သည်။ [28]
ရဂျ်အသ် ၏ အချိန်အခါ
အေမာမ်မီယဟ်ပညာရှင်အများစု၏အဆိုအရ ရဂျ်အသ် သည် အေမာမ် မဲဟ်ဒီ (အ.စ) ကယာမ် (ခ) တော်လှန်ရေး ပြုမည့် အချိန် နှင့်ဇူဟူရ် (ခ) လူသိရှင်ကြား ထွက်ပေါ်လာခြင်း နှင့် ဆက်စပ် နေသော်လည်း ယင်း၏ ဖြစ်ပွားချိန်နှင့်ပတ်သက်ပြီး ကွဲပြားသောအမြင်များရှိပါ သည်။ [29] ရဂျ်အသ် သည် အေမာမ် မဲဟ်ဒီ (အ.စ) ကယာမ် (ခ) တော်လှန်ရေး ပြုချိန် နှင့် ဇူဟူရ် (ခ) လူသိ ရှင်ကြား ထွက်ပေါ် လာချိန် တွင် ဖြစ်ပွားမည် ဟု ရှီအဟ် အိုလမာ အများစု က ဆိုထားပါသည်။ [30]
ရှိက်ခ် မိုဖီးဒ် သည် မိမိ ၏ စာအုပ် အလ်အေရ်ရှာဒ် တွင် ရဂျ်အသ် အား အေမာမ် မဲဟ်ဒီ (အ.စ) ဇူဟူရ် ဖြစ်မည့် လက္ခဏာများ ထဲမှ တစ်ခုဟု မှတ်ယူထားပါ သည်။ [31] သို့ရာတွင် အချို့သော ပညာရှင် သုတေသီ တို့က အေမာမ် အလီ (အ.စ)သည် ရဂျ်အသ် ကြိမ်ဖန် များစွာ ဖြစ်မည် ကို ဖော်ပြထား သော ဟဒီးစ်တော်များ ကို တင်ပြထား ကြပြီး [32] အေမာမ် မဲဟ်ဒီ (အ.စ) ဇူဟူရ် ဖြစ်ပြီးနောက်တွင် ရဂျ်အသ် ဖြစ်ပေါ်လာမည်ဟု ဆိုထားကြပါသည်။ [33] ဟဒီးစ်တော် တစ်ခုတွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရဂျ်အသ် အား အေမာမ် မဲဟ်ဒီ (အ.စ) ဇူဟူရ် မဖြစ်မည် ဖြစ်မည် ဆိုထားပါသည်။ [34] အခြား ဟဒီးစ်တော် တစ် ခုတွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရဂျ်အသ် သည် အေမာမ် မဲဟ်ဒီ (အ.စ) ကွယ်လွန်ပြီးနောက် တွင် ဖြစ်မည်ဟု အစီရင်ခံတင်ပြပါသည်။ [၃၅]
သဖ်စီးရ်ကွမ်းမီ ကျမ်းတွင် အေမာမ် အလီ (အ.စ) မှ ဟဒီးစ်တော် တစ်ပါး အား ဆင့်ပြန် တင်ပြထား သည် မှာ တမန်တော်မြတ် (ဆွ) သည်လူထု အား ရဂျ်အသ် နှင့် ပတ်သက်ပြီး မိန့်တော်မူသည့် အခါ လူထု မှတမန်တော် မြတ် (ဆွ) ထံ ရဂျ်အသ် ဖြစ်မည့် အချိန် အား မေးမြန်း လျှောက် ထားကြ လေ၏။ထိုအချိန် တွင် အလ္လာဟ် ဟို အရှင်မြတ် ဘက်မှ အဖြေ အဖြစ် စူရဟ် ဂျင်န် ၏ အာယသ် တော် အမှတ် ၂၅ အား ဝဟီ အဖြစ် ချပေးတော်မူလေ၏။ အာယသ်တော် မှာ «قُلْ إِنْ أَدْرِی أَ قَرِیبٌ ما تُوعَدُونَ أَمْ یَجْعَلُ لَهُ رَبِّی أَمَداً » ဖြစ်လေ၏။ အဓိပ္ပာယ် မှာ အိုမြတ်တမန်တော် (ဆွ) ပြောကြားပါလေ။ အသင် တို့ ချိန်းဆိုခြင်းခံကြရသော နေ့ သည် နီးကပ်စွာ ဖြစ်သလော၊ သို့မဟုတ် ငါ့အား ဖန်ဆင်း မွေးမြူ တော်မူသော အရှင်မြတ်က ထို နေ့ ကို ဝေးလံစွာ ပြုလုပ်ထားသလောဆိုသည်ကို ငါမသိ ချေ။ [36] ဤရီယသ် ကို ကိုးကား၍ အချို့ ပညာရှင်များ က ရဂျ်အသ် အချိန်ကို မည်သူမှ မသိ ကြောင်း၊ ၎င်း၏အသိပညာသည် အလ္လာဟ်ဟို အရှင်မြတ် သာလျင် သိတော် မူ ကြောင်း ဆိုထား ကြပါသည်။
ရဂျ်အသ် ပြုမည့် သူများ
ရဂျ်အသ် ပြုမည့် သူများ အဖြစ် ရီဝါယသ်တော် များထဲတွင် ပုဂ္ဂိုလ် အများအပြားကို ဖော်ပြထား ပါ သည်။ [37]
- ရှီအဟ်အေမာမ်၁၂ပါး(အ.စ) - အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ ဟဒီးစ်တော် အရ ရဂျ်အသ် ပြုမည့် သူများ ပထမဆုံးသူ မှာ အေမာမ် ဟိုစိုင်းန် (အ.စ) ဖြစ်ပြီး အေမာမ် (အ.စ) ဟိုစိုင်းန် (အ.စ) သည် ကမ္ဘာပေါ် တွင် အနှစ်လေးဆယ် အုပ်စိုးမည်ဖြစ်ပါသည်။ [38] ထိုနည်းတူစွာ တမန်တော်မြတ် (ဆွ)၊ အေမာမ် အလီ [39] နှင့် အခြားရှီအဟ် အေမာမ် များ[40] ရဂျ်အသသ် ပြုမည်နှင့် ပတ်သက် သော ရီဝါယသ်တော် များလည်း ရှိပါသည်။
- အေမာမ်များ (အ.စ) ၏ သာဝကတော်များ - အချို့သော ရီဝါယသ်တော်များ အရ မအ်စူမ် (ပြစ်မဲ့) အေမာမ်များ (အ.စ) ၏ သာဝကတော်များ နှင့် ရှီအဟ် များ လည်း ရဂျ်အသ် ပြုရမည်ဟု လာ ရှိ ပါ သည်။ [41] အချို့သော ရီဝါယသ်တော် များတွင် စလ်မာန် ၊ မစ်က်ဒါဒ်၊ အဘူ ဒဂျာနဟ် အန်ဆွာရီ နှင့် မာလစ်က် ကေ အရှ်သရ် တို့အား ရဂျ်အသ် ပြုမည့် သူများ အဖြစ် ဖော်ပြထားပါသည်။ [42]ထိုနည်းတူစွာ ရီဝါယသ်တော် တစ်ပါး တွင်ဆင့်ပြန် လာရှိသည် မှာ အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် အတူ အေမာမ် ၏ သာဝကတော် အပါး ၇၀ သည်လည်း ရဂျ်အသ် ပြုရမည် ဟုလာ ရှိပါသည်။ [၄၃]
- တမန်တော်များ (အ.စ) ၏ လူမျိုးစုများ - အချို့ ဟဒီးစ်တော်များ (ခ) ရီဝါယသ်တော်များ အရ ဟဇရသ် မူစာ (အ.စ) ၏ လူမျိုးစု မှ မိုအ်မင်များ ၊ အဆွဟာဗ် ဗေ ကအ်ဖ် ၊ ဟဇရသ် ရှုရှအ် (အ.စ) ၊ အာလေ့ ဖေရ်ဟောင်န် ၏ မိုအ်မင်သည် ရဂျ်အသ် ပြုမည့် သူများ ဖြစ်ကြောင်း လာရှိပါသည်။ [၄၄
- ရှဟီးဒ် တော်များ (ခ) အာဇာနည်များ နှင့် မိုအ်မက် သက်ဝင် ယုံကြည်သူများ - အချို့ ဟဒီးစ် တော်များ (ခ) ရီဝါယသ်တော်များ တွင် ရှဟီးဒ် တော်များ (ခ) အာဇာနည်များ နှင့် မိုအ်မက် သက်ဝင် ယုံကြည်သူများ ရဂျ်အသ် ပြုမည့် သူများ ဖြစ်ကြောင်း မိတ်ဆက် ပေးထားပါသည်။ [45]
- မိုအ်မင် အမျိုးသမီးများ - ရီဝါယသ်တော် တစ်ပါး တွင် အွန်မ်မေအိုင်မန် ၊ ဟဗါဗဟ် ဝ ယီယဟ် ၊ စိုမိုင်ယဟ် နှင့် ဆယာနဟ် မာရှာသွဟ် ကဲ့သို့သော အမျိုးသမီး ၁၃ ဦး ရဂျ်အသ် ပြုကြမည့် ဖြစ် ကြောင်း လာရှိပါသည်။ [၄၆]
- အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရန်သူများ ၊ တမန်တော် မြတ်များ(အ.စ) ၏ရန်သူများ နှင့် မိုနာဖေက် များသည် အချို့သော ဟဒီးစ်တော် များ အရ ပြန်လှည့်၍ ကလဲ့စားချေခြင်း ခံရရန် အတွက် ရဂျ်အသ် ပြု သူများထဲတွင် ပါဝင်မည် ဖြစ်ပါသည်။ [၄၇]
အထောက်အထားများ
ရဂျ်အသ် အပေါ် သက်ဝင်ယုံကြည်မူသည် တရားဝင်ကြောင်း ၊ မှန်ကန် ကြောင်း သက်သေပြရန် အတွက်အောက်ပါအထောက်အထားများကိုကိုးကားထားပါသည်။
ကျမ်းတော်မြတ် ကုရ်အာန် မှ အထောက်အထားများ
အေမာမ်မီယဟ် အာလင်မ်များ အနေဖြင့် ရဂျ်အသ် အပေါ် သက်ဝင်ယုံကြည်မူသည် တရား ဝင်ကြောင်း ၊ မှန်ကန် ကြောင်း သက်သေပြရန် အတွက် အောက်ဖော်ပြပါ ကျမ်းတော်မြတ် ကုရ် အာန် ၏ အာယသ်တော်များ ကိုကိုး ကားထား ပါသည်။
- အာယသ်တော် « وَيَوْمَ نَحْشُرُ مِن كُلِّ أُمَّةٍ فَوْجًا مِّمَّن يُكَذِّبُ بِـَٔايَٰتِنَا فَهُمْ يُوزَعُونَ » အဓိပ္ပာယ် - ထို့ပြင် ထိုနေ့တွင် ငါအရှင်မြတ်သည် အုပ်စုအသီးသီးထဲမှ ငါအရှင်မြတ်၏အာယသ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြ သည့်သူများအား တစ်အုပ်စုစီ စုရုံးစေတော်မူမည်။ ထို့ပြင် ၎င်း တို့သည် တန်းစီ ရပ် စေခြင်း ကို ခံကြရမည်။[48] ဤအာယသ်တော် မှ မီးမောင်းထိုးပြ နေသည် မှာ အလ္လာဟ် ဟို အရှင်မြတ် သည် အုပ်စု အားလုံးကို စုရုံးစေတော် မည် မဟုတ်ဘဲ အုပ်စု တစ်စုကို သာ စုရုံး စေ တော် မူမည် ဖြစ်ပါသည်။ အကြောင်း သည်ကား ကျမ်းတော် မြတ် ကုရ်အာန် ၏ အာယသ်တော် နောက်တစ်ပါး တွင် အလ္လာဟ် ဟို အရှင်မြတ် မိန့်တော် မူထားသည် မှာ «وَحَشَرْنَاہُمْ فَلَمْ نُغَادِرْ مِنْہُمْ أَحَدًا » ဖြစ်ပါသည်။ [၄၉] အဓိပ္ပာယ် - ၎င်းနောက် ငါအရှင်မြတ်သည် ထိုသူ အားလုံးကို သူတို့ထဲတွင် မည်သူ့ ကိုမှ ချန်မထားဘဲ စုရုံးစေတော်မူမည်။ ဤ အာယသ်တော် မှ မီးမောင်းထိုးပြနေသည် မှ အနန္တတန်ခိုးရှင် အလ္လာဟ်အရှင်မြတ်သည် တရားစီရင်ရာနေ့ (ခ) ကေယာမသ် နေ့ တွင် လူသားအားလုံးကို စုဝေးစေတော်မူမည်ကို ဖြစ်၍ စူရဟ် နမ်လ် ၏ အာယသ်တော် အမှတ် ၈၃ လာ ဟရှ်ရ် ဟူသော စကားလုံးသည် ထိုနေ့ကေယာမသ် နေ့ တွင် သေလွန်သူတို့၏ ထမြောက်ခြင်းကို ရည်ညွှန်းခြင်းမဟုတ်ပါ။ တစ်နည်းအား ဖြင့် ဤ လောက တွင် ပြန်လည် ထမြောက် ခြင်း ကို ဆိုလို သည် ဖြစ်၍ ထိုအရာ သည် ရဂျ်အသ် ဖြစ်ပါသည်။ [50] သဖ်စီးရ် ကွမ်းမီ တွင် ဤဖော်ပြပါ အာယသ် တော် နှင့်ပတ်သက်ပြီး အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ၏ ဟဒီးစ်တော် တစ်ပါး ၏ ဆင့်ပြန် ချက် လာ ရှိပါသည်။ထိုဆင့်ပြန်ချက်အရ ဟရှ်ရ် ဟူသော စကား လုံး သည် ရဂျ်အသ် ဖြစ် ကြောင်း ရှင်းရှင်းလင်းလင်းသိရှိရပါသည်။ [51]
- လွန်လေပြီးသော လူမျိုးများတွင် ကေယာမသ်နေ့ (ခ) တရားစီရင်ရာနေ့ မတိုင်မီ သေလွန်သူများ ထမြောက်ခြင်း ကို ညွှန်ပြသော အာယသ်တော်များ ဖြစ်ပါသည်။ပမာ အားဖြင့် စူရဟ် ဘကရဟ် ၏ အာယသ်တော် အမှတ် ၇၃၊ ၂၄၃၊ ၂၅၉ ဖြစ်ပါသည်။ [52] သောင်ရာသ် ကျမ်းတွင်လည်း ရဂျ်အသ် ပြုသူများ သာဓက များကို ဖော်ပြထားပါသည်။ ပမာအားဖြင့် ဟဇရသ် ရှုရှအ် (အ.စ) လက်တော် တွင် ကလေးငယ် တစ်ဦး ပြန်လည် ရှင်သန်လာခြင်း [53] ၊ ဘနီအစ္စရအီ (ခ) ဣသရေလ အမျိုး သား တို့ ၏ တမန်တော် တပါးဖြစ်သော ဧလိယ (အ.စ) လက်တော် ၌ ကလေးငယ် တစ်ဦး ပြန်လည် ရှင်သန်လာခြင်း ဖြစ်ပါသည်။ [54]
- စူရဟ် နမ်လ် ၏ အာယသ်တော် ၈၂ ၊ စူရဟ် ကဆက်ဆ် ၏ အာယသ်တော် ၈၅ ၊ စူရဟ် အာလေ့ အမ်ရာန် ၏ အာယသ်တော် ၁၅၇ ၊ စူရဟ် စဂျ်ဒဟ် ၏ အာယသ်တော် ၂၁ ၊ စူရဟ် ဂါဖေရ် ၏ အာယသ်တော် ၁၁ ၊ စူရဟ် မာအေဒဟ် ၏ အာယသ်တော် ၂၀ ၊ စူရဟ် နေစာ ၏ အာယသ်တော် ၁၅၉ ၊ စူရဟ် အန်ဗီဗဟ် ၏ အာယသ်တော် ၉၅ တို့သည် သဖ်စီးရ် ကျမ်းများတွင် ရီဝါယသ် တော်များ ၏ ကိုးကား ချက်များ ဖြင့် ရဂျ်အသ် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ [55]
ရဂျ်အသ် နှင့် ပတ်သက်သည့် မိုသဝါသေရ် ဟဒီးစ်တော်များ
ရဂျ်အသ် ကဏ္ဍ တွင်လာ ရှိသည် ရီဝါယသ်တော်များ သည် မိုသဝါသေရ် မအ်နဝီ အဆင့် အထိ ရှိသည် ဟုဆိုထားပါသည်။ [56] အလာမဟ် မဂျ်လေစီ အနေဖြင့် ဟက်ကိုလ် ယကီးန် စာအုပ် တွင် ခိုင်လုံသည့် ကျမ်းကိုး ၅၀ ကို ကိုးကားရေးသားထားကြသည့် ရှီအဟ် ကျမ်းပြုဆရာ အယောက် ၄၀ ဟဒီးစ်တော် ပေါင်း ၂၀၀ ကျော် ကို ထုတ်နုတ် ရေးသားထားပြီး «باب الرجعة» ဆိုသည့် ခေါင်းစဥ် နှင့် ဘေဟာရိုလ်အန်နဝါရ် ကျမ်း [57] တွင် ရေးသားထားပါသည်။ [58] အလာမဟ် မဂျ်လေစီ မှ ဆက်လက်ပြီး အကယ်၍ ရဂျ်အသ် နှင့်ပတ်သက်သည့် ရီဝါယသ်တော်များ မိုသဝါသေရ် မဖြစ်ပါက မည်သည့် ဟဒီးစ်တော် ကို မိုသဝါသေရ် ဖြစ်သည်ဟု ဆိုနိုင်မည် မဟုတ်တော့ကြောင်း ဆိုထားပါသည်။ [59] ဆယက်ဒ် အဗ်ဒွလ္လာဟ် ရှက်ဗ်ဗရ် အနေဖြင့် လည်း အေမာမ် အလီ (အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) တို့ ရဂျ်အသ် ပြုမည့် အကြောင်း ဆိုထားသည့် ဟဒီးစ်တော်များ ကို မိုသဝါသေရ် မအ်နဝီ ဖြစ်ကြောင်း ကျန် မအ်စူမ် အေမာမ်များ (အ.စ) ၏ ရဂျ်အသ် ပြုမည့် အကြောင်း ဆင့်ပြန် လာရှိသည့် ဟဒီးစ်တော် များသည် လည်း မိုသဝါသေရ် ဖြစ်ရန် နီးကပ်နေကြောင်း ဆိုထားပါသည်။ [60] အချို့ သော ဒိုအာများ ၊ ဇေယာရသ် နာမဟ်များ တွင် ပမာ အားဖြင့် ဒိုအာ ယေ အဟက်ဒ် ၊ ဒိုအာယေ ဒဲဟ်ဝေရ်အရ်ဇ် ၊ ဇေယာရသ် ဂျာမေအ် ကဘီးရဟ် ၊ ဇေယာရသ် သေ မွတ်သွလကဟ် အေမာမ် ဟိုစိုင်းန် (အ.စ) ၊ ဇေယာရသ် အာလေ့ ယာစင်းန် နှင့် ဇေယာရသ် အေမာမ် ဇမာန်း (အ.ဂျ) တို့ တွင် ရဂျ်အသ် အကြောင်း ကို ညွှန်ပြတဲ့ အကြောင်းအရာ များ လာရှိ ပါသည်။ [61]